Channel Myanmar

Mulholland Drive (2001)

Mulholland Drive    

R 147 min DramaMystery

8.0
IMDB: 8.0/10 244,555 votes

, , ,

Nominated for 1 Oscar. Another 46 wins & 56 nominations.

France, USA

370293

Report error

5vx1hinmulholland-drive

“Mulholland Drive” (2001)
~~~ ~~~ ~~~ ~~~ ~~~ ~~~

Hollywood က ေငြေရာင္ပိတ္ကားေတြထက္မွာ အထင္ေပၚဆံုးသူျဖစ္ဖုိ႕၊ အေက်ာ္ႀကားဆံုးနဲ႕ အရည္အခ်င္းအရွိဆံုး မင္းသမီးအျဖစ္ လူေတြ၀ုိင္းရံေနတဲ့ ေကာ္ေဇာနီေတြေပၚမွာ ေလွ်ာက္လွမ္းႏုိင္ဖုိ႕။ ဒါေတြက အိမ္နဲ႕ေ၀းရာ California က ရုပ္ရွင္ကမၻာကုိ အေရာက္လာခဲ့တဲ့ Betty Elms ရဲ႕ စိတ္ကူးအိပ္မက္ေတြပဲ။

City of Angels လုိ႕ သမုတ္ႀကတဲ့ဒီျမိဳ႕ေတာ္က သူ႕အေဒၚရဲ႕ေနအိမ္ကုိ Betty ေရာက္တဲ့အခ်ိန္မွာ၊ သူမေမွ်ာ္လင့္ထားတဲ့ အံ့ႀသစရာတစ္ခုက အဆင္သင့္ေစာင့္ႀကိဳေနတယ္။ အဲဒါကေတာ့၊ အိမ္ထဲမွာ ႀကိဳေရာက္ေနတဲ့၊ အတိတ္ေမ့ေနတဲ့ မိန္းကေလးတစ္ေယာက္နဲ႕ ဆံုရတာပဲ။ သူ႕ရဲ႕အေဒၚနဲ႕လဲ ဆက္စပ္မႈမရွိ၊ ဘာေတြျဖစ္ခဲ့တယ္ဆုိတာကုိလဲ ေမးမရေပမယ့္၊ ရွင္းျပလုိ႕မရႏုိင္တဲ့ ခံစားခ်က္တစ္ခုေႀကာင့္၊ Rita လုိ႕ သူ႕ကုိ္ယ္သူ နာမည္ေပးထားတဲ့ ဒီေကာင္မေလး ဘယ္သူဆုိတာကုိ သိရေအာင္ကူညီေပးဖုိ႕ Betty ဆံုးျဖတ္လုိက္တယ္။

သူစိတ္၀င္စားေနတဲ့ ရုပ္ရွင္ဇာတ္ရုပ္တစ္ခုမွာ သရုပ္ေဆာင္ရမယ့္ အခြင့္အေရးကုိ၊ အဆက္အသြယ္ေကာင္းတဲ့ တျခားမင္းသမီးလက္ထဲကုိ လႊဲေပးလုိက္ရတဲ့အခ်ိန္၊ တစ္ဖက္မွာလည္း Rita ခုလုိ အတိတ္ေမ့သြားတာ ေသြးရုိးသားရုိးမဟုတ္တဲ့ မေတာ္တဆမႈတစ္ခုေႀကာင့္ ဆုိတာကုိ သိလုိက္ရတယ္။ ဒီလုိနဲ႕ တစ္စတစ္စ ေပၚလာတဲံ Rita ရဲ႕ ေနာက္ေႀကာင္းကုိ စံုစမ္းရင္း၊ Rita အတိတ္မေမ့ခင္ ေနခဲ့တယ္လုိ႕ ယူဆရတဲ့အိမ္ကုိ သူတုိ႕ေတြေရာက္သြားခ်ိန္မွာ ကိစၥအားလံုးကုိ ပုိျပီး႐ႈပ္ေထြးေစမယ့္ အရာတစ္ခုကုိ ေတြ႕လုိက္ရတဲ့အခါမွာေတာ့ … … … ။

IMDB – 8/10
Metacritic – 81%
Rotten Tomatoes – 82%

