Channel Myanmar

Content at random


Movies

SEE ALL
Dante’s Inferno: An Animated Epic (2010) 6.5
Dante’s Inferno: An Animated Epic (2010) Dante's Inferno ..............................ဒီကားမထွက်ခင် ဂိမ်းအရင်ထွက်တာဗျဂိမ်းတုန်းကလည်းတော်တော်တော့လို့ကောင်းခဲ့ပါတယ်ဒန်ထေရဲ့ငရဲဆိုတဲ့ဇာတ်လမ်းဟာတကယ်တော့သမ္မာကျမ်းစာပါဇာတ်လမ်းမဟုတ်ဘူးဗျ၁၄ရာစု အီတလီကဗျာဆရာကြီး ဒန်ထေ ‌အလီဂေလွိရေးဖွဲ့တဲ့ကျော်ကြားတဲ့ကဗျာကြီးထဲကဇာတ်လမ်းပါဗုဒ္ဓဘာသာဇာတ်ထုတ်မှာဆိုရင်ရင့်မာတကျိပ်ဇာတ်ထုတ်ထဲကနေမိဇာတ်ထုတ်လိုပဲဗျဒန်ထေဟာ ခရစ်ယာန်ငရဲကြီးကိုးထပ်ကိုဖြတ်ကျော်ပြီး ချစ်သူကိုပြန်ကယ်တဲ့ဇာတ်လမ်းပါ ဒီကာတွန်းမှာထူးဆန်းတာကဇာတ်ဝင်ခန်းတခုနဲ့တခုပုံတွေမတူဘူးဗျအဲ့တချက်တော့ကြည့်ရတာတမျိုးပဲ IMDbမှာ‌တော့ 6.9/10ထိရထားပါတယ်  File size…  1.33GB /  781 MB Quality… WEB Rip 1080p / 720p Format… mp4 Duration…. 1h 29m Genre .....  Action , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr. Nyan
movie

Dante’s Inferno: An Animated Epic (2010)

2010
Tarla (2023) 7.0
Tarla (2023) Tarla(2023)CM ပရိသတ်တွေကို ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ကားလေးကတော့ IMDb 7/10 ရရှိထားတဲ့ကားလေးပဲဖြစ်ပါတယ်။ လူသားမဆန်တဲ့ အိမ်ထောင်ရေးရယ်လို့ ပြောရမယ်ဆိုရင် အိန္ဒိယနိုင်ငံရဲ့အိမ်ထောင်ရေးဆိုင်ရာဓလေ့တွေကလည်း ထိပ်ဆုံးကပြေးမြင်မိတဲ့ထဲ ပါနေလိမ့်မယ်ထင်ပါတယ်။ ဘာအတတ်ပညာတွေတတ်ထာ:တတ်ထား အချိန်တန်သတို့သားအိမ်လာကြည့်တာနဲ့ ဟင်းချက်စွမ်းရည်နဲ့ အိမ်ထောင်မှုနိင်နင်းတဲ့အကြောင်းပဲ အသားပေးပြပြီးလက်ထပ်။ ဒီလိုနဲ့ အိမ်ထောင်ကျ ကလေးမွေးရင်း ချက်ပြုတ်ကျွေးမွေး၊ တစ်ဖက်က ယောကျာ်းလေးကလည်း မိုးလင်းတာနဲ့ သံပတ်ပေးထားသလို အိပ်ယာထ၊ အလုပ်သွား၊ ပြန်အိပ် စတဲ့ ဒုံရင်းသောတစ်နေ့တာနဲ့ ငြီးငွေ့လောက်စရာ အိမ်ထောင်ရေးတွေကိုလည်း တော်တော်များများမြင်ဖူးကြမှာပါ။ဒီကားလေးမှာတော့ တာလာဟာ ဘဝမှာ ငါတစ်ခုခုတော့ဖြစ်ရမယ်ဆိုတဲ့ ဉာဏ်ကောင်းကောင်း ဟင်းချက်လက်ရာကောင်းကောင်းနဲ့ကောင်မလေးတစ်ယောက်ပါ။ ဒါပေမယ့် သူဖြစ်ချင်တာ ဘာရယ်လို့ ကွဲကွဲပြားပြားမသိသေးခင်မှာပဲ အိမ်ထောင်ရေးဆိုတဲ့ရထားကြီး သူမဆီဆိုက်ရောက်လာပါတော့တယ်။ သားသတ်လွတ်သမားမင်းသမီးနဲ့ အသားဟင်းသိပ်မစွဲလန်းတဲ့မင်းသားတို့ တစ်နေ့တာတွေကို ဘာရယ်မသိဖြတ်သန်းလာရင်း နှစ်ချီလာတဲ့နောက် နောက်ကွယ်မှာ အသားခိုးစားနေတဲ့ ယောကျာ်းကိုမိသွားတဲ့အခါ ...။ ချောင်ထိုးထားတဲ့ တီထွင်နိုင်စွမ်းတွေ အစွမ်းကုန်အသုံးချလို့ ယောကျာ်းအသားမစားရေးလှုပ်ရှားမှုကြီး စပြီး ဟင်းတွေကို တီထွင်ပါတော့တယ်။ဒီလိုနဲ့ သူ့ရဲ့ဆန်းသစ်တဲ့ဟင်းချက်လက်ရာအစွမ်းနဲ့ သူတို့တိုက်ကကောင်မလေးကိုပါ အိမ်ထောင်ချပေးလိုက်နိုင်ပြီးတော့ နာမည်ကြီးသွားပြီး သင်တန်းတွေပါဖွင်လိုက်ရတဲ့သူမ..။ မမျှော်လင့်တဲ့ အချိုးအကွေ့တွေနဲ့ကြုံလာတဲ့အခါ ဘယ်လိုတွေ ရုန်းကန်မလဲ၊ ရင်ဆိုင်မလဲ ၊ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို ...
movie

Tarla (2023)

