Channel Myanmar
New releases (2024)
Content at random
Movies
In The Room (2015) 18+
In The Room (2015) 18+ ဇာတ်ကားတစ်ခုတည်းကိုဇာတ်အိမ်သုံးခုနဲ့ဖွဲ့စည်းထားတာပါ ဇာတ်လမ်းသုံးခုကွဲထွက်သွားတဲ့သဘောပါ ယောက်ျားလေးတွေအနေနဲ့ ပြောရရင်မိမိချစ်ရတဲ့သူကသာGay(ladyboy)တစ်ယောက်ဖြစ်နေရင်...သင်သူ့ကိုလက်ခံနိုင်ဦးမှာလား...တစ်ခါတစ်လေပုံသေတွက်မရတဲ့အဖြစ်အပျက်လေးတွေရှိနေပါသေးတယ်..ဒီနေရာမှာတစ်ခုရှင်းချင်တာက..'အကယ်၍လက်မခံနိုင်ဘူးဆိုရင်တောင်သင့်ကိုလက်ခံနိုင်လာအောင်ပြုလုပ်နိုင်တဲ့ဂြိုလ်သားကတော့အချစ်ဆိုတဲ့သတ္တဝါပါပဲ...????မယုံမရှိပါနဲ့..ဒီကားမှာလက်တွေ့ဖော်ပြထားတာကိုတွေ့ရပါမယ်..ခဏကပြောသလိုဇတ်အိမ်သုံးခုကွဲနေတဲ့အတွက် ၁ခုရဲ့အကြောင်းကိုပဲကျွန်တော်ညွန်းပါရစေ ဘာလို့ဆို စာရှည်ရင်စိတ်အိုင်သွားမှာစိုးလို့ပါဆရာမကြီးတစ်ယောက်ဟာကောင်မလေး၃ယောက်ကိုယောကျာ်းတွေကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာသင်ကြားပေးနေပါတယ်.. သင်ပို့နေတဲ့ပုံစံတွေကလည်းကျွန်တော်တို့တစ်ခါမှမြင်ဖူးတဲ့အကွက်ဆန်းကြီးနဲ့ပါ (????)ပြီးတော့ဟိုတယ်ထဲမှာဖောက်ပြန်နေတဲ့ကောင်မလေးနေရာမှာတော့ Japanက Pornstarမိန်းမချောလေးပါဝင်ထားပါသေးတယ်""ချစ်ခြင်းတရားကတစ်ခါတစ်လေမှာကျွန်တော်တို့အတွက်လှုပ်မရတဲ့နွံတစ်ခါပါဗျာ ''' ဇတ်လမ်းရဲ့ရသကအညွန်းမှာမူတည်တဲ့အတွက်ဒီလောက်နဲ့ပဲအဆုံးသတ်ပါရစေFile Size : 700 MB Quality : Blu ray 720P Running Time : 1hr 45 minute Format : Mp4 Genre : Adult Encoder : Joker.phs(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ John La Yaungပဲ ဖြစ်ပါတယ်)@joker
movie
In The Room (2015) 18+
Sully (2016)
Sully (2016) ဒီဇာတ်ကားက ၂၀၀၉ ခုနှစ် တစ်လပိုင်းက ဖြစ်ပျက်ခဲ့တဲ့ မြစ်ထဲကို လေယာဉ်ပျက်ကျမှုဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပါ။ ထူးခြားမှုကတော့ လေယာဉ်ပေါ်က လူ ၁၅၅ ယောက်လုံးအသက်ရှင်နိုင်ခဲ့တာပါပဲ။ ဒီဇာတ်ကားမှာ မင်းသားကြီး တွမ်ဟန့်ခ်က အမေရိကန်ရဲ့ သူရဲကောင်းတစ်ယောက်ဖြစ်လာတဲ့ ပိုင်းလော့ကြီးနေရာကနေ သရုပ်ဆောင်ထားပါတယ်။ မြစ်ထဲကို လူအသေအပျောက်မရှိထိုးဆင်းနိုင်ခဲ့လို့ တကယ်ချီးကျူးစရာဖြစ်ခဲ့သလို ၂၄ မိနစ်အတွင်း သဘောၤ လေယာဉ်နဲ့ ကယ်ဆယ်ရေး လူ၁၀၀၀ ကျော်စုစည်းပြီး အားလုံးကို ကယ်တင်နိုင်ခဲ့တဲ့ နိုင်ငံရဲ့စီမံခန့်ခွဲမှုကလည်း အံသြစရာတစ်ခုလို့ ပြောသင့်တယ်ထင်ပါတယ်။IMDb rating 7.8 ရထားတဲ့ဒီဇာတ်လမ်းမှာ အားလုံးက သူရဲကောင်းလို့သတ်မှတ်ထားတဲ့ ပိုင်းလော့ကြီးရဲ့ လေယာဉ်ဆင်းသက်ခဲ့ပြီး နောက်ဆက်တွဲပြဿနာနဲ့ လေယာဉ်ပေါ်က အကြောင်းအရာတွေကို ပေါင်းစပ်ပြီးပြသထားတာပါ။ ပြဿနာကတော့ လေယာဉ်ကိုစစ်ဆေးတဲ့ အင်ဂျင်ပိုင်းဆိုင်ရာ ပညာရှင်တွေနဲ့ ကွန်ပြူတာအချက်အလက်တွေက လေယာဉ်ဟာ မြစ်ထဲထိုးဆင်းစရာမလိုဘဲ လေဆိပ်ကိုအရောက်ပျံသန်းနိုင်တယ်လို့ ညွှန်ပြပြီး ပိုင်းလော့ကို အာမခံကုမ္မဏီက တရားခံရှာဖို့ကြိုးစားလာတာပါပဲ။ ဆူလီဟာ သူရဲကောင်းတစ်ယောက်လား ...
movie
Sully (2016)
Blue Is the Warmest Color (2013) [18+] 7.7
Blue Is the Warmest Color (2013) [18+] Blue Is the Warmest Color (2013) [18+] IMDb - 7.7/10_____Rotten - 89%  Spectre ဂျိမ်းစ်ဘွန်းဇာတ်ကားထဲက မင်းသမီး Léa Seydoux နဲ့ မင်းသမီး Adèle Exarchopoulos တို့အဓိကပါဝင်ထားတဲ့ Drama , Romance အမျိုးအစား ပြင်သစ်ဇာတ်ကားပါ။ယခု ဇာတ်ကားကြည့်အပြီးမှာ ဘာတွေခံစားသိမြင်သွားနိုင်ပါသလဲ။ကျွန်တော်တို့အားလုံးဟာ လူသားတွေပဲဖြစ်ပါတယ်။မတူကွဲပြားသော လိင်စိတ်တည်ဆောက်မှု တွေရှိကြပေမယ့် အားလုံးသော ဖို မ သတ္တဝါတွေအားလုံးဟာ လူသားတွေပဲဖြစ်ပါတယ်။တစ်မူကွဲပြားနေတဲ့သူတို့ရဲ့ စိတ်ခံယူမှု ကို နိမ့်ကျသူ ချို့တဲ့သူလို့မမြင်ကြပဲ အခြားသော လူသားတွေကဲ့သိုသာ ဖြစ်သည်ဟု ကျွန်တော်တို့နားလည်သဘောပေါက်ပေးကြမှာပါ ။တကယ့်တော့ လူသားတိုင်းဟာ ပတ်ဝန်းကျင်အရောင်အဆင်းအလိုက် ထွက်ပေါ်တောက်ပလာတဲ့ ဆေးရောင်ကလေးတွေပါပဲ။သူမလိုမိန်းခလေးမျို းက ဣတ္ထိယနွယ်ဝင်ပီသစွာပဲ ဆန့်ကျင်ဘက်ဖိုသတ္တဝါရဲ့ ချစ်ခင်ဂရုစိုက်မှု ကို အလိုရှိခဲ့သူပါ။မနက်တိုင်း အိပ်ယာကကပျာကသီထ ကျောင်းကားနောက်ပြေးလိုက် ။အဲဒီကျောင်းမှာပဲ ကောင်လေးတစ်ယောက်နဲ့ စချစ်ဘူးခဲ့တာ ။သူက ...
