Channel Myanmar

Content at random


Movies

SEE ALL
The Return of the Sister-in-Law ( 2021 ) 6.1
The Return of the Sister-in-Law ( 2021 ) ြမ်းတာရမ်းတာလေးမှကြိုက်တယ်ဆိုတဲ့ CMပရိတ်သတ်ကြီးအတွက် အခုတင်ဆက်ပေးမဲ့ကားလေးကတော့ 2021ကထွက်ရှိတဲ့ တရုတ်အက်ရှင်ကားကောင်းလေးဖြစ်ပါတယ်အစ်ကိုဖြစ်သူနဲ့ ရိုးရိုးသားသားနေထိုင်နေတဲ့ မိန်းကလေးချင်းချိန် တစ်နေ့ကိုယ့်အစ်ကိုဖြစ်သူကို ကိုယ့်မျက်သိရှေ့တင်သတ်ပြီး ကိုယ့်ကိုပါစော်ကားသွားတဲ့အခါ ကလဲ့စားချေချင်စိတ်များပြီး လူဆိုးဂိုဏ်းတစ်ခုဆီရောက်သွားပါတော့တယ်နာမည်ကြီးဂိုဏ်းခေါင်းဆောင် ဟေးဟော်ဟာ တရားမဝင်မူးယစ်ဆေးတွေရောင်းပြီး လူငယ်တွေဘဝကိုဖျက်ဆီးနေသူပါ သူချစ်ရတဲ့ချစ်သူဟာလည်း သူ့ကိုကာကွယ်ရင်း အသတ်ခံလိုက်ရပါ တော့တယ်ချင်းချိန်ဟာ ဟေးဟော်ရဲ့အရင်ချစ်သူနဲ့တစ်ပုံစံထဲတူနေသောအခါ ချင်းချိန်ကိုတိုက်နည်းခိုက်နည်းတွေ ကိုယ်တိုင်သင်ပေးရင်း အနားမှာခေါ်ထားလိုက်ပါရော ဒါပေမဲ့အရင်ထဲက ရိုးသားသူချင်းချိန်ဟာ ဒီလိုမကောင်းမှုတွေထဲ သူဘယ်လိုနေထိုင်မလဲ? လျှိဝှက်ချက်တွေ သိသွားချိန်မှာရော ဘာတွေဆက်ဖြစ်မလဲ? ဓမ္မနဲ့အဓမ္မမှာ ဘယ်ဟာအနိုင်ရမလဲ?ကဲဇာတ်လမ်းလေးထဲစောင့်ကြည့်ရအောင်နော် မှော်တွေသိုင်းတွေမကြိုက်ဘဲ တိုက်တာခိုက်တာ သီးသန့်ကြိုက်တဲ့လူတွေအတွက်တော့ ကြည့်ကောင်းတဲ့ကားလေးတစ်ကားပါ Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Action , Crime Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Return of the Sister-in-Law ( 2021 )