~~~ ~~~ ~~~ ~~~ ~~~ ~~~ ~~~
~~~ ~~~ ~~~ ~~~ ~~~ ~~~ ~~~

Naomi Watts နဲ႕ Laura Elena Harring တုိ႕ ဦးေဆာင္ပါ၀င္ထားတဲ့ ဒါရိုက္တာ David Lynch ရဲ႕လက္ရာပါ။ ဒီမင္းသမီးေတြကုိ အႏုပညာလမ္းေႀကာင္းမွန္ေပၚ တင္ေပးႏုိင္ခဲ့သလုိ၊ Lynch ကုိလည္း အကယ္ဒမီဆုအတြက္ nomination ရေစခဲ့တဲ့ Mulholland Drive ကုိ ဒီဒါရုိက္တာႀကီးရဲ႕ အေျပာင္ေျမာက္ဆံုး ဇာတ္ကားေတြထဲ ထိပ္ဆံုးကလုိ႕ ညႊန္းဆုိႀကေလ့ရွိပါတယ္။

မူလက ရုပ္သံဇာတ္လမ္းတြဲတစ္ခု ဖန္တီးဖုိ႕ရည္ရြယ္ခ်က္နဲ႕ ဇာတ္သိမ္းမေရရာတဲ့ Pilot Episode အျဖစ္ ရုိက္ကူးခဲ့ေပမယ့္၊ ပယ္ခ်ခံခဲ့ရတဲ့ေနာက္မွာ၊ ရိုက္ထားျပီးသားဇာတ္လမ္းကုိ ဇာတ္သိမ္းခန္း ထပ္မံရုိက္ကူးျဖည့္စြက္ျပီး ရုပ္ရွင္ကားႀကီးအျဖစ္ အသြင္ေျပာင္းခဲ့တာပါ။ ဒီအခ်က္ေႀကာင့္ရယ္၊ Lynch ရဲ႕ ပင္ကုိယ္ရုိက္ကူးမႈပံုစံရယ္ေႀကာင့္၊ Mulholland Drive ရဲ႕ ဇာတ္လမ္းဟာ တိတိက်က်ရယ္လုိ႕ မဟုတ္ပဲ ႀကည့္႐ႈသူရဲ႕ အဓိပၸါယ္ေကာက္မႈအေပၚ မူတည္ျပီး ကြာျခားသြားတတ္တဲ့ သဘာ၀ ရွိေနတာျဖစ္ျပီး၊ အဲဒါကပဲ သူ႕ရဲ႕အဓိကဆြဲေဆာင္မႈ ျဖစ္လာခဲ့ပါတယ္။

ရုိက္ကူးထားတဲ့ပံုစံကေတာ့ David Lynch ကားေတြရဲ႕ထံုးစံအတုိင္းပဲ၊ တစ္သမတ္တည္းျဖစ္တဲ့ ဇာတ္လမ္းသြားမဟုတ္သလုိ၊ တစ္ကားလံုးမွာ ကင္မရာအသံုးျပဳနည္းမ်ိဳးစံုကုိ သံုးထားတာေႀကာင့္ ဇာတ္ေကာင္တစ္ေယာက္ခ်င္းစီရဲ႕ အတြင္းစိတ္နဲ႕ အေျခအေနတစ္ခုအေပၚ ဘာေႀကာင့္ဒီလုိတံု႕ျပန္လဲ ဆုိတဲ့အေႀကာင္းရင္းကုိ ႀကည့္ေနတဲ့သူကုိ အတြင္းက်က်ခံစားမိေစပါတယ္။ ဒါ့အျပင္၊ ဇာတ္၀င္ခန္းတုိင္းမွာ အသံုးျပဳထားတဲ့ ေနာက္ခံအသံကလဲ ဒီဇာတ္၀င္ခန္းကေပးခ်င္တဲ့ စုိးရိမ္စိတ္၊ ေႀကာက္စိတ္ အစရွိတဲ့ ခံစားခ်က္ေတြကုိ ပရိသတ္ခံစားမိေအာင္ တြန္းပုိ႕ေပးခဲ့ပါတယ္။

2001 ခုႏွစ္၊ Cannes ရုပ္ရွင္ပြဲေတာ္မွာ ပြဲဦးထြက္ျပသခဲ့ျပီး၊ ေ၀ဖန္ေရးဆရာေတြနဲ႕ ပရိသတ္ေတြရဲ႕ အထူးခ်ီးက်ဴးမႈကိုရရွိခဲ့တဲ့ Mulholland Drive ဟာ ေဒၚလာ ၁၅ သန္း အကုန္အက်ခံ ရုိက္ကူးခဲ့တာျဖစ္ျပီး၊ ကမၻာတစ္၀ွမ္း စုစုေပါင္း၀င္ေငြ သန္း ၂၀ ေက်ာ္ ျပန္ရခဲ့ပါတယ္။ ဒါေတြကေတာ့ Mulholland Drive ရဲ႕ Wikipedia article က fact ေတြ သက္သက္ရယ္ပါ။ ေျပာခ်င္တာကေတာ့၊ Mulholland Drive ကုိ ပထမဆံုး ႀကည့္မိတဲ့အခ်ိန္မွာ ကင္မရာရုိက္ခ်က္ေတြနဲ႕ ပတ္သတ္တဲ့အရာေတြ၊ ေနာက္ခံအသံေတြ၊ အဲဒီလုိအရာေတြကုိ ဂရုမစုိက္အားခဲ့ဘူး ဆုိတာပါပဲ။ ဒါ့ေႀကာင့္ အခုေျပာျပမယ့္ ကြ်န္ေတာ့္အျမင္ ဆုိတာကလဲ၊ review ဆုိတာထက္၊ ပရိသတ္တစ္ေယာက္အေနနဲ႕ႀကည့္ျပီး ခံစားရတဲ့ ကုိယ္ပုိင္ခံစားခ်က္သက္သက္ပါ။

