Exit print mode Print Data A+ A- Undo all

Oppenheimer (2023)

The world forever changes.
Oppenheimer (2023)Oppenheimer (2023)

Synopsis:

Oppenheimer (2023)

IMdb Rating (8.5) / Rotten Tomatoes (93%)

ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ အော့ပန်ဟိုင်းမားကို
4K IMAX HDR/SDR Quality တွေနဲ့ တင်ဆက်လိုက်ပါတယ်။

Peaky Blinder ရဲ့ မင်းသား Cillian Murphy က ဒေါက်တာ ဂျေ ရောဘတ် အော့ပန်ဟိုင်းမားအဖြစ်
ခေါင်းဆောင်ပါဝင်ထားပြီး၊ နာမည်ကြီးတွေဖြစ်တဲ့ Robert Downey Jr., Emily Blunt, Matt Damon, Rami Malekတို့ အစုံပါဝင်ထားပါတယ်။

ဒီရုပ်ရှင်ဟာ သမိုင်း၊ ဒရာမာ၊ အထ္ထုပ္ပတ္တိ အမျိုးအစားပဲဖြစ်ပါတယ်။
သမိုင်းကို နည်းနည်းလေး ကြားဖူးသူတိုင်းတောင်
ဟီရိုရှီးမားနဲ့ နာဂါဆာကီကို ကြားဖူးကြမှာပါ။
ဒီရုပ်ရှင်ထဲက ပုဂ္ဂိုလ်ကတော့ အဲဒီမြို့နှစ်မြို့ကို
ကျဲချခဲ့တဲ့ အနုမြူဗုံးကို တီထွင်ခဲ့တဲ့ သူပါပဲ။
သမိုင်းတလျှောက် အကျော်ကြားဆုံးလူတွေထဲကတစ်ယောက်ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကို နိုလန်ရဲ့ထုံးစံအတိုင်း အတန်းလိုက်မဟုတ်တဲ့
ဇာတ်ကြောင်းပြောပုံတွေရယ်၊ နောက်ကြောင်းပြန်ပုံတွေရယ်နဲ့
စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားပါတယ်။

အော့ပန်ဟိုင်းမားရဲ့ ကျောင်းသားဘဝ၊ ပါမောက္ခဘဝ၊ ကွန်မြူနစ်နောက်ခံ
ဘဝတွေကနေ အမေရိကန်ရဲ့ အကြီးမားဆုံး စီမံကိန်းဖြစ်တဲ့
မန်ဟက်တန်စီမံကိန်းကို လော့စ် အာလာမို့စ်မှာ ဦးဆောင်ခဲ့ရပုံတွေကိုပြသထားပါတယ်။

အနုမြူဗုံးကိုအောင်မြင်စွာဖန်တီးပြီး စစ်နိုင်သွားတဲ့နေရာမှာ
ရပ်သွားတာမဟုတ်ဘဲ အဲဒီနောက်ပိုင်းမှာ သမ္မတနဲ့ အစိုးရကိုပါ
အတိုက်အခံလုပ်ပြီး အနုမြူလက်နက် ကန့်သတ်ရေးကို
လှုပ်ရှားခဲ့တဲ့ဘဝအကြောင်းတွေပါ ပါဝင်ပါတယ်။

ပထမဆုံး အဖြူအမည်း IMAX ရိုက်ချက်တွေကို
ဖန်တီးထည့်သွင်းထားသလို ရုပ်ရှင်တစ်ကားလုံးကို CGI မသုံးခဲ့တဲ့အတွက်လည်း နာမည်ကြီးနေပါသေးတယ်။
ပြီးတော့ အော့ပန်ဟိုင်းမားနဲ့ခေတ်ပြိုင် နာမည်ကြီး
သိပ္ပံပညာရှင်တွေလည်း အချက်အလက်အသေးစိတ်ထည့်သွင်းထားပါသေးတယ်။
အဲဘတ်အိုင်းစတိုင်း၊ ကာ့ထ်ဂိုဒဲ၊ ရစ်ချက်ဖိုင်းမန်းတို့လို
ဇာတ်ကောင်တွေကိုလည်း အသေးစိတ်ဖန်တီးထားပါတယ်။
အတော်ကိုကြည့်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။

(4K Quality ကို IMAX Version ကိုမှ ကာလာပိုလှပတဲ့ HDR Version နဲ့ ရိုးရိုး SDR Version ၂ ခုစလုံးတင်ဆက်ပေးထားပါတယ်။ HDR ကိုတော့ HDR Play နိုင်တဲ့ ခေတ်ပေါ် Device များမှာသာ ကြည့်ရှုလို့ရမှာဖြစ်ပြီး SDR ကတော့ ဘာနဲ့ကြည့်ကြည့်ရပါတယ်ခင်ဗျာ။)

File size… (5.8 GB)/ (10 GB) /(2.35 GB) /  (1.05 GB)
Quality… BluRay  4K HDR/SDR /1080p / 720p
Format… mkv/mp4
Duration…. 3 hr
Genre …..  Drama, History
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant,Ka Naung
Translated by Mr. Anderson



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Oppenheimer
Director
Christopher Nolan
Release Date
July 21, 2023
Rated
R
Runtime
3hr
Country
USA
Budget
USD $100 000 000,00
Revenue
USD $434 400 000,00
Popularity
996.477
Status
Released
ID IMDb.com
tt15398776
IMDB Rating
8.7
IMDB votes
278K
ID Themoviedb.org
872585
TMDb Rating
8.325
TMDb votes
1377