Channel Myanmar

Content at random


Movies

White Noise 2: The Light (2007) 5.7
White Noise 2: The Light (2007) အမေရိကန်နိုင်ငံမှာ နေ့စဉ်လူတစ်သောင်းနီးပါးဟာအကြောင်းအမျိုးမျိုးနဲ့သေဆုံးလျက်ရှိပြီး သေဆုံးမှုအများစုဟာ မြို့ပြဝန်းကျင်မှာဖြစ်ပါတယ်။လူတစ်ဦးကိုသေဆုံးပြီလိုအတည်ပြုအပြီး သတိပြန်မလည်လာခင်အချိန်မှာ မျက်စိကွယ်လုနီးပါးတောက်ပတဲ့အဖြူရောင်အလင်းတန်းကိုတွေ့မြင်ရတဲ့အတွေ့အကြုံကိုသေလုနီးပါးအတွေ့အကြုံ(NDE)လို့ခေါ်ဆိုပြီး ပျှမ်းမျှအနေနဲ့ အမေရိကန်မှာ သေလုနီးပါးအတွေ့အကြုံ (NDE) ကိုကြုံဆုံရသူ တစ်နေ့ကို ၇၇၄ ဦးဝန်းကျင်ရှိတယ်လို့သိရပါတယ်။ဒီမှာဆိုရင်သေရွာပြန်လို့ခေါ်တဲ့လူမျိုးဖြစ်ပါလိမ့်မယ်။Abe ဟာ သူ့ဇနီး၊သားတို့နဲ့အတူ မနက်စာထွက်စားနေတဲ့အချိန်မှာ လူတစ်ယောက်က သူ့ဇနီးနဲ့သားကို သေနတ်နဲ့အသေအချာချိန်ရွယ်ပစ်ခတ်ခဲ့ပြီး သူ့ကိုတောင်းပန်ကာ သူ့ကိုယ်သူလည်းသေနတ်နဲ့ပစ်သတ်သွားခဲ့ပါတယ်။ ဝေခွဲမရတဲ့စိတ် ယူကျုံးမရစိတ်တွေနဲ့ ဖြေမဆည်နိုင်တဲ့ Abe ဟာဆေးအလွန်အကျွံသောက်ပြီး သူ့ကိုယ်သူသတ်သေဖို့ကြိုးစားခဲ့ပေမယ့် သူ့သူငယ်ချင်းက အချိန်မှီသိရှိကယ်တင်နိုင်ခဲ့ပြီး သတိပြန်လည်မလာခင်အချိန်မှာ NDE အတွေ့အကြုံကိုရရှိခဲ့တဲ့နောက် Abe ဟာသေဆုံးတော့မယ့်လူတွေကိုသူတို့ဘေးမှာဖြာထွက်နေတဲ့အဖြူရောင်အလင်းတန်းတွေကတစ်ဆင့်ကြိုမြင်နိုင်စွမ်းရှိလာခဲ့ပါတယ်။ဒီလိုနဲ့ အဲ့ဒီအစွမ်းကိုအသုံးချပြီးသေဘေးဆိုက်တော့မယ့်လူတွေကို ကယ်တင်နိုင်ခဲ့ပေမယ့် သူဟာကြီးမားတဲ့အမှားတွေတစ်ခုပြီးတစ်ခုကျူးလွန်နေခဲ့တာတွေကိုသိရှိလာရပြီးတဲ့နောက် သူ့ဇနီးနဲ့သားကိုပစ်သတ်သွားတဲ့သူဘာကြောင့် အဲ့ဒီလိုလုပ်ခဲ့ရတယ်ဆိုတဲ့အဖြေကိုပါ နားလည်လာတဲ့အခါမှာတော့..။မူရင်းဇာတ်ကားကို မှီရုံတင်မက မူရင်းထက်ပါ ပိုသာတဲ့ ရှားရှားပါးပါး Sequel တွေထဲက တစ်ခုဖြစ်ပါတယ်။မူရင်းဇာတ်ကားနဲ့ ချိတ်ဆက်မထားတဲ့ Stand alone sequel တစ်ခုလည်းဖြစ်တဲ့အတွက် Horror ပရိသတ်တွေလက်လွတ်မခံသင့်တဲ့ကားကောင်းတစ်ကားပါ။File size…(1.6 GB)/(811 MB) Quality….Webrip 1080p / ...
movie

White Noise 2: The Light (2007)

(18+) Yool and Seul (2021)
(18+) Yool and Seul (2021) Yool and Seul 2020အခုဇာတ်လေးကတော့ ငြိမ့်ငြိမ့်လေးနဲ့အဆုံးသတ်မှာ တစ်ခုခုစိတ်ထဲကျန်မယ့် အများနဲ့မတူတဲ့ 18နှစ်အထက် ဇာတ်လမ်းကောင်းလေး တစ်ပုဒ်လို့ပြောလို့ရပါတယ်ညိုကီတို့ကြည့်ပြီးတာနဲ့ အဆုံးသတ်မှာ တစ်ခုခု ပညာရသွားစေရမယ်လို့အာမခံပါတယ် ဇာတ်လမ်းကတော့ သတ်သေချင်လောက်အောင်စိတ်ဓါတ်တွေ ကျနေတဲ့ ကောင်မလေး ၂ယောက် ဆုံတွေ့တဲ့အခါ အတိတ်အကြောင်းတွေ အပြန်အလှန်မျှဝေရင်း ဘာတွေဖြစ်ခဲ့ကြတယ် ဆိုတာကို ပွင့်လင်းမြင်သာစွာတင်ဆက်ထားတာပါဒီကောင်မလေး ၂ယောက် ဘယ်လိုတွေ ကြုံတွေ့ခဲ့ရတယ်ဆိုတာ ပညာလည်းယူရင်း အလှအပတွေလည်းခံစားလို့ရမယ့် ဇာတ်ကားကောင်းလေး တစ်ကားဆိုမမှားပါဘူး တစ်ချို့ပြကွက်တွေ တော်တော်မိုက်လို့ အပိုမပြောတော့ပဲ ကြည့်ရင်းပဲ ခံစားလိုက်ပါလို့ ညွှန်းလိုက်ပါတယ် File size…620MB Quality…720p Format…mp4 Duration….1h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by FOX
movie

(18+) Yool and Seul (2021)

