Exit print mode Print Data A+ A- Undo all

Mowgli: Legend of the Jungle (2018)

The greatest journey is finding where you belong
Mowgli: Legend of the Jungle (2018)Mowgli: Legend of the Jungle (2018)

Synopsis:

1967 ခုနှစ်က The Jungle Book ကို အသက်ပြန်သွင်းထားတယ်လို့ ပြောလို့ရတယ်

ကျနော့်အနေနဲ့ကတော့ 2016 က ရုံတင်ခဲ့တဲ့ The Jungle Book ထက်

Netflix က ရိုက်တဲ့ ဒီ Mowgli ကို ပိုပြီး သဘောကျမိတယ်

Effects တွေကလဲ အတော်လေးကို အသက်ဝင်တယ်

ဇတ်လမ်းကျောရိုးက တူပေမဲ့ ဇတ်လမ်းဇတ်ကွက်လေးတွေတော့

နည်းနည်းပြောင်းလဲသွားတာရှိတယ်

အရင်ကလို ကလေးကြည့်တဲ့ရုပ်ရှင်သက်သက် မဟုတ်တော့ပဲ

သွေးထွက်သံယို အခန်းလေးတွေ အနည်းငယ်ပါတယ်

ဇတ်လမ်း ပုံစံကတော့ Mowgli ရဲ့ မိဘတွေဟာ

ခြေတဖက်ကျိုး နေတဲ့ ရှီရာခန်း ဆိုတဲ့ ကျားဆိုးကြီးရဲ့ သတ်ဖြတ်ချင်းကို

ခံရပြီး Mowgli လေးကတော့ ကံကောင်းပြီး လွတ်မြောက်သွားခဲ့တယ်

ကျားသစ်နက်ကြီး ဘာဂီရာ က ကလေးငယ်ကို

ကယ်ဆယ်ပြီး ဝံပုလွေမိသားစုဆီ ပေးခဲ့တယ်….

ဝံပုလွေတွေဟာလဲ Mowgli လေးကို မိသားစုဝင်အဖြစ်လက်ခံခဲ့ပြီး

သူတို့ အသက်ရှိနေသ၍ ကျားဆိုးကြီး ရှီရာခန်း ဆီကနေ

Mowgli ကို ကာကွယ်ပေးမယ်လို့ သစ္စာဆိုခဲ့ကြတယ်…

ဒီလိုနဲ့ Mowgli  အရွယ်ရောက်လာတဲ့အခါ

သူဟာ ဝံပုလွေ တွေနဲ့ မတူတာကို သတိထားမိပြီး

မေးခွန်းပေါင်းများစွာ ရှိလာခဲ့တယ်…

သူ့မေးခွန်းတွေကို ဒိုင်ခံဖြေရတဲ့သူတွေကတော့

ကျားသစ်နက်ကြီး ဘာဂီရာ နဲ့ ဝက်ဝံကြီး ဘာလူး တို့ပဲ

ဖြစ်ပါတယ်…..

ဒီလိုနဲ့ အရွယ်ရောက်လာတဲ့ Mowgli လေးကို စားသောက်ချင်နေတဲ့

ရှီရာခန်းကြီး ဟာလဲ တစ်ဖြေးဖြေး နဲ့ Mowgli အနားသို့ ရောက်လာခဲ့သော်အခါ…

ဒီ ရုပ်ရှင်ဟာ IMDb မှာ Rating 8 လောက်ထိ ရထားပါတယ်

အရမ်းလဲ လူကြိုက်များ အောင်မြင်ပါတယ်…

ဘာလို့အောင်မြင်လဲ ဆိုတာလဲ မမေးနဲ့

အသံသရုပ်ဆောင်ကိုပဲ အရင်ပြောပြပါမယ်…

ကျားသစ်နက်ကြီး ဘာဂီရာ အဖြစ်

ဘတ်မန်းမင်းသားကြီး Christian Bale အသံသရုပ်ဆောင်ပါတယ်

ပြီးတော့ ခင်ဗျားတို့ ကျားဆိုးကြီး ရှီရာခန်းကို မုန်းလို့ရမှာ မဟုတ်ဘူး

ဘာလို့လဲ ဆိုတော့ နောက်ခံ အသံသရုပ်ဆောင်က

ဒေါက်တာထူးဆန်း ကိုကို Benedict Cumberbatch ပါပဲ <3

Tom Hollander တို့ ဘာတို့ အပြင် အခြား နာမည်ကျော်

မင်းသားကြီး မင်းသမီးကြီးတွေက နောက်ခံ အသံ သရုပ်ဆောင်ပေးထားပါတယ်

ကဲ ဒါဆိုရင် ဒီရုပ်ရှင်က သင်ကြည့်ကိုကြည့်သင့်တဲ့

တောတွင်းသားလေး ဇတ်လမ်း ပါပဲ…..

ဒီရုပ်ရှင်ကားကို Little Neo က ဘာသာပြန်ပေးထားပြီး

Thit San Khant က တင်ဆက်ပေးထားပါတယ်

—————————————————–






















ဖြစ်ပါတယ်…..




















ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။

Original title
Mowgli
Director
Andy Serkis, Jo Tew, Lee Grumett, Paula Casarin, Wendy Alport
Stars
Andy Serkis, Benedict Cumberbatch, Cate Blanchett, Christian Bale, Eddie Marsan, Freida Pinto, Matthew Rhys, Naomie Harris, Peter Mullan, Rohan Chand
Release Date
7 December 2018 (USA)
Rated
PG-13
Runtime
1h 44min
Awards
7 nominations
Country
UK, USA
Popularity
17.186
Status
Released
ID IMDb.com
tt2388771
IMDB Rating
6.5
IMDB votes
53,272
ID Themoviedb.org
407436
TMDb Rating
6.3
TMDb votes
12