Channel Myanmar

Content at random


Movies

Three Ways (2022) 5.7
Three Ways (2022) စတေစီဟာ ထက်မြက်ပြီးတော့ စိတ်သဘောထားကောင်းပြီး အလုပ်အကိုင်ကောင်းတဲ့ ဂရပ်ဖစ်ဒီဇိုင်နာတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် သူမဟာ လိင်မှုကိစ္စတွေမှာ မကျွမ်းကျင်ဘဲ ဇီဇာကြောင်တတ်တဲ့အတွက် အချစ်ရေးကံခေတဲ့သူပါ။ တစ်နေ့မှာတော့ သူ့ကိုအရှိအတိုင်းချစ်ပေးနိုင်တဲ့ ဂျပ်စတင်ဆိုတဲ့ကျောင်းဆရာနဲ့တွေ့ပြီး သမီးရည်းစားတွေ ဖြစ်သွားကြပါတယ်။ သူမရဲ့ လိင်မှုကိစ္စလိုအပ်ချက်ကြောင့် ဂျပ်စတင်က သူမကိုငြီးငွေ့လာမှာစိုးတာကြောင့် လိုက်လျောပေးတဲ့အနေနဲ့ ဂျပ်စတင်ရဲ့ ကျောင်းနေဖက်သူငယ်ချင်းဖြစ်တဲ့ လော်ရိန်းနဲ့ သုံးယောက်သား သရီးဆမ်းကြဖို့ ဖြစ်လာပါတော့တယ်။ တစ်ဖက်မှာ လော်ရိန်းကလည်း ကျောင်းတုန်းကတည်က ဂျပ်စတင်ကိုသဘောကျနေတာပါ။ သူတို့သုံးဦးသား အတွေးကိုယ်စီနဲ့ သရီးဆမ်းကြမယ့်အဖြစ်ကို ဟာသအနည်းငယ်နှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။File size…(729 MB)Quality….Webrip 720p Format…mp4 Duration….01:32:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo
movie

Three Ways (2022)

Red State (2011) 6.1
Red State (2011) Imdb rating - 6.1 ဒီဇာတ်ကားက ဘာသာ​ရေးအစွန်းရောက်မှုကို​ အခြေ​တည်​ထားတဲ့​ indie​ ရုပ်ရှင်​ကား​ပါ။ ၂၀၁၁​ က​ထွက်ရှိခဲ့ပြီး Horror/Thriller နဲ့​ Action အမျိုး​အစား​ဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ ဆယ်ကျော်သက်အရွယ်ကျောင်းသားလူငယ်သုံးယောက်ကို အမျိုးသမီး​တစ်ဦးက​ အွန်လိုင်း​ကနေ​ လိင်​ဆက်ဆံဖို့ဖိတ်ခေါ်ပါတယ်။ လူငယ်​သုံးယောက်​ကနေ​ သွေးရိုးသားရိုးပဲထင်ပြီး လက်ခံမိရာကနေ သူတို့အပေါ်ဆိုး​ဝါးတဲ့ကံကြမ္မာဆိုးတစ်ခု ကျရောက်လာပါတော့တယ်။တကယ်​တော့​ အဲဒီအမျိုးသမီးက Abin​ Cooper​ လို့ခေါ်တဲ့​အစွန်းရောက်ဘာသာရေးသမားတစ်ဥိီး​ ခေါင်းဆောင်တဲ့ Five​ Points​ Trinity Church​ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အဲဒီအဖွဲ့ဟာ ဘာသာရေး​အစွန်း​ရောက်​အဖွဲ့ ဖြစ်ပြီး​ လိင်​တူဆက်ဆံခြင်း လိင်ဖောက်ပြန်ခြင်းတို့ကို​ ရွံရှာမုန်းတီးကြသူများဖြစ်ပါတယ်။ လူငယ်​သုံးယောက်​တို့​ ဒီဂိုဏ်းလက်ထဲကလွတ်နိုင်ပါ့​မလား​ ဒီဂိုဏ်းရဲ့ရည်ရွယ်​ချက်​က​ ဘာဖြစ်​မလဲဆိုတာကိုတော့​ ဒီရုပ်ရှင်​ကိုကြည့်ရှုရင်းနဲ့ပဲ အဖြေရှာစေလိုပါတယ်။ ဒီဇာတ်ကားက​ Horror/Thriller ဆိုပေမဲ့ သွေး​ထွက်သံယိုအက်ရှင်ဇာတ်လမ်းဖက်ကို အလေးကဲနေတယ်လို့ထင်ပါတယ်။ အမေရိကန်​ indie​ ရုပ်​ရှင်​ဖြစ်ပြီး​ Stiges Film Festival မှာ​ Best ...
movie

Red State (2011)

Redeemer (2014) 5.5
Redeemer (2014)  ပါဒိုဆိုတဲ့လူသတ်သမားတစ်ယောက်ဟာ တစ်နေ့ သူလုပ်ကြံရမယ့်သူရဲ့သားကိုမထင်မှတ်ဘဲ သတ်မိသွားတယ်။ တစ်ဦးတည်းသောသားလေးအသတ်ခံရအတွက်စကော်ပီယံဟာ ပါဒိုကို မြေလှန်လိုက်ရှာပြီး မိန်းမနဲ့ မမွေးသေတဲ့ကလေးကိုပါဒိုရဲ့ရှေ့မှာနှိပ်စက်ပြီးသတ်ပစ်လိုက်တယ်။ ပါဒို‌ကိုတော့ သဲကန္တာရအလယ်မှာကျည်တစ်တောင့် သေနတ်တစ်လက်နဲ့ထားခဲ့လိုက်တယ်။သဲကန္တာရကနေ အသက်ရှင်လာတဲ့ ပါဒိုဟာဘုရားသခင်ရဲ့စောင့်ရှောက်မှုကြောင့်မသေဘူးလို့ယူဆလိုက်ပြီး ကောင်းကင်ဘုံကိုသွားဖို့အတွက် ဘုရားကျောင်းမှာဆုတောင်းသူတွေရဲ့ဆန္ဒကိုဖြည့်ဆည်းပေးမယ်လို့ဆုံဖြတ်လိုက်တယ်။အဲ့မြို့မှာပဲ မူးယစ်ရောင်းဝယ်နေတဲ့ အမေရိကန်သား စတီဗ်ရဲ့ လူတွေဟာ ထင်တိုင်းကြဲနေတော့ ဘုရားကျောင်းလာတဲ့သူတွေဟာ သူတို့ရန်ကနေလွှတ်ဖို့ပဲဆုတောင်းကြတော့တယ်။ ဒီလိုနဲ့ပါဒိုတစ်ယောက် ဆုတောင်းသူတွေရဲ့ဆန္ဒကိုဖြည့်ဆည်းပေးမယ်လို့ဆုံးဖြတ်လိုက်တဲ့အခါမှာတော့...........   File size…1.63GB / 867MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 28m Genre ….. Action , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Redeemer (2014)

The Killer (2017) 6.0
The Killer (2017)  အသက်ရှင်နေထိုင်ဖို့ခက်ခဲလွန်းတဲ့ သဲကန္တာရမှာ လူဆိုးလူမိုက်တွေဟာအဖွဲ့ဖွဲ့ပြီးတော့ သာမန်ပြည်သူတွေဆီကနေ လုယူသတ်ဖြတ်ပြီးပိုင်ဆိုင်မှုတွေကိုအပိုင်သိမ်းကြပြီး ဒီအဖွဲ့ကို ပိုင်ဆိုင်တဲ့သူက ပြင်သစ်ကြီးမွန်ဆီယာဘလန်ရှောဖြစ်ပါတယ်။ ပြင်သစ်ကြီးဟာ မြို့မျက်နှာဖုံးဖြစ်ပြီးသူလိုချင်တဲ့မြေနေရာတွေကို မရောင်းတဲ့သူတွေ သူ့ကိုအန္တရာယ်ဖြစ်အောင်လုပ်တဲ့သူတွေကို လူသတ်သမားတွေငှားပြီးသတ်ခိုင်း လေ့ရှိပါတယ်။ မြို့မှာမန်ကီးလို့ခေါ်တဲ့ တရားဥပဒေစိုးမိုးရေး ရဲတပ်ဖွဲ့ဆိုတာရှိတယ်ဆိုပေမယ့်ထင်သလောက် ဆောင်ရွက်နိုင်မှုမရှိပါဘူး။ အကြောင်းကတော့ ရဲတွေနဲ့ပက်သက်သူမှန်သမျှကိုသတင်းပေးသတ်ဖြတ်နိုင်အောင် ပြင်သစ်ကြီးကအတွင်းလူသူလျှိုထားထားပါတယ်။ ဥပဒေမဲ့မြို့ကို ရှက်ဂီဆိုတဲ့ လူမိုက်လေးရောက်လာပါတယ်။ ရှက်ဂီဟာမြို့ကိုမ‌‌ရောက်ခင်မှာ မြို့နဲ့အရမ်းအလှမ်းဝေးတဲ့သဲကန္တာရမှာနေထိုင်ခဲ့တာပါ။ရှက်ဂီကို ဆဲဗင်းအီးယားစ်ဆိုတဲ့ လူသတ်သမားကကျွေးမွေးပြုစုခဲ့ပြီး အမဲလိုက်နည်း သေနတ်ပစ်နည်း သားသတ်နည်း မျိုးစုံကိုကျွမ်းကျင့်အဆင့်ဖြစ်အောင်သင်ပေးခဲ့တာပါ။ တစ်နေ့ မြို့ကိုသွားရင်းနဲ့ဆဲဗင်းအီးယားစ်က ပြန်မလာတော့ပါဘူး။ နှစ်များစွာကြာတော့ ရှက်ဂီဟာဆဲဗင်းအီးယားစ်ကိုမြို့မှာလိုက်ရှာရင်းနဲ့ ပြင်သစ်ကြီးဆီမှာ အလုပ်လုပ်နေလိုက်တယ်။ဘာဆိုဘာမှမရှိတဲ့နေရာက လာတဲ့ ရှက်ဂီဟာ လိုချင်တာမှန်သမျှရလာပြီးလောဘတွေတက်လာတဲ့အခါမှာတော့...... File size…1.76GB / 753MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 39m Genre ….. Action , Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

The Killer (2017)

Fugitive Pieces (2007) 6.9
Fugitive Pieces (2007)  ဒီဇာတ်ကားလေးကတော့ ကမ္ဘာစစ်အတွင်းမှာ နာဇီတွေကြောင့်ဂျူးလူမျိုးတွေ ခံစားခဲ့ရတဲ့အကျိုးဆက်ကိုရိုက်ကူးထားတဲ့ ကားတစ်ကားပဲဖြစ်ပါတယ်။ ပိုလန်နိုင်ငံက တောအုပ်လေးထဲမှာ ဂျူးမိသားစုလေးယောက် အေးအေးချမ်းချမ်းနေနေပေမဲ့ နာဇီစစ်သားအချို့ဝင်လာပြီး အဖေ၊ အမေနဲ့ အစ်မဖြစ်သူတို့ကိုဆွဲခေါ်သွားပါတယ်။ ဂျက်ကော့ကိုယ်တိုင်တောင် စားပွဲအောက်မှာပုန်းနေလို့အသက်ဘေးလွတ်ခဲ့ရတာပါ။ အမေတို့ကတော့ စောင့်နေဖို့မှာခဲ့ပေမဲ့ ကလေးဆိုတော့ကြောက်ကြောက်လန့်လန့်နဲ့ တောအုပ်ထဲပြေးမိပြေးရာပြေးရင်း တိမ်ကောသွားတဲ့မြစ်ကိုသုတေသနလာလုပ်တဲ့ ဂရိနိုင်ငံသား ရှေးဟောင်းသုတေသနပညာရှင်နဲ့တွေ့ပြီးမွေးစားခံလိုက်ရပါတယ်။ သူတို့နှစ်ယောက်ဟာ ပိုလန်ကနေ ဂရိကို ခိုးကြောင်ခိုးဝှက်ပြန်လာခဲ့ပါတယ်။ နုနယ်သေးတဲ့ကလေးအရွယ်မှာ မျက်စိရှေ့တင် အဖေအသတ်ခံရအစ်မနဲ့ အမေတို့ကို ဆွဲခေါ်သွားတာတွေ တွေ့လိုက်ရတဲ့အတွက် ဒီကလေးရင်မှာစိတ်ဒဏ်ရာတွေ ဘယ်လောက်တောင်များ ရှိနေလိုက်မလဲ။ ဒီကလေးဟာကောင်းကောင်းမွန်မွန်ရော ကြီးပြင်းသွားပါ့မလား။ အချစ်ဆိုတဲ့အရာကိုရောသူခံစားနိုင်ပါဦးမလား။ စောင့်နေလို့မှာခဲ့တာကို မစောင့်ခဲ့မိတဲ့သူ့ကိုယ်သူရောအပြစ်တင်နေဦးမလား စတဲ့မေးခွန်းပေါင်းများစွာနဲ့ ဒီဇာတ်ကားကို ဆက်လက်‌ကြည့်ရှုပေးပါဦးခင်ဗျာ။ File size…2.87GB / 941MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 44m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie

Fugitive Pieces (2007)

Love According to Dalva (2022) 7.5
Love According to Dalva (2022) IMDb - 7.5/10 Rotten Tomatoes - 95%ဒီရုပ်ရှင်က စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာနဲ့ အဲ့ဒီကနေဆက်ဖြစ်လာတဲ့ ကြေကွဲစရာ အကျိုးဆက်တွေအကြောင်းပါပဲ။ ရုပ်ရှင်ရဲ့ ဒါရိုက်တာ Emmanulle Nicotက ဒီလိုထိတ်လန့်စရာကောင်းတဲ့အကြောင်းအရာကို ဆွေးမြေ့စရာကောင်းအောင် ရိုးသားသိမ်မွေ့စွာ ရိုက်ကူးပြခဲ့ပါတယ်။Dalvaက ၁၂နှစ်အရွယ် ကလေးတစ်ယောက်ဖြစ်ပြီး သူမအဖေနဲ့ အတူနှစ်ယောက်ထဲနေပါတယ်။ ကလေးဆိုပေမယ့် အရွယ်ရောက်ပြီးသားမိန်းမတစ်ယောက်တစ်ယောက်လို ဝတ်စားပြင်ဆင်ခြယ်သပြီး အနေအထိုင်ကလည်း လူကြီးတစ်ယောက်လိုပါပဲ။တစ်နေ့မှာ ရဲတွေက သူတို့အိမ်ထဲအတင်းဝင်လာပြီး သူ့ကို လူငယ်တွေကိုစောင့်ရှောက်ပေးတဲ့ ဂေဟာတစ်ခုကိုပို့ခဲ့ပါတယ်။အဲ့ဒီမှာ သူမရဲ့အခန်းဖော်အသစ် Samiaနဲ့ ဝန်ထမ်းဖြစ်တဲ့ Jaydenတို့နှစ်ယောက်နဲ့ မိတ်ဆွေဖြစ်လာပါတယ်။သူတဖြည်းဖြည်းနားလည်လာတာက သူ့အဖေနဲ့ဝေမျှခဲ့တဲ့အချစ်တွေက သူထင်ခဲ့သလိုမျိုးမဟုတ်ဘူးဆိုတာပါပဲ။သူ့မိတ်ဆွေတွေရဲ့ အကူအညီနဲ့ Dalvaက သူ့childhoodကိုပြန်ယူနိုင်ခဲ့ပါတယ်။ဒီရုပ်ရှင်က စိတ်ကူးယဥ်ဖန်တီးချက်ဆိုပေမယ့် ဒီလိုအဖြစ်အပျက်မျိုးတွေရဲ့ real-life victimsတွေအပြင်မှာ အများကြီး ရှိပါတယ်။ ကြည့်ရတာ တစ်ချက်တစ်ချက် မသက်မသာဖြစ်ရပါတယ်။ ကလေးတစ်ယောက်နဲ့မလိုက်အောင် မှန်သလား မှားနေသလားတောင်မစဥ်းစားနိုင်အောင် အဖေဖြစ်သူဆီက brain-washedခံထားရတဲ့ Dalvaရဲ့ လုပ်ရပ်တွေကတစ်ခါတလေလန့်စရာလည်းကောင်းနေပါတယ်။ ...
movie

Love According to Dalva (2022)

{21+} Gorgeous Neighbour (FSDSS-569)
{21+} Gorgeous Neighbour (FSDSS-569)   Ran Kamiki တဲ့ အတော်ချောပြီး အတော်လေးချစ်စရာကောင်းနေရော သူမရဲ့ နှုတ်ခမ်းဖူးဖူးလေးတွေက အတော်ဆွဲဆောင်မှုရှိတယ် သူမမှာ ရည်းစားရှိပါတယ် ညနေခင်းတစ်ခုမှာ သူ့ကောင်လေးအခန်းကို ထမင်းအတူစားမယ်ဆိုပြီး လိုက်သွားခဲ့ပါတယ် ပြီးတော့...ဟိုဖက်အခန်းမှာ အထီးကျန်ပြီး သူက သူ့အမျိုးသမီးကို တမ်းတစိတ်တွေဖြေဖျောက်ဖို့ သီးချင်းအကျယ်ကြီး ဖွင့်ပြီး နေမိပါတယ်Ran Kamiki တို့အတွဲ သွားပြီးတောင်းပန်ချိန်မှာ Ran Kamiki ရဲ့ အလှတရားတွေ တွေ့သွားတဲ့ အချိန်.... ဆင်ဆာရဲ့ ဝါးတားတားအဖက်တွေကို လျှော့ချထားတဲ့ decencord ဗားရှင်းကို တင်ဆက်ပေးထားပါတယ်(Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size…2.13GB / 1.08GB Quality…1080p Decencored /720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi
movie

{21+} Gorgeous Neighbour (FSDSS-569)

Adventure Of Tin Tin (2011) 7.4
Adventure Of Tin Tin (2011) ဒီ 3D အန်နီမေးရှင်း ဇာတ်ကားလေးဟာ တကယ့်ဒိတ်ဒိတ်ကျဲ ရုပ်ရှင်ဇာတ်ကားပေါင်းမြောက်များစွာကို ရိုက်ကူးခဲ့တဲ့ နာမည်ကျော် ဒါရိုက်တာကြီး Steven Spielberg ရဲ့ ပြောင်မြောက်လှတဲ့ လက်ရာများထဲမှ တစ်ခု အပါအဝင်ဖြစ်ပါတယ်။ Action & Adventure အမျိုးအစားဇာတ်ကားဖြစ်ပြီး PG အဆင့်သတ်မှတ်ထားကာ မိသားစုနဲ့အတူ ကြည့်ရှုနိုင်တဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ။ IMDB rating 7.4 အထိရရှိထားပြီး အလားတူပဲ Rotten Tomatoes မှာလည်း rating 7.5 အထိ ရရှိထားတဲ့လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်း အညွှန်းပြောရရင် ရဲရင့်တက်ကြွဖျတ်လတ်ပြီး စူးစမ်းလိုစိတ်ရှိတဲ့ လူငယ်သတင်းထောက်ကလေး တင်တင် ဟာ မမျှော်လင့်ပဲ နှစ်ပေါင်းများစွာခန့်က တကယ်ရှိခဲ့တဲ့ ယူနီကွန်း ဆိုတဲ့ တိုက်ပွဲဝင် စစ်သင်္ဘောပုံစံတူငယ်ကို အမှတ်မထင်ဝယ်လိုက်မိရာကနေ သူ့ဆီကို အန္တရာယ်တွေ တစ်ခုပြီးတစ်ခု ကျရောက်လာပါတော့တယ်။ ဒါပေမယ့် တင်တင် တစ်ယောက် ကြောက်ရွံ့နောက်တွန့်သွားခြင်းမရှိပဲ ယူနီကွန်း နဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်အဖြေများကို ရှာဖွေရင်း ဘယ်လိုဘယ်ပုံဆက်လက် စခန်းသွားမလဲဆိုတာကို ရုပ်ရှင်ကိုပဲဆက်လက်ကြည့်ရှုလိုက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ဇာတ်ကား အညွှန်းဟာ တိုပြီး စိတ်ဝင်စားစရာမကောင်းတာကြောင့် ရုပ်ရှင်ကိုလည်း စိတ်ဝင်စားစရာမကောင်းလောက်ဘူးလို့ မထင်လိုက်ပါနဲ့ ဇာတ်ဝင်ခန်းတိုင်းဟာ ဒါရိုက်တာကြီး Steven Spielberg ရဲ့ လက်ရာအတိုင်း အသည်းတယားယား ရင်တထိတ်ထိတ် နဲ့ ...
movie

Adventure Of Tin Tin (2011)

2011
Music School (2023) 7.7
Music School (2023) Music School (2023) IMDb-9/10IMDbကတော့ နိုင်းလောက်ရှိသဗျို့။ the sound of music ဆိုတဲ့ ဂန္တဝင်တေးဂီတကားကြီးကို အခြေခံထားတဲ့ဇာတ်လမ်း။3Idiotsထဲက အဆောင်တွေလက်ဖွဲ့တွေယုံကြည်သူ ရာဂျူး ခေါင်းဆောင်ပါဝင်ထားတဲ့ဇာတ်လမ်း။ ဂီတကားဖြစ်တဲ့အတွက် ဂီတကိုချစ်မြတ်နိုးတဲ့သူတွေ နှစ်သက်သဘောကျစေမှာပါ။သားသမီးတွေကို ပညာရေးပဲအာရုံစိုက်စေချင်ပြီး အင်ဂျင်နီယာကြီး ဆရာဝန်ကြီးတွေဖြစ်စေချင်ပေမယ့် လူငယ်တွေရဲ့ ရင်ထဲကရူးသွပ်တဲ့ ဂီတအနုပညာကိုနားလည်မပေးကြ။ငါ့သား ငါ့သမီးလေးက အတန်းထဲမှာ အဆင့်တစ် ထိပ်ဆုံးကဆိုပြီး လက်မထောင်ချင်ကြတဲ့မိဘတွေ။ ဒီလိုမိဘတွေရဲ့ဖိနှိပ်ချုပ်ချယ်မှုတွေကြားကနေပဲ ရင်ထဲကပေါက်ဖွားလာတဲ့အနုပညာကို ပုံဖော်ကြတဲ့ လူငယ်လေးတွေရဲ့ကြိုးစားအားထုတ်မှုတွေ ဖန်တီးတင်ဆက်နိုင်ပုံတွေကို တေးဂီတဆရာမနဲ့ ပြဇာတ်ဆရာတို့က ဦးဆောင်လမ်းပြပြီး ဂန္တဝင်တေးဂီတပြဇာတ်တစ်ပုဒ်ကို ဖန်တီးတင်ဆက်ထားပါတယ်။စာကြွင်းအနေနဲ့ ကျွန်တော်က နာမည်ကြီးသီချင်းတွေ ဘာတွေကို ဇာတ်ဝင်တေးယူသုံးထားရင် သဘောကျတဲ့ထဲပါပါတယ် တိုက်ဆိုင်သွားတတ်တာပေါ့ ဒီဇာတ်ကားလေးက အိန္ဒိယကားဆိုပေမဲ့ အပိတ်သီချင်းလေးက " so long farewell auf wiedersehen goodbye" ဆိုတဲ့ The sound of music ဂန္တဝင်တေးကိုပဲ အကနဲ့ဖျော်ဖြေထားတဲ့ပုံက ကျွန်တော်သိပ်ကြိုက်ခဲ့တဲ့ Ted Lasso စီးရီးထဲက နည်းပြကြီး Ted Lasso ကို နှုတ်ဆက်ခန်းကို ပြန်သတိရသွားတာမို့ မျက်ရည်လေးများတောင့်စို့မိတဲ့ ပီတိအရသာလေးရတာမို့ ရင်ဘတ်ချင်းတူမဲ့ ဘော်ဒါတွေအတွက် ...
movie

Music School (2023)

