Channel Myanmar

Northern Limit Line (2015)

Yeonpyeong haejeon    

2h 10min AsianDramaWar

6.6
IMDB: 6.6/10 966 votes

, , , , , , , ,

1 win & 6 nominations

South Korea

751784

Report error

Northern Limit Line (2015)_____IMDb – 6.6/10

 

 

ကိုယ်က ရုပ်ရှင်ကြည့်တာ ဝါသနာပါတော့
ကိုယ့်အားလပ်ချိန်တွေမှာ အချိန်ရရင်ရသလို
ရုပ်ရှင်ကားကောင်းတွေကို ကြည့်လေ့ရှိပါတယ်။
ဒီတစ်ပတ်ကြည့်ဖြစ်တာက

“Northern Limit Line”

သာမန်အားဖြင့် ကိုရီးယားကားတွေ၊ ဇာတ်လမ်းတွဲတွေကို ကြည့်လေ့ မရှိပေမယ့်
ဒီတစ်ကားတော့ ကြည့်ဖြစ်သွားတယ်၊ စစ်ကားဖြစ်နေတာလည်း ပါမှာပေါ့လေ။

ဇာတ်လမ်းက ၂၀၀၂ခုနှစ် ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲကို တောင်ကိုရီးယားမှာ ကျင်းပတဲ့အချိန်
တောင်နဲ့ မြောက်ကိုရီးယားနိုင်ငံကြား ပင်လယ်ဝါထဲက Northern Limit Line မှာ ရေတပ်ချင်း ထိတွေ့မှုဖြစ်တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကို ပြန်ရိုက်ကူးထားတာပါ။

ရုပ်ရှင်အကြောင်းကို မပြောခင်
‪#‎Northern Limit Line‬ (NLL) ဆိုတာဘာလဲဆိုတာကို ပြောချင်ပါတယ်။
‪#‎NLL‬  ဆိုတာ တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံကြား ပင်လယ်ဝါအတွင်း ရေပြင်ပိုင်ဆိုင်မှု အငြင်းပွားဆဲ နေရာကို ဖြတ်သန်းရေးဆွဲထားတဲ့ စိတ်ကူးမျဉ်းဖြစ်ပါတယ်။ ဒီလို ပိုင်းခြားသတ်မှတ်ထားတာကို မြောက်ကိုရီးယားက အသိအမှတ်ပြုခြင်းမရှိပါဘူး။

ထို့ကြောင့် မြောက်ကိုရီးယား ငါးဖမ်းလှေ၊ သင်္ဘောတွေဟာ စစ်ရေယာဉ်များ အစောင့်လိုက်ပါပြီး NLL ကိုမကြာခဏ ဖြတ်သန်းဝင်ရောက်ပြီး တောင်ကိုရီးယား နယ်မြေအတွင်းမှာ ငါခိုးဖမ်းလေ့ရှိပါတယ်။ ထို့ကြောင့်  NLL  တလျှောက် ရေတပ်ချင်းထိတွေ့မှု မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

Northern Limit Line တလျောက်မှာ ဖြစ်ပွားခဲ့တဲ့ ထိတွေ့မှုတွေကြောင့်
မြောက်ကိုရီးယား အရာရှိ/ စစ်သည် ၅၄ ဦးနှင့် တောင်ကိုရီးယား အရာရှိ/ စစ်သည် ၅၄ ဦး ကျဆုံးခဲ့ရပြီး ဖြစ်သလို မြောက်ကိုရီးယား အရာရှိ/ စစ်သည် ၉၅ ဦး နှင့် တောင်ကိုရီးယား အရာရှိ/စစ်သည် ၉၉ ဦးတို့ ဒဏ်ရာရရှိခဲ့ပြီး ဖြစ်ပါတယ်။ တောင်ကိုရီးယား အရပ်သား ၄ ဦး သေဆုံးခဲြ့ပီး ၁၉ ဦး ဒဏ်ရာရရှိခဲ့ရပါတယ်။

မြောက်ကိုရီးယားဘက်မှ Torpedo Boat တစ်စီးနစ်မြှုပ်ခဲ့ရပြီး Gunboat တစ်စီး၊ Patrol Boat တစ်စီး ပျက်စီးခဲ့ပါတယ်။ တောင်ကိုရီးယား ဘက်မှ Corvette တစ်စီးနှင့် Partol Boat တစ်စီး နစ်မြှုပ်ခဲ့ပြီး Corvette တစ်စီးနှင့် Patrol Boat နှစ်စီး ပျက်စီးခဲ့ပါတယ်။

Northern Limit Line ရုပ်ရှင်ဟာ ၂၀၀၂ က ဖြစ်တဲ့ ဒုတိယ ယောင်ပြွန်း စစ်ပွဲ (Second Battle of Yeonpyeong) ကို အခြေခံပြီး ရိုက်ထားတာ ဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်မှာ တောင်ကိုရီးယားက ကမ္ဘာ့ဖလား အိမ်ရှင် အဖြစ်လက်ခံကျင်းပပါတယ်။ ဇွန်လ ၂၉ ရက်နေ့မှာတော့ တောင်ကိုရီးယားနဲ့ တူရကီတို့ တတိယ နေရာလုပွဲ ကျင်းပနေပါတယ်။ အဲဒီ အချိန်မှာဘဲ မြောက်ကိုရီးယား စစ်ရေယာဉ် နှစ်စီးက NLL ကို ဖြတ်ပြီး ဝင်ရောက်လာပါတယ်။ တောင်ကိုရီးယား စစ်ရေယာဉ် (Patrol Boat) PKM – 357 နဲ့ PKM 358 တို့က NLL ကိုမကျော်လာဖို့ လိုက်လံတားဆီးခဲ့ပါတယ်။

တောင်ကိုရီးယားရဲ့ Chamsuri-class Patrol Boat နှစ်စီးမှာတပ်ထားတာတွေက 40mm Borfors တစ်လက်စီ၊ 20mm Sea Vulcan Galtling Gun နှစ်လက်စီနှင့် တောင်ကိုရီးယားထုတ် Simbad SAM တစ်စုံ တပ်ဆင်ထားပါတယ်။ စစ်ရေယာဉ်ဟာ ၃၇ မီတာ ရှည်ပါတယ်။

မြောက်ကိုရီးယား စစ်ရေယာဉ်ရဲ့ Main Gun က T 34 တင့်ကားရဲ့ 85mm Gun ဆုံလည်ကို တပ်ဆင်ထားပြီး နောက်ပိုင်းမှာ 35mm twin barrels Gun နှစ်လက်ကို တပ်ဆင်ထားပါတယ်။ ဒါ့အပြင် RPG တွေလည်းပါလာသလို၊ Sniper တွေလည်းပါလာပါတယ်။
တောင်ကိုးရီယား စစ်ရေယာဉ်တွေရဲ့ တားဆီးမှုကို လက်မခံဘဲ မြောက်ကိုရီးယား စစ်ရေယာဉ်က စတင် ပစ်ခတ်ပါတယ်။ ထိတွေ့မှုဟာ ၃၄ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး တောင်ကိုရီးယားဘက်မှ Patrol Boat နှစ်စီးနဲ့ Corvette နှစ်စီး ထပ်မံ ရောက်ရှိလာချိန်မှာ မြောက်ကိုရီးယား စစ်ရေယာဉ်များ ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။

တောင်ကိုရီးယား စစ်ရေယာဉ် PKM 357 ဟာ ရေယာဉ်တွင်းမှ ဒဏ်ရာရ စစ်သည်တွေကို ကယ်ထုတ်နေစဉ်မှာဘဲ နစ်မြုပ်သွားခဲ့ရပါတယ်။

 

 

ဖြစ်စဉ်မှာ တောင်ကိုရီးယား ရေတပ်မှ စစ်ရေယာဉ်မှူးအပါအဝင် အရာရှိ/ စစ်သည် ၄ ဦး ကျဆုံးခဲ့ပြီး ၁ ဦး (ရုပ်ရှင်ထဲမှာတော့ ဆေးတပ်သား) ဟာ စစ်ဆေးရုံမှာ ၂၂ ရက်ကြာပြီးနောက် ကျဆုံးသွားခဲ့ရပါတယ်။ နောက်တစ်ယောက်က တော့ ပဲနင်းဖြစ်ပြီး နစ်မြှုပ်သွားတဲ့ စစ်ရေယာဉ်ကို ရှာဖွေတဲ့အချိန်မှာ ပဲကိုင်လျက်သား ကျဆုံးလျက်တွေ့ရပါတယ်။ စုစုပေါင်း ၆ ဦးကျဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မြောက်ကိုရီးယားဘက်ကတော့ ၁၃ ဦးကျဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဖြစ်စဉ် ပေါက်ကြားမှာစိုးပြီး ဒဏ်ရာရသူများကို သီးသန့် ထားရှိ ဆေးကုသပေးခဲ့တယ်လို့ မြောက်မှ ခိုလှုံခဲ့သူများပြောကြားချက်အရ သိရှိရပါတယ်။ ဒါ့အပြင် တောင်ကိုရီးယားရဲ့ Devastator ကျည်တွေကြောင့် ဒဏ်ရာတွေဟာ ပိုမိုပြင်းထန်ကြောင်း သိခဲ့ရပါတယ်။

ရုပ်ရှင်ထဲမှာတော့ တောင်ကိုရီးယား စစ်ရေယာဉ်မှူး Lieutenant Commander Yoon Young-ha ကို တောင်ကိုရီးယား အငြိမ်းစား ရေတပ် ဗိုလ်ချုပ်တစ်ဦး၏ သားအဖြစ် ပုံဖော်ထားပြီး စစ်သား သားသမီးတစ်ဦး၊ စစ်ရေယာဉ်မှူးကောင်းတစ်ဦး အဖြစ် ပီပြင်စွာ သရုပ်ဆောင်နိုင်တာတွေ့ရပါတယ်။ (Lieutenant Commander ဆိုတာ ကြည်းတပ်နှင့် လေတပ်မှာ ဗိုလ်မှူး (Major) အဆင့်ဖြစ်ပါတယ်။)

ရုပ်ရှင်မှာ Drama အခန်းလေးတွေထည့်ချင်တော့ မင်းသမီးတစ်ဦးကို စစ်ရေယာဉ်မှူးရဲ့ ကျောင်းဆင်းဖက်၊ နောက်စစ်ရေယာဉ် တစ်စီးရဲ့ ဒုတိယ စစ်ရေယာဉ်မှူးအဖြစ် ထည့်သွင်းပြီး စစ်ရေယာဉ်မှူးကို တဖက်သတ်နှစ်သက်နေသူ အဖြစ် ပုံဖော်ထားပါတယ်။

ဆေးတပ်သားလေးအဖြစ် သရုပ်ဆောင်တဲ့ မင်းသားကတော့ စစ်သားတစ်ယောက်နဲ့ မတူပါဘူး။ ရုပ်ရှင်မင်းသားနဲ့ဘဲ ပိုတူနေပါတယ်။ သူ့ကြောင့် ရုပ်ရှင်ဟာ ပေါ့သွားသလို ခံစားရပါတယ်။ (တောင်ကိုရီးယားရဲ့ စစ်မှုမထမ်းမနေရ စနစ် (National Service) ကြောင့် ရုပ်ရှင်မင်းသားတွေ အမှန်တကယ် စစ်မှုထမ်းနေရတာတော့ရှိပါတယ်။)

ရုပ်ရှင်ထဲမှာ အားလုံးကို သူရဲကောင်းအဖြစ် မရိုက်ပြဘဲ သူရဲဘောကြောင်တဲ့သူ အကြောင်းပါထည့်ရိုက်ပြတာ ကောင်းမွန်ပါတယ်။

အတုယူစရာတစ်ခုက တောင်ကိုရီးယား ရေတပ်က ပင်လယ်ထဲမှာ စစ်ရေယာဉ်တွေ ကပ်ပြီး ဖြည့်တင်းရေး ပြုလုပ်ဖို့ Forward Operation Post platform ကို ရေနံစင်တွေလို ဆောက်ထားတာပါဘဲ။

ရုပ်ရှင်ထဲမှာ အမှန်တကယ် ကျဆုံးခဲ့သူတွေအတွက် ပြုလုပ်တဲ့ အသုဘ အခမ်းအနားနဲ့ သူတို့ရဲ့ မိသားစု ပုံရိပ်တွေကိုပါ ထည့်သွင်း ပြသထားတဲ့အတွက် စစ်သား ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ကိုယ့်အတွက်တော့ မျက်ရည်ကျမိပါတယ်။ ကိုယ်ကိုတိုင်လဲ ယခင်က ဒီလိုအဖြစ်အပျက်မျိုးတွေကို မကြာခဏ မြင်ခဲ့ဘူးတော့ ခံစားလို့ရတယ်။

ဒီရုပ်ရှင်ကားဟာ တကယ်အဖြစ်အပျက်ကို အခြေခံရိုက်ကူးထားတာ ဖြစ်ပြီး ရိုက်ကူးပုံလည်း ကောင်းမွန်တာကြောင့် ကြည့်သင့်တဲ့ ရုပ်ရှင်ကားအဖြစ် မြင်ပါတယ်။

 

(ဒီဇာတ်ကားအညွန်းကို ဒေါက်တာနိုင်ဆွေဦး ဆိုတဲ့ ဖေ့ဘုတ်မှာ ရေးထားတာကို မြင်ပြီး

သဘောကျမိတာကြောင့် ကို Nyi Than Lwin ကနေ ဘာသာပြန်ပေးထားတာဖြစ်ပါတယ်)

 

 

File Size         : 932 MB
Quality           : Blu ray 720P
Running Time : 2 hr 10 minute
Format           : Mp4
Genre             : Drama, War
Encoder         : Joker.phs



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Northern Limit Line (2015)
Northern Limit Line (2015)
Northern Limit Line (2015)
Northern Limit Line (2015)


No downloads available

Genres



Related movies