Channel Myanmar

Content at random


Movies

SEE ALL
Bring Out the Fear (2022) 5.3
Bring Out the Fear (2022) Bring Out the Fear (2021)သင်ဟာအဆုံးမရှိတဲ့တောအုပ်တစ်ခုထဲမှာ ရောက်နေရင် ဘယ်လိုရုန်းကန်လှုပ်ရှားမလဲ...ပြီးခါနီးထိပြဿနာရင်းမြစ်ကဘာလဲ... ဘာကိုအဖြေရှာရမလဲ စတဲ့ ရှုစားသူပါ တွေးတောရတဲ့ Horror ကားတစ်ကားကို ကြည့်ချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားဟာလည်း သင့်အတွက်ပါပဲ။Dan နဲ့ Rosie ဆိုတဲ့အတွဲတစ်တွဲဟာ ပြဿနာတွေတက်ခဲ့ကြပါတယ်။ Rosie ဟာ Eric ဆိုတဲ့ Dan နဲ့လည်း အရမ်းခင်ခဲ့တဲ့ သူငယ်ချင်းနဲ့ ဖောက်ပြန်ခဲ့လို့ ပြဿနာတွေတက်ခဲ့ကြရတာပေါ့။ အဲဒီနောက်မှာ Dan ဟာ ကောင်မလေးကိုခွင့်လွှတ်ပြီး ကောင်မလေးနဲ့အတူ စိတ်ပြေလက်ပျောက်လမ်းလျှောက်ဖို့ တောအုပ်လေးတစ်ခုထဲကို ကားလေးနဲ့ထွက်ခဲ့ကြပါတယ်။တောအုပ်ထဲမှာလမ်းလျှောက်ကြရင်း စကားစမြည်လေးတွေပြော Relationship တစ်ခုကို ပြန်လည် fix လုပ်ရင်းပေါ့။ ဒီလိုနဲ့ပဲ တောင်ကုန်းလေးတစ်ခုပေါ်ကိုတက်ကြတယ်။ သာယာလှတဲ့ပင်လယ်ကမ်းခြေရှုခင်းကြီးကိုမြင်နေရတဲ့ အဲဒီနေရာလေးမှာ Dan က Rosie ကို လက်ထပ်ခွင့်တောင်းခဲ့တယ်။ Rosie ကတော့ အချိန်တစ်ခုလိုသေးလို့ ခဏစောင့်ဖို့ငြင်းခဲ့ပါတယ်။အဲဒီနောက် သူတို့ပြန်ဆင်းလာကြတော့ လမ်းတွေဟာရောက်ပြီးသားနေရာကို ရောက်ရောက်နေပြီး ...
movie

Bring Out the Fear (2022)

2022
Plan 75(2022) 6.7
Plan 75(2022) Plan 75(2022)************ဂျပန်နိင်ငံဆိုတာ သက်ကြီးရွယ်အိုတွေများကြသလို အသက်လည်းရှည်ကြတာအာလုံးသိကြတယ်။ ဂျပန်အစိုးရဟာ သက်ကြီးရွယ်အိုတွေ "အစီအစဉ် ၇၅ "ဆိုတဲ့ အသက် ၇၅ နှစ်နဲ့အထက် အဖိုးအဖွားတွေအတွက်ထောက်ပံပေးဖို့ဥပဒေပြဌာန်းလိုက်ပါတယ်။ ၇၈ နှစ်ရှိပြီဖြစ်တဲ့ မိချီခကုတနိဆိုတဲ့အဖွားက ဟိုတယ်တစ်ခုမှာသန့်ရှင်းရေး ဝင်လုပ်ပါတယ်။နောက်တော့ အသက်အရွယ်ကြီးပြီဖြစ်လို့အနားပေးလိုက်ပါတယ်။ အစကတော့ အစီအစဉ် ၇၅ ကိုလျှောက်လွှာမတင်ဘဲ အလုပ်လုပ်ပြီးဆက်နေမယ်လို့ ဆုံးဖြတ်ထားပေမယ့် အသက်ကြီးလွန်တာကြောင့်ဘယ်နေရာမှအလုပ်မခန့်တာကြောင့် အစီအစဉ် ၇၅ လျှောက်လွှာတင်ခဲ့ရတယ်။ အဲ့ဒီနောက်မှာတော့...File Size :(1.9 GB) and (633 MB) Quality :WEB-DL.1080P, 720p Format…mp4 Duration…01:45:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie

Plan 75(2022)

Inspector Sun and the Curse of the Black Widow (2022) 5.8
Inspector Sun and the Curse of the Black Widow (2022) Inspector Sun and the Curse of the Black Widow (2022)"ပင့်ကူတွေ ပိုးတောင်မာတွေ ပုရစ်တွေကျတော့ပျော်မြူးနေကြပြီး... ပိုးဟပ်တွေကျတော့ ချောင်ထဲမှာ...ပုရွက်ဆိတ်တွေဆိုလည်း အမှိုက်သမားလေးတွေကိုဖြစ်လို့...မတရားဘူးကွ ပြောင်းလဲပစ်ရမယ်" ။အင်းဆက်တွေကြားထဲမှာတောင် မညီမျှမှုတွေကိုယ်စီရှိနေတာကို မခံစားနိုင်တော့တဲ့ ကျိုင်းကောင် Red ကတော့ တရားမျှတမှုကို နည်းလမ်းမှားနဲ့ဆောင်ကျဉ်းပေးဖို့ ကြံစည်နေတဲ့ ရာဇဝတ်ကောင်အကြီးစားကြီးပေါ့။ Red ရဲ့ကျိုင်းအုပ်ကို သက်ဆိုးမရှည်အောင် စက်ရုံကြီးတစ်ခုလုံးကိုဖောက်ခွဲပြီး အပျောက်ဖမ်းမိတဲ့ စုံထောက် Sun ခမျာမှာတော့ ထမ်းပိုးထက်လက်ခကြီးပြီး မျက်နှာမရခြေထောက်ရ ဆိုသလို ရာထူးတိုးရမယ့်အစား အလုပ်ပါနားခံလိုက်ရပါတယ်။အလုပ်ပြုတ်လို့ဘူပြီး New York ကို အပန်းဖြေခရီးလေးထွက်ဖို့လုပ်ခါရှိသေး ...အနောက်ကနေတကောက်ကောက်လိုက်တဲ့ fan အကြီးစားတစ်ယောက်ဝင်ရှုပ်လို့ လေယာဉ်လွတ်သွားပြီး San Fransisco လေယာဉ်ကိုပဲ ဘော်ဒါတစ်ယောက် ဒကာခံကောင်းမှုနဲ့ တက်လိုက်ခွင့်ရလိုက်ပါတယ်။စုံထောက်ကံမကုန်သေးတဲ့ Sun အတွက် ရေကန်အသင့်ကြာအသင့်ဆိုသလို နာမည်ကောင်းပြန်ရစေမယ့် အခွင့်အရေးတစ်ခု မျက်စိလည်လာရတာကတော့ လေယာဉ်ပေါ်က ...
movie

Inspector Sun and the Curse of the Black Widow (2022)

2022
Slayers (2022)
Slayers (2022) Slayers (2022)သူတို့ကိုယ်သူတို့ Stream Team လို့ နာမည်ပေးထားတဲ့ ဆိုရှယ်မီဒီယာပေါင်းစုံက Streamer တစ်စုဟာ တစ်ရက်မှာ ဘီလီယျံနာကြီးတစ်ယောက်ရဲ့ ဖိတ်ကြားချက်အရ သူ့ရဲ့ အိမ်တော်ကြီးဆီ ရောက်ရှိခဲ့ပါတယ်။ တစ်ဖက်မှာတော့ တစ်ချိန်က နာမည်ကြီး တီဗီအစီစဉ်တစ်ခုရဲ့ ဇာတ်လိုက်ဖြစ်ခဲ့သူတစ်ဦးဟာ အသက်မွေးဝမ်းကြောင်းကို စွန့်လွှတ်ပြီး လမ်းတွေပေါ်မှာ စတည်းချရင်း သွေးစုပ်ဖုတ်ကောင်မုဆိုး ဖြစ်လာပါတယ်။ဇာတ်လိုက်ကျော် Streamer တွေအကြောင်းကို ပြန်ဆက်ရရင်တော့ အနာဂတ်တွေ တလက်လက်ထ တောက်ပပြီလို့ ထင်ပြီးကာမှ တကယ်တမ်း တလက်လက်ထနေတာကတာ့ သွေးစုပ်ဖုတ်ကောင်တွေရဲ့ အစွယ်တွေသာ ဖြစ်ကြောင်းသိလိုက်ရတဲ့အခါမှာတော့…ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ ကောင်းတယ်လို့ ညွှန်းပေးလို့ မရပေမယ့် လူတစ်ကိုယ်အကြိုက်တစ်မျိုးမို့ ကိုယ့်အကြိုက်လည်း ဖြစ်ရင်ဖြစ်နေနိုင်တာမို့ တစ်ချက်လောက်တော့ ကြည့်ကြည့်လိုက်ကြပါဦး။ Streamer တွေကို စိတ်ဝင်စားမယ်၊ Vampire ကားတွေ ကြိုက်တတ်တယ်၊ Parody တွေကို ရယ်တတ်တယ်ဆိုရင်တော့ အပျင်းပြေ ကြည့်ကြည့်ဖို့တော့ မမှားမယ့်ကားသစ်ပါပဲ။ မင်းသမီးတွေအနေနဲ့‌ကလည်း Zack ...
movie

Slayers (2022)

