Channel Myanmar

New releases (2024)

Content at random


Movies

One Week Friends ( 2022 ) 6.0
One Week Friends ( 2022 ) 2017 က ထွက်ခဲ့တဲ့ နာမည်ကြီး Movie One Week Friends ဆိုတဲ့ ဂျပန်ကားလေးရဲ့ Remake Version လေးဖြစ်ပါတယ် ဂျပန်မင်းသားချောYamazaki Kento ဇာတ်ကားကောင်းတွေထဲကတစ်ကားပေါ့... အခုတော့ တရုတ် Remake Versionလေးမှာဘာတွေပြောင်းပြီး ဘာတွေမတူလဲမေးရင်တော့ ဇာတ်ကားလေးကြည့်လိုက်လို့ပဲပြောချင်ပါတယ်... ဗားရှင်း ၂မျိုးလုံးကို ကြိုက်လို့ပါ...အခု တရုတ်ဗားရှင်းမှာဆိုရင် lin yi လေးနဲ့တင် ကြည့်ရတာတန်တဲ့အပြင်တခြားမင်းသား မင်းသမီးအားလုံးလည်း ရူပါပါရမီပြည့်တာမို့ ကြည့်လို့ကောင်းနေတယ်... ဇာတ်လမ်းအကျဉ်းလေးပြောပြရရင် ယုံရှုဆိုတဲ့ကောင်လေးက ကျောင်းပြောင်းလာတဲ့ လင်ရှန်းကျီဆိုတဲ့ ကောင်မလေးကို မြင်မြင်ချင်း ဘာကြောင့်မှန်းမသိအရမ်းစိတ်ဝင်စားပြီး သူ့အနားရောက်ဖို့ ကြိုးစားခဲ့တာပေါ့...တစ်ချိန်တည်းမှာ လင်ရှန်းကျီကလည်း ပစ်ပစ်ခါခါ ခါးခါးသီးသီးကို ယုံရှုရဲ့ ကြိုးစားမှုတိုင်းကို ငြင်းဆန်တာပေါ့... ဘာလို့လဲဆိုတော့ လင်ရှန်းကျီဟာ ငါးမှတ်ဉာဏ်လိုမျိုးပဲ တစ်ပတ်တာ မှတ်ဉာဏ်ပဲရှိသူမလို့ပါ... ဒါပေမယ့် ဇွဲကောင်းသူ ယုံရှုကတော့ အကြိမ်ကြိမ် အပတ်တိုင်း ပြန်ခင်ဖို့ကြိုးစားတာပေါ့...ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့ သူငယ်ချင်းအုပ်စုထဲက ကျန်းဝူနဲ့ရှောင်နန်တို့က လင်ရှန်းကျီရဲ့ လျို့ဝှက်ထားတဲ့ အတိတ်က အဖြစ်ပျက်ကို သိသွားခဲ့တယ်.... ဒီအဖြစ်အပျက်က ထူးခြားစွာနဲ့ပဲ ယုံရှုနဲ့ပတ်သက်နေတယ်...ကျန်တာဆက်ပြီးတော့ မ spoil တော့ပါဘူး... ဇာတ်ကားလေးကြည့်လိုက်ပါတော့... Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Romance Runtime : ...
movie

One Week Friends ( 2022 )

The Love of the Ferry: New Legend of Liao Zhai ( 2022 ) 6.1
The Love of the Ferry: New Legend of Liao Zhai ( 2022 ) ဒီတစ်ခါမှာတော့ CMပရိသတ်ကြီးကို မြေခွေးမိစ္ဆာမလေးနဲ့ စာသင်သားလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဟိုးရှေးရှေးလွန်ခဲ့နှစ်ပေါင်းတစ်ထောင်လောက်တုန်းက မြေခွေးမိစ္ဆာတစ်ကောင်ဟာ နေရာအနှံ့ဒုက္ခပေးလို့နေသတဲ့ နတ်ဆရာကြီးတစ်ယောက်ကမြေခွေးမိစ္ဆာကိုနှိမ်နင်းပြီး အစီအရင်နဲ့ပိတ်လှောင်ထားခဲ့ပါတယ်။အဲဒီအချိန်မှာ ကြင်နာတတ်တဲ့ကလေးလေးတစ်ယောက်ဟာ မြေခွေးလေးနာကျင်နေတာမကြည့်ရက်လို့ ကူညီလိုက်ရာမှ မြေခွေးမိစ္ဆာကြီးကလွတ်သွားပါတော့တယ်။စာသင်သားလေးဝမ်ဝိန်ဟာ မြို့တော်မှတော်ဝင်စာမေးပွဲဖြေဖို့သွားရင်း ဆောင်ကြာမြိုင်ကမိန်းကလေးယာထိုနဲ့တွေ့ဆုံပြီး စုံမက်ခဲ့ကြတယ်။ ဝမ်ဝိန်ကမထင်မှတ်ပဲ ယာထိုမိန်းကလေးရဲ့ မိခင်ဖြစ်သူကမြေခွေးမိစ္ဆာဆိုတာကိုသိလိုက်ရပါတော့တယ်......ဒီလိုနဲ့ချစ်သူမိန်းကလေးရဲ့အကူအညီနဲ့ထွက်ပြေးလွတ်မြောက်ခဲ့ရပါတယ်။ ယာထိုလေးကတော့မိခင်ရဲ့နှိပ်စက်ခြင်းကိုခံရပါတော့တယ်။ ဘဝခြားတဲ့သူတို့ရဲ့အချစ်ဇာတ်လမ်းလေးဟာ ချိုမြိန်ခြင်းနဲ့အဆုံးသတ်မလား ခါးသည်းမှုတွေနဲ့အဆုံးသတ်မလားဆိုတာကို ရင်သတ်ရှုမောဖွယ်ကြည့်လိုက်ကြပါနော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama Runtime : 1h 27 min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK
movie

The Love of the Ferry: New Legend of Liao Zhai ( 2022 )

