Channel Myanmar

Content at random


Movies

SEE ALL
Kung Fu Boys (2016) 5
Kung Fu Boys (2016) ဆင်းဆင်းရဲရဲမွေးလာရတာနဲ့ အနိင်ကျင့်ခံနေရတော့မှာလား...... အကြားအာရုံချို့ယွင်းတာနဲ့ လှောင်ပြောင်ခံရတော့မှာလား..... လူငယ်လေးရဲ့သူရဲကောင်းအိပ်မက်က မဖြစ်နိုင်တဲ့တောင်းဆုတစ်ခုပဲလား...... နိဒါန်းမှာစုတ်ပြတ်နေလဲ နိဂုံးမှာဘုရင်အဖြစ်နဲ့ အဆုံးသတ်အောင်လုပ်နိုင်ပါတယ်။ ဆင်းရဲနုံချာပြီး အကြားအာရုံချို့ယွင်းနေတဲ့ လူငယ်လေးတစ်ယောက်ရဲ့ ထိပ်ဆုံးကိုရောက်ဖို့ကြိုးစားပြီ တိုက်ပွဲဝင်ပုံလေးကို နွေးထွေးတဲ့အချစ်တွေနဲ့ သတ္တိအစွမ်းတွေကိုဖော်ကျူးထားတဲ့ Kung Fu Boys ဒုတိယကား လူငယ်ကွန်ဖူးကားလေးဖြစ်ပါတယ်။Quality - WEB DL 1080p,720p Format - mp4 Genres - Action, Drama Runtime - 1 hr 35 min Subtitle - Myanmar Subtitile (Hardsub) Translated by CM Team Reviewed by Nu Mon Encoded by LK
movie

Kung Fu Boys (2016)

The Return of the Sister-in-Law (2021) 8.9/10
The Return of the Sister-in-Law (2021) CM ကနေဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ရုပ်ရှင်လေးကတော့ အက်ရှင်ခပ်ကြမ်းကြမ်းကိုမှ ကြိုက်တဲ့လူတွေအတွက် ကားလေးတစ်ကားတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဇာတ်လမ်းကတော့ မူးယစ်ဆေးရောင်းတဲ့လောကမှာ ဘုရင်တစ်ပါးဖြစ်တဲ့ ကွေယန်နဲ့ဟေးဟော်တို့က အစပိုင်းမှ ာသွေးသောက်ညီအစ်ကိုတွေဖြစ်ပြီး အရမ်းဆိုးသွမ်းခဲ့ကြတာပေါ့။ ဒီလိုနဲ့ တနေ့မူးယစ်ဆေးနှိမ်နင်းရေးရဲတစ်ယောက်က သူတို့ကိုဖမ်းဖို့ ထောင်ချောက်ဆင်ခဲ့ပေမဲ့သူတို့ကတော့ရဲကိုသတ်ပစ်ခဲ့တယ်။ အိမ်ထဲမှာရှိနေတဲ့ ကောင်မလေးကိုပါမုဒိမ်းကျင့်ခဲ့တာပေါ့။ ဒီလိုနဲ့ချင်းချန်ဆိုတဲ့ မုဒိမ်းကျင့်ခံခဲ့ရတဲ့ကောင်မလေးက သူ့အစ်ကိုအစားလက်စားချေဖို့ဟေးဟော်ဆီ တပည့်သွားခံခဲ့တယ်။တိုက်ခိုက်ရေးမှာ အရမ်းတော်ပြီးအရည်အချင်းရှိ နာမည်ကြီးတဲ့သူဖြစ်လာခဲ့တယ်။ ကဲဒီလိုနဲ့ ချင်းချန်တစ်ယောက်သူ့အစ်ကိုကို သတ်ပစ်ခဲ့သူကို လက်စားချေနိုင်မလား။လူသတ်သမားကကော ဘယ်သူဖြစ်မလဲစတဲ့ မူးယစ်ဆေးလောကရဲ့ ရက်စက်မှုတွေ သတ်ဖြတ်မှုတွေအစရှိတာတွေကို ဒီဇာတ်လမ်းလေးကနေ ပြသပေးသွားမှာဖြစ်တဲ့အတွက် ဇာတ်လမ်းလေးကိုကြည့်ရူလိုက်ရအောင် Quality - WEB DL 1080p,720p Format - mp4 Genres - Action, Crime, Drama Runtime - 1 hr 30 min Subtitle - Myanmar Subtitile (Hardsub) Translated by CM Team Reviewed by Ann Chi Encoded by LK
movie

The Return of the Sister-in-Law (2021)

Huang Miao Village’s Tales of Mystery (2023) 5.9
Huang Miao Village’s Tales of Mystery (2023) နေရာအနှံ့ ခရီးလျှောက်သွားနေတဲ့ တာအိုဆရာ ဦးလေးကျိုနဲ့ တပည့်ဖြစ်သူ ချန်ကန်းနဲ့ ချိုးရွှေတို့ဟာ ဟွမ်မြောင်ရွာကို ရောက်သွားရာမှ သတို့သမီးဖုတ်ကောင်နဲ့ ကြုံတွေ့ခဲ့ရပါတယ် အဲဒီနောက်မှာတော့ သတို့သမီးဖုတ်ကောင်ဟာ ဟွမ်အိမ်တော်က သခင်မမှန်းသိလိုက်ရတဲ့အခါမှာ ဟွမ်သခင်ကြီးရဲ့ ဖိတ်ခေါ်မှုကြောင့် ဟွမ်အိမ်တော်ကို ဖုတ်ကောင်ကိစ္စဖြေရှင်းဖို့ ရောက်သွားခဲ့ကြပါတယ်ဒီလိုနဲ့ ဖုတ်ကောင်ကိစ္စအပြင် ရွာထဲမှာ အဆိပ်ပိုးကောင်ကိစ္စတွေပါ ပါဝင်လာတဲ့အခါမှာတော့ ဖုတ်ကောင်ကိစ္စဟာ မရိုးရှင်းတော့ဘဲ ဦးလေးကျိုနဲ့သူတပည့်တွေအတွက် ခေါင်းစားစရာ ဖြစ်လာပါတော့တယ်တဖြည်းဖြည်းနဲ့ သေတဲ့သူကသေ ရူးတဲ့သူကရူး ဖြစ်လာတဲ့အခါမှာ ဦးလေးကျိုတို့ ဆရာတပည့်တွေ ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ အားပေးကြပါဦး Quality : WEB-DL CM 1080p, 720p Format : mp4 Genres : Action, Thriller Runtime : 1hr 28min Subtitle : Myanmar Subtitle (Hardsub) Translated by CM Team Reviewed By MeeMeeJueJue Encoded By LK
movie

Huang Miao Village’s Tales of Mystery (2023)

Ramona (2022) 6.3
Ramona (2022) IMDb-6.3/10 ~ Rotten tomatoes-100%2022 တုန်းကထွက်ရှိခဲ့တဲ့ စပိန်စကားပြော အချစ်ဟာသဇာတ်မြူးရုပ်ရှင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ဝင်ခန်းအများစုကို အဖြူ၊ အမဲနဲ့ရိုက်ထားပြီးတော့ ရာမိုနာ ဆိုတဲ့ကောင်မလေးရဲ့ သုံးပွင့်ဆိုင်အချစ်ကို ပြသထားတာပါ။ဇာတ်လမ်းအကျဉ်းကတော့ အိုနာ (ရာမိုနာ) ဟာ သူနဲ့နှစ်အကြာကြီးတွဲခဲ့တဲ့ ကောင်လေးဖြစ်သူ နစ်ကို နဲ့အတူ လန်ဒန်မြို့ကနေပြီး မက်ဒရစ်မြို့ကိုပြန်ပြောင်းလာခဲ့တာပါ။ ရာမိုနာက မက်ဒရစ်မြို့မှာ အခြေချပြီးတော့အစက‌နေကြိုးစားရင်းနဲ့ မင်းသမီးလုပ်ပြီး သားသမီးတွေနဲ့ ဘဝကိုကုန်ဆုံးချင်သူပါ။ ဒီလိုနဲ့ သူဝင်ပြီးအ‌ရွေးခံမဲ့ သရုပ်ဆောင်ရွေးပွဲမတိုင်ခင် တစ်ရက်အလိုမှာ လူရွေးပွဲလုပ်မဲ့နေရာနားက ဘားကိုသွားရင်းနဲ့ သူ့ထက်အသက်ကြီးတဲ့ ဘရူနိုနဲ့စကားလက်ဆုံကျပြီး ဘဝကြီးအကြောင်း၊ ကမ္ဘာကြီးအကြောင်းပြောရင်းအဖွဲ့ကျနေခဲ့ပါတယ်။ဒီအချိန်မှာ ဘရူနိုက ရုတ်တရက်သူ့ကိုချစ်နေကြောင်း ပြောလိုက်တဲ့အတွက် ရာမိုနာလည်းလန့်သွားပြီး စကားအများကြီးဆက်ပြောမနေ‌တော့ပဲ ထွက်လာခဲ့လိုက်ပါတယ်။ နောက်တစ်ရက် လူရွေးပွဲကိုသွားတဲ့အခါမှာ ဘရူနိုက ရုပ်ရှင်ရိုက်မဲ့ဒါရိုက်တာဖြစ်နေပြီး သူ့ကို ခေါင်းဆောင်မင်းသမီးအနေနဲ့ပဲတင်ရိုက်ဖို့ အတင်း‌ ရွေးတဲ့အတွက် ရာမိုနာလည်း သရုပ်မဆောင်နိုင်ကြောင်းပြောရင်း ထွက်လာခဲ့လိုက်ပါတယ်။ ဒီအကြောင်းကို နစ်ကို သိသွားတဲ့အချိန် နှစ်ခါပြန်မရနိုင်တဲ့ ...
movie

Ramona (2022)

Sun and Concrete (2023) 7.6
Sun and Concrete (2023) Sun and Concrete (2023)~ IMDb rating - 7.6/10 ~"Sun and Concrete" ဆိုတဲ့စကားလုံးကို မြင်လိုက်ရင် တော်တော်များများက နေ နဲ့ ဘိလပ်မြေဆိုပြီးတော့ ထင်ကြမှာအမှန်ပါပဲ။ ဒါပေမဲ့ ဒီကားမှာတော့ ဂျာမနီနိုင်ငံက "နေရောင်အောက်က မြို့ပျက်လေး" တစ်မြို့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပါ။ဒီဇာတ်ကားဟာ ဆန်ခါတင်စာရင်း ၅ ခုထဲပါခဲ့တဲ့အပြင် မျက်နှာသစ်သရုပ်ဆောင်ဆုကိုပါရရှိထားပါတယ်။ ဒါ့အပြင် IMDb မှာ 7.6/10 နဲ့ 2023 မှာ ဂျာမန်ရဲ့ တတိယအကောင်းဆုံးဇာတ်ကားအဖြစ်ရပ်တည်လျက်ရှိနေပါတယ်။ဒီဇာတ်ကားကိုတော့ ဆယ်ကျော်သက်သူငယ်ချင်းလေးယောက်ဖြစ်ကြတဲ့ လူးကတ်စ်၊ ဂျူးလိယက်စ်၊ ဂျီနိုနဲ့ ဆန်ချက်ဇ်တို့အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းရဲ့ အကျဉ်းကိုပြောရမယ်ဆိုရင် လူးကတ်စ်တို့လေးယောက်ဟာ ဘာလင်မြို့ရဲ့ နူကိုလင်ရပ်ကွက်မှာ နေထိုင်ကြတာပေါ့။ သူတို့လေးယောက်ဟာ နေ့တိုင်း တုတ်၊ ဓား၊ ရန်ပွဲ နဲ့ မူးယစ်ဆေးတွေကြားမှာ ဘဝကြီးကိုရုန်းကန်နေရသူတွေပါ။ ဒါပေမဲ့ ...
movie

Sun and Concrete (2023)

2023
Catfish Murder (2023)
Catfish Murder (2023)   Catfish Murder ကတော့ Crime, Drama, Thriller အအမျိုးအစား ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ တေလာပါကာဆိုတာက သိပ္ပံပညာရပ်မှာ သိပ်ကိုထူးချွန်တဲ့ စာကြမ်းပိုးတစ်ယောက်။ သူက အထက်တန်းကျောင်းမှာ အနိုင်ကျင့်ခံရတာကြောင့် အိမ်တွင်းပုန်းဗီဒိယိုဂိမ်းပဲ ထိုင်ဆော့နေရင်း အမ်မာဆိုတဲ့ ကောင်‌မလေးတစ်ယောက်နဲ့ အွန်လိုင်းအီစီကလီဆက်ဆံရေးရှိလာခဲ့တယ်။တစ်ရက် သူက သူနဲ့ Chemistry အတန်းက lab partner ဖြစ်သူ ဆိုဖီယာရဲ့ မွေးနေ့ပွဲကို သူနဲ့အတူတူတက်ဖို့ အမ်မာကိုဖိတ်ခဲ့ပေမဲ့ အစကသဘောတူခဲ့တဲ့ အမ်မာက မလာနိုင်ခဲ့တော့ သူလဲ မွေးနေ့ပွဲကို မသွားဖြစ်လိုက်တော့ဘူး။ ဒါပေမဲ့ မွေးနေ့ညမှာ မွေးနေ့ရှင်ဆိုဖီယာ အသတ်ခံခဲ့ရတယ်။ အဲနေ့ညက တေလာနဲ့ဆိုဖီယာကို အတူတွေ့ခဲ့ပါတယ်ဆိုတဲ့သက်သေနဲ့အတူ တေလာအဖမ်းခံလိုက်ရတယ်။တေလာအတွက် အပြစ်ကင်းစင်ကြောင်း ပြပေးနိုင်ဖို့ အမေဖြစ်သူနဲ့ ညီမဖြစ်သူတို့က အသည်းအသန်ကြိုးစားကြတဲ့အခါ တကယ့်တရားခံအစစ်က ဘယ်သူဖြစ်မလဲ။ တကယ်ပဲ တေလာကိုယ်တိုင်ဖြစ်နေမလား။ Catfish Murder ဆိုတဲ့ဇာတ်လမ်းအမည်အရ အမ်မာကရော ဒီအမှုနဲ့ဆက်စပ်နေမလား။ ...
movie

Catfish Murder (2023)

Good Kids (2016) 6.1
Good Kids (2016) Good Kids (2016)သူငယ်ချင်းတွေနဲ့အတူဗရုတ်ကျခဲ့ကြတဲ့ လူငယ်ဘဝအမှတ်တရတွေ လူတိုင်းကိုယ်စီရှိကြမှာပါ။ အဲဒီလိုပဲ ဒီဇာတ်လမ်းကလည်း ကောလိပ်ဝင်တော့မယ့် Teenager Squad တစ်ခုရဲ့ အမှတ်တရနွေရာသီပေါ့။အန်ဒီ စပိုက်စ် လိုင်းယွန်း နဲ့ နိုရာဆိုပြီး သူငယ်ချင်းလေးယောက်နဲ့ဖွဲ့စည်းထားတဲ့ ဒီ Squad ကတော့ ကောလိပ်ကောင်းကောင်းဝင်နိုင်ဖို့ စာပဲလုပ်ခဲ့တဲ့ ဟိုက်ပါအဖွဲ့ပါ။ အတန်းထဲမှာ ဆရာမအိမ်စာထပ်ခိုင်းဖို့မေ့နေရင် ထသတိပေးလို့ အတန်းဖော်တွေမေတ္တာပို့တာခံရတဲ့အဖွဲ့ပေါ့။ ငယ်ငယ်ကတည်းက ဘယ်ခေါ်ခေါ်မလိုက်တဲ့သူတို့ အထက်တန်းပြီးတဲ့အထိ ပါတီဆိုတာလည်း ဘာမှန်းမသိပါဘူး။ဒီလိုနဲ့ လိမ္မာရတာပျင်းလာတဲ့ သူတို့အဖွဲ့က အရင်ကမလုပ်ဖြစ်တာတွေ ဒီနွေရာသီမှာ တစ်ခုချင်းလုပ်ပြီး အပီအပြင်ကဲဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဟိုက်ပါလေးယောက် ဗရုတ်သုတ်ခတွေလုပ်ရင်း အရှုပ်တွေ ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ပေါ့ပေါ့ပါးပါးအပန်းဖြေရင်းကြည့်ရှုလိုက်ပါဦး...(ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.65GB, 730MB Quality - 1080p, 720p IMDb Rating - 6.1/10 Format - mp4 Duration ...
movie

Good Kids (2016)

2016
[18+] Sugapa (2023) 6.9
[18+] Sugapa (2023) Sugapa (2023)ဘန်နဲ့အန်နာတို့လင်မယားဟာ နယ်မြို့လေးက သူတို့အိမ်ကို ဦးလေးဖြစ်သူဆီ ဆုံးရှုံးခဲ့ရပြီးတဲ့နောက် သူ့မိခင်အတွက် အိမ်ပြန်ရွေးပေးချင်တဲ့ဆန္ဒနဲ့ မြို့ပေါ်မှာငွေရှာဖို့တက်ခဲ့ပါတယ်။ မြို့ပေါ်က ဘန်ရဲ့ သူငယ်ချင်း မန်ဒိုရဲ့ အကူအညီနဲ့အန်နာက ဘားတစ်ခုမှာ အလုပ်ရခဲ့သလို ဘန်ကလည်း စားသောက်ဆိုင်တစ်ခုမှာအလုပ်ရခဲ့ပါတယ်။ အစပိုင်းကာလတွေမှာတော့ မြို့တော်ကြီးရဲ့ငွေရလွယ်မှုတွေ အတွေ့အကြုံသစ်တွေကြောင့်ပျော်ရွှင်နေရပေမဲ့ ဘန်တစ်ယောက် ဖြတ်လမ်းကလိုက်ပြီး ကြက်ပွဲလောင်းမိရာကနေ ငွေရှုံးသွားတဲ့အချိန်မှာ သူတို့အတွက် ပြဿနာတွေစတင်လာခဲ့ပါတယ်။အဲဒီငွေကို ကြွေးရှင်လူမိုက်ဆီပြန်ဆပ်ဖို့ မကြံကောင်းမစည်ရာကိစ္စတစ်ခုကို ဘန်ကြံစည်မိချိန်မှာ အန်နာကိုလည်း မြို့တော်ကလူမိုက်တွေရဲ့ဂိုဏ်းချုပ်တစ်ဦးဖြစ်တဲ့ ဆာ့ချ်က မျက်စိကျလာတဲ့အခြေအနေပါ။ ဇာတ်အစပိုင်းက တစ်ချိန်ကနာမည်ကျော် Metro Manila ကိုပြန်သတိရမိချင်စရာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သိသိသာသာ ကွဲထွက်သွားပေမဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။Us x Her အပြီးကတည်းက ပျောက်နေခဲ့တဲ့ AJ Raval လေးကို သရုပ်ဆောင်မှုတွေမှာ ပိုမိုအာရုံစိုက်ချင်လို့ဆိုပြီး ဆီလီကွန်ဖယ်ထုတ်ခဲ့တဲ့နောက်ပိုင်း သဘာဝရင်သားနဲ့ပထမဆုံးမြင်ရမယ့်ဇာတ်ကားလည်းဖြစ်ပါတယ်။ အကဲဖြတ်ကြည့်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - ...
movie

[18+] Sugapa (2023)

2023
Darkling (2022) 7
Darkling (2022) Darkling (2022)~ IMDb rating - 7/10 ~2004 ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ Albanian အယူသည်းတွေက Serbian လူမျိုးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့အကြောင်းကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပါတယ်။ US က ငြိမ်းချမ်းရေးတပ်တွေ ရှိတာတောင်မှ အိမ်တွေ ဘုရားကျောင်းတွေ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ ဘာသာရေးနဲ့ လူမျိုးရေး မုန်းတီးမှုကြောင့်လို့ပဲ ပြောရမှာပါ။ ဇာတ်ကားကိုတော့ ပျောက်ဆုံးသွားတဲ့ ဖခင်ကို လွမ်းဆွတ်တဲ့အကြောင်း... ကိုဆိုဗို‌ဒေသက သူတို့နေထိုင်ရတဲ့ အခက်အခဲတွေ ကြောက်ရွံ့မှုတွေအကြောင်းကို သမ္မတကြီးဆီ ရေးတဲ့ ကလေးမလေး မီလီဆာရဲ့ စာပေါ်အခြေတည်ထားပါတယ်။မီလီဆာက ကိုဆိုဗိုမှာ အဘိုး အမေနဲ့အတူ ကျန်ခဲ့ပြီး သူ့အဖေနဲ့ ဦးလေးက မြေပြန့်မှာ အလုပ်လုပ်ဖို့သွားရင်း ပြန်မလာတော့တာပါ။ သူတို့လူမျိုးတွေကို အကြမ်းဖက်သတ်နေတဲ့အတွက် ညတိုင်း အမှောင်ထဲမှာ ကျီးလန့်စာစားနေရရင်း ပင်ပန်းဆင်းရဲစွာဖြတ်သန်းရပါတယ်။ မီလီဆာတို့ကျောင်းမှာလည်း မိသားစုတွေ ကိုဆိုဗိုကို စွန့်ခွာသွားကြတဲ့အတွက် ကျောင်းသားတွေ ...
movie

Darkling (2022)

2022
Seneca: On the Creation of Earthquakes (2023) 5.5
Seneca: On the Creation of Earthquakes (2023)  ရှေးခေတ်ရောမ ဂရိတွေနဲ့ နောက်ကြောင်းသမိုင်းကိုကြည့်ချင်တဲ့လူတွေအတွက်Senaca လို့ခေါ်တဲ့ရုပ်ရှင်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားကတော့ ဇာတ်ကားနာမည်အတိုင်းပဲ ဟိုးအရင်ခေတ်ကဂရိမှာနာမည်ကြီးခဲ့တဲအတွေးအခေါ်ပညာရှင် ဆန်နေကာအကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဆန်နေကာဆိုတာက ရောမအင်ပါယာကြီးရဲ့ဘုရင်ဖြစ်တဲ့နီရိုးရဲ့ အတိုင်ပင်ခံအမတ်ကြီးတစ်ယောက်ဖြစ်ပါတယ်။ ဘုရင်ကြီးနီရိုးကအသက်ငယ်ရွယ်ပြီးမစဉ်းစားမတွေးခေါ်ပဲစိတ်ထင်ရာလုပ်တတ်တဲ့ဘုရင်ကြီးတစ်ပါးဖြစ်ပါတယ်။ ဒီလိုနဲ့ ဆန်နေကာကဘုရင်ကြီးကို အကြိမ်ကြိမ်အခါခါအကျိုးအကြောင်းဆီလျော်အောင်ဘုရင်ကြီးရဲ့လုပ်ရပ်တွေကို ရှင်းပြပေမဲ့လဲနီရိုးကတော့ခေါင်းမာမြဲသူလုပ်ချင်တာလုပ်နေတုန်းပါပဲ။ဒါပေမယ့်အဲ့ဒါကြောင့်ပဲ သူတို့နှစ်ယောက်ရဲ့နေဝင်ချိန်တွေကမကြာခင်မှာ ရောက်လာတော့မယ်ဆိုတာကိုတော့ သူတို့မသိခဲ့ကြပါဘူး။တစ်နေ့မှာတော့ဆန်နေကာလုပ်ခဲ့တဲ့ကြီးမားတဲ့အပြစ်တစ်ခုကြောင့် သူ့ဘဝရဲ့နေဝင်ချိန်ကိုရောက်ချိန်မှာတော့သူ့ဘဝမှာကြုံတွေ့ခဲ့ရတဲ့ အရာတွေ အတွေးအခေါ်တွေကို အမွေအနှစ်တစ်ခုအနေနဲ့ထားခဲ့ပြီးနောက်မှာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့ပုံတွေကိုကြည့်ရမဲ့ အတွေးအခေါ်ဆိုင်ရာသမိုင်းကြောင်းဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။  File size…1.87GB / 752MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 52m Genre ….. Biography , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Seneca: On the Creation of Earthquakes (2023)

Friday Night Plan (2023) 6.6
Friday Night Plan (2023) Friday Night Plan (2023) IMDb 6.5Netflix ကထုတ်လွှင့်တဲ့ ကျောင်းတွင်းအချစ်ကားဖြစ်ပြီး အရင်အချိန်‌က ဇာတ်လမ်းတွေကိုပြန်သတိရရင်း ပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ ဇာတ်ကားကောင်းပဲဖြစ်ပါတယ်'Friday Night Plan ' ဒီဝေါဟာရဖြစ်တည်လာပုံကတော့ တနင်္လာကနေ သောကြာအထိ စာပြီးစာပဲဖြစ်နေကြတဲ့ ကျောင်းသားတွေအတွက် သောကြာနေ့ညကစပြီး Non-Stop Party နဲ့ အပီကဲကြမဲ့ ကျောင်းတွင်းရိုးရာတစ်ခုပေါ့ ကျောင်းရဲ့တင်းကျပ်တဲ့စည်းကမ်းတွေကြားမှာ ကလေးတွေပျော်ရွှင်ရတဲ့ FNP..ကျောင်းပိတ်ခါနီးလို့ ‌တစ်ကျောင်းနဲ့တစ်ကျောင်း ဘောလုံးပြိုင်ပွဲတွေကြား နာမည်ကောက်ကြီးသွားတာက‌ ဆစ်ဒ် .. သူ့အကြောင်းပြောရရင် အမေဖြစ်သူက နိုင်ငံခြားအစည်းအဝေးပွဲသွားလို့ ညီဖြစ်သူနဲ့ နှစ်ပါးသွားနေသူပေါ့ သူသဘောကျတဲ့ကောင်မလေးက လူမိုက်တစ်ယောက်ကို နယ်မြေ၁၁ခုကရဲတွေ ဝိုင်းလိုက်သလို ကျောင်းတစ်ဝက်ကျော်ကျော်ကလူတွေ ပိုးပန်းတာခံနေရတဲ့ နာတာရှာပါ တစ်ကျောင်းလုံးရဲ့ အချောအလှလေးနဲ့ ကျောင်းကပွဲကိုအတူသွားချင်တာကတော့ သူ့အိပ်မက်တစ်ခုပေါ့ ဆိုတော့ ကျောင်းသားတို့ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါးဖြစ်နေမှာဖြစ်ပြီး သူ့အိပ်မက်ကိုဘယ်လိုအကောင်အထည်ဖော်သွားမယ်ဆိုတာကတော့... (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~YH~V~Zwe Yan တို့ပဲဖြစ်ပါတယ်) File size…1.6GB / 700MB Quality…1080p NF WEB DL /720p Format…mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~YH~V~Zwe ...
movie

Friday Night Plan (2023)

2023
The List (2023) 5.3
The List (2023) The List (2023)~ IMDb - 5.3/10, Rotten Tomatoes - 96% ~"Celebrity Free Pass" ဆိုတဲ့ စကားလုံးအသုံးအနှုန်းနဲ့ လူတော်တော်များများ မရင်းနှီးကြတာတော့ အသေအချာပါပဲ။ အနောက်တိုင်းမှာ ချစ်သူရည်းစားတွေဖြစ်လာကြတဲ့အခါ ကိုယ်နှစ်သက်တဲ့ဆယ်လီတစ်ယောက်ယောက်နဲ့ ကြုံကြိုက်လာတဲ့အခါတိုင်း ဝုန်းဒိုင်းကျဲကြဖို့ဆိုပြီးတော့ စုံတွဲတွေကြားမှာ နှစ်ဦးသဘောတူ Free-past List တွေထားလေ့ရှိကြပါတယ်။ ဒီဇာတ်လမ်းကိုတော့ အဲဒီ Free-past List ကို ဇာတ်အိမ်တည်ပြီးတော့ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းရဲ့ ဇာတ်ဆောင်ဖြစ်တဲ့ အက်ဘီဆိုသူရဲ့ ကောင်လေးဟာ Free-past List ကို အကြောင်းပြပြီး ဆယ်လီတစ်ယောက်နဲ့ အတူသွားအိပ်ခဲ့ပါတယ်။ ဒါကို အက်ဘီဟာ မကျေနပ်နိုင်ဖြစ်ပြီး သူမရဲ့ ကောင်လေးကို လက်စားချေတဲ့အနေနဲ့ ကိုယ်ပိုင်စာရင်းတစ်ခုလုပ်ပြီး အဲ့စာရင်းထဲကဆယ်လီတွေနဲ့ လိုက်အိပ်ဖို့လုပ်ပါတော့တယ်။ အက်ဘီဟာ သူ့ရဲ့ဒေါသစိတ်ကြောင့် စုံလုံးကန်းပြီး ပေါက်တတ်ကရလိုက်လုပ်နေတဲ့အခါကျမှ ယောင်္ကျားပေါင်းများစွာရဲ့အသွင်မျိုးစုံကို မျက်မြင်ကိုယ်တွေ့ဖြစ်သွားပါတော့တယ်။ အက်ဘီတစ်ယောက် ...
movie