ဒါရုိက္တာႀကီး David Lynch ရဲ႕လက္ရာေတြထဲ ပထမဆံုးႀကည့္မိတဲ့ ဒီကားထဲ ေမ်ာေနရင္း ပထမဆံုး ရလုိက္တာက အိပ္မက္မက္ေနရတဲ့ ဖီလ္လင္ပါပဲ။ ဇာတ္လမ္းဟာ ကစဥ့္ကလ်ားနဲ႕ အစီအစဥ္မက်ဘူး။ ဒါေပမယ့္၊ အဲဒီအပုိင္းအစေလးေတြကပဲ အာရံုကုိ တျခားမလႊဲႏုိင္ေအာင္ ဆြဲေဆာင္ထားတယ္။ အဆက္အစပ္မရွိတဲ့ ဇာတ္၀င္ခန္းေတြ တစ္ခုေပၚတစ္ခု ထပ္လာတဲ့အခ်ိန္မွာ၊ စိတ္႐ႈပ္ေထြးသြားရမယ့္အစား၊ ဘာေတြထပ္ျမင္ရမလဲဆုိတဲ့ စူးစမ္းစိတ္ကသာ ပုိလာတယ္။ အဓိပၸါယ္ ေရေရရာရာ မထင္ရွားတဲ့ ကမၻာတစ္ခုထဲကုိ ေရာက္ေနေပမယ့္၊ ကသိကေအာက္ျဖစ္မေနပဲ အခ်ိန္တန္ရင္ အားလံုးဆက္စပ္မိမွာပါဆုိတဲ့ အာမခံခ်က္ေလးက စိတ္ထဲမွာ အလုိလုိေရာက္ႏွင့္ေနတယ္။

တကယ္လည္း ဇာတ္လမ္းဆံုးတဲ့အခါမွာ၊ ဇာတ္လမ္းေရွ႕ပို္င္း တစ္၀က္ေက်ာ္ေက်ာ္ေလာက္ ႀကည့္ခဲ့ရတဲ့ ဟုိေရာက္ဒီေရာက္ျဖစ္ေနတဲ့ ဇာတ္အိမ္ငယ္ေတြက အစပ္အဟပ္တည့္သြားတယ္။ ဒါေပမယ့္၊ ထူးျခားခ်က္က အဲဒီဇာတ္လမ္းအပုိင္းအစေလးေတြရဲ႕ အဓိပၸါယ္ဟာ ဇာတ္သိမ္းတဲ့အထိ သတ္သတ္မွတ္မွတ္မရွိပဲ၊ ကုိယ္အဓိပါၸယ္ဖြင့္ခ်င္သလုိ ဖြင့္လုိရေနတာပဲ။ အဲဒါေႀကာင့္ပဲ၊ ဒီဒါရုိက္တာႀကီးက သူ႕ဇာတ္ကားရဲ႕ အဓိကလုိရင္းက ဘာဆုိတာကုိ ရွင္းရွင္းလင္းလင္းထုတ္ေျပာဖုိ႕ ျငင္းခဲ့တယ္ဆုိတာ နားလည္သြားရတယ္။

ဒါ့အျပင္၊ Betty Elms နဲ႕ Diane Selwyn, Rita နဲ႕ Camilla Rhodes တုိ႕ေတြ ဘယ္လုိဆက္စပ္မွူရွိေနလဲ၊ ဇာတ္လမ္းအစမွာ ႀကားခဲ့ရတဲ့ Betty ရဲ႕ စကားေလးတစ္ခြန္းဟာ ေနာက္ပုိင္း Diane ရဲ႕ အမူအက်င့္ကုိ ဘယ္လုိသက္ေရာက္ေနလဲ။ ဇာတ္သိမ္းမွာ ေတြ႕ရတဲ့ Camilla ရဲ႕ စရုိက္က Rita နဲ႕ Betty တုိ႕ရဲ႕ ကနဦးဆက္ဆံေရးကုိ ဘယ္လုိပံုေဖာ္ခဲ့သလဲ။ ဒီလုိေမးခြန္းေတြအမ်ားႀကီး ကုိယ့္ကုိယ္ကုိ ျပန္ေမးေနရင္း၊ ရလာတဲ့အေျဖက တစ္ခုတည္းမဟုတ္သလုိ၊ ဒီအေျဖတစ္ခုခ်င္းကလဲ အဓိပၸါယ္ရွိေနတာေတြက Mulholland Drive ကုိ ႀကည့္ျပီး ႀကိဳက္သည္ျဖစ္ေစ၊ မႀကိဳက္သည္ျဖစ္ေစ၊ ဒီကားနဲ႕ပတ္သတ္တဲ့ ကုိယ့္အျမင္ကုိ ထုတ္ေျပာမွျဖစ္မယ္ဆုိတဲ့ ပရိသတ္ေတြ ခ်င္ျခင္းတက္မႈရဲ႕ အဓိကအေႀကာင္းရင္းပါပဲ။

အခုဒီလုိေတြ ေျပာေနေပမယ့္၊ ဒီကားရဲ႕အရသာကုိ တကယ္နားလည္ဖုိ႕က ကုိယ္တုိင္ႀကည့္လုိက္မွ ျဖစ္မွာပါ။ Psychological Thriller ေတြကုိ အရသာေတြ႕တဲ့သူေတြ၊ ေတြးစရာေပးတဲ့ ဇာတ္ကားမ်ိဳးကုိ သေဘာက်ပါတယ္ဆုိတဲ့သူေတြ သာမက၊ ရုပ္ရွင္ကုိ ၀ါသနာပါသူမွန္ရင္ လက္မလႊတ္သင့္တဲ့ ဇာတ္ကားပါပဲ။ တကယ္ႀကည့္ျဖစ္မယ့္သူေတြ အရသာမပ်က္ေအာင္ ဒီပုိ႕စ္မွာ spoiler မထည့္ထားေပမယ့္၊ တကယ္လုိ႕ တျခား review ေတြဖတ္ျပီးသား၊ ဇာတ္လမ္းသြားသိျပီးသားမုိ႕၊ မႀကည့္ေတာ့ဘူးဆုိရင္ေတာ့ နစ္နာမယ္လုိ႕ပဲ ေျပာပါရေစ။

#MMDB_Previews#MulhollandDrive#DavidLynch#ASW

(ရုပ္ရွင္အညႊန္းကို M-MDB Page မွကူးယူေဖာ္ျပပါသည္။)

[

“Mulholland Drive” (2001)
~~~ ~~~ ~~~ ~~~ ~~~ ~~~

