Channel Myanmar

Content at random


Movies

Fallen Angels (1995)
Fallen Angels (1995) IMDb - 7.6/10 , RT - 95% Bodyguards and Assassins, God of Gamblers တို့မှာ သရုပ်ဆောင်ဖူးတဲ့ Leon Laiရယ် Forever Friendsနဲ့ The Crossingတို့ရဲ့ မင်းသားTakeshi Kaneshiroတို့နဲ့အတူတူ Royal Tramp , Swordsman တို့ရဲ့ မင်းသမီး Michelle Reisတို့က ၃ယောက်သား ဒီကားကို အနှစ်အရသာရှိလှစွာ ပုံဖော်ထားပါတယ်။ ဇာတ်လမ်းကတော့ ဟောင်ကောင်က လုပ်ကြံရေးသမား၂ယောက်ရယ် ရရာအလုပ်ကို လုပ်နေတဲ့လူရယ်၊ ထိုလူ၃ယောက်ရဲ့ သူတို့ရဲ့ ဘဝနဲ့ အချစ်ရေးအကြောင်းကို ထူးခြားစွာဖော်ပြထားတဲ့ ရုပ်ရှင်လေးဖြစ်ပါတယ်။ လူတွေက နေ့စဥ် ကိုယ်ကျွမ်းကျင်ရာကို လုပ်ကိုင်ရင်း အချစ်နဲ့နားခိုရာကို ရှာဖွေလေ့ရှိပါတယ်။ အချစ်ကို ပျောက်လို့လိုက်ရှာရင်း ကိုယ့်ရဲ့ စိတ်ဝိညာဉ်ကိုပါ ပျောက်ဆုံးတတ်​ပြီး သူတို့၃ယောက် ဘဝကို ဘယ်လိုနေထိုင်ကြလဲဆိုတာကို ...
movie

Fallen Angels (1995)

Detective Dee: The Four Heavenly Kings (2018) 6.4
Detective Dee: The Four Heavenly Kings (2018) Detective Dee: The Four Heavenly Kings (2018)IMDb Rating (6.4) / Rotten Tomatoes (60%)ဒီရုပ်ရှင်ကတော့ ၂၀၁၃ ကထွက်ရှိခဲ့တဲ့ Young Detective Dee - Rise of The Sea Dragon ရဲ့ Sequel အနေနဲ့ထွက်ရှိလာခဲ့တာပါ။ ရှေ့က အဓိကသရုပ်ဆောင်တွေ အကုန်နီးပါး ပြန်ပါဝင်ထားပါတယ်။ ၂၀၁၀ ကထွက်ရှိပြီး အောင်မြင်ကျော်ကြားခဲ့တဲ့ Detective Dee-Mystery of The Phantom Flame ရုပ်ရှင်ရဲ့ Prequel ရုပ်ရှင်တွေဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ Rise of The Sea Dragon ရုပ်ရှင် အဆုံးကနေပြန်လည်စတင်ထားပြီး ရှင်ဘုရင်က စုံထောက်ဒီးကို နဂါးနိုင်ဓါး (ကျိုင်းတံ) အပ်နှင်းပြီး တစ်တိုင်းပြည်လုံးကို စေခိုင်းနိုင်တဲ့ အခွင့်အာဏာအပ်နှင်းလိုက်တာကနေ စတင်ပါတယ်။ ဒီလိုအာဏာအပ်နှင်းလိုက်တဲ့အတွက် ရှင်ဘုရင်ကို (တရုတ်ပြည်သမိုင်းမှာတစ်ဦးတည်းသောဘုရင်မဖြစ်လာမယ့်) မိဖုရားဝူက အမျက်ရှတော်မူပါတယ်... စုံထောက်ဒီးလို ဦးနှောက်ပဲရှိပြီး ...
movie

Detective Dee: The Four Heavenly Kings (2018)

2018
1080p HEVC
Detective Dee and the Mystery of the Phantom Flame (2010) 6.6
Detective Dee and the Mystery of the Phantom Flame (2010) Detective Dee and the Mystery of the Phantom Flame (2010)IMDb Rating (6.6) / Rotten Tomatoes (80%)စုံထောက် ဒီး ...တရုတ်ပြည် ဂန္ဓာလရာဇ်ရဲ့ ကျော်ကြားတဲ့ အမှုလိုက်၊ အကြံပေး သက်‌တော်ရှည် အမတ်ကြီး။ အမည်ရင်းက ဒီးလျန်ကျယ် ပါ။ တရုတ်အမည်ကို မြန်မာလိုဖလှယ်တာဖြစ်လို့ မူကွဲတွေ၊ ခြားနားချက်တွေရှိပါတယ်။ အဲဒါတွေထဲကမှ မြန်မာနား၊ မြန်မာပါးစပ်နဲ့ အာထိလျှာထိရှိလှတဲ့ ဒီး ကို ကျွန်တော်အကြိုက်ဆုံးပါပဲ။မင်းမှုထမ်းမျိုးရိုးကနေဆင်းသက်ပြီး စာပေလေ့လာရေးအားကောင်းတဲ့၊ ဉာဏ်ပညာကြီးမားတဲ့ ယောက်ျားကောင်းတစ်ယောက်ပါ။ ခက်ခဲနက်နဲတဲ့အမှုတွေကို အမှုစစ်တစ်ယောက်အနေနဲ့ စုံစမ်းဖော်ထုတ်နိုင်သူ၊ တရားမမှုတွေကို မှန်ကန်စွာအဖြေထုတ် ဆုံးဖြတ်နိုင်တဲ့ တရားသူကြီး၊ ဘုရင်လုပ် အုပ်ချုပ်သူတွေအဆက်ဆက် အကြံပေးနိုင်တဲ့ သက်တော်ရှည်အမတ်၊ သမိုင်းမှာ ကျော်ကြားထိုက်သူပါပဲ။တိုင်းပြည်အတွက် သူထမ်းခဲ့တဲ့အကျိုးကျေးဇူးတွေများလွန်းလို့ ဂန္ဓာလရာဇ်ရဲ့ ဂန္ဓဝင်အမတ်ကြီး ပေါင်ကျင်းထျန်း နဲ့ထပ်တူ ဂုဏ်ပြုရသူကြီးပါ။ ...
movie

