Channel Myanmar

Content at random


Movies

SEE ALL
Sweet As (2023) 6.8
Sweet As (2023)  မာရာဆိုတဲ့ ကောင်မလေးတစ်ယောက်ကအိမ်မှာ အမေနဲ့အတူတူနေထိုင်နေတာဖြစ်ပြီး အမေဖြစ်သူကဆိုးသွမ်းတဲ့အတွက် အရမ်းစိတ်ဖိစီးနေပြီးစိတ်ညစ်နေရတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာတော့သားအမိ နှစ်ယောက်ပြဿနာအကြီးအကျယ်တက်ပြီးတဲ့နောက်မှာ ဦးလေးဖြစ်သူက မာရာကိုတခြားကလေးတွေနဲ့အတူတူခရီးထွက်ဖို့အတွက် ပို့ပေးခဲ့ပါတော့တယ်။ အဲ့ဒီခရီးစဉ်က တစ်ပတ်ကြာမှာဖြစ်ပြီး တခြားယောက်ျားလေးနှစ်ယောက်နဲ့မိန်းကလေးတစ်ယောက်လဲ အတူပါဝင်ပါတယ်။အဲ့ဒီခရီးစဉ်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ တောတောင်ရေမြေတွေရဲ့သဘာဝအလှအပတွေကိုကြည့်ရှုပြီးမှတ်တမ်းတင် ဓာတ်ပုံရိုက်ရတဲ့ခရီးစဉ်ပဲဖြစ်ပါတယ်။မာရာနဲ့အတူတူပါလာတဲ့ တခြားကလေးသုံးယောက်ကလဲ ကိုယ့်အခက်အခဲနဲ့ကိုယ်ရှိနေတဲ့ကလေးတွေဖြစ်ကြပါတယ်။ဒီလိုနဲ့ သူတို့လေးယောက်သားနဲ့ခရီးစဉ်လိုက်ပို့ပေးတဲ့သူနှစ်ယောက်ကြားမှာ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်အခိုက်အတန့်လေးတွေနဲ့သူတို့တွေရဲ့ ဘဝတွေကိုပါ ပြောင်းလဲပေးမဲ့အခိုက်အတန့်လေးတွေကိုကြည်နူးဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။  File size…1.77GB / 744MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 27m Genre ….. Action , Adventure , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Sweet As (2023)

Hex (2023)
Hex (2023)  ကောင်းကင်ပေါ်ကို လေယာဉ်နဲ့အမြင့်ကြီးသွားပြီးတော့ Skydiving(လေထီးခုန်ခြင်း)ကိုလုပ်ဖူးတဲ့သူတွေရှိပါသလား။အဲ့လိုလုပ်ချင်တဲ့အိပ်မက်ရှိတဲ့လူတွေလဲရှိမှာပါပဲ။ ဒီကားထဲမှာတော့လေထီးခုန်တဲ့ အဖွဲ့တစ်ဖွဲ့နဲ့သူတို့အဖွဲ့ ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်ဆိုးတွေကို ရိုက်ကူးထားတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ဆယ်ရာဆိုတဲ့ ကောင်မလေးတစ်ယောက်ကလေထီးခုန်တဲ့ကွင်းမှာတစ်ယောက်တည်း လေထီးခုန်လေ့ရှိတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ရုပ်လေးကလဲချော စကေးကလဲကောင်းတော့ အဲ့ဒီကွင်းကငါးယောက်ရှိတဲ့အဖွဲ့တစ်ဖွဲ့က သူတို့အဖွဲ့ထဲဝင်ဖို့အတွက်သူ့ကိုသိမ်းသွင်းပါတော့တယ်။ဒီလိုနဲ့နောက်ဆုံးတော့လဲဆယ်ရာတစ်ယောက်အဲ့ဒီအဖွဲ့ထဲကိုရောက်သွားခဲ့ပါတယ်။ဆယ်ရာအဖွဲ့ထဲရောက်ပြီး သိပ်မကြာခင်ပဲသူတို့အဖွဲ့ထဲကတစ်ယောက်ကဟက်ဇ်ဆိုတဲ့အဖွဲ့လိုက်လေထီးခုန်နည်းတစ်ခုကို လုပ်ဖို့အတွက်အကြံပေးပါတော့တယ်။အဲ့ဒီလေထီးခုန်နည်းကအရမ်းအန္တရာယ်များလို့မလုပ်သင့်ဘူးလို့ပြောကြပေမဲ့ သူတို့အဖွဲ့ကတော့ရအောင်ကိုလုပ်ပါတော့တယ်။ ဒီလိုနဲ့ပထမဆုံးလုပ်ခဲ့တဲ့နေ့မှာတော့အလွဲလေးတွေ ဖြစ်ခဲ့ပေမဲ့နောက်နေ့ပြန်ခုန်ကြည့်တဲ့အခါမှာအောင်မြင်သွားခဲ့ပါတယ်။အဲ့ဒီမှာတင် သူတို့ဘဝရဲ့အိပ်မက်ဆိုးတွေကစတင်ခဲ့ပြီးအဖွဲ့ထဲကလူတွေနည်းအမျိုးမျိုးနဲ့တစ်ယောက်ချင်းစီသေကုန်ကြပါတော့တယ်။ဒီလိုနဲ့ဆယ်ရာတို့လဲ အဲ့လိုဖြစ်နေရတာဘာလို့လဲဆိုတာကိုအစွမ်းကုန်အဖြေထုတ်ဖို့ကြိုးစားကြရင်းနဲ့ သူတို့ဘဝရဲ့အကြီးမားဆုံးအိပ်မက်ဆိုးကြီးကနေနိုးထနိုင်ပါ့မလားဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။  File size…1.43GB / 584MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 28m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Hex (2023)

The Unlikely Pilgrimage of Harold Fry (2023) 6.8
The Unlikely Pilgrimage of Harold Fry (2023)  ဟာရိုးဖရိုင်းဆီ ကို စာတစ်စောင်ရောက်လာတယ် ။ဘယ်ကပို့မှန်းလဲမသိ။သားသမီးမရှိတဲ့ သက်ကြီးရွယ်အိုလင်မယားနှစ်ယောက်ဆီ စာရောက်လာတာတစ်မျိုးတော့စိတ်ထဲဖြစ်သွားတယ်။ စာအိတ်ပေါ်မှာရေးထားတဲ့ Berwickupon Tweed ဆိုတဲ့ နေရာကတွေ့တော့ ဘေးက ဇနီးဖြစ်သူမော်ရင်ကိုမေးလိုက်တယ်။ ဇနီးသည်က လည်းမသိဘူးတဲ့။ စာအိတ်ကိုဖောက်ဖတ်ကြည့်လိုက်တော့ မိတ်ဆွေဟောင်းကင်ဆာရောဂါသည် ကွင်နီကပို့လိုက်တဲ့နှုတ်ဆက်စာလေးတစ်စောင်ဖြစ်နေတယ်။ ဟာရိုးတစ်ယောက် အတိတ်ကအကြောင်းအရာတွေကို သတိရမိသွားပြီး ပြန်စာရေးလိုက်တယ်။ ရေးပြီးစာလေးကိုစာတိုက်ပုံးထဲသွားထည့်ဖို့ ဇနီးသည်ကိုပြောပြီးထွက်လာလိုက်တယ်။ သူ့စိတ်ထဲ တစ်ခုခုခံစားနေတဲ့အတွက် စာတိုက်ပုံးနားမှာ ချီတုံချတုံဖြစ်နေတယ်။ဒီလိုနဲ့စတိုးဆိုင်တစ်ဆိုင်ထဲဝင်ပြီး မုန့်လေးဘာလေးဝယ်ပြီး ကောင်တာမှာပိုက်ဆံရှင်းတော့ ဝန်းထမ်းလေးက စာအကြောင်းမေးတယ်။ ကင်ဆာရောဂါသည်မိတ်ဆွေဟောင်းအတွက်လို့ပြောတယ်။ ဝန်ထမ်းမလေးက သူ့အဒေါ်လည်းအဲ့လိုရောဂါခံစားနေရကြောင်း လက်မလျှော့ဘဲ ယုံကြည်မှုပေးရင် မျှော်လင့်ချက်ရှိလာနိုင်ကြောင်းပြောပြတယ်။ ဟာရိုးရဲ့စိတ်ထဲမှာ အတွေးတစ်ချက်ပေါ်လာပြီးကွင်နီတက်နေတဲ့ ဆေရုံးကိုဖုန်းဆက်လိုက်တယ်။မိုင် ၅၀၀ နီးပါးဝေးတဲ့ Berwickupon Tweed အထိသူလမ်းလျှောက်လာမယ်ဖြစ်ကြောင်း ကွင်နီကိုသူလာတဲ့အထိ‌စောင့်နေပါဆိုတဲ့အကြောင်းဖုန်းဆက်ပြောပြီး အိမ်ကိုတောင်မပြန်ဘဲသူ့ရဲ့ခရီးစဉ်ကို အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ စတင်လိုက်တယ်။  File size…2.09GB / 702MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 48m Genre ….. Drama Subtitle….Myanmar Subtitle ...
movie

The Unlikely Pilgrimage of Harold Fry (2023)

I Am Rage (2023)
I Am Rage (2023) ၂၀၂၃ မှာထွက်ရှိခဲ့သော သဲထိတ်ရင်ဖို/ action ဇာတ်လမ်းလေးတစ်ခုပဲဖြစ်ပါတယ်၊ ဇာတ်ညွှန်းရေးဆရာကတော့ ၂၀၂၀ခုနှစ်မှာထွက်ရှိလာတဲ့ Army Of One ကိုရေးသားပေးခဲ့တဲ့ ဇာတ်ညွှန်းဆရာလည်းဖြစ်ပါတယ်၊ Director David Ryan Keith ကတော့ ဒီသည်းထိပ်ရင်ဖို ဇာတ်လမ်းလေးကို ဦးစီးပြီးတော့ပုံဖော်ပြသခဲ့ပါတယ် ဒီကားထဲမှာ Main Character "Erin Bradley" အနေနဲ့သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Hannaj Bang Bendz ကတော့ သရုပ်ဆာင်တာတင်မကပဲ စာရေးဆရာ၊ တည်းဖြတ်ဒါရိုက်တာအနေနဲ့လည်း ရုပ်ရှင်တချို့မှာပါဝင်လုပ်ဆောင်ခဲ့ပါတယ် ဇာတ်လမ်းအညွှန်း Erin Bradley ကတစ်နေ့ သူ့ကောင်လေးရဲ့မိဘအိမ်ကို ခရီးသွားခဏနေရင်းနဲ့ သူ့မိသားစုသရုပ်မှန်ကိုသိရှိခဲ့တဲ့အချိန်မှာ မိသားစုတစ်စုလုံးက လူတွေရဲ့သွေးတွေကိုထုတ်ကုန်အဖြစ်ရောင်းချနေသော အဖွဲ့စည်းတစ်ခုဖြစ်နေတယ်၊ သူတို့မိသားစုကErinကိုမြင်တွေ့နေရတာကကော သူ့ရဲ့တကယ့် သရုပ်မှန်လား, ဒီဇာတ်လမ်းထဲမှာတော့ Erin အနေနဲ့ဘယ်လို အန္တရာယ်တွေနဲ့ ထိပ်တိုက်တွေ့ရမလဲကို မြင်တွေ့ကြည့်ရှုခံစားရမှာပါ File size…(1.3 GB)/(684 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre...Action, ...
movie

I Am Rage (2023)