The Blue Skies at Your Feet (2022) 5.4
The Blue Skies at Your Feet (2022) The Blue sky at your feet (2022)"တစ်နေ့ကျရင် မိုးတိမ်ကင်းစင်ပြီး ဖဝါးအောက်မှာ ကောင်းကင်ပြာကြီးဖြန့်ကျက်နေတဲ့တစ်နေ့ကို ရောက်လာဦးမှာပါ။ မင်းသာ ပြုံးထားမယ်ဆိုရင် သေချာပေါက် ရောက်လာမှာပါ"ဂျပန် ကျောင်းသားကား romance/dramaကားလေးတွေကြိုက်တဲ့ ရုပ်ရှင်ချစ်သူတွေအတွက် လောလောလတ်လတ်ထွက်ရှိထားတဲ့ ဇာတ်ကားလေးကို တင်င်ဆက်ပေးလိုက်ပါတယ်။အထက်တန်းတက်နေတဲ့ မိယုနဲ့ ရှုယတို့က တွဲနေတာ ၂နှစ်နီးပါးပါပြီ။ လတိုင်း ၁ရက်နေ့မှာ ရုပ်ရှင်အတူတူကြည့်မယ်လို့ ကတိပေးထားပြီး ကတိအတိုင်းလည်း တောက်လျှောက်ကြည့်ဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခုတစ်လောမှာတော့ ရှုယအနားမှာ "တိုမိုက"ဆိုတဲ့ကောင်မလေးတစ်ယောက်ရှိနေတယ်လို့ သတင်းတွေထွက်နေပါတယ်။ နိုဝင်ဘာလ၁ရက်နေ့မှာ ထုံးစံအတိုင်း သူတို့နှစ်ယောက်ရုပ်ရှင်သွားကြည့်ဖို့ ရုပ်ရှင်ရုံကိုသွားကြပါတယ်။ ဒါပေမဲ့ မကြည့်ခင်မှာ ရှုယဆီကို ဖုန်းကောတစ်ခုဝင်လာခဲ့ပါတယ်။ အဲဒီဖုန်းကောကြောင့် ရှုယက ရုပ်ရှင်ကြည့်ဖို့ကတိကို ဖျက်ပြီးထွက်သွားပါတယ်။အဲဒီနောက်တော့ ရှုယကပြန်ရောက်လာပြီး မိယုကိုစိတ်မဆိုးအောင် ရှင်းပြဖို့ကြိုးစားပါတယ်။ ဒါပေမဲ့မိယုကလက်မခံဘဲထွက်သွားဖို့လုပ်တာကို လိုက်တားရင်းနဲ့ ကားမတော်တဆမှုနဲ့ကြုံရပြီး ၂ယောက်လုံးသတိမေ့သွားပါတယ်။မိယုပြန်နိုးလာတဲ့အခါ နောက်တစ်ရက်ကိုရောက်မသွားဘဲ နိုဝင်ဘာ၁ရက်နေ့ကိုပဲ ပြန်ရောက်နေတာကို သိလိုက်ရပါတယ်။ အဖြစ်အပျက်တွေက အရင်နေ့ကနဲ့အတူတူပဲမို့ ရှုယကို ...
movie

The Blue Skies at Your Feet (2022)

The Admiral (2015) 7.0
The Admiral (2015) The Admiral (2015)==============IMDb Rating - 7.0/10ဒီဇာတ်ကားကို စ​ရေးမယ့်အချိန် ပိုစတာကိုမြင်​တော့ နည်းနည်း​လေး အင်တင်တင်ဖြစ်သွားမိတာ အမှန်ပါ။ ဒီဇိုင်းကာလာ အ​နေအထားက ဒီဘက်​ခေတ်ထွက် ​​ပေါ​ပေါပဲပဲစတိုင် ဖြစ်​နေတာမဟုတ်လား။ ဒီလိုနဲ့ Google​ ​ပြေး​ခေါက်၊ စာ​လေးဘာ​လေး​ပြေးရှာ​တော့ တို့များဖန်​တွေ အ​​ပေးများတယ်ဆိုတဲ့ IMDbက 7၊ Review ဆရာကြီးများ ရှိ​နေတဲ့ ခရမ်းချဉ်သီးပုပ်က67%ဆို​တော့ နည်းနည်းစိတ်ဝင်စားသွားမိတယ်။ နယ်သာလန်ကားဆို​တော့ မြင်​တွေ့​နေကျ အ​နောက်တိုင်းရုပ်ရှင်တွေ၊ အ​တွေ့နည်းတယ်ဆိုတဲ့ ပြင်သစ် တူရကီစသဖြင့်ထက် ရှား​တဲ့အပြင် ဆု၂ဆုနဲ့ nomi ၄ခုထိ စာရင်းဝင်ထား​တော့ သူများဂျင်းမထည့်ခင် ကိုယ်အရင်အထည့်ခံရမှာလန့်ရင်း ​စ​ရေးတယ်​​ပေါ့။ဇာတ်လမ်းက ၁၇ရာစုနှစ်ကို အ​ခြေခံထားပြီး နယ်သာလန်​​ရေတပ်ရဲ့ ဗိုလ်ချုပ်ဖြစ်တဲ့ မီခယ်ဒီရိုက်တာကို အသား​ပေးရိုက်ကူးထားတာပါ။ ပ​ဒေသရာဇ်​​တွေကြီးစိုး​နေ​​သေးတဲ့ အချိန်မျိုးမှာ ရီပတ်ဘလစ်စနစ် စတင်အ​ကောင်အထည်​ပေါ်​​နေပြီဖြစ်တဲ့ နယ်သာလန်​ပြည်ကြောင့်ပဲ ဒီဇာတ်ကားထဲက အရှုပ်ထုတ်​တွေ စဖြစ်ခဲ့တယ်လို့ ဆိုရမှာပါပဲ။သက်ဦးဆံပိုင်စနစ်ဘက်က မင်းမျိုးမင်းနွယ် ​​Prince of Orangeနဲ့ ပါတီနိုင်ငံ​ရေးစနစ်ဘက်က ရီပတ်ဘလစ်ကန်​တွေ ပွတ်တိုက်လာမှုရဲ့ အကျိုးဆက်အဖြစ် ပြည်တွင်းစစ်မီးက ​တောက်လုဆဲဆဲ ဖြစ်သလို တစ်ဖက်မှာလည်း ​ဟော်လန်ရဲ့ ​ရေ​ကြောင်းကုန်သွယ်​ရေးလုပ်ငန်းနဲ့ လွတ်လပ်တဲ့ ရီပတ်ဘလစ်စနစ်ကို မျက်မုန်းကျိုး​နေတဲ့ အင်္ဂလိပ်နဲ့ ပြင်သစ်​တွေက ​ရေ​ကြောင်းထိုးစစ်​တွေနဲ့ ...
movie

The Admiral (2015)

