Channel Myanmar

Content at random


Movies

A Thousand Little Cuts (2022)
A Thousand Little Cuts (2022) Anne ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ ဆေးရုံမှာနိုးလာပါတယ်။သူဘာလို့ဆေးရုံရောက်နေလဲဆိုတာဇဝေဇဝါဖြစ်နေပါတယ်။စိတ်ရောဂါကုဆရာ၀န်က သူ့ရဲ့အတိတ်ကို တူးဆွပေးပြီးထိတ်လန့်စရာဖြစ်ရပ်ကို ပြန်မှတ်မိနိုင်အောင် လမ်းပြပေးပါတယ်။ ဒါပေမယ့် Anne ရဲ့မသိစိတ်က တကယ်ဖြစ်ခဲ့တာတွေကို ဖန်တီးထားတဲ့မှတ်ဉာဏ်တွေနဲ့အစားထိုးပြီး ဖြစ်ရပ်မှန်ကို ဖုံးကွယ်နေတဲ့အတွက်မလွယ်ကူပါဘူး။ Anne တယောက်ဟာတုန်လှုပ်စရာဖြစ်ရပ်ကို မှတ်မိနိုင်ဖို့ နာကျင်ရတဲ့အတိတ်ကိုပြန်သွားရမှာပါ။ Director Josh Brandonရိုက်ကူးထားပြီး မင်းသမီးချော Rebecca Liddiard ကအဓိကနေရာကနေပါ၀င်ထားပါတယ်။ဇာတ်လမ်းပြကွက်တွေက အတိတ်နဲ့ ပစ္စုပ္ပန်ကိုတစ်လှည့်စီပြနေတာမျိုးပါ။စိတ်ပညာကိုစိတ်၀င်စားရင် ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ File size…(1.1GB)/(623.97MB)/(306.2MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:27:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SP
movie

A Thousand Little Cuts (2022)

Dark Glasses (2022) 5.1
Dark Glasses (2022) Dark Glasses (2022) Thriller ဇာတ်ကားကောင်းလေးတွေကို နှစ်သက်တဲ့ အမျိုးတို့အတွက် အကြိုက်တွေ့စေမယ့်ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ ရောမမြို့မှာ ပြည့်တန်ဆာတွေ အသတ်ခံရတဲ့ အမှုက ပြည့်တန်ဆာ ၃ ဦး အသတ်ခံရပြီးနောက် နာမည်ကြီးလာခဲ့တယ်။ ပြည့်တန်ဆာ ဒီယာနာ ဆိုတဲ့ အမျိုးသမီးဟာ အင်မတန် လှပပြီး စျေးကြီးတယ်။တစ်နေ့တော့ သူဟာ လူသတ်သမားရဲ့ ပစ်မှတ် ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ပဲ လူသတ်သမားလက်က လွတ်အောင် ကြိုးစားရင်း ဒီယာနာ တစ်ယောက် ကားအက်စီးဒန့်ဖြစ်ကာ မျက်စိကွယ်သွားခဲ့ရပါတယ်။သူ့ကားနဲ့ တိုက်မိတဲ့ ကားမှာတော့ တရုတ်လူမျိုး ကလေးလေး တစ်ဦးသာ အသက်ရှင်ကျန်ခဲ့တယ်။ ဖခင်ဖြစ်သူက ပွဲချင်းပြီး သေဆုံးပြီး မိခင်ကတော့ ကိုမာ ဖြစ်သွားတယ်ပေါ့။ ဒီလိုနဲ့ ဒီယာနာ တစ်ယောက် စောင့်ရှောက်ရေး ဂေဟာမှာ အဲ့ကလေးကို သွားတွေ့ခဲ့တယ်။ကလေးကလည်း ဂေဟာကနေ ခိုးထွက်ပြီး ဒီယာနာရဲ့ အိမ်ကို လိုက်လာခဲ့တယ်။ ဒီလိုနဲ့ ...
movie

Dark Glasses (2022)

2022
Mondocane (2021) 6.3
Mondocane (2021) Mondocane (2021) Dogworld လို့လည်း လူသိများတဲ့ ဒီဇာတ်ကားလေးဟာ အက်ရှင်ကား ကောင်းကောင်းလေးတွေမှ ကြိုက်နှစ်သက်တယ်ဆိုတဲ့ သူတွေ လုံးဝ လက်မလွှတ်သင့်တဲ့ အီတလီ အက်ရှင် ဇာတ်ကားလေး ဖြစ်ပါတယ်။ဘုရားသခင်ဆိုတာ ဘာမှန်းတောင် မသိတဲ့ သူငယ်ချင်း၂ ယောက် ပင်လယ်ထဲမှာ ငါးမျှားလိုက် ရေကူးလိုက်နဲ့ အိမ်ခြေရာမဲ့ လွင့်ချင်တိုင်း လွင့်နေခဲ့ကြတယ်။ သူတို့ရဲ့ အိပ်မက်က Ants ဆိုတဲ့ ဂိုဏ်းထဲကို ဝင်ပြီး လူမိုက်လုပ်ဖို့ပေါ့။တစ်နေ့ အခွင့်အ‌ရေးတစ်ခုက သူတို့ဆီ ဆိုက်ရောက်လာတယ်။ စတိုးဆိုင်တစ်ခုကို မီးရှို့ပေးပြီး Ants အဖွဲ့ထဲကို ဝင်ခွင့်ရသွားတယ်။ နယ်မြေရဲတွေကလည်း Ants အဖွဲ့ကို လိုက်ဖမ်းနေတာ ၁ နှစ်ရှိပြီ တည်နေရာကို မသိရသေးဘူး။ လူဆိုးဂိုဏ်းထဲကို ရောက်သွားတဲ့ အရမ်းချစ်ကြတဲ့ သူငယ်ချင်း ၂ ဦးမှာ တစ်ဦးက လက်ရဲဇာက်ရဲ ဂိုဏ်းနဲ့ ကိုက်တယ်ပေါ့။ ကျန်တဲ့ တစ်ယောက်ကတော့ လူသတ်တာမျိုး ...
movie

Mondocane (2021)