2022
7Aum Arivu (2011) 6.5
7Aum Arivu (2011) 7 Aum Arivu (2011)အခုတစ်ခေါက် ဘောလိ၀ုဒ်ချစ်သူ ပရိသတ်ကြီးအတွက် ဟောင်းပေမဲ့ ကောင်းနေဆဲဖြစ်ပြီး IMDB 6.5/10 ရရှိထားတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးပါရစေ... သိုင်းလောကမှာ ထင်ရှားတဲ့ တရုတ်နိုင်ငံရဲ့ သိုင်းပညာအခြေခံကျောင်းတော်ကြီး "ရှောင်လင်ကျောင်းတော်" ဟာ ဘယ်ကနေ အစပျိုးလာတာလဲ ...တရုတ်သိုင်းပညာဟာ တရုတ်နိုင်ငံကနေ အခြေခံတာမဟုတ်ဘဲ တမီးလ်လူမျိုး ဖြစ်ပြီး ဆေးပညာ သိုင်းပညာနဲ့ အိပ်မွေ့ချပညာမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့ ဘို့ဒ်ဒီ ဒါမန် ဆိုသူကနေ ဆင်းသက်လာခဲ့တဲ့ သမိုင်းကြောင်း...သမိုင်းကြောင်းအရ ၆ ရာစု တရုတ်ပြည် ကပ်ရောဂါဘေးဆိုက်နေချိန် ဘို့ဒ်ဒီ ဒါမန်ဟာ အိန္ဒိယနိုင်ငံဆီကို ကပ်ရောဂါ မပျံ့နှံ့လာအောင် တရုတ်ပြည်သို့သွားရောက်ပြီး ကပ်ရောဂါဆိုးကြီးကို ကုသပေးခဲ့တယ်..၆ ရာစုမှာ ဘို့ဒ်ဒီ ဒါမန် အိန္ဒိယနိုင်ငံကို မရောက်လာအောင် တားဆီးခဲ့တဲ့ ကပ်ရောဂါကြီးဟာ ယနေ့ခေတ်အိန္ဒိယမှာ အစပျိုးလာတဲ့အချိန်.. ကူးစက်ရောဂါဆိုးကြီးက အလိုအလျောက် ပေါ်လာခြင်းမျိုးမဟုတ်ဘဲ တရုတ်နိုင်ငံရဲ့ အိန္ဒိယအပေါ် တိုက်ခိုက်တဲ့ ဇီ၀လက်နက်တစ်ခုဖြစ်နေတဲ့အခါ ဆပ်ကပ်သမားလေး တစ်ဦး ဖြစ်ပြီး ဘို့ဒ်ဒီ ဒါမန်ရဲ့ မျိုးဆက်လည်းဖြစ်တဲ့ အာဗင်ဆိုသူ နဲ့ မျိုးရိုးဗီဇ ...
movie

7Aum Arivu (2011)

2011
Faces of Anne (2022) 7
Faces of Anne (2022) Faces of Anne (2022)ဒီဇာတ်လမ်းက အန်ဆိုတဲ့မိန်းကလေးရဲ့စိတ်ထဲက ဖြစ်ချင်တဲ့အရာတွေကို ပုံဖော်ထားတာမျိုးပါ လူတစ်ဦးက ၂မိနစ်တိုင်း မျက်နှာတစ်မျိုးပြောင်းလဲနေတယ်အန်ဆိုတဲ့ ကောင်မလးက ကျွန်းတစ်ခုပေါ်မှာ နိုးထလာပြီး သူမကိုယ်သူမ ဘယ်သူဘယ်ဝါဆိုတာကို မမှတ်မိနိုင်ဘူး ဖြစ်နေတာပါ။ သူမက ဆန်းကြယ်လှတဲ့အဆောက်အဦးတစ်ခုမှာ ကြောက်စရာသမင်မိစ္ဆာဗိဒီဂိုနဲ့ ရင်ဆိုင်နေရတယ် သူမဟာ ဒီထပ်တလဲလဲဖြစ်နေတဲ့ဝင်္ကပါကြီးကနေ လွတ်လမ်းရှာနေပါတယ်တကယ်တမ်းကျတော့ သူမ ရင်ဆိုင်နေရတဲ့အရာကြီးက ဘာတွေဖြစ်နေမလဲ ဘာကြောင့် သူမကစိတ်ဝင်္ကပါထဲ ပိတ်မိနေရပြီး နှစ်မိနစ်ကို တစ်ခါ ရုပ်​ပြောင်းလဲသွားရတာလဲ ဒီဝင်္ကပါကြီးထဲကနေရော သူမ လွတ်မြောက်နိုင်ပါ့မလား?Psychological Thriller ကြိုက်နှစ်သက်သူတွေအဖို့ လုံးဝ အကြိုက်တွေ့စေမယ့်ဇာတ်လမ်းမို့ ဇာတ်လမ်းဆုံးတဲ့အထိ လက်မလွှတ်တမ်း ကြည့်ရှုပြီး အတူတူ အဖြေရှာကြည့်ကြပါစို့နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lei Wutyi Tun ပဲ ဖြစ်ပါတယ်။Genre..... Thriller, Mystery, Drama Quality…. 1080p | 720p | 480p File size… 1.1GB | 560MB | 291MB Format… mp4 Duration…. ...
movie

Faces of Anne (2022)

2022
Candy Land (2022) 5.3
Candy Land (2022) Candy Land (2022) =============="Candy Land" ဆိုလို့ ဇာတ်ကားက အချိုလေးတွေမပါ,ပါဘူး။ 18+ Thriller ကားကောင်းတစ်ကားဖြစ်ပါတယ်။ ထုံးစံအတိုင်း 18+မို့ ဆယ့်ရှစ်ယောက်စုကြည့်ကြပါ။ ကလေးသူငယ်တွေကိုမပြပါနဲ့။ Candy Land ဆိုတာ အဝေးပြေးယာဉ်ရပ်နားစခန်းတစ်ခုမှာ ကျက် စားနေတဲ့ sex worker ကောင်မလေးတစ်စုရဲ့ နာမည်ပြောင်ပါ။ ရပ်ထားတဲ့ထရပ်ကားတွေ၊ စားသောက်ဆိုင်အိမ်သာတွေနဲ့ သူတို့ရဲ့ အခန်းငယ်တွေက သူတို့ကျက်စားရာနယ်မြေတွေပါပဲ။တစ်နေ့တော့ ရယ်မ်မီဆိုတဲ့ အင်နိုးစန့်ကောင်မလေးက သူတို့အဖွဲ့နဲ့ အကြောင်းပါလာပါတော့တယ်။ အဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ယာဉ်ရပ်နားစခန်းအိမ်သာထဲ လူသတ်မှုဖြစ်သွားခဲ့တာပေါ့။ အဲ့နောက် လူသတ်မှုတွေ ဆက်တိုက်ဖြစ်လာပြီး ဆယ့်ရှစ်ယောက်စုကြည့်ရမယ့် အခန်းတွေရော၊ သွေးသံရဲရဲအခန်းတွေရော စုံလို့လာပါတော့တယ်။ လူသတ်မှုနောက်ကွယ်ကအကြောင်းအရင်းတွေ၊ လူသတ်ပုံသတ်နည်း တွေကို ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zin မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ Ngwe Zin, Fiona Gillen ဖြစ်ပါတယ်)File Size..........(2.14 GB) / (578 MB) / (332 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 33mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, ...
movie

