Channel Myanmar

Content at random


Movies

Missing (2023)
Missing (2023)  ဇာတ်လမ်းကို ချုပ်ပြောရရင် အမေပျောက်ရှာပုံတော်ပေါ့ဗျာ။ အဲ့ထက်နည်းနည်းလေးချဲ့ရရင်တော့ ကျွန်တော်တို့ ခေတ်ရဲ့ မြန်နှုန်းမြင့် အင်တာနက်‌တွေ၊ ဆိုရှယ်မီဒီယာတွေဟာ အသုံးပြုသူတွေအပေါ် ကောင်းကျိုးနဲ့ဆိုးကျိုး ဘယ်လိုအကျိုးသက်ရောက်မှု ရှိနေသလဲဆိုတာကို ချပြထားရင်း ဂျန်ဇီး ဇာတ်လိုက်ဟာ သူသိထားတဲ့ ဆိုရှယ်မီဒီယာတွေကိုသုံးပြီး သူ့မိခင်ကိုဘယ်လိုရှာဖွေမလဲ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲလောက်ထိတော့ မရိုးရှင်းနေပါဘူး။ သူသိသမျှမွှေနှောက်ရင်း သူ့အမေရဲ့ အတိတ်၊ သူ့ရဲ့အတိတ်၊ သူ့နားကလူတွေရဲ့အတိတ်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို သိလာတဲ့အချိန် ဘာတွေဆက်ဖြစ်မလဲ။ ဇာတ်လမ်းကလည်း လှည့်ကွက်တွေ ပါသင့်သလောက်ပါတာကြောင့် အဆုံးအထိ မပျင်းပဲ ဆွဲခေါ်သွားနိုင်ပါတယ်။ သူတို့ချပြချင်တဲ့ အကြောင်းအရာတွေကို ၂ နာရီ မပြည့်ဘဲ အကုန်ချပြသွားနိုင်တယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။File size…(2 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre...Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Thant ...
movie

Missing (2023)

Detonator(1993) 6.7
Detonator(1993) Detonator(1993)*****************ဂျာမန်တွေရဲ့ ပလူတိုနီယံအမြောက်အများအခိုးခံလိုက်ရတယ်..ဒီသတင်းက အာဏာပိုင်တွေက ထိန်းသိမ်းထားနိုင်တော့  လူအများကြီးတော့သိပ်မသိခဲ့..သို့ပေမဲ့ နျူကလီးယားရဲ့ အဓိကအစိတ်အပိုင်းဖြစ်လေတော့ထိပ်သီးအင်အားကြီးနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေက သိခဲ့ကြပါတယ်..တစ်နေတော့ ခိုးယူထားတဲ့အကြမ်းဖက်အဖွဲ့တွေဟာ ပလူတိုနီယံတွေတင်ပြီးရထားတွဲတစ်တွဲပေါ်အပြည့်တင်ပြီး ဓားစာခံတွေနဲ့ အတူ စတုဂတ်မြို့ကို ဆက်တိုက်ထွက်ခွာသွားတယ်... လမ်းကြောင်းရပ်အောင်လုပ်တာမျိုး လမ်းကြောင်းလွှဲတာမျိုး တစ်ခုခုလုပ်ခဲ့ရင်ဓားစာခံတွေ သေမယ်လို့ အကြတ်ကိုင်ထားပါတယ်..ဒီသတင်းကို အမေရိကန်တွေလည်းသိရှိသွားပြီး ကမ္ဘာကြီးတစ်ဝက်ဝက်လောက်ပျောက်သွားမယ့်အရေးဆိုတော့မနေသာဘဲ ဝင်ကူရပါတော့တယ်...ဂျန်းဘွန်းမင်းသားကြီးလို့ လူသိများတဲ့ Pierce Brosnan အဓိက ပါဝင်ထားပါတယ်..File Size : (3.1GB)(962MB) and (382MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:32:00 Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Chothet_mlmt Encoded by Phyo Pyae
movie

Detonator(1993)

Run Baby Run (2023) 6.4
Run Baby Run (2023) Run Baby Run (2023) IMDb 6.4ခြေနှစ်ချောင်းမကယ်ကောင်းတဲ့ သနားစိတ်ဝင်ပြီး ကယ်မိရာက အေးဆေးနေတဲ့ကိုယ့်ဘဝကို ငရဲကျအောင်လုပ်မိတဲ့ ဆပ်သရာ ..ဇာတ်လမ်းစစချင်းမှာကို ကျောင်းဆောင်ပေါ်က ကောင်မလေးတစ်ယောက်ခုန်ချသွားခဲ့တယ် နာမည်ကဆိုဖီယာတဲ့ သတ်သေတာလား လုပ်ကြံခံရတာလား...ဆပ်သရာကတော့ ဘာမှမသိဘဲခံရမဲ့ကောင်ပါ တစ်နေ့ .. သူ့ကားထဲမှာဘယ်ကမှန်းမသိတဲ့ကောင်မလေးရောက်နေပါတယ် သူ့နောက်ကိုလူတွေလိုက်လို့ပါဆိုပြီးတက်ပုန်းနေရင်းသူနဲ့တွေ့တယ်ပေါ့ ဖုန်းအားလေးသွင်းချင်လို့ လာကြိုတဲ့လူကိုစောင့်ချင်လို့ဆိုပြီး သူ့တိုက်ခန်းထဲရောက်လာပါတယ် ဆပ်သရာကသနားပြီး တစ်ညတည်းခိုခွင့်ပေးလိုက်မိရာက မနက်ရောက်တော့ အဲဒီကောင်မလေးကထူးဆန်းစွာ‌သူတိုက်ခန်းထဲမှာသေဆုံးနေပါတယ် ဒီလိုနဲ့ရဲသူငယ်ချင်းရဲ့အကြံပေးမှုနဲ့ အလောင်းဖျောက်ဖို့လုပ်ရာကနေ ကြုံတွေရမဲ့ ဒုက္ခတွေ ကြားထဲမှာလည်း Plot Twist တွေ ပါတာ‌ကြောင့် မိသွားမလားဆိုတဲ့ခံစားချက်နဲ့ ကြည့်ရမဲ့ဇာတ်ကားကောင်းဖြစ်တာမို့ တင်ဆက်ပေးလိုက်ရပါတယ် File size…2.6GB / 1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~Nyein Aye
movie

