Exit print mode Print Data A+ A- Undo all

My Paparotti (2013)

Sing out loud a lifetime aria.
My Paparotti (2013)My Paparotti (2013)

Synopsis:

My Paparotti (2013)

ဒီကိုရီးယားရုပ်ရှင်ကိုတော့ Time to Huntတို့ Architecture 101 တို့လို ရုပ်ရှင်ကောင်းတွေနဲ့
Signal ,Taxi Driverဇာတ်လမ်းတွဲလို ဇာတ်လမ်းတွဲတွေရိုက်ခဲ့တဲ့ Lee Je-Hoon နဲ့
ရိုက်ထားသမျှ ရုပ်ရှင်၂၀လောက်အကုန်ကောင်းပြီး သရုပ်ဆောင်လည်းဂျွတ်တဲ့ Christmas in August တို့ Green Fish တို့ The Berlin Fileတို့မှာ သရုပ်ဆောင်ခဲ့တဲ့
Dr. Romantic , Tree With Deep Rootsတို့လို ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Han Suk-Kyuတို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ပါ။

Signalမင်းသားကြီး Cho Jin-Woongကလည်း အားဖြည့်ထားပါသေးတယ်။
Cho Jin-Woongနဲ့ Lee Je-Hoonတို့ Signalမတိုင်ခင် တွဲသရုပ်ဆောင်ခဲ့တဲ့ကားဆိုလည်း မမှားပါဘူး။
Strangers Againတို့ Doctor Strangerတို့ထဲက ဆက်စီကျတဲ့မမ Kang So-Raလည်းပါပါတယ်။

ဇာတ်လမ်းကတော့ တောဘက်က အနုပညာကျောင်းတစ်ကျောင်းမှာ စာသင်တဲ့ ဂီတဆရာနဲ့
အီတလီသား operatic tenorတစ်ယောက်ဖြစ်တဲ့ Paparottiကို အားကျပြီး
သူ့လိုဖြစ်ချင်တဲ့ လူမိုက်ဂိုဏ်းဝင်လူငယ်လေးတစ်ယောက်တို့ ဆရာတပည့်တွေဖြစ်လာရာကနေ စထားပါတယ်။

ဂီတကိုလည်းချစ် မိဘတွေရော အဘွားရော မရှိတော့တဲ့နောက် ဝင်ထားတဲ့ လူမိုက်ဂိုဏ်းကလည်း ထွက်မရနေတဲ့ လူငယ်လေးတစ်ယောက်
ကျောင်းမှာဂျစ်ကန်ကန်လုပ်နေရင်းက တကယ့် tenorတစ်ယောက်ဖြစ်လာဖို့ ကြိုးစားချင်စိတ်ပေါ်လာပုံတွေ။
ဆရာက သူ့တပည့်ကို ဘဝမှာရော ဂီတမှာရော လမ်းမှန်အောင်ပို့ပေးခဲ့ပုံတွေကို ရိုက်ပြထားပါတယ်။
ဖြစ်ရပ်မှန်ကို အခြေခံထားတယ်လို့တော့ ပြောပါတယ်။ ဂီတအကြောင်းရော လူမိုက်ဂိုဏ်းအကြောင်းရော ရောသမမွှေထားတာမို့ ရသစုံနဲ့ကြည့်ရမယ့်ရုပ်ရှင်ပါပဲ။

ဒီရုပ်ရှင်ဟာ27th Fukuoka Asian Film Festivalမှာ Grand Prize ရခဲ့ပြီး
10th Jecheon International Music & Film Festival မှာတော့
Lee Je-Hoonက Best Actor in a Music Filmဆုကို ဒီရုပ်ရှင်နဲ့ပဲရရှိခဲ့ပါတယ်။

အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။

Genre….. Music, Drama
Quality…. 1080p | 720p
File size… 1.7GB | 837MB
Format… mp4
Duration…. 2h 7min
Subtitle…. Myanmar Subtitle (Hardsub)
Translator ….. WiRa Aung
Encoder ….. Aaron



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
파파로티
Release Date
14 March 2013
Runtime
2h 7min
Awards
2 Wins
Country
South Korea
Popularity
4.385
Status
Released
ID IMDb.com
189081
IMDB Rating
7.1
IMDB votes
556
ID Themoviedb.org
189081
TMDb Rating
7.6
TMDb votes
23