Channel Myanmar

Content at random


Movies

SEE ALL
The Procurator ( 2023 ) 6.2
The Procurator ( 2023 ) Dramaဇာတ်လမ်းတွဲတွေထဲက မင်းသားချော Johnny Huang ရဲ့ လျို့ဝှက်ဆန်းကြယ် ရှေ့နေကားလေးကိုတင်ဆက်လေးလိုက်ပါတယ်......ဇာတ်လမ်းအကျဉ်းလေးကတော့ ...... ရှဝေဆိုတဲ့တက္ကသိုလ်ပါမောက္ခတစ်ယောက်ဟာ လူသတ်မှုနဲ့တရားစွဲခံရပါတယ်။ အစိုးရရှေ့နေလီရွေ့(Johnny Huang)ဟာလူသတ်မှုကိုလိုက်ရင်း အမှုဟောင်းတွေကိုပါဆွဲထုတ်မိပါတယ် လူသတ်မှု၊ မုဒိန်းမှု၊ အစိုးရဝန်ထမ်းနဲ့စီးပွားရေးသမားတွေပူးပေါင်းပြီးလာဘ်စားတဲ့အမှုတွေပါ ပါဝင်လာတဲ့အခါ အားလုံးဟာဒီလူသတ်မှုဝဲဂယက်ထဲကိုဆွဲထည့်တာခံရပါတော့တယ်......လီရွေ့နဲ့ သူ့ရဲအရင်ရည်းစားဖြစ်တဲ့ ရှဝေရဲ့ရှေ့နေထုံယွီချန်တို့ဟာ တရားခွင်မှာထိပ်တိုက်ရင်ဆိုင်ကြရပါတယ်...... ရှဝေဟာဘာကြောင့်နှုတ်ဆိတ်နေတာလဲ...... သူ့ရဲ့ခင်ပွန်းသည်ကရောဘာလျှို့ဝှက်ချက်တွေဖုံးကွယ်ထားသလဲ...... ဒီအမှုတွဲရဲ့နောက်ကွယ်မှာ ဘယ်လိုမှန်းဆမရတဲ့အန္တရာယ်တွေက သူတို့စောင့်နေမလဲဆိုတာကိုCMပရိသတ်ကြီးကခံစားကြည့်ရှုလိုက်ပါဦးနော်...... Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Crime Runtime : 1h 40 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Moon Encoded by LK
movie

The Procurator ( 2023 )

Hell on the Border (2019)
Hell on the Border (2019) ဒီဇာတ်လမ်းကတော့ အမရေိကန်ပြည်ထောင်စုအနောက်ပိုင်းမှာ ပထမဦးဆုံးလူမည်းမာရှယ်ဖြစ်လာတဲ့ ဘက်စ်ရိဗ့်ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ဘက်စ်ရိ့ဗ်တစ်ယောက် မာရှယ်တစ်ဦးရဲ့လက်ထောက်လုပ်နေရာမှ တစ်ရက်တော့တရားသူကြီးမင်းကို လုပ်ကြံရန်ကြိုးစားနေသူတွေလက်ထဲမှ ကယ်တင်လိုက်ပြီးနောက် ရာထူးတိုးဖို့အကြောင်းဖန်လာပါတော့တယ်။ သို့သော် ထိုခေတ်အခါက လူဖြူလူမဲခွဲခြားမှုကိုတွန်းလှန်နေဆဲကာလဖြစ်သည့်အလျောက် ဘက်စ်ရိဗ့်အား ရာထူးတိုးပေးဖို့ကိုဝိုင်းကန့်ကွက်ကြပါတော့တယ်။ အကြောင်းတိုက်ဆိုင်စွာနှင့်ပဲ ထိုသို့ငြင်းခုံနေစဉ်နာမည်ကျော်လူဆိုးကြီးတစ်ဦးမှ အသိပေးချက်တစ်ခုပို့လိုက်သောအခါ ဘက်စ်ရိဗ့်တစ်ယောက် မိမိရာထူးနှင့်ထိုက်တန်ကြောင်းသက်သေပြဖို့ အတွက်စွန့်စားခန်းစတင်ပါတော့တယ်။ ဘက်စ်ရိဗ့်နှင့်အတူ တရားစီရင်ဖို့စောင့်နေတဲ့အကျဉ်းသားတစ်ဦးကလည်း ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးရန် အပေးအယူလုပ်ပြီးလိုက်ပါလာခဲ့ပါတယ်။ နာမည်ကျော်လူဆိုးကြီးကို ဖမ်းရန်လမ်းတစ်လျောက်အခက်အခဲများနဲ့စွန့်စားခန်းများကို ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ် File size…(1.7 GB)/(1.1 GB)/(560 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre...Western, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie

Hell on the Border (2019)

Bull Shark(2022)
Bull Shark(2022) Bull Shark(2022)***************တက္ကဆက်ပြည်နယ်က မြို့ငယ်လေးတစ်မြို့ဟာ အေးချမ်းတိတ်ဆိတ်ပြီး လူသတ်မှုတောင်မဖြစ်ခဲ့တာ ကြာလှပါပြီ။ဒီလိုအေးချမ်းလှတဲ့မြို့ငယ်လေးက ခရီးသွားဆွဲဆောင်မှုဖြစ်တဲ့ ရေကန်မှာ မိန်းမငယ်လေးတစ်ယောက်ငါးမန်းကိုက်ရာနဲ့ သေဆုံးနေတဲ့အခါမှာ။ မြို့တော်ဝန်အနေနဲ့လည်း သတင်းသာပေါက်ကြားသွားရင်ခရီးသွား‌တွေဆုံးရှုံးမှုအပြင် နောက်ထပ်ရာထူးကြီးကြီးကို မျှော်မှန်းလို့ မရနိုင်တော့တာကြောင့် ဒီသတင်းကို အမှောင်ချထားချင်နေပါတယ်။ဒါပေမဲ့ အမှောင်ချထားမယ်ဆိုရင်လည်း လူတွေအတွက် အန္တရာယ်ဟာ မတွေးရဲစရာပါပဲ။ဒီတော့ မိသားစုအဆင်မပြေမှုတွေကြောင့် အရက်စွဲနေတဲ့ တောခေါင်းဖြစ်သူဟာ အာဏာပိုင်ကတစ်ဖက်လူပေါင်းများစွာရဲ့အသက်အန္တရာယ်ကတစ်ဖက် မိသားစုအရေးကတစ်ဖက်နဲ့ ဒီငါးမန်းပြဿနာကိုဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရှုလိုက်ကြရအောင်ဗျာ။   File Size :(1.5GB) and (664MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:20:00 Genre : Action , Horror , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS 
movie

