Exit print mode Print Data A+ A- Undo all

My Neighbor Totoro (1988)

My Neighbor Totoro (1988)My Neighbor Totoro (1988)

Synopsis:

ဒီဇာတ်ကားလေးကို 1988 ခုနှစ်က ရိုက်ကူးခဲ့ပေမယ့်

Disney ကနေ 2006 မှာ english အသံထွက်နဲ့ ပြန်ထုတ်လွှင့်ပေးခဲ့ပါတယ်…

IMDb 8.2 နဲ့ rotten tomatoes 94% တောင်

ရရှိထားတဲ့ Rating မြင့်တဲ့ကားပါ..

တခြားနိုင်ငံမှာ Pooh ဇာတ်ကောင်လေးတွေ ခေတ်စားခဲ့သလို

Totoro ကလဲ ဂျပန်ကလေးငယ်တွေအပေါ်မှာ လွှမ်းမိုးနိုင်ခဲ့ပါတယ်…

မြန်မာမှာလဲ ခုချိန်ထိ totoro ကို ချစ်နေတဲ့လူကြီးငယ်တွေ

ရှိပါသေးတယ်ဗျ… ( ကျွန်တော်အပါအဝင်ပေါ့… )

ဇာတ်လမ်းလေးကတော့ ၁၉၅၈ ခုနှစ်မှာ

တက္ကသိုလ်ပါမောက္ခ Tatsuo Kusakabe နဲ့သူ့ရဲ့

သမီး ၂ ယောက်နဲ့ အတူ ရွာလေးတစ်ရွာမှာ ရှိတဲ့

အိမ်ဟောင်းတစ်လုံးစီကို ပြောင်းလာခဲ့ပါတယ်..

မိန်းမဖြစ်သူက နာတာရှည်ရောဂါ ခံစားနေရတာကြောင့်

မိန်းမဖြစ်သူတက်နေတဲ့ ဆေးရုံနဲ့နီးတဲ့ အိမ်လေးကို ရွေးချယ်ခဲ့တာပါ..

တောရွာတစ်ခုဖြစ်တဲ့အတိုင်း မမြင်ရတဲ့ ပရလောကယုံကြည်မှုတွေလဲ ရှိနေပါတယ်…

ပထမဆုံး တွေ့ကြုံခဲ့တာကတော့ susuwatari လို့ ခေါ်တဲ့

မည်းမည်းလုံးလုံး ကျပ်ခိုးကောင်လေးတွေပါပဲ..

လူမနေတဲ့ အိမ်ဟောင်းတစ်ခုမှာ အဲဒီကျပ်ခိုးကောင်လေးတွေ ရှိနေမှာ

အသေအချာဖြစ်ပြီး လူတွေရောက်လာတာနဲ့ နောက်ထပ်

အိမ်လွတ်တစ်လုံးရှာဖွေဖို့ လေနဲ့အတူ လိုက်ပါသွားကြတယ်လို့ ယုံကြည်ကြတယ်…

နောက်ထပ်တွေ့ရတာကတော့ အငယ်မလေး Mei ဥယျာဉ်ထဲ

ဆော့ကစားနေချိန်မှာပဲဖြစ်ပါတယ်..

ယုန်လေးလိုပဲ နားရွက်ရှည်ရှည်နဲ့ အကောင်လေး

တစ်ကောင်နောက်ကိုလိုက်ရင်းနဲ့ သစ်မြစ်ဆုံကြီးရဲ့

အခေါင်းပေါက်ကနေ လိမ့်ကျသွားပါတော့တယ်…

သူတွင်းထဲ ကျသွားပြီး အကောင်ကြီးကြီး

အမွေးပွပွနဲ့ ချစ်စရာကောင်းတဲ့ မီးခိုးရောင်

သတ္တဝါတစ်ကောင်ကို တွေ့သွားခဲ့ပါတယ်..

အဲဒီအကောင်ရဲ့ ဟိန်းသံကနေ Totoro လို့

အသံထွက်တာကြောင့် Totoro လို့ နာမည်ပေးလိုက်ပါတော့တယ်..