Assembly(2007) 7.3
Assembly(2007) Assembly(2007)=============ဒီဇာတ်ကားလေးဟာဆိုရင် ၁၉၄၈ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့တရုတ်ပြည်တွင်းတိုက်ပွဲ [ဟွိုင်ဟိုင်စစ်ပွဲ]ကို အခြေခံပြီးရိုက်ကူးထားတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)နဲ့အမျိုးသားတော်လှန်ရေးတပ်မတော်(NRA)တို့အပြန်အလှည်အကြိတ်အနယ်တိုက်ခိုက်ကြစဥ်အချိန်ကာလတစ်ခု...။တစ်ချိန်ထဲမှာပဲ တပ်ရင်းမှူးကူဇီတိနဲ့ သူ့လက်အောက်မှာရှိတဲ့တပ်သား ၄၆ ယောက်ဟာ ရှေ့တန်းကိုခုခံကာကွယ်တိုက်ခိုက်ဖို့အတွက်ဝမ့်မြစ်ကမ်းနံဘေးကို တာဝန်ပေးစေလွှတ်ခြင်းခံလာရပါတော့တယ်။"တပ်သားတွေ တပ်ဆုတ်ဖို့အတွက် တပ်ပြန်လည်စုဝေးဖို့အချက်ပေးခရာသံမမှုတ်သရွေ့ တိုက်ပွဲမှာ တစ်ဦးတစ်ယောက်ထဲကျန်ရစ်ခဲ့ရင်တောင်မှရှေ့ဆက်ပြီးတော့တိုက်ရမယ်"-လျိုဇယ်ရွှိန်-စစ်သားဆိုသည့်အတိုင်း တစ်သွေး တစ်သံ တစ်မိန့် နာခံကြရသည်မဟုတ်ပါလော?တပ်ဆုတ်ဆိုသည့် အမိန့်ရမှ တပ်ကိုဆုတ်ကြရသလို/တပ်မဆုတ်ပဲအသေခံကာရှေ့တန်းကနေ ပိတ်ဆို့ကာကွယ်ဆိုတဲ့ အမိန့်ရလျှင်လည်းအသက်ကိုပင် ပဒါနမထားတိုက်ခိုက်ကြရပါတယ်။ကဲ...ဒါဆိုရင်❏တပ်ရင်းမှူးကူဇီတိနဲ့ သူ့လက်အောက်ကရဲဘော်တွေအချက်ပေးခရာသံကိုကြားပြီး အန္တရာယ်ကင်းကင်းနဲ့ ပြန်လာနိုင်ပါ့မလား❏တပ်ပြန်ဆုတ်ဖို့အတွက် အချက်ပေးခရာကရောမှုတ်ပါ့မလား?ဒါဆိုရင်ရော သူတို့တပ်ရင်းရန်သူတွေကိုဘယ်လိုရင်ဆိုင်ကြမလဲ?ဘာတွေဘယ်လို ဖြစ်သွားကြမလဲဆိုတာ ဒီဇာတ်ကားလေးမှာစိတ်ဝင်စားဖွယ် ရင်တထိတ်ထိတ်ကြည့်ရှုရအောင်လားရှင်ဒီဇာတ်ကားလေးက ၂၀၀၇ ခုနှစ်ကထွက်ရှိတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး Rating8.0 အထိရရှိခဲ့တဲ့ဇာတ်ကားလဲဖြစ်ပါတယ်။ဒါ့အပြင် 2008 Hundred Flowers Awards နဲ့2009 Golden Rooster Awards ဆုပေးပွဲတွေမှာအကောင်းဆုံးရုပ်ရှင်ဆုတွေကို ရရှိခဲ့တဲ့ကားဖြစ်လို့လုံးဝလက်မလွှတ်သင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်နော်။ ။   File Size : 3.82 GB  ,  1.66 GB Quality : Blu-Ray 1080P 5.1 CH ...
movie

Assembly(2007)

