Channel Myanmar

Content at random


Movies

SEE ALL
Hitmen (2023)
Hitmen (2023) Hitmen (2023)၂၀၂၃ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံက ထုတ်လုပ်တဲ့ Hitmen ဆိုတဲ့ Action, Drama, Comedy ဇာတ်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။ ကြမ်းပေ့ရမ်းပေ့ ဆိုတဲ့ အက်ရှင်ကားကြိုက်သူတွေအနေနဲ့ လက်လွှတ်မခံဖို့ အကြံပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂျွန်နီနဲ့ ဖရန်ကီဟာ သူငယ်ချင်းလည်းဖြစ်သလို လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦး တွဲဖက်ပြီးတော့ လုပ်ကြံရေးသမားများအဖြစ် လုပ်ကိုင်ကြတာပါ။ သူတို့နှစ်ယောက်ဟာ လုပ်ကြံသတ်ဖြတ်တဲ့နေရာမှာ တော်သလို သောက်တလွဲတွေလည်း လုပ်တတ်ကြပါသေးတယ်။ဒါပေမယ့် မစ်ရှင်ကို ဘယ်လိုအခက်အခဲပဲရှိရှိ မစ်ရှင်ကို အောင်မြင်အောင်လုပ်ကြပါတယ်။ ဂျွန်နီကတော့ လုပ်ကြံရေးသမား ဘဝကို စိတ်ကုန်နေလို့ အနားယူပြီး ငါးခူမွေးမြူရေးလုပ်ဖို့အတွက် စိတ်ကူးယဉ်နေခဲ့ပါတယ်။ ဖရန်ကီလည်း ဂျွန်နီ အနားယူရင် သူလည်း အနားယူမယ်ဆိုပြီး လုပ်ပါတော့တယ်။ဒီလိုနဲ့ အနားမယူခင် နောက်ဆုံးအနေနဲ့ သူတို့ကို ပေးအပ်လာတဲ့ မစ်ရှင်သုံးခုကို လုပ်ဆောင်ဖို့ အကြောင်းဖန်လာချိန်မှာတော့.... သာမန် မြင်တွေ့နေကြ လုပ်ကြံရေးသမားတွေနဲ့ မတူဘဲ ဂျွန်နီနဲ့ ဖရန်ကီဟာ တကယ်ကို ရယ်ရတဲ့အတွဲပါ။ ကလိထိုးရယ်ရတဲ့ ဟာသမျိုးတွေမဟုတ်ဘဲ သူတို့ တလွဲလုပ်တာတွေကို ...
movie

Hitmen (2023)

2023
The Legend of 1900 (1998)
The Legend of 1900 (1998) နာမည်က နံပါတ်ဖြစ်နေတဲ့ထူးချွန်ပေမယ့် ထူးဆန်းတဲ့လူတစ်ယောက်ရဲ့ဇာတ်လမ်းလေးပါ။ ဗာဂျင်နီးယန်းသင်္ဘောပေါ်မှာပဲ မွေးပြီးစွန့်ပစ်ခံရတဲ့ မိဘမဲ့ကလေးလေးကို စိတ်သဘောကောင်းတဲ့လူမည်းအလုပ်သမားတစ်ယောက်က မွေးစားပြီး သင်္ဘောပေါ်မှာပဲ ကျွေးမွေးစောင့်ရှောက်ခဲ့ပြီး ၁၉၀၀လို့ နာမည်ပေးခဲ့ပါတယ်။ မိဘမဲ့ကလေး၁၉၀၀ဟာ တစ်သက်လုံးဗာဂျင်နီးယန်းသင်္ဘောကြီးပေါ်ကမဆင်းဖူးဘဲ စန္ဒရားတီးပညာကို တစ်ဖက်ကမ်းကျွမ်းကျင်လာပါတယ်။ ၁၉၀၀ရဲ့ ထူးဆန်းလှတဲ့ဘ၀ဇာတ်ကြောင်းကို သူ့ရဲ့သူငယ်ချင်းဖြစ်သူက ပြန်ပြောပြရင်း ကြည့်ရှုခံစားရမယ့် ဇာတ်ကားလေးပါ။ ဂုဏ်သတင်းကျော်စောမှုနဲ့ ချမ်းသာမှုကို မမက်မောဘဲ သင်္ဘောပေါ်ကမဆင်းရဲတဲ့ ၁၉၀၀ ရဲ့ဘ၀ကို ဒါရိုက်တာ Giuseppe Tornatoreက ရိုက်ကူးပြီး Tim Roth, Pruitt Taylor Vince တို့ပါ၀င်သရုပ်ဆောင်ထားပါတယ်။ File size…(3.2 GB)/(1.6 GB)/(898 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:50:00 Genre...Drama, Music, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

The Legend of 1900 (1998)

U-Turn (2023) 6.1
U-Turn (2023) U turn (2023) IMDb - 6.1/10ဒီတစ်​ခေါက်မှာက​တော့ ပ​ဟေဠိဆန်တဲ့လှည့်ကွက်​တွေနဲ့ Plot Twistကိုသ​ဘောကျကြသူ​တွေ အကြိုက်​​တွေ့စေမယ့် မင်းသား​ချောAashim Gulatiနဲ့ မင်းသမီး​ချော​လေး Alaya Fတို့ပါဝင်သရုပ်​ဆောင်ထားတဲ့ Supernatural Thriller Movie "U turn"ကိုတင်ဆက်​ပေးလိုက်ပါတယ်ရာဒီကာဟာ​ခေတ်ဆန်ပြီး ​ပျော်​ပျော်​နေတတ်တဲ့အလုပ်သင်ဂျာနယ်လစ်မ​လေးတစ်​ယောက်ဖြစ်ပါတယ် သူ​ရေးဖို့ကြိုးစား​နေတဲ့​ဆောင်းပါး​လေးက​တော့ မိုးပျံလမ်း​ပေါ်မှာလမ်းစည်းကမ်းမဲ့စွာ ဘ​​လောက်တုံး​တွေကိုဖယ်ပြီး ဂငယ်​ကွေ့​ကွေ့တတ်သူ​တွေ​ကြောင့် မ​တော်တဆမှူအများကြီးဖြစ်ခဲ့တဲ့အ​ကြောင်း​ဆောင်းပါး​လေးပါ ဒီရည်ရွယ်ချက်​ကြောင့်ပဲသူဟာ ဘ​လောက်တုံးကိုဖယ်ပြီးဂငယ်​ကွေ့​ကွေ့ခဲ့ကြသူ​​တွေကို စုံစမ်းကာလိုက်အင်တာဗျုးဖို့ကြိုးစားပါ​တော့တယ်ဒါ​ပေမယ့်ထူးဆန်းစွာနဲ့ပဲ သူအင်တာဗျုးဖို့ရာအတွက် စာအုပ်ထဲမှာချ​ရေးထားသူတိုင်းက ​​အ​ဖြေရှာမရစွာ​သေကုန်ကြပြီး သူ့စာအုပ်ဟာလည်းDeath Noteလိုဖြစ်လာပါ​တော့တယ် ဒီလိုဆန်းပြားတဲ့ကိစ္စကိုရဲ​တွေကလည်း သံသယဝင်လာပြီးလိုက်စုံစမ်းရာက​နေ ဘယ်လိုလျို့ဝှက်ချက်​တွေထွက်လာမလဲ ရာဒီကာစာအုပ်ထဲမှာ ချ​ရေးလိုက်သူတိုင်းက ဘာလို့​သေကုန်ကြတာလဲ ကံကြမ္မာရဲ့​နောက်​ပြောင်မှူတစ်ခုပဲလား ဒါမှမဟုတ်လူတစ်​ယောက်က ကြိုးကိုင်​နေတာလားဆိုတာကို Plot Twist​တွေနဲ့ ဒီကား​လေးထဲမှာရင်ခုန်စိတ်လှုပ်ရှားစွာ ​စောင့်ကြည့်လိုက်ရ​အောင် File size…1.2GB /550MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Yunni~BpL~KhinKhin~ThaikSan
movie