movie
Blue Is the Warmest Color (2013) [18+]
2013
Kainan 1890 (2015)
Kainan 1890 (2015) ကဲဒီတခါတာ့ IMDb rating 7.6  ရရှိထားတဲ့ ဂျပန် - တူရကီ သမိုင်း ဖြစ်ရပ်မှန် ဇာတ်ကားလေးတစ်ကား နဲ့ မိတ်ဆက်ပေးပါရစေဒီဇာတ်ကားလေးကတော့ တူရကီ - ဂျပန် ၂နိုင်ငံ ဆက်ဆံရေးရဲ့ ရင်းနှီးကျွမ်းဝင်မှူ သမိုင်းမှတ်ကျောက်ဆိုလဲ မမှားပါဘူးဗျအာတတ်ရူ ဆိုတာ 1863 မှာ စတင်ခဲ့တဲ့ အော့တိုမန်ရေတပ်ရဲ့ ပင်လယ်ကုန်သွယ်ရေး အစောင့်အရှောက်သင်္ဘောပါ တနေ့မှာ တိုင်ဖွန်းမုန်တိုင်းမိပြီး ဂျပန် ၀ာကာရာမ ကျွန်းကို သွားရောက်သောင်တင်ပါတော့တယ် ဒီ မတော်တဆ ဖြစ်ရပ်ကြောင့် သင်္ဘောသား 533ယောက်အပါအ၀င် ကပ္ပတိန် အလီအိုစမန်ပါရှာ ပါပျောက်ဆုံးသွားခဲ့ပါတယ် သင်္ဘောသား ၆၉ ယောက်နဲ့ ရေကြောင်းအရာရှိတယောက်သာ ပြန်လည် လွတ်မြောက်ရှင်သန်ခဲ့ပြီး ဂျပန်နိုင်ငံရဲ့ အစောင့်အရှောက်နဲ့ သူ့နိုင်ငံပြန်နိုင်ခဲ့ပါတယ် ဒီလိုနဲ့ ဘယ်လို မတော်တဆမှူကတဆင့် ဘာပြသနာတွေတက်ခဲ့လဲ သင်္ဘောသား 533 ယောက်ကကောဘယ်လိုအန္တရာယ်တွေနဲ့ကြုံတွေ့သွားရတာလဲဆိုတာကို ပရိတ်သတ်ကြီးကပဲ ဆက်လက် စောင့်ကြည့်လိုက်ပါတော့Download On Pcloud L - FileDownload On Pcloud S-File
Kainan 1890 (2015)
Capture the Flag (2015)
Capture the Flag (2015) ဒီတစ်ခေါက်တော့ ကာတွန်းကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ဒီကာတွန်းကားလေးက IMDb မှာဆို 5.9 ရရှိထားပြီး ဆု ၅ဆုနဲ့ စံကာတင်စားရင်း ကြိမ်းဝင်ခဲ့တာပါ ဒီဇာတ်လမ်းမှာ ဘယ်နေရာမှမထူးချွန်တဲ့ ၁၂နှစ်အရွယ်ကောင်လေး Mike တစ်ယောက်မှာ အဖေဖြစ်သူနဲ့ အဖိုးဖြစ်သူတို့က အာကသယာဉ်မှူးတွေပါ။အဖိုးဖြစ်သူ Frank နဲ့ အဖေဖြစ်သူ Scott တို့ဟာ အချင်းချင်းမပြေလည်ကြပါဘူး။တစ်နေ့မှာ Richard Carson ဆိုတဲ့ ဗီလိန်ကြောင့် လပေါ်ကိုသွားဖို့ အကြောင်းဖန်လာရပါတော့တယ်။အာကာသယာဉ်မှူးဟောင်းဖြစ်သူ Frank ဟာ သား နဲ့မြေးနဲ့အတူ အလုပ်တွဲလုပ်ဖို့ဖြစ်လာပြီး carsonရဲ့ အကြံအစည်ကြောင့် အဖေဖြစ်သူအာကသယာဉ်မှူးမပါဝင်ပဲ မြေးဖြစ်သူရဲ့ သူငယ်ချင်း၂ယောက်ရယ်၊ပုတ်သင်ညိုတစ်ကောင်ရယ် ၁၂နှစ်အရွယ်မြေးဖြစ်သူရယ်နဲ့အတူထွက်ခွာလာခဲ့ရပါတယ်။ဆက်ဆံရေးမပြေလည်တဲ့သူတို့ ဘယ်လိုရှေ့ဆက်သွားမယ်ဆိုတာကတော့ လုံးဝစိတ်ဝင်စားစရာပါ။ဒီဇာတ်လမ်းကvisual effect တွေကောင်းလှတာကြောင့် အာကာသထဲကို ရောက်ရှိသွားသလိုခံစားရမှာပါလို့ ညွှန်းထားပါတယ်။အညွန်းကိုတော့ shocking pink က ရေးပေးခဲ့တာပါDownload On Pcloud L-FileDownload On Pcloud S- File
Capture the Flag (2015)
22 Jump Street (2014) 7.0
22 Jump Street (2014) 22 Jump Street (2014) IMDb - 7.0/10_____Rotten - 84%    2014 ခု နှစ်မှာထွက်ရှိထားတဲ့ 22 Jump Street ဇာတ်ကားဟာ IMDb Rating 7 အထိရရှိထားတဲ့ရဲဟာသဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်..2012 က ထွက်ရှိခဲ့တဲ့ 21 Jump Street ရဲ့ အဆက်အဖြစ်နဲ့ထွက်လာပါတယ်..2ကားလုံးကတော့ ဟာသအက်ရှင်ဇာတ်ကားတွေပဲဖြစ်ပါတယ် ဇာတ်လမ်းဇာတ်အိမ်ဖန်တီးထားတဲ့နေရာမှာလည်းသေသပ်သလို ဟာသလည်းမြောက်ပါတယ် 21 Jump Street မှာတော့ ကျောင်းတုန်းက မတည့်တဲ့ သူငယ်ချင်း2ယောက် ကျောင်းပြီးလို့ရဲထဲဝင် တဲ့အခါ အလုပ်အတူတူတွဲလုပ်ရင်း ထူးခြားတဲ့အမှုအတွက် ကျောင်းပြန်တက်ရပြန်ပါတယ်.. ကျောင်းတက်ရင်းဘယ်လိုတလွဲတွေနဲ့ အမှုလိုက်ကြမလဲဆိုတာကို ကြည့်ရမှာပါ ယခု တင်တဲ့ဇာတ်ကား 22 Jump Street ကတော့ အဆက်အနေနဲ့ဆက်လက်ရိုက်ကူးထားပါတယ်   21 Jump Street ကို မကြည့်ရသေးသူများ အတွက်လည်း အောက်မှာလင့်ပြန်ပေးထားပါတယ်..။   21 Jump Street (2012)   2014 ခု နှစ်မှာထွက်ရှိထားတဲ့ 22 Jump Street ဇာတ်ကားဟာ IMDb Rating ...
movie
22 Jump Street (2014)
2014
21 Jump Street (2012) 7.2
movie
21 Jump Street (2012)
2012
Criminal (2016) 6.3
Criminal (2016) Criminal (2016)_____IMDb - 6.3/10  မင်းသားကြီး Kevin Costner ရဲ့ ဇာတ်ကြမ်းကားပါ။ IMDb (6.3/10) ရရှိထားပါတယ်။ ဓါတ်ပူးမင်းသား Ryan Reynolds ဟာ CIA အေးဂျင့်တစ်ယောက်ပါ... ကမ္ဘာနဲ့ချီ ဒုက္ခရောက်မယ့် ကိစ္စတစ်ခုမှာ ဝင်ရောက်ကယ်တင်ရင်း မအောင်မြင်ဘဲ ဂန့်သွားပါတယ်.... အဲ့ဒီမပြီးပြတ်သေးတဲ့ကိစ္စကို ဆက်လက်ဆောင်ရွက်ဖို့ သူ့ရဲ့ဦးနှောက်ထဲက မှတ်ဉာဏ်တွေကို လူကြမ်းကြီး Kevin Costner ထဲကို ကော်ပီကူး ရွှေ့ပြောင်းပါတယ်....။ အဲ့ဒီထူးဆန်းတဲ့ကိစ္စကြီးအောင်မြင်သွားမလား... ကမ္ဘာနဲ့ချီဒုက္ခရောက်မယ့်ကိစ္စကြီးရော အောင်မြင်သွားမလား.... လူကြမ်းကြီးရဲ့နှလုံးသားရော နူးညံ့သွားမလားဆိုတာ ရင်တမမကြည့်ရှုရမှာပါ။ Spoil လုပ်ရရင် လူကြမ်းကြီးရဲ့ နှလုံးသားကတော့ မင်းသမီး Gal Gadot (Wonder Woman ) ကြောင့် သေချာပေါက် အရည်ပျော်သွားဖို့ရှိနေပါတယ်...:P ။  File size…(814 MB) Quality…Blu-Ray 720p Format…mp4 Duration….01:53:00 Subtitle….Myanmar Subtitle (Hardsub) Fixed By  Naing Aung Latt Encoded By  Nyeinsaeya Aung
movie
Criminal (2016)
2016
Beyond Rangoon (1995) 6.6
Beyond Rangoon (1995) Beyond Rangoon (1995)_____IMDb - 6.6/10  IMDb rating 6.6 ရရှိထားြပြီး ၁၉၉၅ ခုနှစ်က ရိုက်ကူးထားတဲ့ မြန်မာ့နောက်ခံ သမိုင်းအသားပေး ဇာတ်ကာကြီး Beyond Rangoon ကိုမိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားဟာ ဆို ၁၉၈၈ ခုနှစ်မှာ မြန်မာ နိုင်ငံကိုလာလည်တဲ့ tourist တဖွဲ့ဟာ ၈၈၈၈ uprising ကိုကြုံတွေ့ရပုံကို ရိုက်ကူးပြသထားတာ ပါ။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ သဘောသဘာဝတွေအများအပြားပါဝင်ထားပြီး ထူးခြားတာ တစ်ခုက ဒီဇာတ်ကားဟာ မြန်မာ နိုင်ငံမှာ ရိုက်ကူးခဲ့တာ မဟုတ်ပဲ မလေးရှားနိုင်ငံမှာပဲ ဇာတ်ဝင်ခန်းအားလုံးကိုရိုက်ကူးခဲ့တာဖြစ်ြပြီး ဒီဇာတ်ကားထဲမှာ အပြင်မှာ လက်တွေ့ကြုံတွေ့ခဲ့ ကြရတဲ့ မြန်မာပြည်သူတွေရဲ့ လက်တွေ့ ဘဝတွေကို မီးမောင်းထိုးရိုက်ကူးပြသထားတာပါ။ ဒီဇာတ်ကားဟာ ဥရောပမှာသာမက အမေရိကမှာပါအထူးအောင်မြင်ခဲ့တဲ့ဇာတ်ကားတစ်ကားလည်း ဖြစ်ခဲ့ပါတယ် ။  ဇာတ်လမ်း အကျဉ်းလေးကတော့ အန်ဒီနဲ့ သူ့သူငယ်ချင်းဟာ လင်ယောကျာ်းဖြစ်သူ အသတ်ခံရလို့ ပူဆွေးသောကဖြစ်နေတာကို စိတ်ပြေလက်ပျောက်ဖြစ်စေရန်အလို့ငှာ မြန်မာနိုင်ငံသို့အပန်းဖြေလေ့လာရေးခရီးထွက်လာရာမှ မမျှော်လင့်ပဲ ၈၈၈၈ ကိုကြုံတွေ့ လိုက်ရတဲ့အခါမှာတော့ ...........
movie
Beyond Rangoon (1995)
1995
Empress Ki (2013)
Empress Ki (2013) IMDb rating 8.7/10, Rotten Tomatoes 100%Korea Series တွေကို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် 2013 ခုနှစ်မှာထွက်ရှိခဲ့ပြီး IMDb rating 8.7/10 ထိရရှိထားတဲ့ ဇာတ်လမ်းကောင်းကောင်း ဇာတ်ကားကောင်းကောင်းလေးကို တင်ပေး လိုက်ပါပြီ။ နောက်ပြီး ဒီဇာတ်ကားဟာ Rotten Tomatoes မှာလည်း rating 100% အထိကို ရရှိထား တယ်ဆိုတော့ကာ ဇာတ်လမ်းရဲ့ကောင်းမွန်မှုကို ထွေထွေထူးထူးများ ညွှန်းစရာမလိုလောက်ဘူးထင်ပါ တယ်။ စုစုပေါင်း အပိုင်း 51 ပိုင်းထိရှိပြီး နောက်ထပ်လက်ကျန်ပိုင်းများကို စဉ်ဆက်မပြတ်အပြီးအထိ ကျွန်တော်တင်ပေးသွားပါမယ်။ (ဒီကိုရီးယားဇာတ်လမ်းတွဲကို ဘာသာပြန်ပေးထားသူကတော့ Starlet ပဲဖြစ်ပါတယ်။) @SanwinmaungComplete zip  VIP  /  Yoteshin[1-7] / Yoteshin[8-14] / Yoteshin[15-21] / Yoteshin[22-28] / Yoteshin[29-35] / Yoteshin[36-42] / Yoteshin[43-49] ...