2021
Flightplan
Flightplan ဒီရုပ်ရှင်က Psychological Thriller အမျိုးအစားပါ၊ အတူလိုက်ကြည့်ရင်း ခေါင်းစားလိုက် ရင်ခုန်လိုက်ပေါ့။မိခင်တစ်ယောက်ဆိုတာ သွားရှုပ်လို့မရဘူးဆိုတဲ့ မက်ဆေ့ချ်လေးပေးချင်တဲ့ ကားကောင်းလေးတစ်ကားလာပါပြီပရတ်ဆိုတဲ့ အမျိုးသမီးဟာ ယောကျ်ားဆုံးသွားလို့ သမီးလေးနဲ့အတူ အမေရိကန်က လောင်းအိုက်လန် ကိုပြန်ပြီးသဂြိုလ်ဖို့အတွက် ဘာလင်ကနေထွက်လာတာပါ သူကလေကြောင်းအင်ဂျင်နီယာဆိုတော့ သူစီးမယ့်လေယာဉ်ရဲ့ အစိတ်အပိုင်းတွေအားလုံးကိုလည်း သေသေချာချာသိတဲ့ သူတစ်ယောက်ပေါ့အဲဒီလိုနဲ့ လေယာဉ်စထွက်ပြီးမကြာခင်မှာပဲ သူ့သမီးလေးက လေယာဉ်ပေါ်မှာပျောက်သွားခဲ့တာပါ ထူးထူးဆန်းဆန်းကိစ္စဆိုတော့ သူများတွေကလည်း သိပ်မယုံကြဘူးပေါ့ လေယာဉ်မှူးကိုယ်တိုင်က မယုံချင်ချင်နဲ့ ရှာပေးရှာတော့တာပါပဲ အဲဒီမှာ သူ့ကိုစိတ်ကယောင်ကတမ်းဖြစ်တယ်ဆိုပြီး လေကြောင်းရဲက ထိန်းသိမ်းထားရပါတော့တယ် တကယ်တော့ သူက တကယ်ပဲစိတ်ရောဂါဖြစ်နေတာလား သူ့သမီးလေးကရော တကယ်ပါလာရဲ့လား လေယာဉ်ပေါ်မှာရော ဘာတွေဆက်ဖြစ်မှာလဲဆိုတာ စိတ်လှုပ်တရှားနဲ့ကြည့်လို့ကောင်းတဲ့ ကားဟောင်းလေးတစ်ကားပါပဲFile size…(1.54GB)/(719MB)/(524.78MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:38:00 Genre...Thriller/Mystery/drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Garfield
movie

Flightplan

One Day, You Will Reach the Sea (2022) 6.2
One Day, You Will Reach the Sea (2022) One Day, You Will Reach the Sea (2022) လွမ်းမောဖွယ် ဂျပန် drama ဇာတ်ကားလေး တစ်ကားပါ။မနကိုတနိဆိုတဲ့ အရမ်းအေးဆေးရှက်ရွံ့ပြီး လူတွေနဲ့သိပ်အဆက်အဆံလုပ်လေ့မရှိတဲ့ မိန်းကလေးတစ်ယောက်မှာ အရမ်းရင်းနှီးချစ်ခင်တဲ့သူငယ်ချင်းဆိုလို့ တက္ကသိုလ်စတက်ကတည်းက မိန်းကလေးလေးအချင်းချင်းတောင် ကြိတ်ပြီးအားကျရလောက်အောင်ချစ်စရာကောင်းပြီး၊ လူတကာနဲ့ဝင်ဆန့်တဲ့ ဆုမိရဲဆိုတဲ့ မိန်းကလေးသူငယ်ချင်းတစ်ယောက်ပဲရှိခဲ့ပါတယ်။ဆုမိရဲတစ်ယောက်သေဆုံးသွားချိန်မှာတော့ ကိုတနိဟာ ဖြေမဆည်နိုင်အောင်ဖြစ်ခဲ့ပြီး အတိတ်တွေထဲမှာပဲပိတ်မိနေခဲ့ပါတယ်။လက်ရှိဘဝကို အဆင်ပြေအောင်ရှေ့ဆက်နေပေမဲ့လည်း အတိတ်ကသူငယ်ချင်းမလေးဟာဘယ်လိုထူးခြားတဲ့မိန်းကလေးမျိုးဖြစ်ခဲ့တာတွေ၊ နှစ်ဦးကြားက သံယောဇဉ်တွေ၊ အတူပျော်ခဲ့ဖူးတဲ့အမှတ်တရ၊ ဖြစ်ရပ်တွေကို ပြန်ပြောင်းသတိရရင်း လွမ်းဆွတ်ရပုံတွေကို လွမ်းမောဖွယ်ရိုက်ကူးတင်ဆက်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Moe Lay ပါ။) File Size : 1.7GB, 784MB & 382MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 2hr & 6mins Genre : Drama Translated by Moe ...
movie

One Day, You Will Reach the Sea (2022)

2022
Qinling Mountains ( 2022 ) 5.9
Qinling Mountains ( 2022 ) ဒဏ္ဏာရီလာစကားတွေအရ ချင်းလင်တောင်ထဲမှာ အဖိုးမဖြတ်နိုင်တဲ့ ရတနာပစ္စည်းတွေရှိနေပါသတဲ့။ လူတိုင်းက တောင်ထဲက လျို့ဝှက်ဂူကိုဖွင့်ပြီးရတနာတွေကိုအပိုင်သိမ်းချင်နေကြပါတယ်။ရှေးဟောင်းသုတေသန မြေနေရာသတင်းရယူရေးအဖွဲ့ဖြစ်တဲ့ ချီရှမ်းဝမ်နဲ့အဖွဲ့ဟာ ချင်းလင်တောင်ပေါ်ကဂူထဲမှာ ရှေးနှစ်ပေါင်းများစွာကကျောက်ထွင်းစာတစ်ချပ်ကိုရှာတွေ့ခဲ့ပါတယ်။ဂူထဲမှာသုတေသနပြုလုပ်နေရင်း ပေါက်ကွဲမှုဖြစ်တဲ့အခါ ချီရှန်းဝမ်တစ်ယောက်သာ အသက်ရှင်လျက်ပြန်ထွက်လာနိုင်ခဲ့ပါတယ်။ သူဟာဒဏ်ရာကြောင့် ရွာတစ်ရွာမှာအနားယူနေရတဲ့အချိန် အဲ့ဒီရွာကိုဓားပြတွေဝင်စီးတာခံရပြီး အဲ့ဒီဓားပြတွေကလည်း ချင်းလင်တောင်ကရတနာတွေကိုအပိုင်စီးချင်နေတဲ့အခါ..လူဆိုးတွေတင်မကဘဲ လူနှစ်ရပ်စာလောက်ရှိတဲ့ ပင့်ကူသတ္တဝါဆန်းကြီးတွေရောပါဝင်လာတဲ့အခါ... တောင်ထဲကရတနာကရောဘာဖြစ်မလဲ ပင့်ကူကြီးတွေကိုရောဘယ်လိုရင်ဆိုင်ကြမလဲ ရွာသားတွေကိုရော ဓားပြလက်က ကယ်နိုင်ပါ့မလားဆိုတာကို ရုပ်ရှင်ထဲမှာဆက်လက်ကြည့်ရှုလိုက်ကြရအောင်။  Quality : WEB-DL 1080p , 480p Format : mp4 Genres : Mystery , Adventure Runtime : 1h 18min Subtite : Myanmar Subtitle ( Hardsub ) Translated by Hnin Wutt Hmone , Yin Wai Phyo , Minnie Encoded by LK
movie