2015
Doraemon: Nobita’s Great Adventure in the Antarctic Kachi Kochi (2017) 6.6
Doraemon: Nobita’s Great Adventure in the Antarctic Kachi Kochi (2017) Doraemon the Movie 2017 : Great Adventure in the Antarctic kochi kochiငယ်စဉ်ကလေးဘဝတည်းက အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဒိုရေမွန်ဇာတ်ကားပေါင်းများစွာထဲက စွန့်စားခန်းလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။ဒိုရေမွန်နဲ့ နိုဘီတဟာ ဂျပန်နိုင်ငံနွေရာသီရဲ့ ပူပြင်းလွန်းတဲ့ရာသီဥတုကိုမခံနိုင်တော့တာကြောင့် တောင်ပစိဖိတ်သမုဒ္ဒရာရဲ့ ဧရာမရေခဲတောင်ဆီကို လာခဲ့ကြပါတယ်။ဒီကနေ ရွှေကွင်းကလေးတစ်ကွင်းကိုရှာတွေ့ သွားပြီး သူ့ပိုင်ရှင်ကို လိုက်ရှာရာကနေ ပျောက်ဆုံးနေတဲ့ အတ္တလန်တစ်မြို့တော်နဲ့ဆက်စပ်မိသွားခဲ့ပါတယ်။ ဒီလိုနဲ့ မှော်အိတ်လေးထဲကနေ လိုတာမှန်သမျှထုတ်လို့ရတဲ့ ဒိုရေမွန်နဲ့ သူ့ရဲ့သူငယ်ချင်းတစ်စု၊ ပျောက်ဆုံးနေတဲ့မြို့တော်ကိုရှာဖွေရင်း ဘယ်လိုအန္တရာယ်မျိုးစုံကိုဖြတ်ကျော်ရမလဲဆိုတာကို စိတ်၀င်တစားကြည့်ရှုရမယ့် ကာတွန်းကောင်းလေးတစ်ကားဖြစ်ပါတယ်။ ထွက်သမျှဇာတ်ကားတိုင်းမှာ ပရိတ်သတ်တွေကိုစိတ်မပျက်စေခဲ့တဲ့ ဒိုရေမွန်၊ ဒီတစ်ခေါက်မှာလည်း ချစ်စရာAnimation များနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုခံစားပေးကြပါဦး File size…1.6GB / 902MB Quality…1080p BluRay / 720p Format…mp4 Duration….1h 41min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie

Doraemon: Nobita’s Great Adventure in the Antarctic Kachi Kochi (2017)

2017
[18+] Lampas Langit (2022) 8.6
[18+] Lampas Langit (2022) Lampas Langit (2022)~ IMDb rating - 8.6/10 ~Vivamax ကားတွေ အထွက်စိပ် လူတွေထပ် ဇာတ်လမ်းတွေများလာတဲ့အချိန်မှာ ဝေဖန်သံတွေဟာ အတော်ဆူညံခဲ့ပုံရပါတယ်။ အခုနောက်ပိုင်းလည်း ကားတွေဆက်တိုက်ထွက်မြဲဖြစ်ပေမယ့် တစ်ကားထက်တစ်ကား ဇာတ်လမ်းတွေပိုကောင်း ဇာတ်အိမ်တွေပိုခိုင်မာလာတာလဲ အမှန်ပါပဲ။ဒီကားရဲ့ ဇာတ်လမ်းကို အကြမ်းဖျင်းသဘောပြောရမယ်ဆိုရင် အိမ်ထောင်ရေး အတော်ကြီးကို အဆင်မပြေတော့တဲ့ တက်သစ်စ စာရေးဆရာတစ်ယောက်နဲ့ သူ့ရဲ့အောင်မြင်နေတဲ့ ဖက်ရှင်ဒီဇိုင်နာ ဇနီးသည်တို့ဟာ နှစ်ယောက်တည်းအတူနေကြရင်တော့ ပြန်ပြေလည်နိုင်မလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ မိသားစုတွေနဲ့ဝေးတဲ့ ကိုယ်ပိုင်တိုက်ခန်းတစ်ခုဆီကို ပြောင်းလာကြပါတယ်။ အဲ့ဒီတိုက်ခန်းမှာ သူတို့အိမ်နီးချင်းအသစ်အဖြစ်ဆုံလိုက်ရတာကတော့ ခင်ပွန်းသည်ဖြစ်သူ စာရေးဆရာရဲ့ငယ်စဉ်ဘ၀ ကတည်းက အားကျအတုယူရတဲ့ စာရေးဆရာစီနီယာကြီးတစ်ယောက်ပါ။သူတို့ နှစ်ယောက်ရဲ့ အိမ်နီးချင်းစာရေးဆရာအိုကြီးက သူတို့အိမ်ကို တံခါးမရှိ ဓားမရှိ ဝင်ထွက်သွားလာဖို့ဖိတ်ကြားလိုက်တဲ့အချိန်မှာ ဒီဘက်က ဂျူနီယာစာရေးဆရာနဲ့ ဟိုဘက်က စာရေးဆရာ အဘိုးကြီးရဲ့ သမီးငယ်တို့ကြားမှာ ချုပ်ထိန်းခံထားရတဲ့ ရမက်ဇောတွေ ပွင့်ဟလာတော့တာပါပဲ။ဇာတ်လမ်းက အပေါ်ယံထက်အများကြီးပိုရှုပ်ထွေးပါတယ်။ ခုခေတ်ကာလအထိ လူတွေ ...
movie

[18+] Lampas Langit (2022)

2022
Lycoris Radiata ( 2022 ) 5.9
Lycoris Radiata ( 2022 ) CM တရုတ်ဖန်လေးတွေအတွက် ဒီနေ့ တစ်မူထူးခြားတဲ့ ဇာတ်ကားကောင်းလေးကို မိတ်ဆက်ဘာသာပြန်ပေးလိုက်ပါတယ်... အားလုံး hotel deluna ထဲက သစ်ပင်ခြောက်ကြီးကို မှတ်မိကြလား... မှတ်မိတယ်ဆို တရုတ်ဗားရှင်း သစ်ပင်ခြောက်ကြီးကပေါ်လာတဲ့ အချစ်ဇာတ်လမ်းလေးလာပါပြီ...တရုတ်ကားအတော်များများမှာပါတဲ့ ဝမ်ချွမ် ( ခံစားချက်မဲ့မြစ်) ကို တစ်မူထူးခြားတင်ဆက်ထားတဲ့ကားပေါ့... ဒီကားလေးထဲမှာ လူ့ပြည်ရဲ့ အပြစ်တွေကို စီရင်ဖို့အတွက် ဝမ်ချွမ်ဆီ ရောက်လာကြရတယ်... နောက်တော့ မုန့်ဖော်( မုန့်အဖွား) ရဲ့ အဆုံးအဖြတ်အရ အပြစ်ပေးခံရတယ်... တရားမျှတစွာ စီရင်ပေးနိုင်ဖို့ ဥပဒေထက်မှာ ခံစားချက်ကိုမေ့ထားရသလို သွေးအေးရတယ်...ဒါပေမယ့် မန်ရှူးဟာ ဝမ်ချွမ်ရဲ့ ထိန်းသိမ်းသူဆိုပေမယ့် အမှတ်မထင်ကိစ္စတစ်ခုနဲ့ ရှားဟွား ဆိုတဲ့ ပန်းနတ်သားငယ်လေးတစ်ယောက်နဲ့ ဆုံခဲ့ပြီး ဘဝမှာ တစ်ခါမှမခံစားဖူးတဲ့ အနွေးဓာတ်ကို ခံစားမိခဲ့တယ်... ဘာလို့ ဒီလိုဖြစ်တယ်ဆိုတာ မသိပေမယ့် သူ့မသိစိတ်ကနေ ဝမ်ချွမ်ကသေဆုံးနေတဲ့ သစ်ပင်ကြီးကို ရှားဟွားက ကူညီပြီး ပန်းပွင့်လာအောင် အပင်အသက်ပြန်ဝင်လာအောင်လုပ်ပေးနိုင်မယ် ယုံကြည်ပြီး ဝမ်ချွမ်ကိုခေါ်လာခဲ့တယ်...ကဲ ဒီလောက်ဆိုရင် ဘယ်လို စိတ်ဝင်စားဖွယ် ပလော့နဲ့ ရိုက်ကူးထားတယ်ဆိုတာ သဘောပေါက်ကြမှာပါ... နောက်ပြီး မင်းသားရူပါတော့မသိပေမယ့် မင်းသမီးရူပါက အကိတ်တလိုင်းမို့ ဒါနဲ့တင်တန်နေပါပြီလို့ ပြောပြီး ဇာတ်လမ်းလေး ပရိုမိုရှင်း ဆင်းလိုက်ပါတယ်. Quality ...
movie