Detective Dee and the Mystery of the Phantom Flame (2010)

2010
1080p HEVC
The Little Vampire (2000) 5.7
The Little Vampire (2000) The Little Vampire (2000) =================== IMDb Rating - 5.7/10ကျွန်တော်တို့ ငယ်ငယ်က ပါဝါရိန်းဂျားကားတွေ ကြည့်ပြီး ပါဝါ ရိန်းဂျားတွေနဲ့ သူငယ်ချင်းဖြစ်ချင်တဲ့သူတွေ ရှိသလို စကူဘီဒူး ကားကြည့်ပြီး အဲဒီထဲကလို သူငယ်ချင်းတွေရချင်တာတွေ ဖြစ်ဖူး ခဲ့ကြမယ်ထင်ပါတယ်။တိုနီဆိုတဲ့ ကောင်လေးကလည်း အတူတူပါပဲ။ ဒါပေမဲ့ ကျွန်တော် တို့နဲ့ မတူတာက သူက သွေးစုပ်ဖုတ်ကောင်တွေ အကြောင်းကို အမြဲအိပ်မက်မက်လေ့ရှိတဲ့သူဗျ။ သူမက်တဲ့ အိပ်မက်တိုင်းမှာလည်း သွေးစုပ်ဖုတ်ကောင်တွေရဲ့ ဒဏ္ဍာရီတွေနဲ့ အဆောင်ပစ္စည်းလေးတစ် ခုကအမြဲတမ်းပါနေခဲ့တယ်။တစ်နေ့မှာ သူ့ရဲ့အခန်းထဲကို သူနဲ့ရွယ်တူ သွေးစုပ်ဖုတ်ကောင်လေး တစ်ယောက် ရောက်လာပြီး အပြန်အလှန်ကူညီပေးကြရင်း သူငယ် ချင်းတွေ ဖြစ်သွားကြတာပေါ့ဗျာ။ ဒါပေမဲ့ အဲဒီသွေးစုပ်ဖုတ်ကောင် တွေမှာ အရေးကြီးတာဝန်တစ်ခုရှိနေပြီး ပျောက်နေတဲ့ အဆောင် ပစ္စည်းလေးကို မတွေ့ရင် အားလုံးဒုက္ခရောက်ကြရမဲ့ အခြေအနေ ဖြစ်နေခဲ့တယ်။ဒီတော့ သွေးစုပ်ဖုတ်ကောင်တွေနဲ့ ဆက်စပ်မှုတွေရှိနေတဲ့ တိုနီနဲ့ သူ့ သူငယ်ချင်းတို့ ဘယ်လို စွန့်စားခန်းတွေ ထွက်ကြမလဲဆိုတာကို စိတ် ဝင်တစား ကြည့်ရှု့သွားရမဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ ကလေးတွေ အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းမျိုးဖြစ်သလို ကျွန်တော် တို့လို Back to ...
movie

The Little Vampire (2000)

2000
Blessed Boys (2021) 6.3
Blessed Boys (2021) Blessed Boys (2021) =============== IMDb Rating - 6.3/10ဒီဇာတ်ကားလေးကတော့ အချိန်တစ်နာခွဲအတွင်း အပြောတွေရော အပြတွေရော တွေးစရာတွေပါ အများကြီးထည့်ထားတဲ့ကားလေးပါ။ လီနိုတို့မိသားစုသုံးယောက်ရယ် သူငယ်ချင်းဖြစ်သူမာရီယိုရယ် ချစ်သူ မမယ်သူငယ်ချင်းထပ်ပိုတဲ့ကောင်မလေး အက်စီရယ် အားလုံးပေါင်း ဇာတ်ကောင်ငါးယောက်အဓိကပါပါတယ်။ သူတို့အားလုံးဟာ အီတလီ၊ နေပယ်မြို့က ပျံကျနေရာလေးမှာ နေထိုင်ကြပါတယ်။ အားလုံးဟာ ကျောင်းနေအရွယ်ပေမယ့် ဘဝအခြေအနေကြောင့် မိသားစုတာဝန်ကို ထမ်းနေကြသူပါ။လီနိုအနေနဲ့လည်း ပိုက်ဆံကို အလုပ်လုပ်ပြီးပဲရရ ရုပ်ပြစားပြီးပဲရရရှာရင်း အိမ်စရိတ်ကို အနိုင်နိုင်ပေးနေရသူပါ။ တစ်ချိန်မှာတော့ လီနိုရဲ့ညီမလေး အန်နာလာဟာ ထူးဆန်းအံ့ဖွယ်တန်ခိုးပြတယ်ဆိုပြီး ဒေသခံကတ်သလစ် ဘာသာဝင်တွေအကြားရေပန်းစားသွားပြီး ဘုရားဝတ်ပြုဆုတောင်းဖို့ အိမ် ကိုလာရောက်သူတွေများလာပါတယ်။ ဒီလိုကံကြမ္မာအလှည့်အပြောင်းကြား မှာ ဒီဇာတ်ကောင်ငါးယောက်ဟာ ဘယ်လိုတွေ ကပြကြမလဲဆိုတာကို စိတ် ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ မိသားစုဒရာမာ၊ ဘာသာရေး၊ LGBTစတဲ့ genre တွေနဲ့ ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်း ဇာတ်ကောင်စရိုက်နိုင်နိုင်တဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Zaw Myo Thu ဖြစ်ပါတယ်)File Size..........(1.3 GB) / (561 MB) / (307 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr ...
movie