2023
The Three Investigators and The Legacy of the Dragon /  Die Drei (2023) 5.7
The Three Investigators and The Legacy of the Dragon / Die Drei (2023)  "The Three Investigators" ဆိုတဲ့ ကလေးဖတ်စာအုပ်တွဲထဲက တစ်အုပ်ကိုမှီငြမ်းပြီးရိုက်ကူးထားတဲ့ ဂျာမန် Adventure & mystery ဇာတ်ကားလေးပါ IMDb 5.7 ရရှိထားပြီးကလေးသရုပ်ဆောင်သုံးယောက်ကတော့အဓိကဇာတ်ဆောင်တွေဖြစ်ပါတယ် ဇာတ်လမ်းထဲမှာတော့ စုံစမ်းထောက်လှမ်းရတာဝါသနာပါတဲ့သူငယ်ချင်းသုံးယောက်သား နွေရာသီအစမ်းခန့်အလုပ်အတွက် Transylvania မြို့ကိုရောက်သွားခဲ့ရာကနေစပါတယ် သူတို့ကအဲဒီမှာဒရက်ကူလာဇာတ်ကားရိုက်ဖို့အတွက်သွားကြတာဖြစ်ပြီး ရိုက်ကွင်းနေရာဖြစ်တဲ့ရဲတိုက်ကြီးကတော့ရာဇဝင်တွေအပြည့်ပါပဲ စုံထောက်‌ကျော်သုံးယောက်တို့ ရဲတိုက်ရဲ့ရာဇဝင်နဲ့ရဲတိုက်ထဲမှာဖြစ်နေတဲ့ထူးဆန်းတဲ့ကိစ္စကိုလိုက်စုံစမ်းကြရင်း ဘာတွေတွေ့ကြုံရမလဲ ရာဇဝင်တွေကတကယ်ရောဟုတ်ရဲ့လား မသမာသူတွေကရောရဲတိုက်ထဲမှာဘာတွေကြံစည်နေကြတာလဲဆိုတာကိုအဖြေရှာကြတဲ့ဇာတ်ကားဖြစ်ပါတယ် နာမည်ကျော်ကလေးဖတ်စာအုပ်ကနေမှီငြမ်းရိုက်ကူးထားတာမလို့ ကလေးတွေပါကြည့်လို့သင့်တော်တဲ့ပေါ့ပေါ့ပါးပါးဇာတ်ကားလေးပါFile size…(1.2 GB)/(700 MB)Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Adventure, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

The Three Investigators and The Legacy of the Dragon / Die Drei (2023)

[18+]True Story of a Woman in Jail: Continues (1975) 4.7
[18+]True Story of a Woman in Jail: Continues (1975) ဂျပန်မလေးတွေရဲ့ ရောင်စုံအလှကို ဆက်ခံစားကြည့်ရအောင် ဒီဇာတ်လမ်းလေးက ရှေ့ကဇာတ်လမ်းလေးရဲ့အဆက်ပါပဲမာရူမီ တယောက် အချုပ်က ခိုးထွက်ပြေးပြီးလွတ်လာချိန်မှာပဲ သူချစ်သူက တခြားကောင်မလေးတယောက်နဲ့ အတူအိပ်နေတာကို တွေ့သွားခဲ့ပါတယ် အဲဒီမှာပဲ လက်မရွံ့ဖြစ်နေတဲ့ မာရူမီက သစ္စာမဲ့တဲ့ချစ်သူကို သတ်ခဲ့ပြီး သက်ငယ်ထောင်ပြန်ရောက်ပါတယ်ထောင်ဝန်းထမ်းတွေ အပြင်က ရာကူဇာတွေနဲ့ တွဲလုပ်စားပုံ ကောင်မလေးတွေအပေါ် မက်လုံးတွေပေးပြီး တာဝန်မယူတာတွေ ထုံးစံအတိုင်း သွေးအေးအေးနဲ့ လုပ်တက်တဲ့ မာရူမီရဲ့ လှလှပပ အကွက်တွေကို လှလှပပ ဖေါ်ကြူးထားတာဖြစ်လို့ DS Fans တွေအတွက် တင်ဆက်ပေးလိုက်ပါတယ် File size…1.3GB / 640MB Quality…1080p / 720p Format…mp4 Duration….1h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder…XCross Translated by Ki Mu Chi
movie

[18+]True Story of a Woman in Jail: Continues (1975)

1975
Grabbers (2012) 6.3
Grabbers (2012)  IMDb - 6.3/10 ~ Rotten tomatoes - 70% အိုင်ယာလန်နိုင်ငံက ‌အယ်ရန်ကျွန်းလေးဟာ လူအနည်းစုပဲနေထိုင်ကြပြီး သာယာအေးချမ်းနေတဲ့ ကျွန်းလေးပါ။ ရဲစခန်းမှာလည်း အရာရှိနှစ်ယောက်သာရှိပြီး မှုခင်းလည်းတော်ရုံဖြစ်ခဲပါတယ်။ တနေ့မှာတော့ စခန်းမှူးက ပိတ်ရက်ခွင့်ယူတဲ့အတွက် ဒပ်ဗလင်မြို့ကနေပြီး နှစ်ပတ်အစားထိုးပေးမဲ့ ဂါဒါ (အရာရှိ) နိုလန် ကိုလွှတ်ခဲ့ပါတယ်။ ဒီလိုနဲ့ စခန်းမှာကျန်ခဲ့တဲ့ အိုရှေးနဲ့တွဲပြီးအလုပ်လုပ်ကြရင်း ကမ်းခြေမှာ ဝေလငါးတွေ သောင်သာတင်တဲ့သတင်းကို သွားစစ်ရင်း ဝေလငါးတွေရဲ့ ကိုယ်ပေါ်ကပုံမှန်အဟုတ်တဲ့ အမည်မသိဒဏ်ရာတွေကိုတွေ့ခဲ့ကြရပါတယ်။တဖက်မှာလည်း ဘဝကိုငါးဖမ်းလိုက်၊ အရက်သောက်လိုက်နဲ့ ဖြတ်သန်းနေတဲ့ ပက်ဒါဆိုတဲ့ အဘိုးကြီးရဲ့ ကျောက်ပုစွန်ထောင်ခြောက်မှာ အမျိုးအမည်မသိ အကောင်တကောင်မိခဲ့ပြီး ပက်ဒါကိုတိုက်ခိုက်ရင်း သေသွားခဲ့တာကြောင့် အဏ္ဏဝါဗေဒပညာရှင် စမစ်နဲ့စစ်ဆေးကြည့်ရင်း ဒီသတ္တဝါတွေဟာ သွေးကိုစားသုံးပြီး အသက်ရှင်ဖို့ရေလိုအပ်တဲ့ အမျိုးအမည်မသိမျိုးစိတ်ဖြစ်နေပြီး သေသွားရတဲ့အကြောင်းအရင်းကလည်း ပက်ဒီလို ရှက်ကီပေါင်းစုံထုထားတဲ့ ရှက်ဘီဘဲကြီးရဲ့ သွေးကိုစုပ်မိသွားတာကြောင့် ဖြစ်နေခဲ့ပါတယ်။ ဖြစ်ချင်တော့ ပက်ဒါမိထားတဲ့အကောင်က အမဖြစ်နေပြီး ...
movie