Bull Shark(2022)

[18+] Striptease (1996)
[18+] Striptease (1996) Striptease (1996)ဒီကားကိုရိုက်တဲ့သူက မာလွန်ဘရန်ဒိုရဲ့ The Freshman နဲ့ နစ်ကေ့ရဲ့ ပွဲဦးထွက် ဂိကာလကားတစ်ချို့ကို ရိုက်ခဲ့တဲ့ Andrew Bergman ပါပဲ။ မင်းသမီးက Ghost ရဲ့ သရုပ်ဆောင် အလှပဂေး ဒယ်မီမိုး။ ဇာတ်လမ်းကတော့ Erotic ဆန်ဆန်ရိုက်ထားပေမဲ့ ထူးထူးခြားခြားကို Mystery ကားလိုလို စုံထောက်ကားလိုလို အငွေ့အသက်အပြည့်ရပါတယ်။မင်းသမီးက FBI က အတွင်းရေးမှူးဟောင်း။ ရာဇဝတ်မှတ်တမ်းနဲ့သူ့ယောက်ျားကြောင့် အလုပ်က ပြုတ်သွားတယ်။ သူတို့သမီးလေးကို အုပ်ထိန်းခွင့်အတွက် တရားရင်ဆိုင်ရာမှာလည်း သူ့ယောက်ျားကို ရှုံးသွားပြီး သူခိုးလုပ်နေတဲ့ ယောက်ျားနဲ့ သမီးကို ထားထားရတဲ့အတွက် ရတက်မအေးဖြစ်နေတာပေါ့။ ဒီလိုနဲ့ တစ်နေ့ သူအလုပ်လုပ်နေတဲ့ အဖော်အချွတ်ကလပ်မှာ နာမည်ကျော်လွှတ်တော်အမတ်တစ်ယောက်ရောက်လာပြီး သူ့ကို သဘောကျသွားတယ်။ လွှတ်တော်အမတ်က အဖော်အချွတ်ကလပ်ထဲရောက်နေတာနဲ့တင် ပြဿနာကြီးနေပြီကို ဒီဘဲက သူများခေါင်းပါသွားခွဲချလိုက်တယ်။ဒီလိုနဲ့ အဲဒီအခြေအနေရဲ့ပုံတစ်ချို့ ထွက်လာပြီး သူ လွှတ်တော်အမတ်ဆိုတာ သိနေတဲ့ ...
movie

[18+] Striptease (1996)

1996
Clementine (2019) 5.1
Clementine (2019) Clementine (2019)~ IMDb - 5.1/10, Rotten Tomatoes - 63% ~အေးအေးဆွေးဆွေးလေး ကြိုက်တဲ့သူတွေအတွက် ၂၀၁၉ မှာထွက်ရှိထားတဲ့ Sydney Sweeney နဲ့ Otmara Marrero တို့ ပါဝင်တဲ့ ဒရာမာရုပ်ရှင်လေးပဲဖြစ်ပါတယ်။အသည်းကွဲဒဏ်ရာကနေကုစားဖို့နဲ့ သူ့ရဲ့ခွေးလေးကိုပြန်ရဖို့ ကယ်ရန်တစ်ယောက် သူ့ရည်းစားဟောင်းဖြစ်သူရဲ့ ကန်စပ်အိမ်မှာသွားနေထိုင်ခဲ့ပါတယ်။ အဲဒီမှာ အမှတ်မထင် သရုပ်ဆောင်ဖြစ်ချင်နေတဲ့ ငယ်ငယ်ရွယ်ရွယ် လာနာနဲ့ဆုံခဲ့ပြီး သူတို့နှစ်ယောက်ကြား စကားလုံးနဲ့ဖော်ပြလို့မရတဲ့ ဆက်ဆံရေးတစ်ခုရှိလာပါတယ်။ဒါပေမဲ့ အဖြစ်အပျက်တွေက ချောမွေ့မနေဘဲ တစ်ဖက်က ပွင့်လင်းမှုမရှိတဲ့အခါ ဆက်ဆံရေးတစ်ခုမှာ အဖုအထစ်တွေဖြစ်လာတတ်တဲ့အတိုင်း သူတို့ကြားမှာလည်း မပြေလည်မှုတွေပေါ်လာပါတော့တယ်။ဒီရုပ်ရှင်ကို ဇာတ်ညွှန်းရေးရိုက်ကူးခဲ့တာကတော့ Lara Gallagher ပဲဖြစ်ပါတယ်။ ဒိတ်ဒိတ်ကြဲဒါရိုက်တာကြီးမဟုတ်ပေမယ့် သူ့ရဲ့ရိုက်ကွင်းရိုက်ကွက်တွေ ဇာတ်ညွှန်းတွေက အတော်လေးကို အဆွေးဘက်ရောက်တယ်လို့ပြောနိုင်ပါတယ်။စကားပြောရင် ဆက်တိုက်မပြောဘဲ ကြားထဲနားပြီး တစ်ယောက်‌နဲ့တစ်ယောက်စိုက်ကြည့်နေတာမျိုးတွေ၊ ကင်မရာကို ဖြည်းဖြည်းလေး ရွေ့သွားတာမျိုးတွေ၊ သံစဥ်ဆွေးဆွေးလေးတွေကို သင့်သလိုသုံး‌သွားတာတွေက အနုပညာမြောက်တယ်လို့ဆိုနိုင်ပါတယ်။ဒီဇာတ်ကားက အနုပညာဆန်ဆန် ...
movie