Run Baby Run (2023)

2023
[18+] Flower & Snake (1974) 5.6
[18+] Flower & Snake (1974) Flower & Snake (1974)ငယ်စဉ်က စိတ်ဒဏ်ရာကြောင့် ကြမ်းချင်ပေမဲ့ မစွမ်းနိုင်တဲ့ လူငယ်တစ်ယောက်ရယ်၊ တဏှာလွန်ကဲတဲ့ အဘိုးကြီးတစ်ယောက်ရယ်၊ အဘိုးကြီးမိန်းမ လူငယ်အမျိုးသမီး အရှက်အကြောက်ကြီးလွန်းလို့ လိင်ကိစ္စကို နည်းနည်းလေးမှ မသာယာနိုင်သူ အမျိုးသမီးတစ်ယောက်ရှိတယ်။တစ်ခါသားမှာ အဘိုးကြီးဟာ သူ့မိန်းမကို သူဘယ်လိုမှ ပန်းဦးခြွေမရတာကြောင့် သူ့မိန်းမကို မစွမ်းနိုင်ပေမဲ့ အသေလိင်စိတ်ကြီးတဲ့ ကောင်လေးလက်ကို အပ်ပြီး ဒီမိန်းမကို ညစ်နွမ်းအောင်လုပ်လိုက်လို့ ပြောလိုက်တယ်။ ဒါပေမဲ့ ဟိုသင်းတော့မပြုရလို့ မှာလိုက်တယ်။ ကောင်လေးဟာ အဲဒီအမျိုးသမီးကို အိမ်ခေါ်လာပြီး ရက်ရက်စက်စက် ညစ်ညစ်နွမ်းနွမ်းကိစ္စတွေကို သူ့အမေနဲ့ပေါင်းလုပ်တယ်။ ဒါပေမဲ့ ကောင်လေးဟာ ဒီကောင်မလေးနဲ့ကျမှ မင်းနဲ့မှ ထောင်တတ်ပြီဆိုသလို ထောင်သွားတယ်။ ဒီတော့ ယောက်ျားမမည်တမည်ဖြစ်နေလို့ စိတ်ညစ်နေတဲ့ကောင်လေးဟာ သူ့ဘောစ်မှာတဲ့ ဟိုသင်းမပြုရဆိုတဲ့ စည်းကမ်းချက်ကို ဖောက်ဖျက်မိတယ်။ ကောင်မလေးကရော ဘယ်လိုပုံပြောင်းသွားမလဲ... ကောင်လေးကရော ဘယ်လိုချစ်မိသွားမလဲ... အဘိုးကြီးကရော သူတို့ရဲ့ချစ်ခြင်းကိုခွဲမလား ဒီရုပ်ရှင်မှာ ကျွန်တော်တို့ ပြာပြာရီခံစားကြရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို s ...
movie

[18+] Flower & Snake (1974)

1974
Dangerous Medicine (2021) 5.0
Dangerous Medicine (2021) Dangerous Medicine (2021) ====================Dangerous Medicine ဆိုတဲ့ အခုဇာတ်ကားလေးက လူတွေကို အကွက်ကျကျဇာတ်လမ်းဆင်ပြီး အန္တရာယ်ပေးတတ်တဲ့ လူတစ် ယောက်ကို ပြင်ပကမ္ဘာမှာ လွှတ်ထားမိတဲ့ အလျောက် နောက်ထပ် လူတွေကိုပါ အန္တရာယ်ပေးဖို့ဖြစ်လာပါတော့တယ်။ရယူလိုစိတ်တစ်ခုကို ရှေ့တန်းတင်တတ်တဲ့၊ ဘာမဆိုလုပ်ရဲတဲ့၊ စိတ် ပိုင်းဆိုင်ရာ မူမမှန်တဲ့ လူတစ်ယောက်အကြောင်းကို အခြေတည်ရိုက် ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းက plot holes တွေလည်းရှိနေပြီး လုပ်ယူထားတာမျိုးတွေလည်းတွေ့ရတတ်ပေမဲ့ အတိုင်းအတာတစ်ခု လောက်ထိ စိတ်ဝင်စားဖို့ကောင်းတာမို့ ကြည့်ရှုနိုင်ရန် တင်ဆက်ပေး လိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khin Thant Sin Tun ဖြစ်ပါတယ်)File Size..........(1.61 GB) / (559 MB) / (351 MB) Quality............WEB-RIP 1080p / 720p / 480P Duration.........1Hr 27Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Lwin Bo Encoder..........SWM
movie

Dangerous Medicine (2021)

