Channel Myanmar



Nil Battey Sannata    

100 min AsianBollywoodDramaFamily

8.5
IMDB: 8.5/10 3,206 votes

, , ,

2 wins

India

403095

Report error

IMDb….8.5,,,,,,Rotten….87%

အောက်ခြေလူတန်းစားအမျိုးအစားကိုယေဘုယျအနေနဲ့ ဆိုက္ကားသမား အငှားယာဉ်မောင်း
တောင်သူလယ်သမား အိမ်ဖော် လက်လုပ်လက်စားနေ့စားသမားများလို့ သတ်မှတ်ရမလား ကျွန်တော်လည်း
မကွဲပြားဘူး ဒါပေမဲ့ အိမ်ဖော်တစ်ယောက်ရဲ့သားသမီး လယ်သမားတစ်ယောက်ရဲ့သားသမီးတွေဟာ ဆရာဝန်
အင်ဂျင်နီယာ အောင်မြင်တဲ့စီပွားရေးလုပ်ငန်းရှင် စတဲ့ အနေအထားမျိုးတွေကိုကူးပြောင်းဖို့ဆိုတာတော့
ရုပ်ရှင်မဆန်လှဘူး….ဘာလို့ဆို သူတို့နေတဲ့အသိုင်းအ၀န်း မိဘရဲ့ထောက်ပံ့ပေးနိုင်မှု ခံယူချက်စတာတွေဟာ
အပေါ်ကကျွန်တော်ပြောခဲ့တဲ့အနေအထားတွေကို အကောင်အထည်ဖော်ဖို့ သီးခြားဆန်နေတယ်….ကြာပန်းဆိုတာ
ရွှံနွံတွေပေါ်မှာပေါက်တယ်တို့ ပတ္တမြားမှန်လျှင် နွံမနစ်ဘူးဆိုတဲ့ အဆိုတွေရှိပါတယ် ဒါပေမဲ့ ကျွန်တော်တို့ ပတ်ဝန်း
ကျင်မှာ ဒီလိုမျိုးဖြစ်ပျက်တာတွေက ၁ ကနေ ၁၀ အထိရေတွက်တတ်တဲ့ကလေးကိုရေခိုင်းရင်တောင် ရနိုင်ပါတယ်
ဒီအိန္ဒိယကားလေးထဲမှာ အိမ်အကူအမေတစ်ယောက်နဲ့ ၁၀တန်းကျောင်းတက်နေတဲ့ သူ့သမီးလေးအကြောင်း
ရိုက်ပြထားတာပါ……အမေက အိမ်အကူဖြစ်ပေမဲ့ သူ့သမီးလေးကို ၁၀တန်းအောင်မြင်ပြီး ပညာတတ် အမျိုးသမီး
လေးဖြစ်ချင်တယ် ဒါကြောင့် သူအမျိုးမျိုးကြိုးစားတယ် သမီးလေးရဲ့ခံယူချက်ကိုပြောင်းလဲဖို့ရယ် ငွေတွေရသလောက်ရှာဖို့ရယ်
သူဘယ်လောက်ကြိုးစား ကြိုးစား သမီးလေးရဲ့စိတ်ထဲမှာ ၁၀တန်းအောင်လည်း ကျောင်းထားဖို့ပိုက်ဆံမတတ်နိုင်တဲ့
အမေရဲ့အဖြစ် ၊ အိမ်အကူ သမီးက အိမ်အကူပဲဖြစ်မယ်ဆိုတဲ့ သမီးရဲ့ခံယူချက် ယုံကြည်ချက်ကို ရိုက်မချိုးနိုင်ခဲ့ဘူး
…….ဒါပေမဲ့သူလက်မလျှော့ဘူး. ကျွန်တော်ပြောတာတွေက ဒီကားကိုပေါ့ပျက်စေလို့ ဆက်မပြောတော့ဘူး
. ဒီကားက လူတိုင်းကြည့်သင့်တယ်လို့ကျွန်တော်ထင်တယ် ဇတ်လမ်းရဲ့ Tempo မြှင့်တင်ဖို့
Plot တစ်ချို့က လက်မခံချင်စရာဖြစ်ပေမဲ့ ခင်ဗျားတို့ရဲ့နှလုံးသားကိုဖမ်းစားနိုင်လိမ့်မယ်လို့ ကျွန်တော်ရဲရဲကြီးအာမခံတယ်…
ဒီကားကိုရွေးချယ်ဘာသာပြန်ပြီး လာပေးတဲ့ဘာသာပြန် Mie Mie ကိုအထူးပဲကျေးဇူးတင်လှပါတယ် ဒီလိုကားမျိုးလေး
ဘာသာပြန်ပြီး ကြည့်ခွင့်ပေးရင်း တစ်စုံတစ်ရာကိုဖမ်းဆုတ်မိစေတဲ့အတွက်ပါ……..
ခင်ဗျားတို့လည်း ဒီကားကြည့်ရင်း ဘယ်လိုရသတွေရမလဲဆိုတာ စူးစမ်းချင်ရင်တော့………

File Size…(822MB) and (324MB)
Quality…BluRay 720p
Format…mp4
Duration…01:40:00
Subtitle…Myanmar Subtitle(Hardsub)
Encoder…..Phyo Pyae
Translated by Mie Mie



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

https://www.youtube.com/watch?v=rGrhXaVyltc
Nil Battey Sannata(2015)


No downloads available

Genres



Related movies