Lycoris Radiata ( 2022 )

Punish Evil ( 2022 ) 6.3
Punish Evil ( 2022 ) CM ကနေပြီးတော့ Punish Evil ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၂၀ ရာစုနှစ်မှာ တရုတ်ပြည်တောင်ပိုင်းရဲ့ မြို့လေးဖြစ်တဲ့ပင်းဟိုင်မှာ ရဲခေါင်းဆောင် Song Hai ကပင်းဟိုင်ရဲ့ဖြစ်သမျှ အမှုတွေကိုဦးဆောင်ရတဲ့သူပေါ့။တစ်နေ့မှာ ပင်းဟိုင်ဘဏ်ရဲ့ ဘဏ်လုယက်မှုမှာပါဝင်ပတ်သက်သူ Zhuang Zhi Qiang ကသူ့အဖွဲ့ကိုဦးဆောင်ပြီးဘဏ်ကို လုယက်ခဲ့တယ်။ Zhuang Zhi Qiang ဦးဆောင်တဲ့အဖွဲ့က ၂ မိနစ်အတွင်းလုယက်မှုကိုအောင်မြင်သွားနိုင်တဲ့အပြင် ရဲတွေလက်ထဲကနေ လွတ်မြောက်နိုင်တဲ့လက်ရဲပြီးရက်စက်တဲ့အဖွဲ့ပေါ့။ ဒီလိုနဲ့ အမှုတွေဆက်တိုက်ဖြစ်လာရင်းရဲတွေက သဲလွန်စတွေနဲ့လိုက်လံဖမ်းဆီးတဲ့အခါမှတော့ဘယ်လိုတွေဆက်ဖြစ်လာမလဲ။ ဒီကားလေးကတော့ အက်ရှင်ကားကိုမှကြိုက်နှစ်သက်တဲ့လူတွေအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်တင်ဆက်ထားတာကြောင့် ဇာတ်လမ်းလေးကိုကြည့်ရူလိုက်ရအောင် ~ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Crime , Drama Runtime : 1h 25min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Punish Evil ( 2022 )

[21+] A Husband And Wife {JUL-302}
[21+] A Husband And Wife {JUL-302} Ririko Kinoshita လေးရဲ့ ခန့်ငြားလှတဲ့ အလှတွေလဲကြည့်ရမယ် ဇာတ်အိမ်ကောင်းကောင်းလေးလဲခံစား ချင်တယ်ဆိုရင် ဒီကားလေးက လက်မလွှတ်သင့်ပါဘူး သူမရဲ့ ရင့်ကျက်တဲ့ဣန္ဒြေ အရှက်တရား မရဲမဝံ့ စတဲ့ အမူရာလေးတွေက အရမ်းချစ်ဖို့ကောင်းနေရော သူ့အသက်က ၃၈ ဆိုပေမဲ့ တက်ကြွလန်းဆန်းနေသူတစ်ယောက်ဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့==================== အိမ်ထောင်သက်ကြာလာပြီးငြီးငွေ့နေတဲ့ အိမ်ချင်းကပ်ရက် အတွဲနှစ်တွဲအကြောင်းနဲ့အစပြုထားပါတယ် ကလေးယူဖို့ကြိုးစားနေပေမဲ့ မအောင်မြင်ကြရှာပါဘူး ဒါနဲ့ပဲ သူတို့ ရင်ခုန်စရာလေးတွေ ဖန်တီးမယ်ဆိုပြီး ကစားနည်းတစ်ခုထွင်လိုက်ပါတယ် ကစားနည်းလေးက ထူးဆန်းတယ်ဗျ မယားချင်းလဲအိပ်တာတဲ့လေ ဘယ်သူဘယ်လောက် မနာလိုစိတ်ရှိလဲ အဲဒီအစား ရင်ခုန်လဲ ဆိုတာ သိရဖို့အတွက်ပါပဲ မမကြီးရဲ့ အမူအရာတွေက တည်ငြိမ်သလောက် အတွင်းစိတ်က နွားရိုင်းမလေးလို ဖြစ်နေတာကို ပုံဖေါ်ထားတာဖြစ်ပြီး ကြည့်လို့ကောင်းတဲ့ ဇာတ်ကားဖြစ်တာကြောင့် DS Fans တွေအတွက်တင်ဆက်လိုက်ပါတယ် File size…2.08GB  / 1.1GB Quality…1080p  Format…mp4 Duration….1h 58mins Subtitle….Myanmar Subtilte(Hard Sub) Encoder….X Cross Translated by Ki  Mu Chi
movie

