ကြည့်မိတာနဲ့ထိုင်ရာကမထပဲ ကြည့်ချင်နေမယ့်
ဇာတ်ကားတစ်ကားကို Bluray 1080p 5.1 CH နဲ့ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်
Mike ဟာ U.S. Army Ranger ကနေ သမ္မတ ကြီးရဲ့
အထူးလုံခြုံရေး ခေါင်ဆောင် တစ်ယောက် ဖြစ်လာခဲ့ သူပါ။
Mike ဟာ သမ္မတကြီးရဲ့ အထူးလုံခြုံရေး တာဝန်တင် မကပဲ
သမ္မတကြီးရော သမ္မတကြီး မသားစု နဲ့ပါ မိသားစု ဝင်တစ်ယောက် ကဲ့သို့
ရင်းနှီး နေသူလဲ ဖြစ်ပါတယ်။ Christmas ညတစ်ည မှာတော့
သမ္မတကြီးနဲ့ သူ့ရဲ့ မိသားစုတို့ ညစာ စားပွဲ တစ်ခု တတ်ရောက်ဖို့
Mike က ဦးဆောင်ပြီး ထွက်ခွာ လာခဲ့ပါတယ်။
Christmas ညတစ်ည ဖြစ်တာနဲ့ အညီ နှင်းတွေက အရမ်းကျ နေပြီး
လေတွေလဲ အရမ်းတိုက် နေပါတယ်။ လေတွေလဲ အရမ်းတိုက် နေပါတယ်။
ကားကို သတိထား မောင်းနေပေမယ့်လဲ မထင်မှတ်ပဲ သမ္မတကြီး
ကားရှေ့ခန်းကို သစ်ပင် တစ်ပင် ကျိုးကျ ခဲ့ပြီး အရှိန်မထိန်း နိုင်ရာကနေ
သမ္မတကြီး စီးလာတဲ့ ကားဟာ တံတား ပေါ်က ပြုတ်ကျသွား ခဲ့ပြီး
ခက်ခဲတဲ့ အခြေ အနေကြောင့် အရေးကြီးတဲ့ သမ္မတကြီးကိုပဲ
ကယ်တင် နိုင်ပြီး သမ္မတ ကတော်ကို ဆုံးရှုံးခဲ့ ရပါတယ်။
မိန်းမကို ဆုံးရှုံးခဲ့ရပြီး စိတ်ထိခိုက် သွားတဲ့ သမ္မကြီးဟာ
ဆုံးဖြတ်ချက် အမှားတစ်ခုကို ချခဲ့မိပါတယ်။ ဒါကတော့ Mike ကို
လုံခြုံရေး ခေါင်းဆောင် ရာထူးကနေ အနားပေး လိုက်ပါတယ်။
18 လ အကြာမှာတော့ တောင်ကိုရီးယား ဝန်ကြီးချုပ်နဲ့ သမ္မတို့
အိမ်ဖြူတော်မှာ တွေ့စုံ စကားပြော နေတဲ့ အခိုက် သမ္မတကြီးရဲ့
လုံခြုံရေး ခေါင်းဆောင် အသစ်နဲ့ တောင်ကိုရီးယား ဝန်ကြီးချုပ်
လုံခြုံရေးခေါင်းဆောင်တို့ ပူးပေါင်းပြီး အိမ်ဖြူတော်ကို စတင် သိမ်းပိုက် လိုက်ပါတယ်။
အကွက်ကျကျ စီစဉ်ထားပြီး ရုတ်တရပ် တိုက်ခိုက်တဲ့ အတွက်
အိမ်ဖြူတော်က လုံခြုံရေးတွေ အငိုက်မိ သွားကြပါတယ်။
အိမ်ဖြူတော် တိုက်ခိုက် ခံနေရတဲ့ သတင်းကို Mike တစ်ယောက်
ကြားတော့ ချက်ခြင်း ရောက်လာပြီး အိမ်ဖြူတော်လုံခြုံရေး ဘက်က
ဝင်ရောက် ကူညီပေးရာကနေ အိမ်ဖြူတော်ထဲမှာ သူတစ်ယောက်ထဲ
အသက်ရှင်လျှက် ပိတ်မိ နေပါတော့တယ်။ သမ္မတကြီး အသက်နဲ့
ချိန်းခြောက်လို့ အင်အားသုံးပြီး အိမ်ဖြူတော်ကို ပြန်သိမ်းလို့ မရတဲ့ အတွက်
နောက်ဆုံး မျှော်လင့်ချက် အနေနဲ့ Mike ကိုပဲ အတွင်းမှာ
ပြန်လည် တိုက်ခိုက် ပေးဖို့ ဒုသမ္မတက အမိန့်ပေးလိုက်တဲ့ အခါမှာ
Mike တစ်ယောက် တာဝန်ကျေ ပါ့မလား ဆိုတာ…
(ရုပ်ရှင်အညွှန်းကိုmoviereview.ygn.me မှ တင်ဆက်ပါသည် )