Hollywood က ငွေရောင်ပိတ်ကားတွေထက်မှာ အထင်ပေါ်ဆုံးသူဖြစ်ဖို့၊ အကျော်ကြားဆုံးနဲ့ အရည်အချင်းအရှိဆုံး မင်းသမီးအဖြစ် လူတွေဝိုင်းရံနေတဲ့ ကော်ဇောနီတွေပေါ်မှာ လျှောက်လှမ်းနိုင်ဖို့။ ဒါတွေက အိမ်နဲ့ဝေးရာ California က ရုပ်ရှင်ကမ္ဘာကို အရောက်လာခဲ့တဲ့ Betty Elms ရဲ့ စိတ်ကူးအိပ်မက်တွေပဲ။

City of Angels လို့ သမုတ်ကြတဲ့ဒီမြို့တော်က သူ့အဒေါ်ရဲ့နေအိမ်ကို Betty ရောက်တဲ့အချိန်မှာ၊ သူမမျှော်လင့်ထားတဲ့ အံ့သြစရာတစ်ခုက အဆင်သင့်စောင့်ကြိုနေတယ်။ အဲဒါကတော့၊ အိမ်ထဲမှာ ကြိုရောက်နေတဲ့၊ အတိတ်မေ့နေတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆုံရတာပဲ။ သူ့ရဲ့အဒေါ်နဲ့လဲ ဆက်စပ်မှုမရှိ၊ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုလဲ မေးမရပေမယ့်၊ ရှင်းပြလို့မရနိုင်တဲ့ ခံစားချက်တစ်ခုကြောင့်၊ Rita လို့ သူ့ကိုယ်သူ နာမည်ပေးထားတဲ့ ဒီကောင်မလေး ဘယ်သူဆိုတာကို သိရအောင်ကူညီပေးဖို့ Betty ဆုံးဖြတ်လိုက်တယ်။

