Exit print mode Print Data A+ A- Undo all

Mutt (2023)

Mutt (2023)Mutt (2023)

Synopsis:

Mutt (2023)

~ IMDb – 6.5/10, Rotten Tomatoes – 88% ~

ဒီဘက်ခေတ်တွေမှာ LGBT အကြောင်း ပုံဖော်ရိုက်ပြတဲ့ ရုပ်ရှင်တွေ ပေါသည်ထက်ပေါများလာပေမဲ့ LGBT ထဲက‌ ထရန်ဂျန်ဒါတွေအကြောင်း သီးသန့်ရုပ်ရှင်တော့ ရိုက်ပြကြတာတော့ ရှားတယ်လို့ ပြောရပါမယ်။ ဒီတစ်ခါ Mutt ကတော့ အမျိုးသမီးဘဝကနေ အမျိုးသားအဖြစ် ပြောင်းလဲလိုက်တဲ့ ထရန်ဂျန်ဒါတစ်ယောက်အကြောင်းကို စေ့စေ့ငှငှရိုက်ပြထားတယ်။ ဂေးတို့ ဘိုင်တို့ လတ်တို့ထက် ထရန်တွေကို မိသားစုဝင်တွေအတွက် လက်ခံဖို့ ပိုခက်ခဲမယ်ထင်ရတာပါပဲ။ ဘာလို့ဆို သူက ခန္ဓာကိုယ်ကိုပါလိုက်ပြောင်းလဲပစ်လိုက်သကိုး။ ဒီရုပ်ရှင်ကလည်း အဲဒီလို လက်ခံဖို့ခက်ခဲနေကြသူတွေအကြောင်းနဲ့ သူ့ရွေးချယ်မှု သူတောင် ပြန်သံသယဝင်မိလာတဲ့ ထရန်ဂျန်ဒါတစ်ယောက်အကြောင်းပဲ။

မိဘတွေ ရည်းစားဟောင်းတွေ အကုန်လုံးက သူ့ဖြစ်တည်မှုကို လက်မခံနိုင်ကြတဲ့အပြင် အမကနေ အထီးပြောင်းတဲ့နောက် နာမည်ပါပြောင်းပစ်ရတာဆိုတော့ ဘဏ်အကောင့် ဘာညာပြဿနာတွေလည်း ကြုံရတဲ့အကြောင်းတွေအစုံပြထားတယ်။ ဒီရုပ်ရှင်က ပုံမှန် LGBT ကားတွေမှာ အတွေ့ရများသလို သမီးရည်းစားအချစ်အကြောင်းတော့ ဟုတ်မနေဘူး။ ရွေးချယ်မှုတစ်ခုအကြောင်း၊ အဲဒီရွေးချယ်မှုရဲ့ နောက်ဆက်တွဲတွေအကြောင်း၊ အဲဒီနောက်က ခံစားချက်တွေအကြောင်းပဲ။ ဒီလိုဆိုလို့ အချစ်အကြောင်းမပါဘူးလားဆိုရင်တော့ ပါတယ်။ ဒါပေမဲ့ အချစ်ရဲ့လက်ခံလိုက်ခြင်းအကြောင်းပေါ့။ လက်မခံခြင်းတွေကတော့ ရှေ့ဆက်နေဦးမယ်။ ဘယ်လိုပဲစာဖွဲ့ဖွဲ့ အချစ်အားလုံးက အချစ်ပါပဲ။

(ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 1.9GB, 825MB
Quality – 1080p, 720p
IMDb Rating – 6.5/10
Format – mp4
Duration – 1H 27Min
Genre – Drama
Subtitle – Myanmar Subtitle (Hardsub)
Translated by W
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Vuk Lungulov-Klotz
Stars
Alejandro Goic, Ben Groh, Cole Doman, Jari Jones, Jasai Chase-Owens, Lio Mehiel, MiMi Ryder, Sarah Herrman
Release Date
2023
Rated
Unrated
Runtime
1h 27m
Awards
4 wins & 11 nominations
Country
United States
Popularity
10.767
Status
Released
ID IMDb.com
tt22777288
IMDB Rating
6.3
IMDB votes
498
ID Themoviedb.org
1042216
TMDb Rating
8.7
TMDb votes
3