2021
Goodbye Summer (2019) 5.6
Goodbye Summer (2019) Goodbye Summer (2019) ==================တကယ်လို့ သင့်ဆီမှာ မကြာခင်သေရတော့မယ့်ရောဂါတစ်ခုရှိ နေတယ်ဆိုပါစို့။ ဒါဆို သင်တစ်ဖက်သတ်ချစ်နေရတဲ့သူကို ဖွင့် ပြောမှာလား မပြောဘူးလား၊ အကယ်၍ ဖွင့်ပြောဖြစ်ခဲ့ရင်ရော သူကလက်ခံနိုင်ပါ့မလား၊ တွေးစရာတွေကတော့ အများကြီးပါပဲ။ သေခါနီးလူတစ်ယောက်က ကြိတ်ချစ်ရတဲ့ကောင်မလေးကို ဖွင့် ပြောတာက တစ်ကိုယ်ကောင်းဆန်လွန်းတယ်လို့လည်းထင်နိုင် သလို တစ်ဖက်ကတွေးကြည့်ရင် ကိုယ့်ရဲ့နောက်ဆုံးဆန္ဒမို့လို့ ဒါဟာ တရားမျှတတယ်လို့လည်း ဆိုနိုင်တာပါပဲ။ ဒီဇာတ်ကား လေးထဲမှာလည်း အဓိကပြောသွားတဲ့အကြောင်းအရာက ဒီ( ၂) ချက်ပါပဲ။ဇာတ်လမ်းလေးရဲ့အကျဉ်းကတော့ ရောဂါတစ်ခုနဲ့မကြာခင် သေဆုံးရတော့မယ့် ဟျွန်းဂျယ်ဆိုတဲ့အထက်တန်းကျောင်းသား လေးတစ်ယောက်ရဲ့ နေ့ရက်တွေဖြတ်သန်းပုံကို စကားတွေအများ ကြီးမပြောဘဲ ရိုက်ကူးထားတဲ့ပုံနဲ့တင်ဆက်ထားတာပါ။ သေနေ့ စေ့နေတဲ့ သာမန်အထက်တန်းကျောင်းသားလေးတစ်ယောက်ရဲ့ ခံစားချက်တွေ၊ အတွေးတွေအမြင်တွေ၊ သူ့အတွေးအမြင်တွေ အပေါ် သူ့ပတ်ဝန်းကျင်ကလူတွေရဲ့ဖိအား၊ ရိုက်ခတ်ချက် စတာ တွေကို scenario သဘောမျိုးနဲ့ တင်ဆက်ထားတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ပါ။ သရုပ်ဆောင်တွေအနေနဲ့ကတော့ YG Ent. Ex-rapper ONE (or) Jung Jaewon နဲ့ Sky Castle စတားKim Bora တို့ အဓိကပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khin Thant Sin Tun ဖြစ်ပါတယ်)File Size..........(990 MB) ...
movie

Goodbye Summer (2019)

2019
The Divine Move(2014) 6.7
The Divine Move(2014) The Divine Move(2014) မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ညတစ်ည....မိုးချိန်းသံတွေကိုဥပေက္ခာပြုပြီး အခန်းတစ်ခုအတွင်းမှာ လူ(၂)ယောက်ဂိုကစားနေကြတယ်...လောင်းကစားလောကဟာ တစ်ကွက်ကြိုမြင်သူ နှာတစ်ဖျားသာစမြဲမို့  ဘယ်သူမှမသိအောင်  နောက်ခံကစားပေးတဲ့သူလည်း ကိုယ်စီရှိကြတယ်....အင်္ကျီအနက်နဲ့လူကို နောက်ခံကစားပေးတဲ့သူကတော့ သူ့ရဲ့ညီအရင်းဖြစ်တဲ့ ထယ်ဆုတ်ပါပဲ...သို့ပေမယ့် သူတို့ညီအကို(၂)ယောက်ကံမကောင်းခဲ့ဘူး...သူတို့ နောက်ခံကစားပေးတာကို တစ်ဖက်အဖွဲ့က သိသွားလို့ ညီအကို(၂)ယောက်လုံးအဖမ်းခံလိုက်ရတယ်... ညီအကို(၂)ယောက်လုံး အားရအောင်နှိပ်စက်သွားတဲ့အပြင် အကိုဖြစ်သူမှာလည်းလည်ပင်းကိုလှီးသတ်ခံလိုက်ရတယ်...ထယ်ဆုတ်အတွက် မျက်စိရှေ့တွင်ပင် အကိုဖြစ်သူသတ်ခံလိုက်ရတဲ့အပြင်မိမိကိုယ်တိုင်မှာလည်း လူသတ်သမားအဖွဲ့၏ ထောင်ချောက်ဆင်မှုကြောင့်အကိုဖြစ်သူအားသတ်မှုနဲ့ထောင်ကျသွားပါတော့တယ်...ဒီနောက်ပိုင်းတော့  နာကျဉ်းမှုတွေပြည့်နှက်နေတဲ့ ထယ်ဆုတ်အတွက် ကျားနာတစ်ကောင်အသွင်သို့ပြောင်းသွားပါတော့တယ်...ဒီကားက ၂၀၁၄ခုနှစ်မှာထွက်ရှိပြီးတော့ ထယ်ဆုတ်အဖြစ် Woo-sung Jung ကသရုပ်ဆောင်ထားပါတယ်...Cold eyes နဲ့ Steel Rain တို့ကိုကြည့်ဖူးရင် သူ့ကိုရင်းနှီးပြီးသားဖြစ်မှာပါ...အရပ် ၆ပေ ၁လက်မ ၊မျက်လုံးပေါက်မှေးကျဉ်းကျဉ်းနဲ့ ဒီမင်းသားကြီးဟာCold eyes ထဲမှာဆို ဘောပင်နဲ့ ဇွတ်ခနဲ ဇွတ်ခနဲ ထိုးသတ်တာကို ကျွန်တော်တို့သဘောကျခဲ့ကြတယ်..ပြောရရင် ဒီကားကတောင်ပိုတောင်ကြမ်းမယ်ထင်တယ်...ဓားတိုတွေနဲ့ စွတ်ခနဲ လည်ပင်းကိုဖြတ်လှီးတာတွေမျက်နှာတွေမတွန့်ပဲ ဗိုက်တွေကို ဓားနဲ့ဇွတ်ခနဲထိုးတာတွေ  တကယ့် အမိုက်စားအက်ရှင်ခန်းတွေနဲ့.....ဇာတ်လမ်း ဇာတ်အိမ်လည်းကောင်းသလိုအက်ရှင်ခန်းတွေထိုးသတ်ခန်းတွေမှာဆိုလည်း ကြည့်ရင်းအူတွေပါယားလာသလိုလိုဖြစ်မိလိမ့်မယ်...ကိုင်းညွှန်းတာလည်း ...
movie

The Divine Move(2014)