Qinling Mountains ( 2022 )

Harsh Times (2005) 6.8
Harsh Times (2005) Harsh Times (2005)Christian Bale ကိုယ်တိုင် ပရိုဂျူဆာအနေနဲ့ရော အဓိကဇာတ်ကောင် ဂျင်မ်အဖြစ်နဲ့ပါ ပါဝင်သရုပ်ဆောင်ထားပြီး သူ့သရုပ်ဆောင်ချက်တွေဟာ လက်ဖျားခါလောက်တယ်ဆိုတဲ့ မှတ်ချက်တွေ တပုံတပင်ရရှိထားတဲ့ကားပါ။ဂျင်မ်နဲ့ မိုက်ခ်က သိပ်ကိုချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ ညီအစ်ကိုတွေလိုတောင်ဖြစ်နေကြပါပြီ။ မိုက်ခ်က လက်ရှိမှာ အလုပ်လက်မဲ့၊ သူ့ဇနီးဖြစ်သူက ငြိုငြင်လာပြီး အလုပ်ထွက်ရှာဖို့ပဲ တတွတ်တွတ်တိုက်တွန်းနေတော့ စိတ်ညစ်နေတဲ့သူ။ ဂျင်မ်က စစ်ပြန်ရိန်းဂျားတစ်ယောက်ပေါ့။ သူတာဝန်ထမ်းဆောင်ခဲ့တာက အာဖရန်နစ္စကန်မှာ။ စစ်ပွဲဆိုတော့ သိတဲ့အတိုင်း သေကြကြေကြ သတ်ကြဖြတ်ကြပါပဲ။လူသတ်ရတာ ဘယ်လိုနေလဲလို့ မိုက်ခ်က မေးတိုင်း ဂျင်မ် အဲဒီမှာဖြစ်ခဲ့သမျှဟာ သူ့အတွက် ဘာသက်ရောက်မှုမှမရှိပါဘူးလို့ ကြွေးကြော်တတ်တယ်။ အခုဆို သူ့မှာ ချစ်ရတဲ့မက်ဆီကန်မလေး မာတာလည်းရှိနေပြီလေ။ သူ အယ်လ်အေရဲတပ်ဖွဲ့မှာ အလုပ်ရတာနဲ့ အမေရိကားကိုခေါ်ပြီး သူတို့ယူကြတော့မှာ မဟုတ်လား။ ဒီလိုသာမန်အေးချမ်းတဲ့ဘဝမျိုးရခါနီး ဂျင်မ်နောက်ကို သူ့အတိတ်ဆိုးက လိုက်လာတဲ့အခါမှာ သူဘာတွေကြုံရမှာလဲ?မိုက်ခ်ကရော သူ့အချစ်ဆုံးသူငယ်ချင်း ဂျင်မ်နောက်ကိုလိုက်ရင်း ဘာတွေဘယ်လိုကြားညပ်မိမလဲ?ကိုယ်တိုင်ပဲ ကြည့်ရှူခံစားလိုက်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May ...
movie

Harsh Times (2005)

2005
Puzhu (2022) 6.5
Puzhu (2022) Puzhu (2022) ပုံမှန်အိန္ဒိယရုပ်ရှင်တွေနဲ့ ကွဲထွက်နေတဲ့ တကယ်ကောင်းတဲ့ ဒရမ်မာကားတစ်ကားပါ။ ‌ခါတိုင်းလို မင်းသား၊ မင်းသမီး ချစ်ကြိုက်ကွဲညားတို့၊ လန်ထွက်နေတဲ့ အက်ရှင်ခန်းတွေတို့၊ ပညာပေးတို့ မပါဘဲ ခံစားသက်ဝင်မှုကောင်းကောင်းနဲ့ စီးမျောခံစားလို့ရမဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။စီးပွားရေးလုပ်နေတဲ့ ရဲအရာရှိဟောင်း၊ မုဆိုးဖို၊ single father ဖြစ်တဲ့ ကူတန်ဟာ ဇာတ်နိမ့်ပြဇာတ်သရုပ်ဆောင်တစ်ဦးနဲ့ လက်ထပ်သွားတဲ့ ညီမဖြစ်သူကို သေခန်းဖြတ်ခဲ့ပေမဲ့ သူ့ညီမက သူတို့သားအဖ‌နေတဲ့ အိမ်ရာကို ယာယီပြောင်းလာတဲ့အခါမှာတော့ အနယ်မထိုင်သေးတဲ့ မုန်းတီးရွံရှာမှုတွေ၊ အရှက်ရမှုတွေဟာ တဖန်ပြန်လည်အသက်ဝင်လာခဲ့ပါတယ်။ဒါ့အပြင် သားအပေါ်မှာ တင်းကြပ်လှပြီး လက်မခံနိုင်ဖွယ် ချုပ်ချယ်မှုတွေနဲ့ အုပ်ထိန်းနေတဲ့သူ့ကို တစ်ယောက်ယောက်က သတ်ဖို့ကြိုးစားနေတ‌ယ်လို့ ယုံကြည်လာတဲ့အခါမှာ အနီးဝန်းကျင်က လူတိုင်းကိုလည်း သံသယဝင်လာရပါတော့တယ်။အထီးကျန်ဆန်တဲ့ အဖော်ကင်းမဲ့မှုဟာ ဝန်မခံချင်ရင်တောင်မှ ရင်ထဲမှာ လစ်ဟာနေသလို ခံစားစေရပြီး၊ တစ်ခါတစ်ရံ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်စေပြီး လူ့ဂွစာတစ်ယောက်ဖြစ်‌စေတတ်တာလည်း သိကြမှာပါပဲ။ဒီကားမှာလည်း အဓိကဇာတ်ကောင်ဖြစ်တဲ့ ကူတန်ရဲ့ အဖော်ကင်းမဲ့မှု၊ တယူသန်ရှေးရိုးစွဲမှုတွေနဲ့ ဟိန္ဒူဇာတ်နိမ့်၊ ...
movie

