imdb rating 6.8 ရှိတဲ့ ဂျပန် anime ကားလေးပါ
1993 ခုနှစ်တုန်းက ကားဟောင်းလေးဖြစ်ပြီး
ကျောင်းပြောင်းလာတဲ့ကောင်မလေးချောချောလေးနဲ့စတဲ့ဇာတ်လမ်းလေးပါ
မိဘတွေကွဲလို့ တိုကျိုကနေ မြို့ငယ်လေးဆီပြောင်းလာရတဲ့
ကောင်မလေး
အတန်းထဲမှာ အမှတ်တွေကောင်းပြီးရင်းကောင်းလို့ရော
သူ့ရုပ်ရည်ကြောင့်ရော နာမည်ကြီးလာတဲ့ကောင်မလေး
သူရောက်လာတည်းက ကြိတ်ကြိုက်နေတဲ့ ကောင်လေး
သုံးပွင့်ဆိုင်လိုမျိုးလေး ရိုက်ထားတဲ့ကားမျိုးလေး
ကောင်မလေးက အဖေ့ဆီပဲ ပြန်သွားနေချင်လို့
ကြိုးစားခဲ့ပေမယ့် သူမအဖေမှားတာမှန်းသိရတဲ့အခါ
နောက်ဆုံး မိုရီဆာကီတာကု ဆိုတဲ့ကောင်လေးနဲ့
ကျောင်းက မနာလိုသူတွေ ၀ိုင်းပြောတာကို
မိဘတွေကွဲခဲ့ရတဲ့ စိတ်ဒဏ်ရာနဲ့ ကောင်မလေး
ဘယ်လိုတုံ့ပြန်မှာလဲ
ဒီကားလေးကို သဘောကျမိတာက
ကောင်မလေးရဲ့စိတ်က ဘယ်လိုမျိုးလဲ
သူကဘာကိုနှစ်သက်တာလဲ
သူ့စိတ်က ဘယ်လိုမျိုးလဲဆိုပြီး
သူ့ကို နားမလည်နိုင်တာလေးကို ကြိုက်တယ်
ကိုယ်တိုင်က အသည်းကွဲသမားမို့လားမသိဘူး
နားလည်ရခက်တဲ့ ကောင်မလေးတွေကို သဘောကျနေတာ
ဘယ်လိုပဲဖြစ်ဖြစ် ဘယ်လိုကြောင့်ပဲဖြစ်ဖြစ်
ဒီကားလေးကို ကြည့်မိတာနဲ့ ငယ်စဉ်ကျောင်းသားဘ၀ကို
ပြန်လွမ်းသွားရမယ်ဆိုတာကို အာမခံတယ်ဗျာ
anime ကားဟောင်းလေးပေမယ့် ဒီဘက်ခေတ်ကိုမီတယ်ပြောရမလား
ကျောင်းကားလေးမို့ပဲ မရိုးတာလားတော့မပြောတတ်ဘူး
ကြည့်လို့တန်တဲ့ကားကောင်းတစ်ကားပါ
Translated by Munha
Encoded by sithu