Grabbers (2012)

Mission: Impossible – Fallout (2018) 7.7
Mission: Impossible – Fallout (2018) Mission: Impossible VI - Fallout (2018)=============================IMDb Rating 7.7/10MI ရုပ်ရှင်တွေဟာ ပုံမှန်အားဖြင့် တော်တော်လေးမိုက်တယ်။ Action scene တွေ၊ လုပ်သွားတဲ့ အကွက်တွေ ကြမ်းတယ်။ ပစ္စည်းပစ္စယ gadget တွေလည်း စုံတယ်။ တစ်ကားနဲ့ တစ်ကား နည်းနည်းလေးဆင်နေပေမဲ့ ကြည့်ရပျော်တယ်။ ဒါပေမဲ့ Fallout ကတော့ နောက်တစ်ဆင့်တက်သွားပြီလို့ ပြောရမှာပါ။ဇာတ်လမ်းပိုင်းမှာ ခါတိုင်း MI ကားတွေလိုပဲ ပြဿနာတွေတက်၊ မဖြစ်နိုင်လောက်တဲ့ Impossible တွေလုပ်ပြီး နောက်ဆုံးတော့ “Ethan Hunt saves the day” ဆိုတာအဓိကပဲပေါ့။ ဒါပေမဲ့ မသိမသာနဲ့ သိသိသာသာပြောင်းသွားတာတွေရှိတယ်။ သတိထားမိတာက ဒီကားမှာ အရင်လို လွန်အားကြီးတဲ့ tech တွေ သိပ်မပါတော့ဘူး။ အရင်ကားတွေလို Kremlin ကို ပြောင်ကြီးခိုးဝင်ရလောက်အောင် “မလွယ်လွန်းဘူးလားဟ” ဆိုတာမျိုးတွေ ...
movie

Mission: Impossible – Fallout (2018)

2018
4K HEVC IMAX
Mission: Impossible – Ghost Protocol (2011) 7.4
Mission: Impossible – Ghost Protocol (2011) Mission: Impossible - Ghost Protocol (2011) ================================ IMDb Rating 7.4/10ကျွန်တော်တို့ဘဝမှာ No Plan,No Backup,No Choice အခြေအနေဖြစ်နေတဲ့ အခက်အခဲတွေကိုကြုံ ဖူးကြမှာပါ၊ ဒီဇာတ်ကားထဲကလိုပေါ့။ကျွန်တော်အကြိုက်ဆုံးဇာတ်ကားတွေထဲမှာ Mission Impossible ဇာတ်ကားတွေလည်း ပါပါတယ်။ Mission Impossible ဇာတ်ကားတိုင်းဟာ ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်း ဇာတ်ကွက်၊ မရိုးနိုင်တဲ့စွန့်စားခန်းတွေနဲ့ ရုံဝင်ငွေကိုဦးဆောင်နိုင်ခဲ့တာချည်းပါပဲ။ဇာတ်လမ်းအကျဉ်းကတော့...အကြမ်းဖက်သမားတွေ ကရင်မလင် နန်းတော်ကို ဗုံးခွဲရာမှာ မတားဆီးနိုင်ခဲ့တာကြောင့် IMF အေးဂျင့်တွေဖြစ်တဲ့ အီသန်ဟန့်နဲ့ ထောက်လှမ်းရေး အေဂျင်စီ တစ်ဖွဲ့လုံး နုတ်ထွက်လိုက်ရပါတယ်။အဖွဲ့အစည်း အထောက်အပံ့ မရတော့ပေမယ့် အီသန်ဟန့်တစ်ယောက် လက်မလျှော့ဘဲ သူ့နာမည်နဲ့  သူတို့အေဂျင်စီ ဂုဏ်သတင်းကို ကာကွယ်ဖို့နဲ့ နောက်ထပ်အကြမ်းဖက်တိုက်ခိုက်မှုတွေ ထပ်ဖြစ်မလာဖို့ အားကုန်ရုန်းပါတော့တယ်။ဒါပေမယ့် သူတို့အဖွဲ့မှာ သူနဲ့ရည်မှန်းချက်မတူတဲ့လူတွေလဲပါဝင်နေတာကြောင့် မှန်ကန်တဲ့ရွေးချယ်မှုတွေနဲ့ IMF တစ်ဖွဲ့လုံးကို ပြန်လည်ကယ်တင်နိုင်မလားဆိုတာကတော့...။Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=mission+impossible   ကြည့်ပါ။ File size…(10 GB)/(1.5 GB)/(1.1 GB) Quality….BluRay ...
movie

Mission: Impossible – Ghost Protocol (2011)

