Channel Myanmar

Operation Red Sea (2018)

Operation Red Sea    

N/A 142 min ActionDramaThriller

7.2
IMDB: 7.2/10 2,019 votes

, , , , ,

N/A

China, Morocco

918126

Report error

CM ပရိတ်သတ်ကြီးကို ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ Operation Red Sea ဆိုတဲ့ ၂၀၁၈ ထွက် Chinese ကားလေးပါ

IMDB Rating 7.1 ရထားပြီးတော့ Rotten Tomato 81% ထိရထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။

ဒီဇာတ်ကားကတော့ ၂၀၁၅ ခုနှစ်တုန်းက ယီမင် ပြည်တွင်းစစ်မှာ ပိတ်မိနေခဲ့တဲ့ တရုတ်နိုင်ငံသားတွေကိုကယ်ထုတ်ခဲ့ခြင်းဖြစ်ရပ်မှန်ကို မှီငြမ်းပြီးရိုက်ထားတာပါ။

ဒီဇာတ်ကားထဲမှာ ရေဝိုင်ယာမှာ အစိုးရရယ် တော်လှန်ရေးတပ်တွေရယ် အကြမ်းဖက်သမားတွေရယ် ကြောင့် ပြည်တွင်းစစ်ဖြစ်ပေါ်လာတဲ့ အချိန်မှာ ရေဝိုင်ယာမှာရှိတဲ့ တရုတ်ပြည်သူပြည်သားတွေက ပိတ်မိနေပါတော့တယ်

ဒီလို ပိတ်မိနေတာကို အနားမှာရှိနေတဲ့ တရုတ်ရေတပ်သင်္ဘောကို ကယ်ထုတ်ဖို့ တာဝန်ပေးအပ်တော့တာပေါ့။

ရေတပ်သင်္ဘောကလည်း သူ့ရဲ့အတော်ဆုံးကွန်မန်ဒို တပ်ဖွဲ့ကိုစေလွှတ်ပြီးဓားစားခံတွေကိုကယ်တင်ခိုင်းပါတယ်။

ဒီအချိန်မှာပဲ ရှီနန် ဆိုတဲ့ တရုတ် ပြင်သစ် သတင်းထောက်မလေးကလည်း ရေဝိုင်ယာက စွမ်းအင်ကုမ္ပဏီမှာ သုတေသနခေါင်းဆောင်ဖြစ်တဲ့ ဝီလီယန်က ယူရေနီယမ် တူးဖော်ပြီး ကိတ်ဝါ (ယူရေနီးယား) အဖြစ် သန့်စင်ကာ ဗုံးလုပ်ဖို့ ကြံစည်နေတယ်ဆိုတာကု်ဖော်ထုတ်တွေ့ရှိထားပါတယ်။

ဒီတော့ သူလည်း ဒီကိစ္စကိုစုံစမ်းတာပေါ့။

ဒါပေမဲ့ ဇာကာ အကြမ်းဖက်သမားတွေက ဝီလီယန်ကော သူတို့ကုမ္ပဏီက တရုတ်ဝန်ထမ်းကောကို ဖမ်းဆီးသွားပါတော့တယ်။

ဒီလိုနဲ့ပဲ ရေဝိုင်ယာ အစိုးရကလည်း အကူညီမပေးနိုင်တဲ့ အပြင် ကိုယ့်ဘာသာ ဇာကာ အကြမ်းဖက်သမားရာချီနဲ့ ယှဉ်ပြီး တရုတ်ဓားစားခံတွေကိုကယ်ထုတ်ဖို့ ဖြစ်လာပါတယ်။

နိုင်ငံတစ်ခုလုံးမှာ သောင်းကျန်းနေတဲ့အကြမ်းဖက်သမားတွေကိုတော့ ကပ္ပတိန်ရန်နဲ့ သူ့လူလေးတွေက ရင်ဆိုင်ပြီး ဓားစားခံတွေကိ တရုတ် ရေတပ်သင်္ဘောမထွက်ခွာခင် အချိန်မှီ ကယ်ထုတ်လာရမှာပါ။

