Channel Myanmar

Oprah + Viola: A Netflix Special Event (2022)

Documentary

IMDB: /10 votes

,

5505

Report error

Viola Davis ဟာ အမေရိကန်ရုပ်ရှင်လောကမှာ အောင်မြင်မှုအင်တန်ကြီးမားတဲ့
လူမဲအမျိုးသမီးသရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ How to get away with murder, Fences, Ma
Rainey’s Black Bottom, Suicide Squad စတဲ့ ဇာတ်လမ်းကောင်းတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး
Academy, Emmy Award, Tony award တို့ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့သူပါ။ သို့ပေမယ့်
သူ့ရဲ့ငယ်ဘဝကတော့ ပျော်ရွှင်ဖွယ်ကောင်းတယ်လို့ မဆိုနိုင်ပါဘူး။

 

Viola ဟာ အင်မတန်ဆင်းရဲချို့တဲ့ပြီး
ကြမ်းတမ်းတဲ့ဖခင်နဲ့အတူ ကြီးပြင်းလာခဲ့ပါတယ်။ ၁၉၆၀ဝန်းကျင်က လူမဲတွေအပေါ်
အသားအရေခွဲခြားရှုံ့ချခြင်းတွေကို အလူအလဲခံရင်း အနုပညာလမ်းကြောင်းပေါ်မှာ
မားမားမတ်မတ်ရပ်တည်နိုင်ဖို့ ပြင်းထန်တဲ့ကြိုးစားအားထုတ်မှုတွေကို ပြုခဲ့ရသူပေါ့။
2022 April 26မှာ Viola ဟာ Finding Me : A Memoir ဆိုတဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတစ်အုပ်ကို
ထုတ်ဝေခဲ့ပါတယ်။

 

အဲဒီစာအုပ်မှာ ရေးသားထားတဲ့ အကြောင်းအရာတွေ အများကြီးထဲက
အင်မတန်စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေဖြစ်တဲ့ ငယ်ဘဝကမိသားစုအခြေအနေ၊
အနုပညာပါရမီကို ရှာဖွေတွေ့ရှိခဲ့ပုံ၊ အနုပညာလမ်းကြောင်းပေါ် ရောက်ရှိရန်ကြိုးပမ်းခဲ့မှု၊
အဖိုးမဖြတ်နိုင်တဲ့လူအချို့နဲ့ တွေ့ဆုံခြင်း စတဲ့အကြောင်းအရာတွေကို အမေရိကန် talkshow host
တစ်ယောက်ဖြစ်တဲ့ Oprah Winfrey နဲ့အတူ ဆွေးနွေးသွားတာဖြစ်ပါတယ်။
Zero to hero ဖြစ်လာခဲ့တဲ့ ဒီအမျိုးသမီးရဲ့ပုံပြင်ကို နားဆင်ရင်း လမ်းပျောက်နေတဲ့ လူတိုင်းအတွက်
ဘဝခရီးလမ်းပေါ် တွန်းတင်ပေးတဲ့ စိတ်ခွန်အားလေးဖြစ်နိုင်မယ်လို့ ယုံကြည်ရင်း ဒီ talkshow
အစီအစဉ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။

 

 

File size…1.1GB / 508MB
Quality…1080p WEB H264 AAC5.1CH / 720p
Format…mp4
Duration….48m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by Tsukishiro

Oprah + Viola: A Netflix Special Event (2022)
Oprah + Viola: A Netflix Special Event (2022)


No downloads available

Genres



Related movies