Candy Land (2022)

2022
Scandal Makers (2023) 7.2
Scandal Makers (2023) Scandal Makers 2023 IMDb 7.4/10ဒီဇာတ်လမ်းလေးကတော့ ပေါ့ပေါ့ပါးပါးကြည့်လို့ရပြီး စိတ်အပန်းပြေစေမယ့် အင်ဒိုဟာသဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်။နာမည်ကြီး အနုပညာရှင်ဟောင်းတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ အော်စကာဟာ ရေဒီယိုအသံလွှင့်ရုံမှာ အလုပ်လုပ်ရင်း သူ့ရဲ့နာမည်ပြန်ရဖို့ ကြိုးစားနေရာကနေ တစ်နေ့မှာ သူ့ဆီကို အရှုပ်တော်ပုံတစ်ခုရောက်လာပါတော့တယ်။အထက်တန်းကျောင်းက အချစ်ဦးနဲ့ အချစ်နယ်ကျွံရာကနေ အဖတ်တင်လာခဲ့တဲ့ သမီးဖြစ်သူ ဟာ မြေးဖြစ်သူနဲ့ရောက်ရှိလာတဲ့အခါ အော်စကာတစ်ယောက် ဗျာများရပါတော့တယ်။ နာမည်ရဖို့ကြိုးစားနေရာကနေ ဒီလိုကိစ္စတွေကြုံလာရတဲ့အခါ အော်စကာတစ်ယောက် ဘယ်လိုတွေ ဆက်လုပ်မလဲဆိုတာကို ဟာသလေးတွေနဲ့ စိတ်ဝင်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…1.42GB / 630MB Quality…1080p  AMZ WEB DL /720p Format…mp4 Duration….1h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Cherry
movie

Scandal Makers (2023)

2023
The Kings of the World(2022) 7.1
The Kings of the World(2022) The Kings of the World(2022)****************************ဒီကားက ဆုကြီး(၆)ဆုတောင်ရရှိခဲ့တာဖြစ်ပါတယ်...ရာ၊ ကူဘယ်ရို၊ ဝင်နီ၊ နာနိုနဲ့ ဆယ်ရယ်ဆိုတဲ့ လူငယ်လေးတွေက ကိုလံဘီယာနိုင်ငံ၊မယ်ဒရင်မြို့က လမ်းတွေ‌ပေါ်မှာပဲကျက်စားကြတဲ့ကောင်လေးလေးတွေပါ။ သူတို့မှာ မိဘဆွေမျိုးတွေလည်းမရှိကြတော့လို့ အချင်းချင်းသာသူငယ်ချင်း၊ညီအစ်ကို၊ မိသားစုလိုဖြစ်နေသူတွေပါ။ တစ်နေ့တော့ ရာ ဆီကိုသူ့အဘွားက အမွေအဖြစ်ချန်ထားခဲ့ပေးတဲ့ မြေ၊အစိုးရဆီကသိမ်းယူသွားတဲ့မြေ၊ ပြန်ယူနိုင်ကြောင်း အကြောင်းကြားစာရလာတဲ့အခါမှာတော့ သူတို့တွေ လူရာဝင်ဝင်နေနိုင်အောင် အဲ့မြေကိုယူမယ်ဆိုပြီး လူငယ်လေးငါးယောက်ရဲ့ ခရီးဆန့်ခဲ့ကြပါတော့တယ်။ ဇာတ်လမ်းအဆုံးမှာ ဘာဖြစ်သွားမလဲ၊ တစ်ကောင်ကြွက်လေးတွေ၊လူရာမဝင်လေးတွေအတွက်နေစရာနေရာဆိုတာ လောကကြီးမှာရှိပါ့မလားဆိုတာကို... ခရီးတစ်လျှောက် လမ်းတွေ၊ တောအုပ်တွေ ရှုခင်းလှလှတွေကို ရိုးရိုးရှင်းရှင်းနဲ့အေးအေးဆေး‌ဆေးကြည့်လို့ရမယ့် ဇာတ်ကားလေးပါပဲ။File Size :(2.3GB)(1.1 GB) and (282MB) Quality :WEB-DL.1080P, 720p Format…mp4 Duration…01:43:00 Genre : Adventure  ,  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

The Kings of the World(2022)

