Channel Myanmar

Oversize Cops (2017)

Oversize Cops    

N/A 100 min ActionComedy

6.3
IMDB: 6.3/10 1,198 votes

N/A

Thailand

322520

Report error

အိုဗာဆိုဒ်လို့တွေ့တာနဲ့ မျက်လုံးထဲမှာ ၀၀ဖိုင့်ဖိုင့်ကိုယ်လုံး တွေပဲ ပြေးမြင်မိကြမှာဖြစ်သလို တကယ်လည်းပဲ ဝဖိုင့်ပြီး ခန္ဓာ ကိုယ်ကို မနည်းလှုပ်ရှားသွားလာ နေရတဲ့ ရဲဝန်ထမ်းလေးယောက် အကြောင်း ရိုက်ကူးတင်ဆက် ထားတာဖြစ်ပါတယ်။

ကန်နဲ့သူ့ သူငယ်ချင်းသုံး ယောက်က ဝလွန်းပြီး လှုပ်ရှားမှု နှေးကွေးလွန်းလို့ လုယက်သမား ကို မဖမ်းနိုင်ခဲ့တဲ့သတင်းဟာ သတင်းခေါင်းကြီးပိုင်းမှာပါလာ ပြီးနောက်မှာတော့ ထိုင်းရဲဌာနကို အရှက်ရစေခဲ့ပါတယ်။ အဲဒါနဲ့ ရဲ ဌာနချုပ်အကြီးအကဲက ထိုင်းရဲ တွေအကုန်လုံး ဗိုက်မပူရဘူးဆို တဲ့အမိန့် ထုတ်လိုက်ပြီး သတ် မှတ်ကိုယ်အလေးချိန်အတိုင်းရှိ နေစေဖို့ လုပ်ခိုင်းပါတော့တယ်။ သူတို့တွေအကုန်လုံးကို ကိုယ်အ လေးချိန်တွင် ပြန်ချိန်၊ ဆေးတွေ စစ်ခိုင်းပြီး သုံးလအတွင်း ပေါင် ချိန်လျော့အောင်လုပ်ရမယ်လို့ အမိန့်ပေးခဲ့ပြီး လေ့ကျင့်ခန်းယူစေ ခဲ့ပါတယ်။

အားနေရင် လေးယောက် သား အတူစားလိုက်သောက် လိုက်လုပ်နေကြတဲ့ ကန်တို့ လေး ယောက်အဖို့ ကိုယ်အလေးချိန် လျှော့ခိုင်းတဲ့အမိန့်ဟာ ငရဲအ လားပါပဲ။ အဲဒါနဲ့ အပြေးလေ့ကျင့် ခန်းတွေယူရ၊ အစားအသောက် ကိုလည်း အတိုင်းအဆနဲ့ စားရလို့ စိတ်ဒုက္ခရောက်နေချိန်မှာ ဝမ်း သာ ပျော်ရွှင်စရာ အခြေအနေ လေးပေးလာပြန်ပါတယ်။ အဲဒါ ကတော့ ဇွန်ဘာ အကဆရာမ ချောချောလေး မီးန်ဆီမှာ သင် တန်းတက်ရလို့ပဲဖြစ်ပါတယ်။

ဒီလိုနဲ့ဝိတ်ကျဖို့ အရေးကြိုး ပမ်းနေတုန်းမှာပဲ အရင်တစ်ခါ လွတ်သွားတဲ့ လုယက်မှုတရားခံ ပြေးကို ဖမ်းဆီးဖို့ဖြစ်လာတဲ့အခါ မှာ ကန်တို့ရဲ့ အဖွဲ့ခေါင်းဆောင် ကပ္ပတိန်ချက်နဲ့အတူ လိုက်ဖမ်း ပြန်ပါတယ်။ ၀၀ဖိုင့်ဖိုင့်ကိုယ်လုံး တွေနဲ့ အတိုက်အခိုက်ဇာတ်ဝင် ခန်းတွေ၊ လေ့ကျင့်ခန်းယူချိန်ကြုံ ရတဲ့အခက်အခဲတွေ၊ အလွဲလေး တွေကိုကြည့်ပြီး ရယ်မောရမှာမို့ ပရိသတ်တွေ သဘောကျမယ်လို့ ထင်ပါတယ်။

ကိုယ်အလေးချိန်မကျသေး တဲ့ ကန်တို့အဖွဲ့ ဒီတစ်ခါကော ရဲ ဌာနချုပ်ဂုဏ်သိက္ခာကို ပြန်ဆယ် နိုင်ပါ့မလား၊ ဖက်တီးရဲလေး ယောက်က ဘယ်လိုပုံစံနဲ့ လူဆိုး ဖမ်းကြမှာလဲဆိုတာ မှန်းကြည့်ရုံ နဲ့တင် ရယ်ချင်စရာပါ။ ဖက်တီး ရဲလေးယောက် တကယ်ပဲ သရုပ် ဆောင်ကောင်းလားဆိုတာတော့ ကိုယ်တိုင်အကဲအဖြတ်ကြည့်စို့ လားနော်။       ။

(ဇာတ်လမ်းအညွှန်းကို 7Daily Website မှ ကူးယူဖော်ပြပါသည်)

 

File Size : (800 MB) 
Quality : Blu-Ray 720p
Running Time : 1hr 40min
Format : Mp4
Genre :Action, Comedy
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080p BDRip x264 AAC
Translated by Ei Pa Pa San
Encoded by Thanhtike Zaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies