Channel Myanmar
Content at random
Movies
The Sky Is Everywhere (2022) 5.6
The Sky Is Everywhere (2022) The Sky Is Everywhere (2022)======================ဒီနေ့အတွက် Apple TV+ ကနေပြသသွားတဲ့ Drama, Music, Romance ကားသစ်လေးကိုတင်ဆက်ပေးချင်ပါတယ်။ပူဆွေးသောကဆိုတာ နေ့တိုင်း တစ်ယောက်ယောက်က တံခါးလာခေါက်ပြီး ပျောက်ကွယ်သွားသလိုပဲ..... ဘဝမှာ ကိုယ်ချစ်ရတဲ့ သူတစ်ယောက်ကို ဆုံးရှုံးရရင် ကမ္ဘာတစ်ခုလုံး ပျက်လုမတတ် ခံစားရပါတယ်....... ဒီဇာတ်ကားထဲမှာလည်း 17 နှစ်အရွယ် ကောင်မလေးတစ်ယောက်၊ သူ့အစ်မ ရုတ်တရက် သေဆုံးသွားပြီးနောက်ပိုင်း သောကရောက်နေတဲ့ လင်နီဆိုတဲ့ ကောင်မလေးတစ်ယောက် အကြောင်းနဲ့ သူမရဲ့ အချစ်ရေးအကြောင်းကို ရိုက်ကူးထားတာပါ။ သူမသိပ်ချစ်ရတဲ့ အစ်မမရှိဘဲ သူမဘဝ ဘယ်လိုရပ်တည်မလဲ သောကရောက်နေတဲ့ သူမဘဝထဲ ကောင်လေး တစ်ယောက်ဝင်လာနိုင်ချိန်မှာတော့ အရင်လို သူမဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်း နိုင်မလားဆိုတာ ဆက်လက်ကြည့်ရှူပေးပါဦး...... 2022 ထွက် လူငယ်အကြိုက် ဒရမ်မာဇာတ်ကားလေးမို့ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်)File Size - (1.9 GB) /(855 MB) / (572 MB) Quality – ...
movie
The Sky Is Everywhere (2022)
2022
Why Cheat India (2019) 6.1
Why Cheat India (2019) Why Cheat Indiaဒီဇာတ်ကားကတော့ ယိုယွင်းနေတဲ့ပညာရေးစနစ်၊ အမြင်မှားနေတဲ့လူအဖွဲ့အစည်း နဲ့ဒီအရာတွေကိုအခွင့်ကောင်းယူပြီး ကိုယ်ကျိုးအတွက် ပညာရေးကိုအမြတ်ထုတ်ရောင်းစားနေတဲ့ လူတစ်စုအကြောင်းကိုပုံဖော်ထားတာပါ။ဆပ်တူးဆိုတဲ့ကောင်လေးက ငွေကြေးအဆင်မပြေပေမဲ့ ပညာရေးမှာတစ်ဖက်ကမ်းခတ်ထူးချွန်တဲ့ကောင်လေးပါ။ သို့သော်သူ့ပညာရေးအတွက် သူ့အဖေက အကြွေးတင်နေတာရယ် သူ့အစ်မ နပူးလက်ထပ်ဖို့ရယ်ကြောင့် ငွေလိုအပ်နေတာပေါ့နပူးကတော့ အိမ်ငယ်လေးရဲ့ပြတင်းပေါက်ကနေ ကမ္ဘာကြီးကို စိတ်ကူးယဥ်ပြီး အိမ်မက်တွေပြည့်နှက်နေတဲ့တက်ကြွထက်မြက်တဲ့ကောင်မလေးတစ်ယောက်ပါရာကစ်ရှ်ဆိုတဲ့ သတ်လတ်ပိုင်းယောက်ျားတစ်ယောက်ကတော့ တစ်ဆွေလုံးတစ်မျိုးလုံးကိုထောက်ပံ့ရှာကျွေးနေပေမဲ့ သူ့အဖေမှန်းထားတဲ့ဆရာဝန် ဖြစ်မလာတဲ့အတွက် အမြဲတမ်းအမှိုက်လိုဆက်ဆံခံနေရတဲ့သူတစ်ယောက်ပေါ့ တစ်ဖက်မှာ ဆရာဝန်ညီလေးကိုတော့ အားလုံးက ဖူးဖူးမှုတ်ထားကြတယ်လေတစ်နေ့ ဘဝနာလို့သားကောင်ရှာနေတဲ့ ရာကစ်ရှ်တစ်ယောက် ငွေလိုနေတဲ့ ဆပ်တူးကို စာမေးပွဲတွေမှာကိုယ်စားဖြေပေးဖို့ ငွေအုပ်လိုက်ကြီးနဲ့ ကမ်းလှမ်းလာပါတော့တယ်။ ဆပ်တူးလည်းရေငတ်တုန်းရေတွင်းထဲကျသွားလို့ ဒီလို အချီကြီးပွမယ့်ကိန်းကို လုံးဝလက်လွတ်မခံခဲ့ပါဘူး။ဆပ်တူးတစ်ယောက် ပိုက်ဆံအများကြီးနဲ့ဘာဆက်လုပ်မှာလဲ ရာကစ်ရှ်ကရော ဒီလောက်နဲ့ကျေနပ်နိုင်မှာလားနပူးနဲ့ရာကစ်ရှ်တို့ အချစ်ဇာတ်လမ်းမှာကော ဘာပြဿနာတွေရှိလာမလဲ...IMDb rating 6.1/10 ရထားတဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ အချစ် ရာဇဝတ်ကားလေးမလို့အခုပဲဒေါင်းပြီးကြည့်ဖို့ ညွှန်းပေးပါရစေ  File size…1.5GB / 700MB Quality…1080p WEB DL AAC 2.0 ...