York Witches Society (2022) 4.1
York Witches Society (2022) ဒီတစ်ခါတော့ ပရိသတ်ကြီးကို လိုက်တွေးကြည့်လို့ကောင်းမဲ့ စုံထောက်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် သိဖို့လည်း ခက်ခဲသလို လိုက်စဉ်းစားဖို့လည်း ကောင်းမဲ့ ကားကောင်းလေးတစ်ကာပါပဲ ချယ်ရီစပရင်းဆိုတဲ့ မြို့လေးကို မဲလ်ဆိုတဲ့ မှုခင်းစုံစမ်းရေးသတင်းထောက်လေးက ပြန်လာနေတာနဲ့ ဇာတ်လမ်းလေးကို အစပြုထားခဲ့တာပါ မွေးရပ်မြေဖြစ်တာနဲ့အညီ တွေ့တွေ့သမျှလူတွေကလည်းသူ့ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေချည်းပါပဲ သူကတော့ သူရေးလိုက်တဲ့ ဆောင်းပါးတစ်ခုကြောင့် စက်ရုံကြီးတစ်ရုံပိတ်သွားပြီး အလုပ်သမားတွေအလုပ်လက်မဲ့ဖြစ်သွားတာကြောင့် ဘော့စတွန်ကိုပြောသွားခဲ့တဲ့သူလေးပါ အဲဒီလိုနဲ့ သူပြန်ရောက်ပြီး မကြာခင်မှာပဲ သူ့ရဲ့ ကလေးဘဝထဲကသူငယ်ချင်း တိုနီဆိုတဲ့တစ်ယောက်က သူ့မိန်းမ ရေချယ်နဲ့ ရန်ဖြစ်ပြီး ပျောက်သွားခဲ့တာပါ အဲဒီ ချယ်ရီစပရင်းမြို့လေးကိုပဲ နယူးယောက်က ဂျိတ်ဆိုတဲ့ စုံထောက်ကြီးကလည်း ပြောင်းလာခဲ့တာမကြာသေးပါဘူး အဲဒီလိုနဲ့ တိုနီပျောက်သွားတဲ့အမှုကို စုံထောက်ကြီးရော သူ့ရဲ့သူငယ်ချင်းက မဲလ်ကရော လိုက်စုံစမ်းပါတယ် ဂျိတ်ကတော့ မဲလ် အမှုလိုက်စုံစမ်းတာကိုမကြိုက်ပေမဲ့လည်း သူ့ထက်တော်နေတော့ အောင့်သက်သက်နဲ့ ကြည့်နေရတာပါ လိုက်ရင်းနဲ့မှာ အမှုကို တစ တစ ဆွဲထုတ်မှုရင်း ...
movie

York Witches Society (2022)

6/45 (2022) 7.5
6/45 (2022) 6/45 (2022)IMDb - 7.5/10ပိုစတာထွက်ကတည်းက တမျှော်မျှော်ဖြစ်ခဲ့ရတဲ့ကားလေး နောက်ဆုံးတော့ ထွက်လာပါပြီတောင်ကိုရီးယားနဲ့မြောက်ကိုရီးယားအချစ်ဇာတ်လမ်းတွေပဲကြည့်နေရတာ ရိုးနေတဲ့သူတွေအတွက် 6/45 ကတော့ တောင်မြောက်ကိုရီးယားနှစ်နိုင်ငံကြားက ဟာသကားလေးလို့ ပြောလို့ရပါတယ်ပေါက်ရင် ဆုကြေးငွေ သန်းပေါင်း ၅၇၀၀ ကျော်ကို ရရှိနိုင်မယ့် ထီလက်မှတ်လေးတစ်စောင်ဟာ ကံစီမံရာကိုလိုက်ပြီး လမ်းဘေးအရက်ဆိုင်ကနေ တောင်ကိုရီးယားစစ်တပ်ထဲက တပ်ကြပ်ကြီး ဘတ်ချွန်းဝူရဲ့ လက်ထဲအထိ ရောက်လာခဲ့ပါတယ်ဒီလိုနဲ့ ဘတ်ချွန်းဝူရဲ့လက်ထဲမှာ ဒီထီလက်မှတ်လေးဟာ သန်းပေါင်း ၅၇၀၀ အထိ ရရှိမယ့် ထီပထမဆုကြီးကို ဆွတ်ခူးလိုက်ပြီးတဲ့နောက် ကံစီမံရာအတိုင်း လေဟုန်စီးပြန်ပါလေရောတောင်မြောက်နယ်နိမိတ်စည်းမှာ ကင်းစောင့်နေတဲ့ တပ်ကြပ်ဘတ်ချွန်းဝူရဲ့လက်ထဲကနေ လွတ်ထွက်လာတဲ့ ဒီထီလက်မှတ်လေးကတော့ မြောက်ကိုရီးယားဘက်ကို ရောက်ရှိသွားခဲ့တဲ့နောက်...ပြဒါးတစ်လမ်း သံတစ်လမ်းလိုဖြစ်နေတဲ့ တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံရဲ့ စစ်တပ်နှစ်ခုကြားမှာ ပဋိပက္ခတွေပဲ ဖြစ်လာမလား၊ ဒါမှမဟုတ် ဒီထီလက်မှတ်အကြောင်းကို သိနေကြတဲ့ နှစ်နိုင်ငံကစစ်သားတွေ အချင်းချင်းပေါင်းစည်းသွားမလားသေချာတာကတော့ တောင်ရောက်လိုက်မြောက်ရောက်လိုက်ဖြစ်တဲ့ ထီလက်မှတ်လေးရဲ့ နောက်ဆုံးအခြေချရာနေရာကို ပါးစပ်မစေ့တမ်း ရယ်ရင်းမောရင်း စောင့်ကြည့်ရမှာဖြစ်ပါတယ်အားလုံးစောင့်မျှော်နေကြတဲ့ကားဖြစ်လို့ အခုပဲ လက်မလွှတ်တမ်း ကြည့်ရှုလိုက်ကြပါဦးမင်းသားတွေကလည်း ပရိသတ်အကြိုက် ဒိတ်ဒိတ်ကြဲ မင်းသားတွေပဲမို့ ကြည့်ရတာ အားရစရာပါ။Love ...
movie