[21+] A Husband And Wife {JUL-302}

Bairagee (2022) 7.5
Bairagee (2022) ကန်နာဒါလောကက ကိုယ်တွေမင်းသားကြီး ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်ရှီဗာဟာ ကျားပြဇာတ်ကို သရုပ်ဆောင်တဲ့ သူတစ်ယောက်ဖြစ်ပြီး "ကျားကြီး ရှီဗာ" ဆိုတဲ့ အမည်တွင်တဲ့အပြင် ဒေါသကြီးတဲ့သူအဖြစ်လည်း နာမည်ကြီးပါတယ်တစ်နေ့ သူ အဲဒီဒေါသကြောင့်ပဲ ထောင် ၁၅ လ ကျခဲ့ပြီး ပြန်လွတ်လာတော့ ဒေါသကြီးတာမကောင်းဘူးဆိုပြီး ဒေါသကို ချုပ်ထိန်းက ကျိုးနွံတဲ့စိတ်နဲ့ လူသစ်တစ်ယောက်လို နေထိုင်ခဲ့ပါတယ်အဲဒီလိုနဲ့ သူ အလုပ်အတူလုပ်တဲ့ ဗက်တာဗီဆိုတဲ့ ကောင်လေးနဲ့တွေ့ပြီး ညီအစ်ကိုအရင်းတွေကို ခင်လာခဲ့ပါတော့တယ်သူတိုတွေ အတူတူပျော်ပျော်ရွှင်ရွှင်နေထိုင်ကြပြီး သူတိုချစ်တဲ့ကောင်မလေးတွေကို ပိုးရင်းနဲ့ ဘဝကို အေးချမ်းစွာ ဖြတ်သန်းခဲ့ကြပေမယ့်မထင်မှတ်ထားတဲ့ ကံကြမ္မာအပြောင်းအလဲတစ်ခု (သိုမဟုတ်) မကောင်းတဲ့လူတစ်စုကြောင့် ရှီဗာရဲ့ ကိုယ်တွင်းမှာ ချုပ်တည်းထားတဲ့ ကျားတစ်ကောင်ဟာ ပေါ်ထွက်လာခဲ့ပါတော့တယ်မေတ္တာတရားတွေနဲ့ ချည်နှောင်ထားတဲ့ ဒီကားလေးဟာ ဝမ်းနည်းစရာများလည်း ရောယှက်လျက် ကြည့်ရှုသူများကို လူ့ဘဝဇာတ်ခုံရဲ့ စုံလင်လှတဲ့ အရောင်အသွေးတွေကို မြင်စေမယ့် ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်စေမှာ အသေအချာပါပဲရှင် File size…2.96GB / 1.43GB Quality…1080p AVC AAC5.1CH / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora & Kham Mon & OeliuJ & ...
movie

Bairagee (2022)

2022
Top Gun: Maverick (2022) 8.6
Top Gun: Maverick (2022) Top Gun: Maverick (2022) ==================== IMDb Rating - (8.6/10) / Rotten Tomatoes (96%)တွမ်ခရုရဲ့ အအောင်မြင်ဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ခဲ့တဲ့ တော့ပ်ဂန်းရုပ်ရှင်ရဲ့ အဆက် တော့ပ်ဂန်း-မက်ဗရစ်ထွက်လာပါပြီ။ဒီရုပ်ရှင်ထဲမှာတော့ မက်ဗရစ်ရဲ့ မိတ်ဆွေကြီးအိုက်စ်တောင် ရေတပ်ဗိုလ်ချုပ် ဖြစ်နေပါပြီ။ ဒါပေမဲ့ မက်ဗရစ်ကတော့ ပြဿနာတွေရှာလိုက် လူကြီး တွေနဲ့ ငြိလိုက်နဲ့ သက်တမ်းရင့် ကပ္ပတိန် (ဗိုလ်မှူးကြီး) ဖြစ်နေတုန်းပါပဲ။ သူ့ကိုအပြီးသတ် အနားပေးခါနီးမှာပဲ အရေးကြီးတဲ့ စစ်ဆင်ရေးတစ်ခုပေါ်လာပါတယ်။ အဲဒီစစ်ဆင်ရေးက အရမ်းခက်ခဲလွန်းတဲ့အတွက် တော့ပ်ဂန်း သင်တန်းဆင်း အတော်ဆုံးလေယာဉ်မှူးတွေကို ပြန်ခေါ်ပြီး မက်ဗရစ်ကို နည်းပြအဖြစ် တာဝန်ပေးလိုက်ပါတော့တယ်။အဲဒီအဖွဲ့ထဲမှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဂုစ်ရဲ့ သားပါလာပြီး သူက မက်ဗရစ်ကို သူ့အဖေသေရတဲ့အတွက်မုန်းတီးနေတဲ့သူပါ။ သူတို့နှစ်ယောက်ကြားက အမုန်းတွေကိုဘယ်လိုဖြေရှင်းပြီး မဖြစ်နိုင်တဲ့စစ်ဆင်ရေးတစ်ခုကို ဘယ်လို ရအောင် တိုက်ခိုက်ကြမလဲဆိုတာ....ဒီရုပ်ရှင်မှာကြည့်ရှုရမှာဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာ $1.3 Billionနီးပါး ရုံတင်ငွေရရှိထားတာဖြစ်ပြီး၊ တွမ်ခရုရဲ့ သရုပ်ဆောင်သက်တမ်း နှစ်(၄၀)အတွင်း ပထမဆုံးသော Billionနဲ့ချီပြီး ဝင်ငွေရရှိခဲ့သော ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)ဇာတ်ကားက Top Gun (1986) ...
movie

Top Gun: Maverick (2022)

2022
4K HEVC IMAX
Top Gun (1986) 6.9
Top Gun (1986) Top Gun (1986) IMDb - 6.9/10_____Rotten 54% Won 1 Oscar. Another 10 wins & 5 nominations ဒီကားက ၁၉၈၆ ခုနှစ်ကထွက်ခဲ့တာဖြစ်ပြီး နှစ် ၃၀ ကျော်ကြာမှာတော့ သူ့ရဲ့အဆက် နံပါတ် ၂ ဇာတ်ကား Top Gun: Maverick (2022) ရုပ်ရှင်ကားလဲ ထွက်ရှိလို့ လာခဲ့ပါပြီ။ Top Gun 1986 ဇာတ်ကားကတော့ ခပ်မိုက်မိုက် အမေရိကန်လေသူရဲတစ်ယောက်နဲ့ ခပ်မိမိဆရာမလေးတို့ရဲ့အချစ်အကြောင်းကို အမေရိကန်တိုက်လေယာဉ်သင်တန်းကျောင်းတစ်ခုမှာ အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားပါ။မင်းသားကြီး တွမ်ခရုစ်ရဲ့ နာမည်ကြီးဇာတ်ကားဖြစ်ပြီး ၂၀၂၂ ခုနှစ် အသက် ၆၀ ထိ နုပျိုနေတဲ့ တွမ်ခရုစ်အကြောင်းတွေက မမြင်ချင်မှ အဆုံးပါပဲ။ဒီထဲက မင်းသမီး Kelly McGillis ကိုတော့ အိုစာလွယ်တယ် ပုံပျက်လွယ်တယ်ဆိုပြီး တွမ်ခရုစ်ပုံနဲ့ ယှဉ်ပြီးပြပြတတ်ကြပါတယ်။တကယ်တော့ မင်းသမီး ကယ်လီမက်ဂေးဟာ ဒီဇာတ်ကားမရိုက်ခင် ...
movie