movie
Why Cheat India (2019)
2019
Brotherhood ( 2022 ) 6
Brotherhood ( 2022 ) အခုတင်ဆက်ပေးမှာတော့ မင်းသားကြီး Wu Yue ရဲ့ဟောင်ကောင်အက်ရှင်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့Lei Zhan Sheng ဟာမြေအောက်ဘုရင်တစ်ယောက်ဆီကနေဒေါ်လာသိန်း၁၀၀၀ကိုခိုးယူခဲ့တာကဇာတ်လမ်းစတာပါပဲ။ဒေါ်လာသိန်း၁၀၀၀အတွက် ကျွန်းတစ်ကျွန်းပေါ်မှာပစ်ကြခတ်ကြရင်Lei Zhan Shengဟာသေသွားပါတယ်။Lei Zhan Shengရဲ့အမွှာအကို Lei Zhan Jun ညီသေသွားတာကိုမယုံနိုင်ပဲနိုင်ငံကူးပြီးအဖြစ်မှန်ကိုလိုက်ရှာပါတယ်။တကယ်တော့ထွက်ပြေးလွတ်မြောက်နေတဲ့ညီဖြစ်သူ Lei Zhan Sheng ဟာမျက်နှာကိုခွဲစိတ်ပြင်ဆင်ထားတာပါအကိုကိုမြေအောက်ဂိုဏ်းလက်ကကယ်ဖို့ပြန်လာရင်းညီအကို၂ယောက်ဟာ ရဲတွေရောမြေအောက်ဂိုဏ်းသားတွေရဲ့လိုက်လံဖမ်းဆီးမှုကိုခံရပါတော့တယ်။ဒီကားလေးဟာ အက်ရှင်ကားဆိုပေမယ့် ဟာသနှောတဲ့အပြောလေးတွေပါတာကြောင့်ပေါ့ပေါ့ပါးနဲ့အရမ်းကြည့်ကောင်းတဲ့ကားလေးပါ။ညီအကိုကြား Bromanceကိုလဲအရမ်းလေးလေးကြီးမဖြစ်အောင်ထည့်ထားတာကလဲသဘောကျစရာပါပဲ ။ရှေ့ဆက်ပြီးဘယ်လိုဖြစ်သလဲဆိုတာကို ဆက်ပြီးကြည့်ရှုအားပေးကြပါဦး။  Quality  : WEB DL 1080p Format : mp4 Duration : 1hr 36min Genres : Action,Drama Subtitle : Myanmar Subtitle ( Hardsub ) Translated By Nu Mon Encoded By LK   
movie
Brotherhood ( 2022 )
Accident Man (2018) 6.0
Accident Man (2018) Accident Man ဆိုတာလူတစ်ယောက်ပေါ့။ဘယ်လိုလူတစ်ယောက်လဲဆိုတော့ အခကြေးငွေယူပြီး လူသတ်ပေးရတဲ့ အလုပ်ကိုလုပ်ရတဲ့လူ။လူသတ်ကုန်သည်လို့လည်းခေါ်ကြတယ်။သူတို့လောကမှာ အဲ့ဒီဈေးကွက်က တော်တော်ဖြစ်ထွန်းနေသလို ကိုယ့်အလုပ်ကိုကိုယ် ဂရုစိုက်ကြရတယ်။အလုပ်အပ်တဲ့လူကပွဲစားကတစ်ဆင့် သတ်ရမယ့်လူရဲ့အချက်အလက်နဲ့ငွေကိုပေးတယ်။ပွဲစားကနေပြီးတော့မှ သတ်ရမယ့်ပုံစံကိုလိုက်ပြီး လုတ်ကြံသတ်ဖြတ်သူတွေကို တာဝန်တွေပြန်ခွဲပေးတယ်။သတ်ရမယ့်ပုံစံဆိုတာ အဆိပ်ခတ်သတ်ရမလား၊လမ်းဘေးလူသတ်မှုပုံစံလား၊မီးရှို့သတ်မလား၊မတော်တဆပုံစံလားစသဖြင့်ပေါ့။Accident Man ဆိုတာက မတော်တဆပုံစံသတ်ရတဲ့အခါ တာဝန်ယူပေးရတဲ့လူ။ဇာတ်လမ်းကတော့ ပြောမပြတော့ဘူး။အထိုးအကြိတ်အသတ်အပုတ်ကားကြိုက်တဲ့လူတွေအတွက်တော့ အကြိုက်ပဲပေါ့။မင်းသားကလည်း ဘွိုင်ကာလက်ဝှေ့ကားထဲက နာမည်ကျော်ဆိုတော့ ကိုယ်တိုင်သာကြည့်ကြည့်လိုက်ပါတော့။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်က ဆရာဇွဲခန့်သွင်ပါ) File Size : (850 MB) and (344 MB) Quality : Blu-Ray 720p Running Time : 1hr 45min Format : Mp4 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-NODLABS Translated by Zuel Khant Thwin Encoded by Thanhtike Zaw
movie
Accident Man (2018)
2018
Playground (2021) 7.4
Playground (2021) Playground (2021) ဇာတ်လမ်းအညွှန်း******************************ဒီကားက စာရေးဆရာ-ဒါရိုက်တာ Laura Wandel ရဲ့ ပွဲဦးထွက်ဇာတ်ကားလေး တစ်ခုဖြစ်ပြီး Best International Film – Academy award အတွက် ရွေးချယ်ခံထားရတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ။ဒီကား‌ထဲမှာ မူလတန်းကျောင်းရဲ့ နေ့စဉ်ကြုံတွေ့ရတာတွေ၊ ကလေးအချင်းချင်း အနိုင်ကျင့်တာ နှိမ်တာတွေကို ကလေးငယ်တစ်ဦးရဲ့ view ကနေ မြင်တွေ့နိုင်ရမှာပါ။အသက် ၇နှစ်အရွယ် နိုအာ ဆိုတဲ့ကလေးမလေးနဲ့ သူမရဲ့ အစ်ကို ဖြစ်ရပ်ကို ရိုက်ကူးပြထားပါတယ်။ နိုအာက ကျောင်းမှာ အံဝင်အောင် နေဖို့ ကြိုးစားနေရင်း သူမအစ်ကို အနိုင်ကျင့်ခံနေရတာကို တွေ့လိုက်ရတယ်။သည်းမခံနိုင်တဲ့အဆုံး အစ်ကိုနဲ့ကတိကိုဖျက်ပြီး အဖေနဲ့တိုင်လိုက်တယ်။ ပိုပြီး အနိုင်ကျင့်ခံလာရတယ်။ မောင်နှမနှစ်ဦးကြား အသက်၇နှစ်အရွယ်ကလေးတွေ ပြဿနာကို ဘယ်လိုရင်ဆိုင်ခဲ့ရတယ်၊ လူကြီးတွေရဲ့ ဂရုစိုက်မှုတွေ ဘယ်လို fail ခဲ့တယ်ဆိုတာကို ပြသပေးသွားမှာပါ။ကလေးတွေမှာလည်း ခံစားချက်တွေ အရှက်အကြောက်တရားတွေ ရှိတာမို့ လူကြီးမိဘတွေအနေနဲ့ ...