The Strangers (2008) 6.1/10
The Strangers (2008) ဒီနေ့မှာတော့ IMDb 6.1 ရထားပြီး ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတဲ့ The Strangers စိတ္တဇလူသတ်ကားလေးတင်ပေးမှာဖြစ်ပါတယ်၊ ဇာတ်လမ်းအစမှာ ဂျေမီနဲ့ ခရစ်စတန်တို့ အတွဲက ကတောက်ကစလေးတွေ ဖြစ်ပြီး အပန်းဖြေအိမ်ကိုပြန်လာကြပါတယ်၊ နောက်မှသူတို့သိလိုက်ရတာကတော့ အပန်းဖြေအိမ်က အပန်းပြေစရာမကောင်းမှန်းပါ။ အိမ်ပတ်လည်မှာ တင် မျက်နှာဖုံးစွပ်နဲ့လူတွေရောက်လာလိုက် ပျောက်သွားလိုက်နဲ့ ဖြစ်ရာက နောက်ဆုံး သူတို့ကို ကိုယ်ထိလက်ရောက် အန္တရာယ်ပေးဖို့ဖြစ်လာကြပါတယ်။ ကဲ…. သဲထိတ်ရင်ဖိုကားမို့ အရမ်းမ spoil ချင်တာကြောင့် ဒီလောက်နဲ့တင်အညွှန်းရပ်ပြီး၊ ကိုယ်တိုင်ရှုစားကြည့်ဖို့အကြံပေးပါတယ်။  File size…(950Mb)/(400Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia 
movie

The Strangers (2008)

Beware the Night Nurse (2023)
Beware the Night Nurse (2023)  ကလဲရာနဲ့ ဇက်ခ်တို့ဇနီးမောင်နှံက ကလေးမရနိုင်လို့ ကလေးရဖို့ကြိုးစားနေရာကနေ နောက်ဆုံးသားလေးရလာပါတယ်။ ကလဲရာက ကိုယ်ဝန်မဆောင်နိုင်တာမို့ သားလေးကို အရမ်းရင်းနှီးရတဲ့ လစ်ဇ်က ကူညီပြီး အငှားကိုယ်ဝန်ဆောင်ပေးပြီး ခက်ခက်ခဲခဲရအောင်ယူထားရတာပါ။ သားလေးရလာပြီးနောက် မိသားစုလေးတစ်ခုဖြစ်လာပြီး ပျော်ရွှင်ရမယ့်အချိန်မှာ ဘယ်လိုအနှောက်အယှက်တွေနဲ့ ကြုံရမလဲ။ ကြုံတွေ့ရမယ့် အနှောက်အယှက်တွေကကော လစ်ဇ်နဲ့ ဘယ်လိုဆက်စပ်နေလဲ။ အိမ်ကို ရုတ်တရက်ရောက်လာတဲ့ ယောက္ခမကြီးနဲ့ရော ဘယ်လိုပြသနာတွေကြုံတွေ့ရမလဲ။ မိန်းမနဲ့အမေကြားက ပြသနာတွေကို ဇက်ခ်ကကော ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကို ကြည့်ရမှာပါ။ စိတ်ဝင်စားစရာကောင်းပြီး မိသားစုကြားက ပဋိပက္ခတွေ နဲ့ သူ့ဘက်ကိုယ့်ဘက်အခြေအနေတွေကို မြင်အောင်ပြထားပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့ မြှုပ်ကွက်တွေနဲ့မို့ ကြည့်လို့ကောင်းစေမယ့် ဇာတ်ကားကောင်းလေးတစ်ခုပါ။ File size…(1.4 GB)/(666 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Tv Movie, Thriller, Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ls.Ko
movie

Beware the Night Nurse (2023)

What Comes Around (2023) 5.1
What Comes Around (2023) What Comes Around (2023) ====================အန်နာဟာ အမေနဲ့အတူနေတဲ့ ဆယ်ကျော်သက်ကောင်မလေး တစ်ယောက်ဖြစ်တယ်။ သစ်ရွက်လှုပ်တိုင်းရင်ခုန်တတ်တဲ့အရွယ်မှာ အွန်လိုင်းကနေ အချစ်နဲ့ထိတွေ့မိတယ်။ အရူးအမူးပါပဲ။ သူ့မွေးနေ့မှာ အွန်လိုင်းပေါ်က ကောင်လေးဟာ မိုင်၉၀၀ဆိုတဲ့ အကွာအဝေးကို ဖြတ်ပြီး သူ့ဆီလာတွေ့တယ်။ အပေါ်ယံကြည့်ရင်တော့ ကြည်နူးစရာ ကောင်းတဲ့ဆယ်ကျော်သက်အချစ်ဇာတ်လမ်းလေးပါပေါ့။ဒါပေမဲ့ ကောင်လေးဟာ သူ့ကိုတွေ့ချင်လို့လာတယ်ဆိုတာ အကြောင်း ပြချက်တစ်ခုသာသာပါပဲ။ အပြင်မှာ တွေ့ရတော့ ထိုလူဟာ အသက် လိမ်ထားမှန်းသိလိုက်ရတယ်။ တကယ်တမ်းက ၂၈နှစ်အရွယ်အမျိုး သားတစ်ဦးဖြစ်တယ်။ အဲဒီအမျိုးသားရဲ့အချစ်ဦးဟာ အန်နာ့အမေ ပါတဲ့။ ဇာတ်လမ်းတွေကရှုပ်ကုန်ရပြီပေါ့ . ကျန်တာကိုတော့ ဇာတ်ကား ထဲမှာပဲ ဆက်လက်ကြည့်ရှုကြပါကုန်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.62 GB) / (504 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 25Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Thriller Translator......Ngwe Zin Encoder..........SWM
movie

What Comes Around (2023)