Nurse Betty (2000) 6.3
Nurse Betty (2000) Nurse Betty (2000) ============== IMDb Rating - 6.3/10ကန်းဆက်မြို့လေးက သာမန် အိမ်ထောင်ရှင်မလေး ဘတ်တီ... ရုပ်ရှင်စီးရီးတစ်ခုကို သိပ်သဘောကျရင်း Main character ဆရာဝန် ဒေးဗစ်ကို စွဲလမ်းနေတဲ့ ဘတ်တီ၊ တစ်ခုသော ညနေမှာ စီးရီးလေး ကြည့်နေတုန်း ခင်ပွန်းဖြစ်သူ ထမင်းစားခန်းထဲ ရက် ရက်စက်သက် အသတ်ခံလိုက်ရတာကို မြင်လိုက်ရတဲ့အခါ စိတ် ဖောက်ပြန်သွားပြီး သူ့ကိုယ်သူ စီးရီးထဲက character လို့ထင်သွား တယ်။ဒေးဗစ်ရဲ့ Ex အနေနဲ့ သူ့ကိုယ်သူ သတ်မှတ်ရင်း အပြင်မှာ မရှိတဲ့ စီးရီးထဲက ဇာတ်ကောင်ကို ရှာဖွေဖို့ နည်းလမ်းမျိုးစုံနဲ့ LA အထိ လိုက်လာခဲ့ချိန်မှာ ဘာတွေဆက်ဖြစ်မလဲတော့ ကြည့်ရှုအားပေး လိုက်ကြပါဦး။ နာမည်ကျော် Morgan Freeman နဲ့ Chris Rock တို့ အဓိက ပါဝင်ထားတဲ့အပြင် မင်းသမီး Renee Zellweger ရဲ့ Disney ဆန်ဆန် overacting တွေကိုလည်း ကြည့်ရှုရမှာဖြစ်ပါ ကြောင်းပြောကြားရင်း တင်ဆက်ပေးလိုက်ပါပြီ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mugiwara Ya ...
movie

Nurse Betty (2000)

2000
Quaid-e-Azam Zindabad(2022) 6.6
Quaid-e-Azam Zindabad(2022) Quaid-e-azam zindabad(2022)IMDb 6.6 ဒီတစ်ခါမှာတော့မင်းသမီးနဲ့တင်ကြည့်ရတာတန်နေမဲ့ Action/ Comedy ဇာတ်ကားကိုညွှန်းပေးချင်ပါတယ် ရင်သပ်ရှုမောရတဲ့အလှတွေနဲ့ မင်းသမီးချောလေး Mahira Khan ကဒီကားထဲမှာ တိမွေးကုအနေနဲ့ပါဝင်သရုပ်ဆောင်ထားပြီး Box Office အနေနဲ့ 420 millions ရရှိခဲ့တဲ့ဒီကားဟာ ဇာတ်လမ်းဇာတ်အိမ်ခိုင်မာတဲ့ ရုပ်ရှင်ကားတစ်ကားပါပဲဇာတ်လမ်းအညွှန်း... ရဲတွေကြားမှာ ဘယ်သူကလာဘ်ထိုးငွေပိုများများရလဲဆိုပြီးယှဉ်ပြိုင်ကြတဲ့ခေတ်မှာ ဂူလတ်ရဲ့အဖေရဲသားကြီးကတော့ လာဘ်ထိုးငွေဆို တစ်ရူပီတောင်မယူခဲ့တဲ့ ရိုးသားဖြောင့်မတ်သူပါ လာဘ်ထိုးငွေမယူလေတော့ငွေကြေးသိပ်အဆင်မပြေတဲ့ မိသားစုထဲပါခဲ့တာပေါ့ ဂူလတ်ငယ်ငယ်လေးတုန်းက သူ့အဖေရဲ့ဆုံးမစကားရှိပါတယ် ငွေစက္ကူထဲမှာပါတဲ့ခေါင်းဆောင်ကြီးက ပိုက်ဆံကိုအလွဲသုံးစားလုပ်ရင် စိတ်ဆိုးပါလိမ့်မယ်တဲ့ဒီစကားက သူ့အဖေသူ့ကိုမုန့်ဖိုးမပေးချင်လို့ပြောမှန်းသိသွားတဲ့နေ့ ဂူလတ်တို့ ဖခင်တွေးထားတာနဲ့ တက်တက်စင်အောင်လွဲပါတော့တယ် ကြီးလာလို့ရဲဖြစ်လာတော့လည်း ဖခင်ရှေ့မှာတော့ ရိုးသားချင်ယောင်ဆောင်ပေမဲ့ တစ်ဖက်ဌာနထဲမှာတော့ ရာထူးတိုးသွားရင် လာဘ်ထိုးငွေမရတော့မှာစိုးလို့ ငွေပေးပြီးရာထူးမတိုးအောင်တားထားရတဲ့အထိပါပဲ ဒါပေမဲ့လည်းသူ့အဖေရဲ့စကားကမှန်ကန်လာပြီး ငွေစက္ကူကသူ့ကိုစိတ်ဆိုးမဲ့နေ့တစ်နေ့ရောက်လာပြီး သူလာဘ်ထိုးငွေယူထားသမျှပိုက်ဆံတွေမှာ ထူးဆန်းတာတွေဖြစ်လာတဲ့အခါမှာတော့ ...ဘာတွေဆက်ဖြစ်သွားမလဲ ဒီကျိန်စာကိုသူဖြေနိုင်မှာလားဆိုတာတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါနော် File size…2.3GB / 1.2GB Quality…1080p HD RIP / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai Thu Rein ~ BpL ~ Yunni
movie

Quaid-e-Azam Zindabad(2022)

