Exit print mode Print Data A+ A- Undo all

My Pet Dinosaur (2017)

Making friends is easy, keeping them is impossible...
My Pet Dinosaur (2017)My Pet Dinosaur (2017)

Synopsis:

 

2017 ထွက် မိသားစုနဲ့ အတူတူကြည့်ဖို့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ် CM က တင်ဆက်ပေးလိုက်ပါတယ်။

အိမ်မွေးတိရိစ္ဆာန်လေးတွေ မွေးဖူးကြလား။

လူတော်တော်များများကတော့ တိရိစ္ဆာန်လေးတွေကို ချစ်တတ်ကြပါတယ်။

တစ်ချို့ ကြောင်လေးတွေ မွေးကြတယ်။

တစ်ချို့က ခွေးလေးတွေပေါ့။ 

တစ်ချို့ ပိုက်ဆံချမ်းသာတဲ့ ဒူဘိုင်းမှာဆို ကျားတွေခြသေ့င်္တွေတောင် အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးကြတယ်လို့ ကြားဖူးပါတယ်။

ဘာပဲပြောပြော အိမ်မွေးတိရိစ္ဆာန်တွေ အရမ်းကိုချစ်စရာကောင်းပြီး သူတို့ရှိနေတာ အပျင်းပြေပြီး စိတ်ကြည်နူးစရာကောင်းသလို သူတိုရဲ့ ဆော့တဲ့ဒဏ် ဖွတဲ့ဒဏ် ကုတ်ခြစ်တဲ့ဒဏ် အစရှိသဖြင့် မရိုးနိုင်အောင် မွေးဖူးသူတိုင်း ခံစားကြရပါတယ်။

အခု ဒီကားထဲမှာ ဒိုင်နိုဆောလေးကို အိမ်မွေးတိရိစ္ဆာန်လို မွေးထားတယ်။ ဘယ်လိုများ ရပါလိမ့်နော်။

          မြို့ငယ်လေးတစ်မြို့မှာ စစ်တပ်က ဇီဝမျိုးစိတ်ကွဲတွေကို တောထဲမှာ  လျှို့ဝှက်သုတေသနလုပ်နေကြတယ်။

 ဒါပေမယ့် သူတို့ဒါကို အောင်မြင်အောင်မလုပ်နိုင်ကြသေးဘူး။

သူတို့မှာ သုသေတနအတွက် ဒရုန်းယာဉ်ငယ်လေးတွေပြီး မြို့ပေါ်ကိုဖြတ်သန်းမောင်းနှင်  တတ်ကြတယ်။

မြို့ထဲကလူတွေကတော့ ဒီဒရုန်းကို UFO အာကာသယာဉ်လိုပြောနေကြပြီး ကောလာဟာလတွေအမျိုးမျိုးနဲ့ပေါ့။

တစ်နေ့ ကျောင်းသားလေးတွေက သူတို့သိပ္ပံပရောဂျက်အတွက်ဒီတောနက်ထဲကို လာရောက်စုံစမ်းရှာဖွေကြရင်း သုတေသနလုပ်ထားတဲ့ ဇီဝမျိုးကွဲစိတ်တွေရဲ့ အချွဲအကျိလိုမျိုးလေးကို ယူလာပြီး စမ်းသပ်ကြည့်ကြတယ်။

ဒီလိုလုပ်ရင်း မတော်တဆနဲ့ ဒိုင်နိုဆောလို အကောင်သေးသေးလေးတစ်ကောင်ကို ဂျိတ်ဆိုတဲ့ ကောင်လေးက ဖန်တီးလိုက်သလိုဖြစ်သွားတယ်။

ဒီလိုနဲ့ သူ့ဆီမှာ အိမ်မွေးတိရစ္ဆာန်လေး ထူးထူးဆန်းဆန်း သတ္တ၀ါလေးရလာပါတော့တယ်။

ဒီအကောင်က အရမ်းကို တစ်နေ့တစ်ခြား ကြီးထွားမှုနှုန်း အရမ်းမြန်လာပါတယ်။

ဂျိတ်ရဲ့ပြောစကားကိုလည်း နားလည်ပြီး နားထောင်တတ်ပါတယ်။

 

          -ဒီဒိုင်နိုဆော အကောင်လေးနဲ့ ဂျိတ် ဘယ်လိုနှစ်ပါးသွားကြမလဲ

          -ဒီနိုင်နိုဆောလေး ကြီးလာရင်ရော စိတ်ရိုင်းဝင်သွားမှာလား ဘယ်လိုဆက်ဖြစ်ကြမလဲ

          -စစ်တပ်ကရော ဒိုင်နိုဆောလေးရှိနေတာကို သိသွားရင် ဘယ်လိုဆက်ဖြစ်ကြမှာလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုခံစားကြည့်လိုက်ပါ။

 

(ဘာသာပြန်သူကတော့ Little Twinlay ပါ)

 

File Size : (763 MB) and (280 MB)
Quality : 720pwebdl
Running Time : 1hr 28min
Format : Mp4
Genre : Action, Adventure, Family
Subtitle : Myanmar Subtitle (Hard Sub)
Translated by Little Twinlay
Encode by Moe Myint Lwin



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
My Pet Dinosaur
Director
Matt Drummond
Stars
Annabel Wolf, David Roberts, Joanne Samuel, Sam Winspear-Schillings, Tiriel Mora
Release Date
22 April 2017
Runtime
98 min
Country
Australia
Popularity
1.682205
Status
Released
ID IMDb.com
tt6055082
IMDB Rating
4.4
IMDB votes
191
ID Themoviedb.org
449700
TMDb Rating
8
TMDb votes
1