Exit print mode Print Data A+ A- Undo all

Neverland

Journey Back To Where It All Began.
NeverlandNeverland

Synopsis:

ဒီညအတွက်အကောင်းဆုံးကားလေးတစ်ကားဖြစ်တဲ့ 
NeverLand Mini Series လေးကိုတင်ဆက်ပေးပါမယ်…

နာမည်ကိုကြည့်လိုက်ကတည်းကအားလုံးလည်းအံ့သြသွားကြမှာပါ….

ဟုတ်ပါတယ်…ဒီကားက အပိုင်း ၂ ပိုင်းနဲ့ခွဲပြီးထွက်ထားတဲ့ Mini Series လေးပါ…

ဒါပေမယ့် အခုတင်ပေးတာကတော့ အဲ ၂ပိုင်းလုံးကိုပေါင်းပြီးတစ်ကားတည်းဖြစ်အောင်လုပ်ထားတဲ

Mini Series ပါ….အပြီးထိပါပါတယ်..

ဒါကြောင့်မို့လို့ကားရဲ့ကြာချိန်ဟာလည်း ၃ နာရီနီးပါးရှိပါတယ်…

ဒီကားလေးအကြောင်းမပြောခင် Disney ကရိုက်ကူးခဲ့တဲ့ Peter Pan နဲ့ ကပ္ပတိန်ဟွတ်ဆိုတဲ့

Animantion ကားလေးတွေကိုတော့ အားလုံးလည်းသိကြမှာပါ…

နာရီမြိုထားတဲ့ မိကျောင်းကိုကြောက်တဲ့ ပင်လယ်ဓားပြကြီးဟွတ်နဲ့ Neverland ဆိုတဲ့ ကျွန်းလေးကို

ကာကွယ်ပေးနေတဲ့ လူပျံလေး ပီတာပန်တို့အကြောင်းတွေကိုရိုက်ကူးထားခဲ့တာပါ….

နောက်ပြီး တင်ကာဘဲလ် ဆိုတဲ့နတ်သမီးလေးအကြောင်းလည်းတွေ့ခဲ့ရမှာပါ….

ဒီ Animation ကားလေးတွေဟာ အောင်မြင်ခဲ့ပြီးတော့

Tinkerbell ဆိုတဲ့ Animation ကားလေး

တစ်ကားလည်းသက်သက်ထွက်ရှိခဲ့ပါတယ်….

Peter Pan ဟာ ကျွန်တော်တို့ငယ်စဉ်ကအကြိုက်ဆုံးဇာတ်ကောင်တစ်ခုဖြစ်ခဲ့သလို

ကပ္ပတိန်ဟွတ်ဆိုတာကလည်း

အကောင်းဆုံးနဲ့အရယ်ရဆုံးဗီလိန်ကြီးတစ်ယောက်ဖြစ်ခဲ့ပါတယ်…

ကဲဒါဆို ဒီဇာတ်ကားလေးအကြောင်းကိုပြောလိုက်ရအောင်….

ဒီဇာတ်ကားလေးဟာ ခုနကပြောခဲ့တဲ့ Animation ကားလေးတွေရဲ့

ပထမဆုံးဥလျောင်ကားဖြစ်ပါတယ်…

ပီတာပန် ဘာလို့ပျံနိုင်လဲ…

ကပ္ပတိန်ဟွတ် ဘာလို့လက်တဖတ်မရှိတာလဲ….

မိကျောင်းထဲကိုနာရီကဘယ်လိုရောက်သွားတာလဲ…

အားလုံးမသိကြပါဘူး…

ဘာလို့လဲဆိုတော့ Animation ကားလေးတွေက

ဘယ်ကဘယ်လိုဖြစ်လဲမရိုက်ပြတော့ပဲ

သာမာန်ဖြစ်နေကျအတိုင်းပဲရိုက်ပြထားခဲ့လို့ပါ……

ဒါကြောင့် အကုန်လုံးကိုအစဆုံးသိချင်ရင်တော့

ဒီ အစအဆုံးပါတဲ့ Mini Series လေးကသင်တို့အတွက်

စိတ်ကျေနပ်မှု့ကိုလုံးဝရရှိစေမှာပါ….

ဒီဇာတ်ကားလေးထဲမှာပါတဲ့ ရှု့ခင်းတွေကသာယာကြည်နူးဖွယ်ကောင်းတဲ့အပြင်

Animation ထဲမှာပါတဲ့လူရိုင်းကျေးရွာကလူရိုင်းလေးတွေရယ် တိုက်ဂါးလီလီဆိုတဲ့ ခေါင်းဆောင်သမီးလေးရယ်

ပင်လယ်ဓားပြတွေရယ် ပီတာပန့်အနားမှာအမြဲလိုလိုရှိနေတဲ့ တင်ကာဘဲလ်ဆိုတဲ့ နတ်သမီးလေးနဲ့

စုံစုံလင်လင်လှလှပပရိုက်ကူးထားတဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ်…

ဒါကြောင့် ညဘက်မှာကော်ဖီလေးတစ်ခွက်နဲ့ အချိန်ကြာကြာလေး

နေရာအသစ်အဆန်းတွေကိုခေါ်ဆောင်သွားမယ့်

ကားကောင်းလေးတစ်ကားကိုကြည့်ချင်ရင်တော့

ဒီ NeverLand ဆိုတဲ့ ကားလေးကိုကြည့်ဖို့ညွှန်းလိုက်ပါရစေ….

Quality…..BluRay 720p

Duration…..03:00:00

Format…Mp4

File Size…(1.2GB , 594 MB)

Translator…..May Thazin Myint

Encoder…..Moe Myint Lwin

  ဒီအောက်မှာပေးထားတာကတော့ Return To Neverland ဆိုတဲ့ Animation ကားလေးရဲ့ Link ပါ

Return To Neverland



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Nick Willing
Stars
Anna Friel, Bob Hoskins, Cas Anvar, Charles Dance, Charlie Rowe, James Ainsworth, Keira Knightley, Q'orianka Kilcher, Raoul Max Trujillo, Rhys Ifans
Release Date
4 December 2011
Runtime
180 min
Awards
3 nominations
Country
UK
Popularity
8.742997
Status
Released
ID IMDb.com
tt1720619
IMDB Rating
6.5
IMDB votes
9,065
ID Themoviedb.org
106938
TMDb Rating
6
TMDb votes
93