Channel Myanmar

Content at random

Content recently added

Stockholm (2018) 6.3
Stockholm (2018) Stockholm Syndrom ဆိုတာဟာ ကိုယ့်ကိုဖမ်းချုပ်ထားတဲ့သူကို ခင်မင်ယုံကြည်လာပြီး သဘောကျလာမိတာမျိုးကိုခေါ်ပါတယ် များသောအားဖြင့်သော ပြန်ပေးဆွဲခံရသူများနဲ့ ပြန်ပေးဆွဲသူတို့အကြားမှာ ဖြစ်တတ်ပါတယ် ပြန်ပေးဆွဲခံရတဲ့သူတွေက ပြန်ပေးဆွဲတဲ့သူက သူတို့အပေါ်ကို နည်းနည်းလေးကောင်းတာလေးလုပ်ပေးလိုက်ရင် သူတို့ရဲ့ကျေးဇူးရှင်ကြီးအလားသတ်မှတ်မိပြီး အကောင်းမြင်လာကြပါတော့တယ် ဒီ "Stockholm" ဆိုတဲ့ဇာတ်ကားကို Stockholm Syndrom အစပျိုးစေခဲ့တဲ့ ၁၉၇၃ခုနှစ်က Stockholm မြို့မှာဖြစ်ပွားခဲ့တဲ့ ဘဏ်ဓားပြတိုက်သည့်ဖြစ်ရပ်ကိုရိုက်ကူးထားတာပဲဖြစ်ပါတယ် ဇာတ်လမ်းထဲမှာ လားစ်ဟာ ဘဏ်ကိုဓားပြ၀င်တိုက်လိုက်ပြီး လူအချို့ကိုရဲတွေနဲ့ညှိနှိုင်းရာမှာအသုံးချဖို့အတွက် ဓားစာခံတွေအဖြစ်ဖမ်းထားခဲ့ပါတယ် အဲ့လိုနဲ့ပဲ Stockholm Syndrom ဘယ်လိုဖြစ်ပေါ်လာမယ်ဆိုတာနဲ့ အဲ့ Syndrom ကဘယ်လိုဘယ်ပုံဆိုတာကို ဒီဇာတ်ကားလေးကြည့်ရှုရင်းနဲ့ပဲ...   File Size : (859 MB) and (314 MB) Quality : WebDL 720p , 480p Running Time : 1hr 32min Format : Mp4 Genre : Comedy , Crime ...
6.3
IMDB: 6.3/10 2043 votes
movie

Stockholm (2018)

2018
A Madea Family Funeral (2019) 4.3
A Madea Family Funeral (2019) ဟာသကားကြိုက်တဲ့သူတွေအတွက်ရယ်စေ မယ့်ကားကောင်းလေးတစ်ကားပါ မိသားစုတစ်စုရဲ့အိမ်ထောင်ဦးစီးတစ်ယောက်ရုတ်တရက်ဟိုတယ်မှာဖေါက်ပြန်နေရင်းသေသွားတဲ့အခါ... အဖေဖြစ်သူသေသွားတဲ့အချိန်မှာ သားဖြစ်သူကလည်းဟိုတယ်မှာရှိနေတဲ့အချိန် ဆွေမျိုးတွေကလည်းအလည်လာရင်းဟိုတယ်မှာတည်းတဲ့အချိန်.... အသုဘချဖို့ပြင်ဆင်ရင်းတလွဲတွေဖြစ်ကျမယ့်မိသားစု မိခင်ဖြစ်သူသိမှာစိုးလို့ဖုံးထားရင်း ဆွေမျိုးတွေကဝင်နှောင်တဲ့အခါမှာရော... ဘာတွေဆက်ဖြစ်ကျမလဲ နာရေးကောအဆင်ပြေပြေနဲ့ပြီးဆုံးသွားမလား ဘာလျှို့ဝှက်ချက်တွေရောထပ်ပေါ်လာမလည်းဆိုတာ ရယ်မောရင်းနဲ့ကြည့်ရမယ့်ဟာသကားလေးတစ်ကားပါ   File Size : (1 GB) and (314 MB) Quality : WebDL 720p , 480p Running Time : 1hr 49min Format : Mp4 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Phue Encode by Moe Myint Lwin
4.3
IMDB: 4.3/10 2,046 votes
movie

A Madea Family Funeral (2019)

2019
A Millionaire’s First Love (2006) 7.3
A Millionaire’s First Love (2006) ဒီဇတ်လမ်းကတော့ အဖိုးသေသွားလို့ အမွေရသွားပြီး လျှောက်သုံးဖြုန်း ပျော်ပါးနေတဲ့ ဆယ်ကျော်သက် ကျောင်းသားလူငယ်လေး တစ်ယောက် ရဲ့ ဇတ်လမ်း အစ လို့ ပြောရမှာပါပဲ... ကန်ဂျေဂျောင်း က အထက်တန်း ကျောင်းသား ဖြစ်ပြီး ပိုက်ဆံရှိလို့ ရိုက်ပွဲဖြစ်လိုက် ပိုက်ဆံနဲ့ ရှင်းလိုက် ကျောင်းပုံမှန် မတက် ပိုက်ဆံ နဲ့ ဖြေရှင်းလိုက် လုပ်တက်သူပါ သူ သိထားတာက အရာရာ ကို ပိုက်ဆံ နဲ့ ဖြေရှင်းလို့ရတယ်လို့ သိထားတာပါ... ငယ်စဉ်ကတည်းက မိဘတွေ ဆုံးပါးသွားပြီး အဖိုးဖြစ်သူနဲ့ အနေကြာလာတော့လဲ ဆိုးသွမ်းလူငယ်လေး တစ်ယောက်ဖြစ်နေခဲ့တာပါပဲ အဖိုးကတော့ မသေခင် ထူးဆန်းတဲ့ သေတမ်းစာ တစ်ခု ရေးပေးခဲ့ပါတယ် ဒါကတော့ ကန်ဂျေဂျောင်း ကို နယ်မြို့လေး တစ်ခုက အထက်တန်းကျောင်းမှာ စာမေးပွဲ အောင်မှ သူ့ အမွေကို ဆက်ခံခွင့် ရှိရမယ်လို့ မှာသွားခဲ့ပါတယ်... ကြီးကြီးကျယ်ကျယ် နိုင်တဲ့ ကန်ဂျေဂျောင်း တစ်ယောက် တောသာသာ နယ်မြို့လေးမှာ ဂဂျိုးဂဂျောင်တွေဖြစ်တာလဲ ရယ်ရမယ်... ချစ်ဖို့ကောင်းတဲ့ ကောင်မလေး တစ်ယောက် နဲ့လဲ သူဆုံရအုံးမှာပါ..... ပိုက်ဆံမရှိပေမဲ့ ကန်ဂျေဂျောင်းလိုပဲ စိတ်ဓါတ်မာတဲ့ ကောင်မလေး တစ်ယောက် နဲ့ ကျောင်းမှာပဲ စဆုံခဲ့ရတယ် ဒီတော့ စပွိုင်လာ ...
7.3
IMDB: 7.3/10 4,430 votes
movie

A Millionaire’s First Love (2006)

2006
Don’t Click ( 2012 ) 4.7
Don’t Click ( 2012 ) အခုမိတ်ဆက်ပေးမယ့် don't click ဆိုတဲ့ဇာတ်ကားလေးရဲ့ဇာတ်ဆောင်ကတော့ K drama fan တွေရဲ့အချစ်တော်မလေး Park Bo Yong ပဲဖြစ်ပါတယ် ချစ်ရာကောင်းတဲ့မင်းသမီးချောလေးက ဒီတစ်ခါတော့ ကြောက်တတ်သူများမကြည့်သင့်တဲ့ဒီဇာတ်ကားမှာ ဖခင်ဟာ အမေရိကားမှာအလုပ်သွားလုပ်နေပြီး ညီမလေးနဲ့ ၂ယောက်ထဲနေကာ အစ်မကြီးတစ်ယောက်ရဲ့တာဝန်ကိုထမ်းနေရတဲ့မိန်းမငယ်လေးအဖြစ် သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းတော့ ရုန်းကန်နေရတဲ့ မိသားစုလေးဖြစ်တဲ့အလျောက် ညီမလေးဟာ YouTube ဗီဒီယို တင်ပြီး ကျော်ကြားမှုနဲ့ ဝင်ငွေရှာပါတယ် ဗီဒီယိုအဆန်းတွေကြည့်ရတာလဲခုံမင်တယ် ဒီလိုနဲ့ တားမြစ်ဗီဒီယိုတစ်ခုကိုကြည့်မိတာနေ ပြဿနာစတော့တာပါပဲ don't click ဆိုတဲ့အတိုင်းclick မိပြီဆိုတာနဲ့ အဆုံးထိကြည့်ရသတဲ့ ကြည့်မိတဲ့သူတိုင်းဟာလဲ အဖြစ်ဆိုးတွေနဲ့ ကြုံရပါတယ် အဲ့ဒီဗီဒီယိုရဲ့နောက်ကွယ်ကဇာတ်လမ်းဟာဘယ်လိုဖြစ်သလဲ သူတို့ညီအစ်မ၂ယောက်ကကောဘယ်လိုအဆုံးသတ်နဲ့ကြုံရမလဲဆိုတာ ရင်တစ်ထိတ်ထိတ်နဲ့ကြည့်ရမှာဖြစ်ပါတယ် ည ၁၂ နာရီလောက်အချိန်မျိုးမှာထိုင်ကြည့်တာတော့ပိုအရသာရှိတာပေါ့   Translated & Review By Nu Mon Encoded By LK
4.7
IMDB: 4.7/10 446 votes
movie

Don’t Click ( 2012 )

2012
HDRip 720p
Autumn Fairy Tale ( 2019 ) 5.6
Autumn Fairy Tale ( 2019 ) ဒီတစ်ခေါက်မှာတော့ ဆောင်းဦးရွက်ကြွေချစ်သက်သေကိုးရီးယား ဇာတ်လမ်းတွဲကိုပြန်ရိုက်ထားတဲ့chinese movieကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားမှာတော့အဓိကသရုပ်ဆောင်အဖြစ် Jiao Rui (Jun Xi)၊Zhao LuSi (En Xi)(ချစ်သောမင်းကြီး)နဲ့ Xu Kai (Han Tai)(Story of Yanxi Palace)တို့ကအဓိကပါဝင်သွားမှာဖြစ်ပါတယ် ရင်ကျွင့်ရှီးငယ်ငယ်ကဆေးရုံမှာညီမလေးကိုသွားကြည့်ရင်းသတိမထားမိပဲ အန်းရှီးနဲ့ရှင်းအိုက်မွေးကင်းစကလေးနှစ်ယောက်ရဲ့ချိတ်ထားတဲ့ နာမည်ကတ်ပြားတွေကိုပြုတ်ကျအောင်လုပ်မိပြီး သူနာပြုဆရာမတွေ့သွားတဲ့အခါနာမည်ကတ်ပြားကိုမှားယွင်းပြီးပြန်ချိတ်မိသွားပါတယ်။ သာယာချမ်းမြေ့တဲ့မိသားစုမှာကြီးပြင်းလာကြတဲ့ရင်ကျွင့်ရှီးနဲ့ ရင်အန်းရှီးတို့မောင်နှမနှစ်ယောက်ကြားကိုကားတိုက်မှုတစ်ခုဝင်လာပြီးနောက် အရာအားလုံးကပြောင်းလဲခဲ့ရပါတယ်။ကားတိုက်မှုကြောင့် အန်းရှီးသွေးအမျိုးအစားကိုမိဘတွေစစ်ဆေးကြည့်မိတဲ့အခါမှာတော့ အန်းရှီးနဲ့ပတ်သက်တဲ့အဖြစ်မှန်ကိုသိသွားပြီး တစ်ညထဲနဲ့ ဆင်းရဲနွမ်းပါးတဲ့မိန်းကလေးအဖြစ်အမေအရင်းဆီကိုပြန်ရောက်သွားပြီး ကျွင့်ရှီးကအဖေအမေ ညီမလေးရှင်းအိုက်တို့နဲ့အတူအမေရိကန်ကိုပြောင်းသွားခဲ့ရပါတော့တယ်။ အချိန်တွေကြာပြီးနောက် အန်းရှီးနဲ့အတူပိုင်ဆိုင်ခဲ့ဖူးတဲ့လှပတဲ့ အမှတ်တရတွေရှိနေတဲ့မွေးရပ်မြေကိုကျွင့်ရှီးနောက်တစ်ခါပြန်ရောက်လာပြီး အန်းရှီးကိုပြန်လာရှာခဲ့ကာနောက်ပိုင်းဘယ်လိုဆက်ဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါလို့တိုက်တွန်းလိုက်ပါတယ်နော်   Translated & Review By Xiao Encoded By LK
5.6
IMDB: 5.6/10 N/A votes
movie

Autumn Fairy Tale ( 2019 )

2019
WEB-DL 720p
The War of Loong ( 2017 ) 6.5
The War of Loong ( 2017 ) IMDb 6.5 ရရှိထားတဲ့ဒီဇာတ်​ကား​လေးက​တော့ ၁၈၈၅ခုနှစ်​..... ချင်​မင်းဆက်​လက်​ထက်​ ချင်​စစ်​တပ်​နှင့်ြ​​ပင်​သစ်​စစ်​တပ်​တို့ရဲ့ စစ်​ပွဲအ​ကြောင်းကိုရိုက်​ကူးထားခြင်းပဲဖြစ်​ပါတယ်​။ ၁၈၈၅ ခုနှစ်​မှာ ပြင်​သစ်​တပ်​ဖွဲ့ကတရုတ်​ပြည်​ကိုကျူး​ကျော်​ပြီး ဂွမ်​ရှီးပြည်​နယ်​မှာရှိတဲ့ ကျန့်​နန်​ကွမ်းမြို့ကို သိမ်းပိုက်​ခဲ့ပါတယ်​..... တိုင်းပြည်​ချစ်​တဲ့မျိုးချစ်​စိတ်​အပြည့်​ရှိတဲ့ တပ်​မှူးကြီးဖုန်​ကျီချိုင်​ဟာ သူ့ရဲ့သားနှစ်​ဦးနှင့်အတူ​အမိ​မြေကာကွယ်​ဖို့ရန်​အတွက်​ စစ်​တပ်​ထဲသို့ဝင်​​ရောက်​လာခဲ့ပါတယ်​ စစ်​လက်​နက်​ပစ္စည်း အစစအရာရာ သာလွန်​တဲ့ ပြင်​သစ်​တပ်​ကြီးကိုပြန်​လည်​တိုက်​ထုတ်​ဖို့ဆိုတာ လွယ်​ကူတဲ့အရာ​တော့မဟုတ်​ပါဖူး သို့​သော်​​တပ်​မှူးကြီးဖုန်​ကျီချိုင်​က သူ့ရဲ့နိုင်​ငံ့ချစ်​စိတ်​ကို ပြသဖို့ရန်​ ပြတ်​သားတဲ့ဆုံးဖြတ်​ချက်​နှင့်​အတူ သူ့အ​ခေါင်းကိုပါသူ့နှင့်​အတူ စစ်​ပွဲထဲကိုယူ​ဆောင်​လာခဲ့ပါတယ်​ ဒီဇာတ်​ကား​လေးက​ဆိုရင်​လက်​နက်​အင်​အားလူအင်​အားလုံးဝကွာခြားလွန်းလှတဲ့ ပြင်​သစ်​စစ်​တပ်​ကို ​တော်​လှန်​တိုက်​ထုတ်​နိုင်​ခဲ့တဲ့ ချင်​လူမျိုးတို့ရဲ့ ရဲရင့်​​သောစိတ်​ မျိုးချစ်​စိတ်​ဓာတ်​တို့ကို ကွက်​ကွက်​ကွင်းကွင်း ပီပီပြင်​ပြင်​ ​ရိုက်​ကူး​ဖော်​ကျူးထားတဲ့ ဇာတ်​ကား​လေးပဲဖြစ်​ပါတယ်​ ဖြစ်​ရပ်မှန်​ဇာတ်​ကားဖြစ်​တာ​ကြောင့်​ ကြည့်​ဖြစ်​​အောင်​ကြည့်​ကြပါလို့တိုက်​တွန်းရင်း နိဂုံချုပ်​အပ်​ပါရ​စေ​..   Translated & Review By Xiao Encoded By LK
6.5
IMDB: 6.5/10 56 votes
movie

The War of Loong ( 2017 )

2017
Panic Room(2002) 6.8
Panic Room(2002) Panic Room(2002) IMDb.....6.8 အမျိုးသားနဲ့ ကွဲရာကနေ လျော်ကြေးသဘောမျိုးနဲ့ အိမ်တစ် လုံးကို သားအမိ(၂)ယောက် ရခဲ့တယ်။ အိမ်ရဲ့ခမ်းနားကြီးကျယ်မှုက တော်ရုံသူတွေမ၀ယ်နိုင်တဲ့အိမ်မျိုး.... ဒီအိမ်တစ်လုံးရဲ့ တန်ဘိုးကို အကောင်းဆုံး ဖြစ်စေတဲ့ အထူးလုံခြုံရေးအခန်းလို့ ပြောရလောက်အောင် အဆင့်မြင့်အခန်းတစ်ခန်းရှိတယ်... ဒီအခန်းရဲ့ ရည်ရွယ်ချက်က မသမာသူတွေရဲ့ရန်ကို ကာကွယ်ဖို့လုပ်ထားတာပါ.. သီးခြားဖုန်းလိုင်းရှိသလို အခန်းကို တော်ရုံကိရိယာနဲ့ဖောက်လို့မရတဲ့ စတီးနံရံတွေနဲ့လုပ်ထားသလို လုံခြုံရေးစနစ်ကလည်း တကယ့်ကိုအဆင့်မြင့်ပါတယ်... ဒီလိုနဲ့ ဒီသားအမိ(၂)ယောက်ဟာ ဒီအိမ်ကိုပြောင်းရွှေ့ခဲ့တယ်... ပြောင်းရွှေ့ခဲ့တဲ့ညမှာပဲ မိုးတွေရွာနေတာကိုအခွင့်ကောင်းယူပြီး လက်နက်ကိုင်လူ(၃)ယောက်ဟာ ရောက်ရှိလာပါတော့တယ်...... ဒီကားက ဇာတ်လမ်းအစမှအဆုံးထိ တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ပါ.... အီသွားတဲ့နေရာမရှိသလို ဘာတွေဆက်ဖြစ်မလဲဆိုတာလည်း ခန့်မှန်းလို့မရပါဘူး.... ဆိုတော့ ဒီကားကြည့်မယ်ဆိုရင် ရေဗူးတွေ မုန့်တွေဘေးချပြီး ဆီးအိုးပါ ဘေးမှာထားလိုက်ဗျ..... ဘာလို့ဆို တော်ရုံကိစ္စတွေကြောင့် ဇာတ်ကားရဲ့ ရသပျောက်သွားမှာစိုးလို့... ခံစားကြည့်လိုက်ဦးဗျို့.... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက Ye Pye Sone ပဲဖြစ်ပါတယ်... File Size : (1GB) and (363 MB) Quality : Blu-Ray 720p Format…mp4 Duration…01:52:00 Genre :  Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by  Ye Pye Sone Encoded by ...
6.8
IMDB: 6.8/10 237,193 votes
movie

Panic Room(2002)

2002
The Least of These(2019) 6.6
The Least of These(2019) The Least of These(2019) IMDb.....6.6 ကျွန်တော်တို့အာရှနိုင်ငံတော်တော်များများဟာ အနာကြီးရောဂါသည်တွေကို ရွံစရာလူတွေအဖြစ် သတ်မှတ်ပြီး လူ့အဖွဲ့အစည်းကနေ ကျဉ်ထားလေ့ရှိပါတယ်..... အဲဒီထဲမှာ အိန္ဒိယနိုင်ငံလည်း အပါအ၀င်ဖြစ်ပြီး ဒီဇာတ်ကားအခြေခံထားတဲ့ ၁၉၉၀ ပြည့်လွန်နှစ်လို အခြေအနေမှာဆို ကုသပျောက်ကင်းပြီးတာတောင် စက်ဆုတ်စရာလူတန်းစားလို့ သတ်မှတ်ထားကြပုံရပါတယ်... ပြီးတော့ အိန္ဒိယဟာ ရှေးရိုးစွဲနိုင်ငံတနိုင်ငံလည်းဖြစ်တာနဲ့အညီ ဒီနိုင်ငံမှာ ခရစ်ယန်သာသနာလာပြုဖို့ဆိုတာ တကယ်ကို မလွယ်ကူတဲ့အနေအထားပါ ဒီလို အခြေအနေမှာ ဩစတေးလျနိုင်ငံသား ခရစ်ယာန်သာသနာပြု ဒေါက်တာဂရေဟမ်းစတိန်းဆိုတဲ့ အမျိုးသားဟာ အိန္ဒိယမှာရှိတဲ့ ရောဂါသည်တွေကို လာပြုစုကုသပေးနေတာ ၃၅ နှစ်ကြာခဲ့ပါပြီ အဲဒီအချိန်မှာ News Orrisa သတင်းစာတိုက်က သတင်းထောက် မန်နေ့ ဟာ စားဝတ်နေရေးအတွက် သတင်းတပုဒ်ရဖို့ သတင်းစုဆောင်းရတဲ့အခါ ဂရေဟမ်စတိန်းဟာ ဒီသတင်းစာတိုက်ရဲ့ သားကောင်ဖြစ်လာပါတော့တယ် အဲဒီနောက်မှာတော့ သတင်းမုဆိုးရဲ့သားကောင်ဖြစ်လာတဲ့ ဂရေဟမ်စတိန်းနဲ့ သတင်းထောက် မန်နေ့တို့ရဲ့ ဆက်နွယ်မှုတွေ ဘာဆက်ဖြစ်လာမလဲဆိုတာတော့ ဒီ The least of these မှာ ကြည့်ရှုခံစားပေးကြပါခင်ဗျာ ဒီဇာတ်ကားကို ဒါရိုက်တာ Aneesh Daniel က ရိုက်ကူးထားပြီး ယခုနှစ်မှ ထွက်ရှိထားတဲ့ ကားတကားဖြစ်ပါတယ် အဓိက ...
6.6
IMDB: 6.6/10 561 votes
movie

The Least of These(2019)

2019
720P Web-DL
Laplace’s Witch (2018) 5.4
Laplace’s Witch (2018) ရေပူစမ်းမြို့လေးရဲ့တစ်နေရာမှာ ဟိုက်ဒရိုဂျင်ဆာလဖိုက်ဓာတ်ငွေ့ကြောင့် ထူးဆန်းစွာ သေဆုံးနေတဲ့သူတစ်ယောက်ကို စစ်ဆေးရာမှ လူသတ်မှုလား.. မတော်တဆမှုလား ဝေခွဲနေကြချိန်.. နောက်တစ်နေရာမှာလည်းအလားတူ သေဆုံးမှုတစ်ခုကြောင့် စိတ်ဝင်စားစရာဇာတ်လမ်းတစ်ခုဖြစ်ခဲ့တယ်… တက္ကသိုလ်တစ်ခုရဲ့ ပါမောက္ခဖြစ်တဲ့ ပရော်ဖက်ဆာအာဝါအိရဲ့ထင်မြင်ချက်အရ လူတစ်ယောက်ကိုသတ်ဖို့အတွက် ဓာတ်ငွေ့ကိုမြေအနေအထားမကောင်းတဲ့ဆီကို လူသတ်ဖို့ရည်ရွယ်ချက်တစ်ခုနဲ့ ယူဆောင်သွားဖို့မှာမဖြစ်နိုင်ဘူးကောက်ချက်ချထားတယ် ဒါကိုလက်မခံနိုင်တဲ့စုံထောက်ကြီးက တစ်ယောက်နဲ့တစ်ယောက်မသိတဲ့ မတူညီတဲ့နေရာကတူညီတဲ့သေဆုံးပုံနဲ့လူနှစ်ယောက်ရဲ့သမိုင်းကို ပြန်လှန်နောက်ကြောင်းလိုက်ရာမှ.... H2S ကြောင့်ပျက်စီးခဲ့ရတဲ့မိသားစုတစ်စုအကြောင်းကိုအစကောက်မိတယ်... တစ်ဖက်မှာလဲပရော်ဖက်ဆာအာဝါအိလည်း ကိုယ့်ကိုယ်ကို Laplace (သင်္ချာပညာရှင်) ရဲ့ စုန်းမအဖြစ်ခံယူထားတဲ့ သဘာဝတရားကိုကြိုတင်ခန့်မှန်းနိုင်စွမ်းရှိတဲ့ မာဒိုကာဆိုတဲ့မိန်းကလေးတစ်ယောက်နဲ့တွေ့ဆုံနေပါတယ်.. ပရော်ဖက်ဆာနဲ့တွေ့ဆုံနေတဲ့မာဒိုကာအမည်တွင်တဲ့မိန်းကလေးနဲ စုံထောက်ကြီးအစရထားတဲ့မိသားစုထဲကရှင်ကျန်ရစ်သူခန်တိုတို့မှာ တူညီတဲ့စွမ်းအင်ရှိနေတဲ့အခါ.... မာဒိုကာကခန်တို့ကိုကူညီချင်တဲ့စေတနာနဲ့ဘာကြောင့်ပရော်ဖက်ဆာအကူအညီကိုတောင်းပြီးလိုက်လံရှာဖွေနေတာလဲဆိုတာတွေကိုသိရဖို့အတွက်... ဒီဇာတ်ကားလေးထဲမှာသူတို့နဲ့အတူလိုက်ပါခံစားကြည့်ကြစို့နော်....   (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ Htoo Htoo Ka Joe ပါ)   File Size : (950 MB) and (450 MB) Quality : Blu-Ray 720p Running Time : 1h 35min Format : Mp4 Genre : Drama, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264.DTS-WiK Translated by Htoo Htoo Ka ...
5.4
IMDB: 5.4/10 312 votes
movie

Laplace’s Witch (2018)

2018
Luka Chuppi(2019) 6.4
Luka Chuppi(2019) Luka Chuppi(2019) IMDb...6.4 ယခုနှစ် မတ်လကမှ ထွက်ရှိထားတဲ့ဒီဟင်ဒီစကားပြော Romance Comedy ကားလေးဟာ ရုံစတင်တင်ချင်း ရက်မှာပဲ ရူပီး ရှစ်ကုဋေကျော် ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်အတွက် ရုံ ဖွင့်ဖွင့်ချင်း ၀င်ငွေအများဆုံး နံပါတ်လေးနေရာကို ချိတ်ခဲ့ပါတယ်ကြော်ငြာခအပါအ၀င် စုစုပေါင်း ၂၅ ကုဋေခန့်သာ ကုန်ကျခဲ့တဲ့ ဒီဇာတ်ကား လေးဟာဝင်ငွေ စုစုပေါင်း ၁၂၆ ကုဋေကျော် ပြန်လည်ရရှိထားတာမို့လို့ ၀င်ငွေအ ရတော့ အောင်မြင်မှုရတဲ့ကားတကားလို့ ဆိုရမှာပဲ ဖြစ်ပါတယ်အိန္ဒိယဆိုတာ ဇာတ်နိမ့်ဇာတ်မြင့်ယဉ်ကျေးမှုတွေ နဲ့ ဘာသာတရားမျိုးစုံရှိတဲ့ ယဉ်ကျေးမှုအစဉ်အလာမြင့်မားတဲ့နိုင်ငံတခုပါဒီလိုနိုင်ငံမျိုးမှာ သတင်းထောက်အလုပ်လုပ် လုပ် နေကြတဲ့ ခေတ်ပညာတတ် လူငယ် ချစ်သူနှစ်ဦး ရှိကြတယ်.... ခေတ်လူငယ်တွေပီပီ သူတို့ရှေ့ဆက်ရမယ့် အနာဂတ်အတွက် ခပ်ဆန်းဆန်း ပုံစံတစ်ခုလုပ်ရင်း ရှေ့ဆက်ကြဖို့ စီစဉ်ကြတယ်... သူတို့အစီအစဉ်က ဘယ်လိုမျိုးလဲ.... ဒီလိုလုပ်လို့ရော အဆင်ပြေကြမှာလား..... ဘယ်လို အလွဲတွေနဲ့ ကြုံကြမလဲ... ပတ်ဝန်းကျင်ကရော သူတို့ကိုဘယ်လိုမြင်ကြမလဲဆိုတာတွေကို ဟာသလေးတွေနှောပြီး ရိုက်ကူးထားတဲ့ အချစ် ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်... ခံစားကြည့်လိုက်ပါဦး..ဒီရုပ်ရှင်ကားလေးကိုတော့Dear Zindagi ရဲ့ Cinematographer ဖြစ်တဲ့Laxman Utekar က ပုံေ ဖ်ာရိုက်ကူးထားပြီးKartik ...
6.4
IMDB: 6.4/10 2,881 votes
movie

Luka Chuppi(2019)

2019
Svaha: The Sixth Finger (2019) N/A
Svaha: The Sixth Finger (2019) Svaha the sixth finger ဒီရုပ်ရှင်ကတော့ နက်ဖလစ် ရဲ့ ကိုရီးယား ဇာတ်ကားအသစ်ပါပဲ။ Horror, Thriller အမျိုးအစားပဲ ပြောရမှာပါပဲ။ ခရစ်ယာန် သင်းအုပ်ဆရာ ပက်အန်ဂျေးဟာ ဘာသာရေးအစွန်းရောက်အဖွဲ့တွေ၊ ဘာသာရေးဗန်းပြ လူလိမ်အဖွဲ့တွေကို လိုက်လံဖော်ထုတ်သူဖြစ်ပါတယ်။ သူလိုက်နေတဲ့အမှုတစ်ခုဟာ လူသတ်မှုတွေနဲ့ ပတ်သတ်လာခဲ့တယ်။ လူသတ်တဲ့အဖွဲ့ကတော့ အရိမေတ္တယျ ဘုရားလောင်းကို ကာကွယ်ဖို့ လူသတ်နေတဲ့ နတ်မင်းကြီးလေးပါးလို့ ကိုယ့်ကိုယ်ကို အယူရှိနေတဲ့ အစွန်းရောက် ဘာသာရေးဂိုဏ်းတစ်ခုပါပဲ။ မဟာယာန၊ တိဘက်၊ အိန္ဒိယ၊ ခရစ်ယာန် ဘာသာရေးအယူအဆတွေကိုအခြေခံပြီး အမှုလိုက်ဖော်ထုတ်ရတဲ့ အမျိုးအစားဖြစ်ပြီး လှည့်ကွက်တွေ ပါနေတဲ့အတွက် အများကြီး ပြောပြလို့မရပါဘူး။ ဘာသာပြန်သူကိုယ်တိုင်လည်း အပြည့်အဝနားမလည်ပါဘူး။ နားလည်နိုင်မှုကတော့ ကြည့်တဲ့သူတွေရဲ့ အတွေးနဲ့ သိထားတဲ့ ဗဟုသုတတွေအပေါ် နည်းနည်းတော့ အခြေခံမှာပါ။ ကြည့်ကြည့်လိုက်ကြပါ။ ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Little Neo ဖြစ်ပြီး Thit San Khant မှ Encode ၍ တင်ဆက်ပေးထားပါတယ်။
N/A
IMDB: N/A/10 N/A votes
movie

Svaha: The Sixth Finger (2019)

2019
720P Web-DL
Abyss (2019) 8.10
Abyss (2019) ဒီတစ်ခေါက် CM ပရိတ်သတ်တွေအတွက် တင်ဆက်ပေးမဲ့ ongoing series လေးကတော့ `Abyss´ ဆိုတဲ့ series လေးပဲဖြစ်ပါတယ် အဓိက မင်းသားကတော့ thirty but seventeen ထဲက ယူချန်း (Ahn Hyo Seop) လေးပါနော် မင်းသမီးကတော့ strong woman Do Bong Soon ထဲက ပရိတ်သတ်အချစ်တော် ဘုံဘုံ (Park Bo Young) လေးပါ ဇာတ်လမ်းလေးကတော့ သဘာလွန်ပုံစံလေးပါ သေပြီးနောက်တစ်ဖန် ခန္ဓာအသစ်နဲ့ပြန်လည်ရပ်တည်ခွင့်ရတဲ့ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် အကြောင်းပါ ချာမင်ဟာ ကိုရီးယား ထိပ်တန်း အလှကုန် ကုပ္မဏီတစ်ခုရဲ့ ဆက်ခံသူဖြစ်ပေမဲ့ သူ့ရဲ့ရုပ်ရည်နဲ့ပက်သက်ပြီး အမြဲတမ်း စိတ်ဓာတ်ကျအားငယ်နေတတ်သူပါ သူငယ်ချင်းဂိုစဲယွန်းကမိတ်ဆက်ပေးတဲ့ ကောင်မလေးတစ်ယောက်နဲ့တွဲပြီး လက်ထပ်ဖို့လုပ်ခဲ့ပေမဲ့ ကောင်မလေးက ပစ်သွားခဲ့ပါတယ် အဲ့အတွက် စိတ်ဓာတ်ကျပြီး သေကြောင်းကြံရာကနေ မတော်တဆဖြစ်ပြီး တကယ်သေသွားခဲ့ပါတယ် ဒါပေမဲ့ စိတ်ဝိဥာဉ်ဖန်လုံးကြောင့် အသက်ပြန်ရှင်လာပြီး ရုပ်ရည်ကလဲ အရင်နဲ့မတူပဲ ချောမောတဲ့ ကောင်လေးတစ်ယောက်ဖြစ်သွားခဲ့ပါတယ် ဂိုစဲယွန်းကတော့ လှပတဲ့ အမှုစစ်ရှေ့နေတစ်ယောက်ဖြစ်ပါတယ် ဒါပေမဲ့ သူဟာ အသတ်ခံခဲ့ရပါတယ် ဂိုစဲယွန်းရဲ့ ဇပနကို ချာမင်ရောက်လာခဲ့ပြီး စိတ်ဝိဥာဉ်ဖန်လုံးနဲ့ ဂိုစဲယွန်းကို အသက်ပြန်သွင်းဖို့ ကြိုးစားခဲ့ပါတယ် အဲ့အချိန်မှာပဲ ဂိုစဲယွန်းက ခန္ဓာအသစ်တစ်ခုနဲ့ ...
8.10
TMDb: 8.10/10 votes
tv

Abyss (2019)

2019
Ditto (2000) 7.2
Ditto (2000) " ကမ္ဘာ တစ်ဖက်မှာ နင်နေထိုင်တယ် ကမ္ဘာ တစ်ဖက်မှာ ငါနေထိုင်တယ် " ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင် သီချင်းလိုပါပဲ ဒီဇတ်လမ်းကို ကြည့်မိတဲ့ အချိန်က နှလုံးသားထဲမှာ ဆွေးဆွေးမြေ့မြေ့ ကို ဖြစ်လာတာပဲ ဒီဇတ်လမ်းက ဆိုအွန်း ဆိုတဲ့ ကောင်မလေး နဲ့ ဂျီအင်း ဆိုတဲ့ ကောင်မလေး တို့ နဲ့ ဇတ်လမ်းစတာပဲ ဆိုအွန်းမှာ မီးသတ်တပ်ဖွဲ့တွေ သုံးတဲ့ ရေဒီယို တစ်လုံး ရှိနေတယ် တစ်ရက်သော နေ့မှာတော့ အဲ့ဒီရေဒီယိုကနေ အသံတစ်ခုကြားရတယ် တစ်ဖက်က ဆက်သွယ်လာတဲ့ အသံတစ်ခုပေါ့ အသံပိုင်ရှင်က ဂျီအင်း လို့ ခေါ်တဲ့ ကောင်လေးတစ်ယောက် ပုံမှန်ပဲ မိတ်ဆက်ကြတာပေါ့ ဂျီအင်း နဲ့ ဆိုအွန်း တို့ တစ်ယောက်နဲ့ တစ်ယောက် ကျောင်းမှာ ချိန်းကြတယ် အဲ့ဒီ နေ့က စိတ်တွေ လှုပ်ရှားနေကြတယ်... ဆိုအွန်း ကျောင်းရဲ့ နာရီစင်ရှေ့မှာ စောင့်နေတယ် ဂျီအင်းက ပေါ်မလာခဲ့ဘူး.... ဂျီအင်း ကိုယ်တိုင်ကလဲ ဆိုအွန်းကို မိုးရေတွေထဲ ကျောင်းရှေ့ စောင့်နေခဲ့တာပါပဲ သူတို့ ၂ ယောက် စိတ်ပျက်လက်ပျက် နဲ့ အိမ်ပြန်လာခဲ့ကြတယ်... သူတို့ စကားမပြောဖြစ်ကြတော့ဘူး တစ်ခုခု ...
7.2
IMDB: 7.2/10 1,582 votes
movie

Ditto (2000)

2000
Sauvage(2018) 7.0
Sauvage(2018) Sauvage(2018) IMDb....7.0 ဒီကားက Gay တစ်ယောက်ရဲ့ ညဥ့်နက်ချိန်တွေဖြတ်သန်းရတဲ့ အကြောင်းကို အဓိကရိုက်ပြထားပါတယ်...... ပြောရရင် ညဥ့်ငှက် Gay ကောင်လေးတစ်ယောက်ဆိုပါတော့..... ဒါဆိုရင်တော့ သူလှုပ်ရှားနေတဲ့ ပုံရိပ်တွေကို ရိပ်မိကြမယ်ထင်ပါရဲ့...... သူပျံသန်းတဲ့ ပတ်ဝန်းကျင်ဟာ လူတန်းစားအစုံပါပဲ... သူတို့ တဏှာစိတ်ပြေတာနဲ့ အမှိုက်တစ်စလိုလွှင့်ပစ်တတ်ကြသလို တစ်ခါတစ်ရံ လူသားမဆန်စွာ နှိပ်စက်တတ်ကြပါသေးတယ်.... ပေးဆပ်ရတာနဲ့မတန်တဲ့ ငွေအကြွေတစ်ချို့ကို မျက်ရည်သုတ်ပြီး ယိုင်နဲ့နဲ့ ခြေလှမ်းတွေနဲ့ ကျောခင်းစရာလိုက်ရှာရတဲ့ သူ့အဖြစ်က တကယ့်ကိုသနားစရာပါပဲ.... ကိုင်းခံစားကြည့်လိုက်ပါဦး.... ဒီကားက 18+ အမျိုးအစားဖြစ်လို့ မိသားစုနဲ့ အတူမကြည့်သင့်ပါကြောင်းပြောကြားပါရစေ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ye Pye Sone ပဲဖြစ်ပါတယ်...             File Size : (900 MB) and (380 MB) Quality : WEB-DL 720p, Format…mp4 Duration…01:39:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Pye Sone Encoded by Phyo Pyae
7.0
IMDB: 7.0/10 1,738 votes
movie

Sauvage(2018)

2018
WEB-DL 720p
Dark City (1998) 7.7
Dark City (1998) Dark City 1998 IMDB 7.7 , Rotten Tamatoes 78% ရထားတဲ့ လျှို့ဝှက်ဆန်းကြယ်သိပ္ပံကားကောင်းလေးပါ. Knowing (2009) The Crow(1994), Gods of Egypt (2016) တို့လို နာမည်ကြီးကားကောင်းတွေကို ရိုက်ကူးထားတဲ့ ဒါရိုက်တာ Alex Proyas ရဲ့ လက်ရာ ဖြစ်ပြီး မင်းသားကြီး Rufus Sewell နဲ့ အရမ်းလှတဲ့ မင်းသမီး မမ Jennifer Connelly တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီကားထဲမှာ မမ က အပြုံးအရယ်အခန်းတွေ နည်းပြီး အမှိုင်ဇာတ်ရုပ်ဖြစ်ပေမယ့် လှမြဲလှနေဆဲပါ။ သူ သီချင်းဆိုတဲ့အခန်းလေးတွေ အားရဖို့ အရမ်းကောင်းချက်။ ဇာတ်လမ်းအကြောင်းက Mystery ဆန်လွန်းတော့ အပေါ်ယံလောက်ပဲ ပြောပြပါရစေ။ လူတစ်ယောက် ဟိုတယ်ခန်းထဲမှာ ရုတ်တရက် နိုးလာတယ်။ သူ့ကိုယ်သူ ဘယ်သူ ဘယ်ဝါမှန်းမသိ ဘယ်ရောက်နေမှန်းလဲ လုံးဝ မှတ်ညဏ်ပျောက်ဆုံးနေတဲ့ လူတစ်ယောက်။ သူသိတာဆိုလို့ ဟိုတယ်မန်နေဂျာ သူ့ကို လှမ်းခေါ်တဲ့ မစ္စတာ ...
7.7
IMDB: 7.7/10 177,398 votes
movie

Dark City (1998)

1998
[18+] Time Adventure: 5 Seconds Til Climax (1986) 6.1
[18+] Time Adventure: 5 Seconds Til Climax (1986) Dark Side Production မှ တင်ဆက်သည်။   ဂျပန်အနုအရွလေးတွေနဲ့ ထူးထူးဆန်းဆန်း ဇာတ်အိမ်လေးတွေကိုမှခံစားချင်တဲ့ ဘော်ဒါတွေအတွက်ပါ.. မင်းသမီးလေးတွေကလဲ သူ့ခေတ်သူ့အခါက ပုရိသတွေအကြိုက် အချိုးအစားတွေနဲ့ နာမည်ကြီးခဲ့သူတွေပါ... သာမန်ရုံးဝန်ထမ်းလေးတစ်ယောက် Etsuko ..... တစ်နေ့ရုံးဆင်းချိန်မှာ သူမရဲ့ သူငယ်ချင်း Naoko နဲ့ သူ့ရည်းစားတို့ ကုမ္ပဏီရဲ့ အရေးကြီး ဘဏ္ဍာရေးအခန်းထဲမှာ ချိန်းတွေ့နေတာကို မြင်ခဲ့လိုက်ရပြီး စိတ်တွေမရိုးမရွတွေဖြစ်လို့ အာသာဖြေနေခိုက်.... သူအိပ်ယာပေါ်ကထလိုက်တဲ့အချိန် အရာအားလုံးက ကပြောင်းကပြန်တွေဖြစ်နေပါတယ် သူက လာမယ့် ၁၅ နှစ်ကိုကြိုရောက်သွားပါတော့တယ်.... ကဲ....ဇာတ်လမ်း ကျောရိုးလေးကတော့ အချိန်ခရီးသွားလေးဖြစ်ပြီးတော့ အနုအရွလေးတွေနဲ့တန်ဆာဆင်ထားပါတယ်.... အများကြီးပြောရင် အပိုတွေပြောတယ် ဆိုမှာစိုးလို့ ဒီလောက်ပါပဲ... ပေါက်စိတွေကတော့ရှယ်ပဲဗျာ :3.......   (ကိမုချိမှတင်ဆက်ပေးထားပါတယ်)   File Size : (400 MB) Quality : DVDRip Running Time : 1hr 16min Format : Mp4 Genre : Comedy, Sci-Fi,Adult Subtitle : Myanmar Subtitle (Hard Sub) Translated by Darkside KiMuChi Encoded ...
6.1
IMDB: 6.1/10 37 votes
movie

[18+] Time Adventure: 5 Seconds Til Climax (1986)

1986
The Beach Bum (2019) 6.1
The Beach Bum (2019) Rebellious Stoner ကဗျာဆရာကြီးတစ်ယောက်ရဲ့ ကွဲပြဲကြီးလုပ်ချင်ရာတွေလုပ် လောကကြီးကိုကိုယ့်စိတ်ကူးအတိုင်းကိုယ့်ခံယူချက်အတိုင်းဖြတ်သန်းပြီး ပျော်တတ်တဲ့သူကြီးအဖြစ် ဒီမှာ Matthew McConaughey ကိုတွေ့မြင်ရမှာဖြစ်ပြီး နာမည်ကြီးအဆိုတော် Snoop Dogg နဲ့တွဲဖက်ပြီး ပြဲကြမူးကြပျော်ကြပါးကြပုံကိုတွေ့မြင်ရမှာပါ။ လောကကြီးမှာ ဘယ်သူကဘယ်လိုပဲပြုပြင်ဖို့လာကြိုးစားကြိုးစား ကိုယ့်ပုံစံအတိုင်းကိုယ်တွေးခေါ်တဲ့အတိုင်းပဲလုပ်ချင်ရာတွေလုပ်ရတာ တစ်ခါတစ်လေပျော်ဖို့သိပ်ကောင်းမှာပါပဲ။ ဇာတ်လမ်းအကျဉ်းလေးကတော့ အမြဲပျော်ချင်ပြီး မူးပြဲနေတတ်တဲ့ ကဗျာဆရာတစ်ယောက် သူအရမ်းချစ်ရတဲ့မိန်းမဆုံးသွားတော့ မိန်းမထားခဲ့တဲ့သေတမ်းစာကို ဘယ်လိုတွေလုပ်ပြီးဖြည့်ဆည်းမယ်ဆိုတာတွေ့ရမှာပါ။ Snoop Dogg ကြီးရဲ့အားပေးအားမြောက်မှုနဲ့ ကဗျာဆရာကြီးဘယ်လိုတွေမူးပြဲပြီး စခန်းသွားမလဲဆိုတာကြည့်ချင်သူများ ကြည့်လိုက်ကြပါဦး   (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုသူရပါ)   File Size : (750 MB) and (350 MB) Quality : WEB-DL 720p Running Time : 1h 35min Format : Mp4 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.DD5.1.H264-SHITBOX Translated by Thura ...
6.1
IMDB: 6.1/10 3,743 votes
movie

The Beach Bum (2019)

2019
War From Original Part -1 ( 2019 )
War From Original Part -1 ( 2019 ) ဟန်​မင်းဆက်​လက်​ထက်​....​​လောကကြီးတစ်​ခုလုံးကို​မှော်​ပညာ​တွေ လွှမ်းမိုး​နေ​သောကာလ.. ဟန်​ရင်​နဲ့ရှင်းထျန်းဆိုတဲ့ချစ်​သူနှစ်​ဦးဟာ မိစ္ဆာ နှိမ်​နှင်းသူ​တွေဖြစ်ကြပာတယ်​ တစ်​​လောကလုံးကိုရှုပ်​​ထွေး​အောင်​ပြုလုပ်​​နေတဲ့မိစ္ဆာဘုရင်​မှော်​ဆရာကို ဟန်​ရင်​နဲ့ရှင်​ထျန်းတို့ ​ချေမှုန်းသုတ်​သင်​ဖို့အတွက်​ ကြိုးပမ်းခဲ့​ပေမယ့်​ အခါအခွင့်​မသင့်​ခဲ့​လေ​တော့ ​​ပြီးဆုံးတိုင်​မ​ချေမှုန်းနိုင်​ခဲ့ပဲ ​​ဗလာနယ်​​မြေထဲသို့ ပိတ်​​လှောင်​ထားခဲ့ရပါတယ်​ ဒီလိုနဲ့နှစ်​​ပေါင်း၂၀၀၀ကြာပြီးတဲ့​နောက်​... ဂူ​ဖောက်​ထွင်း​ရေးသမားများက ​မြေ​အောက်​သင်္ချိုင်းဂူကို ဝင်​​ရောက်​​ဖောက်​ထွင်းခဲ့ရာမှ နှစ်​နှစ်​​ထောင်​ပိတ်​​လှောင်​ခံခဲ့ရတဲ့ မိစ္ဆာဘုရင်​​မှော်​ဆရာကို မ​တော်​တဆနိုးထ​စေမိခဲ့ပါတယ်​​လောကကြီးကို က​ပြောင်းကပြန်​ဖြစ်​​စေခဲ့လို့ ကြိုးစားပမ်းစားပိတ်​​လှောင်​ထားခဲ့ရတဲ့ မိစ္ဆာဘုရင်​ တဖန်​ပြန်​လည်​နိုးထလာတဲ့အခါမှ​တော့ ​လောကကြီးကိုဘယ်​လို ဒုက္ခမျိုးစုံ​ပေးမလဲဆိုတာ ‌ဆက်​လက်​ကြည့်​ရှုကြဖို့ တိုက်​တွန်းလိုက်​ပါ​တယ်​နာ်​.......   Translated & Review By Xiao Encoded  By LK   Part 2 ကိုဒီမှာကြည့်နိုင်ပါတယ် 
IMDB: /10 votes
movie

War From Original Part -1 ( 2019 )

Hotel Mumbai (2019) 7.8
Hotel Mumbai (2019) Hotel Mumbai(2018) Drama/Thriller IMDb - 7.8/10 Hotel Mumbai ဆိုတာ အိန္ဒိယနိုင်ငံရဲ့ နာမည်ကြီး ကြယ်ငါးပွင့် ဟော်တယ်ဖြစ်ပြီး ဒီဇာတ်ကားမှာလည်း 2008 ခုနှစ်က အဲ့ဒီဟိုတယ်ကြီးမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်အကြောင်းအရာများကို မှီငြမ်းရိုက်ကူးထားပါတယ်... ဘာသာရေးအထိကရုဏ်းတွေနဲ့ မဝေးကွာတဲ့ မြန်မာနိုင်ငံအတွက် ဘာသာရေး ပဋိပက္ခဆိုတာ မစိမ်းလှပါဘူး...ဒီဇာတ်ကားဟာလည်း အလ္လာရှင်မြတ်ကို အကြောင်းပြုပြီး ဘာသာရေးမှိုင်းတိုက်ကာ အကြမ်းဖက်တဲ့ဇာတ်ကားတစ်ကားပါ... ကြိုးကိုင်ခြယ်လှယ်သူတစ်ယောက်ရဲ့ ရုပ်သေးရုပ်တွေဖြစ်တဲ့ လူငယ်ဆယ်ယောက်ဟာ မွန်ဘိုင်းမြို့ကို လှေနဲ့ချဉ်းကပ်လာခဲ့ပြီး သူတို့ရဲ့ခေါင်းဆောင်ညွှန်ကြားတဲ့အတိုင်း တသဝေမတိမ်း လုပ်ဆောင်ကြရပါတယ်...သေဆိုသေ...ရှင်ဆိုရှင်...သေနတ်ဆိုသေနတ်...ဗုံးဆိုဗုံးပါ... ဘာသာရေးမှိုင်းမိနေတဲ့ လူငယ်လေး ဆယ်ယောက်ဟာ အထက်ကညွှန်ကြားတဲ့အတိုင်း အသက်စွန့်လုပ်ဆောင်တဲ့အခါမှာတော့ "အလ္လာရှင်မြတ်ဟာ ကြီးမြတ်တယ်" ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ သူတို့ကိုသူတို့ ဘုရားထံ အပ်နှံထားကြပါတယ်... မွန်ဘိုင်းမြို့က ပြည်သူတွေဟာ ဘုရားမသိ တရားမရှိ ဒိဌိတွေလို့ မှိုင်းတိုက်ခံထားရတဲ့ လူငယ်လေးတွေအတွက် လုပ်ဆောင်သမျှအရာတိုင်းကို ဘုရားရှင်ကောင်းကျိုးအတွက်လို့ ခံယူလာတဲ့အခါမှာတော့ အရာရာဟာ သွေးပျက်ဖွယ်တွေ ဖြစ်လာပါတော့တယ်.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်... File Size ...
7.8
IMDB: 7.8/10 8,358 votes
movie

Hotel Mumbai (2019)

2018
WEB-DL 720p

Sponsored

Genres

Archives