Puzhu (2022)

2022
Righteous Ties (2006) 6.3
Righteous Ties (2006) Righteous Ties (2006) Investigation Couple ဆိုတဲ့ မှုခင်းဆေးဆရာဝန်ကားမှာ ဒေါက်တာ ဘဲ့ဘုန်း အနေနဲ့ လူသိများတဲ့ မင်းသားကြီး Jung Jae Young ရဲ့ အက်ရှင် ဇာတ်လမ်းလေးပါ။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... ဂိုဏ်းစတားလူမိုက်တွေဟာ ဂိုဏ်းစတားလူမိုက်ဆန်ခဲ့ကြတဲ့အချိန်တုန်းကပေါ့။ သေနတ်တွေမသုံးတဲ့ Old School ဂိုဏ်းစတားကြီးတွေ၊ ဆွန်းထန် ချီဆောင်းနဲ့ ဂျူဂျွန်းတို့ဟာ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းသုံးယောက်ဖြစ်ပြီး ဂိုဏ်းတစ်ဂိုဏ်းထဲမှာ ရှေ့ဆင့်နောက်ဆင့် ညာလက်ရုံးတွေ ဖြစ်လာကြသူတွေပါ။သုံး‌ယောက်လုံးကလည်း စိတ်မြန်လက်မြန် ခြေသွက်လက်သွက် တဇောက်ထိုးစိတ်တွေနဲ့မို့ ဂိုဏ်းလောကမှာ ရှိန်ရတဲ့ဘဲကြီးတွေဖြစ်ပါတယ်။ ကိုယ့်ဂိုဏ်းအတွက် ဘာမဆိုပေးဆပ်နိုင်တဲ့ ဒီဘဲကြီးတွေဟာ သူတို့ဆရာရဲ့ သစ္စာဖောက်ခြင်းကို ခံလိုက်ရတဲ့အချိန်မှာတော့ ...အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုတဲ့စကားဟာ ဒီဇာတ်ကားထဲက လူမိုက်ဘဲကြီးတွေအတွက် ဘယ်လောက်များမှန်မလဲ ဆိုတာတော့ ဇာတ်လမ်းလေးထဲ ကြည့်ရှုခံစားကြရမှာပါ။အက်ရှင်ကားကို ဟာသနဲ့အလွမ်းအဆွေးတွဲဖက်ပြီး တင်ဆက်ထားတာကြောင့် ပေါ့ပေါ့ပါးပါး ခံစားလို့ကောင်းမယ့်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Paing ပါ။) File Size : ...
movie

Righteous Ties (2006)

2006
Room 203 (2022) 4.7
Room 203 (2022) Room 203 (2022)ဇာတ်ကား နာမည်အတိုင်းပဲ အခန်းနံပါတ် 203 အကြောင်းပေါ့။ ဆိုတော့ အခန်းနံပါတ် 203 အကြောင်းကို နည်းနည်း ပြောမယ်ဗျာ။အဲဒီအခန်းကို လာငှားပြီးနေတဲ့ လူတိုင်း ကြာကြာမနေနိုင်ဘူးတဲ့။ ပြီးတော့ အဲဒီအခန်းရဲ့ နံရံပေါ်မှာ အပေါက်ကြီး တစ်ပေါက်ရှိနေတယ်။ အဲဒီအပေါက်ကြီးကို ဖာရင်လည်း အပေါက်က ပြန်ရှိနေသေးတယ်။ ပစ္စည်းဘာညာနဲ့ ကာပြီးချိတ်ထားရင်လည်း ကာထားတဲ့ပစ္စည်းက ပြုတ်ကျတတ်သေးတယ်။အဲဒီအခန်းထဲမှာ ရှေးဟောင်းပရိဘောဂအပြည့်လည်း ပါပြီးသားပဲ။ ပိုပြီးထူးခြားတာက ရှေးဟောင်းဆေးခြယ်မှန်ပြတင်းကြီးပါ။ ဒီကားထဲက မင်းသမီး​ပြောသလိုဆိုရင် တိုက်ခန်းကတော့ ကောင်းပေမဲ့ ကျောချမ်းစရာအခန်းမျိုးပေါ့။ အဲဒီလို အခန်းမျိုးကို ကင်မ်နဲ့ အစ်ဇီတို့ အချစ်ဆုံးသူငယ်ချင်း နှစ်ယောက် ပြောင်းလာခဲ့ကြတယ်။ဇာတ်လမ်းလေးတွေရှိနေတဲ့ ဒီအိမ်ကြီးမှာ ကင်မ်နဲ့ အစ်ဇီတို့ ဘာတွေရင်ဆိုင်လာရမလဲ?ဘယ်လိုကြောင့် ဒီလိုဖြစ်ရပ်တွေ ကြုံတွေ့နေရတာလဲ?အတိတ်ကဖြစ်ရပ်တွေနဲ့ ဘယ်လိုဆက်စပ်နေမလဲဆိုတာ​ကတော့ ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Jumper Neysman ပါ။) File Size        ...
movie

Room 203 (2022)

