Exit print mode Print Data A+ A- Undo all

On Fallen Wings (2017)

On Fallen Wings (2017)

Synopsis:

 

CM ပရိတ်သတ်တွေအတွက် “On Fallen Wings”ဆိုတဲ့ တရုတ်ကားလေးမိတ်ဆက်ပေးချင်ပါတယ်… Mystery movie အမျိုးအစားမို့ လျို့ဝှက်ဆန်းကြယ်ကြိုက်တဲ့ ပရိတ်သတ်တွေအဖို့ အကြိုက်တွေ့စေမှာပါ…
အညွှန်း- ရှန်ရှောင်တျဲဆိုတဲ့ အမျိုးသမီးဟာ လိပ်ပြာအကကတဲ့ အကဆရာမတစ်ယောက်ပါ.. သူက ထူးချွန်တဲ့ အကသမားတစ်ယောက်ဖြစ်ပါတယ်… တစ်နေ့တော့ ရဲမင်ဆိုတဲ့ လူတစ်ယောက်နဲ့ချစ်သူတွေဖြစ်ခဲ့ပါတယ်.. ဒါပေမဲ့ ရဲမင် သေဆုံးတယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပါတယ်..ဒီသတင်းထွက်ပြီး ငါးနှစ်အကြာမှာတော့ ရှောင်တျဲကို ကျွမ်ဖောင်ဒေးရှင်းက အကဆရာမအနေနဲ့ ကူညီပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်… ရှောင်တျဲသင်ပေးရတဲ့ အကသမားတွေက ပိုင်လူ, မန်လီ, ဆုန်းယို, ထရန်ရှောင်းဆိုတဲ့ ကောင်မလေးလေးယောက်ပါ… တိုက်တိုက်ဆိုင်ဆိုင် ဖောင်ဒေးရှင်ပိုင်ရှင်က ရှောင်တျဲရဲ့ လွန်ခဲ့တဲ့ငါးနှစ်က သေဆုံးသွားတဲ့ ချစ်သူရဲမင်နဲ့ ရုပ်ဆင်တာပါ…နောက်ထူးဆန်းတာက ဒီဖောင်ဒေးရှင်း မျိုးဆက် ယောကျာ်းသားတွေဟာ ဘယ်သူမှ အသက် ၄၀ ကျော်အထိအသက်မရှည်ကြပါဘူး… တစ်နေ့တော့ အကသမား ဆုန်းယိုရုတ်တရက်သေဆုံးခဲ့ပါတယ်..နောက်ဆက်တွဲ ထရန်ရှောင်းကိုယ့်ကိုကိုယ် သေကြောင်းကြံခဲ့တယ်..ပိုင်လူကလဲ ပျောက်သွားပါတယ်.ထူးဆန်းမှုတွေ ပြည့်နှက်နေတဲ့ နေရာကို ရောက်နေတဲ့ ရှောင်တျဲတစ်ယောက် လိပ်ပြာသင်္ချိုင်းအကြောင်း သိတဲ့အချိန်… ရဲမင်ကကော အသက်ရှင်နေတုန်းလား.. လူတူမရှားနာမည်တူမရှားဆိုတဲ့ အတိုင်း ရုပ်တူတဲ့သူလားစတဲ့ လျို့ဝှက်ချက်တွေကို တစ်ခုချင်းစီ ဖော်ထုတ်ရင်း CM ပရိတ်သတ်ကပဲ ဆက်လက်ကြည့်ရှုကြပါဦး

 

Qty – 1080p Web Dl

Duration – 1hr 55min

Gern – Mystery/Thriller

Subtitle – Myanmar

Translator – May Thu Soe

Encoder – May Thu Soe



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။