Exit print mode Print Data A+ A- Undo all

Munafik 2 (2018)

Munafik 2 (2018)Munafik 2 (2018)

Synopsis:

ဒီသရဲကားကို တစ်ယောက်ထဲကြည့်ရဲရင် တော့အကောင်ပဲ

(သရဲမကြောက်တဲ့ကောင်)

အခု Munafik 2 ဆိုတဲ့ကားလေးက မလေး သရဲကားပါ

Munafik 1 ကတော့ 2016 ကရိုက်ခဲ့တာဖြစ်ပြီး

ကျွန်တော်လဲမကြည့်ဖူး တော့မသိပါဘူး ဒီကားလေးကြည့်မှ

မလေးလဲ တော်တော်လေးရုပ်ရှင်အဆင့်တန်း

တိုးတက်လာပြီဆိုတာ သိလိုက်ရတယ်

ဇာတ်လမ်း အကျဉ်းလေးကတော့ မလေးဆိုတဲ့အတိုင်း

အစ္စလာမ်ဘာသာ ကိုးကွယ်သူတွေပေါ့ သိကြတဲ့အတိုင်းပဲ

မွတ်ဆလင်မှာ စွန်နီနဲ့ ရှီရတ် ဆိုပြီးဘာသာ ရေး ဂိုဏ်းနှစ်ဂိုဏ်းကွဲနေပါတယ်

တချို့ကြပြန်တော့ လဲ ဘာသာရေးခု တုံးလုပ်ပြီး လိမ်စားညာစားလုပ်တာတွေ ရှိပါတယ်

ထိုအထဲမှာမှ အာဘူဂျာဆိုတဲ့ ဘိုးတော်ကအဆိုးဆုံးပါ

သူ့ဂိုဏ်းထဲမ ဝင်တဲ့သူ သူ့အဆုံးမလမ်းစဉ်တွေမလိုက်နာ တဲ့သူဆို

သူ့တပည့်တွေနဲ့ နှိပ်စက်ကလူ ပြုတဲ့အပြင်

အောက်လမ်းအတိုက်နဲ့လဲ တိုက်တတ်ပါသေးတယ် ဒါကို သမာသမတ် ရှိတဲ့

တရားပြဆရာလေး အဒမ်နဲ့ ထိပ်တိုက် တွေ့ဖို့ အကြောင်းဖန်လာတဲ့တစ်နေ့

အကောင်းနဲ့အဆိုး အလင်းနဲ့အမှောင်

ဘုရားနဲ့ မိစ္ဆာ ဘယ်လိုအားပြိုင်ထားလဲ ဆိုတာကြည့်ရမှာပါ

ဘာသာရေးကားလဲဟုတ်သလို သရဲကားလဲ ဖြစ်နေပြန်ပါတယ်

ဒါကတော့ စပွိုင်းသလိုဖြစ် သွားမှာစိုးလို့ကိုယ်တိုင်ပဲကြည့်ကြပါ

ကျွန်တော်ဒီလအတွင်းမယ်ပြန်ခဲ့တဲ့

Asian သရဲကားတွေတော်တော်များများသူ့ဟာနဲ့သူ

အတော်လေး ဒီဇိုင်းကာလာလန်းနေတယ်

ဒါပေမယ့်ဒီကားလေးကကြောက်ဖို့အ ကောင်းဆုံးလို့ဆိုရမှာပါ

ဒီကားထဲကသရဲတွေက လူတွေမကြောက် လောက်တဲ့အကွက်တွေကိုသိနေပြီ

ပုံမှန်ခြောက်နေကြအကွက်နဲ့ခြောက်မှာ မဟုတ်တော့ပါဘူး

အာ့ကြောင့်ကြည့်နေရင်း အာ ဒီအခန်းက အပေါ်ကကျလာမှာလေ

အောက်ကရောက်လာမှာ ဘာညာမှန်းပြီး ကြည့်ရင်တော့

သေးပါထွက်ကျသွားပါလိမ့် မယ် အာ့ကြောင့်ကြည့်ရဲရင်အကောင်လို့ပြော ခဲ့တာပါ

ကဲ လေကြောရှည်မနေတော့ဘူး ညရောက်တာနဲ့ ဒေါင်းပြီး

တံခါးပိတ်မီးပိတ် နားကြပ်တပ်ပြီး ထိတ်လန့်ခြင်းအနုပညာကို

ကောင်းကောင်းကြီးခံစားကြည့်ကြပါကုန် rating အနေနဲ့

IMDb မယ် 7.8 အထိရထား ပါတယ်

ဂျင်းကား မဟုတ်တာကို အာမခံပါတယ်….

ရုပ်ရှင်ကားကို Hein Thet Naing က ဘာသာပြန်ပေးထားပြီး

အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်။



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Munafik 2
Director
Syamsul Yusof
Stars
Mawi, Maya Karin, Nasir Bilal Khan, Syamsul Yusof
Release Date
29 Aug 2018
Rated
N/A
Runtime
121 min
Awards
N/A
Country
Malaysia
Popularity
1.592
Status
Released
ID IMDb.com
tt7059506
IMDB Rating
7.8
IMDB votes
1,101
ID Themoviedb.org
544530
TMDb Rating
5.3
TMDb votes
5