Channel Myanmar

Report error

လတ်တလောထွက်ရှိလာတဲ့ကားကောင်းလေးတွေထဲကမှ

မက္ကဆီကိုကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။

ဇာတ်လမ်းလေးနာမည်ကတော့Museo(2018)ပါ။

၆၈ကြိမ်မြောက်ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ

Silver Bear for Best Screenplay ဆုကိုဆွတ်ခူးရရှိထားတဲ့ကားလေးပါ။

Ratingတွေ အနေနဲ့ကလဲ

Imbd Rating 7.3/10 နဲ့ Rotten Tomatoes 89% တောင်ရရှိထားတာမလို့

ကားကောင်းလေးတစ်ကားဆိုတာကိုအထွေအထူးညွှန်းနေစရာမလိုလောက်ပါဘူး။

ကားကောင်းလေးတစ်ကားဆိုတာသိပေမယ့်

ကိုယ့်အကြိုက်နဲ့တူမတူဆိုတာကိုသိရှိနိုင်ဖို့

ဇာတ်လမ်းအကျဉ်းလေးကိုလဲ တင်ဆက်ပေးချင်ပါသေးတယ်။

ဒီဇာတ်လမ်းလေးကို Narratorတစ်ဦးကပြန်ပြောပြနေတဲ့ပုံစံနဲ့စတင်ထားပါတယ်။

ဂျူအန်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ

အများနည်းတူအသက်ရှင်နေထိုင်ရမှာကို စိတ်ပျက်နေသူတစ်ဦးပါ။

တစ်ခုခုထူးခြားသွားအောင်လုပ်ပြလိုက်ချင်ပေမယ့်ဘာလုပ်ရမှန်းမသိတဲ့

သူလိုကိုယ်လိုကောင်လေးတစ်ယောက်ပေါ့။

တစ်နေ့မှာတော့သူငယ်ချင်းဖြစ်သူနဲ့ အပြောင်းအလဲတစ်ခုခုကိုစတင်ကြမယ်ဆိုပြီး

ပြတိုက်ကိုဝင်ခိုးပါတော့တယ်။

ခိုးရာပါအနုပညာလက်ရာတွေကို ထုခွဲရောင်းချပြီး

သူ့ကိုလှောင်ပြောင်အထင်သေးတဲ့မိသားစုနဲ့ဝေးရာထွက်သွားတော့မယ်လို့ကြံရွယ်ပေမယ့်

သူထင်တဲ့အတိုင်းဖြစ်လာပါ့မလား?

ဒီပစ္စည်းတွေနဲ့ သူဘာဆက်လုပ်မလဲ?သရဲကားမဟုတ်သလို

စွန့်စားခန်းဖွင့်တဲ့ကားမျိုးလဲ မဟုတ်ပေမယ့်

သိပ်ကောင်းတဲ့ Drama ကားကောင်းပါ။

ရိုးရှင်းတဲ့ဇာတ်အိမ်ကိုမှ ရင်ခုန်လှုပ်ရှားပြီးစောင့်ကြည့်ရတဲ့ကားကောင်းလေးလို့ပဲညွှန်းပါရစေ။

 

File Size : (1 GB) and (295MB)

Quality : Web DL720p

Running Time :2hr 08 min

Format : Mp4

Genre : Crime , Drama

Subtitle : Myanmar Subtitle (Hard Sub)

Translated by Aye Mon Kyaw 

Encoded by Moe Myint Lwin



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Museo (2018)
Museo (2018)
Museo (2018)
Museo (2018)
Museo (2018)


No downloads available

Genres



Related movies