Channel Myanmar

Nocturnal Animals (2016)

Nocturnal Animals    

R 116 min DramaThriller

7.6
IMDB: 7.6/10 85,849 votes

, , ,

Nominated for 1 Oscar. Another 14 wins & 126 nominations.

USA

53394

Report error

spree

ဒီဇတ်လမ်း ကို စကြည့်တုန်းက ကိုယ့်ကိုကိုယ် နောင်တ ရနေမိတာ

ဘာလို့ ဒီပေါတောတော ပုံစံ နဲ့ ကားကို ရွေးကြည့်မိလဲ ဆိုပြီးတော့…

ဇတ်လမ်းစတာနဲ့ ကိုယ်လုံးတီး မိန်းမကြီး အဖွားကြီးတွေ က နေတာ စမြင်ရမှာပါ

မြင်ရတာ ကျတ်သရေ တုံးလွန်းလို့ အမြန် ကျော်ကြည့်ချင်နေမိပါတယ်..

အဲ့ဒီ အကန့်က ခဏလေးပါပဲ…

(ဒီနောက်ပိုင်းကို လုံးဝ နောင်တ မရတော့ပါဘူး)

အဲ့ဒီ အနုပညာ ပြခန်းကနေ ဆူစန် (သူဌေး) စထွက်လာတယ်

သူမ အိမ်ကို ရောက်သွားတယ် သူမ မအိပ်ဖြစ်တာ အတော်ကြာနေတဲ့ ပုံပါပဲ…

ထူးထူးခြားခြားသူမ ဆီကို ပါဆယ် တစ်ခု ရောက်နေလို့ တိပ်တွေကို လျင်လျင်မြန်မြန် ဆွဲဖွင့်တဲ့အခါ

စက္ကုသားကြောင့် လက်ရှ သွားပြီး ၀န်ထမ်း တစ်ယောက်ကို ဖွင့်ပြီး စာကို ဖတ်ခိုင်းတဲ့အခါ

သူမ ယောင်္ကျားဟောင်း အက်ဝဒ် မှ ဆူစန် ဖတ်ဖို့ ၀တ္တုစာမူကြမ်း ကို ပေးပို့ပေးလိုက်တာပါ…

အလုပ်ပိတ်တဲ့ ဒီတစ်ပတ် မှာ သူမ လက်ရှိ ယောင်္ကျားနဲ့ အပန်းဖြေ ခရီးထွက်ချင်နေပေမယ့်

ခြေလှမ်းတွေ ပျက်နေတဲ့ ယောင်္ကျားဖြစ်သူဟာ ဆူစန် အနားမှာ ရှိမနေခဲ့ပါဘူး…

၁၉ နှစ်ကျော် ကြာအထိ သူမ နဲ့ အဆက်အသွယ် မလုပ်ခဲ့တဲ့ ခင်ပွန်းဟောင်း ဖြစ်သူ အက်ဝဒ် ရဲ့ ၀တ္တုစာအုပ်မူကြမ်းဟာ

သူမ စိတ်လိုလက်ရ ဖက်ဖို့ မရှိပေမယ့် တစ်ယောက်ထဲ ဖြစ်နေတဲ့ အချိန်မှာပဲ စာအုပ်ကို ကိုင်ဆွဲပြီး အိပ်ရာထက်ဝင်ခဲ့ပါတော့တယ်…

(စာအုပ်ထဲက ဇတ်လမ်း)

ဟေးစတင်း ဟာ သူ့ မိန်းမ လော်ရာ နှင့် သမီးဖြစ်သူ အင်ဒိယ တို့ ကို ခေါ်ပြီး တက္ကဆက်ပြည်နယ်မြောက်ပိုင်းဘက်သို့

မိသားစု ၃ ယောက်ထဲ ကားမောင်းပြီး ထွက်လာပါတယ်…

တက္ကဆက် မြောက်ပိုင်း အဝေးပြေး လမ်းမသည် လူပြတ်ပြီး ဖုန်းလိုင်းမမိတဲ့ နေရာလဲ ဖြစ်ပါတယ်….

ဒီလို နဲ့ ကားမောင်းလာနေရင်း ဟေးစတင်း တို့ ကားအား အမူးသမား တစ်ချို့မှ ဘေးတိုက် ဆွဲချပြီး

ပြသနာရှာခဲ့ပါတယ်…

ဟေးစတင်း က တားဆီးနေတဲ့ ကြားက သူ့မိန်းမ နဲ့ သမီး ကို အမူးသမား တွေမှ ကားပေါ် ချုပ်တင်ပြီး ခေါ်သွားခဲ့ပါတယ်

သူ့ကိုလဲ ကားတစ်စီးဖြင့် ခေါ်သွားရာမှ လမ်းမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်…

ဒါပေမယ့် မိန်းမ နဲ့ သမီး အပေါ် ပူပင်နေတဲ့ သူ့စိတ်က ရေမြေအဆုံး လိုက်ရှာဖို့ပဲ အားသန်နေခဲ့ပါတော့တယ်….

(စာအုပ်အချ)

ဆူစန် စိတ်တွေ ဂယောင်ချောက်ခြား ဖြစ်သွားခဲ့တယ် စာအုပ်ထဲက ဟေးစတင်း နေရာမှာ သူရောက်သွားသလိုပဲ

သူမ နှလုံးသားသည်လဲ ဟေးစတင်း နှင့် ထပ်တူ နာကျင်ခံစားလိုက်ရတယ်….

စာအုပ်ကို ဆက်လဲ ဖတ်ချင်တယ် ဟေးစတင်း ဘာဆက်ဖြစ်မလဲ သိချင်နေပေမယ့်

ဖြစ်လာမယ့် အရာကိုလဲ သူမ ကြိုတွေးနေမိခဲ့တယ်…

ဒီလိုနဲ့ စာအုပ်ကို ဆက်ဖတ်ဖြစ်ခဲ့ပါတယ်…

စာအုပ်နာမည်ကတော့

Nocturnal Animals

ဒီရုပ်ရှင်ကို ကျနော် ရှေ့ဆက် မပြောပြတော့ပါဘူး

ညွှန်းဆို စရာ စကားလုံးလဲ ရှာမတွေ့ပါဘူး…

ဒီစာအုပ်ကို ဖတ်နေတဲ့ ဆူစန် ရဲ့ ဇတ်လမ်း တစ်ခု ရယ်

စာအုပ်ထဲက ဇတ်ကောင် ဟေးစတင်း ရဲ့ မိန်းမပျောက် သမီးပျောက် ရှာပုံတော်

ဇတ်လမ်း ၂ ခု ဟာ သင့်ကို ထိုင်ရာက မထစတမ်း ဆွဲဆောင်သွားမယ့် ရုပ်ရှင်ကားကောင်းတစ်ခုဆိုတာ

ညွှန်းဆိုလိုက်ပါရစေ…

 

ရုပ်ရှင်ကားကို Htet Wai Lwin က ဘာသာပြန်ပေးထားပြီး

Thit San Khant မှ Encode ပေးထားပါတယ်

(သစ်ဆန်းခန့်)



No downloads available

Genres

Related movies