2023
Weddings, christenings and funerals (2022) 6.8
Weddings, christenings and funerals (2022)  ရိုမေးနီးယန်းဟာသဇာတ်ကားတစ်ကားဖြစ်ပြီး IMDb 6.8/10 အထိရရှိထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့.... ကော့စမင်းဘာရင်းဒယ်ဆိုတဲ့လူတစ်ယောက်ဟာ သူ့အမျိုးသမီးနဲ့ပျော်ပျော်ရွှင်ရွှင်လက်တွဲထားတဲ့အိမ်ထောင်သည်တစ်ယောက်ပါ တစ်နေ့မှာ သူကအလားအလာကောင်းတဲ့မြေကွက်ကြီးတစ်ကွက်ကိုရင်းနှီးမြှုပ်နှံတဲ့သဘောနဲ့ဝယ်လိုက်ပါတော့တယ် မြေဝယ်ပြီးမှ အိမ်နီးနားချင်းတွေကကလပ်ဖွင့်ပြီးအမြဲတမ်းဆူညံနေတာကြောင့် ဘာရင်းဒယ်လည်းစိတ်ပေါက်ပေါက်နဲ့ပြန်ဆူညံအောင်လုပ်ရာကနေ သူတို့ကြားမှာ စစ်ပွဲကြီးဖြစ်လာပါတော့တယ် သူတို့ကြားကရန်ပွဲကြောင့်နှစ်ဖက်စလုံးရဲ့မိသားစုတွေကိုပါထိခိုက်ပြီးလင်မယားကွာရှင်းသွားရတဲ့အထိပါပဲ သူတို့အိမ်နီးချင်းနှစ်ယောက်ကြားကရန်ပွဲတွေဘယ်လိုဖြစ်သွားမလဲ နောက်ဆုံးမှာဘယ်သူကအနိုင်ရသွားမလဲဆိုတာကိုဟာသလေးတွေနဲ့ကြည့်ရှုရမှာပါ File size…(2.3 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:01:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie

Weddings, christenings and funerals (2022)

Open Range (2003) 7.4
Open Range (2003)  ဒီတစ်ခါမှာတော့ IMDb 7.4 ထိရရှိထားတဲ့ Western action drama ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးမှာဖြစ်ပါတယ် အရင်တုန်းက မွေးမြူရေးလုပ်တဲ့သူတွေဟာ ကျွဲနွားတွေကို ခြံနဲ့မွေးမြူတာမဟုတ်ဘဲ ရေကြည်ရာ မြက်နုရာ လှည့်လည်သွားလာရင်း အလွတ်ထိန်းကျောင်းကြတာဖြစ်ပါတယ် ဒီဇာတ်လမ်းလေးကတော့ 19ရာစုနှောင်းပိုင်း ခြံသွင်းမွေးမြူရေး စတင်ပေါ်ပေါက်လာချိန်ကို ဇာတ်အိမ်တည် ရိုက်ကူးထားတာဖြစ်ပါတယ်ဘောစ့် ချာလီ မိုစ့်နဲ့ ဘတ်တွန်တို့ဟာ အလွတ်ထိန်းကျောင်းသူတွေဖြစ်ကြပြီး တစ်ရက်မှာတော့ အလွတ်ထိန်းကျောင်းခြင်းကို မကြိုက်ကြတဲ့ မြို့လေးတစ်မြိုနားကိုရောက်လာပါတယ် မြို့ထဲကိုဝယ်စရာရှိတာလေးတွေဝယ်ဖို့ လွှတ်လိုက်တဲ့ မိုစ့်တစ်ယောက် ကုန်စုံဆိုင်မှာ ရန်ဖြစ်ပြီး အချုပ်ကျသွားပါတော့တယ် အချုပ်ထဲကနေ ပြန်သွားထုတ်ကြတဲ့အချိန်မှာ မွေးမြူရေးခြံကြီးပိုင်ရှင် ဒတ်စ်တာဟာ သူတို့ကို ဒီမြို့ကနေ ထွက်သွားဖို့ ပြောခဲ့ပါတယ် ဒတ်စ်တာဟာ ဒီမြို့မှာ အာဏာရှိတဲ့ ခြံပိုင်ရှင်ကြီးတစ်ယောက်ဖြစ်ပြီး အရမ်းလည်းလောဘကြီးပါတယ် ဒတ်စ်တာရဲ့လူတွေ ဘောစ့်ရဲ့ တိရစ္ဆာန်အုပ်ကို ပြဿနာလာရှာချိန်မှာ ဘာတွေဆက်ဖြစ်ကြမှာလဲ ဒီမြို့ကနေရော အဆင်ပြေပြေထွက်သွားနိုင်မှာလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်တဲ့အပြင် ရှုခင်းလှလှလေးတွေနဲ့ ...
movie

Open Range (2003)

Nayola (2022) 7
Nayola (2022) Nayola (2022)~ IMDb rating - 7/10 ~ဒီရုပ်ရှင်မှာ အာဖရိက တောင်အလယ်ပိုင်းက အန်ဂိုလာလို့ခေါ်တဲ့ နိုင်ငံလေးက မျိုးဆက်သုံးဆက်သော အမျိုးသမီးတွေကို ဇာတ်ကောင်ပြုထားတယ်။ အန်ဂိုလာက ၁၆ရာစုကနေ ၁၉၇၅အထိ ပေါ်တူဂီကိုလိုနီ နိုင်ငံဖြစ်ခဲ့ဖူးသလို လွတ်လပ်ရေးရပြီး ၁၉၇၅ကနေ ၂၀၀၂အထိ ပြည်တွင်းစစ်ဖြစ်ခဲ့တယ်။ ပြည်တွင်းစစ်က ပြီးသွားပေမဲ့ အဲဒီ၂၀၀၂နောက်ပိုင်း ငြိမ်းသွားကြသလားဆိုတော့ မငြိမ်းဘူး။ သူ့ပြည်နယ်တစ်ခုဖြစ်တဲ့ ကဗင်ဒါမှာ ခွဲထွက်ရေးလုပ်ဖို့လုပ်နေတဲ့ တော်လှန်သူတွေရှိနေတုန်းပဲ။၂၀၀၆မှာတော့ ကဗင်ဒါပြည်လွတ်မြောက်ရေးတပ်ဦးနဲ့ ငြိမ်းချမ်းရေး စာချုပ်ချုပ်ခဲ့တယ်။ ဒါပေမဲ့လည်း ကဗင်ဒါခွဲထွက်ရေးပြောက်ကျားတပ်ဖွဲ့တစ်ဖွဲ့က ဒီနေ့ထက်ထိ တော်လှန်နေဆဲပဲ။ ဆိုတော့ အစဉ်မငြိမ်းချမ်းခဲ့တဲ့ နိုင်ငံက မျိုးဆက်သုံးဆက်သောအမျိုးသမီးတွေကို ဇာတ်ကောင်ပြုထားတဲ့ ဒီရုပ်ရှင်မှာ ဒီစစ်အဆက်ဆက်ရဲ့ ဒဏ်ကို တိုင်းသူပြည်သားတွေကို ခံစားခဲ့ရပုံကို ပြထားတယ်။ ဒါပေမဲ့ အဓိကဇာတ်ကောင်တွေက အမျိုးသမီးတွေဆိုတော့ အမျိုးသမီးတွေဘက်ကို ပိုအလေးကဲတယ်။လွတ်လပ်ရေးတိုက်ပွဲမှာ လင်သေသွားတဲ့ အဘွားကြီးရယ်... ပြည်တွင်းစစ်မှာ ယောက်ျားပျောက်သွားခဲ့တဲ့သူ့သမီးရယ်... အမေရောအဖေရောပျောက်သွားတဲ့ ...
movie

Nayola (2022)

Paranormal Activity 3 (2011) 5.8
Paranormal Activity 3 (2011)  IMDb rating - 5.8/10 သရဲကားကြိုက်တဲ့ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့တဲ့ Paranormal Activity ရဲ့ တတိယမြောက်တင်ဆက်မှုဖြစ်ပါတယ်။ ဒီဇာတ်ကားတွေရဲ့ထုံးစံအတိုင်း အိမ်ထဲမှာ စောင့်ကြည့်ကင်မရာတွေ တပ်ဆင်ထားရာကနေ ထင်မှတ်မထားတဲ့ ခြောက်လှန့်မှုပုံရိပ်တွေ၊ ခြောက်ခြားဖွယ်အသံတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Paranormal Activity 3 မှာတော့ ရိုက်ကူးရေးလုပ်ရတာကို ဝါသနာပါတဲ့ ဒန်းနစ် က သူတို့အိမ်ထဲမှာ ကင်မရာထောင်ပြီး မှတ်တမ်းသဘောမျိုးနဲ့ရိုက်ကူးခဲ့ပါတော့တယ်။ အဲဒီမှတ်တမ်းအခွေထဲမှာ ထူးဆန်းတဲ့အရာတွေကို မြင်တွေ့ခဲ့ရတာကြောင့် သူ့ရဲ့ဇနီးသည်ကိုပြောပြပေမဲ့ အယုံအကြည်မရှိခဲ့ဘူး။ သမီးအငယ်လေးဖြစ်တဲ့ ခရစ်တီကလည်း တိုဘီဆိုတဲ့အရုပ်လေးကိုစွဲလမ်းနေတယ်။ အဲဒီအရုပ်လေးက တကယ်ရှိတယ်ဆိုပြီး အမြဲတမ်းပြောလေ့ရှိတယ်။ ညသန်းခေါင်အချိန်တွေမှာလည်း အိပ်ရာထဲကနေ ထသွားလေ့ရှိတယ်။ တစ်နေ့မှာ ကလေးတွေရဲ့အဘွားဖြစ်သူရောက်လာပြီးနောက် အခြေအနေတွေ ပြောင်းလဲသွားခဲ့ပါတော့တယ်။ မြန်ဆန်လှတဲ့အဖြစ်အပျက်တွေကြားမှာ ဒန်းနစ် ဘယ်လိုတွေရင်ဆိုင်သွားရမလဲ။ သူ့ရဲ့မှတ်တမ်းအခွေထဲမှာ တွေ့မြင်ခဲ့ရတဲ့အရာတွေက တကယ်လက်တွေ့ဖြစ်လာတဲ့အခါမှာတော့ သူတို့မိသားစုရဲ့အဆုံးသတ်ကံကြမ္မာက ဘယ်လိုဖြစ်လာမလဲဆိုတာ ဒီဇာတ်လမ်းရဲ့အဆုံးသတ်မှာ တွေ့မြင်ရပါလိမ့်မယ်။File size…(1.6 GB)/(750 MB)Quality….Webrip ...
movie

Paranormal Activity 3 (2011)

Raven Song (2022) 5.9
Raven Song (2022)  IMDb - 5.9 2022 ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဆောဒီ အာရေဘီးယားရုပ်ရှင်ကားကောင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ နတ်ဆာ ကဘယ်နေရာမှမထွန်းပေါက်တဲ့အပြင် ကောလိပ်ကနေပါအထုတ်ခံရတာကြောင့် သူ့အဖေကအိမ်ကနေနှင်ထုတ်တာခံထားရတဲ့သူပါ။ တနေ့မှာတော့ သူ့ရဲ့ဆေးစစ်ချက်အဖြေအရ ဦးနှောက်အကြိတ်ရှိနေတယ်လို့ ဆရာဝန်ကပြောလိုက်ပြီး ခွဲစိတ်မှုခံယူဖို့ပါ တိုက်တွန်းလိုက်ပါတယ်။ ဒီလိုနဲ့ နောက်တရက်မှာ သူအလုပ်လုပ်တဲ့ ချိုးဖြူ ဟိုတယ်ရဲ့ အခန်းနံပါတ် (၂၂၇) ကိုလာကြည့်တဲ့ ကောင်မလေးကိုကူညီရင်းနဲ့ ချစ်မိသွားခဲ့ပါတယ်။ နေရာတိုင်းမှာ အရှုံးသမားတယောက်ဖြစ်နေရတာကို စိတ်ကုန်နေတဲ့ နတ်ဆာတယောက်ကတော့ ဒီကောင်မလေးရဲ့အချစ်ကိုပြန်ရဖို့ သူ့ရဲ့သူငယ်ချင်း အဘူ ဆာဂါနဲ့ တိုင်ပင်လိုက်တဲ့အချိန်မှာတော့ အဖြေတခုထွက်လာခဲ့ပါတယ်။ အဲဒါကတော့ ကောင်မလေးကိုရည်ရွယ်တဲ့ သီချင်း (ကဗျာ) စပ်ဖို့ပါပဲ။ ဒီလိုနဲ့ နတ်ဆာနဲ့ ဆာဂါတို့နှစ်ယောက် သီချင်းစပ်ဖို့လုပ်ကြရင်း ဘယ်လိုဖြစ်ရပ်တွေနဲ့ ကြုံတွေ့ကြရမလည်း၊ ကောင်မလေးကရော ဘာလို့ အခန်းနံပါတ် (၂၂၇) ကိုမှ သီးသန့်လာကြည့်ရတာလည်း ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(1.2 GB)/(629 MB) Quality….Webrip 1080p ...
movie

Raven Song (2022)

The Guard (2011) 7.3
The Guard (2011)  ဒီကားလေးကတော့ Oscar ဆုပေါင်းများစွာရခဲ့တဲ့ Director Martin McDonagh ရဲ့ညီဖြစ်သူ ဇာတ်ညွှန်းဆရာ John McDonagh ကပဲ ရေးသားရိုက်ကူးထားတဲ့ action-comedy ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဒီကားကတော့ 2012 မှာ IFTA award နဲ့ BAFTA awardတို့ကို ပိုင်ဆိုင်ခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်ဆောင်အနေနဲ့ သရုပ်ဆောင်ခဲ့တာကတော့ Brendan Gleeson ဖြစ်ပြီးတော့ ဇာတ်ညွှန်းဆရာ John McDonagh နောက်အနေနဲ့ ရေးသားတင်ဆက်ထားတဲ့ ရုပ်ရှင် နှစ်ခုမှာ ပါဝင်ခဲ့ပြီးတော့ ဇာတ်ညွှန်းဆရာ Martin McDonagh တင်ဆက်ထားတဲ့ "In Bruges" ထဲမှာလည်းပါဝင်သရုပ်ဆောင်ထားပါသေးတယ်။~ ဇာတ်လမ်း အကျဥ်း ~ ဒီကားထဲမှာတော့ Main သရုပ်ဆောင်အနေနဲ့ Brendan Gleeson က ဘယ်အခြေအနေကိုမှအတည်လို့ ရဲစောင့်တစ်ယောက်အနေနဲ့သရုပ်ဖော်ပြထားပါတယ်။ တစ်နေ့မှာ ရဲစောင့်အသစ်ကဌာနကိုရောက်ရှိလာတဲ့နေ့မှာ သူတို့နှစ်ယောက်သား လူသတ်မှုတစ်မှုရဲ့ မှာခင်းကို ...
movie

The Guard (2011)

Just My Luck (2006)
Just My Luck (2006) Just My Luck (2006) ================ကံဆိုတာ အမြဲတမ်းကောင်းမနေသလို အမြဲလည်း ဆိုးမနေတတ်ပါဘူး။ ဒါပေမဲ့ ဒီကားကတော့ အမြဲကံကောင်းတတ်တဲ့ ကောင်မလေးနဲ့ ဘာလုပ် လုပ် ကြံဖန်ကံဆိုးတတ်တဲ့ ကိုလူချောတို့အကြောင်းကို ဟာသလေးတွေ နှောပြီး တွေးစရာလေးတွေပါအောင် ရိုက်ကူးထားပါတယ်။Ashley ဆိုတဲ့ မိန်းမချောလေးဟာ အလုပ်ကောင်းကောင်းရှိပြီး အစစအရာ ရာအဆင်ပြေနေတဲ့ မိန်းကလေးပါ။ နာမည်ကျော်သူဌေးသားတစ်ယောက် နဲ့လည်း တွဲနေပါသေးတယ်။ သူ့လက်နဲ့ထိရင် ရွှေဖြစ်တယ်လို့ တင်စားရလောက် အောင် သူ့လုပ်သမျှတိုင်းက ကံအားလျော်စွာ အဆင်ပြေခဲ့တာချည်းပါပဲ။Jake ကတော့ Ashley နဲ့ ဆန့်ကျင်ဘက်ပါပဲ။ ကံဆိုးမသွားရာ မိုးလိုက်ရွာသလို ဘာလုပ်လုပ် အဆိုးတွေပဲ ဖြစ်နေသူပေါ့။ တစ်နေ့မှာ Ashley စီစဉ်တဲ့ ပါတီပွဲကြီး တစ်ခုကို Jake ၀င်ရောက်နိုင်ခဲ့တာကတော့ သူ့အတွက် ကံကောင်းခြင်းလို့ ပြော ရမလိုပါပဲ။ အကြောင်းကတော့ အဲဒီမျက်နှာဖုံးတပ်ပါတီပွဲမှာ Ashley နဲ့ Jake တို့ မထင်မှတ်ဘဲ တွဲကဖြစ်ပြီး နမ်းမိကြရာကစလို့ နှစ်ယောက်လုံးရဲ့ကံကြမ္မာဟာ ပြောင်းပြန်လှန်ပစ်သလို ပြောင်းလဲသွားတာကြောင့်ပါပဲ။အဲဒီနောက်ပိုင်းမှာ မယ်ကံကောင်းနဲ့ မောင်ကံဆိုးတို့ ဘာတွေဆက်ဖြစ်ကြမလဲ၊ ဘယ်သူကကံကောင်းပြီး ဘယ်သူက ...
movie

Just My Luck (2006)

Neymar(2023) 6.6
Neymar(2023) Neymar 2023ပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ပေါ့ပေါ့ပါးပါး လူငယ်ဟာသကားလေးပဲ ဖြစ်ပါတယ် လူငယ်ဟာသကားလေးဆိုပေမဲ့ အဓိကဟာသလုပ်မှာကတော့ ခွေးတစ်ကောင်ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့...... ကွန်ဂျာဗာနဲ့အာကမ်ရှ်တို့က ဆယ်ကျော်သက်ကျောင်းသားအရွယ်လေးတွေပါ ကွန်ဂျာဗာက ဒိုနာဆိုတဲ့မြီးကောင်ပေါက်မလေးကိုကြိုက်လို့ ဘေးကနေဆရာကြီး အာကမ်ရှ်က အခါတော်ပေးရွှေဖူးစာရေးပေးပါတော့တယ် အဲ့မှာပဲ မိန်းမပိုးနည်း ဆယ့်ကိုးနည်းထဲက စော်ခွေးမွေးရင် ကိုယ်လိုက်မွေးဆိုတဲ့အကွက်အတွက် ခွေးမျိုး‌ခွေးသန်းလေးလိုက်ရှာရပါတော့တယ်သူတို့သွားရှာတဲ့နေရာက ခွေးတွေကလည်း ပိုင်ရှင်က ဘောပွဲဖန်မို့ ခွေးအားလုံးက လူကာကူ ရာမိုစ့် ပီပီ ဒရော့ဘာ စသည်ဖြင့် ဆရ ကောင်နာမည်တွေပါပဲ အဲ့မှာပဲ ကွန်ဂျာ‌ဗာတို့ ငတိနှစ်ကောင်အတွက် ရလာတဲ့ခွေးက နေမာပါတဲ့ နေမာတစ်ကောင် ဘယ်လိုတွေအကွက်တွေပြပြီး ကွန်ဂျာဗာတို့ အာကမ်ရှ်တို့နဲ့အတူ ပတ်မွှေမလဲဆိုတာ ပရိသတ်ကြီးပဲ တခွီးခွီးနဲ့ ကြည့်တော်မူကြပါကုန်အညွှန်းနဲ့ ဘာသာပြန် CM Bollywood Team ကပဲ ဖြစ်ပါတယ် File size…3.5GB /1.52GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 40min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Zwe~V~Yunni~Saii
movie

Neymar(2023)

2023
Coyote’s Deadly Action ( 2023 ) 5.9
Coyote’s Deadly Action ( 2023 ) CM ကနေဒီတစ်ခါတင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့ တရုတ်ပြည်မကြီးမှာ တချိန်တခါက ဖြစ်ပွားခဲ့တဲ့ဂျပန်စစ်အကြောင်းကိုအခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ပုဒ်ကို တင်ဆက်ပေးပါရစေ။ဇာတ်လမ်းကတော့ (၁၉၄၃) ခုနှစ်ဂျပန်နဲ့တရုတ်စစ်ဖြစ်နေတာကို ဇာတ်အိမ်တည်ထားပြီးတော့လက်နက်ထုတ်ရမှာအရေးပါအရာရောက်တဲ့ အဖြိုက်နက်သတ္တုတစ်မျိုးကကွန်မြူနစ်ပါတီအဖွဲ့ဝင် ဝမ်ဟွာဦးဆောင် ဖွက်ထားပြီးချန်းလန်ကွန်မန်ဒိုတပ်ဖွဲ့ကနေလိုက်လံကာကွယ်ပေးနေတာပေါ့။ဂျပန်ဘက်ကလည်းအဲ့အဖြိုက်နက်ဖွက်ထားတဲ့နေရာကို သိရဖို့အတွက်ဝမ်ဟွာကိုဖမ်းဆီးကာ မေးမြန်းဖော်ထုတ်ခဲ့ပေမဲ့ ဘာအဖြေမှမရခဲ့ပဲဝမ်ဟွာကတော့ အသက်စတေးသွားခဲ့ရပါတယ်။ ဒီလိုနဲ့ဝမ်ဟွာဖွဲ့စည်းထားတဲ့ တပ်ဖွဲ့သစ် (၄) တည်နေရာနဲ့အဆက်သွယ်လုပ်ဖို့ရန်အတွက် ချန်းလန်ကွန်မန်ဒိုအဖွဲ့နဲ့ အိုးယန်ပင်း, လုယန်တို့က ပူးပေါင်းရှာဖွေကြတဲ့အခါမှာတော့ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။ရူပ်ထွေးလှတဲ့ နိုင်ငံရေးအခြေအနေကြားမှာ ဘယ်လိုတွေပတ်သက်ဆက်နွယ်နေကြမလဲ။ သူတို့ရှာနေတဲ့ အဖြိုက်နက်တည်နေရာကိုကော ရှာတွေ့ကြမှာလား။အစရှိတဲ့ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းကွက်တွေနဲ့ မေးခွန်းတွေကိုဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရှုရမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , War Runtime : 1h 32 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

Coyote’s Deadly Action ( 2023 )

Will You Be My Ex? (2023) 6
Will You Be My Ex? (2023) Will you be my Ex? (2023)ပြီးခဲ့တဲ့ June လကမှ ထွက်ရှိထားတဲ့ ဖိလစ်ပိုင် Romance-Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။အဓိက မင်းသားဖြစ်တဲ့ Diego Loyzaga တစ်ယောက် တစ်လောလေးကမှ သားလေးမွေးတဲ့အကြောင်း မီဒီယာတွေပေါ်မှာ သတင်းမွှေးနေတာနဲ့အတူ တွဲဖက် သရုပ်ဆောင်တဲ့ အဓိက မင်းသမီးကလည်း ဖိလစ်ပိုင်ရုပ်ရှင်ခေတ်သစ်လောကမှာ ဒရာမာဘုရင်မလေးလို့ နာမည်ကြီးနေတဲ့ Julia Barretto ဖြစ်တာကြောင့် ဒီကားမှာ သူတို့နှစ်ယောက် ဘယ်လိုတွေ အစွမ်းပြကြမလည်းဆိုတာ ဇာတ်ကားမထွက်ခင်ကတည်းက ဖိလစ်ပိုင်ရုပ်ရှင်တွေကို သဘောကျနှစ်ခြိုက်သူတွေက မျှော်လင့်နေခဲ့ကြတာပါ။ပြဇာတ်သရုပ်ဆောင် အနုပညာရှင် မိသားစုအသိုင်းအဝိုင်းကလာပြီး လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ပြဇာတ်မင်းသမီးပေါက်စလေး Chris အဖြစ် Julia Barretto က သရုပ်ဆောင်ထားပြီး ချမ်းသာပြီးလူသိများတဲ့အပြင် စည်းမြင်းကနားတွေနဲ့ နေတတ်တဲ့ မိသားစုမျိုးက ပေါက်ဖွားလာတဲ့ ရည်မှန်းချက်ကြီးတဲ့ ဗိသုကာပညာရှင်လေး Joey အဖြစ် Diego Loyzaga က သရုပ်ဆောင်ထားပါတယ်။သူတို့နှစ်ယောက်လုံးဟာ ကောလိပ်ကျောင်းကတည်းကတွဲလာတဲ့ ငယ်ရည်းစားတွေဖြစ်ပြီး ကျောင်းပြီးတဲ့နောက် Joey မိဘတွေက ပေးတဲ့ ...
movie