2014
The Dead Lands (2014) 6.3
The Dead Lands (2014) The Dead Lands (2014)~ IMDb - 6.3/10, Rotten Tomatoes - 70% ~မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးကို ပြန်ဖောက်မယ်ဆိုရင် ကမ္ဘာကြီးက မျက်ကန်းတို့ပျော်စံရာဖြစ်သွားမှာပေါ့လေ။ အိန္ဒိယလူထုခေါင်းဆောင်ကြီး ဂန္ဓီပြောခဲ့တဲ့စကားလေးပါ။ လက်စားချေခြင်းဟာ သတ်ဖြတ်ခြင်းသံသရာကိုပဲ ဆက်လည်ပတ်စေမှာဖြစ်လို့ စိတ်ဓာတ်အင်အားနဲ့ နှလုံးသားကြီးမြတ်သူတို့ကပဲ သံသရာစက်ကွင်းကို ခါးလယ်က ဖြတ်နိုင်ကြပါတယ်။သူ့မြေ ကိုယ့်မြေခွဲပြီး သူတစ်လူငါတစ်မင်း နေခဲ့ကြတုန်းက ကြီးကျယ်တဲ့စစ်ပွဲကြီးတွေ ခဏခဏ ဖြစ်ပွားခဲ့ဖူးတယ်။ နောက်တော့ ငြိမ်းချမ်းရေးအတွက် မျိုးနွယ်စုတွေအားလုံး အာဃာတတွေ သင်ပုန်းချေအပြီး တည့်တည့်ရှုရှုနေချိန်ရောက်တော့မှပဲ စစ်ပွဲနတ်ဘုရားက လူသားတွေကို လက်ဆောင်ပေးလိုက်တဲ့ တိုက်ပွဲတစ်ပွဲကို ဖော်ကျူးတဲ့ဇာတ်ကားပါ။ဘိုးဘွားတို့အမွေ၊ အစာနဲ့ရေကိုပေးတဲ့မြေ၊ ခိုလှုံရာအမိမြေက ကိုယ့်မျိုးနွယ်ကို သစ္စာဖောက် ကျောခိုင်းခဲ့သူ နတ်ဆိုးကြီးအမည်တွင် မကောင်းဆိုးဝါးကြီး...ငြိမ်းချမ်းရေးကြီးစိုးနေတဲ့မြေမှာ ယောက်ျားတို့ဂုဏ်သရေထွန်းပြောင်ချင်တဲ့ဆန္ဒသက်သက်နဲ့ စစ်ပွဲကို အတင်းခေါ်သွင်းလာသူ ဂုဏ်မက်သူကြီး ဝီရပါ...ရာသီဆယ့်ခြောက်ခါပြောင်းတာကို မျက်မြင်ကြုံရတဲ့အရွယ်ဆိုပေမယ့် ပုညှက်ညှက်လူ့ဖလံလေးပဲဖြစ်နေတဲ့ စစ်သည်တော်မဟုတ်သူကောင်ကလေး...သူတို့ကြားက မျိုးနွယ်စုရန်ငြိုးတွေ၊ ယောက်ျားတို့ရဲ့ ...
movie

The Dead Lands (2014)

2014
Cocaine Bear (2023) 6.4
Cocaine Bear (2023) Cocaine Bear (2023)ဖြစ်ရပ်မှန်တစ်ခုကို အခြေခံထားတဲ့ ဟာသ ဟော်ရာ ရုပ်ရှင်ကားသစ်တစ်ကားဖြစ်ပါတယ်။ ကိုကိန်း ၇၅ ပေါင်လောက်ကို စားမိခဲ့တဲ့ ဝက်ဝံနက်ကြီးတစ်ကောင်းအကြောင်းပါပဲ။ မူရင်းအဖြစ်အပျက်မှာတော့ ယနေ့ခေတ်တန်ကြေးနဲ့ ဒေါ်လာ သန်း ၅၀ ဖိုးလောက်ရှိတဲ့ ကိုကိန်းတွေကို စားပစ်ပြီး ဝက်ဝံက ဆေးလွန်သေသွားခဲ့တာပါ။ ဒါပေမဲ့ ဒီရုပ်ရှင်ထဲမှာတော့ ဆေးကွဲပြီးသောင်းကျန်းပြပါလိမ့်မယ်ဗျာ။ ဒါရိုက်တာကတော့ Hunger Games နဲ့ Pitch Perfect ရုပ်ရှင်တွေမှာ သရုပ်ဆောင်လုပ်ခဲ့တဲ့ မင်းသမီး Elizabeth Banks ပဲ ဖြစ်ပါတယ်။၁၉၈၅ ခုနှစ်တုန်းက သွန်တန်ဆိုတဲ့ဘိန်းမှောင်ခိုသမားတစ်ယောက်ဟာ ကိုကိန်းတွေအပြည့်ပါတဲ့ အိတ်တစ်လုံးနဲ့ လေယာဉ်ပေါ်ကနေ လေထီးနဲ့ခုန်ချခဲ့ပေမဲ့ လေထီးမပွင့်ဘဲ သေဆုံးသွားခဲ့ပါတယ်။ အဲဒီ ကိုကိန်းမှုန့်တွေကို ဝက်ဝံတစ်ကောင်က စားမိသွားပြီး သောင်းကျန်းတဲ့ ဒဏ်ကို၊ ရဲတွေ၊ ခရီးသွားတွေ နဲ့ ဘိန်းဖြူတွေပြန်လိုက်ယူတဲ့ဘိန်းမှောင်ခိုအဖွဲ့တွေ ကောင်းကောင်းကြီးခံရပုံကို ရိုက်ပါထားတာပါပဲ။ ဟာသဆိုပေမဲ့ ကိုက်တာဖြတ်တာပြတ်တာတွေနဲ့ ဆဲတာတွေပါလို့ R rated သတ်မှတ်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... ...
movie

Cocaine Bear (2023)

Everything Everywhere All at Once(2022) 8.7
Everything Everywhere All at Once(2022) Swiss Army Man လို ငစားကားတွေ ရိုက်ခဲ့တဲ့ Dan Kwa နဲ့ Daniel Scheinert တို့ ဒါရိုက်တာအတွဲရဲ့ နောက်ထပ် ပြောင်မြောက်တဲ့ ရုပ်ရှင်ကြီးလာပါပြီ။ခေါင်းစားမလားဆိုတော့ စားလည်းစားပါတယ်၊ မစားလည်းမစားပါဘူး။ သိပ္ပံစိတ်ကူးယဉ် အပြိုင်စကြဝဠာတွေအကြောင်းကို ဟာသတွေ ကွန်ဖူးတွေနဲ့ အခြေခံထားတဲ့ မိသားစုဇာတ်လမ်းလေးပါ။ အက်ဒ်မင်တော့ အတော်ကြိုက်ပါတယ်။ဒီရုပ်ရှင်ထဲမှာလည်း အနန္တစကြဝဠာပါပဲ။ အပြိုင်စကြဝဠာတွေ အများကြီးရှိပါတယ်။ Quantum superposition ဆိုတဲ့သဘောတရားလိုပဲ ဒြပ်မှုန်တွေဟာ ဖြစ်တည်မှုအခြေအနေမျိုးစုံမှာတပြိုင်တည်းရှိနေတဲ့သဘောပါ။ မာဗယ်ရဲ့ Multiverse တွေလိုပဲ လူတစ်ယောက်ရဲ့ ရွေးချယ်မှုကနေ အပြိုင်စကြဝဠာတွေ အဆုံးမရှိအောင်ခွဲထွက်သွားတာပဲ။ ဒီရုပ်ရှင်ထဲမှာတော့ လူတစ်ယောက်ရဲ့ ရွေးချယ်မှု သေးသေးလေးတွေကအစ အပြိုင်စကြဝဠာတစ်ခု ရှိသွားနိုင်ပါတယ်။အဓိကမင်းသမီးကြီးဖြစ်တဲ့ မီရှဲယိုကတော့ စကြဝဠာတစ်ခုထဲက အက်ဗလင်း ဆိုတဲ့ နာမည်နဲ့ ပင်မင်းဆိုင်ပိုင်ရှင်လေးပေါ့။ အရမ်းရိုးအေးတဲ့ ယောကျာ်းတစ်ယောက်ရယ် မိန်းကလေးချင်း ချစ်ကြိုက်နေတဲ့ သမီးတစ်ယောက်ရယ်ရှိတယ်။ ဒါပေမဲ့ အခြားစကြဝဠာက မီရှဲယိုကတော့ ဆရာမကြီးပါ။ ...
movie

Everything Everywhere All at Once(2022)

4K HEVC
(18+) Skin of Roses (1978) 4.5
(18+) Skin of Roses (1978) သရုပ်ဆောင် ဒါရိုက်တာ ထုတ်လုပ်သူ မမ Naomi Tani ရဲ့ လက်ယာမြောက်ဇာတ်ကားကောင်းတစ်ကား ဂျပန်နိုင်ငံရဲ့ လူမိုက်ဂိုဏ်ကြီးတစ်ခုရဲ့ မြေစာပင်လေး သူက သူ့ယောင်္ကျားအကြွေးတွေကို ရရာနည်းနဲ့ အလုပ်လုပ် ပိုက်ဆံစုပြီး လက်ရှိသူကျင်လည်နေတဲ့ လောကက ထွက်ခွါချင်နေသူ သူ့မှာလည်း ဆိုးတူကောင်းဖက် သူငယ်ချင်းနှယောက်ရှိတယ် သူလုပ်ရတဲ့အလုပ်က အဲဒီခေတ်အခါတုန်းက ဝင်ငွေအကောင်းဆုံး အလုပ်လို့တောင်ပြောလို့ရတဲ့အလုပ် Reall Sex Show ပါပဲသူမရဲ့ အမူအရာနဲ့ အပြောအဆိုကိုကြည့်ချင်လွန်းလို့ ပိုက်ဆံတွေပုံအောပေးပြီး လာကြည့်နေတဲ့ သူဌေးတွေက ဒုနဲ့ဒေး အဲဒါကို ပိုင်ရှင်က စီးပွါးရေးအကွက်မြင်သွားတဲ့အခါ သူငယ်ချင်းသုံးယောက် လူဆိုးဂိုဏ်းကြီးနဲ့ ဘယ်လိုတွေ လုံးချာပတ်ချာလည်လိုက်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းလှပြီး အလှအပတွေကို တစ်မျိုးလေးခံစားရတဲ့ ဇာတ်ကားကောင်းလေးဖြစ်နေတာကြောင့် DS Fans တွေအတွက် တင်ဆက်ပေးလိုက်ပါတယ် File size…1.06GB / 500MB Quality…1080p BluRay /720p Format…mp4 Duration….1h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi
movie

(18+) Skin of Roses (1978)

1978
Eliminate Evil: Speedsters ( 2023 ) 6
Eliminate Evil: Speedsters ( 2023 ) ဒီနေ့မှာတော့ CM က ပရိတ်သတ်ကြီးကို ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ ။ ဒီဇာတ်ကားလေးဟာဆိုရင် ပြည်သူတွေရဲ့ လုံခြုံမှုအတွက် ကိုယ်ကျိုးစွန့်ကာ ကာကွယ်ပေးခဲ့ကြတဲ့ လင်ယန် ဦးဆောင်သော အထူးရဲတပ်ဖွဲ့အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။၂၀၀၄ ခုနှစ် တရုတ်နိုင်ငံအတွင်းမှာ ဓားပြတိုက် လုယက်မှုတွေနဲ့အတူ ရက်စက်စွာသတ်ဖြတ်မှုတွေကိုလဲ တွေ့ကြုံနေရပါတယ်။ ဒါပေမဲ့ကျူးလွန်သွားတဲ့တရားခံဟာ ခြေရာခံဖို့ခက်ခဲလွန်းသည့်အတွက်ကြောင့် ဖမ်းဆီးဖို့အတွက် မဖြစ်နိုင်ခဲ့ပါဘူး ။ တစ်နေ့မှာ လင်ယန် ဦးဆောင်တဲ့ အထူးတပ်ဖွဲ့ဟာ တရားခံကို ဖမ်းဆီးနေစဥ်အတွင်း ဖမ်းမိခါနီးလက်မတင်လေးအလိုမှာ လွတ်မြောက်သွားခဲ့တာကြောင့် လင်ယန်တစ်ယောက် ယူကျုံးမရဖြစ်ကာ အပြစ်ရှိသလို ခံစားနေခဲ့ရရှာပါတော့တယ် ။ဒီလိုနဲ့ ကိုယ့်လက်ထဲကနေလွတ်မြောက်သွားတဲ့ ဒုစရိုက် တရားခံကို ပြန်လည်ဖမ်းဆီးဖို့အတွက် အသစ်တစ်ဖန် အစီအစဥ်ဆွဲကာ အမှုကို လိုက်ခဲ့ရမှာတော့ ....?❏ တကယ့်တရားခံအစစ်အမှန်ကို သူတို့တွေ့ရှိနိုင်ပါ့မလား ? ❏ သတ်ဖြတ်မှုတွေ လုယက်ခံရသူတွေ အစရှိတဲ့ နစ်နာသူတွေအတွက် တရားမျှတမှူရော သူတို့တွေရှာဖွေပေးနိုင်ပါ့မလား ? ❏ အသက်စွန့်လွှတ် ပေးဆပ်မှုတွေပါ ကြုံလာရာတဲ့အခါမှာတော့ သူတို့အဖွဲ့ဘယ်လိုတွေရင်ဆိုင်ကြမလဲဆိုတာ ? ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုလိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : ...
movie

Eliminate Evil: Speedsters ( 2023 )

Beginners(2010) 7.2
Beginners(2010)  အိုလီဗာဖီးဒ်ဟာ မိဘတွေရဲ့ထူးဆန်းတဲ့အိမ်ထောင်ရေးကြောင့် တခြားသူကိုရေရှည်ချစ်ကြည့်ဖို့မဝံ့ရဲပဲ အသက်သုံးဆယ့်ရှစ်နှစ်ရှိလာခဲ့ပါတယ်။ လူပျိုကြီးဘဝနဲ့ အရိုးထုတ်ဖို့ဆုံးဖြတ်ထားတဲ့အိုလီဗာဟာ တစ်နေ့တော့ ပါတီမှာအမှတ်မထင်ဆုံခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်မိသွားတဲ့အခါမှာတော့... အိုလီဗာ့လိုပဲ ငယ်ဘဝစိတ်ဒဏ်ရာတွေရှိနေတဲ့ အချစ်ကိုကြောက်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ သူတို့နှစ်ယောက်ကြားမှာတဖြည်းဖြည်းအမြစ်တွယ်လာတဲ့သံယောဇဥ်တွေရယ် အိုလီဗာရဲ့ဘဝဇာတ်ကြောင်းရယ်ကို လှပစွာပြသသွားတဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဒရမ်မာကားကောင်းတွေကြိုက်တတ်ရင် ပေးရတဲ့အချိန်နဲ့တန်မယ့်ဇာတ်ကားကောင်းတစ်ပုဒ်ပါလို့ ညွှန်းရင်းတင်ဆက်လိုက်ရပါတယ်။ File size…1.04 GB /470 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 45m Genre ..... Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chole Khin
movie

Beginners(2010)

Housebound(2014) 6.7
Housebound(2014) "Housebound"ဇာတ်ကားလေးကတော့ ၂၀၁၄ ခုနှစ်က ထွက်ခဲ့တဲ့ horror-comedy အမျိုးအစား ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းမှာ မိန်းကလေးတစ်ယောက် အမှုဖြစ်လို့ ငယ်စဥ်က နေခဲ့တဲ့အိမ်မှာ အကျယ်ချုပ်ကျပြီးနောက် သူ့နေအိမ်မှာ သရဲခြောက်နေတဲ့ အဖြစ်အပျက်တွေကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။Horror-comedy တွေရဲ့ ထုံးစံအတိုင်း ကြောက်တစ်လှည့်၊ ရယ်တစ်လှည့် ကြည့်နေရင်း ဇာတ်လမ်းထဲ နစ်မျောသွားအောင် ဒါရိုက်တာ Gerard Johnstone က ရိုက်ကူးဖန်တီးထားပါတယ်။ ဒီကားလေးက ရုပ်ရှင်ဆုပေးပွဲတွေမှာ ဆု(၆)ခုရပြီး ဆန်ကာတင် (၂၂)ခေါက် ပါဝင်ထားတဲ့ ဇာတ်ကားကောင်း‌လေးဖြစ်လို့ လက်လွတ်မခံဘဲ ကြည့်သင့်တဲ့ကားလို့ တိုက်တွန်းလိုက်ပါတယ်(အညွှန်းနဲ့ ဘာသာပြန်ဆိုထားတာကတော့ Kelvin ဖြစ်ပါတယ်)File size…1.16GB / 493 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 47m Genre ..... Comedy , Horror , Mystery Subtitle….Myanmar Subtitle ...
movie

Housebound(2014)

