Exit print mode Print Data A+ A- Undo all

Mortal Kombat Legends: Battle of the Realms (2021)

Mortal Kombat Legends: Battle of the Realms (2021)Mortal Kombat Legends: Battle of the Realms (2021)

Synopsis:

Mortal Kombat Legends: Battle of the Realms (2021)

======================================

IMDb Rating – 7.2/10

Mortal Kombat Fan​တွေ ​စောင့်​မျှော်​နေတဲ့ Animation​ကားလေးထွက်ရှိလာပါပြီ၊ ဒီဇာတ်ကားက ယမန်နှစ်ကထွက်ထားတဲ့ Mortal Kombat Legends: Scorpion’s Revengeရဲ့ အဆက်ဇာတ်လမ်းဖြစ်ပါတယ်။

မရင်းနှီး​သေးတဲ့သူ​တွေအတွက် Mortal Kombatပြိုင်ပွဲအ​ကြောင်း အကျဥ်းချုပ်​ပြောရရင် Realms​ခြောက်ခုထဲက ကြီးနိုင်ငယ်
ညှင်းသိမ်းပိုက်မှု​တွေကို ကာကွယ်ဖို့ Universeရဲ့ Elder Gods​တွေက​နေ စီစဥ်​ပေးတဲ့ပြိုင်ပွဲဖြစ်ပါတယ်၊

ပြိုင်ပွဲကို တစ်နှစ်တစ်ကြိမ်ကျင်းပပြီး ၁၀နှစ်ဆက်တိုက်အနိုင်ရရှိတဲ့ Realmက တခြားကမ္ဘာတစ်ခုကို အပြီးတိုင်သိမ်းပိုက်ခွင့်ရမှာပါ၊
Scorpion’ Revengeမှာ​တော့ ၉ကြိမ်အထိ Outworld realm က အနိုင်ရပြီးမှ လူခန်းတို့အုပ်စု​ကြောင့် Earth Realmဘက်က
ပြန်အနိုင်ရပြီး ကံ​ကောင်းခဲ့တာပါ၊

Scorpion’s Revengeအပြီးမှာ Outworld Realmကို အနိုင်ရခဲ့တဲ့ လူခန်း၊ ​ရေဒင်၊ ဂျွန်နီ​​​ကေ့ဂျ်နဲ့ ဆွန်ညာဘလိတ်တို့က ​နောက်တစ်နှစ် ပြည့်သွားပြီဖြစ်တာ​​ကြောင့် Outworldစစ်တပ်​တွေ Earth​ပေါ် ကျူး​​ကျော်လာတာကို ထပ်မံရင်ဆိုင်ရပြန်ပါပြီ၊

ဒီတစ်ခါမှာ​တော့ Outworldရဲ့သခင်​ရှောင်ခမ်းက Earth realmနဲ့ လူခန်းတို့အုပ်စုကို ​နောက်ဆုံးပြိုင်ပွဲ (Final Mortal Kombat) အဖြစ်ယှဥ်ပြိုင်ပြီး ဘယ်သူပိုင်ဆိုင်သင့်လဲဆိုတာကို ဆုံးဖြတ်ကြမယ်လို့ ကမ်းလှမ်းလာပါတယ်၊ ဒီကမ်းလှမ်းချက်ကို လူခန်းနဲ့​ရေဒင်တို့
တ​တွေ လက်ခံလိုက်မလား၊

တစ်ဖက်မှာလည်း Nether Realmရဲ့သခင် Shinnokဆီမှာ အသက်ဝိဉာဉ်​ပေးထားရတဲ့ Scorpionတစ်​ယောက် Shinnokရဲ့ ​စေခိုင်းချက်​တွေကို လိုက်​ပေးဦးမှာလား၊ ငရဲသခင် Shinnokရဲ့ ​နောက်ကွယ်က တကယ့်အကြံအစည်က ဘာဖြစ်မလဲ၊ Earth Realmတစ်ခုတည်းအပြင် တခြား Realm​တွေ​​ရော အ​န္တရာယ်ကင်းပါ့မလား စသဖြင့် ​မေးခွန်း​ပေါင်းများစွာနဲ့အတူ ကြည့်ရှုရမှာပါ

Mortal Kombat ဇာတ်ကားတို့ရဲ့ထုံးစံအတိုင်း တိုက်ခိုက်ခန်း၊ သတ်ဖြတ်ခန်း​တွေကို ​သွေးသံရဲရဲနဲ့ အပီအပြင်ပြထားသလို ဒီဇာတ်ကားမှာဆိုရင် Game​တွေထဲက Bone broken effect​တွေပါ ပါလာလို့ ပိုပြီးသ​ဘောကျမိပါတယ်၊ Animationဆို​ပေမယ့် R-ratedဖြစ်​ကြောင်း ​ပြောပါရ​စေ၊ Mortal Kombat Hardcore​တွေအတွက်​တော့ ဒီ Animationကကြည့်ရတာတန်တဲ့ ဇာတ်ကားဖြစ်မှာ အ​သေအချာပါပဲ။

(ဒီဇာတ်လမ်းရဲ့ အညွှန်းကိုရေးသားပေးသူကတော့ JimX ပဲဖြစ်ပြီ၊ ဘာသာပြန်ရေးသားပေးသူများကတော့ JimX, Chit Tee တို့ပဲ ဖြစ်ပါတယ်။)

 

Quality – 1080p, 720p, 360p Web-DL

Duration – 1h 30min

Subtitle – Myanmar Hardsub

Format – Mp4

Genre : Animation, Action, Adventure

Source : 1080p.Web-DL

Translator – JimX, Chit Tee

Encoder – SWM



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
95.301
Status
Released
ID IMDb.com
tt14901058
IMDB Rating
7.2
IMDB votes
2430
ID Themoviedb.org
841755
TMDb Rating
6.5
TMDb votes
3