2023
Carry on Jatta 3 (2023) 7.4
Carry on Jatta 3 (2023) Carry on Jatta 3 (2023) IMDb-7.5/10ဂျက်တာတို့ သူငယ်ချင်းသုံးယောက်ရဲ့ အမွှေစိန်ကားလေး သုံးကားမြောက်ထွက်ရှိလာပါပြီ။ ရှေ့နှစ်ကားလို ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောနဲ့ကြည့်ရမယ့် ဟာသဇာတ်မြူးလေးပါပဲ။ သူတို့တွေပဲ သရုပ်ဆောင်ထားကြပေမယ့် တစ်ကားထဲသပ်သပ်ကြည့်လို့ရပါတယ်။ဂျက်စ်က ရှေ့နေကြီးဒီလွန်ရဲ့ မိတဆိုးသားလေး။မိန်းမယူချင်တာ ပြာယာခတ်နေပေမယ့် အဖေလုပ်သူကို မလွန်ဆန်နိုင်တာကြောင့် ချစ်ရတဲ့အမျိုးသမီးလေးကို အဖေနဲ့မိတ်ဆက်ပေးပေမယ့် အနှောင့်အယှက်တွေကြောင့် အဖေဖြစ်သူကသဘောမတူ။ အဖေဖြစ်သူသဘောတူဖို့အရေး ဘော်ဒါဘော်ကျွတ်နဲ့တိုင်ပင်တဲ့အခါ ဘယ်လောက်ဆိုးနေပါစေ သူ့ထက်ဆိုးတဲ့တစ်ယောက်နဲ့တွေ့ရင် ကောင်းတယ်ထင်သွားမှာပဲဆိုတဲ့စိတ်နဲ့ ချွေးမအတုရှာကြတဲ့အခါမှာတော့။သူတို့ရှာလိုက်တဲ့ ချွေးမအတုကလည်း ဘော်ဒါအရင်းကြီးရဲ့မိန်းမ ကလေးတစ်ယောက်အမေဆိုတော့။ ဘယ်လိုတိုင်တွေပတ်ပြီး ဘယ်လိုတွေဇာတ်သိမ်းကြမလဲဆိုတာ ဟီးဟီးဟားဟားနဲ့ အပျင်းတော်ပြေစေကြောင်းရယ် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ။ (အညွှန်းနဲ့ဘာသာပြန်တွေက Saii~V~Cherry~YH~Dee~Zwe Yanတို့ပဲဖြစ်ပါတယ်) File size…9.9GB / 3GB / 1.36GB Quality…1080p WEB DL /720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Saii~V~Cherry~YH~Dee~Zwe Yan
movie

Carry on Jatta 3 (2023)

2023
4K HEVC
The Slumber Party (2023) 5.8
The Slumber Party (2023) ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ Disney ရဲ့ Comedy, Family အမျိုးအစား The Slumber Party ဆိုတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဒီဇာတ်လမ်းအကျဉ်းလေးကတော့ မက်ဂန်နဲ့ သူ့ရဲ့သူငယ်ချင်းတစ်စု အန်နာမာရီယာရဲ့မွေးနေ့မှာ ပါတီကျင်းပရင်းဖြစ်ပေါ်လာတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် စိတ်ရောဂါဆရာဝန် အဖေနှစ်ယောက်ရှိတဲ့ LGBTမိသားစုကနေ မွေးဖွားလာတဲ့ မက်ဂန်၊ အမြဲတက်တက်ကြွကြွနေတတ်ပြီး သတ္တိရှိတဲ့ မက်ဂန်ရဲ့ ငယ်သူငယ်ချင်း ပေ့ခ်ျ၊ သူ့ရဲ့မွေးနေ့မှာ အဖေက နောက်အိမ်ထောင်ပြုတော့မှာကြောင့် စိတ်ရှုပ်နေတဲ့ အန်နာမာရီယာ၊ အန်နာမာရီယာရဲ့ညီအစ်မတော်ဖို့ ဖြစ်လာတဲ့ ဗရော်နီကာ၊ အဖေနှစ်ယောက်ရဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် လူငယ်သဘာဝအတိုင်း လွတ်လွတ်လပ်လပ်မနေတတ်ဘဲ အမြဲထိန်းချုပ်ပြီး‌နေတတ်တဲ့ မက်ဂန်ဟာ အန်နာမာရီယာ့မွေးနေ့မှာတော့ သူရဲ့ထိန်းချုပ်မှုတွေ ပူပန်မှု‌တွေကိုမေ့ပစ်ပြီး သူငယ်ချင်းတွေနဲ့အတူတူ အသစ်အဆန်းတွေလုပ်ကြည့်မယ်လို့ ဆုံးဖြတ်လိုက်ရင်း..... အစ်မရဲ့မွေးနေ့အတွက် အမှတ်တရဖြစ်အောင် ဗရော်နီကာ ဖိတ်ပေးထားတဲ့ မှော်ဆရာကလည်း သူတို့ကို စိုးရိမ်ပူပန်မှုအကုန်မေ့ပျောက်ပြီး စိတ်လွတ်လက်လွတ် ပျော်ပျော်နေကြဖို့ စိတ်ညှို့‌ပေးလိုက်တဲ့ အခါမှာတော့.... သူတို့သူငယ်ချင်းတစ်စု ...
movie

The Slumber Party (2023)

Juang (2022) 7.0
Juang (2022)  ဒီတစ်ခေါက်မှာတော့ IMDB 7.1/10 ရရှိထားပြီး ကိုဗစ်ကပ်ရောဂါအကြောင်း ရိုက်ကူးထားတဲ့ Action/Drama/Thriller အမျိုးအစား မလေးဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မလေးရှား ရုပ်ရှင်ပွဲတော်မှာ ဆုနှစ်ဆုရရှိခဲ့ပြီး စကာတင်ဆယ်ခုဝင်ခဲ့တဲ့ ဒီဇာတ်ကားရဲ့နာမည်က "တိုက်ပွဲ"လို့ အဓိပ္ပါယ်ရပြီးတော့ ကိုဗစ်ကာလမှာ ရှေ့တန်းက တိုက်ပွဲဝင်ခဲ့တဲ့ ဟီးရိုးတွေအကြောင်းကို စုစုပေါင်း ဒါရိုက်တာ ၅ ယောက်က ဝိုင်းဝန်း ပုံဖော်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကိုဗစ်ကာလမှာ မလေးရှားအစိုးရက တရုတ်ပြည် ဝူဟန်မှာရှိ‌နေခဲ့တဲ့ သူ့နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ လေယာဉ်တစ်စီး စီစဉ်ပေးခဲ့ပါတယ်။အားလုံးသိတဲ့အတိုင်း ကိုဗစ်စတင် ဖြစ်ပွားရာ ဝူဟန်ကိုဆိုရင် အားလုံးက ကြောက်လန့် တုန်လှုပ်ပြီး မသွားရဲ၊ အဲဒီက လာတဲ့သူတွေကိုဆို ရောဂါကူးစက်ခံထားရမလားဆိုပြီး သံသယမကင်းဖြစ်နေကြတာမို့ ကိုဗစ်ကာလရဲ့ အခက်အခဲ အတားအဆီးများစွာကြား အဲဒီလေယာဉ်ပေါ်မှာ လိုက်ပါခဲ့ကြတဲ့ လေယာဉ်အမှုထမ်းတွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ဝူဟန်က ခရီးသည်တွေအကုန်လုံးကို စာရင်းအတိအကျနဲ့ ပြန်ခေါ်လာနိုင်မလား၊ လေယာဉ်ပေါ်က ဝန်ထမ်းတွေအကုန်လုံးရော ...
movie

Juang (2022)

Heroes  Season 1 to 4 Complete 7.7
Heroes Season 1 to 4 Complete လွန်ခဲ့သော ၁၇ နှစ်က Moving (သို့မဟုတ်) Heroes 2006 Season 1 2 3 4 complete အခုလက်ရှိ လူကြိုက်များနေတဲ့ Moving စီးရီးက အတော်ကောင်းပါတယ်။ အက်မင်လည်းကြည့်ပါတယ်။ Moving ကိုကြည့်ကြည့်မိချင်းမှာ ပြေးသတိရသွားတာကတော့ ၂၀၀၆ လောက်က အခွေနဲ့ စောင့်ကြည့်ခဲ့ရတဲ့ ဒီစီးရီးပါပဲ။ Moving လိုစီးရီးမျိုးကိုကြိုက်လို့ ခပ်ဆင်ဆင်ကြည့်ချင်တဲ့သူတွေ၊ စူပါပါဝါစီးရီးမျိုးကိုမှ English taste နဲ့ ကြည့်ချင်တဲ့သူတွေအတွက် ညွှန်းပေးရင်း ပြန်တင်ပေးထားတာပါ။ဒီစီးရီးက အခွေခေတ်ကဆိုတော့ စီစန် -၁ ကတော့ Dvd 360p ပဲရှိပေမဲ့ ကျန်တဲ့စီစန်တွေကိုတော့ အကြည်တင်ပေးထားပါတယ်။ ဒီစီးရီးဟာ စူပါဟီးရိုးကြိုက်သူတွေအတွက်တော့ ရွှေပါပဲ။ လူတိုင်းတစ်ယောက်ချင်းစီမှာ ထူးဆန်းတဲ့အစွမ်းတွေ ပိုင်ကြပါတယ်။ မိုးပေါ်ပျံနိုင်တာ၊ ဒဏ်ရာပြန်ကောင်းတာ၊ အချိန်ကိုထိန်းချုပ်နိုင်တာ စသဖြင့် အစွမ်းအစုံပါပါတယ်။ ဒီစီးရီးရဲ့ ကောင်းတဲ့အချက်ကတော့ ဇာတ်ကောင်အဆက်အစပ်ပါပဲ။ ဇာတ်ကောင်တွေဟာ တစ်နေရာစီ ...
movie

Heroes Season 1 to 4 Complete

2006–2010
Jason and the Argonauts (1963) 7.3
Jason and the Argonauts (1963) Jason and the Argonauts (1963)~ IMDb - 7.3/10, Rotten Tomatoes - 89% ~ဂရိနတ်ဘုရားတွေနဲ့ သူရဲကောင်းတွေ စွန့်စားခန်း‌တွေကို အမျိုးမျိုး ရိုက်ကူးကြရာမှာ ဒီကားကတော့ သူရဲကောင်းအ‌ကျော်အ‌မော်ဂျေဆင်နဲ့ သူ့အဖွဲ့သား အာဂိုနပ်စ်တွေရဲ့ ရွှေသိုးရှာဖွေတဲ့ စွန့်စားခန်းခရီးအကြောင်း 1963 ခုနှစ်ထွက်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇုစ်နတ်ဘုရားက ပလိုင်ရက်စ်ကို သက်စ်လေတိုင်းပြည်ကို အောင်နိုင်ဖို့ ဆုပေးပေမဲ့ နောင်ကျရင် သက်စ်လေဘုရင်ရဲ့မျိုးဆက်က ပလိုင်ရက်စ်ကို လက်စားချေမှာလို့ ဟောကိန်းရှိတဲ့အတွက် ပလိုင်ရက်စ်က ဘုရင်ရဲ့သားသမီး ၃ယောက်လုံးကိုပါ သတ်ဖို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သားတော်ဂျေဆင်က အစောင့်နဲ့အတူ ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့အခါ...ဂျေဆင်အရွယ်ရောက်လာတဲ့အခါ သက်စ်လေပြည်ကို ပြန်သိမ်းပြီး ပလိုင်ရက်စ်ကိုသတ်ဖို့ လိုက်ရှာပါတော့တယ်။ ဇုစ်ရဲ့မိဖုရား ဟယ်ရာက ဂျေဆင်ကို အလုံးစုံကူညီပေးချင်ပေမဲ့ ဇုစ်က အကြိမ်အရေအတွက်ကန့်သတ်ထားပြီး နတ်ဘုရား‌ မောင်နှံ၂ပါး အားပြိုင်တဲ့အခါ...ပလိုင်ရက်စ်ကို သတ်ပြီး သက်စ်လေတိုင်းပြည် ကြွယ်၀ချမ်းသာ ငြိမ်းချမ်းဖို့ ရွှေသိုးရှိရမယ်လို့ဟောကိန်းရှိတဲ့အတွက် ...
movie

Jason and the Argonauts (1963)

1963
Narcosis (2022) 7
Narcosis (2022) Narcosis (2022)ပူဆွေးသောကဆိုတာ လူတိုင်းမှာရှိစမြဲပါ။ တချို့ကတော့ ဒီသောကကို ယစ်မူးစေတတ်တဲ့အရာတွေနဲ့ ဖြေသိမ့်တတ်ကြတယ်။ တချို့ကျတော့ ကိုယ့်ရဲ့အချစ်ဆုံးသောသူတွေရဲ့မေတ္တာကြောင့် ဒီအပူတွေက အလိုလိုငြိမ်းသွားတတ်ကြပါတယ်။ တချို့ကျတော့ ကြုံကြုံသမျှအခက်အခဲမှန်သမျှကို ကိုယ်တစ်ယောက်တည်း ရင်ဆိုင်ဖြေရှင်းရတာပေါ့။ ဒီဇာတ်ကားမှာတော့ အဖြစ်ဆိုးတစ်ခုနဲ့ တွေ့ကြုံလိုက်ရတဲ့ မိသားစုတစ်စုရဲ့ ရင်ဆိုင်လာရတဲ့ ပြဿနာတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြလဲဆိုတာကို ရှုမြင်ရမှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားကိုတော့ နာမည်ကြီး ဒတ်ခ်ျဒါရိုက်တာ Martijn de Jong ကိုယ်တိုင်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ဆုပေါင်း ၉ ခုနဲ့ IMDb ဆို 7/10 အထိရရှိထားပါသေးတယ်။ဒီဇာတ်ကားမှာဆိုရင်တော့ ရိုးရှင်းမှုရဲ့သဘောသဘာဝကို ကွက်ကွက်ကွင်းကွင်းမြင်အောင် CGI တွေကိုလည်း လျှော့သုံးထားပါတယ်။ သည်းထိတ်ရင်ဖိုကြိုက်တတ်တဲ့သူတွေအတွက်တော့ အားမရတာမျိုးဖြစ်စေနိုင်ပေမဲ့ ရိုးရိုးလေးတွေကြိုက်တတ်တဲ့သူတွေအတွက်တော့ ဖီးလ်အပြည့်ပေးစွမ်းနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.05GB, 891MB Quality - 1080p, 720p IMDb Rating - 7/10 Format ...
movie

Narcosis (2022)

2022
Darkland (2017) 6.6
Darkland (2017) Darkland (2017)~ IMDb - 6.6/10, Rotten Tomatoes - 56% ~ဒီကားလေးက ဒိန်းမတ် အက်ရှင်ဒရာမာမှုခင်းကားလေးတစ်ကားဖြစ်ပါတယ်။ ဇိတ်က အောင်မြင်တဲ့နှလုံးခွဲစိတ်ဆရာ၀န်တစ်ယောက်ဖြစ်ပြီး စတိိန်းလို့ခေါ်တဲ့ ဇနီးချောချောလေးတစ်ယောက်ရှိတဲ့အပြင် သားတစ်ယောက်လည်းရတော့မှာပါ။ သောကြာညတစ်ညမှာ မိတ်ဆွေတွေနဲ့ ညစာစားနေတုန်း ညီဖြစ်သူ "ရာဇင်း" ရောက်လာပြီး အကူအညီလာတောင်းပါတယ်။ ဇိတ်ကငြင်းလိုက်ပြီး နောက်တစ်ရက်မှာတော့ ညီဖြစ်သူက ဆေးရုံရဲ့အရေးပေါ်ခန်းကို ဒဏ်ရာအပြည့်နဲ့ရောက်ရှိလာပြီး သေဆုံးသွားပါတော့တယ်။အဲဒီနောက်ပိုင်း ဇိတ်ရဲ့ဘ၀က ကမ္ဘာကြီးပြောင်းပြန်လှန်လိုက်သလိုဖြစ်သွားတော့တာပါ။ အမှုကို ရဲတွေလက်အပ်ထားခဲ့ပေမဲ့ ဒီကကိုလှရွှေတွေလိုပဲ သိပ်အကူအညီမဖြစ်တော့ အပြစ်ရှိစိတ်ရှိနေတဲ့ဇိတ်က သူကျင်လည်ခဲ့ဖူးတဲ့ဘ၀ကိုပြန်သွားပြီး ညီဖြစ်သူအတွက် တရားမျှတမှုကို လိုက်ရှာပါတော့တယ်။ဒီကားရဲ့ဇာတ်ညွှန်းဆရာတစ်ဖြစ်လဲ ဒါရိုက်တာက သူ့ရဲ့ညီ ဂိုဏ်းတစ်ခုနဲ့ပတ်သက်မိပြီး ဒုက္ခရောက်ခဲ့ဖူးတဲ့ လက်တွေ့ဘ၀အတွေ့အကြုံကိုမူတည်ပြီး ရိုက်ခဲ့ပါတယ်လို့ဆိုထားပါတယ်။ ‌ဆုတွေလည်း (၇)ခုလောက် ရထားပြီး Nomi (၁၉)ခုလောက်ရထားတဲ့ ဒီကားလေးကို အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

Darkland (2017)

2017
One Cut Two Cut (2022)
One Cut Two Cut (2022) One Cut Two Cut (2022)One cut two cutဆိုလို့ သွေးသံတရဲရဲနဲ့ သတ်မယ်ဖြတ်မယ်ဇာတ်ကားမျိုးတော့မဟုတ်ပါဘူး။ ကြည်နူးဖို့ကောင်းပြီး အလွဲလွဲအချော်ချော် ဟာသတွေနဲ့ကြည့်ရှုရမဲ့ ကန်နဒါဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းအမေဖြစ်စေချင်တဲ့ အလုပ်ကောင်းကောင်းရဖို့နဲ့ အိမ်ထောင်ပြုဖို့ဆိုတဲ့ဆန္ဒတွေကို ဥပေက္ခာပြုထားတဲ့ လက်မှုပညာနဲ့ဘွဲ့ရထားသူ လူပျိုသိုးကြီး ဂိုပီ...။ ဂိုပီဟာ လက်မှုပညာမှာတစ်ဖက်ကမ်းခပ်ကျွမ်းကျင်ပေမဲ့ ကြောင်တောင်တောင်နိုင်တဲ့ အဝတ်အစားတွေ ပုံစံတွေကြောင့် ပတ်ဝန်းကျင်ကအလှောင်ပြောင်ခံရသူတစ်ယောက်။ဂိုပီတစ်ယောက် အစိုးရကျောင်းတစ်ကျောင်းမှာ ဆရာတစ်ယောက်အနေနဲ့ ပထမဆုံးအလုပ်ဝင်တဲ့နေ့မှာပဲ လူတွေအာရုံစိုက်တာခံချင်တဲ့လူတစ်စုက စပိန်ဘဏ်ဓားပြတိုက်တဲ့ စီးရီးထဲကလို ဝတ်စုံတွေ မျက်နှာဖုံးတွေနဲ့ရောက်ချလာပြီး ကျောင်းသားတွေကို ဓားစာခံအနေနဲ့ ဖမ်းဆီးထားပါတော့တယ်။ဒီမှာပဲ ဆရာဂိုပီတစ်ယောက် Money Heistစီးရီးထဲကလို ဝတ်စုံနဲ့လူတွေကို ဘယ်လိုရင်ဆိုင်ပြီး ကျောင်းသားတွေကို ကယ်တင်လိုက်နိုင်မလားဆိုတာ အလွဲလွဲအချော်ချော်‌တွေနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Moon~V~Dee~Yunni တို့ပဲဖြစ်ပါတယ်။) File size…1.3GB / 600MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 30m Subtitle….Myanamar Subtitle (Hard Sub) Encoder….YK Translated by Moon~V~Dee~Yunni 
movie

One Cut Two Cut (2022)

2023
Bloodstone: Subspecies II (1993) 5.9
Bloodstone: Subspecies II (1993)  ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ Subspecies 2: Blood Stone ကားလေးပါ။ပထမကားမှာ မီရှယ်တို့ သူငယ်ချင်း ၃ယောက် သုတေသနလုပ်ရင်း ၂ယောက်ကသေ၊ မီရှယ်က သွေးစုပ်ဖုတ်က‌ကောင်ဖြစ်သွားတဲ့နေရာမှာ ဆုံးသွားခဲ့တာပါ။ ဒီကားထဲမှာတော့ ရာဒူးက မီရှယ် နဲ့ သူ့ရဲ့ချစ်သူ စတတ်ဖန် တို့ အိပ်နေတဲ့အချိန် စတတ်ဖန်ကို သတ်ပြီး သွေးကျောက်တုံး ခိုးမဲ့နေရာကနေ ပြန်စထားပါတယ်။စတတ်ဖန် နဲ့ မီရှယ့် ကို ရာဒူးက သတ်ပြီး သွေးကျောက်တုံးကို ခိုးဖို့ကြံစည်ထားပေမဲ့ စတတ်ဖန်ကို သတ်ပြီး မီရှယ့်ကို သတ်မဲ့အချိန်ကျမှ နေထွက်လာတာကြောင့် မခိုးလိုက်နိုင်ခဲ့ပါဘူး။ အဲဒါနဲ့ မီရှယ်လည်း သွေးကျောက်တုံး ခိုးပြီး ထွက်ပြေးသွားပါတယ်။ အဲဒီသွေးကျောက်တုံးရော မီရှယ့်ကို ပါ လိုချင်နေတဲ့ ရာဒူးကတော့ မရမကလိုက်ရှာရင်း ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကတော့ ဆက်လက်ရှုစားအားပေးလိုက်ကြပါဦးလို့........ File size…(1.8 GB)/(930 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre...Horror, ...
movie

Bloodstone: Subspecies II (1993)

Punit na Langit (2023)
Punit na Langit (2023) Punit na Langit (2023)ကလော်ဒီယာဟာ နယ်မြို့လေးတစ်ခုမှာ စကားမပြောတတ်တဲ့အစ်မဝမ်းကွဲနဲ့အတူ နေထိုင်ပါတယ်။ မနီလာမှာတက္ကသိုလ်ဝင်ခွင့်ရလိုက်တာဟာ သူတို့ဘဝတွေကို ဒီလိုဆင်းရဲတွင်းကလွတ်မြောက်ဖို့လမ်းစတစ်ခုပဲဆိုပြီးတော့ ညီအစ်မနှစ်ယောက်လုံးဝမ်းသာနေတဲ့အချိန်ပါပဲ။ အဲဒီအချိန်မှာ သူတို့မြို့ကို နယ်လှည့်ပွဲဈေးတစ်ခုရောက်လာခဲ့ပါတယ်။ငွေသိပ်မရှိပေမဲ့ ပွဲဈေးမလည်ရတာကြာပြီဆိုတော့ သူတို့နှစ်ယောက်ထွက်လာခဲ့ရင်း ဒီယေးဂိုးဆိုတဲ့လူငယ်လေးနဲ့တွေ့ခဲ့ရပါတယ်။ ဒီယေးဂိုးက ပွဲဈေးမန်နေဂျာရဲ့အမျိုးဖြစ်ပြီး ငွေမတတ်နိုင်တဲ့သူတို့နှစ်ယောက်ကို ချားရဟတ်အလကားပေးစီးရာက သူ့အစ်မဖြစ်သူဒိုဆာနဲ့ ချစ်ကျွမ်းဝင်သွားခဲ့ပါတယ်။နောက်ထပ်တွေ့ခဲ့ရတဲ့သူကတော့ ပွဲဈေးမန်နေဂျာဖြစ်တဲ့ ရာဖေးလ် ဆိုသူပါ။ အဲဒီလူက ကလော်ဒီယာကို ပွဲဈေးမှာအလုပ်လုပ်ဖို့ လက်ဆောင်တွေအသွယ်သွယ်နဲ့ ချဉ်းကပ်လာခဲ့ပြီး ကလော်ဒီယာယုံမှတ်လို့ပုံအပ်မိချိန်မှာ တကယ်တမ်း သူ့ဘဝကိုငရဲတွင်းထဲပို့မယ့်သူတစ်ယောက်ဆိုတာ အသိနောက်ကျသွားခဲ့တဲ့နောက်မှာတော့...ကလော်ဒီယာတို့ ဒီငရဲတွင်းကနေ လွတ်မြောက်နိုင်ပါ့မလား... ကူကယ်ရာမဲ့ သူတို့အတွက်ကယ်တင်ရှင်က ဘယ်သူဖြစ်လာမလဲ...Tiffany Grey နဲ့ Apple Dy တို့ကြမ်းကြမ်းရမ်းရမ်းခေါင်းဆောင်ပါဝင်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.97GB, 890MB Quality - 1080p, 720p Format - mp4 Duration - 1H 47Min Genre - ...
movie

Punit na Langit (2023)

2023

Genres

Archives