Air Force The Movie (2022) 6.7
Air Force The Movie (2022) Air Force The Movie (2022)*************************နာမ်ဘူရီနိုင်ငံလေးဟာ တောင်နဲ့မြောက် (၂)ခြမ်းကွဲပြီးပြည်တွင်းစစ်ဖြစ်နေတာ (၅)နှစ် တိုင်ခဲ့ပြီ...ပြည်တွင်းစစ်ဖြစ်လို့ နိုင်ငံဟာမွဲပြာကျနေပေမယ့်လူသတ်လက်နက်တွေတော့ ၂ဘက်လုံးမှာ ခေတ်မှီစွာတည်ရှိနေကြတယ်.....အဲ့ဒီနောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရယူမှုရယူနိုင်ခဲ့တယ်.. မလေးရှားက နမ်ဘူရီရဲ့  နိုင်ငံကိုကိုတတ်နိုင်သလောက် အပတ်အခတ်ရပ်စဲစဉ်ကာလမှာအများကြီးကူညီခဲ့တယ်.. နာမ်ဘူရီနိုင်ငံထဲထိ မလေးရှားစစ်သည်အချို့လာရောက်ပြီး ကူညီခဲ့တယ်..အဲ့ဒီနောက် တောင်မြောက်ပြန်လည်စစ်ပွဲတွေဖြစ်ခဲ့ပြီးမလေးရှားစစ်သည်တွေပါဝင်တဲ့ လေယာဉ်ကြီးကို နမ်ဘူရီတို့က ပစ်ချခဲ့ပါတယ်..စစ်သည်အချို့ လေထီးနဲ့ခုန်ချခဲ့ပေမဲ့ နာမ်ဘူရီတို့ဟာ ဒီကိစ္စကို လက်စတုံးချင်တဲ့အတွက် တောနင်းရှာဖွေသတ်ဖြတ်ဖို့ဖြစ်လာတဲ့အခါမှာတော့..မလေးရှားတို့ သူတို့စစ်သည်တွေကယ်တင်နိုင်မလား..လူ လက်နက်အင်အားချို့တဲ့စွာနဲ့ တောထဲမှာ မလေးရှားစစ်သည်တွေဘယ်လောက်ထိတောင့်ခံထားနိုင်မလဲဆိုတာကိုတော့... File Size :(2.1GB)(960 MB) and (282MB) Quality :WEB-DL.1080P5.1Ch, 720p Format…mp4 Duration…01:43:00 Genre : Action,Adventure  , War Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo Encoded by Phyo Pyae
movie

Air Force The Movie (2022)

Better Man ( 2023 ) 6
Better Man ( 2023 ) အိမ်ထောင်တစ်ခုမှာ မိန်းမသားတွေဟာ အိမ်မှုကိစ္စလုပ် ၊ အမျိုးသားတွေကိုပြုစု ၊ ကလေးမွေး / ကလေးထိန်း ဖို့ပဲတာဝန်ရှိပြီး တစ်ခြားအလုပ်တွေလဲလုပ်စရာမလို လူမှုနယ်ပယ်ကိုလဲ ဝန်ဆံ့စရာမလိုဘူးဟု ထင်မှတ်ထားသူ စာရေးဆရာ - ဟူထျယ်နမ်ဒီလို အတွေးမျိုးကို ပုံသေတစ်ခုအဖြစ်မှတ်ထားတဲ့ ဟူထျယ်နမ်ဟာ သူအပြင်မှာ ပင်ပင်ပန်းပန်းအလုပ်တွေလုပ်ပေး မိသားစုအတွက် ငွေရှာပေးနေတာနဲ့တင် သူ့ရဲ့ ခင်ပွန်းဝတ္ထရား ကျေပွန်ပြီဟု ထင်မှတ်နေသူပါ ။ ဇနီးဖြစ်သူကိုလဲ အလုပ်လုပ်မခိုင်းသလို လူမှုနယ်ပယ်မှာလဲ ဝန်ဆံ့ဖို့ ပိတ်ပင်ထားပါတယ် ။ တစ်နေ့မှာတော့ ဟူထျယ်နမ် တစ်ယောက် အလုပ်သွားဖို့ ဓာတ်လှေကား စီးနေစဥ်အတွင်းမှာ မတော်တဆ ဖြစ်ကာ သူလက်ရှိနေနေတဲ့ လောကကြီးနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ နေရာဆီကို ချက်ချင်းဆိုသလို ရောက်ရှိသွားခဲ့ပါတော့တယ် ။အဲ့ဒီလောကမှာရှိတဲ့ မိန်းမသားတွေက အိမ်ထောင်ကိုဦးစီးပြီး ယောကျာ်းတွေက အိမ်မှုကိစ္စ အဖြာဖြာလုပ်ပြီး ကလေးမွေး ၊ ကလေးထိန်းအစရှိတဲ့ အလုပ်တွေကို လုပ်နေကြရပါတယ် ။ အစပိုင်းမှာ ဟူထျယ်နမ်တစ်ယောက် လက်မခံပဲ ဆက်ဆက်ထိမခံ ဆန့်ကျင်ခဲ့ပေမဲ့ မရခဲ့ချေပါဘူး ။ သူကိုယ်တိုင် မိန်းမသားတွေ လုပ်ကိုင်ကြရတဲ့ အရာတွေကို မျက်မြင်ကိုယ်တွေ့ ကြုံလာရတဲ့အခါမှာ ....?ဟူထျယ်နမ်တစ်ယောက် ...
movie

Better Man ( 2023 )