Harmony(2010) 7.5
Harmony(2010) Harmony(2010)**************၂၀၁၀ ကထွက်ရှိထားပြီး Imdb 7.5 ရှိတဲ့ ထောင်တွင်းဒရာမာဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ချောင်းဂျူအမျိုးသမီးအကျဉ်းထောင်မှာဆို ဟုန်ဂျောင်ဟဲနဲ့မင်ဝူးလေးတို့သားအမိကို မသိသူမရှိကြပါဘူး။ဒီလိုနဲ့ပဲ တစ်ထောင်လုံးရဲ့အချစ်တော်မင်ဝူးလေးလည်း အသက်တစ်နှစ်ပြည့်လို့လာခဲ့ပါပြီ။တောင်ကိုရီးယားနိုင်ငံရဲ့ အခြေခံအရပ်သားဥပဒေအရ ထောင်ဒဏ်ကျခံနေစဉ်ကိုယ်ဝန်ရှိလို့ ကလေးမွေးလာတဲ့အခါမှာ ကလေးအသက်တစ်နှစ်ခွဲအထိပဲ မိခင်နဲ့အတူနေခွင့်ပေးတာဖြစ်တဲ့အတွက်ခွဲခွာရမယ့် နေ့ရက်တွေက တဖြည်းဖြည်းနီးကပ်လို့လာနေပါတော့တယ်။ထောင်ထဲမှာပဲမွေး ထောင်ထဲမှာပဲကြီးလာတဲ့သားလေးအတွက် မခွဲခင်မှာသာမန်သားအမိတွေလိုမျိုး တစ်ရက်လောက်ပဲ အနည်းဆုံးနေကြည့်ချင်မိတာကတော့ မိခင်ဖြစ်သူရဲ့ဆန္ဒပဲဖြစ်ပါတယ်။တစ်နေ့မှာတော့ ဟုန်ဂျောင်ဟဲတစ်ယောက် ထောင်သားတွေအတွက် ပြန်လည်ထူထောင်ရေးစီမံကိန်းကို အကြောင်းပြပြီးတစ်ရက်လောက်အပြင်ထွက်ရဖို့ အခွင့်ဖန်စရာတွေ့လာပါတော့တယ်။ အဲ့ဒီနောက်မှာတော့....File Size :(998MB) and (433MB) Quality : WEB-DL720P, 480p Format…mp4 Duration…01:55:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wut Yi Encoded by Phyo Pyae     
movie

Harmony(2010)

Beasts of the Southern Wild (2012) 7.2
Beasts of the Southern Wild (2012) Beasts of the Southern Wild (2012)~ IMDb - 7.2/10, RT - 86%, Meta - 86% ~ဟာရီကိန်း မုန်တိုင်းကြီး လာတော့မယ်တဲ့...လူဝီစီယားနားမြစ်ဘေးက ‘ရေချိုးကန်’လို့ ခေါ်ကြတဲ့ ကျွန်းလေးတစ်ကျွန်းမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတယ်။ တချို့က ကြောက်လို့ ပြေးကြပြီ။ တချို့ကတော့... “အို... ငါတို့ဒီမြစ်ဘေးမှာ တသက်လုံး နေလာတာ... ဒါငါတို့အိမ်၊ ဒါငါတို့ကျွမ်းကျင်ရာမြေ... ဘာကိုများ မှုနေရဦးမလဲ...” ဟုတ်ပါရဲ့… မြစ်နံဘေးမှာ နေသူတွေအဖို့ မုန်တိုင်းနဲ့အတူ ပါလာမယ့် ရေကိုပဲ အပိုလုပ် ကြောက်နေရဦးမလား... ဝေးသေးတယ်။အစိုးရက မြောက်ပိုင်းကို ပင်လယ်ရေတက်တာလာကနေ ကာကွယ်ဖို့ တည်ဆောက်ထားတဲ့ ရေကာတာရဲ့နောက်မှာ သူတို့ရဲ့ ‘ရေချိုးကန်’လေး ရှိနေတာ။ ဝင့်ခ်ကတော့ ခေါင်းမာရဲတင်းသူပီပီ ဘာကိုမှ အကြောက်အလန့်မရှိ... ဒါပေမဲ့ သူစိုးရိမ်တာတခုက သူမရှိတော့တဲ့နောက် သူ့သမီးလေး ဟက်ရှ်ပက်ပီ တစ်ယောက်တည်း ဘယ်လိုရှင်သန်မလဲဆိုတာပဲ။ ...
movie

Beasts of the Southern Wild (2012)

2012
(18+) Hawas Ki Inteha (2016) 6.2
(18+) Hawas Ki Inteha (2016) Hawas Ki Inteha (2016)လင်ရယ် မယားရယ်လို့ ဖြစ်လာကြပြီဆိုရင် ဆိုးတူကောင်းဖက်အတူလက်တွဲသွားကြပြီး ဘဝသက်ဆုံးတိုင် နားလည်မှုတွေနဲ့ ဘဝကို တည်ဆောက်ကြရမှာပါ။ဒီလိုမှ မဟုတ်ရင်တော့ ထိုအိမ်ထောင်..ထိုလင်မယားဟာ ရှားစောင်းနဲ့မျက်ချေးလို တစ်မိုးအောက်ထဲက ရန်သူတွေလိုပါပဲ။အိမ်ထောင်တစ်ခုမှာ အချစ်က အခရာကျသလို လိင်မှုကိစ္စဟာလည်း အဓိကကျပါတယ်။ မှားတဲ့လူရှိရင် ခွင့်လွှတ်ပေးနိုင်တဲ့သူ ရှိရမှာဖြစ်သလို မှားတဲ့သူဟာလည်း အဲ့ဒီအမှားမျိုးကို နောက်ထပ်မကျူးလွန်သင့်ပါဘူး။အမှားတွေကို မလွန်ဆန်နိုင်တော့တဲ့အထိဖြစ်လာတဲ့အခါမှာတော့ အိမ်ထောင်တစ်ခုဟာ ပျက်တော့မှာပဲမဟုတ်လား။ဒီဇာတ်ကားမှာလည်း ရာဂစိတ်ကြောင့် အမှားနွံထဲနစ်ပြီး ဘဝပျက်ခဲ့ရတဲ့ လင်မယားအကြောင်းကို ပညာပေးရိုက်ကူးတင်ဆက်ပေးထားပါတယ်။၁၈အပေါင်းအခန်းလေးတွေလည်း ပါတာမို့ ၁၈ယောက်စုကြည့်ကြပါနော်။ File size…1.8GB / 925MB Quality…1080p AMZ WEB DL /720p Format…mp4 Duration…1h 56m Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Devil
movie

(18+) Hawas Ki Inteha (2016)

