Channel Myanmar

Nishabd (2007)

Nishabd    

NOT RATED 110 min BollywoodDrama

5.5
IMDB: 5.5/10 1,330 votes

, , , , ,

, , , , ,

N/A

India

571857

Report error

MDb rating : : 5.5

ဒီတစ်ခေါက်တော့. . .CM ပရိတ်သတ်ကြီးအတွက် အမီတာဘဂျမ်းရဲ့ ဒရမ်မာ ကားကောင်း​ကောင်း​လေး တစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါရစေ . . .

ဒီကားကအသက်ခြောက်ဆယ်အရွယ်လူအိုကြီးတစ်ယောက်နဲ့ အသက် ၁၈ နှစ်အရွယ် ကောင်မလေးတစ်ယောက်ကြားက ပက်သက်ဆက်နွယ်မှုကို လှလှပပနဲ့ ရိုက်ကူးပြထားတာပါ

Old But Gold ဇာတ်ကား တစ်ကားဖြစ်တာမို့ . . .ဇာတ်လမ်းအညွှန်းအစားဒီကားကြည့်ပြီး ခံစားမိတာလေးကို ရေးပေးလိုက်ပါရစေ. . .

တစ်ခါတစ်လေကျတော့ အချစ်ဆိုတာ ဆန်းကြယ်သားနော်. . .

အသက် အရွယ်တစ်ခုရလာတဲ့လူတစ်ယောက်က အပျော်တွေနောက်ကို(ဝါ) ပျော်ရွှင်မှုနောက်ကို မလိုက်နိုင်တော့ဘူး. . .

အနှောင်အဖွဲ့တွေ. . .နိစ္စဓူဝအလုပ်တွေ. . .ဗာဟီရတွေ. . .စားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်နေရတာတွေ ကြားမှာကိုယ့်ရဲ့ ပျိုမြစ်နုနယ်မှုတွေ ပေးဆပ်လိုက်ရတယ်ဆိုတာ သတိထားမိလာတဲ့ တစ်နေ့. . .

ဟိုးအရင်လို ကိုယ်ပြန်မငယ်နိုင်တော့ဘူးဆိုတာ တစ်ထစ်ချ လက်ခံလိုက်တဲ့အချိန်ဟာ. . .

ကလေးသူငယ်တွေ. . .နုပျိုငယ်ရွယ်သူတွေကို မနာလိုဖြစ်မိတဲ့အချိန်ပါပဲ တဲ့. . .

အချစ်ဆိုတာကို အသက်အရွယ်တို့ . .အိမ်ထောင်ရှိခြင်း မရှိခြင်းတို့နဲ့လားလားမှ မသက်ဆိုင်ပဲ. . .

နှလုံးသားက ဖြစ်တည်လာတဲ့အတိုင်းလေးလက်ခံယုံကြည်လိုက်ချိန်မှာ. . .

မိမိမှာရှိတဲ့ အိမ်ထောင်ရေး. . .ပတ်ဝန်းကျင်ရဲ့ လေးစားမှုမိမိရဲ့သားသမီးတွေနဲ့ ဇနီးသည်. . .ဒါတွေအားလုံး ကိုယ့်အနားက လွင့်စင် ပျောက်ကွယ်သွားတယ်

ဇနီးသည်ကဒါဟာ ဖောက်ပြန်မှုတဲ့အိုကြီးအိုမနဲ့ ကိုယ့်သမီးအရွယ်ကိုမှကြံရက်လေခြင်းတဲ့ပတ်ဝန်းကျင်ကနွားအိုမြက်နုကြိုက်တဲ့. . .ချစ်ရသူ ကိုယ်တိုင်ကမိမိကို ကြောင်သူတော်ကြီးတဲ့အမျိုးမျိုး သမုတ်ကြလေရဲ့. . .

အို. . .ဒီလောက် သန့်စင်တဲ့ အချစ်ကိုများအဓိပ္ပာယ်အမျိုးမျိုး ဖွင့်နေလိုက်ကြပုံ. . .

တကယ်တော့ အချစ်ဟာသူ့ အတိုင်းလေးဆို ဒီလောက်အထိလည်းအရောင့်မရင့်ပါဘူး

ဒီလောက်အထိလည်း အကျည်းမတန်ပါဘူး

ရိုးရိုးလေးပဲ မြင်ကြည့်လိုက်တော့. . .အချစ်ဆိုတာ. . .

သူ ကိုယ့်အနားမှာ ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ. . .

သူ့ ရယ်သံလွင်လွင်လေးတွေ သူ့ ရဲ့ ဖြူစင်တဲ့ ပုံရိပ်ကလေးတွေသူသွားတတ်တဲ့ နေရာလေးတွေနဲ့သူ့အငွေ့အသက် သင်းပျံ့နေတဲ့ ပတ်ဝန်းကျင်မှာနေဝင်ချိန်အထိ ပျော်ပျော်ကြီးထိုင်စောင့်ရင်း အချိန်ကုန်မှန်းမသိ ကုန်သွားရခြင်းနဲ့ပဲကျေနပ်နေမိတာမျိုးပါ. . .

ဒီလို နူးညံ့လှတဲ့ အချစ်ကားတစ်ကားကိုလှပတဲ့ စကားလုံးတွေနဲ့အရောင်အသွေးစုံလင်တဲ့ဖန်​သားပြင်​ထက်မှာ ခံစားအားပေးကြပါဦး..

 

(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ MLMC Team မှ ကိုမြင့်သူဖြစ်ပါတယ်)

 

File Size : (850 MB) and (380 MB)
Quality : WEB-HD 720p
Running Time : 1h 50min
Format : Mp4
Genre : Drama
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p Web-HD AVC AAC Esub – Hon3y
Translated by Myint Thu (MLMC)
Encoded by Thanhtike Zaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Nishabd (2007)


No downloads available

Genres



Related movies