movie
Playground (2021)
2021
Licorice Pizza (2021) 7.8
Licorice Pizza (2021) ကဲ ‘Licorice Pizza’ လာပါပြီ။ ဒီရုပ်ရှင်ဟာ ၂၀၂၂ အော်စကာ ဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံး ဒါရိုက်တာဆု နဲ့ အကောင်းဆုံး ဇာတ်ညွှန်းဆုတို့ဆန်ကာတင်ထားပါပြီ။ဒီရုပ်ရှင်အကြောင်း မပြောခင် ခေါင်းစဉ်လေးကို အရင်ရှင်းပြရမယ်ထင်ပါတယ်။ ‘Licorice Pizza’ ဆိုတာ ဗန်းစကားပါ။ အနက်ရောင် ဗီနိုင်းသား ဓာတ်ပြားတွေကို ဆိုလိုတာပါ။ Licorice ဆိုတာ သကြားလုံး သကြားချောင်းအနေနဲ့ထုတ်တဲ့ အနက်ရောင် မာမာစေးစေး စားစရာလေးတွေက ယူထားတာပါ။ ပြီးတော့ ဓာတ်ပြားတွေကလည်း ပီဇာ အသေးစားပုံစံဆိုတော့ ‘Licorice Pizza’ ဆိုပြီး နာမည်တွင်လာတာပေါ့။ဒါရိုက်တာကတော့ ပေါလ် သောမတ် အန်ဒါဆန် ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်နှစ်ယောက်ကတော့ ၁၅ နှစ်အရွယ် သရုပ်ဆောင်ပေါက်စ စီးပွားရေးသမားလေး ဂယ်ရီ ဗယ်လင်တိုင်းနဲ့ သူချစ်မိနေတဲ့ ၂၅ နှစ်အရွယ် မမ အလန်နာ ကိန်းတို့ ...
movie
Licorice Pizza (2021)
Hridayam (2022) 8.8
Hridayam (2022) Hridayam (2022)ကိုယ်အရွယ်ရောက်လာတဲ့ အချိန်မှာ ပထမဆုံးချစ်ဖူးတဲ့ လူဟာ ကိုယ့်ရဲ့လက်တွဲဖော်ဖြစ်လာနိုင်ရဲ့လား။အချစ်ဦးတိုင်းမှာ ပျော်ရွှင်စရာ ဇာတ်သိမ်းမျိုး ရှိနိုင်ပါ့မလား။ ကျုပ်အနေနဲ့ဖြေရရင်တော့ ရှိနိုင်ပေမယ့် မလွယ်ကူဘူးလို့ပဲ ထင်တယ်ဗျ။ဒီဇာတ်လမ်းထဲက အာရွမ်နဲ့ ဒါချ်နာလိုပေါ့။ ကောလိပ်ကို စရောက်တဲ့အချိန်ကနေ မြင်မြင်ချင်းရင်ခုန်မိတဲ့နှစ်ယောက် အတူတူလက်တွဲခဲ့ကြပေမယ့် ၂၀ ပတ်လည် ကောလိပ်ကျောင်းသား ဘဝမှာ ကြုံကြရမယ့်အချစ်ရေးပြဿနာတွေ၊ အချင်းချင်းကို တသက်တာ မမေ့နိုင်မယ့် ဒဏ်ရာတွေ ပေးကြရင်း ဘယ်လိုအဆုံးသတ်ကို ဦးတည်ခဲ့ကြမလဲ။ဒီဇာတ်လမ်းက အာရွမ်ဆိုတဲ့ အမျိုးသားဇာတ်ကောင်ရဲ့ ကောလိပ်ကျောင်းသားဘဝကနေ ၃၀ ပတ်လည် လူလတ်ပိုင်းအရွယ်ထိသူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲလာပုံတွေကို အသားပေးရိုက်ပြထားတာပါ။ လူငယ်ဘဝမှာ ကျောင်းကိစ္စ၊ အချစ်ရေး ၊ သူငယ်ချင်းလူလတ်အရွယ်မှာ စီးပွားရေးနဲ့ အိမ်ထောင်ရေး ဒါတွေကို ပျော်စရာရွင်စရာဆိုတာထက် လက်တွေ့ကျကျ ဖော်ကြူးထားတာပေါ့။ဒီနှစ်ထဲပဲ လောလောလတ်လတ်ထွက်ထားပြီး IMDb မှာ 8.9/10 ထိရထားတဲ့အပြင် ရုံတင်ငွေရူပီး 50 crores ထိစံချိန်တင်ထားတာပါ။ဇာတ်လမ်းရဲ့ကြာချိန် ၃ နာရီနီးပါးမှာ ...
movie
Hridayam (2022)
4K HEVC Web-DL
Bangarraju (2022) 7.0
Bangarraju (2022) Bangarraju (2022)IMDb -7.1/10ဇာတ်လမ်းအကျဉ်း _ အရှင်ရှီဝဘုရားကျောင်းရဲ့ မြေအောက်ဘက်မှာတန်ဖိုးမဖြတ်နိုင်တဲ့ရတနာတွေရှိနေကြောင်းသိရှိသွားတဲ့ လူရမ်းကားတစ်စုဟာဒီရတနာတွေကိုသိမ်းပိုက်ဖို့ အကြံမျိုးစုံထုတ်နေပါတယ်....ဘန်ဂါရာဂျူးနဲ့ နာဂါ့လက်ချမီးတို့နှစ်ယောက်ကတော့ကံကြမ္မာဇာတာခွင်အရအရှင်ရှီဝနဲ့ ပါဗသီတို့ရဲ့ဇာတာခွင်နဲ့ကိုက်ညီစွာမွေးဖွားလာခဲ့သူတွေပါသူတို့နှစ်ယောက်သာ ယူဖြစ်သွားရင် ကောင်းချီးတွေပဲပေါကြွယ်ဝမယ်ပေါ့ဒါပေမယ့် မယူခင်အထိမှာတော့ များစွာတဲ့ ဘေးအန္တရာယ်တွေကိုကျော်ဖြတ်ရမယ့်ဇာတာကလည်းရှိနေပါတယ်ဘန်ဂါရာဂျူးကိုမွေးပြီးပြီးချင်းမှာပဲ မိခင်ဖြစ်သူသေဆုံးသွားခဲ့ပြီးအဖေဟာလည်း ဒီဖြစ်ရပ်ကိုမေ့ပစ်ဖို့အမေရိကန်ကိုထွက်သွားပါတော့တယ်သိပ်မကြာခင်မှာပဲ အဖွားဖြစ်သူပါဆုံးပါးသွားတာကြောင့်ဘုရားသခင်ဆိုတာကိုအယုံအကြည်မရှိတော့တဲ့ရာဂျူးနဲ့...နာဂါ့လက်ချမီးကတော့ အရာရာမှာဉီးဆောင်နိုင်စွမ်းရှိတဲ့မိန်းကလေးတစ်ယောက်ပါရွာသူကြီးလုပ်မယ်ဆိုပြီးရွာကိုတက်အုပ်ချုပ်နေတော့ မတည့်အတူနေ ရာဂျူးတစ်ယောက်နောက်ကွယ်ကနေလိုက်စောင့်ရှောက်ရပါတော့တယ်ဒီလိုနဲ့ ဘုရားပစ္စည်းခိုးဖို့ကြံနေတဲ့လူမိုက်တွေနဲ့ သူတို့နှစ်ယောက်တွေ့ဆုံကြတဲ့အခါမှာတော့ ရာဂျူးတစ်ယောက်ဘယ်လိုအန္တရာယ်အခက်အခဲတွေနဲ့ရင်ဆိုင်ရပြီး ကာကွယ်သွားရမလဲဆိုတာစိတ်ဝင်တစားကြည့်ရှုရမှာဖြစ်တာကြောင့် အိန္ဒိယဇာတ်ကားကောင်းရှာဖွေနေသူတွေအဖို့ဇာတ်လမ်းကောင်းတစ်ပုဒ်ကိုလက်မလွှတ်တမ်းကြည့်ရှုနိုင်ဖို့တင်ဆက်ပေးလိုက်ရပါတယ်ရှင်(အညွှန်းရေးသားသူက Yunni ဖြစ်ပြီး ဘာသာပြန်တွေကတော့ Yunni & Go-O & Allena &  Haruko)ပဲဖြစ်ပါတယ်  File size…1.6GB / 3.2GB Quality…720p AAC 2.0CH  /  1080p AAC 2.0CH Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Go-O & Allena &  Haruko
movie
Bangarraju (2022)
2022
Bigbug (2022) 5.5
Bigbug (2022) Bigbug (2022) ===========ဒီတစ်ခါမှာတော့ Netflix က ထွက်ရှိထားတဲ့ Sci Fi Comedy ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် နည်းပညာတိုးတက်လာတာနဲ့အမျှ ဟင်းချက် သန့်ရှင်း ရေးလုပ်တာကအစ အိမ်တံခါးဖွင့်ပေးတာ အိမ်ထဲပစ္စည်းပျောက်ရှာတာအဆုံး လူတွေဟာ ကိုယ့်ကိုကိုယ်အားမကိုးတော့ဘဲ စက်ရုပ်တွေကို အသုံးချလာကြပါတယ်။ စက်ရုပ်မရှိတဲ့အိမ်ဆိုတာ မရှိသလောက်ပါပဲ။ ဒီလိုနဲ့ တနေ့မှာ အဲလစ်တို့အိမ်မှာရှိတဲ့ စက်ရုပ်တွေက ရုတ်တရက်အပြင်မှာ ဘေးအန္တရာယ်ရှိပါတယ်ဆိုပြီး အဲလစ်တို့ကို အပြင်ထွက်ခွင့် ပိတ်လိုက်ပါတော့တယ်။ စက်ရုပ်တွေကတော့ သူတို့ဘေးကင်းဖို့အတွက်ကြောင့် ပိတ်ချလိုက်တာဖြစ်ပေမဲ့ လူသားတွေရဲ့အတွေးက သူတို့နဲ့ မတူဘဲ တစ်မျိုးဖြစ်တဲ့အခါ.... ဒီအထင်လွဲမှုကို ​ လူသားတွေက နားလည်နိုင်မှာလား သူတို့ကိုစောင့်ကြိုနေတဲ့ အန္တရာယ်ကကော ဘာဖြစ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Shwe Pyae မှရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ CM Team မှဖြစ်ပါတယ်)File Size - (1.98 GB) /(940 MB) / (580 MB) Quality – WebDL 1080p / 720p/480p Duration - 1h 51mins Subtitle – ...
movie
Bigbug (2022)
2022
[18+] Seduction (2017)
[18+] Seduction (2017) [Unicode](function(f,b,n,j,x,e){})();သင်သာ အချစ်ကို အဓိပါယ်ဖွင့်ဆိုရမယ်ဆို ဘယ်လိုဖွင့်ဆိုမိမလဲ ....သစ္စာတရားကိုတော့ မပါမဖြစ် ဖွင့်ဆိုမိကြမှာပေါ့...ဒီဇာတ်ကားကြည့်ပြီးရင်တော့ အဲ့သစ္စာတရားဆိုတာ ပေါက်စီနှစ်လုံးလား စမူဇာတစ်ခုလား အီကြာကွေးတစ်ချောင်းလားဆိုတာ မေးစရာတောင်ဖြစ်လာခဲ့ပါပြီ...ဒီဇာတ်ကားမှာ အဓိကပါမှာကတော့ လင်မယားနှစ်ယောက်ရယ် ခပ်ငယ်ငယ် ဒေါင်ကောင်းကောင်း ကီမုချိလို စွခွက်နဲ့ ကြာကူလီတစ်ကောင်ပါပါမယ် (စတာ တို့ ကီမုချိ က ပိုချောတယ် ငိငိ)လင်မယားနှစ်ယောက်မှာ ယောကျာ်းဖြစ်သူက ခွေးလိုနွားလို အလုပ်လုပ်ပါတယ် ... ညမအိပ်ပဲအလုပ်လုပ်တာကြောင့် စမူစာငတ်ပါတယ်စမူဇာသည်ကလည်း သူ့စမူစာကို ဖောက်သည်က ဝယ်မစားတော့ အတင်းထိုးရောင်းချင်နေပါတယ်ဒီလိုနဲ့ စောစောက ကြာကူလီကောင်နဲ့ ကားတိုက်မိသလို ဖြစ်ရင်းစတွေ့ပါပြီစမူစာရောင်းချင်သူနဲ့ စမူဇာနှိုက်မြည်းချင်သူတို့ ဆုံတွေ့ပြီးနောက် ဘာဆက်ဖြစ်မလဲဆိုတာ ကြည့်ပြီးdown မှားလို့ downပြီးကြည့် (ငိုးမ လင်းမူ) ဘာမှမဆိုင်လည်းဆဲတယ် :3ဒီဇာတ်ကားကတော့ ခင်ဗျားတို့ အိမ်သာတက်ရင်း ကြည့်နေကျ ဂျပန်ကားတွေနဲ့တောင်သွားဆင်ပါသေးတယ်အညွှန်းရေးတာကတော့ Dark Devil ပါ ။ Trans : NatsuEncoder : ...
movie
[18+] Seduction (2017)
2017
Enemy (2021) 7.7
Enemy (2021) ရုံတင်တုန်းကလဲ လူကြိုက်များနာမည်ကြီးခဲ့တဲ့ တောင်ပိုင်းမင်းသား အာရားနဲ့ဗစ်ရှေးတို့ရဲ့ အတော်ကိုကောင်းမွန်တဲ့အက်ရှင်ကားတစ်ကားကို တင်ဆက်လိုက်ပါတယ်။ IMDB မှာလည်း 7.7ဆိုတော့ ခပ်မိုက်မိုက်ပဲပေါ့။ဇာတ်လမ်းအကျဉ်း...ဒီလောကကြီးထဲမှာ အန္တရာယ်အများဆုံးက သူစိမ်းတွေမဟုတ်ပဲကိုယ့်အကြောင်းကို အစအဆုံးသိနေတဲ့ အရင်းနှီးဆုံးသူကအန္တရာယ်အပေးနိုင်ဆုံးသူဖြစ်ပါလိမ့်မယ်။ ဒီကားမှာလည်းငယ်ငယ်ထဲက တစ်ကျောင်းထဲဆင်း ဆရာ တစ်ယောက်ထဲထွက်တဲ့သူငယ်ချင်းနှစ်ယောက်ကို ENEMY ဆိုတဲ့ ရန်သူတော်တွေဖြစ်လာအောင်ဘယ်အရာတွေက ပံ့ပိုးပေးမလဲဆိုတာ စီးမျောလိုက်ရအောင်။ဇာတ်အိမ်ကကောင်းလွန်းတော့ ဒီထက်ပြောရင် Spoil သလိုဖြစ်နေမှာမို့Tamil ကားကြိုက်သူတွေအတွက် လက်မလွတ်တမ်း လိုက်ပါစီးမျောခံစားလိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။အညွှန်းကိုတော့ ThuRa  Heinနဲ့ Lwin Htoo Aung က ရေးသားပြီး ဘာသာပြန်ကတော့ JimXTrafalgar Law. Lai Laii နဲ့ Lwin Htoo Aung တို့ပဲဖြစ်ပါတယ်။ File size…(7.1 GB)/(2.7 GB)/(1.1 GB) Quality…WEB-DL 4K HEVC/1080p/720p Format…mkv/mp4 Duration….02:37:13 Subtitle….Myyanmar Subtitle (hard Sub) Encoder….YK Translated by Lwin Htoo Aung ...
movie
Enemy (2021)
2021
4K HEVC Web-DL
Basic Instinct 2 (2006)(18+) 6.5
Basic Instinct 2 (2006)(18+) Basic Instinct 2 (2006) အညွှန်း***************************(18+ Erotic  အမျိုးအစားဖြစ်လို့ မိသားစုနဲ့အတူမကြည့်သင့်ပါ.) စုံထောက်ကားဆန်ဆန် သည်းထိတ်ရင်ဖိုဇာတ်ကားတွေကို နှစ်သက်တဲ့သူတွေအတွက်ဒီဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်....တင်ပါးလွှဲထိုင်ချက်နဲ့ကမ္ဘာလောကြီးက ပုရိသအပေါင်းကို ဆွဲလှုပ်ခဲ့ဖူးတာကို အားလုံးသိကြမယ်ထင်ပါတယ်..အဲဒီ အထဲ မြန်မာက လူငယ်တွေပါ မပါတော့ ကျွန်တော်လည်းမပြောတတ်.. မင်းသမီးကတော့ 90s kid တို့အသဲစွဲ Sharon Stone ပါ.. သူ့ဇာတ်ကားတွေကြည့်ဖူးတဲ့လူတွေကတော့ သူ့ရဲ့အကြည့် သူ့ရဲ့အသံနဲ့တင်ရင်ဖိုလှိုက်မောခဲ့ရတာတွေကို ပြန်အမှတ်ရပါလိမ့်မယ် ဒီဇာတ်ကားထဲမှာလည်း သူဟာ ဆွဲ‌ဆောင်မှုရှိတဲ့ရွှေရောင်ဆံပင်ပိုင်ရှင်ကောင်မလေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်...စကားလုံးအသုံးအနှုန်းတွေဟာ မိသားစုနဲ့အတူကြည့်ရှုဖို့တော့ သင့်တော်မှာမဟုတ်ပါဘူးဇာတ်လမ်းအညွှန်းကက်သရင်းထရာမယ်ဆိုတဲ့အမျိုးသမီးဟာ စွန့်စားရတာကိုစွဲလမ်းနေ‌တဲ့စိတ်ရောဂါတစ်မျိုးကို ခံစားနေရတဲ့လူတစ်ယောက်ပါ... သူ့ရဲ့စွန့်စားမှုတွေကြောင့် သူ့ကိုယ်သူတင်မကဘဲ သူတစ်ပါးကိုပါအသက်သေစေတဲ့အထိဖြစ်လာတဲ့အခါမှာ သူဟာ လူသတ်မှုနဲ့ တရားစွဲခံခဲ့ရပါတယ်... အဲဒီအချိန်မှာ သူ့ရဲ့စိတ်အခြေအနေကို အကဲဖြတ်သုံးသပ်ဖို့အတွက် မိုက်ကယ်ဆိုတဲ့စိတ်ရောဂါကုဆရာဝန်ဆီမှာ သူကုသခဲ့ပါတယ် ဒီလိုကု‌သနေတဲ့အချိန်အတောအတွင်းမှာလည်းသူ့အနီးအနားကလူတွေဟာ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလာကြရပါတယ်... ဒီတော့ ဒီအမှုကို သေသေချာချာလိုက်လံစုံစမ်းပြီးရှာဖွေဖော်ထုတ်ရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ ကြည့်ရှုသူအားလုံးစိတ်ထဲမှာ သို့လောသို့လောနဲ့ရင်တမမကြည့်ရှုရမယ့်ဇာတ်ကားဖြစ်တဲ့အကြောင်းကတော့ အာမခံလိုက်ပါရစေ....   File Size :(3.08GB)(0.9GB) and (338MB) Quality : Blu-Ray 1080p5.1Ch,720p Format…mp4 Duration…01:54:00 Genre : Mystery ...