Chun Tae-il: A Flame That Lives On (2021) 8.8
Chun Tae-il: A Flame That Lives On (2021) ဒီတစ်ခါတော့ ၂၀၂၁ ခုနှစ်ကထွက်ထားတဲ့ IMDb 8.8/10 ရထားတဲ့ ကိုရီးယား Animation ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်၊ ကာတွန်းကားကို ဒီလောက် rating ရထားတယ်ဆိုတော့ ထူးပြီးညွှန်းဖို့တော့ လိုမယ်မထင်ပါဘူးဒီဇာတ်လမ်းကတော့ ၁၉၇၀ ခုနှစ်မှာ အလုပ်သမားအခွင့်အရေးရအောင် စည်းရုံးတောင်းဆိုခဲ့တဲ့ ဂျောင်ထယ်အီးလ်ရဲ့ အကြောင်းကို တင်ဆက်ထားခြင်းဖြစ်ပါတယ် ၁၉၉၅ ခုနှစ်မှာ A Single Spark ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်ထွက်ခဲ့ပြီးတော့ ၂၀၂၁ မှာ Animation အဖြစ်ဖန်တီးထားတာဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းချုပ်ကတော့ မူလတန်းတောင် မအောင်ခဲ့တဲ့ ကောင်လေးတစ်ယောက်... သားအကြီးဆုံးဖြစ်ပြီး အိမ်ရဲ့စားဝတ်နေရေးကြောင့် ကျောင်းထွက်လိုက်ရပြီး အိမ်ပြေးအဖြစ်နဲ့ ဖိနပ်တိုက် သတင်းစာရောင်း စတာတွေကို လက်တိုလက်တောင်းလုပ်ခဲ့ပါတယ်၁၉ နှစ်ပြည့်တဲ့အခါမှာတော့ စက်ရုံတည်ထောင်ချင်တဲ့စိတ်နဲ့ အဝတ်စက်ရုံတစ်ခုမှာ အဝတ်ဖြတ်ဆရာလက်ထောက်အဖြစ်သင်ယူရင်းနဲ့ ဖြောင်းဟွာဈေးက စက်ရုံရဲ့ မတရားခိုင်းစေမှုတွေ၊ လုပ်ခလစာ နည်းပါးမှုနဲ့ ကျန်းမာရေးအာမခံချက်မရှိတာတွေကို သိလိုက်ရပါတော့တယ်အဲလိုနဲ့ အခြေခံဥပဒေအကြောင်းသိလိုက်ရတဲ့အချိန်မှာ မညီမျှတာတွေအတွက် တောင်းဆိုဖို့ကြိုးပမ်းပါတော့တယ် ဘယ်လိုဆန္ဒပြရမလဲဆိုတာတောင် မသိတဲ့ အပ်ချုပ်ဆရာ၊ အဝတ်ဖြတ်ဆရာအဖြစ်ကနေ စိတ်အားထက်သန်စွာနဲ့ပဲ အလုပ်သမားအခွင့်အရေးရအောင် နည်းမျိုးစုံနဲ့ ကြိုးစားပုံတွေကို ကြည့်ရှုခံစားရမှာပါ ဒီဇာတ်လမ်းရဲ့အသံသရုပ်ဆောင်ကလည်း အားလုံးနဲ့မစိမ်းတဲ့ Jang Dong Yoon, Kwon ...
movie

Chun Tae-il: A Flame That Lives On (2021)

2021
Thatrom Thookrom (2020) 6.7
Thatrom Thookrom (2020) ဒီတစ်ခါမှာတော့ ၂၀၂၀ ခုနှစ်က ထွက်ရှိထားပြီး IMDB ၆.၈ ရရှိထားတဲ့ တမီလ် အက်ရှင်/ဒရမ်မာ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်း ============ "လောကမှာ ပိုကောင်းတဲ့ဘ၀ကိုရဖို့ အိမ်မက်မက်ခွင့်တောင် ငါတို့အတွက်မရှိဘူးလား" တဲ့ ဟုတ်ပါတယ် တစ်နေ့လုပ် တစ်နေ့စားတောင်မဟုတ်ဘူး ပုလင်းခွံကောက်ပြီး ဝမ်းကြောင်းနေရတဲ့ သူငယ်ချင်းသုံးယောက်နဲ့ လူတကာက သူတို့ကို နှာခေါင်းရှုံ့နေတဲ့ကြားက သူတို့ကိုချစ်ခင်တဲ့ သူငယ်ချင်းတစ်ယောက်။ သူတို့ရဲ့ အိမ်မက်ကတော့ ပိုက်ဆံကိုရိုးသားစွာရှာဖွေပြီး နိုင်ငံခြားမှာ အလုပ်လုပ်နိုင်ဖို့ပါ... နိုင်ငံခြားသွားဖို့ ရူပီး သုံးသိန်းလိုအပ်တာကြောင့် သူငယ်ချင်းအကူအညီနဲ့ အရက်သယ်တဲ့ကားကို မောင်းဖို့ ဆုံးဖြတ်လိုက်ချိန်မှာတော့.... အပေါ်ကအညွှန်းကြောင့်ရိုးရှင်းတဲ့ဇာတ်လမ်းလို့မထင်စေချင်ဘူး... အိန္ဒိယကားတို့ရဲ့ထုံးစံအတိုင်း နိုင်ငံရေးအရှုပ်အထွေးတွေ... ငွေဖြူငွေမည်း...ငွေတု...အရက်တု ကိစ္စတွေပါ သိုင်းဝိုင်းထားပြီး တစ်ချို့အချက်အလက်တွေဟာ မြန်မာနိုင်ငံနဲ့ အတော်တူတာမို့လို့ ဇာတ်ကားကောင်းတစ်ကားအဖြစ် လိုက်ပါစီးမျောခံစားလိုက်ပါဦး.. over action တွေလည်းမပါသလို သုံးနှုန်းထားတဲ့စကားလုံးတွေကလည်း ထုံးစံအတိုင်းခိုက်စရာတွေချည်းပါပဲ... File size…1.96GB / 1GB Quality…1080p WEB RIP / 720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung
movie

Thatrom Thookrom (2020)