Top Gun (1986)

1986
4K HEVC
Paa (2009) Father 7.1
Paa (2009) Father IMDb Rating (7.1)အမီတာဘဂျမ်းတို့ သားအဖ အတူတွဲပြီး သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေထဲမှာ ဒီဇာတ်ကားက အငိုရဆုံးနဲ့အထိဆုံးပါပဲ။ဒီထဲမှာတော့ အမီတာဘဂျမ်းက ၁၂ နှစ်အရွယ် သားအဖြစ် သရုပ်ဆောင်ထားပြီး အဗီရှိတ်ဘဂျမ်းက ဖခင်နေရာကနေ ပြောင်းပြန် သရုပ်ဆောင်ထားကြပါတယ်။အမီတာဘဂျမ်း တဖြစ်လဲ Auro ဆိုတဲ့ကောင်လေးဟာ ရှားပါးရောဂါဖြစ်တဲ့ Progeria (မျိုးဗီဇချို့ယွင်းမှုကြောင့် အိုမင်းမြန်တဲ့ရောဂါ) ခံစားနေရတာကြောင့် အသက် ၁၂ နှစ်မှာပဲ အလွန်အမင်းအိုမင်းရင့်ရော်တဲ့ကလေးငယ်လေးတစ်ယောက်ဖြစ်နေပါပြီ။ ဒါပေမယ့်သူဟာ ဉာဏ်ရည်ထက်မြက်တဲ့ကောင်လေးဖြစ်ပါတယ်။အဗီရှိတ်ဘဂျမ်း တဖြစ်လဲ Amol Arte ကတော့ တက်ကြွတဲ့နာမည်ကြီးနိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး Auro ရဲ့ဖခင် ဖြစ်ပေမယ့် လူသိမခံထားပါဘူး။မင်းသမီး Vidya Balan တဖြစ်လဲ Dr. Vidya ကတော့ Auro ရဲ့မိခင်ဖြစ်ပြီး ရောဂါသည် သားလေးကို စောင့်ရှောက်နေသူလေးပါ။ထူးဆန်းတဲ့ရောဂါသည်သားလေးနဲ့ သားကိုသိပ်ချစ်တဲ့မိခင်နဲ့ သားကို လူသိမခံဝံ့တဲ့ ဖခင်နိုင်ငံရေးသမားနဲ့တို့ကြားမှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ..........။ဒီဇာတ်ကားက ဆုပေးပွဲများစွာမှာ Best Actor,Best ...
movie

Paa (2009) Father

1080p HEVC
[18+]Enter the Void(2009) 7.2
[18+]Enter the Void(2009) Enter the Void(2009)အညွှန်း**************************(အဖော်အချွတ်နဲ့ SEX အခန်းများပါရှိတာကြောင့်မိသားစုနဲ့အတူမကြည့်သင့်ပါဘူး.)၂၀၀၉ ခုနှစ်က ထွက်ရှိထားတဲ့ Fantasy/ Drama ဆန်ဆန်ဇာတ်ကားဖြစ်ပြီးafter-death သီအိုရီတွေကို visual ပြကွက်အလန်းတွေနဲ့ ပြင်သစ်ဒါရိုက်တာGaspar Noe ကတင်ဆက်ပေးထားတာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းကို base ထားတာတော့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာဖြစ်ပါတယ်။အော်စကာက ဂျပန်မှာ နေနေတဲ့ နိုင်ငံခြားသားလူငယ်တစ်ယောက်ပေါ့။သူ့အလုပ်က မူးယစ်ဆေးမှောင်ခိုရောင်းတာပါ။ သူ့သူငယ်ချင်းဖြစ်သူ အဲလက်စ်က တခြားအလုပ်ရှာခိုင်းပေမယ့်ကိုယ်တိုင်သုံးရတာကြိုက်တဲ့ အော်စကာက ဆက်ရောင်းမြဲရောင်းနေခဲ့တာပေါ့။သူ့မှာ လင်ဒါဆိုတဲ့ ညီမတစ်ယောက်ရှိပြီး လင်ဒါက နိုက်ကလပ်မှာ အဖော်ချွတ် အကမယ်လုပ်ပါတယ်။တစ်နေ့ လက်ထောက်ချခံရပြီး အော်စကာတစ်ယောက် ရဲတွေလက်ကပြေးရင်း သေနတ်နဲ့ပစ်ခံလိုက်ရတဲ့အခါ….သူတကယ်သေသွားတာလား ဒီလောကထဲမှာ ထပ်ကျင်လည်ရဦးမှာလားဆိုတာကတော့File Size : (3.6GB)(1.1 GB) and (386 MB) Quality : Blu-Ray1080p5.1CH, 720p Format…mp4 Duration…02:41:00 Genre : Drama , Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

[18+]Enter the Void(2009)

The Great Illusionist 2 ( 2022 ) 6.3
The Great Illusionist 2 ( 2022 ) CM ချစ်ပရိသတ်တို့အတွက် Part 1 နဲ့ ဇာတ်လမ်း လုံးဝချိတ်ဆက်နေတာမဟုတ်ပေမယ့် part 1 လိုပဲ စိတ်ဝင်စားဖို့ကောင်းတဲ့Great Illusionist part 2 ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...လုံစုန်အရာရှိတစ်ယောက် ထူးခြားတဲ့ လူသေမှုတွေကို ရင်ဆိုင်ရပြီး ဖြည်းဖြည်းချင်း ရှာဖွေစစ်ဆေးရာမှာ ထူးခြားစွာ သေဆုံးသူ ၃ ယောက်လုံးရဲ့ တူညီတဲ့သဲလွန်စကို ရခဲ့တာပေါ့...ဒါကတော့ ၃ ယောက်လုံးက တိုက်တိုက်ဆိုင်ဆိုင် ကျောင်းနေဖက်တွေဖြစ်ခဲ့ပြီးတော့ လွန်ခဲ့တဲ့ ၄ နှစ်က တိုက်တိုက်ဆိုင်ဆိုင် အကြောင်းမဲ့ ကျောင်းနားခဲ့ကြတယ်ဆိုတာပါပဲ... သေဆုံးသူ ၃ ယောက်လုံးက ကျောင်းနားတာတင်မကဘူး မိသားစုကျောထောက်နောက်ခံကောင်းပြီး ငွေကြေးကြွယ်ဝတဲ့အပြင် အာဏာပါရှိတဲ့ မိသားစုကဆိုတာပါ သိခဲ့ရတော့ ဒါက သွေးရိုးသားရိုး မဟုတ်မှန်း သဘောပေါက်ပြီး သေချာစုံစမ်းတဲ့အခါမှာ လွန်ခဲ့တဲ့ ၄ နှစ်က မတော်တဆမှုနဲ့ပါ ချိတ်ဆက်မိလာခဲ့တယ်...ဒီကားထဲ အကြိုက်ဆုံး ဒိုင်ယာလော့လေးကတော့ "ဒီလောကမှာ ငွေရှိတဲ့သူက သက်ဆိုးရှည်ပြီး မရှိတဲ့သူက သေသင့်တာလားတဲ့"တဲ့... Great Illusionist part 1 တုန်းကလိုပဲ ဇာတ်လမ်းအစတည်းက အဆုံးထိ တဖြည်းဖြည်းချင်း ဆွဲခေါ်သွားတာမို့ ထူးခြားဆန်းပြားဖွယ်ဇာတ်ကားကောင်းလေးမို့ ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးထဲက တစ်ခုပါ.. Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama Runtime ...
movie

The Great Illusionist 2 ( 2022 )

DC League of Super-Pets (2022) 7.8
DC League of Super-Pets (2022)  ဇာတ်လမ်းကတော့ နာမည်အတိုင်းပါပဲ ဒီစီစူပါဟီးရိုးတွေရဲ့ အိမ်မွေးအကောင်လေးတွေအကြောင်းပါပဲ။ အဓိက ဇာတ်ကောင်ကတော့ စူပါမန်းရဲ့ ခွေး ခရစ်ပတိုဖြစ်ပြီး အသံသရုပ်ဆောင်အဖြစ် The Rock က ပါဝင်ထားပါတယ်။ သူ့သူငယ်ချင်း ခွေးအဖြစ် အေ့စ်နေရာမှာ ကယ်ဗင်ဟာ့ကပဲ သရုပ်ဆောင်ထားတာမို ထုံးစံအတိုင်း အတွဲညီညီရယ်ရမှာပါပဲ။ ကျွန်တော်တိုရဲ့မင်းသားကြီး ကီရာနူးရိဗ်ကလည်း ဘတ်မန်းနေရာက အသံသရုပ်ဆောင်ပြီး၊ ဂျွန်ကရာဆင်းစကီးက စူပါမန်းအဖြစ် သရုပ်ဆောင်ထားပါတယ်။လက်စ်လူသာရဲ့ စမ်းသပ်ခန်းကလွတ်လာတဲ့ လူလူဆိုတဲ့ ပူးလေးဟာ စူပါပါဝါတွေရသွားပြီး ဂျက်စတိလိတစ်ခုလုံးကိုဖမ်းထား၊ လက်စ်လူသာကိုကယ်တင်ပြီး ကမ္ဘာကြီးကိုအုပ်စိုးဖို လုပ်ပါတော့တယ်။ ဒါကို စူပါကောင်လေးတွေက ဘယ်လို စုပေါင်းကယ်တင်ကြမလဲဆိုတာ ကြည့်ရမှာပါပဲ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mr.Anderson ပါ )File Size__(1.7GB) / (910MB) Quality__WEB-DL_1080p, CAM- 720p IMDb Rating__7.8/10 Format__mp4 Duration__01:33:00 Type__Action, Adventure, Animation Subtitle__Myanmar Subtitle (Hardsub) Translated by Mr.Anderson Encoded by Naing ...
movie

DC League of Super-Pets (2022)

Ju-on: The Grudge (2002) 6.7
Ju-on: The Grudge (2002) Ju-On: The Grudge (2002)ဂျပန်နာမည်ကြီးရုပ်ရှင် ဒါရိုက်တာ Takashii Shimizu ရဲ့ အောင်မြင်ခဲ့တဲ့ Ju-On sequel ကားတွေထဲက ၂၀၀၂ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ Ju-On ရုပ်ရှင်တွေက ဂျပန်မှာ အလွန်အောင်မြင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ဇာတ်ကားတွေက ထိုခေတ်အခါက တခြားhorrorတွေနဲ့ မတူကွဲပြားတယ်လို့ ဆိုကြပါတယ်။ Howling Villageအပါအဝင် Ox-Head Village,Suicide Forest village ကားတွေရဲ့ ပဲ့ကိုင်ရှင်ပါပဲ။နဲရိမခရိုင်မှာ သရဲအခြောက်ကြမ်းပြီးကျိန်စာသင့်နေတယ်ဆိုတဲ့ အိမ်တစ်အိမ်ရှိခဲ့ပါတယ်။ အဲဒီအိမ်မှာနေထိုင်တဲ့မိသားစုမှန်သမျှ ကျိန်စာမိပြီး လူစားလဲခံရကာ သေဆုံးကုန်ပါတယ်။အဲဒီအိမ်ရဲ့အရင်ပိုင်ရှင်ဖြစ်သူက သူ့မိသားစုတစ်ခုလုံးကိုပြန်သတ်ပြီး သူကိုယ်တိုင်လည်း သူ့မိန်းမရဲ့ဝိဉာဉ်သတ်လို့ သေဆုံးခဲ့တာပါ။ ဇောကပ်ပြီး သေဆုံးခဲ့ရတဲ့သူ့မိသားစုရဲ့ဝိဉာဉ်တွေက မကျွတ်မလွတ်နိုင်ဘဲ အဲဒီအိမ်ထဲကို ဝင်လာသူမှန်သမျှကို ကျိန်စာတိုက်ခဲ့ပါတယ်။ ကျိန်စာမိသွားတဲ့သူတစ်ယောက် သေပြီးရင် နောက်တစ်ယောက်ဆီကို ကျိန်စာကူးပြောင်းကာ ထူးဆန်းစွာနဲ့ ထပ်မံသေဆုံးရပါတယ်။ ဒီအိမ်မှာ လက်ရှိနေထိုင်နေတဲ့ နခဂဝါမိသားစုဝင်တွေရော ဘယ်လိုအဖြစ်ဆိုးတွေနဲ့ ကြုံရပြီး ကျိန်စာသင့်ကြဦးမှာပါလဲ။ သရဲ တစ္ဆေနဲ့ ကျိန်စာဇာတ်လမ်းတွေနှစ်သက်တဲ့ ...
movie

Ju-on: The Grudge (2002)