movie
Empress Ki (2013)
Synchronicity (2015)
Synchronicity (2015) ကဲ ဒီတစ်ခါ Time Machine ကား ကောင်းတကားနဲ့ မိတ်ဆက်ပေးပါရစေ ဇာတ်လမ်းလေးက IMDb rating 5.4 ရထားပြီး ဆန်ကာတင် နာမည် စာရင်းတခါဝင်ပြီး ဆုတဆုရရှိခဲ့ ပါတယ် IMDb ရဲ့ user review မှာတော့ well worth watching လို့ကြယ်လေးပြပေးထားတာကိုတွေ့ရပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ ကာလယန္တရားကို တီထွင်လိုက်နိုင်တဲ့ သိပ္ပံပညာရှင်တစ်ယောက်သူ့အတိတ်ကအမှားတွေကိုပြင်ဆင်ဖို့ အတိတ်ကာလကိုပြန်လည်ရောက်ရှိလာပါတယ်။သူရောက်ရှိလာချိန်မှာ သူတီထွင်ထားတာကို ခိုးယူဖို့ ကြိုးစားနေတဲ့ မိန်းမလှလေးတစ်ဦးရယ် မတော်မတရားကြွယ်ဝ ချမ်းသာတဲ့ သထေကြီးရယ် နဲ့ ရင်ဆိုင်လကြရာမှ အနာဂါတ်မှာ မပြောင်းလဲဖို့အတွက် အတိတ်ကအမှားကို ပြန်လည် ပြင်ဆင်နိုင်မှာလား ဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လကြည့ှ်ုရမှာပါ  အညွန်းကိုတော့ Shocking Pink က ရေးသားပေးခဲ့တာပါ  Download L - File On PcloudDownload S - File On Pcloud
Synchronicity (2015)
Swing Vote (2008) 6.1
Swing Vote (2008) Swing Vote (2008)_____IMDb - 6.1/10    လွန်ခဲ့တဲ့ ၄ နှစ်လောက်က ဘာသာပြန်ဖူးတဲ့ ဇာတ်ကားလေးပါ။ အမေရိကန် သမ္မတလောင်း ၂ ယောက် ရွေးကောက်ပွဲမှာ မဲအရေအတွက် တူနေတယ်။ ဖြစ်ချင်တော့ ဘယ်ပါတီဘက်မှ မယိမ်းတဲ့ ခပ်ပေပေလူတစ်ယောက်ရဲ့ မဲက အမှားတစ်ခုဖြစ်ပြီး ပြန်ထည့်ဖို့ အကြောင်းဖန်လာတယ်။ အဲဒီမှာပဲ သမ္မတလောင်း နှစ်ယောက်နဲ့ ပါတီကြီးနှစ်ခုလုံး ဆင်းချလာပြီး လူတစ်ယောက်ထဲကို အလိုလိုက် အကြိုက်ဆောင်ပြီး မဲဆွယ်ကြတာ။ နိုင်ငံအတွက်ဘာလုပ်ပေးမယ် ဘာညာ စီမံကိန်းဘာညာအကုန် မေ့သွားတယ်။ အဲဒီလူ ဘာကြိုက်လဲပဲ လိုက်ရှာပြီး ဖြည့်ဆည်းပေးနေကြေတော့တယ်။ နောက်ဆုံးတော့ အမြင်မှန်ရသွားပြီး နိုင်ငံအတွက်လိုအပ်ချက်က ဘာတွေပါ၊ ဒါတွေကိုဘယ်လိုဖြေရှင်းဖို့ စီမံထားပါတယ် ဘာညာနဲ့ အဆင့်အတန်းရှိရှိ မဲဆွယ်တတ်သွားတဲ့အကြောင်း ရိုက်ပြထားတာပါ။ ဒီဇာတ်လမ်းဟာလည်း ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb 6.1 ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ပြိုင်ဘက် သမ္မတလောင်း၂ယောက် မဲအရေအတွက်ဟာ ...