Foxhole (2021) 4.4
Foxhole (2021) ဒီရုပ်ရှင်က နည်းနည်းဆန်းတယ်၊ အ​မေရိကန်ပြည်တွင်းစစ်၊ ပထမ ကမ္ဘာစစ်နဲ့ အ​မေရိကန်-အီရတ်စစ်ဆိုတဲ့ အထင်ကရစစ်ကြီး ၃ခုကို ဇာတ်အိမ်တည်ထားတယ်၊ ဒါ​​ပေမဲ့ စစ်ကားဆိုပြီး အကြီးအကျယ် တိုက်ပွဲဖြစ်​ပုံတွေ၊ ​​နောက်ကွယ်က စစ်ပရိယာယ်နဲ့ နည်းဗျူဟာ​တွေ၊ ဒါမျိုး​​တွေကို မြင်ရမှာမဟုတ်ပါဘူး၊ အချိန်ကာလ ၃ခု၊ စစ်ကြီး၃ခု အတွက် တည်​နေရာတစ်မျိုးစီပဲ သုံးထားတာပါ၊ အလွယ်​ပြောရရင် ကတုတ်ကျင်းလို့ ​ခေါ်လို့ရတဲ့​နေရာ​ပေါ့။ ထူးခြားတာက စစ်၃ခုရဲ့ ဇာတ်​ကောင်နာမည်​နဲ့ သရုပ်​ဆောင်​တွေက အတူတူပါပဲ၊ ဇာတ်လမ်းတစ်ခုနဲ့ တစ်ခုက​ အဆက်အစပ် မရှိသလို ဇာတ်​ကောင်စရိုက်​တွေက စစ်တစ်ခုကို တစ်မျိုး​ပြောင်း​နေပါတယ်၊ ဒီဇာတ်​ကောင်​တွေဟာ ဇာတ်လမ်းတစ်ခုမှာ ကတုတ်ကျင်းတစ်မျိုး ဆီမှာ အသက်ရှင်သန်ဖို့ ရုန်းကန်လှုပ်ရှားရပုံ​​တွေကို အဓိကထားပြီး ရိုက်ထားတာပါ၊ ဒါ​ပေမဲ့ ဒိုင်ယာ​လော့ဂ်​တွေအရ ဒါရိုက်တာဖြစ်သူ အဓိက ပြချင်တာက လူ့သ​ဘောသဘာဝ၊ စစ်ဖြစ်​နေစဉ် ရှိအပ်တဲ့ ​စောင့်ထိန်းရမယ့် ကျင့်ဝတ်​တွေအ​ကြောင်း ဖြစ်ပါလိမ့်မယ်။ ဘယ်လိုဇာတ်အိမ်မျိုး​တွေ ဖြစ်မလဲဆို​တာ​တော့ ကိုယ်တိုင်ပဲ ကြည့်ရှု လိုက်ပါ၊ လူတစ်ကိုယ် အကြိုက်တစ်မျိုးရယ်ဖြစ်လို့ တိုက်ပွဲကြီး​တွေ ပါမှ သ​ဘောကျတတ်တဲ့သူအတွက်ဆို အားမရတာမျိုးရှိနိုင်ပါတယ်၊ ဒါက စကား​ပြောအသား​ပေးစစ်ကား ဖြစ်​နေလို့ပါ၊ ဇာတ်အိမ်ဆန်းတဲ့ ရုပ်ရှင်​တွေကို ကြိုက်တတ်ရင်​​တော့ ခံစားကြည့်​စေချင်ပါတယ်။   File size…1.2GB / 570MB Quality…1080p ...
movie

Foxhole (2021)

2021
The Getaway King (2021) 6.6
The Getaway King (2021) The Getaway King (2021) ဒီတစ်ခါတော့ ပေ့ါပေ့ါပါးပါးနဲ့ ကြည့်လို့ကောင်းမဲ့ ပိုလန် ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းလေးကတော့ ပိုလန်နိုင်ငံမှာ ကွန်မြူနစ်ဝါဒီတွေ ကြီးစိုးခဲ့ချိန်ရဲ့ နောက်ဆုံးနေ့ရက်တွေကို အခြေပြု ဇာတ်အိမ်တည်ထားပြီး အဲ့ဒီအချိန်က ရဲတွေအလိုအရှိဆုံး ဒုစရိုက်သမားတစ်ယောက်အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါ။ ရဲလက်ကနေ ၂၉ ကြိမ်တိတိ ရဲလက်က လွတ်အောင်ပြေးနိုင်ခဲ့ပြီး အဲ့ဒီထဲက တစ်ကြိမ်ဆို ထောင်ဖောက်ပြီးပါ လွတ်မြောက်ခဲ့တာပါ။ဒီလိုနဲ့ တစ်ရက်မှာတော့ အမျိုးသမီးတစ်ယောက်နဲ့ တွေ့ပြီးနောက် အဆိုပါ စောရဝိဇ္ဇာတစ်ယောက် သူ့ရဲ့ ဘဝနဲ့ အတွေးအခေါ်အယူအဆတွေ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ ...Action, Crime, Comedy အမျိုးအစားဖြစ်ပြီး ဖြစ်ရပ်မှန်တချို့တဝက်ကို ရိုက်ကူးပြထားတဲ့ ဇာတ်လမ်းကောင်းလေး ဖြစ်ပါတယ်။ File Size : 3.2GB, 806MB & 367MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : ...
movie

The Getaway King (2021)

2021
Hatching (2022) 6.6
Hatching (2022) ဖင်လန် ဟော်ရာကားတစ်ကားလောက် ကြည့်ရအောင်ဗျာ။ နာမည်က Hatching တဲ့။ အဓိပ္ပါယ်ကတော့ ဥကနေ အကောင်ဖောက်ခြင်းပေါ့။ ဒီဇာတ်လမ်းဟာ မိသားစုတွေရဲ့ဖိအားနဲ့ ကလေးတစ်ယောက်ရဲ့ စိတ်ပူပန်မှုတွေကို ကြောက်စရာတင်စားပြထားတဲ့ကား အထူးအဆန်းမျိုးပါပဲ။ တင်ညာဆိုတဲ့ ကျွမ်းဘားမယ် ကလေးမလေးဟာ တစ်နေ့မှာ ငှက်သေတစ်ကောင်ရဲ့အသိုက်ကနေ ထူးဆန်းတဲ့ ငှက်ဥလေးတစ်လုံးကို တွေ့လာခဲ့တယ်။ အဲဒီဥလေးကို အပူပေးပြီး အကောင်ပေါက်အောင်ကြိုးစားရင်းနဲ့ ဖြစ်ရပ်တစ်ခုကြောင့် အကောင်မပေါက်ခင် ဥဟာ ကြီးကြီးလာခဲ့တယ်။ ပေါက်လာတော့လည်း လူလိုလိုငှက်လိုလို ကလေးအရွယ် အကောင်အဆန်းတစ်ကောင်ဖြစ်နေပြီး တင်ညာရဲ့အနားကနေ ဘယ်မှမသွားတော့ဘူး။ တင်ညာကလည်း သူ့ကို ကလေးလေးလို စောင့်ရှောက်နေရင်နဲ့ ကြောက်စရာကောင်းတဲ့ ထူးခြားမှုတွေ တွေ့လာတဲ့အခါ... ဆက်ကြည့်လိုက်ပါ။ ပြီးရင် နောက်ကွယ်က မက်ဆေ့လေးကိုလည်း စဉ်းစားကြည့်လိုက်ပါဦး။   File size…1.27GB / 554MB / 261MB Quality… 1080p WEBRIP AAC5.1CH/ 720p / 480p Format…mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr.Anderson
movie

Hatching (2022)