U-Turn (2023)

2023
Peter Pan & Wendy (2023)
Peter Pan & Wendy (2023) PeterPeter Pan & Wendy (2023)ပီတာပန်က J.M.Barrie ဖန်တီးထားတဲ့ဇာတ်ကောင်လေးဖြစ်ပြီး ပြဇာတ်ကနေစပြီး ရုပ်ရှင်ပေါင်းများစွာရိုက်ကူးထားတာမို့ ရုပ်ရှင်ချစ်ပရိသတ်တွေနဲ့ တစ်ခုမဟုတ်တစ်ခုမှာရင်းနှီးပြီးသားနေမှာပါ။ အခြေခံအားဖြင့်ဇာတ်ကားတွေမှာ ပီတာပန်က မကြီးပြင်းချင် အရွယ်မရောက်ချင်တဲ့ကောင်လေး၊ နဲဗားလန်းမှာသူ့လိုကလေးတစ်သိုက်နဲ့အတူနေတယ်။ သူ့ရန်သူကတော့ ပြောစရာမလိုပါဘူး ကပ္ပတိန်ဟုခ်ပေါ့။ သူကတစ်နေ့မှာဝင်ဒီ့ကို ကလေးငယ်တွေရဲ့မိခင်ဖြစ်ပေးဖို့လာခေါ်တယ်။ အဲ့လိုပေါ့။J.M.Barrie ရဲ့ မူရင်းပြဇာတ်နဲ့ဝတ္ထုမှာတော့ ပီတာပန်က ဗီလိန်ပါ။ တကယ်ဆိုနဲဗားလန်းကလုံးဝမကြီးပြင်းတာမျိုးမဟုတ်ပဲ ကြီးပြင်းမှုနှေးတာပါ။ အဲ့တော့ ပီတာပန်က ကြီးပြင်းတဲ့ကလေးတွေကို ပြဿနာရှာတယ်။ တစ်ခါတလေ သူ ပျင်းရင် အချင်းချင်းပြန်သတ်ကြတယ်။ ပီတာပန်က ဂျစ်တစ်တစ်ငဆိုးလေးပေါ့။ နောက်ပိုင်းမှာမှကလေးတွေကြားမှာ ပင်လယ်ဓားပြတွေရေပန်းစားလာတာကြောင့် စာရေးဆရာက ကပ္ပတိန်ဟုခ်ကိုဗီလိန်အနေနဲ့ထည့်ခဲ့တာပါ။ဒီ Peter Pan & Wendy ဇာတ်လမ်းမှာတော့ အပေါ်ကပြောခဲ့တဲ့ဇာတ်လမ်းသွားနှစ်ခုကြားမှာ မယုတ်မလွန်စည်းချထားတယ်ပြောရမယ်။ ပီတာပန့်ကို လူဆိုးဇာတ်မသွင်းသလို ဟီးရိုးအဖြစ်လဲပုံမဖော်ထားပါဘူး။ ပြီးတော့ ဝင်ဒီ။ တကယ်ဆိုပီတာပန်ဇာတ်လမ်းက အဓိကဝင်ဒီ့ရဲ့ဇာတ်လို့ပြောလို့ရတယ်။ လောကကြီးထဲကိုဝင်ရတော့မယ့် ကလေးတစ်ယောက်ရဲ့အကြောက်တရား မကြီးပြင်းချင်စိတ်တွေကနေ နဲဗားလန်းဆိုတဲ့အယူအဆကဖြစ်တည်လာတာပါပဲ။ ဒီဇာတ်လမ်းမှာ ဝင်ဒီ့ကိုလဲ တော်တော်အသားပေးထားသလို အရင်ကားတွေမှာမပါခဲ့တဲ့ ကွက်လပ်တွေကိုလဲဖြည့်ပေးထားပါသေးတယ်။ ရှေးရှေးကလက်ရာကောင်းများစွာလဲရှိတော့ အခုထွက်ရှိတဲ့ Peter Pan & Wendy ပေါ်ဝေဖန်သံ ...
movie

Peter Pan & Wendy (2023)

2023
Lou (2010) 6.4
Lou (2010) Lou (2010) ========= IMDb Rating - 6.4/10လောကကြီးမှာ မိသားစုတိုင်း အဆင်မပြေမှုတစ်ခုခုကတော့ ရှိကြတယ်မှတ်လား။ ပိုက်ဆံချမ်းသာပြီး အိမ်ထောင်ရေးမသာ ယာတာ၊ အိမ်ထောင်ရေးသာယာပြီး ငွေကြေးချို့တဲ့တာ၊ သား သမီးနဲ့မိဘ ဆက်ဆံရေးမကောင်းတာ မျိုးစုံပဲပေါ့။လူး(လူးဝစ်)တို့မိသားစုကတော့ အကုန်နီးပါးစုနေတယ်ပဲပြော ရမလား။ လူးရဲ့အဖေက ထွက်ပြေးသွားတယ်။ အမေတစ်ယောက် တည်းကပဲ လူမမယ်သမီးသုံးယောက်ကို ရှာကျွေးနေရတယ်။ အမေကလည်း အသက်၂၇ပဲရှိသေးတဲ့ငယ်ငယ်လေး။ သမီး(၃) ယောက်ကြောင့် နောက်အိမ်ထောင်ပြုလို့ကလည်းအဆင်မပြေ၊ ငွေကြေးချို့တဲ့တဲ့အပြင် အကြွေးပါတင်နေသေးရှာတယ်။ တစ်နေ့ တစ်နေ့အကြွေးရှင်တွေလာရင် လူးတို့ညီအစ်မတွေ မီးပိတ်ပုန်းပြီး လူမရှိချင်ယောင်ဆောင်ရတာလည်း အမောပေါ့။လူးနဲ့သူ့အမေရဲ့ဆက်ဆံရေးကလည်း ခပ်တန်းတန်းပဲ။ တစ်နေ့တော့ ထွက်ပြေးသွားတဲ့ ယောက်ျားရဲ့အဖေ၊ အယ်လ်ဇိုင်းမားရောဂါသည်၊ လူးတို့ရဲ့အဘိုးဟာ ဂေဟာမှာ ကုတင်မလောက်လို့ နေရာရှာပြီးတဲ့ အချိန်ထိ လူးတို့အိမ်မှာလာနေဖို့ ဂေဟာဝန်ထမ်းက စီစဉ်လိုက်ပါတယ်။ လူးကတော့ ကျွေးကျေးဇူးမရှိခဲ့တဲ့အဖေဘက်က ဘယ်ကမှန်းမသိတဲ့ အဘိုးကို မကြည်ဖြူပါဘူး။ အဘိုးကလည်း သူငယ်ပြန်နေလေတော့ သူ့ကိုပစ်ပြီး တခြားယောက်ျားနောက်လိုက်သွားတဲ့ သူ့မိန်းမကိုပဲ တမ်း တနေတာပါ။ ဒီလိုနဲ့ပဲ လူးတို့အိမ်ကို အဘိုးရောက်လာတယ်။ ပြီးတော့ ပြန်သွားတယ်။ လူးတို့မိသားစုလေးမှာတော့ တစ်ခုခုပြောင်းလဲပြီး ကျန် ရစ်ခဲ့တဲ့အခါ .....။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.26 GB) / ...
movie

Lou (2010)

2010
Ravanasura (2023) 6.3
Ravanasura (2023) Ravanasura 2023 အသစ်ထွက်ရှိထားတဲ့ တေလဂူးမှုခင်းကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ IMDb 6.4 အထိရရှိထားပြီး ရုံ၀င်ငွေလည်း ၂၁ကုဋေအထိအမြတ်ရထားပါတယ်။ သရုပ်ဆောင်အနေနဲ့ တေလဂူးဝါရင့်ရုပ်ရှင်မင်းသားရာဗီကရှေ့နေအဖြစ်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကောလိပ်တက်တုန်းက ရည်းစားဟောင်းရဲ့လက်အောက်မှာ အလုပ်၀င်လုပ်နေရပြီး အငယ်တန်းရှေ့နေရာထူးနဲ့ ရုန်းကန်နေရရှာတဲ့ ရှေ့နေလေးရာဗင်ဒရာ၊ ငွေရပေါက်မြင်တာနဲ့ ဘာမဆိုလုပ်ဖို့ အမြဲအဆင်သင့်ဖြစ်နေတဲ့သူ၊ အများကလက်ရှောင်နေပါတယ်ဆိုတဲ့အမှုတောင် သူကခေါင်းမာပြီးအမှု၀င်ကိုင်တဲ့သူမျိုးပေါ့။တစ်နေ့မှာ ချမ်းသာတဲ့လုပ်ငန်းရှင်ကြီးတစ်ယောက် လူသတ်မှုနဲ့စွပ်စွဲခံရပြီး သမီးဖြစ်သူက အဖေ့ကိုထောင်ကထုတ်ဖို့ ဘာမဆိုပေးမယ်လုပ်နေတဲ့ချိန်မှာ ရာဗင်ဒရာတစ်ယောက် သမီးဖြစ်သူကိုလည်းသဘောကျ၊ ‌ငွေကိုလည်းသဘောကျနဲ့ အရှေ့နောက်မစဉ်းစားဘဲ တာ၀န်ယူလိုက်တယ်။အမှုဟာ သူထင်ထားသလို မရိုးရှင်းနေတဲ့အခါ ငွေမက်တဲ့သူတစ်ယောက် ကျိုးကြောင်းဆီလျော်အောင်စဉ်းစားနိုင်ပါဦးမလား၊ လူသတ်မှုကို သူဖော်ထုတ်သွားနိုင်မှာလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ မှုခင်းစုံထောက်၊အက်ရှင်ကား ဖြစ်လို့ ကိုယ်တိုင်ပဲစုံထောက်လုပ်ပြီး အဖြေရှာကြည့်ရအောင်ပါ.... File size…2.85GB /1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 21m Subtitle….Myanmar  Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Nyein ~ Cherry
movie

Ravanasura (2023)

2023
Serving Sara(2002) 5.3
Serving Sara(2002) Serving Sara (2002)IMDb - 5.4ဂျိုးဟာတရားရုံးကနေဆင့်ခေါ်တဲ့ သမ္မာန်စာတွေကိုဆင့်ခေါ်ခံရတဲ့သူတွေဆီကို ပို့ပေးရတဲ့လုပ်ငန်းလုပ်နေသူတစ်ယောက်ပါ။စာရွက်စာတမ်းတွေကိုပို့ ပေးရတာကလွယ်ကူတဲ့အလုပ်ဖြစ်ရမှာဆိုပေမဲ့ စာပို့ပေးရမဲ့လူတွေကသူ့ကို‌ ရှောင်နိုင်နေကြတာ‌ေကြာင့် အလုပ်တစ်ခုကိုတစ်ပတ်လောက်ကြာနေလို့ သူဌေးကပါ အပြစ်တင်တာကိုခံ‌ နေရပါတယ်။တစ်နေ့မှာတော့ ဆာရာမိုး ဆိုတဲ့အမျိုးသမီးဆီကိုကွာရှင်းစာချုပ်သွားပို့ပေးရင်းနဲ့ ဆာရာ မိုးကသူ့လာပို့မဲ့သတင်းကိုကြိုရသွားပြီး ရှောင်ထွက်သွားနိုင်တဲ့အတွက်သူဌေးကကလော်တုတ်ပြီး တခြားလူတစ်ယောက်ကိုလုပ်ခိုင်းလိုက်ပါတော့တယ်။ဒီလိုနဲ့ မကျေနပ်တဲ့ ဂျိူးတစ်ယောက် ဆာရာ မိုးရဲ့လိပ်စာကို ရှာပြီး သွားပို့ဖို့လုပ်ပါတော့တယ်။ဒီလိုနဲ့ လိပ်စာကိုရပြီး ဆာရာမိုးဆီကို စာရွက်တွေအောင်မြင်စွာပေးနိုင်ခဲ့ပေမဲ့လည်းဆာရာ မိုး ကသူ့ယောင်္ကျား ဂေါ်ဒွန် မိုးဆီကို ကွာရှင်းစာချုပ်အရင်ပို့ပေးနိုင်ရင်ဒေါ်လာတစ်သန်း‌ ပေးမယ်ဆိုပြီး ဂျိူးကိုပြန်ငှားလိုက်ပါတော့တယ်။ဒီလိုနဲ့ ဆာရာနဲ့ ဂျိုးတို့နှစ်ယောက် ဂေါ်ဒွန်ဆီကိုကွာရှင်းစာချုပ်အချိန်မှီပို့ပေးနိုင်မှာလား၊ဂျိူးရဲ့အလုပ်ကိုရော ဘယ်သူကနှောက်ယှက်နေတာလဲ၊ ဂျိုးကရောဒေါ်လာတစ်သန်းကိုရပြီး သူ့ရဲ့အိပ်မက်လေးဖြစ်တဲ့စပျစ်ခြံလုပ်ငန်းကိုလုပ်သွားနိုင်မလားဆိုတာကိုတော့ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးနဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…  1.9GB / 1GBQuality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 42m Genre .....  Romance , Comedy Subtitle…. Myanmar ...
movie

Serving Sara(2002)

2002
Texas Killing Fields(2011) 5.7
Texas Killing Fields(2011) ၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်အစောပိုင်းကာလတွေမှာအမျိုးသမီးငယ် ၄ ယောက်ရဲ့ အလောင်းကို ရှာဖွေ တွေ့ရှိပြီးတဲ့နောက်တက္ကဆက်ပြည်နယ်က ရွံမြေတွေနဲ့ ရေနံချက်စက်ရုံတွေကြားက ဟူစတန်နဲ့ ဂဲဗတ်စတန်ကမ်းခြေမြို့ကို ဆက်သွယ်ထားတဲ့ပြည်နယ်တွင်းလမ်းကြောတစ်လျှောက်မှာ ရှိတဲ့ မြေကွက်ကျယ်တစ်ခုကိုလူသတ်ကွင်းတွေ လို့ အမည်ကင်ပွန်းတပ်ခဲ့ကြပါတယ်.နှစ်တွေကွာခြားပေမယ့် ဒီအမျိုးသမီး ၄ ဦးစလုံးကိုတစ်နေရာတည်းမှာပဲ ရှာတွေ့ခဲ့ကြပါတယ်.သူတို့ရဲ့သေဆုံးမှုတွေက ဆက်စပ်မှုရှိသလား.တိုက်ဆိုင်မှုလားဆိုတာတော့ အဖြေမရှာနိုင်ခဲ့ပါဘူး.ဒီဇာတ်လမ်းကိုတော့ “The Killing Fields” လို့အမည်ရပြီးကာလမှာ အခြေတည်ထားပါတယ်.တက္ကဆက်မြို့ငယ်လေးက စုံထောက်တစ်ဦးဖြစ်တဲ့မိုက်ခ်ဆောက်ဒါ ဟာ နယူးယောက်မြို့က ပြောင်းလာတဲ့ပါတနာ စုံထောက်ဘရိုင်ယန်ဟေ့ဂျ်နဲ့အတူ.လူသတ်မှုတွေကို ဖော်ထုတ်နေသူ ဖြစ်ပါတယ်.အမျိုးသမီးငယ်တွေ ဆက်တိုက်ပျောက်ဆုံး၊ သေဆုံးမှုတွေကြားကနေအမည်ဆိုးနဲ့ကျော်ကြားတဲ့ ”The Killing Fields” နဲ့ ရင်ဆိုင်ကြုံတွေ့ရချိန်မှာတော့.တစ်ကြော့ပြန်လာတဲ့ အတိတ်ကို သူတို့လက်ထက်မှာ ရပ်တန့်နိုင်မလား. ဉာဏ်များပြီးကောက်ကျစ်တဲ့ ကွင်းဆက်လူသတ်သမားကို ဖမ်းဆီးနိုင်မလားဆိုတာကို ဥပဒေဘက်တော်သားနဲ့ ရာဇဝတ်သား အားပြိုင်မှု၊ ဉာဏ်ကစားပုံများ၊ ဇာတ်ကွက်အလှည့်အပြောင်းများကို စိတ်ဝင်စားဖွယ် တင်ဆက်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…  1.69GB / 771MB Quality… Blu-Ray 1080p ...
movie

Texas Killing Fields(2011)

2011
Brothers of the Wind(2015) 6.8
Brothers of the Wind(2015) လင်းယုန်ငှက်တွေဟာ စူးရှတဲ့ အမြင်အာရုံရှိပြီး အမဲလိုက်ရာနေရာမှာလည်းအံ့ဩဖွယ်ကောင်းအောင် ထူးချွန်တဲ့ ငှက်တွေဖြစ်ပါတယ်။ဖမ်းချင်တဲ့ သားကောင်ကိုတွေ့ရင် လေပေါ်ကနေအောက်ကိုထိုးဆင်းပြီးမှ မြေကိုမထိပဲ သားကောင်ကို ချီသွားနိုင်တဲ့ပုံစံဟာ လင်းယုန်ငှက်တွေရဲ့ နာမည်ကြီး အမဲလိုက်ပုံလို့ပဲ ပြောရပါလိမ့်မယ်။ဒီဇာတ်ကားကလည်း အဲ့လို အံ့ဩဖို့ကောင်းတဲ့လင်းယုန်တစ်ကောင်ရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။လူးကပ်စ်ဟာ ထူးခြားတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။သူက ကြင်နာတတ်တဲ့စိတ် အပြည့်ရှိတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီးတစ်ယောက်တည်း အေးအေးဆေးဆေးလည်း နေတတ်သူပါ။ဒီလိုထူးခြားတဲ့ ကောင်လေးတစ်ယောက်မှာအတိတ်ဖြစ်ရပ်ဆိုးတွေလည်း ရှိနေပါတယ်။လူးကပ်စ်ဟာ ဒီဖြစ်ရပ်ကြောင့် စိတ်ဒဏ်ရာရနေပြီးသူ့ရဲ့ဖခင်ဖြစ်သူနဲ့လည်း ပြေလည်တဲ့ ဆက်ဆံရေး မရှိပါဘူး။တစ်နေ့တော့ လူးကပ်စ်တစ်ယောက် လျှောက်သွားရင်းနဲ့တောင်ပေါ်တစ်နေရာက ပြုတ်ကျနေတဲ့ လင်းယုန်ငှက်ပေါက်စလေးတစ်ကောင်ကို တွေ့ခဲ့ပါတယ်။လူးကပ်စ်က ကြင်နာတတ်သူပီပီ ငှက်ကလေးကိုမွေးစားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီလိုနဲ့ လူးကပ်စ်နဲ့ ငှက်ကလေး သူငယ်ချင်းတွေဖြစ်လာတာကိုကြည်နူးစရာ မြင်တွေ့ရမယ့်ဇာတ်ကားလေးပါ။ငှက်ကလေးမှာလည်း သူ့ရဲ့ကိုယ်ပိုင် ဘဝဇာတ်လမ်းတစ်ခုရှိနေတဲ့အခါမှာ လူးကပ်စ်တို့ သူငယ်ချင်းနှစ်ယောက်ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရမလဲ ကြည့်ရှုရမှာပါ။အယ့်လ်ပ်စ် တောင်တန်းကြီးတွေရဲ့ ရှုခင်းလှလှတွေကိုကြည့်ချင်တဲ့ သူတွေအတွက်ရော လူနဲ့တိရစ္ဆာန်ကြားကသံယောဇဉ်ကို ပုံဖော်ထားတဲ့ ဇာတ်လမ်းမျိူး ကြိုက်သူတွေအတွက်ပါကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။   File size…  2.2GB ...
movie

Brothers of the Wind(2015)

2015
Stepmom(1998) 6.9
Stepmom(1998) Stepmom(1998)**************ကျွန်တော်တို့တွေ ကြားဖူးနေကျ မိထွေဇာတ်လမ်းတိုင်းလိုလိုမှာ သားသမီးဖြစ်သူနေရာကဝင်ခံစားပြီး မိထွေးဖြစ်သူကို အဆိုးမြင်ခဲ့တာတွေများပါတယ်။ဒါပေမဲ့ ကိုယ့်သားသမီးလည်းမဟုတ်တဲ့ကလေးတွေကို မိခင်တာဝန်ချက်ချင်းယူလိုက်ရတဲ့ မိထွေးနေရာကနေတစ်ချက်ဝင်ခံစားကြည့်မယ်ဆိုရင်လည်း သိပ်လွယ်ကူတဲ့ကိစ္စမဟုတ်ဘူးဗျ။ကလေးတွေရဲ့ငြိုငြင်မှုတွေ မိခင်အရင်ဖြစ်သူရဲ့ အမြင်မကြည်မှုတွေစတဲ့ အခက်အခဲတွေကို ရင်ဆိုင်ရတာချည်းပါပဲ။ ဒီဇာတ်ကားမှာလည်း မင်းသမီးကြီး Julia Robertsက Lucyနေရာကနေသရုပ်ဆောင်ပြီး မကြာခင်မှာလက်ထပ်မယ့်ချစ်သူ Lukeရဲ့ ကလေးတွေနဲ့ အတူတူနေနေရပါတယ်။ချစ်သူရပြီးမှ ဝုန်းကနဲ မိခင်တာဝန်ယူလိုက်ရတဲ့ Lucyအတွက်တော့ ကလေးတွေနဲ့ ကီးကိုက်အောင်ကြိုးစားပေမဲ့စေတနာက ဝေဒနာဖြစ်သွားတာချည်းပါပဲ။ ကလေးတွေအတွက်ကျတော့လည်းအမေ့နေရာကို ဘာမဆိုင်ညာမဆိုင်ဝင်မလာတဲ့ အစိမ်းသက်သက်အမျိုးသမီးတစ်ယောက်ကိုဘယ်အမြင်ကြည်ပါ့မလဲ။ ဒါ့အပြင် ကျောင်းကြိုဖို့နောက်ကျနေတာတွေဟင်းကောင်းကောင်းမချက်တတ်တာတွေကြောင့် Lucyအတွက်တော့ ကလေးတွေနဲ့အဆင်ပြေနိုင်ဖို့ ဝေလာဝေးပါပဲ။ ဒါပေမဲ့ Lucyကတော့ ဒါကိုစိန်ခေါ်မှုတစ်ရပ်အနေနဲ့ကလေးတွေနဲ့ အဆင်ပြေပြေဖြစ်ဖို့ ကြိုးစားချင်နေဆဲပါ။ Lucyနဲ့ကလေးတွေအကြားဘာတွေဆက်ဖြစ်မလဲ ကလေးတွေရဲ့အမေအရင်းနဲ့ရော ဘယ်လိုပြဿနာတွေကြုံရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ဗျာ။File Size :(1.9GB) and (823MB) Quality : BLU-RAY 1080P, 720p Format…mp4 Duration…02:05:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Stepmom(1998)

On the Sand House(2023) 6.7
On the Sand House(2023) On the Sand House(2023)************************အသက် 30 အရွယ်အတိုင်ခင် အလုပ်ရ‌အောင်အမြန်ရှာနေတဲ့ ဒုတိယမြောက်သ‌မီးဖြစ်တဲ့ ဂျင်ယောင်းက မိဘတွေအိမ်မှာ အဖေ အမေတို့နဲ့ အတူတူနေတယ်... ဒါပေမဲ့ အိမ်မှာထက် စက်ရုံက ခေါက်ကုလားထိုင်မှာ ထိုင်ရတာကို ပိုသဘောကျတဲ့ အေးတိအေးစက် အဖေနဲ့ ဂျင်ယောင်းကတော့ စကား‌သိပ်ပြောလေ့ မရှိကြဘူး... အမေကသာ သူတို့နှစ်ယောက်ရဲ့ ကြားခံနယ် ဖြစ်ခဲ့ရတယ် ဂျင်ယောင်းကကနေဒါကို အလုပ်သွားလုပ်ဖို့ ပြင်ဆင်နေစဉ်မှ အမေ ဖြစ်သူက ကားအက်ဆီးဒင့်‌ကြောင့် ရုတ်တရက် ကွယ်လွန်သွားခဲ့ရာ သားအဖနှစ်ယောက်တည်း အဲဒီအိမ်ကြီးထဲ ကျန်ရစ်ခဲ့ရှာတော့တယ် သားအဖ နှစ်ယောက်သား ပြန်အဆင်ပြေသွားကြမလား... ဂျင်ယောင်းလည်း သူ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မလားဆိုတာကိုဇာတ်ကားလေးထဲမှာပဲ ဆက်လက် ရှုစား လိုက်ကြပါနော်....File Size :(1.4GB) and (534MB) Quality : WEB-DL1080P, 720p Format…mp4 Duration…02:02:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo & ...
movie

On the Sand House(2023)

Fathers and Daughters (2015) 7.0
Fathers and Daughters (2015) “အရာအားလုံးက. ရှင်သန်ပြီး သေဆုံးတယ်.နိုးထပြီး. ကျဆင်းတယ်.ပြီးတော့ ချစ်တယ်. ထွက်သွားတယ်...”ဒီစကားစုလေးလိုပါပဲ ကျွန်တော်တို့ဘဝတွေမှာအကောင်းအဆိုး တစ်လှည့်စီ ဖြစ်ပေါ်တတ်ကြသလိုပဲကြည့်ဖူးတဲ့ရုပ်ရှင်ကားတစ်ကားထဲကလို“ပျော်ရွှင်စရာအဆုံးသတ်မဟုတ်ခဲ့ဘူးဆိုရင်ဇာတ်မသိမ်းသေးပါဘူး” လို့အားတင်းရင်းနဲ့ပဲ ဘဝကို ရှေ့ဆက်ကြရပါတယ်.မတော်တဆမှုတစ်ခုမှာ ဇနီးသည်ကိုဆုံးရှုံးလိုက်ရပြီးနောက်ပိုင်း ဦးနှောက်ထိခိုက်ဒဏ်ရာ၊ဇနီးသည်အတွက် ပူဆွေးရမှုတွေကြောင့်ရလာတဲ့ စိတ်ဝေဒနာဒဏ်ရာများကို ကုစားဖို့အသည်းပေါက်မတတ် ချစ်ရတဲ့ သမီးလေးနဲ့ ခွဲပြီးစိတ်ရောဂါကုဆေးရုံမှာ ၇ လကျော်ကြာအချိန်ကုန်ခဲ့ရတဲ့ ဂျိတ်ဒေးဗစ်စ်.သူခံစားခဲ့ရတဲ့ စိတ်ဝေဒနာကို အခွင့်ကောင်းယူကာသမီးလေးကို သူ့ဘဝထဲက ဆွဲထုတ်မယ့် သူများ၊စာရေးဆရာဘဝရဲ့ တစ်ဆစ်ချိုး ကျရှုံးချိန်ရုန်းကန်ရပုံများ ကြားထဲမှ အဖေနဲ့သမီးဘဝငယ်ဘဝအမှတ်တရ များစွာကို လွမ်းဆွတ်ဖွယ် တင်ဆက်ထားသလိုတစ်ဖက်မှာလည်း ၂၅ နှစ်အကြာမှာပဲ ကံကြမ္မာတစ်ကျော့ပြန်လာပြီး ရင်ထဲမှာတွင်းနက်ကြီးတစ်ခုရှိနေသလို ဘာခံစားချက်မှမရှိဖြစ်နေတဲ့ သမီးဖြစ်သူ ကိတ်ဒေးဗစ်စ်.ဘယ်သူမှ အတင်းအကျပ် လုယူ၊ မခိုးယူဘဲပျောက်ဆုံးသွားခဲ့တဲ့ နှလုံးသားထဲကခံစားချက်တစ်စုံတစ်ရာကို ရှာဖွေရင်း ချစ်ရသူကိုတွေ့သွားချိန် ဘဝရဲ့အတိတ်မည်းတွေကိုလွတ်မြောက်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ် ဖော်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို CM ကနေပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size…  1.6GB / 713MB Quality… Blu-Ray ...
movie

Fathers and Daughters (2015)

2015
Wedding Crashers (2005) 7
Wedding Crashers (2005) IMDb Rating -7/10Rotten Tomatoes - 75%Wedding crashers ဆိုတဲ့သူတွေကမင်္ဂလာပွဲတွေကို အဖိတ်မခံရဘဲအပျော်တမ်းလိုက်တက်တဲ့သူတွေနောက်တစ်နည်းပြောရရင် လူးပါးဝတဲ့သူမျိုးတွေ ဖြစ်ပါတယ်ဒီဇာတ်လမ်းလေးမှာ ကွာရှင်းမှု ကြားဖြေဖျန်ပေးတဲ့အလုပ်လုပ်ကြတဲ့ငယ်ပေါင်းကြီးဖော် သူငယ်ချင်းနှစ်ယောက် ဂျွန်နဲ့ ဂျရဲမီတို့ဟာမင်္ဂလာပွဲတွေကို အပျော်တမ်းလိုက်တက်ကြတဲ့ wedding crasher တွေ ဖြစ်ကြပါတယ်။ဒီအတိုင်းလေး ရှိုးရွတ်ဆိုပြီး ပွဲဝင်တက်ကြတာတော့ မဟုတ်ပါဘူး ၊ သတို့သားနဲ့အသိလိုလို သတို့သမီးဘက်က အမျိုးလိုလို ဇာတ်ကြောင်းတွေ ဖန်တီးထားကြပြီးမင်္ဂလာပွဲရှင်တွေအကြောင်း စုံစမ်းပြီးမှ ပွဲတက်ကြတာပါ။အစားအသောက်တွေ အလကားစား ၊ ပွဲက တိုက်တဲ့အရက်တွေ အလကားသောက် ၊ ပွဲမှာမျက်စိကျမိတဲ့ ခပ်လန်းလန်းကောင်မလေးတွေနဲ့ တစ်ညတာပျော်ကြပါးကြနဲ့ ဒီနှစ်ယောက်ကတော့ မိန်းမလိုက်စားတဲ့ ဝါသနာရှင်တွေပဲ ဖြစ်ပါတယ်။တစ်နေ့မှာတော့ ဘဏ္ဍာရေးဝန်ကြီးက သူ့သမီး မင်္ဂလာပွဲကြေငြာလိုက်တော့ ဒီနှစ်ကောင်က အဆင့်တန်းမြင့်မြင့်ကခပ်လန်းလန်းကောင်မလေးတွေနဲ့ ပျော်မယ်ပါးမယ်ကြုံးဝါးပြီး ပွဲတက်လာကြတယ်။ပွဲရောက်ခါမှ ဂျွန် တစ်ယောက် သတို့သမီးအရံလေးကို တွေ့မိပြီးချစ်မိသွားလေသောအခါ...ချစ်မိသွားတဲ့ ဝန်ကြီးသမီးဖြစ်သူ ကလဲရာ နဲ့ ... ...
movie

Wedding Crashers (2005)

2005
The Goonies (1985) 7.7
The Goonies (1985) The Goonies (1985)Rt - 76% , IMDb - 7.7Everything Everywhere All At Once မှာ အမျိုးသားဇာတ်ပို့ဆုအတွက်အော်စကာရသွားခဲ့တဲ့ မင်းသားကြီး Ke Huy Quan ငယ်စဉ်ကပါဝင်သရုပ်ဆောင်ထားခဲ့ပြီးဒါရိုက်တာကြီး Steven Spielberg ရေးခဲ့တဲ့ဇာတ်လမ်းကိုရိုက်ကူးထားတဲ့မိသားစု စွန့်စားခန်း ဟာသကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အပေါင်ငွေကိုဆက်ပြီးမသွင်းနိုင်တော့လို့အိမ်ကိုအသိမ်းခံရတော့မဲ့ Goon Docks မှာနေကြတဲ့"ဂူနီ" လို့ခေါ်တဲ့ မိုက်ကီ၊ ဘရန်း၊ မောက်ပ်၊ ချန့်ခ်၊ ဒေတာ တို့သူငယ်ချင်းတစ်သိုက်က သူတို့နောက်ဆုံးအတူရှိနေရမဲ့နေ့လေးကိုကျင်းပဖို့အတွက် မိုက်ကီနဲ့ ဘရန်း ညီအစ်ကိုတို့ရဲ့အိမ်မှာစုပြီးရောက်နေခဲ့ကြပါတယ်။ဒီလိုနဲ့ မိုက်ကီတို့အိမ်ထပ်ခိုးပေါ်က မိုက်ကီအဖေ့ရဲ့ ပစ္စည်းတွေကိုမွှေနှောက်ကြရင်း နာမည်ကြီးပင်လယ်ဓားပြကြီး မျက်လုံးတစ်လုံး ဝီလီရဲ့ရတနာမြေပုံကိုတွေ့ရှိသွားပါတယ်။ ဒီလိုနဲ့သူငယ်ချင်းတစ်သိုက် အကိုကြီး ဘရန်းကို တစ်ပတ်ရိုက်ကာ အိမ်မှာထားပစ်ခဲ့ကြပြီးရတနာမြေပုံထဲမှာပြောထားတဲ့နေရာကိုလိုက်ရှာပါတော့တယ်။ဖြစ်ချင်တော့ ရတနာသိုက်ကိုညွှန်ပြထားတဲ့နေရာကနာမည်ကြီးရာဇဝတ်မိသားစုဖြစ်တဲ့ဖရာတဲလိစ် မိသားစုပုန်းခိုရာနေရာဖြစ်နေပါတော့တယ်။ဒီလိုနဲ့ ဖရာတဲလိစ် မိသားစုကို‌ရော၊ မျက်လုံးတစ်လုံး ဝီလီ လုပ်ထားပစ်ခဲ့တဲ့ထောင်ခြောက်တွေကိုရော ရှောင်းတိမ်းရင်းနဲ့ဂူနီ တစ်သိုက် ရတနာသိုက် ရှာပုံတော်ဖွင့်ကြပါ‌တော့တယ်။ဂူနီ ...
movie

The Goonies (1985)

1985
Sliding Doors (1998) 6.7
Sliding Doors (1998) ကျွန်တော်တို့ရဲ့ဘ၀မှာ ဒီလိုမျိုးအခိုက်အတန့်လေးတွေလူတိုင်းမှာရှိခဲ့ကြတယ်။ငါဒီလိုမျိုးလုပ်ခဲ့ရင်/မလုပ်ခဲ့ရင်, ဒီကားကိုမှီခဲ့ရင်/မမှီခဲ့ရင်,ငါဒီလမ်းကြောင်းကိုရွေးချယ်ခဲ့ရင်/မရွေးချယ်ခဲ့ရင်ငါသူ့ကိုခွင့်လွှတ်ခဲ့/ခွင့်မလွှတ်ခဲ့ရင် ငါ့ဘ၀ကြီးကအခုလိုမဟုတ်ပဲဘာတွေဆက်ဖြစ်မလဲဆိုတာကိုတွေးမိစိတ်ကူးယဉ်မိကြသေးတာပဲ။ဒီဇာတ်ကားလေးရဲ့ အဓိကအချက်ကလည်း ဒါလေးကိုပါပဲ။ဟယ်လန်ဆိုတဲ့ ကောင်မလေး အလုပ်ပြုတ်ပြီးအိမ်အပြန် ရထားကိုမှီမမှီဆိုတာကနေစဉ်းစားကြည့်ရအောင်။ရထားမှီလို့အိမ်ကိုစောစောပြန်ရောက်ပြီးရည်းစားကဖောက်ပြန်နေတာမိလိုက်ရင်ဟယ်လန်ရဲ့ဒီဘ၀အချိုးအဆစ်ကဘယ်လိုဖြစ်သွားမလဲ။အကယ်၍ရထားမမှီခဲ့လို့ နောက်ကျမှပြန်ရောက်ပြီး ရည်းစားရဲ့မပိရိတဲ့အလိမ်အညာတွေအောက်မှာပဲ သံသဃတွေနဲ့သူမရဲ့ဒီဘ၀အချိုးအဆစ်ကဘယ်လိုဖြစ်ဦးမှာလဲရထားကြီးရဲ့ လျှောတံခါးနှစ်ချပ်လိုဖြစ်နေတဲ့ဒီအခြေအနေနှစ်ခုက ဟယ်လန့်အတွက်အဆုံးသတ်မှာဘယ်လိုဖြစ်မလဲဆိုတာကို Sliding doorsဆိုတဲ့ဇာတ်ကားလေးမှာ ခံစားကြည့်ရှုပေးကြပါဦး File size…  3.25GB / 1.12GB Quality…  Blu-Ray 1080p / 720p Format… mp4 Duration…. 1h 39m Genre .....  Romance , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman
movie

Sliding Doors (1998)

1998
Perfect Creature (2006) 5.4
Perfect Creature (2006) ကျွန်တော်တို့နဲ့ ဆင်တူတဲ့ အခြားကမ္ဘာတခုမှာတော့Vampiresတွေဟာ လူသားမျိုးနွယ်နဲ့ အတူတကွငြိမ်းချမ်းစွာနေထိုင်ကြတယ်။ ခရစ်ယာန်ကျောင်းတော်ကြီးရဲ့အရိပ်အာ၀ါသအောက်မှာ ဘုရားသခင်က လူသားမျိုးနွယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့သူတို့ကိုဖန်တီးခဲ့တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့အတူဘရားသားဟုဒ်ဆိုတဲ့အမည်နဲ့ တာ၀န်ထမ်းဆောင်ကြတယ်။ဘရားသား ဆိုင်းလက်စ်ကတော့ ဒီထဲကတယောက်ပါ။ ကျောင်းတော်မှာအမြင့်ဆုံးကာဒီနယ်ဖြစ်လာတော့မယ့်သူ။ ဒါပေမယ့် ညီဖြစ်သူ ဘရားသား အက်ဒ်ဂါက လူသားတွေကို စတင်သတ်ဖြတ်လာခဲ့တော့ လူသား ရဲအရာရှိ လစ်လီဆိုတဲ့ အမျိုးသမီးနဲ့အတူ သူ့ကိုတားဆီးဖို့ဖြစ်လာခဲ့ပါတယ်။ဒါပေမယ့်အက်ဒ်ဂါက ဘာဖြစ်လို့ ဒီလိုတွေလုပ်နေရတာလဲ။ကျောင်းတော်ကြီးကလည်း နောက်ကွယ်မှာဘာတွေဖြစ်နေတာလဲ။အက်ဒ်ဂါရဲ့ ကမ္ဘာကြီးကိုပြောင်းလဲမယ့်အကြံအစည်ကိုရော တားဆီးနိုင်ပါ့မလား။လစ်လီနဲ့ ဆိုင်းလက်စ်တို့ကြား ဘာတွေဖြစ်လာဦးမလဲဆိုတာကို ဒီPerfect creature ဆိုတဲ့ဇာတ်ကားလေးမှာရှုစားအားပေးကြပါဦး File size…  1.5GB / 500MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 28m Genre .....  Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman
movie

Perfect Creature (2006)

2006
Dasara (2023) 7.3
Dasara (2023) Dasara (2023) IMDb - 7.3/10မင်းသား Naniနဲ့ မင်းသမီးလေး Keerthy Suresh တို့ပါဝင်သရုပ်ဆောင်ထားတဲ့ရုံကားတစ်ကားဖြစ်ပြီး ဘတ်ဂျက်၆၅ကု​ဋေအထိ သုံးထားတဲ့အပြင် ၁၁၅ကုဋေအထိပြန်ရယူနိုင်တဲ့ ဇာတ်ကား​ကောင်း​လေးဖြစ်တဲ့ Dasaraကိုတင်ဆက်​ပေးချင်ပါတယ်ဗီရာလပိုင်ဆိုတဲ့ရွာ​လေးမှာ အရက်ကိုသူတို့ရိုးရာလို့ကိုမှတ်ယူထားကြတဲ့အထိ အရက်ကိုစွဲလမ်းကြတဲ့ လူ​တွေ​နေထိုင်ကြပါတယ် အရက်မ​သောက်ရရင် အလုပ်ပျက်အကိုင်ပျက်ထိုင်မှိုင်ကြတဲ့အထိကို အရက်စွဲ​နေကြသူ​တွေပါ ဒါ​တွေ​ကြောင့်လည်း ဒီရွာ​လေးမှာဖွင့်ထားတဲ့ဆစ်ခ်ဘားအမည်ရှိ အ ရက်ဆိုင်ဟာအရက်ဝယ်သူ​တွေကြိတ်ကြိတ်တိုးတိုးနဲ့ ဝင်လာမ​စဲတသဲသဲပါပဲ ဒါတင်မက​သေးပါဘူး ဒီဘားရဲ့​ငွေကိုင်ရာထူးကလည်းတစ်ရွာလုံးကလူ​​တွေအ​လေးစားရဆုံးရာထူးလည်းဖြစ်ပါတယ်တစ်ဖက်မှာလည်း ဒါရန်နီ ဆူရီ နဲ့ဗန်လာနီတို့က ငယ်ငယ်ကတည်းက သူငယ်ချင်း​ကောင်း​တွေဖြစ်ကာ ဒါရန်နီဟာ ဗန်လာနီကို ဟိုးက​လေးဘဝကတည်းကချစ်​နေခဲ့​ပေမယ့် သူငယ်ချင်းဖြစ်သူဆူရီက ဗန်လာနီနဲ့ချစ်​နေတာ​ကြောင့် ကိုယ်ကျိုးစွန့်လွှတ်ခဲ့ပြီး သူ့သူငယ်ချင်းနှစ်​ယောက်အကျိုးကိုပဲ အမြဲကြည့်​ပေး​နေခဲ့သူပါတစ်​နေ့မှာ​တော့ ဗန်လာနီကိုတခြားလူတစ်​ယောက်နဲ့ အိမ်​ထောင်ချ​ပေးဖို့လုပ်ကြတဲ့မိဘ​တွေ​ကြောင့် ဒါရန်နီဟာ ဆူရီကိုလည်းရွာကကြီးမှူးကျင်းပတဲ့ခရစ်ကတ်ပြိုင်ပွဲကိုဝင်ပြိုင်​စေပြီး ဘားရဲ့​ငွေကိုင်ရာထူးကိုရ​အောင်ကြိုးစားကြပါ​တော့တယ်ဒါ​ပေမယ့်တကယ့်ပြိုင်ပွဲ​နောက်ကွယ်မှာ​တော့ ကြီးမှူးသူ​တွေရဲ့စနက်နဲ့ ပြိုင်ပွဲအနိုင်ရရှိသူကို သတ်မှတ်ထားပြီးသားမှန်းသိလိုက်ရတဲ့အခါ ဒါရန်နီနဲ့ဆူရီတို့အသင်းက ဘယ်လို​တွေလုပ်ကြမလဲ သူတို့​တွေဒီလိုလှည့်ကွက်​တွေနဲ့ပြည့်နှက်​နေတဲ့ ပြိုင်ပွဲကိုနိုင်ပါ့မလား အကွက်ချစီစဥ်မှူ​တွေကို ဘယ်လိုဖြတ်​​ကျော်ကြမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှူ့လိုက်ရ​အောင်​နော် File size…3.29GB / 1.45GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~KhinKhin
movie

Dasara (2023)

2023
Consecration (2023)
Consecration (2023) ဘာသာရေးကို အယုံအကြည်မရှိတဲ့ မျက်စိဆရာဝန်တစ်‌ယောက်ဖြစ်တဲ့ ဂရေ့စ်ဟာ တစ်နေ့မှာတော့ သူမရဲ့‌ မောင်ဖြစ်သူ ခရစ်ယာန်ဘုန်းကြီးဟာ အခြားခရစ်ယာန်ဘုန်းကြီးတစ်ပါးကို သတ်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတယ်လို့ အကြောင်းကြားလာတဲ့အတွက် စကော့တလန်က သီလရှင်ကျောင်းကို ရောက်သွားပြီး အဖြစ်မှန်ကို စုံစမ်းပါတော့တယ်။ စုံစမ်း‌နေတုန်းမှာ သူမရောက်ရှိနေတဲ့ သီလရှင်ကျောင်းရဲ့ သမိုင်းကြောင်းနဲ့ သူတို့ကျင့်သုံးနေတဲ့ ဘာသာရေးအယူအဆတွေကို သိရှိလာပြီး သူတို့ရဲ့ ထူးဆန်းတဲ့အမူအကျင့်တွေကြောင့် သီလရှင်ကျောင်းကို မယုံကြည်တော့တဲ့အပြင် ထူးဆန်းတဲ့အမြင်‌တွေပါ ရလာပါတော့တယ်။ သူမရဲ့ မောင် ကျန်ရစ်ခဲ့တဲ့စာအုပ်ထဲက အကြောင်းတွေဖတ်ရှူပြီး သူမရဲ့မောင်ဟာ ဘာကြောင့် သေဆုံးသွားရသလဲ ၊ သူမရဲ့ အတိတ်မှာရော ဘာတွေဖြစ်ခဲ့သလဲ ၊ သူမပိုင်ဆိုင်တဲ့ အစွမ်းသတ္တိဆိုတာက‌ရော ဘာလဲ ဆိုတာတွေကို လျှို့ဝှက်သည်းဖို ကြည့်ရှုရမယ့် Horror , Thriller ဘာသာရေးဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1 GB)/( 500MB)/( 300 Mb) Quality….Webrip 1080p / ...
movie

Consecration (2023)

Pale Moon (2014) 6.9
Pale Moon (2014) Pale Moon (2014)လက်ရှိမှာ ဒီကားကို Pale Moon နာမည်နဲ့ပဲ ကိုရီးယားဇာတ်လမ်းတွဲ ပြန်ရိုက်ထားပြီး ဇာတ်လမ်းက ကောင်းသလို ဒီလိုဇာတ်‌တွေနဲ့လိုက်ဖက်တဲ့ Sky Castle တို့ Mineတို့ Nobody Knows တို့ထဲက နာမည်ရ မင်းသမီးကြီး Kim Seo-Hyungက ပါ၀င်ထားတာမို့ ကေဒရာမာ ဖန်တွေကြား နာမည်ရသင့်သလောက်တော့ ရမယ် ထင်ပါတယ်။Pale Moonရုပ်ရှင်ရဲ့ ဇာတ်ကြောင်းဟာ ထူးခြားတယ် ။ မထင်မှတ်ထားတဲ့ အကွေ့တွေရှိတယ်။ ရက်စက်ခြင်းနဲ့ သမားရိုးကျခြင်းအကြောင်း ကူးလူးဆန်ခတ်နေတယ်လို့ပဲ ပြောချင်ပါတယ်။ ပွိုင့်ဟာ ဘာလဲတော့ ဝေဝါးကောင်းဝေဝါးလာနိုင်ပေမဲ့ ဒါကလည်း ဒီဇာတ်လမ်းရဲ့ အရသာပဲလို့ပြောရပါမယ်။ဘာလို့ဆို ဒီဇာတ်လမ်းမှာ ဇာတ်ကောင်က ရိုးရိုးအေးအေးနေတဲ့ အိမ်ရှင်မ။ ဘဏ်မှာ အချိန်ပိုင်းလုပ်ရာက အချိန်ပြည့်၀န်ထမ်းဖြစ်လာပြီး အရေးကြီးဖောက်သည်တွေရဲ့ အိမ်ထိ ငွေတိုက်စာချုပ်ရောင်းတဲ့ အလုပ်ကို လုပ်ရတယ်။ ဒီလိုနဲ့ မထင်မှတ်ထားတာတွေ ကြုံလာရပြီး စစချင်း ကောင်းတဲ့ရည်ရွယ်ချက်နဲ့လို့ ကိုယ့်ကိုယ်လှည့်စားရင်း ငွေတိုက်စာချုပ်ဖိုးငွေတွေကို လိမ်ရင်း ငွေရှိခြင်းရဲ့ အတုအယောင် ...
movie

Pale Moon (2014)

2014
Family Matters (2023) 7.6
Family Matters (2023) Family Matters (2023)ဒီတစ်ခါမှာတော့ IMDb 7.6 ရရှိထားတဲ့ ဖိလစ်ပိုင်မိသားစုဇာတ်လမ်းကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်"ဘဝမှာ ဘယ်အချိန်မဆို အရေးကြီးဆုံး ကိုယ့်မိသားစုပါပဲ"ဒီ‌ဇာတ်လမ်းလေးထဲမှာတော့ အယ်လန်က သူမရဲ့အချစ်ဇာတ်လမ်းအတွက် အမေရိကန်ကို ထွက်သွားဖို့မျှော်လင့်ထား‌ပေမဲ့လည်း သူမရဲ့သက်ကြီးရွယ်အိုမိဘနှစ်ပါးဖြစ်တဲ့ ဖရန့်စစ်စကို နဲ့ အယ်လီနောတို့ကို ထားရစ်ခဲ့ရ မှာဖြစ်တဲ့အတွက် စိတ်ပူပန်မှုတွေနဲ့ အပြစ်ရှိစိတ်ဖြစ်လာပါတယ် တစ်နေ့မှာတော့ အယ်လန်အဖေက အသက်ရှုကျပ်ပြီး ဆေးရုံတင်လိုက်ရပါတယ်။ အဲ့နောက်မှာတော့ အယ်လန်ရဲ့ မွေးချင်းတွေဖြစ်တဲ့ ကီကို ဖော့ကျူး အီရစ်ကိုတို့ကို ခေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အယ်လန်က အသိမပေးဘဲ အမေရိကန်ကို ခရီးထွက်သွားတဲ့အခါမှာ သူမရဲ့မိသားစုအားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ သူတို့ရဲ့သက်ကြီးရွယ်အိုမိဘနှစ်ပါးကို ဖိလစ်ပိုင်မှာ နေထိုင်နေတဲ့ မောင်နှမသုံးယောက်က လောလောဆယ် ကိုင်တွယ်ဖြေရှင်းရမယ့်ကိစ္စဖြစ်လာခဲ့ပါတယ်။သူတို့တွေဘယ်လိုနည်းလမ်းနဲ့ ကိုင်တွယ်ဖြေရှင်းသွားကြမလဲ။ မိဘနှစ်ပါးကို စိတ်ချမ်းသာအောင်ထားနိုင်မှာလား။ ဘယ်လိုပြဿနာတွေကြုံလာမလဲဆိုတာကို ပေါ့ပေါ့းပါးပါးနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းလေးလည်းဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Myo Myo ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… ...
movie

Family Matters (2023)

2023
No content available

Sponsored

Genres

Archives