သူစိတ်ဝင်စားနေတဲ့ ရုပ်ရှင်ဇာတ်ရုပ်တစ်ခုမှာ သရုပ်ဆောင်ရမယ့် အခွင့်အရေးကို၊ အဆက်အသွယ်ကောင်းတဲ့ တခြားမင်းသမီးလက်ထဲကို လွှဲပေးလိုက်ရတဲ့အချိန်၊ တစ်ဖက်မှာလည်း Rita ခုလို အတိတ်မေ့သွားတာ သွေးရိုးသားရိုးမဟုတ်တဲ့ မတော်တဆမှုတစ်ခုကြောင့် ဆိုတာကို သိလိုက်ရတယ်။ ဒီလိုနဲ့ တစ်စတစ်စ ပေါ်လာတဲံ Rita ရဲ့ နောက်ကြောင်းကို စုံစမ်းရင်း၊ Rita အတိတ်မမေ့ခင် နေခဲ့တယ်လို့ ယူဆရတဲ့အိမ်ကို သူတို့တွေရောက်သွားချိန်မှာ ကိစ္စအားလုံးကို ပိုပြီးရှုပ်ထွေးစေမယ့် အရာတစ်ခုကို တွေ့လိုက်ရတဲ့အခါမှာတော့ … … … ။