2022
Happening (2021) 7.4
Happening (2021) Happening (2021)ဒီဇာတ်ကားလေးဟာ Annie Ernaux ရဲ့ "Happening" ဆိုတဲ့ ဝတ္ထုလေးကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး IMDb 7.4 အထိရရှိခဲ့တဲ့အပြင် BAFTA Award တွေအတွက် ဆန်ခါတင်စာရင်းမှာ ပါခဲ့သလို အခြား ဆုတွေလည်း ၁၃ ခုလောက် ရရှိထားခဲ့တဲ့ ဒရမ်မာ ဇာတ်ကားကောင်းလေး တစ်ကားပါ။ကိုယ်ဝန်ဖျက်ချတာဟာ တရားဝင်တယ် တရားမဝင်ဘူး ဆိုတာ အခု ၂၂ ရာစုအထိ နိုင်ငံအချို့မှာ debate လုပ်နေကြဆဲဖြစ်ပါတယ်။1960 ခုနှစ်တွေတုန်းက ပြင်သစ်နိုင်ငံမှာ ကိုယ်ဝန်ဖျက်ချတာဟာ တရားမဝင်ပါဘူး။ ကိုယ်ဝန်ဖျက်ချရင် ဖျက်ပေးတဲ့ ဆရာဝန်ရော ကိုယ်ဝန်ရှိသူပါ ထောင်ချခံရတဲ့ အခြေအနေပေါ့။ဇာတ်လမ်းအကျဉ်းကတော့ ...အန်းဆိုတဲ့ စာပေ မေဂျာ ကျောင်းသူလေးက ပညာရေးမှာ ပါရမီပါပြီး ထူးချွန်တယ်။ လူဆိုတာကတော့ အမှားနဲ့ မကင်းကြပါဘူး။ အမှားနဲ့မကင်းတဲ့ထဲမှာမှ ကံဆိုးသွားသူက အန်း ပေါ့။ တစ်ညတာလေး ...
movie

Happening (2021)

Vendetta (2022) 3.5
Vendetta (2022) ဆရာကြီး ဘရုစ်ဝီလီရဲ့ Vendettaဆိုတဲ့ အက်ရှင် ဇာတ်ကားသစ် ထွက်ရှိလာပြန်ပါပြီ၊ ဒီဇာတ်ကားထဲမှာ​တော့ ဇာတ်လိုက်မဟုတ်တဲ့ ဗီလိန်အ​နေနဲ့ ​တွေ့ရမှာဆို​တော့ တမျိုးဆန်းတာ​ပေါ့၊ ဒါတင်မကဘဲ မိုက်တိုင်ဆန်ဆိုတဲ့ လက်သီးချင်းမနိုင်လို့ သူများနားရွက်​ပြေးဟပ် တဲ့ လူကြမ်းလက်​​ဝှေ့သမားကြီးလည်း ပါဝင်ထားပါ​သေးတယ်။  အညွှန်းက​တော့ ဝီလီယမ်ဒန်ကန်ဆိုတဲ့ စစ်မှုထမ်း​ဟောင်းကြီးဟာ မိသားစုနဲ့အတူ သာယာ​ပျော်ရွှင်တဲ့ ဘဝ​လေးကိုဖြတ်သန်း​နေရင်း တစ်​နေ့မှာ​တော့ ကံဆိုးစွာပဲ သမီးဖြစ်သူ ကက်သရင်းဟာ ​ဒေသခံ Fetterလူမိုက်ဂိုဏ်းရဲ့ လက်ချက်နဲ့ ​သေဆုံးသွားပါတယ်၊ ဒန်ကန် အ​နေနဲ့ တရားခံကို လက်ရဖမ်းမိခဲ့​ပေမယ့် မျက်မြင်သက်​သေမရှိ ဓါတ်ပုံနဲ့ စီစီတီဗွီ​တွေလည်းမရှိလို့ တရား​သေလွတ်သွားခဲ့ပါတယ်။  သမီးဖြစ်သူကို သတ်သွားတဲ့သူကို ဥပ​​ဒေအရ စီရင်လို့မရတဲ့အဆုံး ဒန်ကန်တစ်​ယောက် ဥပ​ဒေပြင်ပက​နေ သူကိုယ်တိုင်ပဲ လက်တုံ့ပြန် ခဲ့ပါတယ်၊ ဒါ​ပေမဲ့ တရားခံက Fetter ဂိုဏ်းချုပ်ရဲ့ သားဖြစ်​နေလို့ Fetter ဂိုဏ်းကလည်း ဒန်ကန်ကို လက်စား​ချေဖို့အတွက် ကြိုးစား လာရင်း ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့် လက်စား​ချေပွဲ ဆင်နွှဲကြ ပါ​တော့တယ်။File size…1.4GB / 647MB Quality… 1080p WEBRIP AAC5.1CH/ 720p Format…mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Vendetta (2022)

2022
Donkeyhead (2022) 6.3
Donkeyhead (2022) Donkeyhead (2021)လူအမျိုးမျိုး စိတ်အထွေထွေ" တဲ့ ...လူရယ်လို့ ဖြစ်လာရင် ကိုယ်ပိုင်ခံယူချက်တွေ၊ အတွေးအခေါ်တွေ၊ အယူအဆတွေက တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမှ မတူနိုင်ဘူး။မိသားစုတစ်ခုမှာတောင် မိဘနဲ့ သားသမီးဟာ စိတ်သဘောထားချင်း မတူတာများတယ်မလား၊ မျိုးဆက်တစ်ခု ကွာတဲ့ မိဘနဲ့ သားသမီးကို ခဏထားဦး အသက်ရွယ် သိပ်မကွာတဲ့ မောင်နှမ အချင်းချင်းတောင် အဆင်မပြေမှုတွေ ရှိတတ်တာပဲလေ။အခုဇာတ်လမ်းလေးကတော့ ဒီလိုဗျ ...မိသားစု တစ်ခုရှိတယ်။ အဖေဖြစ်သူက ကင်ဆာရောဂါသည်တစ်ယောက်၊ သမီးနှစ်ယောက် သားနှစ်ယောက်ရှိတယ်၊ သမီးဖြစ်သူ မိုနာကတော့ အဖေ့အိမ်မှာ အတူနေပြီး အနီးကပ် ပြုစုပေးနေတယ်ပေါ့။ကျန်တဲ့ မောင်နှမကိုယ်ဆီက အလုပ်အကိုင် အတည်တကျနဲ့ ကိုယ့်လမ်းကိုယ်လျှောက်နေတဲ့သူတွေ၊ မိုနာကတော့ စာရေးဆရာမ ဖြစ်ချင်ပေမဲ့ အခုထိစာအုပ်တောင် မယ်မယ်ရရ မရေးရသေးဘူး၊ သူ့စိတ်ထဲမှာ ဇာတ်လမ်းရှိတယ်ပဲ ပြောနေခဲ့တဲ့သူ၊တစ်နေ့မှာတော့ ကင်ဆာရောဂါသည် ဖခင်ကြီးက ကိုမာဝင်သွားခဲ့တယ်၊ ဒီတော့ တစ်နေရာစီမှာ အခြေကျနေတဲ့ မောင်နှမတွေအားလုံးကို မိုနာက ...
movie