Semret (2022)
Semret (2022) ဇာတ်လမ်းအကျဉ်း ဆမ်မရစ်ဆိုတာကတော့ ဆယ်ကျော်သက်အရွယ်သမီးဖြစ်သူအတွက် ဘာမဆိုလုပ်မယ်ဆိုတဲ့ အဲရစ်ထရီယာလူမျိုး Single Mom တစ်ယောက်ပဲဖြစ်တယ်။ အခုကတော့ Zurich မှာရှိတဲ့ ဆေးရုံတစ်ရုံမှာ အလုပ်လုပ်နေရင်း သားဖွားတစ်ယောက်ဖြစ်ချင်နေတဲ့ သူပေါ့။ သမီးရဲ့နာမည်က ဂျူလီ။ အဖေဖြစ်သူက သဘာဝဘေးရှောင်ရင်း ရေနစ်သေဆုံးသွားတယ်လို့ ပြောထားခဲ့ပေမဲ့ သမီးဖြစ်တဲ့ ဂျူလီက ယုံကြည်မယ်လို့ ထင်ပါသလား။ သမီးဖြစ်သူကို အပေါင်းအသင်းတွေတောင်မထားခိုင်းဘဲ ချုပ်ချုယ်ချစ်နဲ့ ချစ်နေတဲ့ အချစ်မျိုးရဲ့နောက်ကွယ်မှာ ဘာအကြောင်းပြချက်တွေရှိမလဲ။ ဒါပေမဲ့ တစ်ရက် ဆမ်မရစ်က ဆေးရုံမှာ မှားယွင်းစွပ်စွဲခံခဲ့ရတယ်။ အဲမှာ သူချစ်ရတဲ့အရာအားလုံးကို ကာကွယ်ဖို့အတွက် သူ့အနေနဲ့ သူ့အခွင့်အရေးအတွက် တိုက်ခိုက်ရမယ်ဆိုတာကို သူသဘောပေါက်သွားခဲ့တယ်။ အဲဒါတွေနဲ့အတူ သူ့ရဲ့အတိတ်ကြောင်းကရော ဘာဖြစ်မလဲ။File size…(1.1 GB)/(612 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Moshimoshi
movie

Semret (2022)

[18+] Love at the End of the World (2015) 6.9
[18+] Love at the End of the World (2015) [18+] Love at the end of the world (2015)IMDb- 6.9/10MyDramaList- 6.8/10မိုးရာသီလေးမှာ အလောင်တစ်လိုင်းကြည့်သင့်တဲ့မိသားစုကားကောင်းလေးတစ်ကားကို ညွှန်းချင်ပါတယ် ပျော်ရွှင်မှုဆိုတာမရှိတဲ့မိသားစုလေးမှာ ဂျာယောင်းဆိုတဲ့အမျိုးသမီးက ကျောင်းမှာရာထူးမတိုးတဲ့အပြင် ခင်ပွန်းဖြစ်သူအရက်သမားရဲ့ နှိပ်စက်တာကိုကြိတ်မှိတ်ခံနေရပါတယ်။ တစ်နေ့မှာတော့ ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီး သမီးဖြစ်သူ ယူဂျင်းကိုဆက်လက်ပြုစုပျိုးထောင်လာခဲ့ပါတယ်။ ဒီလိုနဲ့ သာယာနေတဲ့သားအမိနှစ်ယောက်ကြားထဲကို ဝင်လာတာကတော့ တစ်ကောင်ကြွက်ဆီဆိုင်ပိုင်ရှင်ဒုံဟာပါ။ ဒီလိုမျိုးအမေနဲ့ သမီးကြားမှာ ဒုံဟာတစ်ယောက် ဘယ်လိုမျိုး ဗျာများမလဲဆိုတာတော့ ဒီဇာတ်ကားလေးကိုဆုံးအောင်ကြည့်ရှုပေးဖို့ တိုက်တွန်းချင်ပါတယ်။ မြင်တွေ့ဖူးနေကျ မင်းသား မင်းသမီးတွေပါဝင်သရုပ်ဆောင်ထားပြီး ယူဂျင်းလေးကလည်း ချစ်စရာကောင်းတာ‌တော့ အမှန်ပါပဲ။(၁၈+ ဆိုပေမယ့် ဒီဇာတ်ကားလေးရဲ့ပေးချင်တဲ့ message တွေအများကြီးပါတဲ့အတွက် တစ်ခန်းချင်းစီကို သေချာကြည့်ပေးပါလို့ တိုက်တွန်းချင်ပါတယ် ငိငိ)အညွှန်းနဲ့ ဘာသာပြန်ကတော့ Mr.Kaung ပဲဖြစ်ပါတယ်Genre..... Romance Quality…. 1080p | 720p File size… 1.1GB | 529MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Kaung Encoder ..... Aaron
movie

[18+] Love at the End of the World (2015)

2015
Camp (2013) 6.7
Camp (2013) မိဘမဲ့ကလေးတွေ စွန့်ပစ်ခံရတဲ့ကလေးတွေ မိဘတွေကပြစ်မှုကျူးလွန်လို့ ထောင်ကျပြီး ဂရုစိုက်မပေးနိုင်တဲ့ကလေးတွေကိုစုပြီး တစ်ပတ်လောက် ပျော်စရာတွေ အားကစားပြိုင်ပွဲတွေနဲ့အပန်းဖြေကြတဲ့ နွေရာသီစခန်းလေး တစ်ခုအကြောင်းပါ။အီလိုင့်အမေက ဆေးစွဲနေပြီး အပျော်အပါးတွေရည်းစားကိစ္စတွေနဲ့ပဲ အလုပ်ရှုပ်နေပါတယ်။အီလိုင့်ကို သူ့အခန်းထဲမှာပဲ ပိတ်ထားပြီး နှိပ်စက်တတ်ပါတယ်။သူ့အဖေကလည်း လူတွေကို လက်ပါတတ်ပြီးရိုက်တတ်သူတစ်ယောက်ပါ။ဒီလိုနဲ့ အီလိုင့်ကို လူမှုလုပ်သားတွေက ထိန်းသိမ်းထားလိုက်ပြီးနွေရာသီစခန်းလေးဆီ ရောက်လာပါတော့တယ်။ခန်မက်သရူးကတော့ ငွေကြေးအကြံပေးတစ်ယောက်ပါ။သူ့ဖောက်သည် ဖြစ်လာနိုင်တဲ့ မာဂရက် ဆန်းမားဖီးလ်အထင်ကြီးအောင်လုပ်ဖို့ နွေရာသီစခန်းမှာလုပ်အားပေးတယ်လို့ ညာလိုက်ပါတယ်။ဒီလိုနဲ့ စိတ်မပါဘဲ Ken တစ်ယောက်နွေရာသီစခန်းကို ရောက်လာပါတော့တယ်။မိဘတွေဆီက ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့် လောကကြီးကိုဘက်တိုက်နေတဲ့ ဂျစ်ကန်ကန်ကောင်လေး အီလိုင်နဲ့ စိတ်မပါဘဲစခန်းမှာ လုပ်အားလာပေးတဲ့ ခန်တို့ နွေရာသီစခန်းလေးမှာဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ စောင့်ကြည့်လိုက်ကြပါဦးနော်ဘာသာပြန်နဲ့ အညွှန်းရေးသားသူကတော့ Phu Myat Thwe ပါ File size…  2.1 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h ...
movie

Camp (2013)

2013
The Graduate (1967) 8.0
The Graduate (1967) "မစ္စရော်ဘင်ဆင် ခင်ဗျားကျွန်တော့်ကိုဖြားယောင်းဖို့ကြိုးစားနေတာပဲ"အသက် ၂၀အရွယ် လူငယ်ကလေးတစ်ယောက်ရဲ့နှုတ်က ထွက်လာသောစကားသံများ။လိုက်ဖက်ညီစွာ ကင်မရာAngleက ထိုအမျိုးသမီးကြီးရဲ့ပေါင်တံအောက်မှာ။"ငါ့ယောကျ်ားပြန်လာဖို့က နာရီနဲ့ချီကြာဦးမှာ။ ပြန်မလာခင်ထိငါ့ကိုဝိုင်းစောင့်ပေးပါဦး ""ကျွန်တော် ပိုက်ဆံအိတ်ကိုအဝနားမှာပဲချခဲ့မယ်နော်""ဘန်ဂျမင် ကြောင်တောင်တောင်တွေလုပ်မနေတော့ဘဲ အခန်းထဲကိုလာပေးလိုက်တော့""လာမပေးတာကောင်းလိမ့်မယ်ဗျာ"အီလိန်းအခန်းထဲတင်ပဲ လာခဲ့" ခြိမ်းခနဲ တံခါးပိတ်သံနဲ့အတူ မြင်ကွင်းရှေ့ပေါ်ထွက်လာတဲ့အမျိုးသမီးရဲ့ မိမွေးတိုင်း ဖမွေးတိုင်း အဝတ်ဗလာကိုယ်ခန္ဓာ။မနေ့တစ်နေ့မှကောလိပ်ကပြန်ရောက်လာတဲ့ ငတိတစ်ယောက်ထိုအမျိုးသမီးကြီးရဲ့ကျားကွက် စားကွက်အောက်အလွတ်မရုန်းနိုင်ခဲ့ပြန်။ကာမတဏှာရဲ့နှိုးဆော်မှုနဲ့အတူ လူငယ်လေးကိုပါ မိုက်ပြစ်ကျူးလွန်စေမဲ့အပြစ်သားအဖြစ်အတူဆွဲခေါ်ခဲ့တယ်။သူမ ကဘယ်သူလဲ... သူ(မ) တိုက်ကြီး ကားကြီး ဇိမ်ခံအသုံးအဆောင်တွေနဲ့လိုချင်တာရနိုင်တဲ့ ငွေကြေးပြည့်စုံတဲ့ ဘဝ။သူ(မ)ဘယ်တော့မှ မတင်းတိမ်နိုင်ဘူး။သူ(မ) ငတ်မွတ်နေတယ်။ဆာလောင်နေတယ် ။တကယ်တည်းက သူ(မ) အထီးကျန်နေတယ်။မထင်မှတ်ဘဲ ရရှိခဲ့တဲ့ကိုယ်ဝန်ကြောင့် အိမ်ထောင်ကျခဲ့တယ်။အိမ်ထောင်ရေးက ပြဿနာလည်းမရှိ။ဒုက္ခလည်းမရှိခဲ့။တစ်ဖန်သုခလည်း မရှိပြန်။သမီးကျောင်းတက် ယောကျ်ားအလုပ်သွား။မစ္စရော်ဘင်ဆင် အိမ်မှာတစ်ယောက်ပဲကျန်ခဲ့တယ်။ဒီလမ်းကိုရွေးဖို့မစတင်ခဲ့ပေမဲ့ မစ္စရော်ဘင်ဆင်ရဲ့ဇာတ်လမ်းက ဒီမှာစတင်ခဲ့တယ်။Dee Dee Dee...Mrs.Robinson အပြစ်ကျူးလွန်နေတဲ့ မစ္စရော်ဘင်ဆင်ငရဲမှာမခံစားချင်ရင်တော့ ဘုရားမှာဆုတောင်းပါတော့။ကိုယ့်ကိုကိုယ်ကူကယ်နိုင်မဲ့နိုင်ဖို့ ကူညီပေးချင်တယ်။ဒီမှာထပ်မံထည့်သွင်းရေးသွားချင်တာက ရုပ်ရှင်တစ်လျှောက်ထည့်သွင်းထားတဲ့Simon & Garfunkel ရဲ့သီချင်းများနဲ့တေးဂီတgenre အမျိုးအစားရဲ့ အကြောင်းပါ။အိမ်ကိုပြန်လာပေမဲ့ နွေးထွေးမှုမရှိဘူး။အိမ်ဟုတ်မနေဘူး။နွေးထွေးမှုရဖို့ သူ(မ) အခြားနည်းနဲ့ရှာတယ်။ဒါပေမဲ့ တစ်ခါပြီးဆုံးသွားတိုင်း အဲ့အရာကိုလုံလောက်အောင်မခံစားရပြန်ဘူး။ဒီလိုနဲ့ ...
movie

The Graduate (1967)

1967
Almost Che (2012) 6
Almost Che (2012) Almost Che (2012)ဒီ Almost Che ဆိုတဲ့ ကားလေးကတော့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံမှာလည်း လက်ရှိဖြစ်ပျက်နေတဲ့နိုင်ငံရေးအကြောင်းနဲ့ ဆင်တူပါတယ်။ဒီကားလေးမှာက ကိုးရီးယားကစစ်အာဏာသိမ်းအစိုးရကို အမေရိကန်တွေ ထောက်ပံ့ပေးမှုနဲ့ပတ်သတ်ပြီး ဆန္ဒပြကြတာကို အခြေခံရိုက်ကူးထားတာပါ။ဂန်ဒယ်အို ဆိုတဲ့ဇာတ်လိုက်ဟာ တရုတ်စားသောက်ဆိုင်မှာအလုပ်လုပ်ရင်း ပဲခေါက်ဆွဲလိုက်ပို့တဲ့သူပါ။ တစ်နေ့မှာတော့ သူဟာ ပဲခေါက်ဆွဲလိုက်ပို့ရင်းနဲ့ ဆောယယ်ရင်း ဆိုတဲ့ကောလိပ်ကျောင်းသူကိုချစ်မိသွားတဲ့အတွက် နီးစပ်ဖို့ကြိုးစားရင်း တော်လှန်ပုန်ကန်မှုထဲကို ဘုမသိဘမသိပါဝင်သွားခဲ့ပါတယ်။အဲ့နောက်မှာတော့ ဆောယယ်ရင်းကိုကာကွယ်ပေးချင်တဲ့စိတ်နဲ့ပဲ တလွဲလုပ်ရင်း ဘယ်လိုတွေဆက်ဖြစ်မလဲ၊ ကောင်မလေးရဲ့အချစ်ကိုလည်း ရအောင် ကြိုးစားနိုင်မလားဆိုတာ..လက်ရှိအခြေအနေကိုလည်း ထင်ဟပ်ရင်း ရယ်ရွှင်စရာ ဇာတ်နှောလေးနဲ့ အတူတူကြည့်ရှုလိုက်ကြရအောင်နော်...အညွှန်း နဲ့ ဘာသာပြန်ကတော့ Myo Myo Htet ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File size… 1.9GB | 954MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Myo Myo Htet Encoder ...
movie

Almost Che (2012)

2012
Dukun (2018) 6.6
Dukun (2018) Dukun (2018)2018 ခုနှစ်မှာ မလေးရှားဆိုရှယ်မီဒီယာမှာ ဗီဒီယိုတစ်ခုပျံ့နှံ့လာခဲ့ပါတယ်။ မလေးရှားရိုးရာဝတ်စုံအနီဝမ်းဆက်နဲ့အမျိုးသမီးတစ်ဦး ညအချိန်တွေလမ်းပေါ်မှာတွေ့တွေ့နေရတာပါ။ ဒါဟာသရဲလား လူတွေဖန်တီးထားတဲ့ဗီဒီယိုပဲလား အငြင်းပွားမှုတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တော့ ဒီဝတ်စုံနီနဲ့အမျိုးသမီးက Dukun ရုပ်ရှင်ကားအတွက် မားကတ်တင်းနည်းလမ်းတစ်ခုပါ။ တကယ်တမ်းတော့ Dukun ကအဲ့လိုကြေငြာစရာမလိုလောက်အောင် ရုံပြည့်ရုံလျှံမယ့်ကားပါပဲ။ ဘာလို့လဲဆိုရင် Dukun ကို ၂၀၀၇ ခုနှစ်မှာရိုက်ကူးခဲ့ပြီး ဆယ်စုနှစ်တစ်ခုကြာအပြီး ၂၀၁၈ မှပြသခွင့်ရခဲ့တာပါ။ ပြသခွင့်ရတာကလဲ ဇာတ်လမ်းက အင်တာနက်ပေါ်မှာ leaked ဖြစ်လာတဲ့အတွက် မထူးတော့ဘူးဆိုပြီး ပြသခွင့်ပေးလိုက်တာပါ။ ပိတ်ပင်ခံရတဲ့အကြောင်းအရင်းကတော့ မလေးရှားမှာအရက်စက်ဆုံးလူသတ်သမားဖြစ်တဲ့ အဆိုတော်မိုနာဖန်ဒီအကြောင်းကို မှီငြိမ်းရိုက်ကူးထားတဲ့ရုပ်ရှင်ဖြစ်နေတာကြောင့်ပါပဲ။ဒီရုပ်ရှင်အစမှာ ဤရုပ်ရှင်က မည်သည့်လူ မည်သည့်အကြောင်းအရာပေါ်မှာမှ မှီငြမ်းထားခြင်းမရှိကြောင်းပြောထားပေမယ့် အဲ့ဒါကအလိမ်အညာလို့ပဲပြောချင်ပါတယ်။ ဒီဇာတ်လမ်းဟာ မိုနာဖန်ဒီအပေါ်မှီငြမ်းထားတယ်ဆိုတာဖော်ပြနေတဲ့ အချက်အလက်တွေကသိသာလွန်းပါတယ်။ မိုနာဖန်ဒီကတော့ မလေးရှားပေါ့ပ်အဆိုတော်တစ်ဦးဖြစ်ပြီး အောင်မြင်မှုတော့မရခဲ့ပါဘူး။ အဲ့နောက်ပိုင်းမှာတော့ သူကပယောဂဆရာမအဖြစ်လမ်းကြောင်းပြောင်းသွားပါတယ်။ သူနဲ့သူ့ခင်ပွန်းက နာမည်ကြီးနိုင်ငံရေးသမားတွေစီးပွားရေးသမားတွေအတွက် အစီအရင်မန္တန်တွေလုပ်ပေးပြီး နေ့ချင်းညချင်းလဲချမ်းသာသွားပါတယ်။ တစ်နေ့တော့ မိုနာရယ်သူ့ယောကျ်ားရယ် သူတို့လက်ထောက်ရယ်က နိုင်ငံရေးသမားတစ်ယောက်ကိုအစီအရင်လုပ်ပေးရင်း သတ်လိုက်ပါတယ်။ ဒီနိုင်ငံရေးသမားကို ၁၈ ပိုင်းခုတ်ပိုင်းပြီး မြှပ်ခဲ့ကြပါတယ်။ မတွေ့တဲ့အစိတ်အပိုင်းတွေလဲရှိပြီး အဲ့ဒါတွေကို မိုနာတို့က စားခဲ့ကြတယ်ဆိုတဲ့သတင်းတွေလဲထွက်ခဲ့ပါတယ်။ မိုနာဖန်ဒီကတော့ အမှုစစ်ခံရချိန်တစ်လျှောက်လုံးလဲ ကျောချမ်းလောက်အောင်ပြုံးနေခဲ့ပြီး ၂၀၀၁ ခုနှစ်မှာကြိုးပေးခံရခါနီးမှာလဲ နောက်ဆုံးစကားအဖြစ် "ငါဘယ်တော့မှမသေဘူး" လို့ပြောသွားပါသေးတယ်။ ဒီဇာတ်လမ်းမှာတော့ ပယောဂဆရာမတစ်ဦးက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ကိုသတ်ခဲ့တာပါ။ တကယ့်ဖြစ်ရပ်မှန်မှာ ဘယ်လိုမှမသိနိုင်အဖြေမရှာနိုင်တော့တဲ့အကြောင်းအရာတွေကို ဖန်တီးဖြည့်စွက်ပြီး ...
movie

Dukun (2018)

2018
Hosa Dinachari (2022) 8.5
Hosa Dinachari (2022) Hosa Dinachari (2022)IMDb-8.5/10 မိသားစုနဲ့အတူကြည့်ရင် မိသားစုကြားမှာ နားလည်မှုတွေ ပိုမိုပေါက်ဖွား‌လာစေမယ့်ဇာတ်လမ်းလေး "Hosa Dinachari" ကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။အချစ်တွေ ဂရုစိုက်မှုတွေကြားကမှ ကိုယ်နားမလည်နိုင်တဲ့အခြေအနေမျိုးနဲ့ ကြုံရတဲ့အခါမျိုးမှာ အချစ်ကို လက်လွှတ်မိသွားတတ်သလိုမျိုး ဖြစ်တတ်ပါတယ်။ဒီလိုအခြေအနေမျိုးမှာ နားလည်မှုတွေနဲ့ ရှေ့ဆက်သွားမယ်ဆိုရင်တော့ ချစ်သူတွေကြား အိမ်ထောင်ရှင်တွေကြား မိသားစုတွေကြားမှာ အားဆေးလေးဖြစ်စေပြီး ခံစားချက်တွေကို ခိုင်မာစေမှာပါ။ ဒီလိုဆက်ဆံရေးမျိုးလေးဖြစ်လာအောင် Hosa Dinachari က မိသားစုသုံးစုရဲ့ အတွေ့အကြုံလေးတွေကို ကြည့်ရှုခံစားလိုက်ရအောင်ပါ....(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ Dee ~ V ~ BpL ~ Zwe ~ Cherry တို့ပဲဖြစ်ပါတယ်) File size…1.4GB/ 612MB Quality…1080p WEB DL /720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Dee ~ V ~ BpL ~ Zwe ~ Cherry
movie

Hosa Dinachari (2022)

2023
[18+]Family Virgin 2 (2020)
[18+]Family Virgin 2 (2020) Family Virgin 2 (2020)********************* သားအဖရှိတယ်ဗျာ အဖေအရင်းတော့မဟုတ်ဘူးသားက သူ့မိန်းမနဲ့ သူ့ခယ်မနဲ့ အတူတူနေတာ သူ့မိန်းမက သူ့ယောကျ်ားရဲ့စွမ်းဆောင်ရည်ကိုသဘောမကျဘဲ အဖေဖြစ်သူနဲ့ လုပ်နေတာ အဖေကတော့ ဆရာကြီးပေါ့နော် 😆အဲမှာ မိန်းမလုပ်တဲ့သူက သူ့ညီမက အထီးကျန်နေလို့ဆိုပြီး dating app လိုမျိုး random chatting ဆိုတဲ့ app ကို ပြောပြလိုက်တာ အမှန်က အဟွာအကြောင်းပြောချင်တဲ့သူတွေ သုံးကြတဲ့ဟာပေါ့ အဲကနေ သူ့ယောကျ်ားနဲ့ သူ့ညီမတွေ့ပြီးဖြစ်ကြတာ လူချင်းမတွေ့ခင်တုန်းက ခယ်မနဲ့ ခဲအိုမှန်းမသိဘူး လူချင်းတွေ့လည်း သူစိမ်းထက်စာရင်ကောင်းတာပေါ့ဆိုပြီး ဂျိမ်းတာတနေ့ကျ မိန်းမလုပ်သူက သူ့ညီမနဲ့ သူ့ယောကျ်ားနဲ့ ဖြစ်နေတာကိုသိသွားတော့ ယောက္ခထီးကြီးကိုခေါ်ပြီးတိုင်ပင်တာ အဲခါကျမှ ယောက္ခထီးကြီးက သူ့သားက သူ့ထက်ကျော်သွားလို့မဖြစ်ဘူးဆိုပြီး သားရော ချွေးမရောအလုပ်သွားကြတဲ့အချိန် အိမ်မှာရှိနေတဲ့ကျောင်းသူဖြစ်တဲ့ ခယ်မလေးကိုပါ သွားဂျိမ်းတာ အဲကနေ ညီအစ်မတွေနဲ့ဟွာဖူးချင်လို့ဆိုပြီး သူ့ချွေးမကိုခေါ်ပြောပြတော့ ညီအစ်မတွေက ရူးနေလားဆိုပြီး အိမ်ပြန် ယောကျ်ားဖြစ်သူနဲ့တွေ့ အားလုံးပြောပြ အရက်တွေသောက်ပြီး threesome တွေဖြစ် အဲကနေ ခယ်မလုပ်တဲ့သူကရှည်ပြီး အဖေကိုပါဖုန်းဆက်ခေါ်ပြီး နှစ်တွဲ ဖြစ်ချင်သလိုဖြစ်ကြတာ...File size… 2GB& 713MB Quality… WEB-DL1080p,720p Format…mp4 Duration….1h 36min Genre ...
movie

[18+]Family Virgin 2 (2020)

The Innkeepers (2011) 5.5
The Innkeepers (2011)  ဒီဇာတ်လမ်းလေးရဲ့ အကျဥ်းချုပ်ကတော့ ပိတ်သိမ်းခါနီးဟိုတယ်တစ်ခုမှာ နောက်ဆုံးတစ်ပတ်တာဝန်ကျနေတဲ့ ဝန်ထမ်းနှစ်ယောက်ရဲ့အဖြစ်အပျက်လေးပေါ့။ ကလဲနဲ့ လုခ်ဆိုပြီးရှိတယ်။ နှစ်ယောက်စလုံးက ပရလောကနဲ့ပက်သက်ပြီးတော့ဝါသနာလည်းထုံတယ် websiteဖန်တီးပြီးတော့ ငွေရှာချင်တဲ့သဘောလည်းပါတာပေါ့ ဒီလိုနဲ့ မဆက်သွယ်သင့်တဲ့အရာတွေကိုဆက်သွယ်မိတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့...။ jump scareနည်းနည်းပါတယ် အရမ်းကြောက်စရာကောင်းတဲ့သရဲကားမျိုးတော့မဟုတ်ဘူး။ တစ်ကားလုံးမှာ လုခ်ရဲ့ attitudeက entertainingဖြစ်တယ် နောက်ပိုင်းမှာ သွေးထွက်သံယိုပုံတွေပါလို့ 1 hrကျော်ရင်အစားစားရင်းကြည့်ဖို့မသင့်တော်ပါဘူး ဇာတ်လမ်းကိုအပြည့်သိချင်ရင်တော့ ကြည့်ရတာအားရမှာမဟုတ်ဘူး ကိုယ်တိုင်ဇာတ်လမ်းကိုတွေးယူရတဲ့ cliffhanger typeရုပ်ရှင်ပါFile size…(1.3 GB)/(621 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra
movie

The Innkeepers (2011)

Die Tomorrow (2017) 7.1
Die Tomorrow (2017) Die Tomorrow (2017)အကယ်၍များ မနက်ဖြန်မှာ သေဆုံးရမယ်ဆိုရင် နောက်ဆုံးအနေနဲ့ အလုပ်ချင်ဆုံးအရာက ဘာများဖြစ်မလဲ။လူတိုင်းဆီမှာ မသေခင် လုပ်သွားချင်တဲ့ အရာလေးတစ်ခုတော့ ရှိစမြဲပါပဲ။ မွေးဖွားပြီးရင် သေဆုံးရမယ်ဆိုတာကို လက်သင့်ခံနိုင်ကြပြီးသား လူသားတွေက သေဖို့ကို မကြောက်ကြပါဘဲ မသေခင် လုပ်သွားချင်တဲ့ အရာလေးတွေ မပြီးမြောက်သွားမှာကိုသာ စိုးရိမ်တတ်ကြတာပါ။ ဒီအကြောင်းအရာတွေကပဲ Indie ဇာတ်လမ်းတွေရဲ့ ဆရာတစ်ဆူဖြစ်တဲ့ ထိုင်းနာမည်ကြီး ဒါရိုက်တာ၊ Heart Attack, Mary Is Happy , Mary Is Happy နဲ့ Happy Old Year စတဲ့ နာမည်ကြီး ဇာတ်လမ်းတွေရဲ့ ပဲ့ကိုင်ရှင် Nawaphon Thamrongrattanarit အတွက် ဖန်တီးချင်စရာ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်လာတော့တာပါ။Die Tomorrow က ဇာတ်လမ်းတိုတွေကို စုစည်းထားတဲ့ ဇာတ်ကားတစ်ပုဒ်လို ...၊ သေခြင်းတရားအကြောင်းတွေကို တင်ဆက်နေတဲ့ မှတ်တမ်းရုပ်ရှင်တစ်ကားလို....၊ မဆက်စပ်ဘူးဆိုပေမယ့် နီးစပ်နေတဲ့ အကြောင်းအရာတစ်ခုလို...၊ မခံစားတတ်ရင် အီလည်လည်ဖြစ်နေမှာပေမယ့် ခံစားတတ်သူတွေကျပြန်တော့လည်း ရင်ထဲနင့်ခနဲနေအောင်ကို ခံစားရစေပြန်ပါတယ်။လူတွေက ...
movie

