Exit print mode Print Data A+ A- Undo all

Murder Mystery 2 (2023)

This mystery is deux or die.
Murder Mystery 2 (2023)Murder Mystery 2 (2023)

Synopsis:

Murder Mystery 2 (2023)
===================
IMDb Rating – 5.7/10

နာမည်ကြီး မင်းသား Adam Sandler နဲ့ မင်းသမီး Jennifer
Aniston တို့ အဓိကသရုပ်ဆောင်ရိုက်ကူးထားတဲ့ Mystery
Murder 2 ပြန်လာပါပြီ။ ဇာတ်​လမ်းကတော့ ​​တစ်ကားလုံး
ရယ်စရာဟာသတွေနဲ့ တစ်လွဲတွေကို တွေ့မြင်ရမယ့် Mystery,
Comedy Genre ပဲ ဖြစ်ပါတယ်။

Nick Spitz နဲ့ Audrey Spitz တို့ သူတို့ စုံထောက်လုပ်ငန်းမှာ
အလွဲတွေချည်းလုပ်ပြီး ဒေဝါလီခံလုနီးပါးအချိန်မှာ သူတို့ရဲ့
သူငယ်ချင်း ဘီလီယံနာသူဋ္ဌေးဆီက မင်္ဂလာဆောင်ဖိတ်တာကို
ခံလိုက်ရတယ်။ သူတို့လည်း လက်ခံလိုက်ပြီး ဥရောပကို ခရီး
ထွက်လာကြတာပေါ့။ ရောက်လည်းရောက်ရော ဘီလီယံနာ
သူဋ္ဌေးရဲ့ အပျံ့စားဧည့်ခံမှုတွေကြောင့် ပျော်နေချိန်မှာပဲ မကြာ
လိုက်ပါဘူး၊ ပြဿနာအကြီးကြီးတက်တော့တာပဲ။ သတို့သား
ဘီလီယံနာသူဋ္ဌေးကို မင်္ဂလာဆောင်မှာ ပြန်ပေးဆွဲခံလိုက်ရပါ
တယ်။

အဲဒါကြောင့်Nick နဲ့ Audrey လည်း စုံထောက်တွေအဖြစ် တရား
ခံကိုရှာဖွေဖို့ သံသယဝင်သူတွေကို စစ်ကြတယ်။ ဒါပေမဲ့ အဲ့ဒီ
သံသယဝင်ခံရတာက Nick နဲ့ Audreyဆီကို ပြန်လည်ရောက်
လာတော့ ပိုရှုပ်ထွေးသွားပြီး Spitzes စုံတွဲရဲ့ ဘယ်လိုအလွဲတွေ
ဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်
ရှုရမှာပဲဖြစ်ပါတယ်။ ဟာသဇာတ်လမ်းတွေကို သဘောကျတဲ့
သူတွေအတွက် Recommend အများကြီးပေးတဲ့ ဇာတ်လမ်းလေး
ဖြစ်သလို ဒီသရုပ်ဆောင်နှစ်ယောက်ကို ပေါင်းစည်းတွေနေရတာ
ကိုကအတော်လေးမိုက်နေပါပြီ။

Murder Mystery (2019) ကို ဒီလင့်ကနေ ကြည့်ရှုနိုင်ပါတယ်။

(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့
Thwal Htoo Zin ဖြစ်ပါတယ်)

File Size……….(1.94 GB) / (819 MB) / (485 MB)
Quality…………WEB-DL 1080p / 720p / 480p
Duration………1Hr 30Mins
Subtitle………..Myanmar Hardsub
Format…………MP4
Genre…………..Action, Comedy, Crime
Translator…….Thwal Htoo Zin
Encoder……….Zin Phyo Aung

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Jeremy Garelick
Popularity
330.261
Status
Released
ID IMDb.com
tt15255288
IMDB Rating
5.7
IMDB votes
22000
ID Themoviedb.org
638974
TMDb Rating
6.629
TMDb votes
251