Donkeyhead (2022)

Seven Days (2007) 6.6
Seven Days (2007) Seven Days(2007) အညွှန်း**********************ရှေ့​နေယူဂျီယောင်းဟာ ရှေ့နေလောကမှာ နာမည်ကျော်ကြားသူတစ်ဦးဖြစ်ပြီးသူ လက်ခံတာဝန်ယူတဲ့ အမှုမှန်သမျှ ရှုံးနိမ့်တာမရှိသလောက်နာမည်ကြီးတဲ့သူ...တစ်ရက်မှာတော့ သူမရဲ့ သမီးလေး အွန်းယောင်းကို အကြမ်းဖက်အဖွဲ့ကနေ ပြန်ပေးဆွဲသွားတယ်...အွန်းယောင်းကို ပြန်ပေးဆွဲသွားတဲ့ အုပ်စုက သူမကိုအမှုတစ်ခု တာဝန်ယူပြီး သူတို့ရဲ့ လူကို အပြစ်မရှိကြောင်း သက်သေပြနိုင်မှသာလျှင်  သမီးလေးကိုအသက်ရှင်လျှက်ပြန်လွှတ်ပေးမယ်လို့ ခြိမ်းခြောက်ခဲ့တယ်...ယူဂျီယောင်းအတွက် တကယ့်ကို ငရဲခန်းပါပဲ...သူလွတ်အောင်လုပ်ပေးရမဲ့တရားခံက ခိုင်လုံတဲ့သက်သေတွေကြောင့် သေဒဏ်ကျဖို့ သေချာသလောက်ရှိနေတဲ့အပြင် တစ်ဘက်ကလည်းမိမိရဲ့ ရင်သွေးလေးရဲ့ အသက်ကိုလည်း ကယ်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့..ကားဟောင်းဖြစ်ပေမဲ့ အတော်ကြီးကိုစိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းဖြစ်လို့ကြည့်သင့်ပါကြောင်း.... File Size :(2.6GB) (1.3GB) and (498 MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…02:05:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Nan D Lei Encoded by Phyo Pyae
movie

Seven Days (2007)

Where Is Anne Frank (2022)
Where Is Anne Frank (2022)   Anne Frank ရဲ့ဇာတ်လမ်းကိုတော့တော်တော်များများသိကြမယ်ထင်ပါတယ်။မသိသူတွေအတွက်ကတော့ Anne Frank ဆိုတာဒုတိယကမ္ဘာစစ်ဖြစ်တုန်းက ဟော်လန်မှာနေတဲ့ဆယ်ကျော်သက်အရွယ်ဂျုးမိန်းကလေးတစ်ယေက်ပါ။ နာဇီတွေဟော်လန်ကိုသိမ်းပိုက်အပြီးမှာတော့ သူတို့ရဲ့လူမျိူးတုန်းသတ်ဖြတ်မှုဟာ Anneတို့အနားကိုရောက်ရှိလာပါတယ်။ဒါနဲ့Anne တို့မိသားစုဟာ Anne အဖေအလုပ်ရဲ့အပေါ်ထပ်လျှို့ဝှက်တိုက်ခန်းမှာ အခြားဂျုးမိသားစုတစ်ခုနဲ့တူတူသွားပုန်းကြပါတယ်။ပုန်းနေရတဲ့နှစ်နှစ်ကျော်ကာလအတွင်းမှာ Anne ဟာသူ့ရဲ့ အတွေ့အကြုံအခက်အခဲတွေကို ဒိုင်ယာရီရေးပြီးမှတ်တမ်းတင်ခဲ့ပါတယ်။Anne တို့ဟာနောက်ဆုံးမှာတော့ကံမကောင်းရှာပဲ နာဇီတွေကရှာတွေ့သွားပြီး အားလုံးကိုအရှေ့ဘက်မှာရှိတဲ့ Concentrate Camp တွေကိုပို့လိုက်ပါတယ်။Anne ရဲ့အဖေ Otto Frank ကလွဲရင်ဘယ်သူမှအသက်ရှင်လျက်ပြန်မလာနိုင်ခဲ့ပါဘူး။Otto ဟာရုံးက၀န်ထမ်းတစ်ယောက်ကပေးလို့ Anne ရဲ့ဒိုင်ယာရီပြန်ရပြီး တခြားလူတွေကိုဝေမျှပေးနိုင်ဖို့ ဒိုင်ယာရီကိုစာအုပ်ထုတ်‌ဝေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အခုချိန်မှာတော့ Diary of Anne Frank ဟာကမ္ဘာမှာနာမည်အကြီးဆုံးစာအုပ်တစ်အုပ်ဖြစ်နေပါပြီ။ဒီကားလေးကတော့ Anne Frank ရဲ့ဇာတ်ကြောင်းကိုကွန့်မြူးထားတာမျိုးပါ။Anne ဟာဒိုင်ယာရီရေးတိုင်း သူ့ရဲ့စိတ်ကူးထဲကသူငယ်ချင်းဖြစ်သူ Kitty ဆီ စာရေးပြီးရင်ဖွင့်တဲ့ပုံနဲ့ရေးတတ်ပါတယ်။ယခုခေတ်မှာ Anne ရဲ့ဒိုင်ယာရီက မှင်စွန်းသွားပြီး စာလုံးတွေကနေတဆင့် တကယ်ကောင်မလေးတစ်ယောက်အဖြစ် Kitty ဟာအသက်၀င်လာပါတယ်။သူက ဒိုင်ယာရီထဲကဖြစ်ရပ်တွေကိုပဲမှတ်မိပြီး အခုခေတ်မှာ သူငယ်ချင်းဖြစ်သူ Anne ကိုရှာနိုင်ဖို့ကြိုးစားပါတယ်။ဒီကားလေးမှာ Anne ရဲ့ဒိုင်ယာရီထဲကအဖြစ်အပျက်တချို့ရော Kitty ...
movie

Where Is Anne Frank (2022)

Sponsored

Genres

Archives