2000
4K HEVC
Mission: Impossible III (2006) 6.9
Mission: Impossible III (2006) 2828Mission: Impossible III (2006)=======================IMDb Rating 6.9/10ဒီထဲမှာတော့ အီသန်ဟန့်တစ်ယောက် IMF Agent အသစ်တွေကို ထရိန်းဖို့ Agent ဘဝကနေ အနားယူခဲ့ပေမယ့်လက်နက်မှောင်ခိုရောင်းဝယ်ရေးအရှုပ်ထုပ်အတွင်းမှာ သူ့ချစ်သူကို လိုက်ကယ်ရတဲ့ Mission ကို မြင်တွေ့ရမှာပါ...ထုံးစံအတိုင်း ရှေ့က ၂ ကားရဲ့ ရသကို မီခဲ့တဲ့အပြင် ဒီဇာတ်ကားက တော်တော်လေးကြမ်းတမ်းတဲ့ လှည့်ကွက်တွေနဲ့ ဟင်ခနဲ ဟာခနဲဖြစ်ရတဲ့ MI ဇာတ်ကားပါပဲ...ဒါကြောင့်လဲ နံပါတ် ၃ ကားမြှောက်ဇာတ်ကားဆိုပေမယ့် တစ်ချက်လေးမှ ပေါ့ရွှတ်မနေခဲ့ဘဲ Rating မြင့် အက်ရှင်ကားတစ်ကားဖြစ်ခဲ့ပါတယ်။Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=mission+impossible   ကြည့်ပါ။ File size…(9 GB)/(1.5 GB)/(999 MB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….02:05:24 Subtitle….Myanmar Subtitle (Hardsub) Encoder….SWM, Nyeinsaeya Aung Translated by d3mon
movie

Mission: Impossible III (2006)

2006
4K HEVC
Mission: Impossible – Rogue Nation (2015) 7.4

Mission: Impossible – Rogue Nation (2015)

2015
4K HEVC
Mission: Impossible II (2000) 6.1
Mission: Impossible II (2000) Mission: Impossible II (2000) ======================= IMDb Rating 6.1/10မင်းသား Tom Cruise ရဲ့ Mission Impossible ဇာတ်ကားတွေထဲကမှ နံပါတ် ၂ ဇာတ်ကားပါ... ဇာတ်လမ်းအကျဉ်းကတော့....ဒေါက်တာ ဗလာဒီမာဟိုနိုဗစ်ဟာ အဖျက်စွမ်းအားအင်မတန်ကြီးမားတဲ့ ကိုက်မယ်ရာ လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကို မှားယွင်းတီထွင်မိပါတယ်။သူ့ကိုယ်သူအမှားလုပ်မိမှန်းသိလို့ ဖြေဆေးကိုပါ ပြန်ပြီး တီထွင်ပါတယ်။ပြီးတော့ ဒီဗိုင်းရပ်ကို မသမာသူတွေလိုချင်တယ်ဆိုတာကိုသိလို့ ဖြေဆေး ရော ဗိုင်းရပ်စ်ပိုးကိုယူပြီး အဝေးကိုထွက်သွားဖို့ကြိုးစားရမှာ သူ့ရဲ့အယုံကြည်ရဆုံးသူဖြစ်တဲ့ IMF အေးဂျင့် အီသန်ဟန့် ကိုအကူအညီတောင်းပါတယ်။ ဖြစ်ချင်တော့ အီသန်ဟန့်ဟာအဲ့အချိန်မှာ အားလပ်ရက်ယူနေတာဖြစ်ပြီး၊ IMF အဖွဲ့အစည်းက ဘယ်လိုမှရှာမရတာမို့ အီသန်ဟန့်ရဲ့မျက်နှာ ဖုံးကိုတခြားသူမှာတက်ပြီးလူစားထိုးလွှတ်လိုက်ပါတယ်။အဲ့လူက လောဘတက်ပြီးသစ္စာဖောက် သွားတဲ့အခါမှာ အီသန်ဟန့်တစ်ယောက် ဗိုင်းရပ်ကိုဘယ်လိုပြန်ပြီးယူမလဲ စတဲ့စွန့်စားခန်းတွေနဲ့အတူ အက်ရှင်ကားအကောင်းစားတွေကြိုက်နှစ်သက်သူတွေအတွက် ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=mission+impossible   ကြည့်ပါ။ File size…(8.9 GB)/(1.5 GB)/(999 MB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….02:03:35 Subtitle….Myanmar Subtitle (Hardsub) Encoder….SWM, Nyeinsaeya Aung Translated ...
movie

Mission: Impossible II (2000)

2000
4K HEVC
Mission: Impossible (1996) 7.1
Mission: Impossible (1996) Mission: Impossible I (1996)====================IMDb Rating 7.1/101996 ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး Mission Impossible ဇာတ်ကားတွေရဲ့ ပထမဦးဆုံးကားဖြစ်ပါတယ်.. မင်းသားတွမ်ခရုရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ film စီးရီးပါပဲ... Brian De Palma ရိုက်ကူးတင်ဆက်ခဲ့ပြီး ဒီဇာတ်ကားဟာ IMDb Rate မှာလည်း 7.1 ရရှိခဲ့ ပါတယ်..မင်းသားတွမ်ခရုကိုလည်း ငယ်ငယ်ရွယ်ရွယ်နဲ့တွေ့မြင်နိုင်တဲ့ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့...IMF အဖွဲ့အစည်းရဲ့အစဖြစ်တဲ့ တကယ်တော်တဲ့အေးဂျင့်တွေနဲ့စုပေါင်းလှုပ်ရှားထားတဲ့ အဖွဲ့ဟာ ပရောဂျက်တခုကိုလုပ်ဆောင်နေရင်းနဲ့ အီသန်ဟန့် ကလွဲရင် ကျန်တဲ့အဖွဲ့ဝင်တွေအားလုံးအသတ်ခံလိုက် ရပါတယ်..တကယ်တော့အဲ့ဒီပရောဂျက်ဟာ ဗဟိုအဖွဲ့အစည်းက သစ္စာဖောက်ကိုဖေါ်ထုတ်မယ့် ပရောဂျက်ပါ..အီသန်တစ်ဦးတည်းသာအသက်ရှင်ကျန်ခဲ့တာမို့ CIA ကနေ ဖမ်းဖို့ကြိုးစားပါတော့တယ် ထိပ်တန်းလျို့ဝှက်ချက်ဖိုင်ကြောင့် သစ္စာဖောက်တယ်ဆိုတာသိပေမယ့် အီသန်ဟန့်ဟာ တကယ့်သစ္စာ ဖောက်ခဲ့တဲ့သူကိုလိုက်ရှာဖို့ကြိုးစားပါတယ်..ဒီတော့ သူကိုယ်တိုင် သူလျိုအဖြစ်နဲ့ အဝယ်တော်ဘက်ကို ပူးပေါင်းကာ သစ္စာဖောက်အစစ်ကိုရှာဖို့အတွက် ထိပ်တန်းလျို့ဝှက်ချက်ကို စီအိုင်အေ ရုံးချုပ်ကနေ မရရအောင်ပြန်ခိုးပါတော့တယ်...အမိုက်စားအက်ရှင်ဇာတ်ကားဖြစ်တဲ့အဖြစ်..မင်းသားတွမ်ခရုရဲ့ သရုပ်ဆောင်ကောင်းမှု ...ဇာတ်လမ်းဇာတ်အိမ်စုဖွဲ့မှုကောင်းမှုတွေကြောင့် 1996 က ထွက်ရှိခဲ့ပေမယ့် ယခုထိတိုင်အသက်ဝင်နာမည်ကျော်ကြားဆဲဇာတ်ကားဖြစ်ပါတယ်။Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=mission+impossible   ကြည့်ပါ။ File size…(8.5 GB)/(1.3 GB)/(950 MB) Quality….BluRay 4K ...
movie

Mission: Impossible (1996)

1996
4K HEVC
Hidden Strike (2023) 5.8
Hidden Strike (2023)  ဂျက်ကီချန်းနဲ့ ဂျွန်စီနာတို့ရဲ့ ဟာသအက်ရှင်ကားအသစ်လာပါပြီ။ဒါရိုက်တာကလည်း Need for speed, Expend4bles တို့ရဲ့ Scott Waugh ပါ။ ဇာတ်လမ်းအကျဉ်းအရှေ့အလယ်ပိုင်းရဲ့ တရုတ်ရေနံကုမ္ပဏီတစ်ခုက ဒေသတွင်း ကြေးစားစစ်တပ်တွေကဝိုင်းတိုက်နေပြီ ဝင်စီးဖို့ကြိုးစားနေပါတယ်။ ရေနံဝန်ထမ်းတွေကို ကယ်တင်ဖို့ဂျက်ကီချန်းတို့ လုံခြုံရေးတပ်တွေ ရောက်လာပြီး ကယ်ထုတ်နေချိန်မှာကြေးစားတပ်တွေနဲ့ တိုက်ပွဲဖြစ်ပါတော့တယ်။ အဲဒီတိုက်ပွဲမှာ ဂျွန်စီနာကကြေးစားတွေဘက်ကနေ ပါလာပြီး ရေနံဝန်ထမ်းတွေရဲ့ ကားတန်းထဲကဘတ်စကားနှစ်စီးကို ဖမ်းခေါ်သွားနိုင်ခဲ့ပါတယ်။ အဲဒီလူတွေကို ပြန်ကယ်ဖို့ကြိုးစားရင်း ဂျက်ကီနဲ့ဂျွန်စီနာတို့ တွေ့ကြတဲ့အခါ....   File size… 2.12GB / 925MB Quality… WEB-Rip 1080P 5.1 CH / 720p Format…mp4 Duration….1h 42m Genre ….. Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson
movie

Hidden Strike (2023)

Maamannan (2023) 7.1
Maamannan (2023) Maamannan(2023)IMDb-7.1/10 Political Thriller75 ကုဋေထိရုံတင်ငွေအမြတ်ရထားတဲ့ တစ်ခေတ်တစ်ခါက အောင်မှုတွေရခဲ့တဲ့ဟာသမင်းသားကြီး Vadivelu ၊ ဝန်ကြီးမျိုးဆက်ကနေမွေးဖွားလာတဲ့ လူငယ်ဖွံ့ဖြိုးရေးနဲ့အားကစားဌာနမှာဝန်ကြီးခန့်အပ်ခံရဖူးသူ Udhayanidhi Stalin နဲ့ ရှူတည်တည် ကာရိုက်တာလေးတွေနဲ့ ပေါက်ခဲ့တဲ့မင်းသမီးချောလေးKeerthy Suresh တို့ပါဝင်ထားတဲ့ တမီးလ်ဇာတ်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအညွှန်းလွှတ်တော်ကိုယ်စားလှယ်ရဲ့သားဖြစ်ပေမဲ့ အဖေ့ရဲ့အရှိန်အဝါကိုမမီပဲ ဝက်မွေးပြီးအေးဆေးနေတဲ့ အသီဗီရန် ၊လူမှုကောင်းကျိုးတွေကို ကျောင်းသူဘဝတည်းကဆက်တိုက်လုပ်ဆောင်နေတဲ့ လီလာ ၊ အသီဗီရန်ကလီလာ့ကိုကြိတ်သဘောကျနေပေမဲ့ လွှတ်‌တော်ကိုယ်စားလှယ်ရဲ့သားမို့ လီလာကမကြိုက်မှန်းသိလို့ရှေ့မတိုးခဲ့တာ ကျောင်းပြီးသည်ထိပါပဲကျောင်းပြီးတစ်နေ့လီလာ နွမ်းပါးတဲ့ကလေးတွေကိုစာသင်ဖို့ငှားထားတဲ့နေရာကို အမည်မသိလူတွေခြိမ်းခြောက်မှုကြောင့် ပိုင်ရှင်ကအတင်းရွှေ့ခိုင်းတဲ့အချိန်မှာစတော့တာပဲ သူငယ်ချင်းတွေက အသီဗီရန်ကိုအကူအညီတောင်းချင် လီလာကလက်မခံနဲ့ နောက်ဆုံးတော့လက်လျှော့ပြီး အသီဗီရန့်အိမ်သွားတွေ့ကြချိန်မှာ အသီဗီရန်က ဝက်တွေပဲမွေးနေပြီး အဖေနဲ့ စကားမပြောခဲ့တာ ဆယ့်ငါးနှစ်တိုင်ခဲ့ပြီဆိုတာ လီလာသိလိုက်ရပါတယ်မုန်းတီးမှုကြောင့်မဟုတ်ဘဲ 15 နှစ်ထိ စကားမပြောခဲ့ရတဲ့အကြောင်းအရင်းနဲ့ ရိုးရှင်းမနေတဲ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဆိုတဲ့ဘဝမှာ ဘယ်လိုအလှည့်အပြောင်းတွေပါလာမလဲ လီလာနဲ့ ဗီရာတို့ရဲ့အချစ်ရေး ဒါတွေကိုရသစုံကြည့်ရှူခံစားရမဲ့ကားလေးပဲဖြစ်ပါတယ်(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ Cherry ~ Moon ~ V ~ Yunni တို့ပဲဖြစ်ပါတယ်) File size…3GB / 1.5GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 37mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Maamannan (2023)