နောက်တစ်ကြိမ် အကြီးမလေး Satsuki နဲ့ မထင်မှတ်ဘဲ ဆုံဆည်းပြန်ပါတယ်..

မိုးရွာထဲ အဖေပြန်လာမယ့်လမ်းက စောင့်နေတဲ့ Satsuki

ဘေးမှာ ရယ်စရာကောင်းအောင် သစ်ရွက်ဖတ်လေးကို

ခေါင်းပေါ်တင်ထားတဲ့ totoro…

သစ်ရွက်ပေါ်ကနေ မိုးရေစက်တွေက

သူ့နှုတ်သီးပေါ် တတုံတုံနဲ့ ကျနေတဲ့ Totoro….

ဒီကလေးမလေးနှစ်ယောက်နဲ့ Totoro တို့ ဘာတွေ

ဘယ်လိုဆက်ဖြစ်လာကြဦးမလဲ..

ဘာကြောင့် rating မြင့်ပြီး ကြည့်ဖူးတဲ့ ကလေးတွေအပေါ်

နှစ်ပေါင်းများစွာ လွှမ်းမိုးနိုင်ခဲ့သလဲဆိုတာကိုတော့

ကိုယ်တိုင်ကြည့်မှပဲ သိပါလိမ့်မယ်ဗျ…

ဒီဇာတ်ကားက Totoro ကို ပုံဖော်ထားတဲ့နေရာမှာ

လှလှပပ မဖြစ်ပေမယ့် ချစ်စရာကောင်းပြီး

နူးညံ့သိမ်မွေ့တဲ့ပုံစံဖြစ်စေတဲ့အတွက် ဂျပန်တွေရဲ့

ရိုးရာအစွဲအလမ်းနဲ့ နာမ်လောကအစောင့်အရှောက်တွေ

အကြောင်းကို သမမျှတစွာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်..

အကြီးမလေး Satsuki ရဲ့ သည်းခံနိုင်စွမ်းအားနဲ့

အမြဲအကောင်းမြင်စိတ်ထားပြီး ပျော်ရွှင်တက်ကြွနေပုံကလဲ

အဆင်မပြေတာတစ်ခုရှိရုံနဲ့ ဂျီတိုက်တတ်တဲ့ ကလေးတွေအတွက်

အတုယူစရာကောင်းပါတယ်..

Mei ကတော့ အင်မတန်မှ စူးစမ်းချင်စိတ်

အပြည့်အဝရှိပြီး လဲကျရင်တောင်

မငိုမိအောင် ထိန်းချုပ်တတ်တဲ့ အသက် ၄ နှစ်အရွယ်

ကလေးလေးတစ်ယောက်ရဲ့ ရင့်ကျက်မှုကို မြင်ရမှာဖြစ်ပါတယ်..

မိသားစုလိုက်ကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပြီး ကလေးလေးတွေအတွက်

တစ်သက်တာအမှတ်ရသွားစေမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။

(မြန်မာစာတန်းထိုးကို ညီသံလွင် မှကိုယ်တိုင်ဘာသာပြန်ခဲ့တာဖြစ်ပြီး

အညွှန်းကိုတော့ Su Myat Htike နဲ့ ညီသံလွင် တို့မှခံစားပေးထားတာပါ။)

 

File Size – 1.2 GB

Quality – BluRay 1080p

Subtitle – Burmese (Hardsub)

Translator – Nyi Than Lwin

Encoder – Thit San Khant



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Tonari no Totoro
Director
Hayao Miyazaki, Tetsuya Endo
Stars
Chika Sakamoto, Hitoshi Takagi, Masashi Hirose, Noriko Hidaka, Shigeru Chiba, Shigesato Itoi, Sumi Shimamoto, Tanie Kitabayashi, Toshiyuki Amagasa, Yûko Maruyama
Release Date
13 July 1990 (USA)
Rated
G
Runtime
1h 26min
Awards
5 wins & 2 nominations
Country
Japan
Budget
USD $3 700 000,00
Revenue
USD $45 000 000,00
Popularity
37.004
Status
Released
ID IMDb.com
tt0096283
IMDB Rating
8.2
IMDB votes
269,503
ID Themoviedb.org
8392
TMDb Rating
8.1
TMDb votes
4476