The Assistant (2022) 6.2
The Assistant (2022) The Assistant (2022)အသစ်ထွက်ထားတဲ့ Action /Thriller ကားလေးပါ။ဇာတ်လမ်းက Zafil တစ်ယောက် ထောင်က လွတ်လာရာက စပါတယ်။ သူက အမှုတခုနဲ့ ထောင်၁၀နှစ်ကျခဲ့တာပါ။ထောင်ထွက်ထွက်ချင်းမှာပဲ သူ အရင်နေခဲ့တဲ့ အိမ်ကို သွားပါတယ်။ ဝမ်းနည်းစရာက သူထောင်ကျနေတုန်းမှာ သူ့ရဲ့ မိန်းမနဲ့ သားလေးက အသတ်ခံလိုက်ရပါတယ်။ ဒါပေမဲ့ အဲ့ဒီမှာ လူတစ်ယောက်နဲ့တွေ့ပြီး သူ့မိန်းမနဲ့ကလေး အတွက် ကလဲ့စားချေဖို့လမ်းစရသွားပါတယ်။Zafil ရဲ့ မိန်းမနဲ့ကလေးကို ဘယ်သူက သတ်တာလဲ? နောက်ကွယ်မှာ ဘယ်သူတွေပါနေမလဲ? သူ့ရဲ့ ကလဲ့စားချေမဲ့ ခရီးစဉ်ကြီးကကော ဘယ်လိုဆက်ဖြစ်မလဲ? ဆိုတာတော့ ဆက်ပြီး ကြည့်လိုက်ကြရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Marie ပါ။)File Size : 1.9GB, 820MB, 412MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 2hr ...
movie

The Assistant (2022)

2022
Fullmetal Alchemist_The Revenge of Scar (2022) 5.6
Fullmetal Alchemist_The Revenge of Scar (2022) Fullmetal Alchemist : the Revenge of Scar (2022)အန်နမှာ အောင်မြင်ထားပြီး သူ့ကိုယ်ပိုင်ပရိသတ်နဲ့ သူရှိပြီးသားFullmetal Alchemistကို 2017တုန်းက live actionရိုက်ခဲ့ပါတယ်။ အန်နမဲကြည့်ထားတဲ့သူအတွက် ဘယ်လိုနေမလဲမသိပေမဲ့ ဒီတိုင်းကြည့်ရင်တော့ မဆိုးပါဘူး။ ကြည့်ကောင်းပြီး စိတ်ဝင်စားစရာလည်းကောင်းပါတယ်။ ရိတ်တင်အနေအထားအရ အန်နမဲ ပရိသတ်အတွက်တော့ စိတ်ပျက်စရာဖြစ်သွားပုံရပါတယ်။ဇာတ်လမ်းကတော့ ပထမကားအတိုင်းပဲ Edward Elricက ခန္ဓာမရှိတဲ့ သူ့ညီအတွက် ခန္ဓာပြန်ရအောင်လုပ်ပေးဖို့ ကြံပါတယ်။ ဒီလိုနဲ့ သူတို့ မြို့တော်ကို လာတဲ့လမ်းမှာ နိုင်ငံခြားက Alchemistဆန်ဆန်ပညာသည်တွေနဲ့ မင်းသားတစ်ပါးက သူတို့ဆီ အဂ္ဂရိတ်ဓာတ်လုံးအကြောင်းမေးရင်း ရန်ထဖြစ်ကြတယ်။ နောက် scarလို့ခေါ်တဲ့ သူတို့မြို့က alchemistတွေ ဖျက်ဆီးလိုက်တဲ့ Ishvalan က လူတစ်ယောက်က လက်စားချေဖို့ alchemistတွေတစ်ယောက်ပြီးတစ်ယောက်လိုက်သတ်နေပါတယ်။ ဒီလိုနဲ့ Edward နဲ့ scarတို့ ထပ်တိုက်တိုးကြပါရော။ ဒီလိုနဲ့ဘာတွေဆက်ဖြစ်မလဲတော့ ကိုယ်တိုင်ပဲကြည့်ရှုကြည့်ကြပါ။ဇာတ်က အန်နမဲလောက်အရသာတော့ ...
movie

Fullmetal Alchemist_The Revenge of Scar (2022)

Junkyard Dogs (2022) 5.4
Junkyard Dogs (2022) Junkyard Dogs (2022) ================Dog person တို့ အကြိုက်တွေ့စေမယ့် ပါပီလေးတို့ဇာတ်လမ်းလေး လာပါပြီ။ဟူဒီနီ ဆိုတဲ့ ခြံစောင့်ခွေးလေးက ပိတ်ထားတဲ့တံခါးတွေ မှန်သမျှကို ရအောင်ဖွင့်တတ်တဲ့ ဆူဘီဗန်အိမ်က ဆရာကြီးတစ်ကောင်ပေါ့။ သူ့မိတ်ဆွေတွေကတော့ အိုင်းစတိုင်း လို့ခေါ်တဲ့ ဉာဏ်ပြေးပြီး အနံ့ခံ ကောင်းတဲ့ ခွေးမလေးတစ်ကောင်ရယ်၊ ဂျက်ပေါ့ လို့ခေါ်တဲ့ အကောင် ကြီးကြီး ခွေးတစ်ကောင်ရယ်ပါ။ ပျော်စရာလိန်းရပ်ကွက်လေးကို စောင့်ရှောက်နေကြတဲ့ ခွေးလေးတွေ ဖြစ်ပြီး၊ သူတို့ ရပ်ကွက်ကို သိပ်ချစ်ကြတဲ့ကောင်လေးတွေဖြစ်ပါတယ်။တစ်နေ့မှာ ထောင်ကထွက်လာတဲ့ ဂျင်မီ နဲ့ ခရက်ရှာတို့နှစ်ယောက် စာပို့ သမား အယောင်ဆောင်ပြီး ဟူဒီနီတို့ ရပ်ကွက်ကို ဓားပြတိုက်ဖို့ ကြံစည် လာကြတယ်။ ဒါတွေကို မထင်မှတ်ဘဲ သိသွားတဲ့ ဟူဒီနီက သူ့သခင်ဖြစ်တဲ့ မိုနီကာကို သတိပေးပေမယ့် မိုနီကာက မင်္ဂလာပွဲနဲ့ အလုပ်ရှုပ်နေပြီး သတိ မထားမိခဲ့ပါဘူး။ ဟူးမန်းမကို ပြောမရတဲ့အခါမှာ ရပ်ကွက်ကို ကယ်တင်ဖို့ ဟူဒီနီတို့ အုပ်စု ဉာဏ်နီဉာဏ်နက်တွေ ထုတ်ကြပါတော့တယ်။ထောင်ထွက်လူဆိုးတွေနဲ့ ဂျလည်ခွေးတစ်သိုက် ဉာဏ်ချင်းပြိုင်သုံးရတဲ့ ဇာတ်လမ်းလေးဖြစ်ပြီး ဟူးမန်းတွေ အနိုင်ရမလား အာဝုတို့ အနိုင်ရမလား စောင့်ကြည့်ရမယ့် ...
movie

Junkyard Dogs (2022)

2022

Genres

Archives