movie
Swing Vote (2008)
2008
[18+] Sleeping Beauty (2011) 5.3
[18+] Sleeping Beauty (2011) သြစတေးလျမင်းသမီး Emily Browning အဓိကပါဝင်သရုပ်ဆောင်ထားတဲ့  Erotic , Drama အမျိုးအစား ဇာတ်ကားဖြစ်ပါတယ်။Lucy (Emily Browning) ဟာ ဆင်းရဲတဲ့ တက္ကသိုလ်ကျောင်းသူတစ်ယောက်ပါ။အချိန်ပိုင်းအလုပ်တွေလုပ်ပြီး ဘဝကိုကြုံသလိုရပ်တည်နေသူပါ။ဒီလိုရပ်တည်နေရင်းကနေ မထင်မှတ်ဘဲ ထူးဆန်းတဲ့ အလုပ်တစ်ခုကို လုပ်ဖို့ကမ်းလှမ်းခံရပါတယ်။အဲ့ဒီအလုပ်ကတော့ ထူးဆန်းတဲ့စားသုံးသူတွေအတွက် Sex ကိစ္စမပါဘဲ ခုတင်ပေါ်မှာ ခန္ဓာကိုယ်နဲ့ရင်းပြီး ဖျော်ဖြေရတဲ့အလုပ်ပါ။ထူးဆန်းတဲ့ဇာတ်ကားဖြစ်ပြီး ဘဝကပဲ ထူးဆန်းတာလား...လူသားတွေကပဲထူးဆန်းတာလား....ဝေခွဲမရပါလား ဖြစ်ရပါတယ်။Emily Browning ရဲ့ ခန္ဓာကိုယ်ကို ပွင့်လင်းစွာရိုက်ပြထားလို့ အရွယ်မရောက်သူများမကြည့်သင့်တဲ့ဇာတ်ကားပါ။(စွန်းဝူခုန်းဘာသာပြန်ပြီး RGB မှတင်ဆက်ထားပါတယ်။) File size…(710MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:41:44 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB
movie
2011
Under The Shadow (2016)
Under The Shadow (2016) အညွှန်း အီရန်နဲ့ အီရတ် စစ်အရေးအခင်းကြောင့် နိုင်ငံရေးလုပ်တဲ့လူတွေ ရှိလာခဲ့ပြီး  ရှီဒီဆိုတဲ့မိန်းကလေးကလဲ နိုင်ငံရေးပါဝင်မှုကြောင့် သူ ဝါသနာပါတဲ့ ဆရာဝန်ဘဝကို စွန့်လွှတ်ခဲ့ရပြီး ကျောင်းကနေ ထွက်လိုက်ရတယ် တာရန်ဆိုတဲ့မြို့မှာ ရှီဒီတို့ မိသားစု နေထိုင်ကြတယ်တနေ့ သူ ယောကျာင်္း ရှေ့တန်းကို တာဝန်ကျလို့ သွားရတဲ့အခါ ရှီဒီဟာ ကလေးတစ်ယောက်နဲ့ ဖြစ်နေလို့ စိတ်မချတဲ့အခါ  ရှီဒီနဲ့ကလေးကို သူ့မိဘအိမ်မှာ သွားနေဖို့ပြောတဲ့အခါ ရှီဒီဟာ ခယ်မတွေရဲ့အပြောကို မခံနိုင်လို့ ယောကျာင်္းစကားကို နားမထောင်ပဲ မသွားခဲ့ဘူး သူ့ယောကျာင်္း ရှေ့တန်း ထွက်သွားပြီး မကြာခင်မှာ အီရန်-အီရတ်စစ်ပွဲက သူတို့မြို့ထိပါ ရောက်ရှိလာခဲ့တယ် တနေ့ သူတို့နေထိုင်ရာ အိမ်ရာကို ဒုံးကျည်ကျပြီးနောက်မှာ  ဒုံးကျည်က မပေါက်ကွဲပေမဲ့ သူတို့ အိမ်ရာက အဖိုးကြီး တစ်ယောက် ဆုံးပါးသွားခဲ့တယ် ကြောက်မက်ဖွယ်ရာကောင်းတဲ့ ထူးခြားတဲ့ အရာတွေ ရှီဒီတို့ အိမ်ရာမှာ ဖြစ်ပေါ်လာခဲ့တယ် အဲဒီ ကြောက်မက်ဖွယ်ရာတွေက ဘယ်လိုကြောင့် ဖြစ်ပေါ်လာခဲ့တာလဲ ရှီဒီတို့ သားအမိကရော ...