The List (2023)

2023
Haunting of the Queen Mary (2023)
Haunting of the Queen Mary (2023) Haunting of the Queen Mary (2023)~ Rotten Tomatoes - 71% ~လတ်တလော ထွက်ရှိထားတဲ့ Horror ရုပ်ရှင်တစ်ကားပါ။ ကမ္ဘာကျော်တိုက်တန်းနစ်သင်္ဘောကြီးလိုပဲ ကမ္ဘာ့အမြန်ဆုံး သင်္ဘောကြီးအဖြစ် နာမည်ကြီးခဲ့တဲ့ Queen Mary သင်္ဘောကြီးပေါ်က ခြောက်ခြားဖွယ်ရာ အဖြစ်အပျက်တွေ၊ အတိတ်ဆိုးတွေနဲ့ ပိတ်မိနေတဲ့ ဝိညာဉ်တွေအကြောင်းပါ။Queen Mary သင်္ဘောကြီးဟာ ကမ္ဘာစစ်တွေ အပျက်အစီးတွေကြားမှာ ကြံ့ကြံ့ခိုင် ကျန်ရစ်ခဲ့ပြီး မနစ်မြုပ်နိုင်တဲ့ သင်္ဘောအဖြစ် သင်္ဘောသားတွေကြား နာမည်ကျော်ပါတယ်။ ဒီဂုဏ်သတင်းနောက်ကွယ်မှာ ထိတ်လန့်စရာ စတေးမှုတွေရှိနေပါတယ်။ရှေးက သင်္ဘောဆောက်တဲ့အင်ဂျင်နီယာတွေရဲ့ရိုးရာအရ သင်္ဘောတစ်စင်း မနစ်မြုပ်အောင် လူသားတစ်ယောက်ကို ဆောက်တုန်းမှာ နှိပ်စက်ပြီး မြှုပ်ရပါတယ်တဲ့။ ဒီသင်္ဘောကြီးမှာလည်း အဲဒီလိုအယူနဲ့ အကျဉ်းသားတစ်ယောက်ကို မြှုပ်ထားပါတယ်။ကံဆိုးစွာနဲ့ သင်္ဘောက ခရီးစဉ်သွားရင်း နစ်မြုပ်သွားတဲ့အခါ သေဆုံးသွားတဲ့ခရီးသည်တွေက သရဲအဖြစ်နဲ့ခြောက်လှန့်နေပါတယ်။ ဒီဘက်ခေတ်မှာ သရဲ‌ခြောက်တာတွေနဲ့ သင်္ဘောကို လှည့်ပတ်ကြည့်ဖို့ Tour ...
movie

Haunting of the Queen Mary (2023)

2023
Infinity (2023) 8.1
Infinity (2023) Infinity ( 2023 ) ============== IMDb 8.7/10အိန္ဒိယမှုခင်းရုပ်ရှင် ပရိသတ်တွေအတွက် ဒီနှစ်ထဲမှာ မှုခင်းဇာတ်လမ်းကောင်းတွေ အများကြီးထွက်ရှိခဲ့ပြီး အခုလည်း နောက်ထပ် တမီလ်မှုခင်းရုပ်ရှင်တစ်ခု ထပ်မံထွက်ရှိလာပြန်ပါပြီ။ချန်နိုင်းမြို့ကြီးမှာ တစ်ညတည်းနဲ့ လူသဝာ်မှုနှစ်ခုဖြစ်သွားခဲ့ပါတယ်။ အဲဒီလူသဝာ်မှုနှစ်ခုမှာ သေဆုံးသူတွေက ရဲအရာရှိတစ်ယောက်နဲ့ နာမည်ကြီးစာရေးဆရာတစ်ယောက်ဖြစ်နေပါတယ်။ အဲဒီအမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က ဘာသဲလွန်စမှရှာမရတဲ့အတွက် CBI လို့ခေါ်တဲ့ ဗဟိုထောက်လှမ်းရေးအဖွဲ့ကြီးဆီကို အဲဒီအမှုလွှဲပေးလိုက်ရပါတယ်။ အကွက်ကျကျ ကစားကွက်တွေရွှေ့နေတဲ့ လူသဝာ်သမားကို CBI က စုံထောက်ကြီး အက်ဗီက ဖမ်းမိမလားဆိုတာ ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ဘာသာပြန်ဆိုသူတွေကတော့ Yunni, V နဲ့ Zwe Yan တို့ပဲ ဖြစ်ကြပါတယ်။ ) File size…1.7GB / 960MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~ V~ Zwe Yan
movie

Infinity (2023)

2023
Asura : The War of the Beehair (2023)
Asura : The War of the Beehair (2023) Asura : The War of the Beehair (2023)ဟွမ်ဆော့မီဆိုတဲ့အမျိုးသမီးက ထောင်ထဲမှာ ခေါင်းဆောင်လည်းဖြစ်တယ် ဆရာကြီးအဆင့်ထိရောက်နေတဲ့သူ.. အဲလိုလူကို မျက်စိဆံပင်မွှေးစူးတဲ့သူက ပြဿနာအိုး သူဌေးသမီးဟန်ဆိုဟီး..ဟန်ဆိုဟီးက ထောင်ထဲရောက်တာတောင် ထောင်စောင့်တွေ ထောင်ဦးစီးတွေကို လာဘ်ထိုးပြီး ဘုရင်မတစ်ပါးလိုနေတာ သူ့ကို အပြင်ကမိသားစုကလည်း ထုတ်မပေးတော့ ထောင်ထဲမှာ ပန်ကာ့ထိပ်က ဝက်အူလိုနေရင်း ပြဿနာတစ်ခုပြီးတစ်ခုရှာတော့တာပဲဟန်ဆိုဟီးကိုလည်း ဟွမ်ဆော့မီက သဘောမတွေ့တော့ နောက်ဆုံး လိုက်စုံစမ်းရင်းနဲ့ ဟန်ဆိုဟီးထောင်ထဲမှာတောင် တရားမဝင်တဲ့အလုပ်လုပ်နေတာကို သိသွားတဲ့အချိန်မှာ ဟွမ်ဆော့မီက ဘယ်လိုဖော်ထုတ်မလဲ ဘယ်လိုဖိုက်ကြမလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်ထောင်ထဲမှာ အကျဉ်းသားအချင်းချင်းရော၊ ရဲတွေရော ထောင်စောင့်တွေရော ပိုက်ဆံကြောင့် မတရားမှုတွေကိုလုပ်တတ်ကြောင်းကို မီးမောင်းထိုးပြထားတာမို့ ကြည့်လိုက်ကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Action, Crime Quality…. 1080p | 720p File size…925MB | 437MB Format… mp4 Duration….1h 26min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ...
movie

