Channel Myanmar

Nakee 2 (2018)

Nakee 2    

N/A 93 min FantasyRomance

6.1
IMDB: 6.1/10 226 votes

, , , ,

N/A

Thailand

898271

Report error

၂၀၁၆ခုနှစ်မှာ နာခီ ၁ကို ပြသခဲ့ပြီး rating အရမ်းကောင်းပြီး

နာမည်ကြီးခဲ့တယ် ၂၀၁၈ oct မှာတော့ နာခီ၂ကို movie အနေနဲ့ ရုံတင်ခဲ့ပြီး

တနှစ်ပြည့်ခါနီးဆဲဆဲမှာတော့ video file ထွက်လာခဲ့တယ် မဲခေါင်မြစ်က

ဘိုးဘိုးနဂါး စရီဆူထို တရားထိုင်နေတုန်း နာခီမယ်တော်က

လူ့ကမ္ဘာကို ခိုးတက်ပြီး ရေကစားလေ့ရှိတယ်

တစ်ရက်ကျ ရေကစားရင်း ဂဠုန်တစ်ကောင် ဝင်သုတ်တာခံရတာကို

တိုင်းပြည်ငယ်တခုက စစ်သူကြီး ရှိုင်ရဆင်က

ကယ်တင်ခဲ့ရာက ချစ်ကျွမ်းဝင်သွားခဲ့တယ်

စစ်သူကြီးတို့ထုံးစံအရ တိုင်းပြည်ကြီးတခုနဲ့ စစ်ဖြစ်ရင်း

ရှိုင်ရဆင်ကျရှုံးသွားချိန်မှာတော့ နာခီဟာ

စစ်နိုင်သွားခဲ့တဲ့တိုင်းပြည်တခုလုံးကို ရေလွှမ်းသတ်ခဲ့ပါတယ်

အဲ့ဒီမကောင်းမှုကြောင့် ဘိုးဘိုးစရီဆူထိုရဲ့ နှစ်တထောင်

အပြစ်ပေးမှုကို ခံခဲ့ရပြီး နာခီမယ်တော်ကို

ကိုးကွယ်တဲ့ ဒုန်မမ်ပရွာလေးထဲက

ခမ်ပွန်ဆိုတဲ့ မိန်းမကြီးတဦးရဲ့သမီးဖြစ်သူ ခမ်းကျောက်ကိုယ်ထဲ

သူ့စိတ်ဝိဉာဏ်ဝင်နေခဲ့တယ် စစ်သူကြီးရှိုင်ရဆင်ကလည်း

သုတေသနကျောင်းသား ထွတ်စဖွန်အဖြစ်

ဒုန်မမ်ပရွာလေးဆီပြန်ရောက်လာခဲ့ပြီး

အချစ်ဇာတ်လမ်းပြန်လည်ဖြစ်တည်လာခဲ့တယ်

ဒါပေမယ့် ခမ်းကျောက်ကို သာမန်မြွေမကောင်းဆိုးဝါးအမှတ်နဲ့

တစ်ရွာလုံးက ဒုက္ခပေး အမေဖြစ်သူ ခမ်ပွန်ကိုပါ သတ်လိုက်ကြပြီး

ထွတ်စဖွန်ကိုပါသတ်မယ်လုပ်ကြရာကနေ

နာခီမယ်တော် ဒေါသပုန်ထခဲ့ပြီး ရွာသားတွေကို ထပ်သတ်ခဲ့ပါတော့တယ်

ဒီအပြစ်တွေအတွက် ဘိုးဘိုးစရီဆူထိုက ထပ်အပြစ်ပေးခဲ့ပြီး

ထွတ်စဖွန်ကတော့ ဘုန်းကြီးဝတ်သွားခဲ့ပါတော့တယ်

ခုနာခီ ၂ ဖြစ်တည်လာရတဲ့အကြောင်းကတော့

နာခီ ၁မှာ ခမ်းကျောက်ကို မနာလိုဖြစ်နေပြီး ထွတ်စဖွန်ကို

တဖတ်သတ်သဘောကျနေတဲ့ လမ်းကျစ်ဆိုတဲ့မိန်းကလေး

ကျိန်ဆိုခဲ့တဲ့ဆုတောင်းစကားတခုကြောင့်ပါ

နာခီမယ်တော် အပြစ်ပေးခံရပြီးနောက်

ထိုင်လန်အရှေ့မြောက်အရပ်မှာရှိတဲ့ ဒုန်မမ်ပဆိုတဲ့

ရွာလေးမှာ ခမ်းကျောက်လိုမျိုး မယ်တော့်အပေါ်

ယုံကြည်သက်ဝင်တဲ့ ဆွယ့်ဆိုတဲ့ကောင်မလေး ရှိနေခဲ့တယ်

သူမက ကလေးဘဝကတည်းက

နာခီမယ်တော်ဘုရားကျောင်းမှာ ပန်းရောင်းနေခဲ့ပြီး

မယ်တော့်ကျောက်ရုပ်ထုကို အဓိကဂရုစိုက်ပေးခဲ့သူပေါ့

ဒါကြောင့် ဆွယ့်နဲ့ မယ်တော်ကြား

ခိုင်မာတဲ့ကြိုးတခုရှိနေသလို ခံစားနေခဲ့မိတယ်

တနေ့မှာ ရဲအရာရှိ ပေါင့်ပရပ်တစ်ယောက်

အထက်အမိန့်အရ ဒုန်မမ်ပရဲစခန်းကို ပြောင်းလာရပြီးမှာတော့

ဖြေရှင်းရခက်တဲ့ဆန်းကြယ်တဲ့အမှုတွေ ပေါ်ပေါက်လာတော့တယ်

တရွာလုံးကတော့ နာခီမယ်တော် ဒေါသပုန်ထပြီး

အရင်လိုထပ်ဖြစ်တော့မယ်လို့ ယုံကြည်နေခဲ့တယ်

သဘာဝလွန်ဖြစ်ရပ်တွေကို အယုံအကြည်မရှိတဲ့

ပေါင့်ပရပ်တစ်ယောက် ဒီအမှုတွေရဲ့ဖြစ်ရပ်မှန်ကို ရှာတွေ့နိုင်ပါ့မလား

ရုပ်ရှင်ကားကို Kyi Nue Zin နဲ့ Nang Mwe Kham တို့က

ဘာသာပြန်ပေးထားပြီး သစ်ဆန်းခန့် မှ Encode ပေးထားပါတယ်



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။

Nakee 2 (2018)
Nakee 2 (2018)
Nakee 2 (2018)


No downloads available

Genres



Related movies