Exit print mode Print Data A+ A- Undo all

My Ex & Whys (2017)

My Ex & Whys (2017)My Ex & Whys (2017)

Synopsis:

 

ဒီတခေါက် တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ “My Ex and Whys” ဆိုတဲ့ ဖိလစ်ပိုင်အချစ်ဟာသ ဇာတ်လမ်းလေးပါ

ကာလီဟာ Bakit List Girl ဆိုတဲ့ ဘလော့ကို ရေးတဲ့ ဘလော့ဂါတစ်ယောက်ပါ

Bakit ဆိုတာကတော့ ဖိလစ်ပိုင်လို why ဘာလို့လဲ ဆိုတဲ့ အဓိပ္ပါယ်ပါ

အဲ့ ဘလော့မှာဆိုရင် ဘာလို့ ယောကျာ်းတွေ သစ္စာမရှိတာလဲ ဆိုတဲ့ ခေါင်းစဉ်ကို အဓိကထားပြီး ယောကျာ်းတွေရဲ့ မကောင်းကြောင်းကို ဘာလို့ လဲ ဆိုတဲ့ အမေး တွေ နဲ့ တင်လေ့ရှိပါတယ်

ကာလီ ဆိုတဲ့ ကောင်မလေး ယောကျာ်းတွေကို သစ္စာမရှိတဲ့ လူတွေလို့ ဘာလို့ မြင်တာလဲ????

ဒီလိုပါ…

သူ ဘလော့ဂါမဖြစ်ခင် လွန်ခဲ့တဲ့ ၂နှစ်လောက်က သူ့အဖေနဲ့ အမေ ကွဲခဲ့ပါတယ်

ကွဲရတဲ့ အကြောင်းရင်းကလဲ သူ့အဖေ သစ္စာဖောက်တာကြောင့်ပါ

ပြီးတော့ အဲ့အချိန်လောက်မှာဘဲ ဂျီယိုဆိုတဲ့ ခပ်ချောချော လူရှုပ်လူပွေ နဲ့ ကာလီ ဟာ ချစ်ကြိုက်ခဲ့ပါတယ်

ဂျီယိုက ကာလီကို သစ္စာမဖောက်ဘူးလို့ အကြိမ်ကြိမ် ကတိပေးခဲ့ပါတယ်…

ဒါပေမယ့်…

ဒီကတိကို ဂျီယို မတည်ခဲ့ပါဘူး ….

ဒါကတော့ Bakit List Girl ဘလော့ ဖြစ်တည်လာပုံလေးပေါ့

ဒီလိုနဲ့ နှစ်နှစ်ကြာပြီးနောက်မှာတော့ ဂျီယို နဲ့ ကာလီ ပြန်ဆုံခဲ့ပါတယ်…

ဂျီယို ဟာ သူဘာလို့ သစ္စာဖောက်ခဲ့တာလဲ

ဘာလို့ လဲ ဆိုတဲ့ အကြောင်းပြချက်ကို ကာလီကို ရှင်းပြချင်ခဲ့ပါတယ်…

ဒီလိုနဲ့ ကာလီကို ပြန်ရဖို့ ကြိုးစားပါတော့တယ်…

ပရိတ်သတ်အတွက် သတင်းကောင်းရှိပါတယ်…

ဒါကတော့ ဒီဇာတ်လမ်းထဲမှာ ခုတလော ရေပန်းစားနေတဲ့ ဖိလစ်ပိုင်စုံတွဲ ပါတယ်…

ပြီးရင် 2NE1 ထဲက အဖွဲ့ဝင် တစ်ယောက်ပါတယ်..

ဧည့်သည်အနေနဲ့ပါ..ပါတယ်ဆိုလို့ အကြာကြီး ပါတယ် မထင်နဲ့ ဦး…မြင်တဲ့လူကတော့ အကောင်ပါ ?

မင်းသားရော မင်းသမီးရော အရမ်းချောတော့ ကြည့်ရတဲ့သူတောင် စိတ်တွေခုန်တဲ့ ဇာတ်လမ်းလေးပါ ?

လုံးဝအရိုပါ ကိုးရီးယားမှာ ရိုက်ထားတဲ့ scene လဲ ပါတယ်နော့ ရှူစားကြပါဦး CM ပရိတ်သတ်တို့

(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်က May Haruko ပါ)

 

FileSize : (850 MB) and (500 MB)
Quality : 720p Webrip
Running Time : 2hr 00minutes
Format : Mp4
Genre : Drama,Romance
Subtitle : Myanmar Subtitle (Hard Sub)
Translated by May Haruko
Encode by Thanhtike Zaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
My Ex and Whys
Director
Cathy Garcia-Molina
Stars
Ara Mina, Arlene Muhlach, Cai Cortez, Dominic Roque, Enrique Gil, Joey Marquez, Liza Soberano, Rhed Bustamante, Ryan Bang, Zaijian Jaranilla
Release Date
15 February 2017
Runtime
120 min
Country
Philippines
Popularity
0.327894
Status
Released
ID IMDb.com
tt6544850
IMDB Rating
5.8
IMDB votes
182
ID Themoviedb.org
441834
TMDb Rating
6.3
TMDb votes
4