2016
Tori and Lokita (2022) 7
Tori and Lokita (2022) Tori and Lokita (2022)~ IMDb - 7/10, RT - 89%, Meta - 75% ~Dardenne brothers လို့လည်း လူသိများတဲ့ ဒီကားရဲ့ Writer/Director Jean-Pierre နဲ့ Luc တို့ ညီအစ်ကို၂ယောက်ဦးရဲ့ ၂၀၂၂ ထွက် လက်ရာပါ။ သူတို့ ညီနောင် ၂ဦးဟာဖြင့် အခု Tori and Lokita အပါအဝင်ဆိုရင် Cannes ရဲ့ အမြင့်ဆုံးဆု Palme d’Or ကို ၂ကြိမ်တောင် ရထားကြတဲ့သူတွေပါ။ဇာတ်လမ်းအကြောင်းလေး စလိုက်ပါမယ်။ လိုကီတာဆိုတဲ့ မြှီးကောင်ပေါက်ဆယ်ကျော်သက်မလေးနဲ့ တိုရီဆိုတဲ့ ၁၁နှစ်သာသာ ကောင်လေးတစ်ယောက် ဘလ်ဂျီယံနိုင်ငံမှာ ခိုလှုံဖို့ရောက်ခဲ့ပါတယ်။ တိုရီလေးဟာတော့ ချက်ချင်းလက်ခံခဲ့ရပေမယ့် လိုကီတာကတော့ မေးမြန်းခံရခြင်းတွေအဆင့်ဆင့်ကို ရင်ဆိုင်ရင်း တရားဝင်နေထိုင်ခွင့်လက်မှတ် ထုတ်ပေးခြင်းမခံရရှာပါဘူး။ ၂ယောက်သားဟာ မောင်နှမတွေလို့ ...
movie

Tori and Lokita (2022)

2022
Antique(2008) 7.0
Antique(2008) Antique(2008)**************အလောင်ကားတွေပဲကြည့်နေလို့ ပူလောင်နေရရင် ဒီ comedy, romance, friendship အမျိုးအစားဖြစ်တဲ့LGBT movie လေးကိုကြည့်ကြည့်ကြပါ။၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့ပြီး rating လည်းကောင်းပါတယ်။ cast တွေကလည်းရှယ်ပါပဲ။ဇာတ်လမ်းကတော့ လူပေါ်ကြော့သူဌေးသားလေးဂျင်ယော့ဟာ ကိတ်မုန့်ဆိုင်လေးတစ်ဆိုင်ဖွင့်ဖြစ်ခဲ့ပါတယ်။ကိတ်မုန့်ဆိုင်မှာကိတ်မုန့်ဖုတ်မယ့်သူရှာရင်းနဲ့ သူ့ကိုအထက်တန်းတုန်းက crush ခဲ့တဲ့မင်ဆွန်းဝူနဲ့အတူတူအလုပ်လုပ်ဖို့ဖြစ်လာပါတယ်။ မင်ဆွန်းဝူကတော့ ‘နတ်ဆိုးလိုဆွဲဆောင်မှုရှိတဲ့ဂေး’ ဆိုပြီးတော့တင်စားကြရလောက်အောင်ကို သူနဲ့တွေ့သမျှယောက်ျားတိုင်းက သူ့ရဲ့ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ကြပါဘူး။သူတို့နှစ်ယောက်တည်းအလုပ်လုပ်နေရင်းနဲ့ လက်ဝှေ့ကစားသမားဟောင်းယန်းဂီဘုံးနဲ့ဆူယောင်းဆိုတဲ့ဘော်ဒီဂတ်ကပါ သူတို့နဲ့အတူတူအလုပ်လုပ်ဖို့ဖြစ်လာပါတယ်။စိတ်ဒဏ်ရာကိုယ်စီရှိတဲ့ယောက်ျားလေးယောက် တစ်ဆိုင်တည်းမှာအလုပ်လုပ်ရင်းနဲ့သူတို့ရဲ့ဆက်ဆံရေးက ဘယ်လိုမျိုးပြောင်းလဲလာမလဲ၊ အချင်းချင်းရဲ့စိတ်ဒဏ်ရာကို ဘယ်လိုကုစားပေးကြမလဲ။ရန်တကျက်ကျက်ဖြစ်ရင်း ရင်းနှီးသွားကြတဲ့ သူတို့တွေကြားကrelationship လေးကို အခွီတွေ၊ အငိုတွေနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။File Size :(1.9GB) and (897MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:48:00 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo Pyae
movie

Antique(2008)

Iratta(2023) 7.8
Iratta(2023) Iratta (2023) IMDb 7.8/10Rating ကောင်းကောင်းနဲ့ မှုခင်းစုံထောက်ကားတွေ ကြိုက်တဲ့ပရိတ်သတ်တွေအတွက် အိန္ဒိယ‌တောင်ပိုင်း ဇာတ်ကားတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ကီရာလာပြည်နယ် ဗာဂါမွန်ရဲစခန်းမှာ အခမ်းအနားပွဲကျင်းပနေတုန်း သေနတ်သံသုံးချက်ကြားလိုက်ပါတယ်။ အခမ်းအနားထဲမှာ လူစုလူဝေးတွေအကုန်ရုတ်ရုတ်သဲသဲဖြစ်ကြကုန်တယ်။ အဲ့ဒါကတော့ စခန်းထဲမှာရဲသားတစ်ယောက်အသတ်ခံလိုက်ရပါတယ်။အခင်းဖြစ်တဲ့ချိန်မှာ ရဲသားသုံးယောက်ရှိနေပြီး ထိုသုံးယောက်ကို လူသတ်မှုနဲ့သံသယစာရင်းထဲသွင်းခံရလိုက်ရတယ်။ ရဲသားသုံးယောက်ကလည်း အ လီဘိုင်ပြည့်ပြည့်စုံစုံရှိနေတဲ့ချိန်မှာ ရဲတစ်ယောက်သေဆုံးမှုဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေတာလား ဒါမှမဟုတ် တကယ်အသတ်ခံရလားဆိုတာကို လှည့်ကွက်ပေါင်းစုံနဲ့ တရားခံကိုအတူတူအဖြေရှာကြည့်ကြရအောင်ပါ။.. File size…1.54GB  / 724MB Quality…1080p True WEB DL /720p Format…mp4 Duration….1h 52mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Yunni~Nyein Aye
movie

Iratta(2023)

2023

Genres

Archives