2023
In Dream (2023) 6
In Dream (2023) In Dream (2023)လူတွေရဲ့သဘာဝကတော့ အိပ်မက်ဆိုတာ မက်ပြီးရင် မနက်ကျ မေ့သွားတတ်ကြတာများပါတယ် မနက်ထိ သတိရရင်တောင် တစ်နေကုန် မှတ်မိနေဖို့က ခဲယဉ်းပါတယ်ဒါပေမဲ့ ကိုယ့်အိပ်မက်ထဲတောင်မဟုတ်ဘဲ သူများအိပ်မက်ထဲထိပါ ဝင်ပြီး ထိန်းချုပ်လို့ရမယ်.. ကိုယ်လုပ်ချင်တာတွေလုပ်လို့ရမယ်ဆိုရင်တော့ တကယ်ကို ဆန်းကြယ်သွားပါပြီဒီဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်ဖြင့် ဟုန်းဟွာဆိုတဲ့မိန်းကလေးက သူများအိပ်မက်ထဲမှာ ဝင်ပြီးဆက်သွယ်နိုင်နေတာပါ.. ဒါပေမဲ့ အရာရာက သူငယ်ချင်း ပျောက်ဆုံးတဲ့နေရာမှာ စတင်လာခဲ့တယ်ဟုန်းဟွာရဲ့ သူငယ်ချင်းကို ပြန်ပေးဆွဲသွားတဲ့ လူသတ်သမားဟာ ရက်စက်လွန်းတဲ့အတွက် ရဲတွေကလည်း အသေရရအရှင်ရရ ဖမ်းချင်နေတာပါ.. အဲလိုနဲ့ ဟုန်းဟွာလည်း အဲအမှုမှာပတ်သက်ခဲ့ရပြီးတော့ လူသတ်သမားနဲ့ စိတ်နဲ့ စီးချင်းထိုးရမယ့်အဖြစ်တွေနဲ့ ကြုံရပါတော့တယ်နောက်ဆုံးမှာ အဲလိုတွေသဘာဝလွန်ဖြစ်ရပ်တွေကြုံနေရတဲ့ ဟုန်းဟွာတစ်ယောက် လူသတ်သမားကို ဖမ်းတဲ့နေရာမှာကူညီနိုင်မလား... နောက်ဆက်တွဲကြုံလာရမယ့်အဖြစ်တွေကိုရော ခံနိုင်ရည်ရှိပါ့မလားဆိုတာ ကြည့်ရမှာဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Crime, Thriller Quality…. 1080p | 720p File size… 889MB | 419MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar ...
movie

In Dream (2023)

2023
The Murderer (2023) 6.5
The Murderer (2023) The Murderer (2023)နာမည်ကျော် ထိုင်းဟာသမင်းသားကြီး Phetthai Vongkumlao ပါဝင်ထားတဲ့ ဟာသကားအသစ်ထွက်လာပါပြီ။ မင်းသမီးကတော့ Bad Genius ထဲက ဂရေ့စ်အဖြစ် သရုပ်ဆောင်ဖူးတဲ့ Eisaya Hosuwan ပါပဲ။ဇာတ်လမ်းအကျဉ်းထိုင်းနိုင်ငံတစ်နေရာက လယ်တောအိမ်လေးတစ်ခုထဲမှာ ၇ လောင်းပြိုင်လူသတ်မှုကြီး ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအတွက် သံသယတရားခံကတော့ အဲလ်လို့ခေါ်တဲ့ ဗြိတိန်သားတစ်ယောက်ပါပဲ။ သူဟာ သေသွားတဲ့မိသားစုရဲ့ သမီး ဆိုင် နဲ့ လက်ထပ်ထားတာဖြစ်ပြီး ယောက္ခမတွေအိမ်မှာ ညလာအိပ်တဲ့ညမှာ ပြဿနာတွေရှုပ်ကုန်တာဖြစ်ပါတယ်။ အသတ်ခံရတဲ့ သူ ၇ ယောက်ကလည်း သေပုံသေနည်းတစ်မျိုးစီဖြစ်နေပြီး ဇာတ်လမ်းကိုယ်စီရှိနေပြန်ပါတယ်။ အသက်ရှင်ကျန်ခဲ့တဲ့ အဲလ် နဲ့ ဆိုင်၊ သူတို့ရဲ့ တူမလေး ဇွန် တို့ကို စခန်းမှူးက စစ်ဆေးရင်း သူတို့တစ်ယောက်တစ်ပေါက်ပြောပြတာတွေကနေ တရားခံအစစ်ကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ ကြည့်ရမှာပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Comedy, Crime, Mystery, Thriller Quality…. 1080p | 720p File ...
movie