Clementine (2019)

2019
The Devil Comes at Night (2023) 5.2
The Devil Comes at Night (2023) The Devil Comes at Night (2023)ဒီတစ်ခါ မိတ်ဆက်​ပေးမှာက​တော့ မိုး​အေး​အေး​လေးမှာ တစ်​ယောက်တည်းပဲဖြစ်ဖြစ်၊ ​Movie Date ပဲဖြစ်ဖြစ် ကြည့်လို့​​ကောင်းမယ့် 2023 မှာထွက်ထားတဲ့ သဘာဝလွန် သည်းထိတ်ရင်ဖိုကား​ကောင်း​လေး The Devil Comes at Night ပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~လက်​ဝှေ့အားကစားသမား​ဟောင်း ဘန်တစ်​ယောက် သူ့အ​ဖေရဲ့ အ​မွေ​ပေးခဲ့တဲ့ မီးခံ​သေတ္တာကို လာ​ရှာဖို့ သူ့အ​ဖေ​ခေါင်းချခဲ့တဲ့မြို့​လေးကို သူငယ်ချင်းဂျက်နဲ့ အတူ ပြန်လာ​နေတုန်း ဘားတစ်ခုမှာ အမူးလွန်ပြီး ရန်ပွဲဖြစ်ရင်းက​နေ သူတို့​နောက်ကို မြို့ခံ​တွေလိုက်လာတဲ့အခါ...ဘန်အ​ဖေအိမ်လည်း​ရောက်​ရော အိမ်နီးနားချင်း​​တွေက အရမ်းထူးဆန်းပြီး ​အပြင်အလည်ထွက်ဖို့ချည်း​ခေါ်​နေတဲ့အခါ အဲဒီ​နောက်ကွယ်မှာ ဘယ်လိုရည်ရွယ်ချက်​တွေရှိ​နေလဲ...တိုက်တိုက်ဆိုင်ဆိုင် ဘန်​အ​ဖေ့အိမ်ကို​ရောက်တဲ့အချိန် ဘန်အ​ဖေနဲ့ ရင်းနှီးတဲ့​စေတနာဝန်ထမ်း ​အေမီကလည်း အိမ်ထဲမှာ လာပုန်း​​နေတဲ့အခါ... ဘန့်အ​ဖေ ​အေမီကိုဘာ​တွေမှာခဲ့လဲ... အိမ်ကြီးရဲ့ သမိုင်း​ကြောင်းက​ရော ဘာ​တွေလဲ... ဘန်အ​ဖေက ဘန်ကို ဘာလို့ အိမ်ကြီးဆီ​ခေါ်ခဲ့တာလဲ... ဘန်ရဲ့ ...
movie

The Devil Comes at Night (2023)

2023
[18+] Hilom (2023)
[18+] Hilom (2023) Hilom (2023)အသည်းကွဲတာ ပျောက်တယ်ဆိုတဲ့ဆေး မတွေ့သေးတဲ့ ကော်နီကို ပေးလို့ရပါပြီ။ Hilom ကတော့ ၂၀၂၃ ထွက် ဖိလစ်ပိုင် အချစ်ဟာသဇာတ်ကားလေးပါ။ အချစ်ခန်း အနည်းငယ်ပါတဲ့အတွက် ကလေးတွေကြည့်ဖို့ကတော့ မသင့်တော်ပါဘူးနော်။အဖေဆုံးပြီးတာမကြာသေးတာကိုမှ သတို့သမီးလောင်းကို လက်ထပ်ခွင့်တောင်းပြီးမှ ရည်းစားပစ်ခံလိုက်ရတဲ့ ဆမ်တစ်ယောက် အသေအကြေ အသည်းကွဲပါတော့တယ်။ စိတ်ဓာတ်တွေကျပြီး ကိုယ့်ဘာသာသတ်သေလောက်တဲ့ထိကို ဖြစ်သွားတာပေါ့။ အဲဒါနဲ့ သူ့ရဲ့သူငယ်ချင်းတစ်ယောက်က ဆေးတစ်လုံးဝယ်လာပေးပါတယ်။အသည်းကွဲတာပျောက်တဲ့ဆေးတဲ့...အဲဒါနဲ့ ဆမ် အဲဒီဆေးကို သောက်လိုက်ပြီးတော့ အသည်းကွဲတာပဲပျောက်မလား... အသက်ပဲပျောက်မလားတော့... ဇာတ်ကားထဲမှာပဲ မင်းသမီးလုံးလုံးလေးတွေနဲ့ အတူကြည့်လိုက်ကြပါတော့။(ဒီဇာတ်ကားနဲ့အညွှန်းကို 6 9 မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2GB, 945MB Quality - 1080p, 720p Format - mp4 Duration - 1H 58Min Genre - Romance Subtitle - Myanmar Subtitle (Hardsub) Translated by 6 ...
movie

[18+] Hilom (2023)

2023
Gunehgaar (2022) 7.4
Gunehgaar (2022) Gunehgaar 2023 IMDb - 7.5ယခုတင်ဆက်ပေးမယ့် ဇာတ်ကားကတော့ အိန္ဒိယမှုခင်းဒရာမာကားဖြစ်ပါတယ်။ အဓိကဇာတ်ကောင်မှာ ဘန်ဆယ်လ်၊ မရီနာလီ နဲ့ အုမ်တို့လူသုံးယောက်နဲ့ နေရာတစ်ခုတည်းမှာတင်ပြီးသွားပေမဲ့ ဇာတ်လမ်းကတော့ ထင်ထားသလောက် မရိုးရှင်းနေပါဘူး။ဇာတ်လမ်းအကျဉ်း တစ်ညမှာ ဘန်ဆယ်လ်က ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ မရီနာလီကို အရေးကြီးသတင်းပြောစရာရှိတယ်ဆိုပြီး သူ့အိမ်ကိုဖိတ်လိုက်တယ်။ မရီနာလီဟာ ငါးအကြီးကြီးမိပြီအထင်နဲ့ ဘန်ဆယ်လ်အိမ်ရောက်လာတဲ့အချိန်မှာ သူထင်မှတ်မထားတဲ့ လူတစ်ယောက်နဲ့တွေ့လိုက်ရတယ်။ သတင်းယူဖို့လာတဲ့ မရီနာလီတစ်ယောက် သူက သတင်းရဲ့တစ်စိတ်တစ်ပိုင်းထဲပါနေပြီဆိုတာမသိဘဲ ဝင်ပါလိုက်ရာကနေ လူသတ်မှုအကြောင်းတွေပါ ပါလာတဲ့အချိန်မှာ ဒီလူသုံးယောက်ရဲ့ ဘယ်လိုပတ်သက်နေတယ်ဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။မိုးအေးအေးမှာ ဇာတ်လမ်းငြိမ့်ငြိမ့်လေးနဲ့ ဘယ်လိုလောင်ရဦးမလဲဆိုတာ ပြဇာတ်ကြည့်နေရသလို လူသတ်မှုတွေကိုဘယ်လိုအဖြေရှာကြမယ်ဆိုတာ ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာဖြစ်ပါတယ်။(အညွှန်းရေးသားသူကတော့ Moon ဖြစ်ပြီး ဘာသာပြန်သူတွေကတော့ Moon ~ BpL ~ Yunni ~ Thaik San ~ chiclon3 တို့ပဲဖြစ်ပါတယ်) File size…600MB / 400MB Quality…1080p / 720p Format…mp4 Duration….1h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon ~ BpL ~ Yunni ~ Thaik San ...
movie

Gunehgaar (2022)

2023
Theerkadarishi (2023) 8.9
Theerkadarishi (2023) Theerkadarishi (2023)IMDb 9.4/10 CM မှာတင်ဆက်ပေးထားတဲ့ 2018ကတည်းကထွက်ခဲ့ပြီး ongoing series ဖြစ်တဲ့ 9-1-1(2018) ဇာတ်လမ်းတွဲလိုမျိုးကို မတူညီတဲ့ Vibe နဲ့ ကြည့်ရမဲ့ ရုပ်ရှင်ကားပါ။ဇာတ်လမ်းအကျဉ်း အရေးပေါ်အတွက် ဖုန်းခေါ်ဆိုမှုလက်ခံတဲ့ဆီကို ဖုန်းတစ်ကောလ်ဝင်လာပါတယ်။ တစ်နေရာမှာ အမျိုးသမီးတစ်ဦး အန္တရာယ်ကြုံရတော့မယ် သူ့ကို အမြန်ကယ်တင်ပါ ဆိုပြီး။ ဆက်တဲ့သူက သူဘယ်သူလဲ ဘယ်ကလဲ ပြောမသွားပါဘူး။ နောက်ရက်လဲရောက်ရော သူပြောတဲ့အတိုင်းပဲ အမျိုးသမီးတစ်ဦး အသတ်ခံလိုက်ရပါတယ်။အဲလိုပဲ ဆက်တိုက်ဆက်တိုက် သူဖုန်းဆက်ပြီး ဖြစ်မယ်ပြောတဲ့ လူသတ်မှု မတော်တဆမှုတွေက တကယ်ပဲ ဖြစ်လာတဲ့အခါမှာတော့...။ သူပြောလို့ပဲ အဲဒီကိစ္စတွေက ဖြစ်ရတာလား။ သူကပဲအဲဒီကိစ္စတွေကို ရှေ့ဖြစ်ကြိုဟောကိန်းထုတ်နိုင်တာလား။ ဒါမှမဟုတ် သူကိုယ်တိုင်ကပဲ အဲဒီကိစ္စတွေကို ကျူးလွန်နေတာလားဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ chiclon3~BpL~Moon~Yunniနဲ့ တက်သစ်စဘာသာပြန်Thaik Sanတို့ပဲဖြစ်ပါတယ်) File size…2.81GB / 1.2GB Quality…1080p True WEB DL /720p Format…mp4 Duration….2h  Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by chiclon3~BpL~Moon~Yunni
movie

Theerkadarishi (2023)