အစကတော့ ဒီလို အစီစဉ်တွေဆွဲထားပေမဲ့ မမျှော်လင့်ထားတာတွေ ဖြစ်လာတဲ့အခါမှာတော့ သူတို့ ဘယ်လို ရအောင် ကယ်ထုတ်မလဲ ဆိုတာကိုစိတ်ဝင်တစားကြည့်ရမှာပါ။

ဒါ့အပြင် သတင်းထောက်မလေး ရှီနန်နဲ့တွေ့ပြီး ကိတ်ဝါ(ယူရေးနီးယား) ကိစ္စကိုပါ သိလိုက်ရတဲ့ အချိန်မှာတော့…..

ကိုယ်နဲ့ မရင်းနှီးတဲ့ နိုင်ငံတစ်ခုမှာ ကိုယ့်လူလေးလက်တစ်ဆုပ်စာနဲ့ ရာချီတဲ့ မိုက်ရူးရဲ အကြမ်းဖက်သမားတွေလက်ထဲကနေ ဓားစားခံတွေကို အချိန်မှီ ဘယ်လို ကယ်ထုတ်မလဲ ဒါ့အပြင် အားလုံးကို ခြိမ်းခြောက်လာနိုင်တဲ့ ကိတ်ဝါ (ယူရေနီးယား) ကိစ္စကိုကော ဘယ်လိုရှင်းမလဲဆိုတာကိုတော့

ရုပ်ရှင်ကိုပဲ ဆက်လက်ရှု့စားလိုက်ပါဗျာ။

(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသာရစ်ပါ)

———————————————————————————————

CM ပရိတ္သတ္ႀကီးကုိ ဒီတစ္ခါမိတ္ဆက္ေပးခ်င္တာကေတာ့ Operation Red Sea ဆုိတဲ့ ၂၀၁၈ ထြက္ Chinese ကားေလးပါ

IMDB Rating 7.1 ရထားၿပီးေတာ့ Rotten Tomato 81% ထိရထားတဲ့ ဇာတ္ကားေလးျဖစ္ပါတယ္။

ဒီဇာတ္ကားကေတာ့ ၂၀၁၅ ခုႏွစ္တုန္းက ယီမင္ ျပည္တြင္းစစ္မွာ ပိတ္မိေနခဲ့တဲ့ တရုတ္ႏုိင္ငံသားေတြကုိကယ္ထုတ္ခဲ့ျခင္းျဖစ္ရပ္မွန္ကို မွီျငမ္းၿပီးရုိက္ထားတာပါ။

ဒီဇာတ္ကားထဲမွာ ေရ၀ုိင္ယာမွာ အစုိးရရယ္ ေတာ္လွန္ေရးတပ္ေတြရယ္ အၾကမ္းဖက္သမားေတြရယ္ ေၾကာင့္ ျပည္တြင္းစစ္ျဖစ္ေပၚလာတဲ့ အခ်ိန္မွာ ေရ၀ုိင္ယာမွာရွိတဲ့ တရုတ္ျပည္သူျပည္သားေတြက ပိတ္မိေနပါေတာ့တယ္

ဒီလုိ ပိတ္မိေနတာကုိ အနားမွာရွိေနတဲ့ တရုတ္ေရတပ္သေဘၤာကုိ ကယ္ထုတ္ဖုိ႔ တာ၀န္ေပးအပ္ေတာ့တာေပါ့။

ေရတပ္သေဘၤာကလည္း သူ႔ရဲ႕အေတာ္ဆုံးကြန္မန္ဒုိ တပ္ဖြဲ႕ကုိေစလႊတ္ၿပီးဓားစားခံေတြကုိကယ္တင္ခုိင္းပါတယ္။