IMDB – 8/10
Metacritic – 81%
Rotten Tomatoes – 82%

~~~ ~~~ ~~~ ~~~ ~~~ ~~~ ~~~
~~~ ~~~ ~~~ ~~~ ~~~ ~~~ ~~~

Naomi Watts နဲ့ Laura Elena Harring တို့ ဦးဆောင်ပါဝင်ထားတဲ့ ဒါရိုက်တာ David Lynch ရဲ့လက်ရာပါ။ ဒီမင်းသမီးတွေကို အနုပညာလမ်းကြောင်းမှန်ပေါ် တင်ပေးနိုင်ခဲ့သလို၊ Lynch ကိုလည်း အကယ်ဒမီဆုအတွက် nomination ရစေခဲ့တဲ့ Mulholland Drive ကို ဒီဒါရိုက်တာကြီးရဲ့ အပြောင်မြောက်ဆုံး ဇာတ်ကားတွေထဲ ထိပ်ဆုံးကလို့ ညွှန်းဆိုကြလေ့ရှိပါတယ်။

မူလက ရုပ်သံဇာတ်လမ်းတွဲတစ်ခု ဖန်တီးဖို့ရည်ရွယ်ချက်နဲ့ ဇာတ်သိမ်းမရေရာတဲ့ Pilot Episode အဖြစ် ရိုက်ကူးခဲ့ပေမယ့်၊ ပယ်ချခံခဲ့ရတဲ့နောက်မှာ၊ ရိုက်ထားပြီးသားဇာတ်လမ်းကို ဇာတ်သိမ်းခန်း ထပ်မံရိုက်ကူးဖြည့်စွက်ပြီး ရုပ်ရှင်ကားကြီးအဖြစ် အသွင်ပြောင်းခဲ့တာပါ။ ဒီအချက်ကြောင့်ရယ်၊ Lynch ရဲ့ ပင်ကိုယ်ရိုက်ကူးမှုပုံစံရယ်ကြောင့်၊ Mulholland Drive ရဲ့ ဇာတ်လမ်းဟာ တိတိကျကျရယ်လို့ မဟုတ်ပဲ ကြည့်ရှုသူရဲ့ အဓိပ္ပါယ်ကောက်မှုအပေါ် မူတည်ပြီး ကွာခြားသွားတတ်တဲ့ သဘာ၀ ရှိနေတာဖြစ်ပြီး၊ အဲဒါကပဲ သူ့ရဲ့အဓိကဆွဲဆောင်မှု ဖြစ်လာခဲ့ပါတယ်။

ရိုက်ကူးထားတဲ့ပုံစံကတော့ David Lynch ကားတွေရဲ့ထုံးစံအတိုင်းပဲ၊ တစ်သမတ်တည်းဖြစ်တဲ့ ဇာတ်လမ်းသွားမဟုတ်သလို၊ တစ်ကားလုံးမှာ ကင်မရာအသုံးပြုနည်းမျိုးစုံကို သုံးထားတာကြောင့် ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ အတွင်းစိတ်နဲ့ အခြေအနေတစ်ခုအပေါ် ဘာကြောင့်ဒီလိုတုံ့ပြန်လဲ ဆိုတဲ့အကြောင်းရင်းကို ကြည့်နေတဲ့သူကို အတွင်းကျကျခံစားမိစေပါတယ်။ ဒါ့အပြင်၊ ဇာတ်ဝင်ခန်းတိုင်းမှာ အသုံးပြုထားတဲ့ နောက်ခံအသံကလဲ ဒီဇာတ်ဝင်ခန်းကပေးချင်တဲ့ စိုးရိမ်စိတ်၊ ကြောက်စိတ် အစရှိတဲ့ ခံစားချက်တွေကို ပရိသတ်ခံစားမိအောင် တွန်းပို့ပေးခဲ့ပါတယ်။

2001 ခုနှစ်၊ Cannes ရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသခဲ့ပြီး၊ ဝေဖန်ရေးဆရာတွေနဲ့ ပရိသတ်တွေရဲ့ အထူးချီးကျူးမှုကိုရရှိခဲ့တဲ့ Mulholland Drive ဟာ ဒေါ်လာ ၁၅ သန်း အကုန်အကျခံ ရိုက်ကူးခဲ့တာဖြစ်ပြီး၊ ကမ္ဘာတစ်ဝှမ်း စုစုပေါင်းဝင်ငွေ သန်း ၂၀ ကျော် ပြန်ရခဲ့ပါတယ်။ ဒါတွေကတော့ Mulholland Drive ရဲ့ Wikipedia article က fact တွေ သက်သက်ရယ်ပါ။ ပြောချင်တာကတော့၊ Mulholland Drive ကို ပထမဆုံး ကြည့်မိတဲ့အချိန်မှာ ကင်မရာရိုက်ချက်တွေနဲ့ ပတ်သတ်တဲ့အရာတွေ၊ နောက်ခံအသံတွေ၊ အဲဒီလိုအရာတွေကို ဂရုမစိုက်အားခဲ့ဘူး ဆိုတာပါပဲ။ ဒါ့ကြောင့် အခုပြောပြမယ့် ကျွန်တော့်အမြင် ဆိုတာကလဲ၊ review ဆိုတာထက်၊ ပရိသတ်တစ်ယောက်အနေနဲ့ကြည့်ပြီး ခံစားရတဲ့ ကိုယ်ပိုင်ခံစားချက်သက်သက်ပါ။

ဒါရိုက်တာကြီး David Lynch ရဲ့လက်ရာတွေထဲ ပထမဆုံးကြည့်မိတဲ့ ဒီကားထဲ မျောနေရင်း ပထမဆုံး ရလိုက်တာက အိပ်မက်မက်နေရတဲ့ ဖီလ်လင်ပါပဲ။ ဇာတ်လမ်းဟာ ကစဉ့်ကလျားနဲ့ အစီအစဉ်မကျဘူး။ ဒါပေမယ့်၊ အဲဒီအပိုင်းအစလေးတွေကပဲ အာရုံကို တခြားမလွှဲနိုင်အောင် ဆွဲဆောင်ထားတယ်။ အဆက်အစပ်မရှိတဲ့ ဇာတ်ဝင်ခန်းတွေ တစ်ခုပေါ်တစ်ခု ထပ်လာတဲ့အချိန်မှာ၊ စိတ်ရှုပ်ထွေးသွားရမယ့်အစား၊ ဘာတွေထပ်မြင်ရမလဲဆိုတဲ့ စူးစမ်းစိတ်ကသာ ပိုလာတယ်။ အဓိပ္ပါယ် ရေရေရာရာ မထင်ရှားတဲ့ ကမ္ဘာတစ်ခုထဲကို ရောက်နေပေမယ့်၊ ကသိကအောက်ဖြစ်မနေပဲ အချိန်တန်ရင် အားလုံးဆက်စပ်မိမှာပါဆိုတဲ့ အာမခံချက်လေးက စိတ်ထဲမှာ အလိုလိုရောက်နှင့်နေတယ်။