Die Tomorrow (2017)

2017
Her Deadly Night in Paris (2023) 5.3
Her Deadly Night in Paris (2023) Her Deadly Night in Paris (2023)ဇာတ်လမ်းနာမည်အတိုင်းပါပဲ... ပဲရစ်ကို ပညာသင်ဖို့ရောက်လာကာမှ အန္တရာယ်တောထဲ ခုန်ဆင်းသလိုဖြစ်သွားတဲ့ ကောင်မလေးအကြောင်းပါ။လူစီက အမေရိကကနေ ပြင်သစ်ကို Exchange Program နဲ့ ကျောင်းလာတက်တဲ့ အဖေတစ်ခု သမီးတစ်ခု ကောင်မလေးပေါ့။ ပဲရစ်မှာ သူ Homestay နေရတဲ့အိမ်က မိသားစု 3 ယောက်ရှိပြီး သူတို့သား အန်တွိုင်းကလည်း လူစီတို့ကျောင်း၀င်းထဲမှာပဲ ဥပဒေကျောင်းတက်ပါတယ်။အန်တွိုင်းရဲ့ဖခင် ရေမီက နာမည်ကျော်တရားသူကြီးဖြစ်ပြီး သူ့သားကိုလည်း သူ့ခြေရာနင်းစေချင်ပေမဲ့ သားဖြစ်သူကတော့ ဝါသနာမပါပါဘူး။ အမေဖြစ်သူကလည်း ဖအေကိုကြောက်ရပြီး သူ့သားဘက်မပါပါဘူး။တစ်ရက် လူစီ‌ ကျောင်းက ပြန်လာတဲ့အချိန် ရေမီက လူတစ်ယောက်ကို ဓားနဲ့ထိုးသတ်လိုက်တာ တွေ့လိုက်ရပါတယ်။ ရေမီက သူခိုးဆိုပြီး ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ ထိုးလိုက်တာပါတဲ့။ လူစီကိုလည်း ဘယ်သူ့ကိုမှမပြောဖို့ နှုတ်ပိတ်ထားလိုက်တာပေါ့။ဒါပေမဲ့ နောက်နေ့မှာ ရဲတွေက သေသွားတဲ့လူအလောင်းမှာ လူစီရဲ့ DNA တွေ့တယ်ဆိုပြီး ...
movie

Her Deadly Night in Paris (2023)

2023
The Big Year (2011) 6.2
The Big Year (2011) ဒီဇာတ်လမ်းကို ဒါရိုက်တာဒေးဗစ် ဖရန်ကဲလ် က ရိုက်ကူးထားပြီး ဘရက်ဒ်အဖြစ် 2017 နဲ့ 2019 မှာထွက်ရှိခဲ့တဲ့ Jumanji နှစ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီးသရုပ်ဆောင် ဂျက်ဘလက်၊ စတူ အဖြစ် ပင့်ပန်သာ ဇာတ်ကားမှာ ပြင်သစ်စုံထောက် အဖြစ်သရုပ်ဆောင်ခဲ့တဲ့ စတိဗ်မာတင်၊ ကန်နီ ဘော့စတစ် အဖြစ် Wedding crashers ၊Night at the museum၊No escape တို့မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ အိုဝမ်ဝီလ်ဆင်တို့ ပါဝင်ထားပါတယ်။း ဒီဇာတ်လမ်းမှာ ငှက်ဝါသနာရှင် နှစ်ဦးဟာ တနှစ်ပတ်လုံး ယှဉ်ပြိုင်ရတဲ့ ငှက်ကြည့်ပြိုင်ပွဲမှာ ကမ္ဘာ့စံချိန်တင်ထားတဲ့ မြောက်ကြွကြွ လူကို အနိူင်ရအောင် ကြိုးပမ်းကြပုံကို ကြည့်ရှုကြရမှာပါ။ ငှက်ကြည့်လောကမှာတော့ Big Year ဆိုတာ တနှစ်အတွင်းမှာ ငှက်မျိုးစိတ် ဘယ်လောက်များများ ကြည့်နိုင်မလဲ ကြားနိုင်မလဲ ဆိုတာ ယှဉ်ပြိုင်ရတဲ့ ပွဲဖြစ်ပါတယ်။လူသုံးဦးက​တော့ တနှစ်တာ ...
movie

The Big Year (2011)

My Father’s Violin (2022) 6.4
My Father’s Violin (2022) My Father's Violin (2022)~ IMDb - 6.4/10, Rotten Tomatoes - 82% ~ဂရမ်မီဆုရှင် တယောဆရာ Joshua Bell က ပြောဖူးပါတယ်...“တယောနဲ့ တေးသွားတစ်ပုဒ်ထိုးတဲ့အခါ... သင်ဟာ ဇာတ်ကြောင်းပြောသူဖြစ်လာပြီး ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနေတာပါ” တဲ့။ဒီကားလေးထဲမှာတော့ ဆံပင်အနီနဲ့ ချစ်စရာကလေးမလေးတစ်ယောက်က ဇာတ်ကြောင်းပြောသူဖြစ်ပြီး ဟောဒီ့ဇာတ်လမ်းလေးကတော့ သူနဲ့ သူ့ဦးလေးတို့ကြားက ဇာတ်လမ်းလေးပါ။ကလေးမလေးကတော့ လမ်းတွေပေါ် လှည့်လည်ဖျော်ဖြေလိုက်၊ အလှူငွေလေးကောက်လိုက်၊ ရဲတွေလာဖမ်းရင် ထွက်ပြေးလိုက်နဲ့ လူမှုဘဝကို စောစောထိတွေ့ဖြတ်သန်းနေရသူလေးဖြစ်ပါတယ်။ တစ်ဖက်မှာတော့ သူ့ဦးလေးဟာ အောင်မြင်နေတဲ့ တိုင်းသိပြည်သိ အကျော်ဇေယျ တယောပညာရှင်ကြီးတစ်ဦးဖြစ်ပါတယ်။ တယောချင်းတူကြပေမယ့် ကိုယ်စားပြုမှုမတူကြတဲ့ သူတို့ရဲ့ ကိုယ်ပိုင်တေးသွားတွေ အချိတ်အဆက်မိကြဖို့ ဘာတွေများ ခက်ခဲနေမှာလဲ...ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဇာတ်လမ်းက မှန်းရလွယ်ပါတယ်။ ဒါပေမဲ့လည်း ပြင်ပလောကရဲ့ ထင်တိုင်းကြဲနေတဲ့ ကံကြမ္မာနဲ့ ဖရိုဖရဲဖြစ်နေတဲ့ ဟောဒီကမ္ဘာကြီးကို အခုလို သိမ်မွေ့နူးညံ့တဲ့ ...
movie

My Father’s Violin (2022)

2022
King of Killers (2023) 6.0
King of Killers (2023)  ဂယ်ရန်လို့ခေါ်တဲ့ လူတစ်ယောက်ကကြေးစား လူသတ်သမားတစ်ယောက်ဖြစ်ပြီးသူ့ကိုသတ်ဖို့ တာဝန်ပေးတဲ့လူတွေကို လိုက်သတ်ပေးရတဲ့လူဖြစ်ပါတယ်။ပြီးတော့သူက အဲ့လိုလုပ်ကြံတဲ့နေရာမှာလဲ အရမ်းကိုထူးချွန်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်တစ်နေ့မှာတော့ သူအလုပ်လုပ်ဖို့သွားနေတုန်း သူ့မိန်းမက အဲ့ဒီကိုလိုက်လာခဲ့ပါတယ်။ ဒီလိုနဲ့သူ့မိန်းမ သေနတ်မှန်သွားပြီးတော့ သေဆုံးသွားခဲ့ပါတယ်။အဲ့ဒီကနေစပြီး ဘဝကလဲပျောက်ဆုံးသွားပြီးတော့ ကျန်ရစ်သူဖြစ်တဲ့ သူ့သမီးကိုတောင်ဂရုမစိုက်ဖြစ်ခဲ့ပါဘူး။ဒါပေမဲ့ နောက်ပိုင်းမှာ သမီးဖြစ်သူက နှလုံးရောဂါဖြစ်ပြီးတော့ နှလုံးခွဲစိတ်အစားထိုးဖို့ဖြစ်လာပါတော့တယ်။ ဒါပေမယ့် သူ့မှာရှိတဲ့ပိုက်ဆံနဲ့ မလောက်မငှဖြစ်နေတဲ့အချိန်မှာ သူ့ကိုကမ်းလှမ်းထားတဲ့ ဒေါ်လာဆယ်သန်းတန်ပစ်မှတ်တစ်ခုကို လက်ခံလိုက်ရပါတော့တယ်။အဲ့ဒီပစ်မှတ်ကတော့ တခြားသူမဟုတ်ပါဘူးသူတို့ရဲ့ လုပ်ကြံရေးသမားလောကထဲမှာ အတော်ဆုံးဆိုတဲ့ လူသတ်သမားတွေရဲ့ဘုရင် ဒရေကိုဆိုတဲ့ လူကိုသတ်ဖို့ပါပဲ။ဒါပေမယ့် သူ့ကိုသတ်ဖို့က ပုံမှန်အလုပ်တွေလိုရိုးရှင်းမနေပဲနဲ့ တခြားလူတွေနဲ့ပြိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ အဲ့ထက် ပိုထူးဆန်းတာကဒရေကိုကိုသတ်ဖို့ သူတို့ကို ဒရေကိုကိုယ်တိုင်ကငှားထားတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ဂယ်ရန်နဲ့ တခြားလူသတ်သမားတွေ ဒရေကိုကို သတ်ဖို့ကြိုးစားပြီးတော့ နောက်ဆုံးမှာလူသတ်သမားတွေရဲ့ ဘုရင်ဆိုတဲ့ဂုဏ်ပုဒ်ကို သူတို့ထဲက တခြားလူတွေက ပိုင်ဆိုင်သွားမလား ဒရေကိုကပဲ ဆက်ထိန်းသိမ်းထားနိုင်မလားဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.24GB / 491MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Action , ...
movie

King of Killers (2023)

Let’s Get Physical (2022) 5.6
Let’s Get Physical (2022)  Let' get physical ဆိုတာကတော့အမေရိကန်ဒရာမာရုပ်ရှင်ကောင်းလေးပါ။သူငယ်ချင်းမိတ်ဆွေနှစ်ဦးကြားခင်မင်ရင်းနှီးမှုအကြောင်းနဲ့တရားမဝင်ပြည့်တန်ဆာလုပ်တဲ့ကောင်မလေးကြောင့်ဘယ်လိုအရှူပ်အယှက်တွေဖြစ်လာလဲဆိုတာကိုမြင်တွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်းပြောရရင် ဆေဒီစမစ်ဆိုတဲ့ကောင်မလေးဟာလူတန်မြို့ကအခုမှပြောင်းလာတဲ့လူသစ်ပါ။သူမကကျန်းမာရေးနည်းပြတယောက်ဖြစ်ပြီးအနှိပ်ခန်းလည်းဖွင့်ထားပါတယ်။ သူမရဲ့ဆိုင်နဲ့ဘေးကပ်ရပ်ဆိုင်ကအေပရယ် ဆိုတဲ့ဆံပင်ညှပ်ဆိုင်ပိုင်ရှင်နဲ့ရင်းနှီးသွားပါတယ်။ ဆေဒီကတစ်ဖက်မှာလည်း အနှိပ်ခန်းဆိုပြီးတော့တရားမဝင်ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေသူပါ။ သူမဟာသူမဆီလာတဲ့ဧည့်သည်တွေကိုနာမည်စာရင်းမှတ်ထားပါတယ်။ ဆေဒီပြည့်တန်‌ဆာလုပ်နေတဲ့အကြောင်းကိုသိသွားတဲ့အခါမှာ အေပရယ်ဘယ်လိုဖြစ်သွားမလဲ၊ ဆေဒီရဲ့ဧည့်သည်စာရင်းကို လူသိရှင်ကြားဖော်ပြခံရတဲ့အခါ လူတန်မြို့မှာဘယ်လိုကမောက်ကမတွေဖြစ်မလဲဆိုတာကိုဆက်လက်ကြည့်ရှု‌ကြပါခင်ဗျာ။ File size…(1.5 GB)/(772 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre...Drama, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Akm
movie

Let’s Get Physical (2022)

Baby Driver (2017) 7.6
Baby Driver (2017) Baby Driver (2017)IMDb Rating (7.6) / Rotten Tomatoes (92%)ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Edgar Wright ကိုယ်တိုင် ဇာတ်ညွှန်းရေး၊ Co- Produce ပြီးရိုက်ကူးထားတဲ့ Crime Action ဇာတ်ကားကောင်းတစ်ခုပါ။ ‌ဘယ်အချိန် ဘယ်နှခါ ကြည့်ကြည့် မရိုးနိုင်အောင်ခေတ်ရဲ့ဒဏ်ကို အံတုနိုင်တဲ့အပြင် ဝေဖန်ရေးဆရာတွေရဲ့ ချီးမွမ်းချက်တွေနဲ့ ဝင်ငွေပိုင်းမှာလည်း အတော်ကို အောင်မြင်မှုရခဲ့တဲ့ ရုပ်ရှင်တစ်ခုပါ။ဒီရုပ်ရှင်ကို ရိုက်ကူးဖြစ်တဲ့အကြောင်းကတော့ သူ့အနေနဲ့ သီချင်းများများပါတဲ့ ရုပ်ရှင်တစ်ခုဖန်တီးချင်စိတ်ကနေ စတယ်လို့ဆိုပါတယ်။ သီချင်းကိုလည်း နောက်ခံသီချင်းအနေနဲ့သုံးချင်တာမဟုတ်။ သူရိုက်ကူးခဲ့တဲ့ Scott Pilgrim vs. the World လို ဂီတကိုတည်ရိုက်တာလည်းမဟုတ်တဲ့ ရုပ်ရှင်ဇာတ်ကားမျိုးပေါ့။ ဒီနေရာမှာ Baby Driver က သူ့အမြင်နဲ့ကွက်တိကျတဲ့ပုံစံမျိုးကို တည်ခင်းနိုင်ခဲ့ပါတယ်။Baby Driver ဆိုတဲ့ ရုပ်ရှင်နာမည်အတိုင်း အဓိကဇာတ်ကောင်က Baby။ Baby က Driver။ ...
movie

Baby Driver (2017)

2017
4K HEVC
Inglourious Basterds (2009) 8.3
Inglourious Basterds (2009) Rotten Tomatoes 89% IMDb 8.3/10 ရရှိထားပြီး အော်စကာ ၁ ဆုနဲ့ အခြားသော ဆုပေါင်း ၁၂၄ ဆုရရှိခဲ့တဲ့ ၂၀၀၉ ခုနှစ်ထွက် ဟစ်တလာ လုပ်ကြံရေး ဇာတ်ကားကောင်း တစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့ အစပိုင်း ပြင်သစ်ကို နာဇီတို့ သိမ်းပိုက်ထားချိန်ကာလ..... နာဇီတွေကို တန်ပြန်သုတ်သင်ဖို့အတွက် မဟာမိတ် တွေဟာ လျှို့ဝှက် တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းဖို့ လက်ဖတင်နင် Aldo Raine (Brad Pitt)ကို တာဝန်ပေးခဲ့ပါတယ်။ Aldo ဟာ Basterds လို့ခေါ်တဲ့ ဂျူး ကပြားတွေ အများအပြားပါဝင်တဲ့ တပ်ဖွဲ့ကိုဖွဲ့စည်းပြီး ဟစ်တလာရဲ့ နားရွက်ကို တံတွေးစွတ်ပါတော့တယ်။ Basterds တွေဟာ နာဇီမှန်သမျှရက်ရက်စက်စက်သတ်ပြီး ဦးခေါင်းရေကို ခွါယူလေ့ရှိပါတယ်။သူနဲ့သူ့လူတွေဟာ ဟစ်တလာကို လုပ်ကြံဖို့ ဗြိတိသျှတို့ရဲ့သူလျှို၊ဂျာမန် နာမည်ကြီးမင်းသမီး Bridget von ...
movie

Inglourious Basterds (2009)

2009
4K HEVCHDR
In the Land of Blood and Honey (2011)
In the Land of Blood and Honey (2011)  ဒီကနေ့မှာတော့ CM ပရိတ်သတ်တွေအတွက် မင်းသမီးကြီး Angelina Jolie ကိုယ်တိုင် ဒါရိုက်တာလုပ်ထားတဲ့စစ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်၊ ဇာတ်အိမ်ကတော့ ဒုတိယကမ္ဘာစစ်အပြီး၁၉၉၀ နှောင်းပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့ ဘော့စ်နီးယားစစ်ပွဲကိုကျောရိုးယူထားပြိီး တစ်ဖက်တချက်ကရန်သူတွေဖြစ်တဲ့ ဆာဗေးရီးရားဗိုလ်ကြီး ဒန်နီရယ်နှင့် ဘော့စ်နီးယားအရပ်သူမလေး အိုင်လာတို့ရဲ့အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ စစ်ကြီးမဖြစ်ခင်တည်းကသူတို့နှစ်ဦးဆုံခဲ့ချစ်ကြိုက်ခဲ့ကြပြီး၊ စစ်ဖြစ်လာတော့ အထက်ကအမိန့် အထူးသဖြင့်အဖေဖြစ်သူဗိုလ်ချုပ်ကြီးရဲ့ အမိန့်ကိုမလွန်ဆန်ရဲတဲ့ ဒန်နီရယ်ဟာတာဝန်အတိုင်းလုပ်ရပါတော့တယ် ၊ထိုအချိန် စခန်းကိုဖမ်းခေါ်ခံလာရတဲ့ထဲ အိုင်လာ ပါလာတော့နှစ်ယောက်ပြန်ဆုံကြပြီး၊ ဒန်နီရယ်ကလည်းအိုင်လာကိုတတ်နိုင်သလောက်သူ့လက်အောက်မှာကူညီစောင့်ရှောက်ပေးခဲ့ပါတယ်။ အချစ်နဲ့စစ်မှာမတရားတာမရှိဘူးဆိုပေမဲ့လည်း သူတို့နှစ်ဦးအချစ်စစ်နဲ့တွေ့တဲ့အခါမှာ ကံကြမ္မာကမျက်နှာသာမပေးတော့ မတရားတာတွေပဲခါးစည်းခံလာရတဲ့အခါ နှစ်ယောက်အချစ်တည်မြဲနိုင်ပါ့မလား…..။ ဥရောပရဲ့ထိခိုက်ဆုံးရှုံးမှုအများဆုံးစစ်ပွဲတွေထဲမှတစ်ပွဲဖြစ်တဲ့ ဘော့စ်နီးယားစစ်ပွဲအကြောင်းနားလည်လွယ်အောင်ရိုက်ပြထားတာမို့လို့ စစ်ကားနဲ့သမိုင်းအကြောင်းစိတ်ဝင်စားသူတွေအတွက်ဆို ဒီဇာတ်ကားလေးအကြံပြုပေးချင်ပါတယ်၊ ( R*pe အခန်းများ၊အတူနေတဲ့အခန်းများပါတာမို့ မိသားစုနဲ့ကြည့်ရှု့ဖို့မသင့်တော်ပါဘူး)File size…(2.1 GB)/(980 MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:07:00 Genre...Drama, Romance, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia
movie

In the Land of Blood and Honey (2011)

Genres

Archives