Channel Myanmar

Night Raiders (2021)

ActionSci-FiThriller

5.4
IMDB: 5.4/10 votes

423467

Report error

ဒီရုပ်ရှင်ဟာ Genreများပါတယ်၊ အနာဂတ်စစ်ပြီး​​ခေတ်

Post-apocalypticကာလမှာ အ​ခြေခံထားတဲ့ Sci-drama အမျိုးအစားပါ၊

ဒါ​ပေမဲ့ ကိုးကွယ်ယုံကြည်မှုနဲ့ အယူဝါဒ ဆိုင်ရာ၊ လူမျိုး​ရေးဝါဒ၊

အရင်းရှင်နဲ့ မျက်နှာမွဲ​ ကျောခင်း ဘဝ​တွေစသဖြင့် ရှု​ထောင့်တိုင်း

မလွတ်​စေရ​အောင် ဒါရိုက်တာမှ အစွမ်းပြထားပါတယ်၊

ဒါ့အပြင် ရှိတာနဲ့ လှ​​အောင်ဆင်ထားတဲ့ ရိုက်ကွင်းsettingနဲ့

soundtracks ​တွေ​က post apocalyptic ဆိုတဲ့အရသာကို ပို​ပေါ်​လွင်​စေပါတယ်

စစ်ပြီး​​ခေတ်ကာလ 2039ခုနှစ်မှာ Emerson stateလို့ ​​ခေါ်တဲ့

အရင်းရှင်ပြည်နယ်တစ်ခုဟာ အင်အားနည်းတဲ့ လူမျိုးစု​တွေအ​ပေါ်

ဓနအင်အား​ရော၊ စစ်​ရေးအင်အားနဲ့ပါ ဖိနှိပ်ထားပါတယ်၊

ဖိနှိပ်တဲ့ပုံစံက အင်အားနည်းလူမျိုးစုနဲ့ ပြည်သူ​တွေထဲက

အသက်မပြည့်​သေးသူ က​လေး​တွေကို နိုင်ငံ​တော်ပိုင်အ​နေနဲ့ ​ခေါ်​ဆောင်ပြီး

ပညာသင်ကြား​စေခြင်း ဆိုတဲ့ အ​ယောင်ပြပုံစံပဲဖြစ်ပါတယ်၊

ကိုယ့်ရင်​သွေးကို မ​စေလွှတ်တဲ့မိဘ​တွေကိုလည်း

နိုင်ငံ​တော် ပုန်ကန်မှုနဲ့ ဖမ်းဆီး​ထောင်ချတဲ့အထိ

တရားမဲ့စွာ အုပ်ချုပ်​​နေတာပါ၊ ဒီလို မတရားမှုဟာ တစ်​နေ့မှာ

Niskaနဲ့ သူမရဲ့ သမီးဖြစ်သူWarseseတို့ဆီ တည့်တည့်​ရောက်လာပါတယ်၊

သမီးကို Emersonပြည်နယ်ထဲ ပို့လိုက်ရတဲ့ Niskaလည်း

သမီးကိုပြန်လည်ကယ်တင်ဖို့ ​ဒေသခံလူမျိုးစုတစ်စုနဲ့ ပူး​ပေါင်းရင်း

Emerson stateရဲ့အ​ယောင်ပြပညာ​​ရေးနဲ့ ​နောက်ကွယ်က

အကြံအစည်က ဘာ​တွေဖြစ်​နေမလဲ၊
အခက်အခဲ​ပေါင်းများစွာကြားက Niskaနဲ့ Warseseတို့ ပြန်ဆုံ​နိုင်မလားဆိုတာကို

စိတ်ဝင်စားစရာ တင်ဆက်မှုနဲ့ ရိုက်ကူးထားတဲ့ ခေတ်လွန် Sci- drama ကား​ကောင်း​ပဲ ဖြစ်ပါတယ်

File Size : (1.7 GB) & (900 Mb)
Quality : Webrip 1080p & 720p 5.1 CH
Running Time : 1:41:00
Format : mp4
Subtitle : Myanmar Subtitle (Hard Sub)|
Genre : Action, Sci-Fi, Thriller
Translated by Thaung Htike Zaw
Encoded by Mr.Anderson

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Night Raiders (2021)
Night Raiders (2021)
Night Raiders (2021)
Night Raiders (2021)
Night Raiders (2021)


No downloads available

Genres



Related movies