Blessed Boys (2021)

2021
The Business of Christmas 2 (2021) 8.2
The Business of Christmas 2 (2021) The Business of Christmas 2 (2021) ========================= Genre - Drama, Family IMDb Rating - 8.2/10Spoiler Alert ---------------- ပထမကား မကြည့်ရသေးသူများအတွက် အခု review ကို မဖတ်ပါနဲ့ဦး ခင်ဗျာ။ ----------------ပထမကားတုန်းက ပြဿနာတွေ ဖြေရှင်းခဲ့တဲ့ ဖရန်ကလင်း မိသားစုတွေ ပြန်လာပါပြီ။ ဒီဒုတိယကားမှာတော့ ဖခင်ဖြစ်တဲ့ အော်စကာကတော့ သွေးတိုးနဲ့ ဆုံးပါးသွားပါပြီ။ မိခင် မယ်ရီ အန်ကလည်း မွေးရပ်မြေကို ပြန်လာပြီး အိမ်ကြီးထဲမှာ တစ် ယောက်တည်းနေနေပါတယ်။သားသမီးတွေအနေနဲ့ မိုက်ကယ်ကဝတ္ထုရေးဖို့ ကြိုးစားနေပြီး ဖခင်သေဆုံးမှုကို ထောက်လှမ်းနေခဲ့ပါတယ်၊ နိုအာကတော့ စင်ဒီနဲ့ အလုပ်တွဲလုပ်ရင်း မင်္ဂလာဆောင်ဖို့ အဆင်မပြေ ဖြစ် နေခဲ့တာပါ၊ ဒန်နီကလည်း ယောက်ျားဖြစ်သူလည်း အဆင်မပြေ ဖြစ်ပြီး သားလေးကို ထိန်းကျောင်းနေရသူ မိခင်တစ်ယောက် ဖြစ်နေပါပြီ။ ဒီလိုနဲ့ ဖရန်ကလင်းမောင်နှမတတွေ ကိုယ်စီပြဿနာ တွေနဲ့ တစ်ဦးတည်းနေတဲ့ မိခင်ကြီးဆီကို သွားရောက်ဖို့ ဖြစ်လာ ပါတော့တယ်။ နောက်ထပ် ဖြေရှင်းဖို့ ပြဿနာအသစ်တွေနဲ့အတူ ပေါ့။ ဒီကားမှာတော့ မိခင် မယ်ရီအန်နဲ့ ငယ်ချစ်ဦး ...
movie

The Business of Christmas 2 (2021)

2021
The Business of Christmas (2020) 5.9
The Business of Christmas (2020) The Business of Christmas (2020) ======================= Drama, Family IMDB - 6.1/10အသက်ကြီးနေပြီဖြစ်တဲ့ အော်စကာနဲ့ မယ်ရီအန် ဖရန်ကလင်းတို့ လင်မယားဟာ မြို့လေးတစ်မြို့မှာ အရုပ်ဆိုင်လေးတစ်ဆိုင်ဖွင့်ထား ပါတယ်။ အားလပ်ရက်ဖြစ်တဲ့ ခရစ္စမတ်လာတော့မှာဖြစ်တဲ့အတွက် မိခင်ဖြစ်သူ မယ်ရီအန်ဟာ သားသမီး ၃ ယောက်လုံးကို အိမ်အလည် ပြန်လာဖို့ မျှော်လင့်နေပါတယ်။ သားကြီးဖြစ်သူက ပူလစ်ဇာဆုလိုချင် နေတဲ့ ဂျာနယ်လစ်သမား၊ သားငယ်က တေးဂီတထုတ်လုပ်ပေးတဲ့ ပရို ဂျူဆာတစ်ယောက်၊ ပြီးတော့ သမီးကကျ အိမ်ခြံမြေပွဲစားတစ်ယောက် ပေါ့။မိခင်ဖြစ်သူ ဖုန်းဆက်ခေါ်ပေမယ့်လည်း ကိုယ်စီအလုပ်နဲ့မို့ ပြန်မလာနိုင် ကြတဲ့လူတွေပါ၊ မိခင်ကြီးလည်း စိတ်ဆင်းရဲရတာပေါ့။ အဲဒီအချိန်မှာ သူတို့လင်မယားကို နောက်ထပ် ကံဆိုးမှုတစ်ခု ကျရောက်လာပါတယ်၊ အိမ်ကိုပေါင်ထားတဲ့ချေးငွေကို ဝယ်ယူလိုက်တဲ့ကုမ္ပဏီက သူတို့ ဆိုင်နဲ့ အိမ်ကိုပါ ရက်အနည်းငယ်အတွင်း ပိုက်ဆံတစ်သိန်းမှ မပေးနိုင်ရင် ဆုံးရှုံး ရဖို့ ဖြစ်လာပါတော့တယ်။ ဒီသတင်းကိုကြားတော့ ဖခင်ဖြစ်သူ အော်စကာ တစ်ယောက် နှလုံးဖောက်ပြီး ဆေးရုံရောက်ပါတော့တယ်။ အဲဒီမှာ အလုပ် တွေမအားတဲ့ သားသမီးတွေလည်း မိသားစုရဲ့ဘေးအန္တရာယ်ကို ကြုံရာနေ ရာကနေ ဝင်ပြီး ပြန်ကယ်တင်ပေးဖို့ တာဝန်ကျရောက်လာပါတော့တယ်....။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie

The Business of Christmas (2020)

2020
Ella Enchanted (2004) 6.3
Ella Enchanted (2004) Ella Enchanted (2004)ကဲ ဘာမှမကြည့်ရသေးခင် မင်းသမီးနဲ့တင် တန်တယ်ဆိုတဲ့ကား။ အဟောင်းကားလေးပေါ့။Anne Hathaway ဆိုတာနဲ့ ညှို့အားပြင်းပြင်း၊ သရုပ်ဆောင်ကောင်းကောင်း အမေရိကန်မင်းသမီးကြီးကို ပြေးမြင်ကြမှာပါပဲ။ Rachel Getting Married (2008) မှာ ဆေးစွဲနေတဲ့ကောင်မလေးအဖြစ်ကို ကျွန်တော် သိပ်ကြိုက်ခဲ့ရတာ။ ဇာတ်ဆောင်မင်းသမီး အကယ်ဒမီဆု ဆန်ခါတင်စာရင်းဝင်သွားသေးတယ်ဗျ။ အဲဒီဇာတ်ကားနဲ့။Alice in Wonderland (2010) မှာ သူ့နဲ့ပြန်တွေ့တော့ Fantasy ဇာတ်ရုပ်နဲ့လည်း မစိမ်းလှတာကို သတိထားမိတယ်။ အဲဒီမှာတင် အခုတင်ဆက်ပေးမယ့် Ella Enchanted (2004) ကို ပြန်ကြည့်မိတာ။ သူ့ကို အကြိုက်ဆုံးတွေကတော့ Interstellar (2014) နဲ့ Ocean's 8 (2018) ထဲမှာပဲ။ဒီကားမှာ သူနဲ့ လက်တွဲညီညီ သရုပ်ဆောင်ခဲ့တာတော့ အင်္ဂလိပ်မင်းသားကြီး Hugh Dancy ပါပဲ။ ဒီဇာတ်ကားက အင်္ဂလန်၊ အမေရိကန် ...
movie

Ella Enchanted (2004)

2004
Spellbound(2023) 6.7
Spellbound(2023) Spellbound(2023)*****************ဒီရုပ်ရှင်‌လေးက 2011ခုနှစ်ကထွက်ရှိခဲ့တဲ့ "Spellbound"ဆိုတဲ့ korea movieလေးကိုPhilippine moiveအဖြစ်ကပြန်လည်အသက်သွင်းထားတာပါ။ ဇာတ်ကြောင်းလေးကတော့ သရဲတွေကိုမြင်ရတဲ့ကောင်မလေးနဲ့ သူ့ရဲ့ မျက်လှည့်ပညာရှင်သူဌေးဖြစ်သူတို့ကြားကအချစ်ဇာတ်လမ်းလေးပါပဲ။ မင်းသမီးငယ်စဥ်အခါက အက်စီးဒင့်တစ်ခုကြောင့် သေမလိုဖြစ်ခဲ့ပြီး သရဲတွေကိုမြင်လာရသူပါ။ ထုံးစံအတိုင်း သရဲတွေကလာနှောင့်ယှက်ကြ အကူအညီလာတောင်းကြမို့မင်းသမီးဟာ လူတွေနဲ့တစ်သီးတစ်သန့်နေရင်း ဘဝကိုတစ်ယောက်တည်းဖြတ်သန်းနေခဲ့ရပါတယ်။ ဒီလိုဘဝလေးနဲ့ ရှင်သန်နေရတာကို မင်းသားဖြစ်သူကသိရှိသွားတဲ့အခါမှာတော့.....။ ပျော်စရာ၊ ကြောက်စရာ၊ ကြည်နူးစရာအစုံကို ရင်ခုန်ခုန်ကြည့်ရှုရမယ့် ဇာတ်ကားလေးပါပဲ။File Size :(1.3GB) &(626MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:47:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Spellbound(2023)

[18+] Sweet Sugar (1972) 5.2
[18+] Sweet Sugar (1972) Sweet Sugar (1972)Sweet Sugar ဟာ သူ့ရှေ့က မိန်းမထောင်ကားတွေလိုလို မိန်းမထောင်ကား ဆန်ဆန်ပါပဲ။ ဒီလိုကားတွေ အဲဒီကာလမှာ တော်တော်ခေတ်စားခဲ့တယ်ထင်ပါတယ်။ စကီလေး မတရား ထောင်ကျ။ ထောင်မှာ အလုပ်ကြမ်းလုပ်ရ။ နောက်မတရားမှုတွေနဲ့ ကြုံလာ လွတ်ဖို့ကြိုးစား ဒါမျိုးတွေပေါ့။ မတူတာကတော့ ဒီကားမှာ Sugar လို့ခေါ်တဲ့ ခပ်လန်းလန်း ကာရိုက်တာမလေး ပါဝာာပါပဲ။Sugar ဟာ တစ်ခါတလေ အေးစက်တယ်။ တစ်ခါတလေ နွေးထွေးတယ်။ တစ်ခါတလေ ချိုမြသလို တစ်ခါတလေ ခါးသက်တယ်။ တစ်ခါတလေ ခေါင်းပွတ်ခံရတာကြိုက်တဲ့ ခွေးကလေး။ တစ်ခါတလေ ဆတ်ဆတ်အထိမခံတဲ့ မြွေဟောက်မလေး။ ဒီလိုအဆိပ်ပြင်းပြီး ကြင်နာတတ်တဲ့ Sugar ရဲ့ Erotic ဇာတ်ကလေးမှာ နွေးထွေးကြမ်းတမ်းတဲ့ Sugar ရဲ့ အလှတရားတွေပါတာမို့ မိသားစုနဲ့ ကြည့်ဖို့တော့ မသင့်တော်ပါဘူး။(ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

[18+] Sweet Sugar (1972)

1972
The Obscured (2022) 5.1
The Obscured (2022) The Obscured (2022)သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတစ်ပုဒ်မှာ တစ်ဦးတစ်ယောက်က ထွက်ဖို့ဖြစ်လာခြင်းက စတဲ့ဇာတ်ပေါ့။ ကောင်မလေးက စိတ်ကစဉ့်ကလျားဖြစ်နေတယ်။ တစ်နေ့ သူနိုးလာတော့ သူ့ဘေးမှာ သူချစ်ရတဲ့လူက သေနေပြီ။ ဘယ်သူသတ်သွားတာလဲလည်း မသိဘူး။ သူသတ်မိတာလားလဲ မသိဘူး။ ဘာကိုမှ မသည်းကွဲနေတော့ ရဲတိုင်ဖို့လည်း အဆင်မပြေဘူး။ ဒီလိုနဲ့ နောက်ကောင်လေးကို ဖုန်းဆက်လိုက်တယ်။အချစ်အတွက်ဆို လောကကြီးခါးစောင်းတင်ဖို့ပါ အသင့်ရှိနေတဲ့ နောက်ကောင်လေးက ကောင်မလေးကို ကူညီပြီး အလောင်းဖျောက်ပေးတယ်။ ဒီလိုနဲ့ သူတို့တွေ အသစ်တစ်နေရာမှာ အချစ်ကမ္ဘာတည်ဖို့ ကားတစ်စီးနဲ့ ဟိုင်းဝေးလမ်းမကြီးထက် ခရီးဆက်လာခဲ့တယ်။ လမ်းရောက်တော့ သိလိုက်ရတာက‌ ကောင်မလေးက သူ့စိတ်ရောဂါအတွက် သောက်နေကျဆေးကို အခင်းနေရာမှာကျန်ခဲ့တယ်။ ဒီလိုနဲ့ ကောင်လေးက အချစ်အတွက် ဘဝကြီးကို စွန့်စားပြီး သွားပြန်ယူပေးတာပေါ့။ အဲဒီမှာ သူတို့အစဖျောက်ခဲ့တဲ့အလောင်းကြီး ပြန်ရောက်နေတာကို သူတို့တွေ့လိုက်ရတယ်။ သူတို့အချစ်တွေကပဲ ဒီအခက်အခဲကြီးကို ကျော်လွှားနိုင်မလား။ အပြစ်ကပဲ သူတို့နောက်လိုက်လာမလား ပဟေဠိဆန်ဆန်ကြည့်ရမယ့် စိတ္တဇရုပ်ရှင်လေးပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို ...
movie

The Obscured (2022)

2022
Lamya’s Poem (2021)
Lamya’s Poem (2021) ကဗျာ၊ စာပေဆိုတာ နှလုံးသားရဲ့အာဟာရလို့ ဆိုတတ်ကြပါတယ်။ ချစ်ခြင်းရဲ့အတိမ်အနက်၊ မေတ္တာရဲ့သဘောတရားကို စာသားတွေ လင်္ကာကာရံတွေနဲ့ ချိန်ထိုးပြတတ်သူတွေအဖို့တော့ ကဗျာ စာပေဆိုတာ အသွားထက်တဲ့ ဓားတစ်လက်နဲ့ ညီမလားမသိနိုင်ဘူးပေါ့။ ‌ကာရန်တွေ နဘေတွေ ညီနေမှ ကဗျာဖြစ်တာမဟုတ်သလို ချစ်ခြင်းအကြောင်း ဖွဲ့သီတာဆိုမှလည်း ကဗျာမည်တာ မဟုတ်ပါဘူး။ နေ့စဉ်ဘဝအကြောင်း၊ စစ်ပွဲတွေအကြောင်း၊ ကုန်ဈေးနှုန်းအကြောင်း၊ လူတွေရဲ့အကြောင်း ဘယ်လိုအကြောင်းအရာမျိုးမဆို ကဗျာကိုတင်ပြသူနဲ့ ဖတ်ရှုသူရဲ့ စိတ်ခံစားချက်ကို လိုက်ပြီး ယူဆချက်လည်း ကွဲပြားသွားနိုင်တာမျိုးပါပဲ။ အမေ့ပါးက သနပ်ခါးလေးကလည်း ကဗျာတစ်ပုဒ်ဖြစ်သွားနိုင်သလို ပုရွတ်ဆိတ်လေးတွေ အစာရှာရင်း တရွေ့ရွေ့သွားနေပုံလေးက‌လည်း အတွေးနယ်ချဲ့တတ်တဲ့သူအဖို့ အိပ်မပျော်တဲ့ညကို ကုန်လွန်စေမယ့်အကြောင်းပြချက် ဖြစ်သွားနိုင်တာမျိုးမဟုတ်ပါလား။ စိတ်ပျက်အားငယ် ဝမ်းနည်းနေချိန်မှာ သီချင်းလေးတစ်ပုဒ်၊ ကဗျာလေးတစ်ကြောင်းက ခံစားချက်ကို ပြောင်းလဲပေးနိုင်တယ်ဆိုရင် ဘဝရဲ့အခက်ခဲ အပင်ပန်းဆုံးအချိန်ရောက်တဲ့အခါ ထူးခြားဆန်းကြယ်တဲ့ ဆုံးဖြတ်ချက်တွေကိုချတဲ့နေရာမှာရော အထောက်အကူ ဖြစ်စေနိုင်လေမလား။ ကဗျာလေး တစ်ပုဒ်သာဖြစ်ပေမယ့် ရင်ထဲရောက်အောင်သာ သွားနိုင်မယ်ဆိုရင် သိမြင်နိုင်ဖို့ ...
movie

Lamya’s Poem (2021)

Renfield(2023) 6.7
Renfield(2023) Renfield(2023)*************ကဲ ပေါကားလောကကနေ ရုပ်ရှင်ရုံကြီးကားလောကထဲကို ပြန်ဝင်လာနိုင်တဲ့ နီကိုလက်ကေ့ရဲ့ ဒရက်ကူလာကားအသစ်လာပါပြီ။နီကိုလက်ကေ့ဟာ တစ်ချိန်က ထိပ်တန်းသရုပ်ဆောင်ကြီးဖြစ်ခဲ့ပြီးမှအကြွေးတွေကြောင့် ကြုံရာကားတွေထိုးရိုက်ရတဲ့ဘဝကိုဆင်းသက်ခဲ့ရတဲ့သူပါ။အခုတော့ သူ တစ်နှစ်ကို တစ်ကားနှုန်းနဲ့ ပိတ်ကားပြင်ပေါ်ကို ပြန်တက်လာနိုင်တာ တကယ်ဝမ်းသာစရာပါပဲ။သူ့ရဲ့သရုပ်ဆောင်အရည်အချင်းတွေကို ပြန်အဖက်ဆယ်နိုင်ခဲ့ပါပြီ။ဒီရုပ်ရှင်ကတော့ ဟော်ရာ၊ ဟာသ အမျိုးအစားပါ။ နီကိုလက်ကေ့က ဒရက်ကူလာအဖြစ် ပါဝင်ထားပြီးသူ့ရဲ့ ရန်ဖီးဆိုတဲ့ နာမည်နဲ့ ဖမ်မီလိရာခေါ် အမှုထမ်းအဖြစ် မင်းသား နီကိုလက်ဟောက်က ပါဝင်ထားပါတယ်။နီကိုလက်ကေ့ဟာအများအားဖြင့် ခေါင်းဆောင်မင်းသားနေရာမရတဲ့ရုပ်ရှင်တွေကို ငြင်းတတ်ပေမဲ့ဒရက်ကူလာအဖြစ်သရုပ်ဆောင်ဖို့က သူ့အိပ်မက်တစ်ခုပဲမို့ ဒီရုပ်ရှင်ကို သဘောတူခဲ့ပါတယ်။သူသရုပ်ဆောင်ဘဝအစမှာ အဖြစ်ချင်ဆုံး ဇာတ်ကောင်သုံးကောင်က Captain Nemo, Superman and Dracula တို့ပါပဲ။ရန်ဖီးဆိုတဲ့နာမည်ကတော့ ဒရက်ကူလာဝတ္ထုထဲက ဒရက်ကူလာရဲ့ အမှုထမ်းနာမည်ကိုပဲ ပြန်သုံးထားတာပါ။ဆေးပညာမှာလည်း ကိုယ့်ကိုယ်ကိုယ် သွေးစုတ်ကောင်လို့မြင်နေပြီး သွေးတွေသောက်သုံးချင်တဲ့ရောဂါကို ရန်ဖီးရောဂါလို့ နာမည်ပေးကြပါတယ်။ မင်းသမီးကတော့ ရှန်းချီရဲ့ သူငယ်ချင်းအဖြစ်လူသိများကြတဲ့မင်းသမီး အော်ကွာဖီနာပါပဲ။ ဒီရုပ်ရှင်ထဲမှာတော့ ရေဘက်ကာ ကွင်စီဆိုတဲ့ ရဲမေအဖြစ် ပါဝင်ထားပါတယ်။ ...
movie

Renfield(2023)

4K HEVC
Condor’s Nest (2023)
Condor’s Nest (2023) ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်ဗုံးကြဲလေယာဥ်တစ်စီးဟာ ဂျာမနီကရန်သူ့စခန်းကို ဗုံးကြဲဖို့သွားရင်း လမ်းတစ်ဝက်မှာပျက်ကျသွားပါတယ် ပျက်ကျသွားတဲ့နေရာက မစွန့်ခွာနိုင်ခင်မှာ နာဇီတပ်ရင်းတစ်ရင်း သူတို့လေယာဥ်ကို တွေ့သွားပါတယ်။ အင်အားချင်းမမျှတာကြောင့် လေယာဥ်ပေါ်မှာပါလာတဲ့ အမေရိကန်တပ်သားတွေဘက်က လက်နက်ချလိုက်ရပါတယ် နာဇီဘက်က ဗိုလ်မှုးဖြစ်သူက အဲလူတွေကို စစ်သုံ့ပန်းအနေနဲ့ ဖမ်းသွားရမဲ့အစား နေရာမှာတင် ပစ်သတ်လိုက်ပေမဲ့ သူမသိလိုက်တာတစ်ခုက လေယာဥ်ပျက်ကျပြီးတော့ ရန်သူလာမလာစောင့်ကြည့်နေတဲ့ ကင်းစောင့်တစ်ယောက် ကျန်နေခဲ့တယ်ဆိုတာပါပဲ စစ်ပြီးလို့ ရာစုနှစ်တစ်ခုအကြာမှာတော့ အဲတုန်းက ကင်းစောင့်ရင်း အသက်ဘေးက လွတ်သွားတဲ့ စစ်သားဟောင်း Will ဟာ သူ့အဖွဲ့သားတွေကို သွေးအေးအေးနဲ့သတ်သွားခဲ့တဲ့ နာဇီဗိုလ်မှုးကို လက်စားချေဖို့လုပ်ရင်း သူထင်ထားတာထက်ပိုရှုပ်ထွေးတဲ့လမ်းကို လျှောက်မိနေတဲ့အခါမှာတော့… File size…(1.7 GB)/(800 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:43:00 Genre...Action, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Cho
movie

Condor’s Nest (2023)

Princess Aurora (2005) 6.5
Princess Aurora (2005) Princess Aurora (2005) =================၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ အမိုက်စား ကားဟောင်းတဖြစ် ကားကောင်းလေးကို မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ ကုန်တိုက်ကြီးတစ်ခု ကနေ စခဲ့တဲ့ လူသတ်မှုပေါ့နော်၊ ကုန်တိုက်ရဲ့ အမျိုးသမီး သန့်စင်ခန်းထဲမှာ အမျိုးသမီးတစ်ယောက် ချွန်ထက်တဲ့ အရာ တစ်ခုနဲ့ ထိုးသတ်ခံထားရပါတယ်။ အဲအမျိုးသမီးကတော့ မသေခင်မှာ သူ့သမီးကို ဆူပူရိုက်နှက်တတ်တဲ့မိခင်မျိုးဖြစ်ခဲ့ ပါတယ်။ဒီအမှုကို စုံထောက်နှစ်ယောက်က တာဝန်ယူထားရပြီး သူတို့ ရတဲ့ တစ်ခုတည်းသော သက်သေအထောက်အထားကတော့ မှုခင်းနေရာမှာ "မင်းသမီး အော်ရိုရာ" စတစ်ကာလေးရှိနေတာပဲ ဖြစ်ပါတယ်။ မှုခင်းနေရာက အမျိုးသမီးသန့်စင်ခန်းဖြစ်တာကြောင့် သံသယရှိသူဟာ အမျိုးသမီးတစ်ယောက်လို့ယူဆထားကြပါတယ်။ နောက်နှစ်ရက်လောက်ကြာပြီးနောက်မှာ နောက်ထပ်အမျိုးသမီး တစ်ယောက် အသက်ရှူကြပ်ပြီးသေဆုံးနေပြန်တယ်။ ဒီနေရာမှာ လည်း "မင်းသမီး အော်ရိုရာ" စတစ်ကာလေးရှိနေပြန်ပါတယ်။ ဒီလိုနဲ့ နောက်ထပ် ဒီလိုပုံစံတူ လူသတ်မှုတွေလည်း ဆက်ဖြစ် လာပါတယ်။ဒီအမှုကို တာဝန်ယူထားတဲ့ စုံထောက်နှစ်ယောက်အနက် တစ် ယောက်ဖြစ်တဲ့ စုံထောက်အို (Moon Sung-Geun)ကတော့ ဒီကွင်းဆက်လူသတ်သမားဟာ သူ့ရဲ့ အရင်မိန်းမ ဂျောင်ဆွန်း ဂျောင်း(Uhm Jung-Hwa)ဖြစ်နိုင်တယ်လို့ သံသယဝင်နေခဲ့ ပါတယ်။ကိုရီးယားမှာ အဲအချိန်အခါကတည်းက ဇာတ်ကားရိုက်ကူးရေး နည်းပညာတွေ တိုးတက်နေခဲ့တဲ့အတွက် ဒီကွင်းဆက်လူသတ် ကားလေးဟာလည်း အခုခေတ်ကားတွေနဲ့ ယှဉ်ရလောက်အောင် ဒါရိုက်တာ(Pang Eun-jin)ရဲ့ လက်ရာပြောင်မြောက်လှပါတယ်။ သာမန် ...
movie

Princess Aurora (2005)

2005
Breakout (2023)
Breakout (2023) အထူးလျှို့ဝှက်တပ်ဖွဲ့ဝင်ဟောင်း အဲလက်စ်ဟာ ထောင်ကျနေတဲ့သားဖြစ်သူကိုလာတွေ့ရင်း ထောင်ထဲက အကျဉ်းသားတစ်ယောက်က အရာရှိတွေကိုလုပ်ကြံပြီး ထောင်ကိုအပိုင်စီးတဲ့ဖြစ်ရပ်နဲ့ကြုံလို့ သူပါ ထောင်ထဲမှာပိတ်မိခဲ့ပါတယ်။ သူ့သားဖြစ်သူပါ ထောင်ထဲမှာရှိနေတော့ ကယ်ထုတ်ဖို့လုပ်ရင်း အထူးတပ်ဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တာနဲ့အညီ တိုက်ရည်ခိုက်ရည်တွေကိုအသုံးချပြီး ထောင်ကျနေလျက်ကနေ လုံခြုံရေးတွေကို သူ့ဘက်ပါအောင်လုပ်ပြီး ထောင်ကိုစီးနင်းနိုင်တဲ့အထိ ဉာဏ်နီဉာဏ်နက်များတဲ့ ရာဇဝတ်သားနဲ့ အားပြိုင်သွားမယ့်ပုံတွေကို ကြည့်ရှုရမယ့် ရုပ်ရှင်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…(1.1 GB)/(600 MB)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:25:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Monica May
movie

Breakout (2023)

Dungeons & Dragons: Honor Among Thieves (2023) 7.5
Dungeons & Dragons: Honor Among Thieves (2023) Dungeons & Dragons: Honor Among Thieves (2023)~ IMDb - 7.5/10, RT - 90%, Meta - 72% ~မြေအောက်ခန်းနဲ့ နဂါးများ D&D ဆိုတာ Table Top ဂိမ်းလောကရဲ့ နာမည်ကြီး Role Play ဂိမ်းတစ်ခုပါပဲ။ ကိုယ်တိုင်ကိုယ်ကျ ဝင်ဆော့ရတဲ့ ဇာတ်လမ်းသွားအရုပ်ဂိမ်းတွေကစလို့ ကွန်ပြူတာ၊ ဖုန်း ပလက်ဖောင်းအစုံမှာ ရှိပြီး လူသန်းပေါင်းများစွာ ဆော့ကစားနေကြပါတယ်။ များပြားလှတဲ့ မျိုးနွယ်စု‌တွေ၊ မှော်သတ္တဝါတွေ၊ လက်နက်တွေ၊ အစွမ်းတွေ အရမ်းကိုစုံတဲ့ဂိမ်းပါပဲ။ ရုပ်ရှင်အနေနဲ့လည်း အရင်က သုံးကားလောက် ထွက်ဖူးပါတယ်။ စာအုပ်တွေလည်းထွက်ထားပါတယ်။ ရုပ်ရှင်ကား‌ဟောင်းသုံးကားကိုလည်း ချန်နယ်မြန်မာမှာ ကြည့်ရှုနိုင်ပါတယ်။ဒီတစ်ခေါက်ကတော့ Wonder Woman ထဲက မင်းသား ခရစ္စပိုင်းက ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ထားပြီး ဘက်ဂျက်များများ ဇာတ်လမ်းကောင်းကောင်းနဲ့ ရုံတင်ပြသထားတာပဲဖြစ်ပါတယ်။ ...
movie

Dungeons & Dragons: Honor Among Thieves (2023)

2023
4K HEVC
The Pay Day (2022)
The Pay Day (2022) ကွန်ပျူတာပရိုဂရမ်မာအဖြစ် ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ဝင်နေတဲ့ ဂျနီဖာဟာ အထက်လူကြီးနဲ့အဆင်မပြေဖြစ်ပြီး အလုပ်ပြုတ်သွားခဲ့ပါတယ်။ အလုပ်ပြုတ်ပြီးနောက် အိမ်လခပေးဖို့ငွေအသည်းအသန်လိုနေတဲ့ဂျနီဖာဆီကို ဘယ်ကမှန်းမသိတဲ့ဖုန်းဝင်လာပြီး အလုပ်တစ်ခုကမ်းလှမ်းခဲ့ပါတယ်။ အဲဒီလူက ဂျနီဖာကို သူများရုံးခန်းထဲခိုးဝင်ပြီး ဒေတာခိုးယူရမယ့် တစ်မနက်စာအလုပ်အတွက် ဒေါ်လာ ၅ သန်းပေးမယ်လို့ကမ်းလှမ်းခဲ့ပါတယ်။ အလုပ်လည်းရှာမရ၊ ငွေလည်းလိုနေတာမှန်ပေမဲ့ တရားမဝင်တဲ့အလုပ်ဖြစ်တာကြောင့် ဂျနီဖာဘက်ကလက်ခံရမှာတွန့်ဆုတ်နေခဲ့ပါတယ်။ ဒါပေမဲ့ အလုပ်ကမ်းလှမ်းသူဘက်က သူ့ကိုအကျပ်ကိုင်ခြိမ်းခြောက်လာတဲ့အတွက်ကြောင့် လက်ခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ သူများကုမ္ပဏီထဲခိုးဝင်ဖို့ မှန်းထားတဲ့အတိုင်းမဖြစ်ဘဲ အလွဲလွဲအချော်ချော်ဖြစ်ပုံတွေ၊ ဒေတာခိုးရင်းကုမ္ပဏီထဲမှာ ဖူးစာဖက်နဲ့ပါတွေ့မယ့်ပုံတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မယ့် ဇာတ်ကားလေးဖြစ်ပါတယ်။File size…(1.1 GB)/(600 GB)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre...Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Monica May
movie

The Pay Day (2022)

The Park (2023)
The Park (2023) အသစ်ထွက်ရှိထားခဲ့တဲ့ The Park ကားဟာဆိုရင် ကပ်ရောဂါတစ်ခုဖြစ်ပွားနေတဲ့ ကာလတစ်ခုမှာ ဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်။ ထူးဆန်းတဲ့ ဗိုင်းရပ်စ်တစ်ခုကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ လူကြီးတွေမှန်သမျှဟာ ဆုံးပါးသွားခဲ့ပြီးတော့ အရွယ်မရောက်သေးတဲ့ ကလေးတွေသာ ကျန်နေခဲ့တာပဲဖြစ်ပါတယ်။ ဇာတ်ကားထဲမှာပါတဲ့အဓိက ဇာတ်ဆောင်၃ယောက်ဟာ စွန့်ပစ်ခံထားရတဲ့ ကစားကွင်ကို ပြန်လည်အသက်သွင်းဖို့ကြိုးစားရင်းနဲ့ သူတို့တွေရော ကပ်ရောဂါကနေရော လွတ်မလွတ်ကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရမယ့် Action Drama Horror Sci-Fi Thriller အမျိုးအစားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဇာတ်အိမ်အဆန်းလေးတွေကိုကြိုက်တတ်တဲ့လူတွေအတွက်ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။File size…(1.7 GB)/(900 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:17:00 Genre...Drama, Action, Horror, Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phyo Phill
movie

The Park (2023)

Sponsored

Genres

Archives