Big Joy Event ( 2023 ) 5.9
Big Joy Event ( 2023 ) အခုတစ်ခေါက် CM က Big Joy Event ဆိုတဲ့ ဟာသကားလေး တစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ကားပြင်ဆရာလီတကျွင်းနဲ့ လက်သည်းအလှပြင်သူ လျိုမိန်တို့ ချစ်သူနှစ်ယောက်ဟာ စေ့စပ်ပွဲနေ့မှာ မင်္ဂလာပွဲနေ့ကို သတ်မှတ်ခဲ့ကြတယ်။ တစ်ချိန်တည်းမှာပဲ လီတကျွင်းဟာ ယောက္ခထီးကြီးဖြစ်သူ လျိုခဲ့ကျန်ရဲ့ စိန်ခေါ်မှုကြီး တစ်ရပ်ကို လက်ခံခဲ့ရတယ်။ တင်တောင်းငွေ ၅ သိန်းတဲ့။လီတကျွင်းအတွက်တော့ နှစ်ဝက်အတွင်း ၅ သိန်းရဖို့က မဖြစ်နိုင်တဲ့ တာဝန်ကြီးတစ်ခုပါ။ ထိုနောက် လီတကျွင်းနဲ့ လျိုမိန်တို့ပူးပေါင်းပြီး လျိုခဲ့ကျန်ကို တိုက်စစ်ဆင်ပါတော့တယ်။လူငယ် နှစ်ယောက်က ရှေးဟောင်း အတွေးအခေါ်တွေကို ဘယ်လို ကျော်ဖြတ်ကြမလဲ...... သူတိုနှစ်ယောက် မင်္ဂလာပွဲကို အောင်မြင်စွားကျင်းပနိုင်ပါမလား...... ဆိုတာကို ဇာတ်လမ်းလေးနဲ့အတူ ရယ်မောကြည့်ရှုကြရအောင်နော်။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Romance Runtime : 1h 27 min Subtitle : Myanmar ...
movie

Big Joy Event ( 2023 )

The Last Client(2022) 6.7
The Last Client(2022) The Last Client(2022)******************** အတွေးအဆန်းတွေနဲ့အတူ လိုက်ပါစီးမျှောလို့ရမယ့် psycho crime thrillerကားကောင်းလေးတစ်ကားလာပါပြီ။ ဘယ်လိုအတွေးတွေလဲဆိုရင် လူအယောက်၂၀ရဲ့အသက်အတွက်ပြစ်ဒဏ်ကအသက်၁ချောင်းပြန်ပေးရမယ်ဆိုရင် ကျန်အသက်၁၉ခုကဘယ်မှာသွားတောင်းရမလဲဆိုတာမျိုး၊ ရှင်သန်ဖို့မဖြစ်နိုင်တဲ့ဘဝမလို့ အဆုံးသတ်ပေးလိုက်တာကမှ ဒုက္ခတွေကလွတ်မြောက်မယ်ဆိုတာမျိူး စတာတွေအပြင် စွန့်ပစ်ခံရတဲ့သူက ဘယ်လောက်အထိပြန်လုပ်နိုင်တယ်ဆိုတာမျိုးတွေကိုမြင်တွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ စိတ်ပညာရှင်ဖြစ်သူ ဆူဇန်နီဆီကိုမက် ဇီဒန်နုဆိုသူကသူ့အကြောင်းတွေပြောပြဖို့ သူခံစားနေရတာတွေအဆုံးသတ်ဖို့ရောက်လာခဲ့ပါတယ်။ ရိုးရိုးသားသားရောက်လာခဲ့တာမဟုတ်သလို သေချာအကွက်ချစီစဉ်ပြီးလာခဲ့တဲ့အပြင်သူဟာကွင်းဆက်လူသတ်သမားဖြစ်နေခဲ့ပါတယ်။ စိတ်ပညာရှင်နဲ့အမှုသည်တို့စကားတပြောပြောနဲ့ ဇာတ်လမ်းတစ်ခုလုံးတည်ဆောက်သွားတာမျိုးတွေ့ရမှာပါ။ သူတို့နှစ်ယောက်ကဘယ်လိုများဆက်နွယ်နေလဲဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုနိုင်ပါပြီ။ File Size :(1.7 GB) and (464 MB) Quality :WEB-DL1080P5.1Ch, 720p Format…mp4 Duration…01:35:00 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

The Last Client(2022)

Snow Falls (2023)
Snow Falls (2023)  Eden ဟာဆေးကျောင်းသူတစ်ဦးဖြစ်ပြီးအမေဖြသ်သူက မကြာသေးခင်ကကင်ဆာနဲ့ဆုံးပါးသွားတာဖြစ်လို့ သူငယ်ချင်းတွေကစိတ်ပြေလက်ပျောက်ဖြစ်အောင် အပျော်ခရီးထွက်ဖို့ခေါ်လာပါတယ်။ အပန်းဖြေမယ့်အိမ်ကြီးရောက်ပြီး နောက်နေ့မှာပဲ နှင်းမုန်တိုင်းကျလို့လျှပ်စစ်မီးပျက်ကာ သူငယ်ချင်းတစ်သိုက်အိမ်ထဲမှာသောင်တင်နေပါတယ်။ ဒါပေမယ့် အအေးဒဏ်ကပိုပိုဆိုးလာပြီး လျှပ်စစ်မီးကလည်း ရက်နဲ့ချီပြတ်တောက်နေလို့ စားစရာနဲ့အနွေးဓာတ်ရဖို့ခက်ခဲလာပါတယ်။ အဲဒီမှာပဲ သူငယ်ချင်းတွေတစ်ယောက်ပြီးတစ်ယောက် အာဟာရပြတ်လို့ ကယောင်ချောက်ခြားတွေဖြစ်လာချိန်မှာတော့ အားလုံးအသက်ရှင်လျက် ပြန်ထွက်နိုင်မလားဆိုတာ..File size…(1.09GB)  / (516.42MB) /263.69MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:19:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

Snow Falls (2023)

Cop Out(2010) 5.7
Cop Out(2010) Cop Out 2010=========== ဂျင်မီနဲ့ ပေါလ်တို့က နယူးယော့ခ်ရဲတပ်ဖွဲ့က စုံထောက်တွေပါသူတို့အတူတူ အလုပ်လုပ်ခဲတ့ာ ကိုးနှစ်ရှိပါပြီ စုံစမ်းရင်းနဲ့အမှားလုပ်မိတာကြောင့် တာဝန်က လစာမပေးဘဲ ရပ်နားခံလိုက်ရပါတယ်ဂျင်မီရဲ့ သမီးလေး အေဗာကလည်း ခြောက်လအတွင်းမှာလက်ထပ်တော့မယ် ဂျင်မီတစ်ယောက် တစ်ဦးတည်းသောသမီးလေးမင်္ဂလာဆောင်အတွက် ပိုက်ဆံပေးဖို့ မတတ်နိုင်ပါဘူးဂျင်မီအတွက် တစ်ခုတည်းသော အားကိုးစရာက သူ့အဖေထားခဲ့တဲ့အန်ဒီပက်ဖ်ကိုရဲ့ ရှားပါး ဘေ့စ်ဘောကတ်လေးပါ သူနှမြောပေမဲ့ရောင်းရပါတော့မယ် ကံဆိုးနေတဲ့ ဂျင်မီ ဘေ့စ်ဘောကတ်သွားရောင်းရင်း ဆိုင်ကို ဓားပြတိုက်ခံရပါတော့တယ် ဓားပြတိုက်သွားတဲ့ဆေးသမားက ကတ်ကို ဆေးဝယ်ဖို့ ရောင်းလိုက်ပါပြီ ဒီလိုနဲ့ ဂျင်မီနဲ့ပေါလ် နယူးယော့ခ် မူးယစ်ရာဇာပို့ဘွိုင်းနဲ့ ပတ်သက်မိပါတော့တယ်စုံထောက် ဂျင်မီနဲ့ ပေါလ်ရဲ့ ဘေ့စ်ဘောကတ်ပြန်ရှာမဲ့ စွန့်စားခန်းကြီးအဆင်ပြေပါ့မလား ဘယ်လိုတွေလွဲကြဦးမလဲဆိုတာကိုတော.. (အညွှန်းနဲ့ ဘာသာပြန်တော့ Phu Myat Thwe ပဲ ဖြစ်ပါတယ်)File size…1.51GB / 578MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 47m Genre ..... Horror , ...
movie

Cop Out(2010)

Hidden(2015) 6.4
Hidden(2015) Hidden (2015)===========IMDb - 6.4/10 Rotten tomatoes - 80%ဒီကားကတော့ သည်းထိတ်ရင်ဖို post-apocalypse ရုပ်ရှင်တွေကိုမှကြည့်ချင်တယ်ဆိုတဲ့ သူတွေအတွက် ကြည့်ကို ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ကင်းစ်ဗီးမြို့မှာနေတဲ့ သာမာန်မိသားစုလေးဖြစ်တဲ့ ရေးလ်၊ ကလာရာနဲ့သူတို့ရဲ့သမီးလေး ဇိုဝီတို့ဟာ သူတို့ရဲ့မြို့ငယ်လေးမှာ ဗိုင်းရပ်စ်ကူးစက်တဲ့ဖြစ်ရပ်ဆိုးကြီးဖြစ်ခဲ့အပြီးနောက်မှာ "ဘရီသာ" ဆိုတဲ့အမျိုးအမည်မသိသတ္တဝါတွေဆီကနေ ပုန်းနေဖို့အတွက် မြေအောက်ဗုံးခိုကျင်းထဲမှာပဲနေနေခဲ့ကြရတာ ရက်ပေါင်း 301 ရက်ရှိနေခဲ့ပါပြီ။ဒီအချိန်မှာသူတို့ရဲ့ ရိက္ခာတွေကိုလာခိုးတဲ့ ကြွက်တ‌စ်ကောင်ကို အကြောင်းပြုပြီးသူတို့ရဲ့ကံကြမ္မာကိုပြောင်းလဲသွားစေမဲ့ဖြစ်ရပ်ကြီးတခုဖြစ်သွားခဲ့ပြီးဘရီသာ" တွေကို သူတို့ရဲ့နေရာကိုဖော်ပြလိုက်မိသလိုဖြစ်သွားခဲ့ပါတယ်။ဒီတော့ "ဘရီသာ" ဆိုတဲ့ အမျိုးအမည်မသိသတ္တဝါတွေကပဲ သူတို့ကိုရှာတွေ့သွားမလား၊ "ဘရီသာ" တွေကရော ဘာသတ္တဝါတွေလဲ၊ ဗိုင်းရပ်စ်ကရောဘယ်လိုကူးစက်တာလဲ၊ သူတို့မိသားစုကရောလွတ်မြောက်သွားမှာလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့ post-apocalypseဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်ခင်ဗျ။ File size…1.16GB / 394MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 24m Genre ..... Horror , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Hidden(2015)

No content available

Genres

Archives