ဒီအခ်ိန္မွာပဲ ရွီနန္ ဆိုတဲ့ တရုတ္ ျပင္သစ္ သတင္းေထာက္မေလးကလည္း ေရ၀ုိင္ယာက စြမ္းအင္ကုမၸဏီမွာ သုေတသနေခါင္းေဆာင္ျဖစ္တဲ့ ၀ီလီယန္က ယူေရနီယမ္ တူးေဖာ္ၿပီး ကိတ္၀ါ (ယူေရနီးယား) အျဖစ္ သန္႔စင္ကာ ဗုံးလုပ္ဖုိ႔ ႀကံစည္ေနတယ္ဆုိတာကု္ေဖာ္ထုတ္ေတြ႔ရွိထားပါတယ္။

ဒီေတာ့ သူလည္း ဒီကိစၥကုိစုံစမ္းတာေပါ့။

ဒါေပမဲ့ ဇာကာ အၾကမ္းဖက္သမားေတြက ၀ီလီယန္ေကာ သူတုိ႔ကုမၸဏီက တရုတ္၀န္ထမ္းေကာကုိ ဖမ္းဆီးသြားပါေတာ့တယ္။

ဒီလုိနဲ႔ပဲ ေရ၀ုိင္ယာ အစုိးရကလည္း အကူညီမေပးႏိုင္တဲ့ အျပင္ ကုိယ့္ဘာသာ ဇာကာ အၾကမ္းဖက္သမားရာခ်ီနဲ႔ ယွဥ္ၿပီး တရုတ္ဓားစားခံေတြကုိကယ္ထုတ္ဖုိ႔ ျဖစ္လာပါတယ္။

ႏုိင္ငံတစ္ခုုလုံးမွာ ေသာင္းက်န္းေနတဲ့အႀကမ္းဖက္သမားေတြကုိေတာ့ ကပၸတိန္ရန္နဲ႔ သူ႕လူေလးေတြက ရင္ဆုိင္ၿပီး ဓားစားခံေတြကိ တရုတ္ ေရတပ္သေဘၤာမထြက္ခြာခင္ အခ်ိန္မွီ ကယ္ထုတ္လာရမွာပါ။

အစကေတာ့ ဒီလုိ အစီစဥ္ေတြဆြဲထားေပမဲ့ မေမွ်ာ္လင့္ထားတာေတြ ျဖစ္လာတဲ့အခါမွာေတာ့ သူတုိ႔ ဘယ္လုိ ရေအာင္ ကယ္ထုတ္မလဲ ဆိုတာကုိစိတ္၀င္တစားၾကည့္ရမွာပါ။

ဒါ့အျပင္ သတင္းေထာက္မေလး ရွီနန္နဲ႔ေတြ႔ၿပီး ကိတ္၀ါ(ယူေရးနီးယား) ကိစၥကုိပါ သိလုိက္ရတဲ့ အခ်ိန္မွာေတာ့…..

ကုိယ္နဲ႔ မရင္းႏွီးတဲ့ ႏုိင္ငံတစ္ခုမွာ ကိုယ့္လူေလးလက္တစ္ဆုပ္စာနဲ႔ ရာခ်ီတဲ့ မုိက္ရူးရဲ အၾကမ္းဖက္သမားေတြလက္ထဲကေန ဓားစားခံေတြကုိ အခ်ိန္မွီ ဘယ္လုိ ကယ္ထုတ္မလဲ ဒါ့အျပင္ အားလုံးကုိ ၿခိမ္းေျခာက္လာႏုိင္တဲ့ ကိတ္၀ါ (ယူေရနီးယား) ကိစၥကုိေကာ ဘယ္လုိရွင္းမလဲဆုိတာကုိေတာ့

ရုပ္ရွင္ကုိပဲ ဆက္လက္ရွဳ႕စားလုိက္ပါဗ်ာ။

 

(ဇာတ္လမ္းအညႊန္းနဲ႔ဘာသာျပန္သူကေတာ့ ကိုသာရစ္ပါ)

 

File Size : (1.1 GB)
Quality : Blu-Ray 720p
Running Time : 2hr 22min
Format : Mp4
Genre : Action, Drama, Thriller
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p BluRay DTS.x264-CHD
Translated by Tariq L Walker
Encoded by Thanhtike Zaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Operation Red Sea (2018)
Operation Red Sea (2018)


No downloads available

Genres



Related movies