6/45 (2022)

2022
Aa Ammayi Gurinchi Meeku Cheppali (2022) 6.4
Aa Ammayi Gurinchi Meeku Cheppali (2022) Aa Ammayi Gurinchi Meeku CheppaliIMDb-6.4/10ဒီတစ်ခါ CM ပရိသတ်ကြီး ရှုစားရမှာကတော့ Uppena နဲ့ ပရိသတ်ရင်ထဲရောက်လာတဲ့ မင်းသမီးချောလေးပါ၀င်ထားတဲ့ အချစ်ဇာတ်ကားကောင်းလေးပါရိုက်သမျှ ကြော်ငြာတွေ တစ်နှစ်တည်း 6 ကြိမ် ဆက်တိုက်ပေါက်လာတဲ့ တက်သစ်စလူငယ်ဒါရိုက်တာ နာဗင်းတစ်ယောက် တစ်နေ့ သူ့ပရိုဂျူဆာအိမ်က အပြန် အမှိုက်ကားနဲ့တိုက်မိပြီး လွန်ခဲ့တဲ့ 6 နှစ်လောက်က ရိုက်ခဲ့ဟန်တူတဲ့ ဖလင်ဟောင်းလေး တစ်ခု ကောက်ရခဲ့တယ်ဖလင်ထဲမှာပါတဲ့ ကောင်မလေးရဲ့ ရုပ်ရည်နဲ့သရုပ်ဆောင်ကို ကြွေသွားပြီး သူ့ရဲ့ပွဲဦးထွက် ရုပ်ရှင်မှာ ခေါင်းဆောင်မင်းသမီး‌တင်ရိုက်ဖို့ လိုက်ရှာတော့တာပေါ့ဒါပေမယ့် ဖြစ်ချင်တော့ မင်းသမီးက ရုပ်ရှင်မရိုက်ဖူးတဲ့အပြင် ရုပ်ရှင်ကို တစ်ခါမှမကြည့်ဖူးတဲ့ မျက်စိဆရာ၀န်တစ်ယောက် ဖြစ်နေတယ် မင်းသမီးအပါအ၀င် မင်းသမီးရဲ့မိသားစုကပါ ရုပ်ရှင်ဆိုတဲ့ စကားကို မကြားချင်လောက်အောင် ခါးခါးသီးသီး မုန်းနေကြတယ်ရုပ်ရှင်ခါးခါးသီးသီးမုန်းတဲ့သူကို ခေါင်းဆောင်မင်းသမီး တင်ရိုက်‌နိုင်အောင် တက်သစ်စ ဒါရိုက်တာလေး ဘယ်လိုကြိုးစားမလဲ ရုပ်ရှင်မုန်းတဲ့သူက ဘယ်လိုလုပ် ဖလင်ထဲမှာ ပါနေတာလဲဆိုတော့ ပရိသတ်ကြီးပဲ ကြည့်ရှုခံစားကြည့်ပါတော့ File size…2.09GB / 924MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 22m Subtitle….Myanmar ...
movie

