Channel Myanmar

Movie Request

March 4, 2019

ရုပ်ရှင်ဇာတ်ကားတောင်းလို့ရပါပြီ။ ဒါပေမယ့် တင်ပြီးသားဇာတ်ကားတွေ၊ တောင်းပြီးသားဇာတ်ကားတွေထပ်တလဲလဲတောင်းနေတာမျိုး မရှိရအောင် ပရိသတ်တွေဖက်က ကိုယ်တောင်းမယ့်ဇာတ်ကားကို အားလေးနည်းနည်းစိုက်ပြီး အချက်အလက်စုံစုံလေးတင်ပြီး တောင်းစေချင်ပါတယ်။

ရုပ်ရှင်ဇာတ်ကားတောင်းရန် သတ်မှတ်ချက်များ
============================

(၁) ဇာတ်ကားနာမည်အတိအကျဖြင့်တောင်းပါ။ ကိုယ်တောင်းမယ့်ဇာတ်ကားရဲ့ IMDB Link ကိုရေးပေးပါ။Facebook, Youtube စသည့် Link များမရပါ။

(၂) ဇာတ်ကားမတောင်းခင် တင်ထားပြီးသားဇာတ်ကားဟုတ်မဟုတ် အရင်ရှာပါ။ မရှိမှတောင်းပါ။

(၃) တောင်းမယ့်ဇာတ်ကားက ရုပ်သံကြည်လင်တဲ့ HD Copy ရှိမရှိ သိအောင်လုပ်ပါ။Blu-Ray site or Amazon Prime Video)

(၄) HD Copy ကောင်းကောင်းမရှိတဲ့ ဇာတ်လမ်းနှင့် ဇာတ်လမ်းတွဲများ မတောင်းပါနဲ့။

(၅) Facebook Chat Box နဲ့ Page Comment တွေမှာ တောင်းတာတွေကို တင်ပေးမည်မဟုတ်ပါ။

(၆) ကိုယ်တောင်းတဲ့ဇာတ်ကားကို ဘာအတွက်ကြောင့်တင်ပေးသင့်သလဲဆိုတာလေးပါ ထည့်ရေးပေးပါ။

(၇) နာမည်ကြီး လူကြိုက်များပြီး မထွက်သေးတဲ့ဇာတ်ကားများကို မတောင်းပါနဲ့။ အဲ့ဒီလိုဇာတ်ကားမျိုးတွေကို မတောင်းလဲ တင်ပေးမှာဖြစ်ပါတယ်။ (ဇာတ်ကားအသစ်တွေ မတင်ဖြစ်သေးဘူးဆိုရင် အကြောင်းရင်းရှိပါတယ်
ဥပမာ – Bluray Copy မထွက်သေးတာ၊ ရုပ်မကြည်သေးတာ၊ အသံမမှန်သေးတာ၊စာဖိုင်မထွက်သေးတာတို့ကြောင့်ဖြစ်ပါတယ်)

(၈) စိတ်ရှည်ရှည်ထားပေးပါ။ အချို့တောင်းဆိုထားတဲ့ဇာတ်ကားတွေက (၁)ပါတ် ကနေ (၁)လအထိကြာနိုင်ပါတယ်။အဲ့ဒီထက်လဲ မြန်ချင်မြန်နိုင်ပါတယ်။ ဇာတ်ကားအနေအထား၊ စာဖိုင်အနေအထားပေါ်မူတည်ပါတယ်။

(၉) တတ်နိုင်သမျှအကောင်းဆုံးဖြစ်အောင် တင်ပေးသွားပါမယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးရှိလာနိုင်တာကြောင့်တောင်းဆိုသမျှဇာတ်ကားအားလုံး တင်ပေးမယ်လို့တော့ (၁၀၀)ရာခိုင်နှုန်း အာမ မခံနိုင်ပါဘူး ခင်ဗျာ။

Example of good request ((which most likely I will upload it after)
=================
* Lord of the Ring Trilogy တင်ပေးပါလား။ တခြား Trilogy အတော်များများတင်ထားတာကိုတွေ့ပါတယ်။ဒီ Trilogy ကိုပါတင်လိုက်ရင် ပိုပြီးပြည့်စုံသွားတာပေါ့။”

* “Lion King (1994) တင်ပေးလို့ရမလား? ကလေးဘ၀ကတည်းက အသဲစွဲဖြစ်ခဲ့ရတဲ့ကားလေးဖြစ်သလို အခုချိန်ထိလဲ လူကြိုက်များနေတုန်းပါပဲ။ အော်စကာဆုလဲ (၂)ခုတောင်ရထားတဲ့ ကာတွန်းကားလေးဖြစ်တာကြောင့်
တင်ပေးစေချင်ပါတယ်”

* “Dark Season 1 Netflix မှာ ထွက်နေပါပြီ။ ဂျာမဏီစီးရီးဖြစ်ပေမယ့် ဇာတ်လမ်းက အတော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။ IMDB rating 8.6/10 ရထားတဲ့စီးရီးဖြစ်တာကြောင့် တင်ပေးစေချင်ပါတယ်”

Example of bad request (which will automatically rejected)
================
* “Big Hero 6 ကြည့်ပြီးပါပြီ 1 to 5 လေးပြန်ကြည့်ချင်လို့ တင်ပေးပါ” <—- လုံးဝမရှိတဲ့ဇာတ်ကားဖြစ်လို့ မတင်ပေးပါ

* ” Tom Hanks ကားလေးတွေများများတင်ပေးပါ” <—- ကျေးဇူးပြုပြီး အားလေးနည်းနည်းစိုက်ပါ။ ဘာကားတင်ပေးစေချင်တာ၊ ဘာ့ကြောင့်တင်ပေးစေချင်တာလေး ထည့်ရေးပေးပါ။

* “တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားချတဲ့ကားတင်ပေးပါ” <— movie info တစ်ခုမှမပါတဲ့အတွက် မတင်ပေးပါ



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။