2023
The Great Alaskan Race (2019) 5.5
The Great Alaskan Race (2019)   ဇာတ်လမ်းအညွှန်းတိုဂို ဆိုတဲ့ ခွေးသူရဲကောင်းဖြစ်ရပ်မှန်ဇာတ်လမ်းကိုမင်းသားကြီး Willem Dafoe ရိုက်ကူးထားတဲ့ Togo ဆိုတဲ့ဇာတ်လမ်းကို ကြည့်ဖူးမယ်ဆိုရင် တိုဂိုဆိုတဲ့ ခွေးလေးအကြောင်းနဲ့ နုံးမြို့က ဇာတ်လမ်းလေးကို ရင်းနှီးကြမှာပါ ။(Togo (2019) ကို မကြည့်ရသေးရင် CM မှာ ကြည့်လို့ရပါတယ်။)အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့Togo (2019)နဲ့ မတူညီတဲ့ ရှုထောင့်ကနေ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးမှာတော့ 1920 ခုနှစ်က အမေရိကန်မြောက်ပိုင်း အလက်စကာပြည်နယ်က နုံးဆိုတဲ့ ရွာလေးသာသာ မြို့လေးက ဖြစ်ပွါးခဲ့တဲ့ ကပ်ရောဂါမှာ ဘယ်သူတွေဘယ်လိုပါဝင်ကြိုးစားခဲ့ကြလဲဆိုတဲ့ ဖြစ်ရပ်မှန်တွေကိုအဓိကထားပြီး ဂုဏ်ပြုရိုက်ကူးထားပါတယ်။ ဆုံဆို့နာဆိုတဲ့၊ ဘတ်တီးရီးယားကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါဟာကလေးတွေအကြားမှာ ကပ်ရောဂါသဖွယ် ဖြစ်ပွါးလာတဲ့အခါမှာဒီမြို့လေးမှာ ကုသဖို့ဆေးကမရှိဖြစ်တယ်။ တစ်ခြားဒေသက ဆေးတွေ ပို့ဆောင်ဖို့အတွက် စီစဉ်ကြမယ်ဆိုတော့လည်း အေးခဲလှတဲ့ရာသီဖြစ်တာကြောင့် ရေကြောင်းလမ်းကလည်း ပို့ဆောင်ဖို့အဆင်မပြေ၊ လေယာဉ်နဲ့ဆိုတော့လည်းအဲ့ခေတ်အခါအတွက် အဆင်မပြေဖြစ်နဲ့ ၊ နောက်ဆုံးတော့ဒေသသုံးစွပ်ဖားသမားတွေ စွပ်ဖားခွေးတွေကိုပဲ အားကိုးဖို့ဖြစ်လာပါတယ်။ ကုသဆေးကို နီနာနာမြို့ကနေ ...
movie

The Great Alaskan Race (2019)

Sawah (2019) 5.5
Sawah (2019) Sawah (2019) ==========မိတ်​ဆွေတို့​ ကိုယ်လုပ်ချင်တဲ့အရာထက် လုပ်သင့်တဲ့အရာကို​ ရွေးချယ်ခဲ့ကြဖူးလား ဘယ်အရာကိုပဲဖြစ်ဖြစ် ကိုယ်လုပ်ချင် တာလုပ်ရမှ ​ကျေနပ်ကြတဲ့သူ​တွေရှိသလို အ​​ခြေအ​နေအချိန် အခါကိုလိုက်ပြီး အလိုက်တသိဖြစ်သင့်တာကို​ရွေးချယ်သွား ကြတဲ့သူ​တွေလည်း ဒုနဲ့​​ဒေးပါပဲ။ ဘယ်အရာကိုပဲလုပ်လုပ် တာ ဝန်ယူမှုတာဝန်ခံမှုဆိုတာ ရှိသင့်ပါတယ်။ ကိုယ်လိုချင်တဲ့အရာ ကို အရယူနိုင်ဖို့ မဆုတ်မနစ်ကြိုးစားကြရမှာပါ။ မလုပ်နိုင်ဘူး၊ မလုပ်ချင်ဘူးဆိုတာ ဆင်​ခြေတစ်ခုပါပဲ ဒါက ခင်ဗျား မလိုချင် တဲ့အရာဖြစ်​နေလို့ပါ။ ​ အောင်မြင်မှုကို ဆာ​လောင်တဲ့ စကာရတ်ဖ်က ပြည်တွင်း DJ ပြိုင်ပွဲမှာ အနိုင်ရပြီး ဘရပ်ဆဲလ်မှာလုပ်တဲ့ DJ World Champion မှာယှဥ်ပြိုင်ဖို့ အ​​ရွေးခံလိုက်ရပါတယ်။ ဖြစ်ချင်​တော့ သူတို့ တိုင်းပြည်မှာ ဆန္ဒပြုမှု၊သပိတ်​မှောက်မှုနဲ့ရုန်းရင်းဆန်ခတ်မှု​တွေ ဖြစ်​နေတဲ့ကာလပါ စကာရတ်ဖ်က တိုင်းပြည်ကအ​ခြေအ​​နေကို မငဲ့ဘဲ ပြည်ပထွက်ပြီး​အောင်မြင်မှုကို အရယူချင်​နေတာပါ။ ချစ်သူ ကလည်း ဒီလိုအ​ခြေအ​နေ​တွေမှာ အတူမသွားနိုင်တာ​ကြောင့် စကာရတ်ဖ်တစ်​ယောက် ဘယ်လ်ဂျီယံကို တစ်ကိုယ်​တော်ခရီး သွားထွက်လာခဲ့တယ်။ ကံဆိုးစွာနဲ့ ခရီးစဥ်မှာ ရဲဖမ်းခံလိုက်ရ တယ်။ သူ​အဖမ်းခံလိုက်ရတဲ့​နေရာကလည်း လူဇင်ဘတ်မှာ ဖြစ်​ နေတယ် သွားချင်တာ တစ်​နေရာ၊ ​​ရောက်သွားတာ တစ်​နေရာ ဖြစ်​နေ​တော့ စကာရတ်ဖ် ဘာ​တွေဆက်လုပ်မလဲဆိုတာ ကိုယ် တိုင်ပဲကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်)File Size..........(1.36 GB) ...
movie

Sawah (2019)

2019
[21+]My Smartphone Has Become A Sensitive Girl [SDDE-583]
[21+]My Smartphone Has Become A Sensitive Girl [SDDE-583] ချစ်စရာအမူအရာလေးတွေနဲ့ မရိုးမအီအောင် ဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားတဲ့ ဆင်ဆာမပါတဲ့ဖုန်းလေးတစ်လုံး ရှောင်တိုအမျိုးစား ဖုန်းလေးတစ်လုံးပါ ချစ်စနိုးနဲ့ မက်မွန်လို့ နာမည်ပေးထားတယ်ဆန်းဂျီတစ်ယောက် အခုတလော ထူးထူးဆန်းဆန်းတွေဖြစ်နေပါတယ်... သူလက်ရှိအသုံးပြုနေတဲ့ ဖုန်းလေးတစ်လုံးက ရုတ်တရက်ဆို လူသားတွေနားမလည်နိုင်အောင်ပဲ လူတစ်ယောက်ဖြစ်သွားပါတယ် လူတယောက်ကလဲကြည့်လိုက်ပါဦး အင်မတန်ချောမောလှပပြီး ချစ်စဖွယ်ဟန်ပန်လေးတွေနဲ့ အမိုက်စားခန္ဓာကိုယ်ပိုင်ဆိုင်ထားတဲ့ မက်မွန် လေးဖြစ်နေပါတယ်....ဖုန်းရဲ့ အားသွင်းရတဲ့ စနစ်ကလဲ အတော်ထူးခြားတယ်ဗျ နောက်ဆုံးပေါ် နည်းပညာနဲ့အပေါက်လို့ပြောရမယ်ထင်တယ်ဗျ ဘယ်လို အားသွင်းရတာလဲဆိုတာ DS Fans တွေ အကဲခပ်ကြည့်ပါဦး File size…2.87GB / 1.13GB Quality…1080p /720p Format…mp4 Duration….2h 23mins Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi
movie

[21+]My Smartphone Has Become A Sensitive Girl [SDDE-583]

Hello.. Meera..!(2023) 8.4
Hello.. Meera..!(2023) Hello Meera (2023) IMDb 8.4/10Survival Movie ကြိုက်သူတွေ သဘောကျကြမှာပါ။ Survival Movie တွေထဲမှာ ကျွန်တော် သဘောကျမိတာ မနှစ်ကမှ ထွက်တဲ့ Fall(2022)မှာ မိန်းကလေးနှစ်ယောက် တာဝါပေါ်မှာ ဒုက္ခတွေရောက်ကြတာလေ။ နောက်ပြီး The Swallows(2016) ပင်လယ်ထဲမှာ ငါးမန်းတကောင်နဲ့ ဗျာများရတဲ့ စော်လေးလေ။ ကျွန်တော်က FA မို့လားမသိ ရုပ်ရှင်တွေထဲ စော်ခပ်လန်းလန်းလေးတွေ ဒုက္ခရောက်တာ မြင်နေရရင် ရင်တမမနဲ့ ကြည့်ရတာ သဘောတွေကိုကျနေရော။နောက်ဆုံးမှာတော့ အဆင်ပြေစေချင်တဲ့စိတ်လေးလည်း ရှိပါတယ်လေ။ အခုတင်ဆက်ပေးမဲ့ ဒီဇာတ်လမ်းလေးထဲမှာလည်း ကောင်မလေးတယောက် ဘယ်လိုတွေ ဒုက္ခရောက်မလဲ ကြုံလာတဲ့ ဒုက္ခကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ရင်တမမနဲ့ ကြည့်ရမှာပါ။ဇာတ်လမ်းအကျဉ်း မီရာဆိုတဲ့ ကောင်မလေးက မင်္ဂလာဆောင်ဖို့ ရက်ပိုင်းပဲလိုတော့တယ်။ သူ့မင်္ဂလာဆောင်အတွက် သတို့သမီးဝတ်စုံ သွားယူဖို့ တယောက်တည်း ကားတစီးနဲ့ သွားတဲ့အချိန်မှာ သူ့ရဲ့ EX ပေါ့ (EX ဆိုတာ ကောင်းကျိုးပေးတတ်တဲ့ အမျိုးမဟုတ်ဘူးလေ)။အဲဒီ EX က Suicide လုပ်ပါရော၊ ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်တဲ့ လူသေမှုကို လူသေစေမှုအဖြစ် ...
movie

Hello.. Meera..!(2023)

2023
Fatal Attraction (1987)(18+) 6.9
Fatal Attraction (1987)(18+)  IMDb - 6.9 , RT - 74%( 18+ အခန်းတွေပါဝင်လို့ မိသားစုနှင့်အတူ ကြည့်ရှု့ရန် မသင့်ပါ ) Ant man ဘိုးတော်ကြီး Michael Douglasရဲ့ ငယ်ဘဝက ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းလေးပါ။ Michael Douglasနဲ့အတူ 101 Dalmatians, 102 Dalmatians, Cruella, What happened to Monday အစရှိတဲ့ ရုပ်ရှင်ကောင်းပေါင်းများစွာ ရိုက်ကူးခဲ့တဲ့ မင်းသမီးကြီး Glenn Closeတို့က တွဲဖက်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကို ပြောရရင် အခုလတ်တလော ခေတ်စားနေတဲ့ " အိမ်ထောင် "ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ ဆင်ပါတယ်။ ဒါပေမယ့် ဒီကားက ပိုပြီးကြမ်းပါတယ်။ ဒန် ဂလက်ဂါကတော့ အိမ်ထောင်ရှိတဲ့ ရှေ့နေတစ်ယောက်ပါ။တစ်နေ့မှာ ဒန်က အဲလစ် ဖောရက်စ်လို့ခေါ်တဲ့ ကောင်မလေးနဲ့ ပါတီမှာတွေ့ဆုံမိခဲ့ကြပါတယ်။ ...
movie

Fatal Attraction (1987)(18+)

[18+] Black Snake Moan (2006) 6.9
[18+] Black Snake Moan (2006) Black Snake Moan (2006)~ IMDb - 6.9/10, Rotten Tomatoes - 66% ~ဒီကားကိုတော့ မူလဘူတဗုဒ္ဓဟူးမ တစ်ဖြစ်လဲ Christina Ricci နဲ့ မေမေ့အချစ်တော်ကြီး Samuel L. Jackson အပြင် Justin Timberlake တို့က သရုပ်ဆောင်ထားပါတယ်။ IMDb လည်း 6.9/10 အထိရထားတဲ့ ရုပ်ရှင်ပါ။အဓိကဇာတ်ကောင်က ငယ်စဉ်ဘဝမှာ ပထွေးအနိုင်ကျင့်ခံရပြီး လိင်စိတ်စွဲလမ်းမှုကြီးနေတဲ့ ကောင်မလေးဆိုတော့ ဒီကားမှာ အဖော်အချွတ်ခန်း တော်တော်များတာမို့ မိသားစုနဲ့တော့ မကြည့်စေချင်ပါဘူး။ ဘာနေနေ အမေ့အချစ်တုံးကြီးရဲ့ ထူးခြားတဲ့ဇာတ်ရုပ်နဲ့တကွ ရက်စက်စွာသော ချစ်စွာသော လူတွေရဲ့ဘဝတွေကို ကြည့်ရင်း ဖီးလ်ရမယ့် ရုပ်ရှင်မို့ ဒရာမာပရိသတ်တွေ ကြိုက်ကြမယ့်ရုပ်ရှင်ပါပဲ။ မယားက ညီနဲ့‌ဖောက်ပြန်သွားလို့ အရှက်တကွဲအကျိုးနည်းစွာ အားလုံးကိုရှောင်နေတဲ့ လူ့ဂွစာကြီးဟာ တစ်မြို့လုံးက အပျက်မလို့ သမုတ်ခံထားရတဲ့မိန်းကလေးတစ်ယောက်ရဲ့ ဘဝကို ...
movie

[18+] Black Snake Moan (2006)

2006
Alexander (2004) 5.6
Alexander (2004) Alexander (2004)ဇာတ်ကားက လူသားသမိုင်းတစ်လျှောက် အလွှမ်းမိုးနိုင်ဆုံး ပုံရိပ်တစ်ခုဖြစ်တဲ့ Alexander the Great ရဲ့ ဒဏ္ဍာရီဆန်တဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပါ။ ရုပ်ရှင်ကို အရမ်းကြီးတဲ့ ရည်မှန်းချက်တွေနဲ့ ရိုက်ကူးပုံဖော်ခဲ့ပေမဲ့လို့ ပရိသတ်ကို မဆွဲဆောင်နိုင်ဘဲ မျှော်လင့်သလောက် ဖြစ်မလာတဲ့ ဇာတ်လမ်းတစ်ခုအဖြစ် အဆုံးသတ်ခဲ့ရပါတယ်။Alexander the Great ဆိုတာက ခရစ်တော်မပေါ်မီ BC 356 ခုနှစ်ကနေ 323 အထိ နေထိုင်အသက်ရှင်သွားခဲ့တဲ့ မက်ဆာဒိုးနီးယားဘုရင် ဧကရာဇ်တစ်ပါးပေါ့။ BC ဆိုတာ AD သက္ကရာဇ်နဲ့ မတူပါဘူးနော်။ သူက 5000 ကစပြီး နောက်ပြန်ရေတွက်လာရတာပါ။ အလက်ဇန်းဒါး ဘာ့ကြောင့်ကြီးမြတ်ရသလဲလို့မေးရင် အဖြေတွေ အများကြီးရှိနိုင်ပါတယ်။ ဒီထဲကမှ ကျွန်တော်သဘောအကျဆုံးအချက်ကို ထုတ်ပြောပြပါ့မယ်။သူက သမိုင်းမှာ အကြီးဆုံးအင်ပါယာကြီးကို ထူထောင်ခဲ့သူပါ။ နယ်မြေပေါင်း မြောက်များစွာကို သိမ်းပိုက်ပြီး မြေပြင်ကို တစ်လမချင်းဆီမှာ သွေးပေါင်းများစွာသွန်းလောင်းပြီး အင်ပါယာကို ...
movie

Alexander (2004)

Inferno (2016) 6.4
Inferno (2016) Dan Brown ရဲ့ စာအုပ် Inferno ကို ရုပ်ရှင်အဖြစ် ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာလဲဇာတ်ကောင် Robert Langdon အဖြစ် တွမ်ဟန့်ကပဲဆက်လက်ပါဝင်ထားပြီးသူ့ရှေ့ကထွက်ခဲ့တဲ့ The Da Vinci Code (2006) နဲ့ Angels & Demons (2009) တို့ရဲ့ Sequel အဖြစ်ထွက်ရှိခဲ့တာပါ။ဇာတ်လမ်းအကျဉ်းကတော့...ပါမောက္ခလန်ဂ်ဒန်ဟာ ဆေးရုံတစ်ခုမှာ မှတ်ဉာဏ်တွေပျောက်ဆုံးပြီးမှ ခေါင်းဒဏ်ရာကြီးနဲ့ နိုးလာခဲ့ပါတယ်...မီးလောင်မြိုက်နေတဲ့ ကမ္ဘာကြီးရဲ့ မြင်ကွင်းကလွဲလို့ ဘာကိုမှသတိမရတော့ဘဲ အတိတ်နဲ့အဆက်အသွယ်ပြတ်သွားတာကြောင့်သူဘာကြောင့်ဆေးရုံရောက်တယ် သူဘာတွေလုပ်ခဲ့တယ် မေ့နေခဲ့ပါပြီ..ဒါကြောင့်သတိရဖို့ကြိုးစားနေတုန်းမှာပဲ သူ့ကိုသတ်မယ့်ဖြတ်မယ့်လူတွေအပြင်အစိုးရအဖွဲ့တွေကပါ သူ့နောက်ကို အသည်းအသန်လိုက်နေတာကို သိလိုက်ရပါတယ်.....သူ့လက်ထဲမှာလဲ ငရဲရဲ့မြေပုံနဲ့ ပဟေဠိတစ်ခု...သူဘာတွေရှုပ်ထားမိပြီလဲ......ဒီလိုနဲ့လူသတ်သမားတွေရန်က ပြေးရင်းလွှားရင်း မှတ်ဉာဏ်တွေ တဖြည်းဖြည်းပြန်ပေါ်လာရင်းသဲလွန်စတွေနောက်ကိုလိုက်ရင်း ကမ္ဘာကြီးရဲ့ သေရေးရှင်ရေးဟာ ဒီပဟေဠိအပေါ်မူတည်နေမှန်း သိလိုက်ရတဲ့အချိန်မှာတော့.....။ File size…(4 GB)/(2.5 GB)/ (1.3 GB) Quality….BluRay DS4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:01:35 ...
movie

Inferno (2016)

2016
Angels & Demons (2009) Angels and Demons 6.7
Angels & Demons (2009) Angels and Demons တလောကလုံးကို ကိုင်လှုပ်ခဲ့တဲ့ Dan Brown ရဲ့ စာအုပ်တွဲအစကတော့ Angels & Demons ဆိုတဲ့ ဒီရုပ်ရှင်ကားရဲ့ စာအုပ်ပါပဲ။ဇာတ်ကောင် Robert Langdon အဖြစ် တွမ်ဟန့်ကပဲဆက်လက်ပါဝင်ထားပြီးသူ့ရှေ့ကထွက်ခဲ့တဲ့ The Da Vinci Code (2006) ရဲ့ Sequel အဖြစ်ထွက်ရှိခဲ့တာပါ။နာမည်ကျော်လျှို့ဝှက်ဂိုဏ်း Illuminati ဂိုဏ်းနဲ့ သန့်ရှင်းသောမြို့တော်(ဗာတီကန်စီးတီး) တို့ကိုအကြောင်းပြုလို့သမိုင်းအချက်အလက်စုံစုံလင်လင်နဲ့ တင်ဆက်ထားတာမလို့ ဝတ္ထုကိုရိုက်ကူးထားတယ် မထင်ရဘဲသမိုင်းနဲ့ချီလာတဲ့ အဖြစ်အပျက်တစ်ခုလို သည်းထိတ်ရင်ဖို ခံစားရမှာပါ။ File size…(3.6 GB)/(2 GB)/ (1 GB) Quality….BluRay DS4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:18:37 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung
movie

Angels & Demons (2009) Angels and Demons

2009
The Da Vinci Code (2006) 6.6
The Da Vinci Code (2006) The Da Vinci Code (2006) ဒီရုပ်ရှင်အကြောင်းပြောဖို့ရာဆိုရင် Dan Brown ကနေစရမှာဘဲ။ သူ့ရဲ့ စာအုပ်တွဲ ကြီးအကြောင်းပေါ့။ အစဉ်လိုက်ပြောရမယ်ဆိုရင် Angels and Demons ကနေစပြီး Deception Point ထိတိုင်း ခြောက်အုပ်တိတိထွက်ရှိခဲ့တယ်။ သူ့ရဲ့ ဒီစိတ်ကူးယဉ်ဝတ္ထုဟာ ကမ္ဘာကိုကိုင်လှုပ်နိုင်ခဲ့တဲ့အထိကို အားပြင်းခဲ့တယ်။ သမိုင်းအစစ်အမှန်တွေကို အခြေခံပြီးမှ စိတ်ကူးယဉ်ထားလို့ သာမန်လူတွေသာမက သမိုင်းပညာရှင်တွေကိုပါ တွေဝေစေခဲ့တဲ့အထိပါဘဲ။ ဒါပေမယ့် Dan က သူ့ရဲ့ စာအုပ်တွေတိုင်းရဲ့မျက်နှာဖုံးမှာ A Novel ဆိုပြီး စာလုံးကြီးကြီးနဲ့ကြေငြာထားတယ်။ သူ့ရဲ့စိတ်ကူးယဉ် အတွေးစလေးတွေကနေဖြစ်လာတဲ့ အတွေးပေါင်းချုပ်ကြီးသက်သက်မျှသာပေါ့။ ဒီစာအုပ်တွဲကြီးမှာမှ ၂၀၀၃ မှာထွက်ရှိခဲ့တဲ့ ဒုတိယမြောက်စာအုပ်ဖြစ်တဲ့ The Davinci Code ဟာ စာဖတ်သူတို့သမိုင်းမှာ စံချိန်မျိုးစုံတင်နိုင်ခဲ့တယ်။ စာအုပ်အနေနဲ့သာမက ရုပ်ရှင်အဖြစ်ရိုက်တော့လည်း လူကြိုက်များတယ်။ မြန်မာဘာသာပြန်ကိုတောင် ၂၀၁၇ အစောပိုင်းမှာ ထွက်လာပါသေးတယ်။ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့ အဓိကပြတိုက်ကြီးဖြစ်တဲ့ လူးဝ်ပြတိုက်မှာ ညကြီးသန်းခေါင် ပြတိုက်မှူးကြီး အသတ်ခံရသတဲ့။ ပြတိုက်မှူးကြီးဟာ သူမသေခင်မှာ ...
movie

The Da Vinci Code (2006)

2006
1080p HEVC
No content available

Genres

Archives