Will You Be My Ex? (2023)

2023
Moonrise Kingdom (2012) 7.8
Moonrise Kingdom (2012) ဒီတစ်ခေါက်တော့ တစ်ခါထက်မကကြည့်ချင်ရလောက်တဲ့ Moonrise Kingdom လို့ခေါ်တဲ့ Comedy, Drama, Family ဇာတ်လမ်းတစ်ပုဒ်နဲ့မိတ်‌ဆက်ပေးချင်ပါတယ်။ ၁၉၆၀ခုနှစ်တွေကိုနောက်ခံထားထားတဲ့ ၁၂နှစ်အရွယ်လူငယ်စုံတွဲရဲ့ အချစ်ဇာတ်လမ်းဖြစ်ပါတယ်။ အပယ်ခံမိဘမဲ့‌ကင်းထောက်ကောင်လေးက ဆူဇီဆိုတဲ့ကောင်မလေးနဲ့ ရင်ဘတ်ချင်းတူလို့ စာတွေအပြန်အလှန်ရေးရင်း တစ်နေ့ သူတို့အတူ ထွက်ပြေးခဲ့ကြပြီး ကျွန်းရဲ့ယခင်မူလနေထိုင်ခဲ့တဲ့လူတွေအတိုင်း ခြေရာခံရယလျှောက်သွားခဲ့ကြတဲ့ သူတို့နှစ်ဦးရဲ့ ချစ်ခြင်းတွေနဲ့ စွန့်စားခန်းတွေကို တွေ့ရမှာပါ။ ဒီဇာတ်လမ်းကိုကြည့်ရင်း လူငယ်ဘဝရဲ့ တဇွတ်ထိုးအကျင့်တွေနဲ့ နောက်ဆံမတင်းပဲ သတ္တိရှိရှိ ဆုံးဖြတ်ချက်ချခဲ့တာတွေဟာ ချစ်စရာကောင်းနေခဲ့ပြီး အနှစ်သာရပြည့်ဝတဲ့အမှားတွေဟာလည်း နောက်ထပ်အခွင့်အရေးရဖို့ ထိုက်တန်နေခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင်တော့ IMDb မှာ 7.8/10 ထိရထားပြီး Rotten Tomatoes 93% ထိရထားတာပါ။ ဒါ့အပြင် ဒီဇာတ်ကားဟာဆိုရင် ဒါရိုက်တာ Wes Anderson ရဲ့ လက်ရာကောင်းတွေထဲက တစ်ကားဖြစ်ပြီး Gotham Independent Film Award for Best Feature ဆုရရှိကာ အဓိကလူငယ်သရုပ်ဆောင်တွေဟာလည်း ...
movie

Moonrise Kingdom (2012)

2012
Martial Universe ( 2018 ) 6
Martial Universe ( 2018 ) အားလုံးသိကြတဲ့ Yang Yang(ယန်ယန်)ရဲ့2018ကထွက်ရှိခဲ့တဲ့ movieလေးကို တင်ဆက်ပေးလိုက်ပါပြီနော် လွန်ခဲ့တဲ့နှစ်ရာကျော်တုန်းက တာအိုသခင်ကြီးက နတ်ဝိညာဉ်စွမ်းအားကျင့်စဉ်ကို ကျင့်ကြံနိုင်ခဲ့ပေမဲ့ အမှတ်မထင် လောကတံခါးကို ဖွင့်ချမိခဲ့တယ်၊ ဒီလိုနဲ့ တစ်ခြားကမ္ဘာခြား မှော်မိစ္ဆာက ရောက်ရှိလာခဲ့ပြီး ကမ္ဘာကြီးကို ကပ်ဘေးစိုက်စေခဲ့တယ်။ဒီလိုနဲ့ တာအိုသခင်ကြီးက တပည့်ရှစ်ဦးကိုဦးဆောင်ပြီး မှော်မိစ္ဆာကို တိုက်ခိုက်ချိတ်ပိတ်ခဲ့တယ်၊ဒါပေမဲ့ နှစ်ရာချီကျော်လွန်ပြီးနောက်မှာတော့ မှော်မိစ္ဆာက သွေးဆူလာခဲ့တော့တယ်။ မှော်မိစ္ဆာပြန်လည်ထကြွလာတဲ့အခါ ကမ္ဘာကြီးပျက်သုန်းခြင်းကပ်ဘေးဆိုက်ရောက်မှာဖြစ်ပါတယ်။တစ်ဖန် မှော်မိစ္ဆာကိုသုတ်သင်ရှင်းလင်းဖို့ လူ့ပြည်ဆင်းသက်လာကြတဲ့ တာအိုဆရာအဖွဲ့အစည်းနဲ့ လင်သုန်းဆိုတဲ့ ပေါ့ပျက်ပျက်ကောင်လေးတို့ တွေ့ဆုံခဲ့ကြတယ်၊ အဲ့ဒီအချိန် တာအိုသခင်ကြီးက လင်သုန်းကို အဖွဲ့အစည်းဂိုဏ်းထဲဝင်ပြီး ဂိုဏ်းအကြီးအကဲရာထူးဆက်ခံဖို့ ကမ်းလှမ်းခဲ့ပြီးနောက်မှာတော့ ...-မှော်မိစ္ဆာကိုဘယ်သူကဇီဝိန်ခြွေနိုင်မလဲ -လင်သုန်းကရော ဘယ်လိုရဲစွမ်းသတ္တိလမ်းကိုခင်းမလဲဆိုတာ အသေးစိတ်ကို ဆက်လက်ကြည့်ရှုခံစားပါ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy Runtime : 1h 21 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Clytie Encoded by LK
movie

Martial Universe ( 2018 )

No content available

Sponsored

Genres

Archives