တကယ်လည်း ဇာတ်လမ်းဆုံးတဲ့အခါမှာ၊ ဇာတ်လမ်းရှေ့ပိုင်း တစ်ဝက်ကျော်ကျော်လောက် ကြည့်ခဲ့ရတဲ့ ဟိုရောက်ဒီရောက်ဖြစ်နေတဲ့ ဇာတ်အိမ်ငယ်တွေက အစပ်အဟပ်တည့်သွားတယ်။ ဒါပေမယ့်၊ ထူးခြားချက်က အဲဒီဇာတ်လမ်းအပိုင်းအစလေးတွေရဲ့ အဓိပ္ပါယ်ဟာ ဇာတ်သိမ်းတဲ့အထိ သတ်သတ်မှတ်မှတ်မရှိပဲ၊ ကိုယ်အဓိပါ္ပယ်ဖွင့်ချင်သလို ဖွင့်လိုရနေတာပဲ။ အဲဒါကြောင့်ပဲ၊ ဒီဒါရိုက်တာကြီးက သူ့ဇာတ်ကားရဲ့ အဓိကလိုရင်းက ဘာဆိုတာကို ရှင်းရှင်းလင်းလင်းထုတ်ပြောဖို့ ငြင်းခဲ့တယ်ဆိုတာ နားလည်သွားရတယ်။

ဒါ့အပြင်၊ Betty Elms နဲ့ Diane Selwyn, Rita နဲ့ Camilla Rhodes တို့တွေ ဘယ်လိုဆက်စပ်မှူရှိနေလဲ၊ ဇာတ်လမ်းအစမှာ ကြားခဲ့ရတဲ့ Betty ရဲ့ စကားလေးတစ်ခွန်းဟာ နောက်ပိုင်း Diane ရဲ့ အမူအကျင့်ကို ဘယ်လိုသက်ရောက်နေလဲ။ ဇာတ်သိမ်းမှာ တွေ့ရတဲ့ Camilla ရဲ့ စရိုက်က Rita နဲ့ Betty တို့ရဲ့ ကနဦးဆက်ဆံရေးကို ဘယ်လိုပုံဖော်ခဲ့သလဲ။ ဒီလိုမေးခွန်းတွေအများကြီး ကိုယ့်ကိုယ်ကို ပြန်မေးနေရင်း၊ ရလာတဲ့အဖြေက တစ်ခုတည်းမဟုတ်သလို၊ ဒီအဖြေတစ်ခုချင်းကလဲ အဓိပ္ပါယ်ရှိနေတာတွေက Mulholland Drive ကို ကြည့်ပြီး ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ဒီကားနဲ့ပတ်သတ်တဲ့ ကိုယ့်အမြင်ကို ထုတ်ပြောမှဖြစ်မယ်ဆိုတဲ့ ပရိသတ်တွေ ချင်ခြင်းတက်မှုရဲ့ အဓိကအကြောင်းရင်းပါပဲ။

အခုဒီလိုတွေ ပြောနေပေမယ့်၊ ဒီကားရဲ့အရသာကို တကယ်နားလည်ဖို့က ကိုယ်တိုင်ကြည့်လိုက်မှ ဖြစ်မှာပါ။ Psychological Thriller တွေကို အရသာတွေ့တဲ့သူတွေ၊ တွေးစရာပေးတဲ့ ဇာတ်ကားမျိုးကို သဘောကျပါတယ်ဆိုတဲ့သူတွေ သာမက၊ ရုပ်ရှင်ကို ဝါသနာပါသူမှန်ရင် လက်မလွှတ်သင့်တဲ့ ဇာတ်ကားပါပဲ။ တကယ်ကြည့်ဖြစ်မယ့်သူတွေ အရသာမပျက်အောင် ဒီပို့စ်မှာ spoiler မထည့်ထားပေမယ့်၊ တကယ်လို့ တခြား review တွေဖတ်ပြီးသား၊ ဇာတ်လမ်းသွားသိပြီးသားမို့၊ မကြည့်တော့ဘူးဆိုရင်တော့ နစ်နာမယ်လို့ပဲ ပြောပါရစေ။

#MMDB_Previews#MulhollandDrive#DavidLynch#ASW

(ရုပ်ရှင်အညွှန်းကို M-MDB Page မှကူးယူဖော်ပြပါသည်။)]

File size…(1GB)
Quality…BR-Rip 720p
Format…mp4
Duration….02:26:34
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 

 

 

 

 

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies