Channel Myanmar

Content at random


Movies

SEE ALL
Cirque du Freak: The Vampire’s Assistant (2009) 5.9
Cirque du Freak: The Vampire’s Assistant (2009) Cirque du Freak: The Vampire's Assistant (2009)========================================ဒီတစ်ခေါက်မှာတော့ ၂၀၀၉ခုနှစ်ကထွက်ရှိ‌ထားတဲ့ ဗန်ပိုင်းယားဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။vampire diary လို twilight light တို့လိုဇာတ်ကားတွေ မပေါ်သေးခင်တစ်ချိန်က သူ့ခောတ်သူအခါက နာမည်ကြီးခဲ့တဲ့ဇာတ်ကားတစ်ကား ဖြစ်ပါတယ်ကြည့်ဖူးတဲ့သူတွေ ရှိကြမှာကျိန်းသေသလို မကြည့်ရသေးသူတွေအတွက်လည်းလက်မလွတ်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ထင်ပါတယ် ဇာတ်ကားကမိသားစုနဲ့ကြည့်လို့သင့်တော်တဲ့ ဇာတ်ကားတစ်ကာပါ...ဇာတ်လမ်းအကျဉ်းလေးကတော့ဒီဇာတ်ကားမှာ ဒယ်ရန်နဲ့စတိဗ်တို့ဟာ ငယ်သူငယ်ချင်းတွေဖြစ်ကြပါတယ်။ဒယ်ရန်ဟာ မိဘစကားနားထောင်တဲ့သူတစ်ယောက်ဖြစ်ပြီးကျောင်းစာမှာလည်း ထူးချွန်တဲ့သူပါ။ စတိဗ်ကတော့ မိဘမေတ္တာငတ်နေတဲ့ ကောင်လေးဖြစ်ပြီး ခပ်ဆိုးဆိုးနေတတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒယ်ရန်ဟာ ပင့်ကူတွေကို စွဲလမ်းနေတဲ့သူတစ်ယောက်ဖြစ်ပြီးစတိဗ်ကတော့ ဗန်ပိုင်းယားတွေကို အင်မတန်စိတ်၀င်စားတဲ့သူတစ်ယောက်ပါ။တစ်နေ့မှာ သူတို့မြို့ကို နှစ် ၅၀၀ သက်တမ်းရှိတဲ့ လူထူးဆန်းတွေရဲ့ ဆပ်ကပ်အဖွဲ့ ရောက်လာတဲ့အခါ သူတို့နှစ်ယောက်လည်း စိတ်၀င်တစားသွားကြည့်ကြပါတယ်။ ဒါပေမယ့် အဲဒီအဖွဲ့မှာ ဗန်ပါးယားတစ်ယောက်ပါနေပြီး ဗန်ပါးယားရဲ့ပင့်ကူလေးကို ဒယ်ရန်တစ်ယောက် မျက်စိကျသွားတဲ့အချိန်မှာ ဘာတွေများ ဆက်ဖြစ်မလဲဆိုတာကိုတော့..... ( ကြည့်ဖူးတဲ့သူတွေအတွက်တော့ ကွာလတီကောင်းကောင်းလေးနဲ့ပြန်လည် ခံစားနိုင်သလို မကြည့်ရသေးသူတွေလည်းဒေါင်းရတာတန်စေရမယ်လို့ အာမခံလိုက်ပါတယ်..)  File size…1.19GB / ...
movie

Cirque du Freak: The Vampire’s Assistant (2009)

2009
Anukoni Prayanam (2022) 6.5
Anukoni Prayanam (2022) Anukoni Prayanam ( 2022 ) IMDb 6.5/10လူတစ်ယောက်ဟာ သူ့ရဲ့ဘ၀နိဂုံးအဆုံးသတ်မဲ့နေရာကို ရွေးချယ်လို့ရပါသလား... ။ ဘယ်အချိန်‌ရောက်လာမလဲမသိရတဲ့ဘ၀နေ၀င်ချိန်ကို ကြိုတင်ခန့်မှန်းဖို့ဆိုတာကတော့ မဖြစ်နိုင်သလောက်ပါပဲ။ ဒီဇာတ်လမ်းကတော့ မွေးရပ်မြေမှာပဲခေါင်းချချင်တဲ့သူငယ်ချင်းရဲ့ဆန္ဒကို ဖြစ်မြောက်အောင်ဖြည့်ဆည်းပေးမယ့်လူသားဆန်တဲ့လူတစ်ယောက်ရဲ့ဇာတ်လမ်းပါ...။ပျော်ရာမှာမနေ တော်ရာမှာနေဆိုတဲ့အတိုင်း တနယ်တကျေးမှာအလုပ်လုပ်နေကြရတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ တစ်ရက်မှာတော့ လုပ်ငန်းခွင်မှာမတော်တဆဆုံးပါးသွားတဲ့ လူတစ်ယောက်ကိုကြည့်ပြီး သူသေရင်တော့မွေးရပ်မြေမှာပဲသေချင်တယ်လို့ သူငယ်ချင်းရာဂျူးကပြောပါတယ်။အဲဒီနောက် ကိုဗစ်လူနာတွေတိုးလာပြီး အစိုးရကလော့ဒေါင်းချတော့မဲ့အချိန်မှာ သူတို့အလုပ်ခွင်လည်းပိတ်ပြီ း ဇာတိပြန်ဖို့ဖြစ်လာပါတယ်။ ဒါပေမဲ့ ရာဂျူးဟာ ရွာအပြန်ခရီးမစခင်မှာပဲ ရုတ်တရတ်ဆုံးပါးသွားပါတော့တယ်။ သူငယ်ချင်းရာဂျူးရဲ့ဆန္ဒအတိုင်း သူ့ရဲ့မွေးရပ်မြေဇာတိရွာကလေးမှာသင်္ဂြိုလ်နိုင်ဖို့ သူငယ်ချင်းရဲ့အလောင်းကိုသယ်ကာ တစ်ယောက်ထဲခရီးဆက်ရတဲ့အခါ... ကိုရိုနာ‌လော့ဒေါင်းကန့်သတ်ချက်တွေကြောင့် လမ်းခရီးမှာဘယ်လိုအခက်အခဲတွေကြုံရမလဲ...သူငယ်ချင်းရဲ့ဆန္ဒကို‌ရော ဖြည့်ဆည်းပေးနိုင်ပါ့မလားဆိုတာကတော့..။ File size…2.2GB / 1GB Quality…1080p True WEB DL / 720p Format…mp4 Duration….1h 58mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ OeliuJ
movie

Anukoni Prayanam (2022)

2022
RoboCop (1987) 7.6
RoboCop (1987) RoboCop (1987)=============== Science genre အမျိုးအစား ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက်Robocop ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။Robocop ဆိုတဲ့ စကားလုံးအတိုင်း စက်ရုပ်ရဲရဲ့အကြောင်းကိုကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ဒက်ထရွိုက်မြို့ကြီးမှာရာဇဝတ်မှုတွေက အဖြစ်များလှပါတယ်။ တစ်နေ့မှာတော့ဒက်ထရွိုက်ရဲဌာနကို မာဖီ‌ဆိုတဲ့သူက တာဝန်ပြောင်းလာခဲ့ပါတယ်။လူးဝစ်ဆိုတဲ့ ရဲမေနဲ့ ပါတနာအဖြစ် တာဝန်ထမ်းဆောင်ရင်း လူဆိုးဂိုဏ်းတစ်ဂိုဏ်းကို လိုက်ဖမ်းခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းရှာတဲ့မာဖီက လူဆိုးတွေလက်ထဲမှာပဲ ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။OCP ဆိုတာက ဒယ်တာမြို့အသစ် တည်ဆောက်ရေးအတွက်ဒက်ထရွိုက်အစိုးရနဲ့ စာချုပ်ချုပ်ထားတဲ့ အဖွဲ့အစည်းပါ။ သူတို့ဟာရဲတွေနေရာမှာ အစားထိုးမယ့် စက်ပစ္စည်းတစ်ခုကို တီထွင်ခဲ့ပေမဲ့ပရိုဂရမ်အမှားအယွင်းကြောင့် အဆင်မပြေခဲ့ပါဘူး။ ဒါပေမဲ့ သူတို့ဟာသေသွားတဲ့ မာဖီကို နောက်ထပ်စမ်းသပ်ချက်အတွက် အသုံးချဖို့လုပ်ခဲ့ပါတယ်။ မာဖီအလောင်းကိုယူပြီး စက်ရုပ်တစ်ခုအဖြစ် အသက်သွင်းခဲ့တာပါ။ ဒါဆိုရင် စက်ရုပ်ဖြစ်သွားမယ့် မာဖီကရော မြို့အတွက်အထောက်အကူပြုလာနိုင်မလား၊ သူ့ကို သတ်ခဲ့တဲ့လူတွေကိုရောပြန်ပြီးလက်စားချေမလား၊ ဒီတီထွင်မှုကို ဖျက်စီးချင်တဲ့သူရောရှိလာမလားဆိုတာကိုတော့ Robocop ဆိုတဲ့ ဇာတ်ကားထဲမှာဆက်လက်ကြည့်ရှုလိုက်ကြပါ။  File size…1.98GB / 733MB Quality…Blu-Ray ...
movie

RoboCop (1987)

18+ Plum Blossom (2000) 5.9
18+ Plum Blossom (2000) 18+ Plum Blossom ( 2000 )ဒီ Erotic ကားကို တော်တော်များများ သိကြမယ်ထင်တာပါပဲ။ မသိသေးရင်လည်း အခုကစ ကြည့်သင့်တဲ့ လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်လို့ပြောလည်း မမှားဘူး။ ဘာလို့ဆို သရုပ်ဆောင်တွေပဲရှိုးကြည့်ပါဦး။ မင်းသမီးက ကိုရီးယားတစ်ပြည်လုံးက မင်းသမီးတွေအကုန်ပေါင်းလို့ သူတစ်ယောက်တည်း အင်တာမှာ ရိုက်ထားတဲ့ အရေအတွက်ကို မမီနိုင်တဲ့ ကိုရီးယားရဲ့ ဆရာအကျဆုံးမင်းသမီးဖြစ်တဲ့ ဘဲ့ဒိုနာကိုး။ ကိုရီးယားပြည်တွင်းမှာဆိုလည်း ထိပ်တန်းဂိဆရာနှစ်ပါးဖြစ်တဲ့ ဘွန်းဂျွန်းဟိုနဲ့ ပတ်ချန်းဝုတို့ကားတွေမှာ သရုပ်ဆောင်ခဲ့သလို ဂျပန်ဂိဆရာ Hirokazu Koreedaရဲ့ကားတွေမှာလည်း ပါဖူးပါတယ်။ တခြားဂျပန်ကားတွေလည်း သူရိုက်ပါသေးတယ်။ နောက်မက်ထရစ်ဒါရိုက်တာ၂ယောက် အဓိကရိုက်တဲ့ Sense8လို နာမည်ကြီး အင်္ဂလိပ်စီးရီးမှာလည်း အဓိကမင်းသမီးနေရာက ပါခဲ့ရဖူးပါတယ်။ Cloud Atlasမှာလည်းပါဖူးပါတယ်။ Kingdomနဲ့တော့ သူ့ကို လူသိများပါလိမ့်မယ်။မင်းသားကတော့ ဟိုးရှေးခေတ်ကတည်းက Love Story in Harvard နဲ့ နာမည်ကြီးခဲ့တဲ့ ခုတလောတောင် သူ့ကား The First Respondersတို့ Decibel တို့ တော်တော်ရေပန်းစားနေတဲ့ ကင်ရေဝန်းပါ။ဒါရိုက်တာကတော့ ၁၉၈၀ဝန်းကျင်ကတည်းက ရိုက်လာတဲ့ ...
movie

18+ Plum Blossom (2000)

2000
Robin Hood (2010) 6.7
Robin Hood (2010) Robin Hood (2010)================ ရော်ဘင်ဟုဒ်ကားအများကြီးထဲကမှ အ‌ကောင်းဆုံးလို့ပြောစမှတ်ပြုကြတဲ့ကားလေးလာပါပြီ။Cate Blanchett Russell Croweတို့လို ဝါရင့်မင်းသား မင်းသမီးကြီးတွေကအစွမ်းပြသရုပ်ဆောင်ထားပါတယ်။ ရော်ဘင်လောင်းစတွိုက်ဟာဘုရင်ကြီးရစ်ချတ်ရဲ့ခရူးဆိပ်စစ်ပွဲက လေးသည်တော်တစ်ယောက်ပါ။အင်္ဂလန်ကိုပြန်လာဖို့ ပြင်သစ်နဲ့အင်္ဂလန်ကြားကနိုင်ငံရေး တွေကြားနော့တင်ဟမ်ရဲ့ ဆာ ရောဘတ် လော့ဇ်စလေအဖြစ်အယောင်ဆောင်ပြန်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ ရောဘတ်တဖြစ်လဲ ရော်ဘင်တယောက်အင်္ဂလန်ရောက်ပြီးဘာတွေဆက်ဖြစ်မလဲ။ ရောဘတ်ရဲ့မိန်းမဖြစ်ခဲ့သူမယ်ရီယွန်နဲ့ရော ဘာတွေဆက်ဖြစ်ကြမလဲ။ ပြင်သစ်ကကျူးကျော်စစ်နီးကပ်လာချိန်အထိတိုင် ပြည်တွင်းစစ်ဖြစ်အဲ့ဆဲဆဲ အင်္ဂလန်ကို သာမန်လေးသမားတယောက်ကကယ်တင်နိုင်ပါ့မလား။ အဆုံးမှာဒဏ္ဍာရီတခုဘယ်လို ရေးနိုင်ခဲ့မလဲဆိုတာကိုရှုစားပေးကြပါဦး..  File size…2.31GB / 926MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 20m Genre ..... Action , Drama , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

Robin Hood (2010)

Renaissance Man (1994)
Renaissance Man (1994)   1994 ကာလရဲ့ နာမည်ကြီး ဟာသကောင်းလေးတစ်ခုလောက် ကြည့်ကြည့်လိုက်ရအောင်။ဝီလီယမ်ရေဂိုတစ်ယောက် မီးပွိုင့်မိသွားတာ အစည်းအဝေးချိန်နောက်ကျပြီး အလုပ်ပြုတ်တဲ့ထိဖြစ်သွားပါတယ်။ အသက်လည်းကြီးနေပြီဖြစ်လို့ ဘာအလုပ်မှရှာမရဘဲဖြစ်နေရာမှ အလုပ်တစ်ခုကလာကမ်းလှမ်းတဲ့အခါ.. ထိုအလုပ်ကတော့ စစ်တပ်ထဲက စစ်သားတွေကိုစာသင်ပေးဖို့ပဲဖြစ်ပါတယ်။သာမန်စစ်သားမဟုတ်ဘဲ တုံးလွန်းလို့ D နှစ်လုံးကောင်တွေ(ခွေးချေးလိုတုံးသောသူများ) လို့တင်စားခံထားရတဲ့ စစ်သားတွေကိုစာသင်ဖို့ဖြစ်လာတဲ့အခါ.. စာတောင်မသင်ဖူးပေမယ့် တခြားလည်းဘာအလုပ်မှလုပ်မရတာကြောင့် ဖြစ်ချင်ရာဖြစ်ဆိုပြီးသွားလိုက်တဲ့ရေဂိုနဲ့ ငတုံးအဖွဲ့ စစ်တပ်ထဲဘယ်လိုဘုနဲ့ဘောက်တွေဖြစ်ကြမလဲ.. File size…(2.28GB)  / (`1.12GB) / (765MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:08:00 Genre...  Drama /Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Rina 
movie

Renaissance Man (1994)

[18+]So Cute(2004) 6.7
[18+]So Cute(2004) So Cute(2004)**************(၁၈+ အခန်းများပါသဖြင့်မိသားစုနဲ့အတူမကြည့်သင့်ပါခင်ဗျ..)ဂျန်ဆူရိုဟာ ဆိုးလ်မြို့ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ နေထိုင်တဲ့ နတ်ဆရာတစ်ယောက်ဖြစ်ပါတယ်..သူဟာ အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ အဆောင်လက်ဖွဲ့ပေးရာမှာ နာမည်ကြီးလို့ အမျိုးသမီးတွေက သူ့ကို သဘောကျကြတယ်..အဲလိုနဲ့ဂျန်ဆူရိုဟာ အမျိုးသမီးတချို့နဲ့ပတ်သက်ခဲ့ပြီး ဖအေတူမအေကွဲ သား၃ယောက်ရလာပါတော့တယ်.. သားကြီးဖြစ်သူအမူးသမား ၉၆၃က ဆိုင်ကယ်နဲ့ပစ္စည်းပို့တဲ့အလုပ်ကိုလုပ်ပြီးသားလတ်ဖြစ်သူဂယ်ခို(ခွေးနှာခေါင်း)က ကရိန်းကားမောင်းတဲ့အလုပ်ကို လုပ်ပါတယ်.. သားအငယ်ဆုံးဖြစ်တဲ့မောရှီဂီကတော့ လူမိုက်တစ်ယောက်ဖြစ်ပြီး မကြာခင်ကမှ ထောင်ကထွက်လာသူဖြစ်ပါတယ်..မောရှီဂီရဲ့ဆရာ လူမိုက်ဂိုဏ်းခေါင်းဆောင်က မောရှီဂီရဲ့ဖခင်နေထိုင်တဲ့ ဆင်ခြေဖုံးရပ်ကွက်ကတိုက်တန်းဟောင်းကို စီမံကိန်းတစ်ခုနဲ့ဖျက်ခိုင်းဖို့ မောရှီဂီနဲ့အဖွဲ့ကို စေခိုင်းတဲ့အခါမှာတော့ဖခင်နဲ့လူမိုက်ဆရာကြား မောရှီဂီအခက်တွေ့ပါတော့တယ် ဒါ့ပြင် သားလတ်ဂယ်ခိုနဲ့သိတဲ့ ဆွန်းရီဆိုတဲ့ဆန်မုန့်ရောင်းတဲ့မိန်းကလေးတစ်ဦးကပါ..သူတို့အိမ်ပေါ်ရောက်လာတဲ့အခါမှာ သားအဖ၄ယောက်နဲ့ဆွန်းရီရဲ့ပတ်သက်မှုကလည်း ရယ်မောစရာကောင်းပြီး ပိုရှုပ်ထွေးလာပါတော့တယ်..    File Size : (3.1GB)(1.0 GB) and (397 MB) Quality : NF.WEB-DL 1080P, 720p Format…mp4 Duration…01:56:00 Genre : Adult, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by PPM Encoded by DS
movie

[18+]So Cute(2004)

Night at the Museum: Kahmunrah Rises Again (2022) 5
Night at the Museum: Kahmunrah Rises Again (2022) Night at the Museum: Kahmunrah Rises Again (2022)သင်ဟာ Night at the museumရဲ့ ပရိသတ်တစ်ယောက်ဆိုရင်တော့ ငယ်ငယ်က ပြတိုက်တွေသွားလည်တဲ့အခါ ဒီအရုပ်တွေများ ညဘက်ဆိုရင်အသက်ဝင်လာပြီး လျှောက်သွားနေမလားလို့ တွေးမိမှာပါပဲ။ ၂၀၀၆ ခုနှစ်မှာ ပထမဆုံးစတင်ထွက်ရှိပြီး ပရိသတ်တွေရဲ့အသဲနှလုံးကို ဖမ်းစားခဲ့တဲ့ ဒီရုပ်ရှင်လေးက ၂၀၀၉နဲ့ ၂၀၁၄မှာ live action sequelအသီးသီးထွက်ရှိခဲ့ပြီးတော့ နောက်ဆုံးရုပ်ရှင်ကတော့ animationသီးသန့်အနေနဲ့ ပွဲထုတ်ထားပါတယ်။၂၀၂၂ animationမှာတော့ Night at the museum sequelတလျှောက်မှာ အပွဲပွဲနွှဲလာခဲ့တဲ့ လာရီဒေလီတစ်ယောက် သဘာဝသမိုင်းပြတိုက်ကြီးကိုစွန့်ခွာလို့ တိုကျိုပြတိုက်ကို ပြောင်းရတာနဲ့ အစချီထားပါတယ်။ဒါပေမဲ့ လာရီနဲ့ပွဲတိုင်းကျော်ခဲ့တဲ့ ပြခန်းထဲကရဲဘော်တွေကတော့ လာရီနေရာမှာမှာ အစားထိုးဝင်လာတဲ့ ညစောင့်တိုင်းကို အမျိုးမျိုးခြောက်လွှတ်နေကြတာပေါ့။ ရဲဘော်တွေကိုလည်း ဖျောင့်ဖျလို့မရ ကြီးလေးတဲ့တာဝန်ကြီးကို တခြားသူကိုလွှဲအပ်ခဲ့ရမှာကိုလည်း စိတ်မချပြန် နှစ်ပေါင်းများစွာလုပ်လာခဲ့တဲ့ ပြတိုက်ကြီးကိုလည်း သံယောဇဉ်မပြတ်တဲ့လာရီတစ်ယောက် တက်ဒီပြောသလိုပဲ သားဖြစ်သူ နစ်ခ်ဒေလီကို သူ့နေရာအစားဝင်ခိုင်းဖို့ တွေးနေတော့တာပေါ့။တစ်ဖက်မှာတော့ ဘာလုပ်လုပ် တလွဲတချော်နဲ့တိုင်ပတ်နေပြီး ချစ်သူကောင်မလေးကိုပါ ဖွင့်မပြောရဲတဲ့အထိကို ယုံကြည်မှုတွေပျောက်ဆုံးနေတဲ့ ဆယ်ကျော်သက်ကောင်လေး နစ်ခ်ဒေလီကတော့ သူ့ရဲ့ဘဝကြီးကို အကြီးအကျယ်စိတ်ပျက်နေသူလေးပါ။ ဒါကိုအဖေဖြစ်သူလာရီက ...
movie

Night at the Museum: Kahmunrah Rises Again (2022)

2022
Girl in the Box (2016) 6.2
Girl in the Box (2016) Girl in the Box (2016)၁၉၇၇ခုနှစ် ​မေလမှာ ကိုလင်းဆိုတဲ့ မိန်းက​လေးတစ်​ယောက်ဟာ ကယ်လီဖိုးနီးယားက သူငယ်ချင်းတစ်​​​​ယောက်ရဲ့ ​မွေး​နေ့ကိုလာရင်း ကမ်မရွန်းနဲ့ ဂျန်နစ်ဆိုသူတို့ရဲ့ကားကို လမ်းကြုံလိုက်စီးခဲ့ပါတယ်။ ဒီလိုလမ်းကြုံစီးခဲ့တာက သူ့ဘဝရဲ့အဆိုးရွားဆုံးဆုံးဖြတ်ချက်မှန်း ကိုလင်းတစ်​ယောက် ကြိုသိခဲ့လျှင် အ​ခြေအ​နေက တစ်မျိုးတစ်ဖုံ​ ပြောင်းသွားနိုင်​ပေမယ့် သူသိတဲ့အချိန်မှာ အခါ​နှောင်းသွားခဲ့ပါပြီ။ ဒီလိုနဲ့ပဲ လူများ​​အော့နှလုံးနာစရာ နှ​မြောတသဖြစ်စရာ ဖြစ်ရပ်မှန် ကိစ္စဆိုးတစ်ခု ဖြစ်ပွားခဲ့ပါ​​တော့တယ်။ကင်မရွန်းနဲ့ ဂျန်နစ်က လင်မယား၂​ယောက်ဖြစ်ပြီး လင်ဖြစ်သူက BDSMစွဲလမ်းသူ Dominaceတစ်​ယောက် ဖြစ်​ပေမယ့် မယားက submission typeဖြစ်မ​နေတာ​​ကြောင့် လင်မယား၂​ယောက်ဟာ ကားတစ်စီးနဲ့ပတ်ရင်း လမ်းကြုံလိုက်စီးတဲ့မိန်းမငယ်​​​လေးတွေကို ပြန်​ပေးဆွဲပြီး လိင်ကျွန်ပြုလုပ်ရင်း လက်လွန်သွားရင် အ​လောင်း မကျန်​အောင် လက်စ​ဖျောက်တဲ့သူ​တွေပါ။ ကံဆိုးတဲ့ ကိုလင်းဟာ သူတို့နဲ့ပါ တည့်တည့်တိုးခဲ့ရပါတယ်။ကိုလင်းဟာ သူတို့၂​ယောက်ရဲ့လိင်ကျွန်အဖြစ် ၇နှစ်နေခဲ့ရသလို သူတို့လင်မယားရဲ့ က​လေးကိုပါ ထိန်း​ပေးရင်း အိမ်​​ဖော်သာသာ ​နေခဲ့ရပါတယ်။ ညဘက်အိပ်ရင် လင်မယား၂​ယောက်ရဲ့ ကုတင် ​အောက်ထဲမှာ ဖွဲ့ထားတဲ့ လူတစ်ကိုယ်စာ ​သေတ္တာခန်း​လေးထဲမှာ ဝင်အိပ်ရပြီး စိတ်မထင်သလို ကင်မရွန်းရဲ့ နှိပ်စက်မှုဒဏ်ကိုပါ ခံခဲ့ရပါတယ်။ဒီလိုမျိုးဘဝကို ရောက်​နေ​ပေမယ့် ထွက်မ​ပြေးရဲ​အောင် သူမဟာ လိင်လုပ်သားကုမ္ပဏီရဲ့ တရားဝင်ကျွန်ဖြစ်​ကြောင်း၊ ထွက်​ပြေးရင် မိသားစုပါအသက်အန္တရာယ်ရှိ​​ကြောင်း လိမ်​ပြောထားတာ​ကြောင့် ကိုလင်းခမျာ ၇နှစ်တာလုံးလုံး ကြီးစွာ​သောဒုက္ခကို ...
movie

Girl in the Box (2016)

2016
[18+] Nightbird (2023) 7.8
[18+] Nightbird (2023) Nightbird (2023)ရေချယ်ဟာ ဘာဂီယိုမှာမွေးဖွားကြီးပြင်းခဲ့တဲ့ ရှေးဟောင်းသုသေသနပညာရှင်ဖြစ်သလို ကရာတေးမှာလည်း ခါးပတ်နက်ရထားပြီး မတရားတာတွေ့ရင်လက်ပိုက်ကြည့်မနေတတ်တဲ့ ဆတ်ဆတ်ကြဲကောင်မလေးတစ်ယောက်ပါ။ မကြာခင်မှာ နိုင်ငံခြားကို ကျောင်းသွားတက်ဖို့ရှိပေမဲ့ မသွားခင်တစ်ညမှာ သူ့သူငယ်ချင်းတွေ အဆွယ်ကောင်းမှုကြောင့် ကလပ်ရောက်သွားခဲ့ပြီး မနီလာအလည်လာတယ်ဆိုသူ သူစိမ်းယောက်ျားသုံးယောက်နဲ့ ဆုံဖြစ်ခဲ့ပါတယ်။ ထုံးစံအတိုင်း ကလပ်မှာတင်မပြီးပဲ အဲ့ဒီလူတွေရဲ့ဖိတ်ခေါ်မှုကိုလက်ခံပြီးတော့ သူတို့မိတ်ဆွေ ဒေသခံဆိုတဲ့သူရဲ့လူသူမဝေးတဲ့အရပ်က အိမ်အကြီးကြီးတစ်လုံးကိုပါ ရောက်သွားခဲ့ပြီးတဲ့နောက်မှာတော့ ထင်မှတ်မထားတဲ့ ဖြစ်ရပ်ဆိုးတွေကိုကြုံဆုံဖို့ဖြစ်လာပါတော့တယ်။ကရာတေးခါးပတ်နက် ရေချယ်တစ်ယောက် ဒီယောက်ျားတွေကို အနိုင်ကြဲနိုင်မှာလား... ဒီလူတွေရဲ့အကြံအစည်ကဘာတွေရှိနေမလဲ... သူ့အချစ်ဆုံး သူငယ်ချင်းတွေကိုရော အချိန်မှီကယ်တင်နိုင်ပါ့မလား...ပုရိသတို့နဲ့ မစိမ်းလောက်မယ့် Christine Bermas လေးကို ဒီကားမှာတော့ စရိုက်တစ်မျိုးနဲ့ကြမ်းချင်တိုင်းကြမ်းပြမယ့် ဖိလစ်ပိုင်ဂျက်မအဖြစ်ထူးထူးခြားခြားတွေ့မြင်ရမှာမို့ ကြည့်သင့်တဲ့ကားတစ်ကားပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.3GB, 570MB Quality - 1080p, 720p IMDb Rating - 7.8/10 Format - mp4 Duration - 1H 37Min Genre - Thriller Subtitle ...
movie

[18+] Nightbird (2023)

2023
Bed Rest (2022) 5.2
Bed Rest (2022) Bed Rest (2022)ဒီတစ်ခါ​တော့ Horror Type ကြိုက်တဲ့ ညိုကီတို့အတွက် Bed Rest ဆိုတဲ့ သရဲကားလာပါပြီ။ သရဲကားဆို​ပေမယ့် သရဲကို တစ်ကားလုံး မြင်​နေရမှာမျိုးမဟုတ်ဘဲ တဖြည်းဖြည်း တစိမ့်စိမ့်နဲ့ ​ခြောက်တဲ့ သရဲကားမျိုးပါ။အရင်က​လေးကို ဆုံးရှုံးလိုက်ရတဲ့ ဂျူလီ ရေးဗား နောက်ကိုယ်ဝန်​​ဆောင်တဲ့အခါ အိမ်အသစ်တစ်ခုကို ပြောင်းလာပြီး​နောက် အိမ်အသစ်မှာ ထူးဆန်းစရာ တုန်လှုပ်စရာ​တွေကြုံ​တွေ့လာရတဲ့အခါ ကျန်းမာ​ရေးအ​ခြေအ​နေ​ကြောင့်ဆရာဝန်က အိပ်ရာထဲပဲ အနားယူဖို့ ညွှန်ကြားပြီး​နောက် အိမ်အသစ်ကြီးမှာ ဘာ​တွေဆက်ဖြစ်မလဲ...ဂျူလီရေးဗား ကြုံ​တွေ့ရတာ​တွေကို ယုံ​ပေးမယ့်သူရှိလား... အိမ်ကြီးရဲ့ အတိတ်သမိုင်းကဘာ​တွေလဲ... ဂျူလီ​ရေးဗားကို ​ခြောက်လှန့်​နေတာ​တွေက သူ့စိတ်​ကြောင့်ပဲလား အနာဂတ်မှာ ဖြစ်မှာ​တွေက သတိ​ပေး​နေတာ​တွေလား... ဆိုတာ​တွေကို ​ကြောက်လည်း​ကြောက် စိတ်ဝင်စားဖို့ကလည်း​ကောင်း​ကောင်းနဲ့ ကြည့်ရမှာပါ။ ဒီကားရဲ့ ပရိုဂျူဆာတွေကလည်း နာမည်ကျော် Franchise ကြီးဖြစ်တဲ့ Scream ကလူတွေဖြစ်တဲ့အပြင် မင်းသမီးကလည်း Scream ထဲက တစ်ယောက်ပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို DB ...
movie

Bed Rest (2022)

2022
The Three Wise Kings vs. Santa (2022) 5.2
The Three Wise Kings vs. Santa (2022) The Three Wise Kings vs. Santa (2022) ============================ခရစ္စမတ်လို့အသံကြားလိုက်တာနဲ့ ဆန်တာကလော့စ်ကိုပဲ ပြေးမြင်မိကြမှာပါ။ ဒီဇာတ်ကားထဲမှာတော့ ဆန်တာကလော့စ်မဟုတ်ဘဲ The Three Kings ဆိုတဲ့ ဘုရင်သုံးပါးအကြောင်းကို အဓိကထားထားတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ ဆန်တာကလော့စ်နဲ့ ဘုရင်သုံးပါးက မတည့်ကြပါဘူးတဲ့။ ဘုရင်သုံးပါးက ဆန် တာကလော့စ်ကို မနာလိုဖြစ်နေကြတာပါ။ဘာလို့ဆို ခရစ္စမတ်ဆိုရင် ဆန်တာကလော့စ်ကိုပဲ အရင်ပြေးမြင်ကြတာကိုး။ ဆန်တာကလော့စ်ကလည်း ကိုယ့်ဘာသာမနေဘဲ သူတို့ကိုသွားသွားစပါတယ်။ ခပ်ပျော်ပျော်ပဲနေတဲ့ ဆန်တာကရော ဘုရင်သုံးပါးကို ဘာများမနာလိုရတာလဲ။ နွားကွဲရင် ကျားဆွဲတယ်ဆိုတဲ့စကားအတိုင်း သူတို့တွေရဲ့ရန်ပွဲကြောင့် နိုးထလာတဲ့ မကောင်းဆိုးဝါးကို သူတို့တွေဘယ်လိုအနိုင်ယူကြမလဲဆိုတာ ကြည့်ရှုရမှာဖြစ် ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)File Size..........(1.8 GB) / (720 MB) / (495 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 46Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Comedy Translator.......EL Encoder..........Zin Phyo Aung
movie

The Three Wise Kings vs. Santa (2022)

2022
Cheppalani Undhi (2023) 8.5
Cheppalani Undhi (2023) Cheppalani Undi 2022IMDb-8.6/10လူတွေရဲ့မျိုးစုံသောယုံကြည်မှုနဲ့ သိပ္ပံပညာဟာပြဒါးတစ်လမ်းသံတစ်လမ်းပဲလို့ လက်ခံထားတယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်ကြည့်ဖို့အရင်ဆုံးပြောချင်ပါတယ်ဇာတ်လမ်းအညွှန်းကတော့ တက်ကြွတဲ့စိတ်ဓာတ်တွေနဲ့ အပြင်းအထန်ကြိုးစားနေတဲ့လူငယ်လေးချန်ဒူးဟာ သူ့ရဲ့ကြိုးစားမှုနဲ့ဘဝအခြေတည်သွားစေမယ့် အခွင့်အရေးတစ်ခုရခဲ့ပါတယ်အချစ်ရေးမှာလည်း ယောက္ခမလောင်းကြီးနဲ့တွေ့ရတော့မှာမို့ ပျော်ရွှင်နေတဲ့အချိန်ပေါ့ ဘဝကြီးဟာချိုမြသာယာနေပြီဆိုတော့သောက်ပြီပေါ့လေ မူးမူးနဲ့အိမ်ပြန်တဲ့အချိန် ရဲအစစ်ခံရမှာဆိုးတာနဲ့ အရှိန်တင်မောင်းရင်း လမ်းဘေးပလက်ဖောင်းနဲ့ခေါင်းနဲ့ဂဟေဆက်ပါရောသတဲ့ ဘာဒဏ်ရာမှမရခဲ့ပေမယ့် ဘဝရဲ့အရေးကြီးဆုံးနောက်ရက်မနက်မှာပဲ သူ့ပါးစပ်ကပြောနေတဲ့စကားတွေကို သူ့ဘေးကဘယ်သူမှနားမလည်တဲ့အဖြစ်ရောက်သွားပါတယ်တစ်ခြားသူတွေပြောသမျှကိုသူနားလည်နေပေမယ့်သူပြောတဲ့စကားတွေကိုဘယ်သူမှနားမလည် သူကလည်းအဲဒီနားမလည်တဲ့စကားတွေနဲ့ပဲ ရှင်းပြဖို့ထပ်ခါထပ်ခါကြိုးစားရင်း ရှင်းပြလို့နားမလည် နားမလည်လို့ရှင်းပြနဲ့ တစ်ယောက်တည်းလည်ထွက်နေရှာပါပြီချရေးပြပေါ့လို့ပြောရအောင်လည်းချလည်းမရေးတတ်တော့ဘူးတဲ့ ဒီလိုနဲ့ဘဝလောက်အရေးကြီးတဲ့အခွင့်အရေးကြီးလည်းဆုံးရှုံး ချစ်ရသူကိုလည်းဆုံးရှုံးရတော့မလိုဖြစ်နေပါပြီ ဘာဖြစ်နေမှန်းလည်းမသိ ရှင်းပြလို့လည်းမရနဲ့တစ်ယောက်တည်းတိုင်ပတ်နေတဲ့သူ့အဖြစ်ကို သိပ္ပံနဲ့ ယုံကြည်မှုဘယ်လိုတွေများပေါင်းစည်းပြီး ဖြေရှင်းသွားမှာပါလိမ့် ရှုစားကြည့်ပါဦး File size…2.3GB / 1.08GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Taylor ~ BpL ~  Sai ThuRein
movie

Cheppalani Undhi (2023)

2023
Ab Tumhare Hawale Watan Saathiyo (2004) 4.4
Ab Tumhare Hawale Watan Saathiyo (2004) Ab Tumhare Hawale Watan Saathiyo (2004) Action, Drama, War IMDb 4.4/10 (1.7K)အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ မင်းသားကြီး အမီတာဘဂျမ်း..အရှေးကူမား.. ဘော်ဘီဒိုးတို့ပါဝင်သရုပ်ဆောင်ထားတဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။Box Office မှာလည်း အိန္ဒိယရူပီ ဘတ်ဂျက် သန်း ၂၀၀ မှာ အိန္ဒိယရူပီ ၃၀၁.၆၆ သန်းအထိ ပြန်လည်ရရှိခဲ့သော ကားလေးတစ်ကားဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တော့ အိန္ဒိယ-ပါကစ္စတန်မပြီးဆုံးနိုင်တဲ့ ဇာတ်လမ်းပေါ့ဗျာ။ ပါကစ္စတန်ဘက်က အကြမ်းဖက်သမားတွေ အိန္ဒိယထဲစေလွှတ်မယ်။ အကြမ်းဖက်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်မယ်။တရားမဝင်နည်းလမ်းနဲ့ အိန္ဒိယပိုင်နယ်မြေကို သိမ်းပိုက်မယ်။ ဒါကို အိန္ဒိယက ရဲစွမ်းသတ္တိအပြည့်နဲ့ အမိမြေအတွက် သက်စွန့်ဆံဖျား ပြန်လည်ချေပမယ်။ဒီဇာတ်ကားထဲမှာ အိန္ဒိယစစ်တပ်ရဲ့ရဲစွမ်းသတ္တိရှိမှုတွေကို ဖေါ်ပြထားပြီး စစ်သားတစ်ယောက်ဖြစ်ရခြင်းရဲ့ အဓိပ္ပါယ်ဟာ ဘာလဲဆိုတာကို သေချာအဓိပ္ပါယ်ဖေါ်ပြပေးသွားပါတယ်။ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက်ဆို တရားသောနည်းလမ်းနဲ့ ရန်အစွယ်စွယ်ကို တွန်းလှန်ပြီး ပြည်သူသာအမိ ပြည်သူသာအဖဆိုတဲ့ သဘောတရားကို ကောင်းကောင်းသရုပ်ဖေါ်သွားနိုင်ခဲ့ပါတယ်။နိုင်ငံတစ်နိုင်ငံကို စောင့်ရှောက်ဖို့မှာ နိုင်ငံသားတိုင်းအတွက် တာဝန်ရှိပါတယ်။ ကိုယ့်အိုးအိမ်ကိုတောင် ဘေးကင်းအောင်မထားနိုင်တဲ့သူဟာ နိုင်ငံ့သားကောင်းဖြစ်မလာနိုင်ပါဘူး။ မိသားစုအတွက် ကိုယ်ဟာ သားကောင်းတစ်ယောက်ဖြစ်သင့်သလို နိုင်ငံ့အတွက်လည်း အကျိုးရှိတဲ့လူတစ်ယောက်ဖြစ်သင့်တယ်ဆိုတာကို ဒီဇာတ်ကားလေးက ကောင်းကောင်းဖေါ်ပြပေးထားလို့ ရှုစားကြပါဦးလို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်။ File ...
movie

Ab Tumhare Hawale Watan Saathiyo (2004)

2004
Runaway Bride(1999) 6.7
Runaway Bride(1999) Runaway Bride(1999)********************မင်းသားကြီး Richard Gere နဲ့  Julia Robertငယ်စဉ်က ဇာတ်ကားဖြစ်တဲ့အတွက်အထွေအထူးပြောနေစရာလိုမယ်မထင်ပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ဆောင်းပါးရေးဆရာ Ikeက ပင်တိုင်ဆောင်းပါးအတွက်ဘုံဆိုင်က အမူးသမားတစ်ယောက်ပြောပြတဲ့ မင်္ဂလာဆောင်ခါနီးထွက်ထွက်ပြေးသွားတဲ့သူတို့သမီးအကြောင်းရေးဖြစ်သွားပါတယ်။ ဒီဆောင်းပါးဟာ ဟိုးလေးတကျော်ကျော်ဖြစ်သွားပြီးIkeရဲ့အရေးအသားတွေကြောင့် အမျိုးသမီးဝါဒဆန့်ကျင်ရေးသမားအဖြစ် Ikeဟာ အလုပ်ပြုတ်သွားပါတယ်။သူ့ဂုဏ်သိက္ခာ အဖက်ဆယ်နိုင်အောင်နဲ့ အလုပ်ပြန်ရဖို့အတွက်အဲဒီရှောင်ပြေးသူတို့သမီးရှိရာမြို့ငယ်လေးဆီကို သူ့အကြောင်းစုံစမ်းဖို့ Ikeသွားခဲ့ပါတယ်။မြို့ငယ်လေးဆီရောက်တဲ့အခါ Ike ဘာတွေကြုံရမလဲ ရှောင်ပြေးသူတို့သမီးကရောဘာလို့မင်္ဂလာဆောင်ခါနီးမှ ထွက်‌ထွက်ပြေးနေရတာလဲသူတို့ကြားမှာရော ဘယ်လိုအကြောင်းတွေဖန်လာမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦးနော်။ File Size :(2.3GB)(946 MB) and (304MB) Quality : Blu-Ray1080P, 720p Format…mp4 Duration…01:59:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae
movie

Runaway Bride(1999)

Vanished: Searching for My Sister (2022)
Vanished: Searching for My Sister (2022)   ဗမာကားတွေထဲမှာ ရဲမြဝင်းတို့အဖွဲ့က နောက်ဆုံးမှရောက်လာတတ်သလိုမျိုးပဲ ညီမဖြစ်သူရဲ့လူပျောက်မှုကို အိစိအိစိ လိပ် speed နဲ့ကိုင်တွယ်နေတဲ့ မူရိကားစုံထောက်တွေကြောင့် စိတ်မရှည်တော့တဲ့အစ်မဖြစ်သူက ကိုယ်တိုင်ဝင်အမှုလိုက်တဲ့ကားလေး လာပါပြီ။ ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်တော့ ကေလာနဲ့ဂျေဒါဟာ အမြွှာညီမနှစ်ယောက်ဖြစ်ပြီး သူတို့ရဲ့ခက်ခဲတဲ့ငယ်ဘဝကြောင့် အစ်မဖြစ်သူဂျေဒါက ကေလာ့ကို အလိုလိုက်သည်းညည်းခံတဲ့သူဖြစ်ပါတယ်။ ဒီလိုနဲ့ညီမဖြစ်သူကေလာက သူ့သမီးလေးကိုလာထားပြီး မပြောမဆိုပျောက်သွားတဲ့အခါမှာတော့ ဂျေဒါခေါင်းမီးတောက်ရပါတော့တယ်။ သူ့ညီမက ကိုယ်ကျင့်တရားပိုင်းမှာ သိပ်ပြီးယုံကြည်ရလောက်တဲ့သူမဟုတ်ပေမဲ့ သမီးဖြစ်သူကိုထားပြီး အကြာကြီးထားမသွားဖူးတာမို့ တစ်ခုခုမှားနေပြီဆိုတာကို ဂျေဒါကသိခဲ့ပါတယ်။ စုံထောက်တွေကလည်း သူ့အမြင်မှာ အရမ်းကိုစိတ်အေးလက်အေးနိုင်နေတာမို့ ဂျေဒါ့အနေနဲ့ သူ့ညီမကိုရှာဖွေဖို့ အမှုထဲကိုကိုယ်တိုင်ဝင်ပါခဲ့ပါတော့တယ်။ ဒီဇာတ်ကားက Thriller အမျိုးအစားပေမဲ့ သိပ်ပြီးခြောက်ခြားစရာမကောင်းဘဲ Detective ဆန်တာမို့ လက်ကိုင်ပြီးကြည့်စရာမရှိတဲ့သူတွေလည်း တစ်ယောက်တည်းကြည့်လို့ရပါတယ်ခင်ဗျာ။File size…(1.81GB)  / (`779MB) / (421MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:55:00 Genre...  Action / Crime / Horror Subtitle….Myanmar ...
movie

Vanished: Searching for My Sister (2022)

Last Radio Call (2022)
Last Radio Call (2022)  ဒီတစ်ခါမှာတော့ Horror ကြိုက်တဲ့ CMပရိသတ်ကြီးအတွက် ကြည့်လို့ကောင်းမယ့် Horrorကာားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းသရဲခြောက်တယ်လို့ နာမည်ကြီးလှတဲ့ ယော့ခ်တောင်းအောက်မေ့ဖွယ်ဆေးရုံကြီးနဲ့ပတ်သတ်ပြီး တိုင်ကြားချက်ရောက်လာတာကြောင့် ရဲအရာရှိဒေးဗစ်တို့နှစ်ယောက် သွားရောက်စစ်ဆေးခဲ့ကြပါတယ်။ ဒါပေမယ့် ထူးဆန်းစွာနဲ့ပဲ သွားရောက်စစ်ဆေးသူနှစ်ယောက်မှာ ဒေးဗစ်က ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့ပြီး သူ့လုပ်ဖော်ကိုင်ဖက်ကတော့ အလုပ်ကထွက်သွားခဲ့ပါတယ်။ အဲဒါကြောင့်ပဲ ဒေးဗစ်ရဲ့ အမျိုးသမီးဖြစ်သူ ဆာရာက သူ့ယောက်ျားပျောက်ဆုံးသွားတာနဲ့ပတ်သက်ပြီး အမှန်အတိုင်း သိလိုတာကြောင့် ကင်မရာမန်းတစ်ယောက်ကိုငှားပြီး ယောက်ျားရှာပုံတော် အမှန်တရားရှာပုံတော် ဖွင့်ခဲ့ပါတော့တယ်။ ဒီလိုနဲ့ တစ်စပြီးတစ်စ အမှန်တရားနဲ့ နီးကပ်လာချိန်မှာပဲ ထူးဆန်းတဲ့အရာတွေကို ပိုပိုသိလာရတဲ့အခါ.. ဆာရာက သူ့ယောက်ျားဒေးဗစ်ကို ရှာတွေ့သွားနိုင်မှာလား.. ဒေးဗစ်ကရော အသက်ရှင်လျက်ရှိနေသေးတာလား.. တကယ်လို့ အသက်ရှင်လျက်ရှိနေတုန်းဆိုရင် ဘာလို့ဆာရာ့ဆီ ပြန်မလာတာလဲ.. ဆာရာတစ်ယောက်ရော ဒေးဗစ်ကို အသက်ရှင်လျက်ပြန်တွေ့နိုင်ဖို့အရေး ဘယ်လိုအရာမျိုးတွေနဲ့ ကြုံတွေ့ရမလဲဆိုတာ... documentary ဇာတ်လမ်းလေးတစ်ပုဒ်အနေနဲ့ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုလိုက်ကြပါဦးနော်။File size…(1,54GB)  / (`1.12GB) / (765MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:16:00 Genre...  Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily Sue
movie

Last Radio Call (2022)

Fanfan (1993) 6.7
Fanfan (1993) Fanfan (1993) " ပြင်သစ်ကားတွေရဲ့ထုံးစံအတိုင်း မိသားစုနဲ့အတူ ကြည့်ရှူလို့ အဆင်မပြေနိုင်ပါခင်ဗျာ " ~ IMDb - 6.7/10, Rotten Tomatoes - 85% ~ဒီရုပ်ရှင်ဟာ ပြင်သစ်ရုပ်ရှင်ကားဟောင်း၊ ကားကောင်းလေးတွေထဲမှာတော့ ရှေ့ဆုံးက ဦးဆောင်ခဲ့တဲ့ကားတစ်ကားပါပဲ။ အဓိကကတော့ ၂၀ ရာစုနှစ်ပြင်သစ်ရုပ်ရှင်ကားတွေကို ချုပ်ကိုင်ခဲ့တဲ့၊ ဂျိမ်းစ်ဘွန်းရုပ်ရှင်တွေမှာတောင် ပါဝင်ခဲ့တဲ့၊ ရုပ်ရှင်ဇာတ်လမ်းမကောင်းရင် ဘယ်တော့မှရိုက်လေ့ရိုက်ထမရှိတဲ့ ပြင်သစ်မင်းသမီး‌ချော Sophie Marceau ကြောင့်လို့လည်း ဆိုရမှာပဲဖြစ်ပါတယ်။အ‌ဆိုပါပြင်သစ်မင်သမီးကြီးရဲ့ရိုက်ကူးခဲ့သမျှ ရုပ်ရှင်ကားတိုင်းဟာ ဇာတ်လမ်းဇာတ်ကွက်အလွန်ကောင်းလှသလို IMDb - 6.2/10 အထက်မှာပဲ အမြဲနေရာယူထားတာလည်းဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားလေးကတော့ တဖန်ပြန်လည် ‌ခေတ်ထနေတယ်လို့သိရပြီး ခေတ်ပြန်ထချင်ရလောက်အောင်ကို ဒီဖက်ခေတ်မှာလည်း ကြည့်လို့ကောင်းနေတဲ့ Romance ကားတစ်ကားဖြစ်လို့နေပါတယ်။တစ်ခါတလေတော့ အချစ်ဆိုတာ ဘယ်လိုမျိူးလဲတောင် နားလည်ဖို့အလွန်ခက်ခဲလှပါတယ်။ ဒီရုပ်ရှင်ကားကို Comedy လို့ပါ အမျိုးအစားတပ်ထားပေမဲ့ ကျွန်တော်အနေနဲ့တော့ Comedy ဆန်တာတစ်ခုမှမ‌တွေ့ရဘဲ ဇာတ်ကောင်စရိုက်နိုင်လှတဲ့ သရုပ်ဆောင်တွေရဲ့ ဇာတ်ကောင်စရိုက်အားပြိုင်မှုတွေကြားမှာ ...
movie

Fanfan (1993)

1993
Head Bush: Vol 1 (2022) 6.8
Head Bush: Vol 1 (2022) Head Bush (2022) Action, Biography, Crime IMDB 6.8/10 (1.1K)အခုတစ်ခါထွက်ရှိလာတဲ့ ကားလေးကတော့ KGF မင်းသားတို့ရပ်ဝန်းက ကန်နန်ဒါးဘာသာစကားနဲ့ထွက်ရှိလာပြီး မင်းသားဒန်နန်ဂျေယားနဲ့ မင်းသမီး ပါယလ်ရာဂျ်ပွသ်တို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဒီဇာတ်ကားလေးဟာ Agni Sridhar ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ 'My Days in the Underworld' ဆိုတဲ့ စာအုပ်အပေါ်အခြေခံထားပြီး ဘန်ဂလောမြို့ ​မြေအောက်လောကအကြောင်းကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်။နိုင်ငံရေးမှာ ထာဝရ ရန်သူ ထာဝရမိတ်ဆွေဆိုတာ မရှိပါဘူး ထာဝရအကျိုးစီးပွားဆိုတာပဲ ရှိပါတယ် နိုင်ငံရေးသမားတွေဟာ သူတို့အာဏာတည်မြဲရေးအတွက် မြေပေါ်မြေအောက်နည်းလမ်းပေါင်းစုံနဲ့ အသုံးပြုကြပါတယ် The Guys of Rangoon ထဲက လမ်းမတော်ဖိုးတုတ်ဇာတ်လမ်းထဲမှာလဲ ဆန္ဒပြပွဲဖြစ်ပြီး အစိုးရတွေပြုတ်ကျဖို့ လူမိုက်တွေကို ငှားလုပ်ခိုင်းတာကို တွေ့ရမှာပါ ခုဇာတ်ကားက လမ်းမတော်ဖိုးတုတ် live action လိုပါပဲ မိုက်ပေမဲ့ နှလုံးသားလှတဲ့ လူမိုက်ကြီး ဂျယ်ရက်ဂ်ျရဲ့ ဒီမြို့ကို ငါတို့ပိုင်တယ်ဆိုတဲ့ အထာအလန်းကြီးတွေနဲ့ ဂိုဏ်းစတားတွေကို တစ်ဝကြီးရှုစားရမှာပါ File size…2.39GB / 1.13GB Quality…1080p WEB DL  / 720p Format…mp4 Duration….2h 18m Subtitle….Myanmar Subtitle ...
movie

Head Bush: Vol 1 (2022)

2022
Godland (2022) 7.3
Godland (2022) Godland (2022)~ IMDb - 7.3/10, Rotten Tomatoes - 88% ~၁၉ရာစုက သာသနာပြုသင်းအုပ်ဆရာတစ်ပါးအကြောင်း ရုပ်ရှင်ပါ။ သူဟာ Iceland မှာ သာသနာပြုဖို့အတွက် ချာ့ချ်ကျောင်းတစ်ကျောင်းဆောက်လုပ်ဖို့ တာဝန်ပေးခံရတဲ့ဘုန်းတော်ကြီးပါ။ Iceland ဟာ သဲကွင်းတွေ တောင်တန်းတွေ ရေခဲမြစ်တွေနဲ့ ဖွဲ့စည်းထားတဲ့ နေရာဖြစ်ပြီး ပထဝီအနေအထားအမြဲပြောင်းလဲနေတဲ့နေရာပါ။ ဒီနေရာမှာ တချို့ရာသီတွေဆို နေလုံးဝမဝင်ပါဘူး။ လင်းကျင်းနေတာပါပဲ။ ဒေသခံမဟုတ်ရင် နေ့ညတောင်မကွဲ အိပ်ဖို့တောင် အဆင်မပြေပါဘူး။ ဒီလိုအခက်အခဲတွေနဲ့ နေရာကို ဘုန်းတော်ကြီးလူးကပ်စ်ဟာ သာသနာပြုဖို့ စေလွှတ်ခံခဲ့ရပါတယ်။ ဒီရုပ်ရှင်ကတော့ အဲဒီဘုန်းကြီးရဲ့ သာသနာပြုခရီးအကြောင်းကို ရိုက်ကူးပြသထားတဲ့ ရုပ်ရှင်ပါပဲ။၁၉ရာစုတုန်းက Iceland မှာ သေတ္တာတစ်လုံးတွေ့ရှိခဲ့ကြပြီး အဲဒီသေတ္တာထဲမှာ ဒိန်းမတ်ဘုန်းတော်ကြီးတစ်ပါး ရိုက်ကူးထားတဲ့ ဓာတ်ပုံဖလင်ခုနှစ်ချပ်ကိုပါ တွေ့ရှိခဲ့ကြပါတယ်။ အဲဒီဓာတ်ပုံတွေဟာ အရှေ့တောင်ကမ်းရိုးတန်းဒေသမှာရိုက်ကူးခဲ့တဲ့ ပထမဆုံးဓာတ်ပုံတွေဖြစ်ပြီး။ ဒီရုပ်ရှင်ကို အဲဒီဓာတ်ပုံတွေကနေ ဉာဏ်ကွန့်မြူးတင်ပြထားတာ ဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို W ...
movie

Godland (2022)

2022
No content available

Sponsored

Genres

Archives