Exit print mode Print Data A+ A- Undo all

One True Loves (2023)

First love meets new love.
One True Loves (2023)One True Loves (2023)

Synopsis:

One True Loves (2023)

စစ်မှန်တဲ့အချစ်နဲ့ ဘဝမှာဘယ်နှစ်ကြိမ်ကြုံတွေ့နိုင်သလဲ။ အမ်မာဘလဲရ်ဆိုတဲ့မိန်းကလေးအတွက်တော့ ကံကြမ္မာက နှစ်ကြိမ်တောင်ယူဆောင်လာပေးခဲ့တယ်။ ဘဝမှာဒုတိယအကြိမ်ထပ်ချစ်ဖို့ဆုံးဖြတ်လိုက်တဲ့အချိန်ကျမှ ထာဝရဆုံးရှူံးလိုက်ရပြီထင်တဲ့သူကပြန်ရောက်လာတဲ့အခါ….

main castတွေအကုန် သရုပ်ဆောင်အဆင်ပြေကြပြီး ဇာတ်ဝင်တေးတွေလည်းသူ့နေရာနဲ့သူအံဝင်ခွင်ကျထည့်ထားပြီး ကြည့်ရတာcringeမဖြစ်ဘဲအဆင်ပြေတယ်လို့ထင်ပါတယ်။ Hacksaw Ridge, Interceptorတို့မှာsupporting rolesတွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့Luke Braceyနဲ့ Shang-Chi and the Legend of the Ten RingsထဲကShang-Chiနေရာမှာသရုပ်ဆောင်ခဲ့တဲ့Simu Liuတို့အဓိကပါဝင်ထားပါတယ်။

ဇာတ်လမ်းအကျဥ်း

အမ်မာက သူ့ဘဝရဲ့ငယ်ရွယ်တဲ့အချိန်မှာပဲ စစ်မှန်တဲ့လက်တွဲဖော်တစ်ယောက်ကိုရခဲ့တယ်။ documentaryတွေရိုက်ရတာသဘောကျတဲ့ဂျက်စီရယ် ခရီးသွားဘလော့ဂ်တွေရေးရတာနှစ်သက်တဲ့ အမ်မာရယ် စိတ်တူကိုယ်တူဝါသနာတူစုံတွဲလေးဖြစ်ခဲ့တယ်။

ဆမ်လီကတော့ အမ်မာရဲ့ကျောင်းနေဖက်အခင်ဆုံးသူငယ်ချင်း အမ်မာကိုအရင်တွေ့ပြီး အရင်စကြိုက်ခဲ့တဲ့သူပေမယ့် ဖွင့်မပြောဖြစ်ခဲ့ဘဲ တစ်ဖက်သတ်အချစ်နဲ့အဆုံးသတ်သွားခဲ့တယ်။ ဒါ​​ပေမဲ့ကံကြမ္မာက ဆမ်နဲ့အမ်မာကိုပြန်ဆုံစေခဲ့တယ်။ အမ်မာလည်း ဂျက်စီမရှိတော့တာ ၃ နှစ်အကြာမှာတော့အမှန်တရားကိုလက်ခံလိုက်ပြီး နောက်တစ်ကြိမ်ထပ်ချစ်ဖို့ဆုံးဖြတ်လိုက်တယ်။

တကယ်တော့ဂျက်စီကမသေခဲ့ဘဲ လူသူမရှိတဲ့ကျွန်းတစ်ကျွန်းမှာသောင်တင်နေခဲ့တာပါ။(မင်းသားကြီးTom Hanks)ရဲ့Castawayကိုတောင်သတိရသွား)အမ်မာကိုပြန်တွေ့ရဖို့မျှော်လင့်ချက်နဲ့ လေးနှစ်လုံးကျွန်းပေါ်မှာမသေအောင်နေခဲ့ပေမယ့် ပြန်ရောက်လာတဲ့အချိန်မှာ ကိုယ့်ဇနီးမှာ နောက်ထပ်စေ့စပ်ထားတဲ့သူရှိနေခဲ့ပြီ။

ဒါတွေသာဖြစ်မလာခဲ့ရင် ဂျက်စီလည်းအမ်မာနဲ့ထာဝရပျော်ရွှင်သွားရမှာ။ ဆမ်လီကလည်းကြိုးစားခွင့် မျှော်လင့်ခွင့်ရှိတယ်။ ဒီဆုံးဖြတ်ရခက်တဲ့အခြေအနေကို အမ်မာဘယ်လိုဖြေရှင်းမလဲ။ ပရိသတ်ကြီးသာဆိုရင်ရော ဘယ်သူ့ကိုရွေးချယ်မလဲ….

(ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hnin Ei Pai ပါ)


File Size__(1.8GB) / (950MB)
Quality__WEB-DL_1080p, 720p
IMDb Rating__5.3/10
Format__mp4
Duration__01:40:00
Type__Comedy , Romance
Subtitle__Myanmar Subtitle (Hardsub)
Translated by Hnin Ei Pai
Encoded by Naing Aung Latt



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Andy Fickman
Stars
Beth Broderick, Christina Bach, Cooper van Grootel, Gabriella Garcia, Gary Hudson, Jacinte Blankenship, Jay DeVon Johnson, Jessi Goei, Kelvin Hodge, Lauren Tom, Luke Bracey, Michael O'Keefe, Michaela Conlin, Oceana Matsumoto, Oona Yaffe, Phillipa Soo, Phinehas Yoon, Simu Liu, Tom Everett Scott, Ty Respus, Victoria Blade, Wil Deusner
Release Date
April 14, 2023
Runtime
1h 40m
Country
(United States)
Popularity
8.933
Status
Released
ID IMDb.com
tt14770620
IMDB Rating
5.3
ID Themoviedb.org
846961
TMDb Rating
6.929
TMDb votes
7