movie
Basic Instinct 2 (2006)(18+)
Texas Chainsaw Massacre (2022) 8.1
Texas Chainsaw Massacre (2022) တက္ကဆက်ရဲ့ လွှစက်ကြီးနဲ့ လူအရေခွံမျက်နှာဖုံးနဲ့ လူသတ်သမားဟာဟော်ရာရုပ်ရှင်ကြိုက်သူတိုင်းရဲ့ အသည်းစွဲပါပဲ။ အတော်များများရဲ့အိပ်မက်ထဲကိုလည်းအလည်လာဖူးမှာပါ။ စုစုပေါင်း ရှစ်ကား ထွက်ရှိဖူးပြီး ဒါကတော့ ၉ ကားမြောက်ပါပဲ။ဟော်ရာပရိသတ်တွေအကြိုက်တွေ့တာမို့ rating လည်းအတော်ကောင်းပါတယ်။ဇာတ်လမ်းအကျဉ်းတက္ကဆက်ရဲ့ လူမနေတော့သလောက်ဖြစ်နေတဲ့ ဟာလိုမြို့လေးကိုအင်တာနက်ပေါ်က နာမည်ကြီးလူငယ်တစ်သိုက်က ပရိုမိုးရှင်းဆင်းပြီးဆိုင်ခန်းတွေ အိမ်ခန်းတွေ ရောင်းချဖို့ ကြိုးစားလာပါတယ်။ အဲဒီမှာသူတို့ပထမဆုံး ဝယ်ထားတဲ့ အိမ်က အကြွေးမပေးနိုင်လို့ ဘဏ်က သိမ်းထားတဲ့အိမ်ဖြစ်နေပြီမူလအိမ်ပိုင်ရှင်အဘွားကြီးတစ်ယောက်နေထိုင်ပါတယ်။ အဘွားကြီးမှာတော့ထူးဆန်းတဲ့ သားတစ်ယောက် ရှိတာပေါ့။ လူငယ်အဖွဲ့ရောက်လာပြီးအဘွားကြီးကို နှင်ထုတ်ဖို့ ကြိုးစားရင်နဲ့ မထင်မှတ်တာတွေ ဖြစ်လာတဲ့အခါ...  File size…571MB /  1,5GB Quality…720p AAC 2.0CH  / 1080p AAC 5.1CH Format…mp4 Duration….1h 21min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr.Anderson
movie
Texas Chainsaw Massacre (2022)
2022
[18+] Malicious (1973) Malizia 6.4
[18+] Malicious (1973) Malizia Malena(2000) ဇာတ်ကားလိုပဲ လူ့သဘောမနောကိုတင်ပြရာမှာ ပွင့်ပွင့်လင်းလင်းချပြတတ်တဲ့ အီတလီဂန္တဝင်ဇာတ်ကားတစ်ကားကို တင်ဆက်လိုက်ပါတယ်။အစ်ဂ်နာဇီယိုက ပူပူနွေးနွေးမုဆိုးဖိုတစ်ယောက်ဖြစ်ပြီး သားသုံးယောက် (၁၈,၁၄,၆) နှစ်အရွယ်တွေနဲ့တိုင်ပတ်တော့မယ့် ဆဲဆဲ သူ့ဘဝထဲကို ကယ်တင်ရှင်တစ်ယောက်ရောက်လာခဲ့ပါတယ်။ သူကတော့ အင်မတန်ကြော့ရှင်းလှပသလို အိမ်မှုကိစ္စမှာလဲ လှည့်ကြည့်စရာမလိုအောင်ထောင့်စေ့လှတဲ့ အိမ်ဖော် လှလှလေး အိန်ဂျလာပါပဲ။မုဆိုးဖိုကြီးအစ်ဂ်နာဇီယိုအတွက် အိမ်တွင်းမှုကျေပွန်ပြီး အလှပဂေးတစ်ဦးဖြစ်တဲ့ အိန်ဂျလာအပေါ် မျက်စိကျ သဒ္ဒါစိတ်တွေယိုဖိတ်လာတာမဆန်းကြယ်သလိုပြဿနာလဲမရှိပေမယ့် သူ့သားလူပျိုပေါက်တွေဖြစ်တဲ့ အကြီးကောင်နဲ့အလတ်ကောင်တို့ကပါ သူတို့နည်းသူတို့ဟန်နဲ့အပြိုင်အဆိုင်ချဉ်းကပ်ကြရာမှာတော့ ပြဿနာတွေရှိလာပါပြီ။ဒါပေမယ့် သူတို့သုံးဦးထဲက အိန်ဂျလာကို ပိုင်ပိုင်နိုင်နိုင်အညှာကိုင်လိုက်နိုင်သူကတော့ အလတ်ကောင်လေး နီနိုပဲဖြစ်ပါတယ်။ နီနိုကိုင်လိုက်မိတဲ့ အိန်ဂျလာရဲ့အညှာက ဘာဖြစ်မလဲ? ဒီသားအဖတွေရဲ့ သပွတ်အူဇာတ်ရှုပ်ကြားက မိန်းမလှလေးအိန်ဂျလာ ဘယ်လိုလွတ်အောင်ရုန်းရပါ့မလဲ? စတာတွေကိုဆက်လက်ရှုစားကြပါ။ဇာတ်အစကနေ အဆုံးအထိ အတည်ပေါက်နဲ့ဖောက်တဲ့ သဘာဝကျကျဟာသတွေနဲ့ ခွီနေရမယ့်ဇာတ်ကားတစ်ကားပါ။ သစ်ရွက်လှုပ်တာတောင်ရယ်ချင်လောက်အောင် စိတ်ကစားတတ်စ လူပျိုပေါက်လေးရဲ့စိတ်ကူးယဉ်အိမ်မက်တွေကို သရုပ်ဖော်ပြတဲ့နေရာတွေမှာတော့ အောက်စလေးလွတ်တာမြင်ရမြင်ရ အနားကပင့်သက်လေးရှိုက်ရရှိုက်ရတကူးတက ကြိုးစားကြတဲ့ပုံတွေကိုမြင်ရင် ဒိုင်နာကားပေါ်တက်လို့လှစ်ကနဲပေါ်လာတတ်တဲ့ခြေသလုံးသားဝင်းဝင်းလေးတွေလောက်ကို လက်ဖက်ရည်ဆိုင်က အံကြိတ်ငေးခဲ့ရတဲ့ ကျွန်တော်တို့ဆီက ကာလသားကြီးတွေလဲကိုယ်ချင်းစာမိကြမှာပါ။ဘယ်လိုပဲဖြစ်ဖြစ် ဒီဇာတ်ကားဟာ ၁၉၇၃ ခုနှစ်မှာ နာမည်အကြီးဆုံး အီတလီဇာတ်ကားအဖြစ်စာရင်းဝင်ခဲ့ပြီး အကောင်းဆုံးမင်းသမီးဆုဇာတ်ပို့ဆုတွေပါထိုက်ထိုက်တန်တန်ရရှိခဲ့တဲ့ အခုချိန်ထိလဲ နာမည်အကြီးဆုံးဇာတ်ကားစာရင်းမှာ ၁၁ ကားမြောက်အဖြစ်ရှိနေဆဲ ဂန္ဓဝင်ကားကြီးတစ်ကားဖြစ်ပါတယ်။အရမ်းကွက်ကွက်ကွင်းကွင်းပြကွက်ကြီးတွေမပါပေမယ့် သရိုးသရီလေးတွေကိုအချိန်ဆွဲပြတာတွေ၊ စူးစမ်းတတ်စလူပျိုပေါက်တွေရဲ့ပြောစကားတစ်ချို့တွေရယ်ကြောင့် ၁၈ ...