Asura : The War of the Beehair (2023)

2023
Babaylan (2023)
Babaylan (2023) Babaylan (2023)Babaylan ဆိုတဲ့ဝေါဟာရဟာ ဖိလစ်ပိုင်နတ်ဆရာတွေကိုရည်ညွန်းတဲ့စကားလုံးဖြစ်ပြီး အ‌ဆိုပါနတ်ဆရာတွေဟာသဘာဝတရားကြီးကိုအသုံးချနိုင်စွမ်းရှိတဲ့သူတွေပါ။ ဖိလစ်ပိုင်နိုင်ငံကိုလိုနီခေတ်မှာ နယ်ချဲ့တွေကိုစတင်တော်လှန်ခဲ့ကြသူတွေက Babaylan နတ်တွေပဲဖြစ်ပါတယ်။ ဒီ Babaylan(2023)ကို ဒါရိုက်တာဘိုနာဖာဂျာဒိုကနေရိုက်ကူးတင်ဆက်ထားပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ နတ်ဆရာတွေဟာသူတို့အစွမ်းတွေကိုလက်ဆင့်ကမ်းသယ်လာပြီး နယ်ချဲ့တွေကိုတော်လှန်ရာ နတ်ဆရာမတစ်ယောက်ဖြစ်တဲ့ ဂျိုဝီဟာ သူချစ်တဲ့သူရဲ့သစ္စာဖောက်တာကိုခံရမှန်းသိလိုက်ရတော့ ဒဏ်ရာတွေနဲ့ထွက်ပြေးရင်း ရန်သူတွေသူ့အလောင်းကိုမရပါစေနဲ့လို့ ဘုရားမှာတိုင်တည်ဆုတောင်းလိုက်တယ်။ အဲ့မှာ ဆန်းကြယ်စွာပဲ သူ့ဟာအစွမ်းတွေရရှိသွားခဲ့တယ် ။ ဒီအစွမ်းတွေကဘာတွေလဲ။လူတွေက ဘာလို့သူ့ကိုလိုချင်ရတာလဲဆိုတာတွေတော့ ဇာတ်လမ်းလေးမှာပဲဆက်ပြီးရှူစားတော်မူကြပါခင်ဗျာ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။Genre.....Action, Drama, Fantasy Quality…. 1080p | 720p File size… 1.3GB | 663MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Pyae Phyo Min Encoder ..... Aaron
movie

Babaylan (2023)

2023
Handsome (2023)
Handsome (2023) Handsome (2023)မီနမ်(လူချောလေး)ဆိုတဲ့ စုံထောက်ဟာ နာမည်ချောပေမဲ့ လူကတော့ မချောနိုင်လို့ တော်တော်အခက်တွေ့နေသူပါအဲဒါတင်မကဘဲ လုပ်တဲ့ အလုပ်တိုင်းမှာ တော်တော်ကိုးရိုးကားယားနိုင်ပြီး ပြဿနာချည်းဖြစ်နေလို့ အဖွဲ့က မစ်ရှင်တွေမှာ သူ့ကိုချန်ထားချင်ကြပါတယ်တစ်နေ့ယာဉ်တိုက်မှုဖြစ်ပြီး လုံးဝတခြားတစ်ယောက်လူလို ပြောင်းသွားတဲ့အခါမှာ ပြဿနာကပိုကြီးလာပါတော့တယ်အဲဒါကြောင့် အဖွဲ့က အထူးတာဝန်ပေးတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ သူ့ကို အသွင်ယူ စုံစမ်းခိုင်းရင်းကနေ အဲဒီရာဇဝတ်မှုကို ဖမ်းနိုင်မလား အလုပ်မှာ ယုံကြည်မှုပြန်ရမလားဆိုတာ ကြည့်လိုက်ကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre.....Comedy Quality…. 1080p | 720p File size… 1.1GB | 406MB Format… mp4 Duration….1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder .....Aaron
movie

Handsome (2023)

2023
Losmen Melati (2023) 5.7
Losmen Melati (2023) Losmen Melati (Motel Melati) (2023)လာတည်းတဲ့သူတွေအားလုံး အသက်ရှင်ရက်ပြန်မသွားနိုင်ကြတဲ့ Motel Melati ဆိုတဲ လျှို့ဝှက်မှုတွေပြည့်နေတဲ့ မိုတယ်တစ်ခုရှိပါတယ်။အဲဒီမိုတယ်မှာတော့ မိုတယ်ပိုင်ရှင်ရယ် ဝန်ထမ်းတစ်ယောက်ရယ် နှစ်ယောက်တည်း ရှိပြီးတော့ လာတည်းတဲ့သူတွေကို မိုတယ်ပိုင်ရှင်က လက်ဖက်ရည်နဲ့ ဧည့်ခံပြီးမှ အခန်းထဲဝင်ကြရတဲ့ ထုံးစံတစ်ခုရှိပါတယ်။ဇာတ်လမ်းထဲမှာတော့ မိခင်နာရေးကအပြန် မိုတယ်မှာဝင်တည်းတဲ့ မိသားစုတစ်စုရယ်၊ မိုတယ်မှာ လာချိန်းတွေ့တဲ့ စုံတွဲတစ်တွဲရယ်၊ မိုတယ်ကို ဓားပြတိုက်ဖို့လာတဲ့ လူဆိုးနှစ်ယောက်ရယ် ချောက်ခြားစရာမိုတယ်ကြီးမှာ ဘာတွေဆက်ဖြစ်ကြမလဲ၊ လာတည်းတဲ့သူတွေရဲ့ စိတ်ကိုလှည့်စားပြီး ဝိညာဉ်နှုတ်ယူတတ်တဲ့ ဒီမိုတယ်ရဲ့နောက်ကွယ်မှာ ဘာဇာတ်လမ်းတွေရှိနေမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါ။IMDb 6.6 ရထားတဲ့ အင်ဒိုနီးရှား Horror, Thriller, Mystery အမျိုးအစား ဇာတ်လမ်းဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre.....Horror. Mystery, Thriller Quality…. 1080p | 720p File size…950MB | 518MB Format… mp4 Duration….1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie

Losmen Melati (2023)

2023
Yung Libro sa Napanood Ko (2023)
Yung Libro sa Napanood Ko (2023) Yung Libro sa Napanood Ko (2023)ဒီကားလေးကတော့ ဖိလစ်ပိုင် အချစ်ဒရမ်မာကားလေးပါ။ ပုံမှန်အချစ်ကားတွေနဲ့ မတူတာတော့ ကြိုပြောထားချင်ပါတယ်။ မင်းသမီးက ဖိလစ်ပိုင်က ရောင်းအားအကောင်းဆုံး စာရေးဆရာမလေး ဖြစ်ပါတယ်။ သူက Kdrama ဖန်ဖြစ်တာမို့ သူ့ကြည့်ခဲ့ဖူးတဲ့ ဇာတ်လမ်းကို အခြေခံပြီး ရေးသားထားတဲ့ အခန်းနံပါတ် ၁၉ ဆိုတဲ့ စာအုပ်က တအားနာမည်ကြီးပါတယ်။ အဲ့မှာပဲ ကိုရီးယားက အိုပါးတယောက်က သူ့စာအုပ်ကို ဖတ်ပြီး သူ့ပရိသတ် ဖြစ်သွားပြီး စာအုပ်လက်မှတ်ထိုးပွဲမှာ လာပြီး မင်းသမီးရဲ့ လက်မှတ်လာထိုင်းခိုင်းတာကနေ ဇာတ်လမ်းစတာပါပဲ။ အဲ့မှာ ကိုရီးယားဇာတ်ကား ပရိသတ်မို့ သူ့ဖန်လေးက ကိုရီးယားကို အလည်ခေါ်တော့ စာရေးဆရာမလည်း ကောက်ကောက်ပါအောင် လိုက်သွားပါတော့တယ်။ တကယ်က စာရေးဆရာမလေးကလည်း အိုပါးမှာ မေရီဆိုတဲ့ ရည်းစားရှိနေမှန်း စတွေ့ကတည်းက သိခဲ့တာပါ။ အဲ့တော့ စာရေးဆရာမလေးနဲ့ ကင်ချီမြေက သူ့ဖန်လေးတို့ ဇာတ်လမ်းလေး ဘာဆက်ဖြစ်မလဲ အိုပါးရဲ့ ရည်းစား မေရီက ဘယ်သူလဲ ဆိုတာ သိချင်ရင်တော့ ဆက်ကြည့်ရှုခံစားလိုက်ပါဦးနော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ ...
movie

Yung Libro sa Napanood Ko (2023)

2023
Teenage Mutant Ninja Turtles: Mutant Mayhem (2023) 7.5
Teenage Mutant Ninja Turtles: Mutant Mayhem (2023) Teenage Mutant Ninja Turtles: Mutant Mayhem (2023)~ IMDb - 7.5/10, Rotten Tomatoes - 97% ~2023 ထွက် လိပ်နင်ဂျာကာတွန်းကားအသစ်ရပါပြီ။ လိပ်နင်ဂျာကာတွန်းတွေက ဖန်တရာတေအောင်ထွက်ပြီးသားဖြစ်ပေမဲ့ ဒီတစ်ခါ ကာတွန်းရုပ်ရှင်ကိုတော့ တမူထူးခြားတဲ့ ကာတွန်းစတိုင်နဲ့ ဖန်တီးထားပါတယ်။ 3-D CG Animation နည်းနဲ့ အလင်းအမှောင် လှုပ်ရှားမှုတွေကိုဖန်တီးထားပါတယ်။ Spider-Man: Into the Spider-Verse ဟာ ကာတွန်းရုပ်ရှင်လောကကို အသစ်တီထွင်ဖို့ တစ်ခေတ်ဆန်းပေးခဲ့တာပါပဲ။ ဒါရိုက်တာ Jeff Rowe ကလည်း ဆရာကြွက်နေရာမှာ သရုပ်ဆောင်ဖို့ ဂျက်ကီချန်း၊ စူပါဖလိုင်းနေရာမှာ သရုပ်ဆောင်ဖို့ Ice Cube, ရော့စတက်ဒီနေရာအွက် ဂျွန်စီနာ တို့ကို တစ်ယောက်ချင်း လိုက်ဖိတ်ခေါ်ခဲ့တာပါ။ ဇာတ်လမ်းကိုလည်း အရင်ပါနေကျ ဗီလိန်ရှရက်ဒါကိုပါ မထည့်ဘဲ မြူးတန့်အချင်းချင်း တိုက်ပွဲအနေနဲ့ ...
movie

Teenage Mutant Ninja Turtles: Mutant Mayhem (2023)

2023
4K HEVC
No content available

Genres

Archives