Exit print mode Print Data A+ A- Undo all

Open Season: Scared Silly (2015)

Open Season: Scared Silly (2015)Open Season: Scared Silly (2015)

Synopsis:

စိတ်ညစ်စရာတွေ ပင်ပန်းတာတွေများနေလို့ ရယ်မောရတဲ့

ဇာတ်ကားကောင်းလေးတွေ ကြည့်ချင်သူတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့

ရယ်ရယ်မောမော ကြည့်ရှုရမယ့် ကာတွန်းကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဇာတ်ကားလေးက အသစ်တော့ မဟုတ်ပါဘူး။

ဘာသာပြန်သူ ငယ်ငယ်က ကလေးတွေကြား ရေပန်းစားခဲ့တဲ့ ဇာတ်ကားလေးပါ။

ဇာတ်ကားနာမည်လေးကတော့ Open Season Scared Silly လို့ ခေါ်

ပြီးတော့ ၂၀၁၆ ကထွက်ခဲ့တဲ့ အပိုင်းပါ။ သူ့အရှေ့မှာတော့ အရင်အပိုင်းတွေ ရှိသေးတာပေါ့နော်။

 

ဇာတ်လမ်းလေးကို အကြမ်းဖျင်း ပြောပြရရင် ဝက်ဝံကြီးနဲ့ ချိုတစ်ဖက်ပဲပါတဲ့

သမင်လေးကြားက အလွဲအချော်တွေကို ဟာသစွက်ပြီး ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပါပဲ။

သမင်လေး အယ်လီယော့က တောထဲက တိရစ္ဆာန်တွေကိုပုံပြင်တွေ လျှောက်ပြောပြတတ်ပါတယ်။

အဲဒီထဲမှာမှ ရေပန်းအစားဆုံး ပုံပြင်ကတော့ ဝေးလင်းဝမ်းပက်သမန်းဝံပုလွေကြီးရဲ့ ပုံပြင်ပါပဲ။

ဖန်တီးပြောနေတဲ့ ပုံပြင်တွေကို တကယ်ထင်ပြီး ကြောက်နေတာကတော့

ဝက်ဝံကြီး ဘု ပါ။ ဝက်ဝံကြီးဘုက သမန်းဝံပုလွေကြီး တကယ်ရှိတယ်အထင်နဲ့

ပုန်းမယ် ပြေးမယ်တွေ လုပ်တော့တာပါပဲ။

အဲဒီအချိန်မှာ အယ်လီယော့က သူ့သူငယ်ချင်းကြီး မကြောက်တတ်အောင်

ကြောက်တဲ့အရာတွေနဲ့ ရင်ဆိုင်ခိုင်းမယ်ဆိုပြီး တခြားတိရစ္ဆာန်တွေနဲ့ အကွက်ချစီစဉ်တော့တယ်။

အစပိုင်းမှာ အဆင်ပြေနေပေမဲ့ သမန်းဝံပုလွေပုံစံကို ထုတ်ပြမယ့်အချိန်မှာ

အကုန်လွဲကုန်တော့တာပါပဲ။

အဲဒီအလွဲအချော်ကနေမှ အားလုံးက သမန်းဝံပုလွေရှိတယ်လို့ တကယ်ယုံသွားကြတယ်။

အဲဒီထဲမှာ မုဆိုးကြီး ရှောလည်း အပါအဝင်ပါပဲ။ မုဆိုးကြီးရှောက

သမန်းဝံပုလွေကို ဖမ်းမယ်ဆိုပြီး အမဲလိုက်ခွင့်ကို ပြန်ဖွင့်ခိုင်းပါတယ်။

နောက်ပိုင်းမှာတော့ ဝက်ဝံကြီးနဲ့သမင်ကတစ်ဖက် မုဆိုးကြီးကတစ်ဖက်

မရှိတဲ့ သမန်းဝံပုလွေကို အပြိုင်လိုက်ဖမ်းကြမှာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

 

ဆိုတော့ သမန်းဝံပုလွေကြီးကို လိုက်ဖမ်းတဲ့အချိန်မှာ ဝက်ဝံကြီးနဲ့ သမင်တို့

ဘာတွေကြုံတွေ့ရမလဲ၊ သမန်းဝံပုလွေအပြင် သူတို့ကိုပါ အပြတ်ရှင်းချင်နေတဲ့

မုဆိုးကြီးရှောကိုရော ဘယ်လိုကိုင်တွယ်မလဲ၊ သမင်လေး အယ်လီယော့ကရော

ဘာတွေအလွဲလွဲအချော်ချော် လုပ်ဦးမလဲဆိုတာကိုတော့

ရုပ်ရှင်ချစ်သူတို့ကိုယ်တိုင် ဒီကားလေးထဲမှာ ကြည့်ရှုလိုက်ကြပါနော်။

 

File size…  1.7 GB /  797 MB
Quality… BluRay 1080p / 720p
Format… mp4
Duration…. 1h 24m
Genre …..  Adventure, Comedy
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated by Elizabeth Khant



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Open Season: Scared Silly
Director
David Feiss
Stars
Garry Chalk, Kathleen Barr, Melissa Sturm, Trevor Devall, Willa Townsend
Release Date
8 March 2016
Rated
PG
Runtime
84 min
Awards
5 nominations
Country
USA
Popularity
12.535376
Status
Released
ID IMDb.com
tt4938374
IMDB Rating
5.2
IMDB votes
1,609
ID Themoviedb.org
382517
TMDb Rating
5.6
TMDb votes
60