The Murderer (2023)

2023
Joe (2013) 6.8
Joe (2013) IMDb - 6.8/10ဇာတ်လမ်းအညွှန်းသူ့ဖခင်က အရက်သမား၊ သူ့မိသားစုက စားရမဲ့သောက်ရမဲ့…ဟိုလေလွင့်ဒီလေလွင့်ဖြစ်နေတဲ့ မိသားစုအတွက်၁၅နှစ်သားလေး ဂယ်ရီဟာ ဂျိုးဆိုတဲ့ လူတစ်ယောက်ဆီမှာအလုပ်လာလုပ်ပါတယ်။ဂျိုးက ထောင်ထွက်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဒေါသထွက်တတ်တဲ့စိတ်ကိုဆေးလိပ်သောက်၊အရက်သောက်ရင်း မြိုသိပ်ချုပ်တည်းရင်းနေနေတဲ့သူတစ်ယောက်ပါ။ဒါပေမဲ့ ဂျိုးက အလုပ်ကြိုးစားလုပ်တဲ့သူတွေကို သဘောကျပြီးသူ့အလုပ်သမားတွေအပေါ်မှာတော့တကယ်ကောင်းပေးတဲ့ အလုပ်ရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ဂယ်ရီလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ကြိုးစားတတ်သူဖြစ်တာမို့ဂျိုးက သဘောကျပြီး သူတို့နှစ်ဦး မိတ်ဆွေတွေဖြစ်လာကြပါတယ်။ဂယ်ရီရဲ့ အဖေက ဂယ်ရီ့အပေါ်မှာ သည်းမခံနိုင်လောက်အောင်နှိပ်စက်ညှင်းပန်းတဲ့လုပ်ရက်တွေ လုပ်လာတဲ့အခါမှာဂျိုးတစ်ယောက် သူ့ရဲ့လူသားချင်းစာနာစိတ်တွေ နှိုးကြွလာပြီးဂယ်ရီ့အတွက် သူကိုယ်တိုင် ပါဝင်ဖြေရှင်းဖို့ ဖြစ်ပါတော့တယ်။အသုံးမကျတဲ့ ဖခင်လက်ထဲမှာ နေနေရပေမယ့်ကံကောင်းထောက်မစွာနဲ့ ဂျိုးလိုလူမျိုးနဲ့တွေ့ဆုံလိုက်ရတဲ့ဂယ်ရီနဲ့ လူကြမ်းကြီးပေမယ့် စာနာတတ်တဲ့စိတ်နှလုံးရှိတဲ့ဂျိုးတို့အကြောင်း ရိုက်ကူးပြသထားပါတယ်။ဂျိုး အဖြစ် Ghost rider မင်းသားကြီး Nicolas Cage ကသရုပ်ဆောင်ထားပါတယ်။ကဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူကOrika ဖြစ်ပါတယ်။  File size…  1.9 GB /  790 MB Quality… Bluray 1080p / 720p Format… mp4 Duration…. 1h ...
movie

Joe (2013)

2013
The Eternal Road (2017) 7.1
The Eternal Road (2017) အချိန်ကတော့ အမေရိကန်ကစခဲ့တဲ့ Great Depressionစီးပွားရေးပျက်ကပ်ကြီးဆိုက်နေတဲ့ခုနှစ်တွေ။အလုပ်လက်မဲ့ဖြစ်နေတဲ့လုပ်သား‌တွေအတွက်စတာလင်ရဲ့ ဆိုဗီယက်ပြည်ထောင်စုကဖိတ်ခေါ်မှုကရေငတ်တုံးရေတွင်းထဲကျသလိုဖြစ်လာခဲ့တယ်။အမေရိကန် ကနေဒါတို့ကနေလုပ်သားပေါင်းတသောင်းကျော်တို့ဟာ ဆိုဗီယက်တို့ရဲ့မြေကိုဘ၀သစ်စနိုင်ဖို့ရွှေ့ပြောင်းလာခဲ့ကြတယ်။ဆိုဗီယက်တို့ရဲ့နယ်စပ် ဖင်လန်နိုင်ငံမှာကတော့ယူဆီ ကဲတိုလာဆိုတဲ့ အမေရိကန်ကပြန်လာတဲ့သူတ‌ယောက်ကတော့ ကွန်မြူနစ်အဖြစ်စွပ်စွဲခံရပြီးတော့ မိသားစုတွေဆီကနေပြန်ပေးဆွဲခံခဲ့ရပေမယ့်ဆိုဗီယက်နိုင်ငံထဲကိုထွက်ပြေးလွတ်မြောက်သွားခဲ့တယ်။ဒါပေမယ့် မိအေးနှစ်ခါနာဆိုသလိုပဲ ကဲတိုလာရဲ့ အမေရိကန်နောက်‌ေကြာင်းကိုမယုံသင်္ကာဖြစ်နေတဲ့ဆိုဗီယက်တို့ကရွှေ့ပြောင်းအမေရိကန်တွေဦးစီးတဲ့ ရုရှားစိုက်ပျိုးမွေးမြူရေးခြံတခုမှာနေပြီးလျှို့၀ှက်ထောက်လှမ်းဖို့တွန်းအားပေးခဲ့တယ်။ဒီလိုနဲ့ပဲ ယူဆီ ကဲတိုလာ တဖြစ်လဲ ယူဆီ ကာရီတယောက်မိသားစုအသစ်နဲ့ ဒီခြံမှာပဲဘ၀သစ်တခုစတင်ဖို့ဖြစ်လာခဲ့ပါတယ်။တနေ့မှာတော့ စတာလင်ရဲ့သူလျှိုအဖြစ်စွပ်စွဲအမြစ်ဖြုတ်မှုတွေကဒီရွှေ့ပြောင်းအမေရိကန်‌‌ တွေအပေါ်ကိုပါရိုက်ခတ်လာခဲ့တဲ့အခါမှာတော့ယူဆီတယောက် ဒီ၀ရုန်းသုံးကားအခြေအနေတွေကြားထဲဘာတွေဘယ်လိုဆက်ဖြစ်မှာလဲ။အသက်ရှင်လျက်နဲ့ပဲထွက်လာနိုင်မလား။သူ့မိသားစုလေးကရောအဆုံးမှာဘယ်လိုဖြစ်သွားမလဲ။သူ့ရဲ့ရှည်လျားလှတဲ့ဘ၀ခရီးလမ်းကြီးကဘယ်လိုမျိုးပြီးဆုံးသွားမလဲဆိုတာကိုThe Eternal Road ဆိုတဲ့ ဖင်လန်စကားပြောဇာတ်ကားလေးမှာ ရှုစားပေးကြပါဦးခင်ဗျ File size…  1.8 GB /  700 MB Quality… Bluray 1080p / 720p Format… mp4 Duration…. 1h 44m Genre .....  Action , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Min Wai Translated by Brackman
movie

The Eternal Road (2017)

2017
Where Hands Touch (2018) 6.6
Where Hands Touch (2018) Where Hands Touch (2018) ==================== IMDb Rating - 6.6/10ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၄ ဂျာမနီမှာ အခြေတည်ထားတဲ့ ဇာတ်လမ်း တစ်ပုဒ်ပါ။ Layna ဟာ ဂျာမန်လူဖြူအမေနဲ့ ပြင်သစ်လူမည်း အဖေတို့ ပေါင်းစပ်ပြီး မွေးလာတဲ့ (၁၆)နှစ်အရွယ် ကလေးမလေးပါ။ Rhineland မှာ မွေးဖွားကြီးပြင်းခဲ့ပြီး ဟစ်တလာရဲ့ နာဇီတပ်ဖွဲ့တွေက Leyna လို သွေး နှောလူမည်း ကလေးတွေကို ရှင်းလင်းပစ်ဖို့ ကြိုးစားနေတာကြောင့် ဘာ လင်မှာများ အန္တရာယ်ကင်းနိုင်မလားဆိုပြီး Leyna ရဲ့ အမေ Kerstin တစ်ယောက် သားနဲ့သမီးကို လက်ဆွဲပြီး ဘာလင်ကို ထွက်လာခဲ့ပါတယ်။ပိုကောင်းတဲ့ ဘဝတစ်ခု ရနိုင်ဖို့ Leyna ကို ကျောင်းပို့ပြီး စာသင်ပေးခဲ့ပေမဲ့ နီဂရိုးတစ်ယောက် စာသင်ဖို့ မလိုဘူးဆိုပြီး ကျောင်းကနေဆွဲထုတ်ပြီး စက်ရုံ မှာ အလုပ်လုပ်ဖို့ ပို့လိုက်ကြပါတယ်။ အဲဒီနောက်မှာတော့ Leyna တစ်ယောက် ထင်ရှားတဲ့ SSအရာရှိတစ်ဦးရဲ့ သားဖြစ်ပြီး ကိုယ်တိုင်လည်း လူငယ်တပ်ဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Lutz နဲ့ ...
movie

Where Hands Touch (2018)

2018
Among the Beasts (2023) 6.0
Among the Beasts (2023) Among the Beasts (2023) ================== IMDb Rating - 6.0/10Action, Thriller, Mystery ဇာတ်ကားကောင်းကြိုက်သူများအတွက် Rotten Tomatoes 57%, IMDb rating 6.0/10 ရရှိထားတဲ့ ဇာတ် ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ စစ်သားဟောင်းကြီး အယ်လ်တီဟာ ကျဆုံး သွားရှာပြီဖြစ်တဲ့ သူ့ရဲ့ ရဲဘော်ရဲဖက် ဘော်ဘီရဲ့ မိသားစုကို စောင့်ရှောက် ပေးနေခဲ့ပါတယ်။ တစ်နေ့မှာ ဘော်ဘီရဲ့ သမီး ကေလာ ပြန်ပေးဆွဲခံရပြီး ပျောက်ဆုံးသွားခဲ့ပါတယ်။ အယ်လ်တီလည်း ရှာဖွေခဲ့ပေမယ့် မတွေ့ခဲ့ပါ ဘူး။ အယ်လ်တီလည်း စိတ်ဓာတ်တွေကျ၊ တာဝန်မကျေဘူးဆိုတဲ့ ခံစား ချက်တွေနဲ့ လုံးပန်းနေခဲ့ပါတယ်။တစ်နှစ်ခန့်အကြာမှာ လိုလာ ဆိုတဲ့ မူးယစ်ဆေးဝါး‌ဂိုဏ်းခေါင်းဆောင်ရဲ့ သမီးဟာ သူ့ညီမဝမ်းကွဲလေး ဆိုဖီယာ ပြန်ပေးဆွဲခံရပြီး ပျောက်သွားတာမို့ ဖြစ်ပုံချင်းတူတဲ့ အယ်လ်တီ့ဆီကို အကူအညီလာတောင်းပါတယ်။ အယ်လ် တီတစ်ယောက်လည်း သူ့တာဝန်မကျေမှုကို ပြန်လည်ပေးဆပ်ဖို့အတွက် လိုလာ့ကို ကူညီပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ အယ်လ်တီ၊ လိုလာနဲ့ အေဂျေတို့ သုံးယောက်ဟာ ကလေးပြန်ပေးဂိုဏ်းကို လိုက်လံစုံစမ်းတဲ့အခါ မှာတော့......(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard ...
movie

Among the Beasts (2023)

2023
No content available

Genres

Archives