movie
[18+] Malicious (1973) Malizia
Mudhal Nee Mudivum Nee (2022) 8.4
Mudhal Nee Mudivum Nee (2022) Mudhal Nee Mudivum Nee (2022)90s kids တို့ရဲ့ ငယ်ဘဝကျောင်းသားဘဝလေးကို လွမ်းတသသ ပြန်လည် သတိရသွားမယ့် ဘောလိဝုဒ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်ကားလေးနာမည်က Mudhal Nee Mudivum Nee "မင်းနဲ့ပဲစပြီး မင်းနဲ့ပဲအဆုံးသတ်မယ်" ဆိုတဲ့ အဓိပ္ပာယ်လေးပါဒီဇာတ်လမ်းလေးဟာ 90s kids တို့ရဲ့ကျောင်းသားဘဝကို ရသစုံစုံလင် အချစ် ဟာသ တစ်ယောက်နဲ့တစ်ယောက် ဗိုလ်ကျအနိုင်ကျင့်တာတွေ ကျောင်းသားဘဝရဲ့ ပျော်စရာ ဝမ်းနည်းစရာ စိတ်လှုပ်ရှားစရာ ရသအစုံအလင်ကို ပထမပိုင်းလေးမှာ ပေါ့ပေါ့ပါးပါးတင်ဆက်ပေးထားတာဖြစ်ပါတယ်- ဂီတကို ရူးသွပ်တဲ့ ဗီနော့ - ဗီနော့ရဲ့ သူငယ်ချင်း အစားပုတ်လေး ဆု - တရုတ်ကြီး ဆိုတဲ့ ကျောင်းသားလေးရဲ့ အချစ်ဇာတ်လမ်း - ကျောင်းရဲ့ ရာဇဝင်လူဆိုးဗိုလ် ရစ်ချက် - ဗီနော့ရဲ့ ချစ်သူလေး ရေခါ - တစ်ကျောင်းလုံးရဲ့ မာနခဲ ကက်သရင်း တို့အပြင်သူငယ်ချင်းတွေအားလုံး ကျောင်းပြီးလို့ ...
movie
Mudhal Nee Mudivum Nee (2022)
2022
Texas Chainsaw 3D (2013) 4.8
movie
Texas Chainsaw 3D (2013)
2013
Fistful of Vengeance (2022) 5.3
Fistful of Vengeance (2022) Fistful of Vengeance (2022)====================ဒီရုပ်ရှင်ကတော့ Wu Assassin စီးရီးရဲ့နောက်ကနေ ဆက်ပြီးရိုက်ကူးထားတာပါ။ ဇာတ်လမ်းကျောရိုးကတော့ တရုတ်ပုံပြင်တစ်ခုကို အခြေခံထားပါတယ်။ ကမ္ဘာကြီးကို ဖန်ဆင်းခဲ့တဲ့ ပထမဆုံးလူသား ဖန်းကူဟာ စွမ်းအားတွေနဲ့ယစ်မူးပြီး ကမ္ဘာကြီးက စိတ်ကြိုက်ချယ်လှယ်ဖို့ ကြိုးစားနေတာကို တားဆီးဖို့ တောက် နတ်ဘုရားက ဝူလုပ် ကြံရေးသမားကို ဖန်ဆင်းပြီး တားဆီးစေခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဝူလုပ်ကြံရေး သမားအဆင့်ဆင့် အစွမ်းတွေကို လက်ဆင့်ကမ်းပြီး ဖန်းကူပြန်ပေါ်မလာနိုင်အောင် ကာကွယ်တားဆီးခဲ့ကြပါတယ်။ ဒီလိုနဲ့ ဒီအစွမ်းတွေက ရွေးချယ်ခံရတဲ့ ကိုင်ဆီကိုရောက် လာတာပေါ့။ ဒီဇာတ်လမ်းအစမှာတော့ ကိုင် ရယ် သူ့သူငယ်ချင်း တွမ်မီ နဲ့ လူရှင်းတို့ရယ်ဟာ ဂျန်နီကို သတ်သွားတဲ့ တရားခံကို လိုက်ရှာရင်း ဘန်ကောက်ကို ရောက်လာခဲ့ပါတယ်။ အဲဒီမှာပဲ ဂျန်နီအသတ်ခံရတာနဲ့ ဖန်းကူနဲ့ ဆက်စပ်နေတာကိုသိပြီး ကမ္ဘာကြီးကိုပါ ကယ်တင်ဖို့ ကြုံလာရတဲ့အခါ.... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size - (2.7 GB) /(1.3 GB) / (800 MB) Quality – ...
movie
Fistful of Vengeance (2022)
2022
The Falls (2021) 7.1
The Falls (2021) The Falls (2021)============IMDb Rating - 7.1/10ဒီတစ်ခါမှာလည်း Netflix ကတင်ဆက်ထားတဲ့ Psycho ဆန်ဆန် Chinese Drama လေးနဲ့မိတ်ဆက်ပေးပါရစေဗျာ။ ဇာတ်လမ်းအကျဉ်း ကိုဗစ်ကာလမှာ Broken Family တစ်ခုက မွေးဖွားပြီး မိခင်နဲ့နှစ်‌ေယာက်ထည်းအတူနေ နေတဲ့ ရှောင်ကျင့်ဆိုတဲ့ကောင်မလေးဟာ ဆယ်တန်းကျောင်းသူတစ်ယောက်ပါ။ လစာ လျော့ချခံရလို့ စိတ်ဖိအားများနေတဲ့မိခင်၊ ကူးစက်ရောဂါကြားမှာ ကျောင်းတက်နေရတဲ့ ရှောင်ကျင့်တို့ တစ်နေ့မှာတော့ ရှောင်ကျင့်ရဲ့အတန်းဖော်မှာ ကိုဗစ်တွေ့တာကြောင့် အိမ်ထဲမှာပဲ Quarantine ၀င်ရဖို့ ဖြစ်လာတဲ့အခါ ဘာတွေကြုံတွေရမှာလဲ။ ဘ၀မှာလဲကျတိုင်း လှဲနေလိုက်လို့မရတာကြောင့် ဘယ်လိုများကြိုးစားမလဲဆိုတာကိုတော့ Psycho Drama အပြင်ကိုမှ မထင်မှတ်တဲ့ဇာတ်သိမ်းလေးပါ ဖြည့်စွက်ပေးထားတာကြောင့် Drama ကြိုက်တတ်တဲ့သူတွေအတွက် အငြိမ့်ကြီးကြည့်ရမယ့်ကားကောင်းတစ်ကားပါပဲလို့ ညွှန်းဆိုလိုက်ပါတယ်ခင်ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Lwin Htoo Aung မှရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ Lwin Htoo Aung, SST တို့ဖြစ်ပါတယ်)File Size - (1.43 GB) /(694.2 MB) / (432.39 MB) Quality – WebRip 1080p / ...
movie
The Falls (2021)
2021
The Ballad of Jack and Rose (2005) 6.6
The Ballad of Jack and Rose (2005) The Ballad of Jack and Rose (2005)=========================IMDb Rating - 6.6/10ဒီတစ်ခေါက်မိတ်ဆက်ပေးမှာကတော့ အရင်ကနာမည်ကြီးခဲ့တဲ့ ကားဟောင်းဆိုသလို ကားကောင်းလေးဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် ကထွက်ရှိခဲ့ပြီး ဒါရိုက်တာ အမျိုးသမီး Rebecca Miller ရဲ့ပြောင်မြောက်တဲ့လက်ရာထဲကတစ်ခုပေါ့နော်။ မင်းသားမင်းသမီးကြီးတွေနဲ့ တကယ့် ကိုနာမည်ကြီး သရုပ်ဆောင်တွေပါဝင်ထားတဲ့ ဒီကားလေးကတော့ ဒရမ်မာအမျိုးအစားလေးပဲ ဖြစ်ပါတယ်။Jack Slavin (Daniel Day-Lewis) ကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့သူတစ်ဦးဖြစ်ပြီး သူယခင်ကတည်းက ဝယ်ထားတဲ့ မြေမှာပဲ ဘဝကိုမြှုပ်နှံထားတဲ့သူပါ။ ရှေးဟောင်းအမွေအနှစ်တွေကို အစွဲအလမ်းကြီးပြီး နှလုံးရောဂါလည်းရှိတဲ့သူတစ်ယောက်ပေါ့၊ သူ့သမီးဖြစ်သူ Rose (Camilla Belle) ကတော့ ငယ်ငယ်ကတည်းကအမေမရှိဘဲ သူ့အဖေကိုပဲသိတဲ့ အဖေမှအဖေ သမီးလေးပေါ့နော်။ ဂျက်တို့ သားအဖ ဒီလယ်ယာမြေလေးမှာပဲ နေထိုင်ပြီး သူတိုရဲ့ နေရာကိုလူ့အဖွဲအစည်းတစ်ခု သိုက်သိုက်ဝန်းဝန်းဖြစ်ချင်ခဲ့တယ် အဲလိုနဲ့တစ်နေ့မှာ သူ့ရဲ့ချစ်သူမိန်းကလေး ကတ်သလင်း(Catherine Keener)ကို သူတိုအိမ်ကိုလာနေဖို ခေါ်လိုက်တယ်၊ ကတ်သလင်းမှာ သားနှစ်ယောက် Rodney (Ryan McDonald) နဲ့ Thaddius (Paul Dano) ...
movie
The Ballad of Jack and Rose (2005)
2005
In the Line of Duty 3 (1988) 6.5
In the Line of Duty 3 (1988) မြန်မာပြည်မှာ ဟောင်ကောင်ဂျက်မလို့ လူသိများကြတဲ့ ဇာတ်ကားတွေကို ပြန်လည်တင်ဆက်သွားပါ့မယ်ဟောင်ကောင်ဂျက်မဆိုတာက အဲ့ချိန်တုန်းကမြင်ရခဲတဲ့ ဆံပင်တိုတိုနဲ့ ဟောင်ကောင်ရဲမေစုံထောက် ကွန်ဖူးဖိုက်တာတွေကို ဆိုလိုတာပါ…ဇာတ်ကားအများစုကို မီရှဲယိုနဲ့ Cynthia Khan တို့အဓိက သရုပ်ဆောင်ခဲ့ကြပါတယ်။ဂျက်မ Franchise အဖြစ် နာမည်ကြီးကြတာတော့ In The Line of Duty ဆိုတဲ့ဇာတ်ကားတွေပါပဲ။ဟောင်ကောင်ရဲ့ ရုပ်ရှင်ရွှေခေတ်မှာ နာမည်ကြီးခဲ့ကြတဲ့ မင်းသားမင်းသမီးအကုန်နီးပါး ဒီ Franchise ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ကြပါတယ်။၁၉၉၀ ခုနှစ်လောက်က ဇာတ်ကားတွေဆိုပေမယ့် အခုချိန်ထိ ခေတ်မီနေပြီး သွက်လက်တဲ့ Action တွေကို ခံစားရမှာပါ။ဂျက်ကီချန်းရဲ့ဇာတ်ကားတွေလိုပဲ Action,Comedy,Drama Theme တွေကို လှလှပပ ကူးသန်းချိတ်ဆက်ထားပါတယ်။အခု ၃ ကားမြောက် တင်ဆက်လိုက်တဲ့ In the Line of Duty 3 (1988) ဇာတ်ကားကို Force of The Dragon လို့လဲ ...
movie
In the Line of Duty 3 (1988)
Genres
Archives