Exit print mode Print Data A+ A- Undo all

Outbreak (1995)

This animal carries a deadly virus... and the greatest medical crisis in the world is about to happen.
Outbreak (1995)Outbreak (1995)

Synopsis:

ဒီတစ်ခါမှာတော့ လတ်တလော ဖြစ်ပွားနေတဲ့ Covid 19 လိုမျိုး ဗိုင်းရပ်စ်တစ်မျိုးကြောင့်

လူတွေ ဘယ်လိုဒုက္ခရောက်ရလဲဆိုတာကို ရိုက်ကူးပြထားတဲ့ ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်

1995 ခုနှစ်မှာ ထွက်ခဲ့တဲ့ Outbreak ဆိုတဲ့ အမေရိကန်ကားလေးပါ

ဒီဇာတ်ကားထဲက ဇာတ်လိုက်ကျော်ဗိုင်းရပ်စ်ကတော့ အာဖရိကမှာ စတင်ပေါ်ပေါက်လာခဲ့တဲ့ Motaba ဗိုင်းရပ်စ်ပါ

ဘီလီဖော့ဒ်နဲ့ သူ့အထက်အရာရှိ မက်ကလင်တော့တို့ဟာ အာဖရိကကို ကူညီဖို့ သွားခဲ့ပေမဲ့ ပြင်းထန်လွန်းပီး

ကူးစက်မြန်တဲ့ ရောဂါ ဖြစ်နေတဲ့အတွက် မတတ်သာဘဲ စခန်းကို အပျောက်ရှင်းခဲ့လိုက်ကြပါတယ်

ဒီဗိုင်းရပ်စ်အတွက် ကုသဆေးကိုတော့ အမေရိကမှာ စမ်းသပ်ထုတ်ဖော်ခဲ့ကြပီး လျှို့ဝှက်လက်နက်တစ်ခုအနေနဲ့ သိမ်းထားခဲ့ကြပါတယ်

တစ်နေ့မှာ အာဖရိကမှ မျောက်တစ်ကောင်ကို ဂျင်ဘိုဆိုတဲ့ကောင်လေးက ဖမ်းလာခဲ့မိပါတယ်

အဲဒီမျောက်မှာ Motaba virus ပါလာပြီး ဂျင်ဘိုကတစ်ဆင့် ကူးစက်ပါတော့တယ်

ဂျင်ဘိုက မျောက်ကို လွှတ်ပေးလိုက်တဲ့အခါ အစရှာမရဖြစ်ပီး ရောဂါဟာ ကယ်လီဖိုးနီးယားက မြို့တစ်မြို့လုံးနီးပါး ကူးစက်ခံခဲ့ရပါတော့တယ်

ဒီလိုနဲ့ မြို့ကို ကန့်သတ်စောင့်ကြည့်ရင်း စစ်ဆရာဝန် ဗိုလ်မှူးကြီး ဆမ်ဒန်နီယယ်တို့အဖွဲ့ ကုသနည်းကို ရှာဖွေကြပုံတွေကို ရိုက်ကူးပြထားပါတယ်

ကုသနည်းရှာဖွေနေစဉ်အတွင်း ဆရာဝန်တွေကို ကူးစက်သွားလို့ ဆုံးရှုံးရပုံတွေ ကူးစက်ခံလူနာတွေဟာ

မိသားစုဝင်တွေနဲ့ ထိတွေ့ခွင့်မရတာ‌ေတွ ရောဂါဒဏ်ကို အလူးအလဲ ခံစားရပုံတွေ သေဆုံးချိန်မှာလည်း လူမသိသူမသိ မီးသဂြိုလ်ပြီး

လူ့လောကကို နှုတ်ဆက်သွားကြရပုံတွေဟာ ယခုလက်ရှိအနေအထားနဲ့ အရမ်းကို တိုက်ဆိုင်နေတော့

ဒီလိုအချိန်မျိုးမှာ ကြည့်ရတာ ခံစားသက်ဝင်လို့ကောင်းမယ့် ဒရမ်မာ ကားကောင်း တစ်ကားပါ

IMDB rating 6.6 ထိလည်း ရထားပါတယ် နောက်ဆုံးမှာ ကုသဖို့ ဆေးဖော်စပ်တာ အောင်မြင်သွားမလား

ကူးစက်ခံမြို့သူမြို့သား‌ေတွဟာ နိုင်ငံအတွက်နဲ့ လူမသိသူမသိ အစဖျောက်ခံရမလားဆိုတာတော့

အသည်းတထိတ်ထိတ်နဲ့ ကြည့်ရှုရမှာဖြစ်လို့ လက်မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးပါလို့ ညွှန်းပေးပါရစေ

(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Tharaphi Lwin ပါ)

 

File Size : (1.99 GB),(900 MB) And (480 MB)
Quality : Blu-Ray (1080p 5.1,720p,480p)
Running Time : 2hr 07min
Format : Mp4
Genre : Action, Drama, Thriller
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080p.BluRay.x264-TiMELORDS
Translated by May Tharaphi Lwin
Encoded by Thanhtike Zaw

 

zawgyi













မိသားစုဝင်တွေနဲ့ ထိတွေ့ခွင့်မရတာ‌တွေ ရောဂါဒဏ်ကို အလူးအလဲ ခံစားရပုံတွေ သေဆုံးချိန်မှာလည်း လူမသိသူမသိ မီးသဂြိုလ်ပြီး




ကူးစက်ခံမြို့သူမြို့သား‌တွေဟာ နိုင်ငံအတွက်နဲ့ လူမသိသူမသိ အစဖျောက်ခံရမလားဆိုတာတော့



Running Time : 2hr 07min
Format : Mp4



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Wolfgang Petersen
Stars
Benito Martinez, Cuba Gooding Jr., Donald Sutherland, Dustin Hoffman, Kevin Spacey, Malick Bowens, Morgan Freeman, Patrick Dempsey, Rene Russo, Zakes Mokae
Release Date
10 March 1995 (USA)
Rated
R
Runtime
2h 7min
Country
USA
Budget
USD $50 000 000,00
Revenue
USD $189 859 560,00
Popularity
31.524
Status
Released
ID IMDb.com
tt0114069
IMDB Rating
6.6
IMDB votes
112,917
ID Themoviedb.org
6950
TMDb Rating
6.5
TMDb votes
1178