Exit print mode Print Data A+ A- Undo all

My Cousin Vinny (1992)

Truth, Justice and the Gambini Way.
My Cousin Vinny (1992)My Cousin Vinny (1992)

Synopsis:

နယူးယောက်မြို့တော်ကကောလိပ်ကျောင်းသားတွေဖြစ်တဲ့ ဘီလ်နဲ့စတန်တို့သူငယ်ချင်းနှစ်ယောက်ဟာ အယ်လာဘားမားကိုဖြတ်မောင်းလာရင်း ကုန်စုံဆိုင်တစ်ခုမှာဈေးဝင်ဝယ်ဖြစ်ပါတယ်။ သူတို့ထွက်သွားပြီးတဲ့နောက်မှာ စတိုးဆိုင်စာရေးလုယက်သတ်ဖြတ်ခံရပေမယ့်သူတု့ိမသိခဲ့ကြပါဘူး။တစ်ခုရှိတာက ဘီလ်ဟာ တူနားငါးသေတ္တာတစ်ဘူးကိုအလစ်သုတ်လာမိပါတယ်။နောက်ကရဲတွေလိုက်လာတဲ့အချိန်မှာရောသူတို့ကိုဖမ်းပြီး ရဲစခန်းမှာစစ်မေးနေတဲ့အချိန်မှာကော တူနားငါးသေတ္တာတစ်ဘူးအလစ်သုတ်မှုကြောင့်လို့ထင်ခဲ့ပေမယ့် တကယ်တမ်းမှာ
သူတို့ကို စတိုးဆိုင်စာရေးသတ်မှုနဲ့ကြံရာပါအဖြစ် စွပ်စွဲဖမ်းဆီးထားတာပါ။

သူတို့က ဝန်ခံမိရက်သားဖြစ်နေတဲ့အပြင် အထောက်အထားတွေအရလည်းသူတို့ကိုပဲညွှန်ကြနေတဲ့အတွက် အယ်လာဘားမားရဲ့ အလွန်တင်းကျပ်ပြီးကြမ်းတမ်းတဲ့ဥပဒေအရပြစ်မှုထင်ရှားရင် သေဒဏ်နဲ့မလွဲမသွေကြုံရတော့မယ့်အခြေအနေမှာ သူတို့အတွက်ကယ်တင်ရှင်ပေါ်လာပါတော့တယ်။ အဲ့ဒီလူကတော့ဘီလ်ရဲ့ကာဆင်တစ်ယောက်ဖြစ်တဲ့ ဗင်နီဆိုတဲ့ရှေ့နေပါပဲ။ရှေ့နေကျောင်းကိုခြောက်နှစ်တက်ခဲ့တဲ့၊ ဘယ်လိုတရားခွင်အတွေ့အကြုံမျိုးမှမရှိတဲ့၊အယ်လာဘားမားအကြောင်း သူတို့အမှုအကြောင်းကို ဘာတစ်ခုမှမသိပဲ ဒိအမှုကနေ သူတို့ကို ဘယ်လိုကယ်တင်မလဲဆိုတာက စိတ်ဝင်စားစရာအကောင်းဆုံးအချက်ဖြစ်နေလို့ဇာတ်လမ်းထဲမှာဆက်လက်ရှုစားကြပါ။
ဟာသကားဖြစ်နေပေမယ့် ပေါတဲ့ဘက်ကိုမသွားပဲ သဘာဝကျကျဟာသတွေ၊ခိုင်မာတဲ့ဇာတ်လမ်း၊ဇာတ်အိမ်တွေနဲ့တည်ဆောက်ထားတဲ့ Underrated ဟာသဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အကောင်းဆုံးအချက်ကတော့ ဗင်နီရဲ့ဇနီးလောင်းအဖြစ်သရုပ်ဆောင်ထားတဲ့ Marisa Tomei (tom holland spidey’s aunty may) ပါပဲ။နုရွလှပနေတဲ့ အန်တီမေငယ်ငယ်လေးကို တမူထူးခြားတဲ့ဇာတ်ရုပ်နဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။

 

 

File size…(2 GB)/(1 GB)/(610 Mb)
Quality….Webrip 1080p / 720p / 480p
Format…mp4
Duration….02:01:00
Genre…Comedy
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Alias



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Budget
USD $11 000 000,00
Revenue
USD $64 088 552,00
Popularity
26.244
Status
Released
ID IMDb.com
10377
ID Themoviedb.org
10377
TMDb Rating
7.484
TMDb votes
1308