Under The Shadow (2016)
Ouija (2014) 4.5
Ouija (2014) Ouija (2014)_____IMDb - 4.5/10   ကျွန်တော်တို့နိုင်ငံတိုင်း ဒေသတိုင်းမှာ သရဲခေါ်နည်းအမျိုးမျိုးရှိကြသလိုပဲ ဒါကတော့ အင်းဂိတ်သရဲခေါ်နည်းပေါ့ဗျာ.. A ကနေ Z, Yes , No , Good Bye ဆိုတာတွေ ရေးထားတဲ့ ဘုတ်ပြားလေးတစ်ခုမှာ အဝိုင်းပေါက်လေးပါတဲ့ ရွှေ့စရာသစ်သားပြားလေးတစ်ခုတင်ပြီး သရဲခေါ်ပြီး မေးချင်တာမေးရတဲ့ကစားနည်းမျိုးပေါ့..ဒီကစားနည်းမှာ စည်းကမ်းချက်လေးတွေရှိတယ်..၁. ဘယ်တော့မှ တစ်ယောက်တည်း မကစားရဘူး၂. သချိုင်းမြေပေါ်မှာ မကစားရ၃. ကစားပြီးသွားရင် အမြဲတမ်း နှုတ်ဆက်စကား ( Good Bye ) ပြောရမယ်ဗျ.. 2014 မှာ ထွက်ရှိထားတဲ့ ဒီ Ouija ကားကတော့ IMDb 4.5/10 ရရှိထားပြီး သရဲကားတွေရဲ့ နာမည်ကြီးဒါရိုက်တာ Stiles White ရိုက်ကူးထားတာဖြစ်ပါတယ်.. ဟောလိဝုဒ်ရုံတင်စာရင်းရဲ့ နံပါတ်တစ်နေရာကို ရယူခဲ့တဲ့ ဇာတ်ကားလဲဖြစ်ပါတယ်..  ဇာတ်လမ်းအကျဉ်းကတော့ Debbie ဆိုတဲ့ကောင်မလေးဟာ Ouija Board ကို ...
movie
Ouija (2014)
2014
Miss Peregrine’s Home For Peculiar Children(2016)
Miss Peregrine’s Home For Peculiar Children(2016) 2016 စက်တင်ဘာမှာ ရုံတင်သွားတဲ့ ကားကောင်းတစ်ကားကို ဘာသာပြန်ပြီး တင်ပေးထားပါတယ်။ စာရေးဆရာ Ransom Riggs ရဲ့ Bestseller စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Harry Potter, Percy Jackson နဲ့ Narnia တို့လို Fantasy တွေ Adventure တွေကို ချစ်သူတွေအတွက်တော့ နောက်ထပ်လှပတဲ့ ကမ္ဘာသစ်တစ်ခုကို တွေ့မြင်ရဦးမှာပါပဲ။ IMDb 7.1 ရထားပါတယ်။ဇာတ်လမ်းအကျဉ်းမှာတော့ ဂျိတ်ခ်ဆိုတဲ့ လူငယ်လေးကို အဖိုးဖြစ်သူဟာ ငယ်စဉ်ကတည်းက ဆန်းကြယ်တဲ့ အစွမ်းရှိတဲ့ကလေးတွေနဲ့ သူတို့ကို စောင့်ရှောက်သူ ကျောင်းအုပ်ဆရာမကြီး Peregrineအကြောင်းကို ပြောပြလေ့ရှိပေမယ့် ပုံပြင်တွေအဖြစ်သာမှတ်ယူခဲ့ပါတယ်။ တစ်နေ့မှာတော့ အဖိုးဖြစ်သူဟာ ထူးဆန်းတဲ့သေဆုံးမှုနဲ့သေဆုံးသွားပြီး ဂျိတ်ခ်ဟာ အဖိုးဆီကိုလာတဲ့ ပို့စ်ကဒ်လေးမှတဆင့် ဝေလနယ်ရဲ့ ကျွန်းပေါ်က ကလေးထိန်းအိမ်လေးကို သွားရှာမိတဲ့အခါ...လူတွေမသိတဲ့ အချိန်ကာလတွေ..အစွမ်းတွေ..ရန်သူတွေကြားမှာ သူနဲ့သူ့အဖိုးဟာ ဘယ်လိုအစွမ်းရှိတဲ့လူတွေလဲဆိုတာ သိလာပါတော့တယ်။File Size   ...
movie
Miss Peregrine’s Home For Peculiar Children(2016)
Genres
Archives