Aa Ammayi Gurinchi Meeku Cheppali (2022)

2022
Scooby-Doo! Camp Scare (2010) 7.2
Scooby-Doo! Camp Scare (2010) Scooby-Doo! Camp Scare (2010) ======================= IMDb Rating - 7.2/10မိုးအေးအေးမှာ ငယ်ငယ်က အသဲစွဲကြိုက်ခဲ့ရတဲ့ စကူဘီ-ဒူဘီ-ဒူးရဲ့ ဇာတ်လမ်းလေးကို ပြန်ကြည့်ရင်း memory recall ပြန်လုပ်လိုက်ရအောင်လား...ဇာတ်လိုက်ကျော်ကြီး စကူဘီဒူး၊ ရှက်ဂီ၊ ဗယ်မာ၊ ဒက်ဖနီ တို့ လေး ယောက်သားက ဖရက်ဒီရဲ့ ငယ်ငယ်တုန်းက အမြဲသွားခဲ့တဲ့ လစ်တဲမုစ်ဆိုတဲ့ စခန်းကို သွားလည်ကြမယ့်သူတွေပေါ့။ လစ်တဲမုစ် ဆိုတာ ယုံတမ်းစကားတွေ၊ ဒဏ္ဍာရီတွေ၊ သရဲပုံပြင်တွေနဲ့ ပြည့်နေတဲ့ နေရာတစ်ခုဖြစ်ပြီး မြို့ပြနဲ့ ကွဲထွက် နေတဲ့ နေရာတစ်ခုပါ။အဲဒီစခန်းငယ်လေးမှာ စခန်းချသွားကြရင်း လုခ်၊ ထရူဒီ နဲ့ ဒီကွန်ဆိုတဲ့ ကလေး သုံးယောက်နဲ့ တွေ့ပြီး စခန်းကို ခြောက်လှန့်နေတဲ့ ဝုစ်မန်း၊ ဖစ်ရှ်မန်း နဲ့ အရိပ် တောင်ကြားတစ္ဆေဆိုတဲ့ မကောင်းဆိုးဝါးသုံးကောင်နဲ့ ရင်ဖိုဖွယ် နှစ်ပါးသွား ဇာတ်လမ်းတစ်ပုဒ်ကို ကြည့်ရှူ့ရမှာပဲ ဖြစ်ပါတယ်။ အသည်းခိုက်အောင် ကြောက် တတ်တဲ့ စကူဘီဒူးနဲ့ ရှက်ဂီတို့ ဘော်ဘော်နှစ်ယောက်နဲ့တင် ဒီဇာတ်ကားကို ကြည့်ဖို့က ပြည့်စုံနေပြီမို့ အများကြီး ...
movie

Scooby-Doo! Camp Scare (2010)

2010
Unthinkably Good Things (2022) 5.4
Unthinkably Good Things (2022) Unthinkably Good Things (2022)စစ်မှန်တဲ့သူငယ်ချင်းတွေရှိရင် ဘဝကြီးက ပြီးပြည့်စုံတယ်ဆိုတာကို ကြည်နူးစရာ ကြည့်ရှူရမယ့် ဇာတ်ကားဖြစ်ပါတယ်။မယ်လီနာ၊ အယ်လီဆန်နဲ့ ရီဆာက အရမ်းချစ်တဲ့ ငယ်သူငယ်ချင်းသုံးယောက်ဖြစ်ကြပါတယ်။ အသက်တွေရလာတော့ မယ်လီနာက စားသောက်ဆိုင်ပိုင်ရှင်ဖြစ်သွားပြီး အယ်လီဆန်ကတော့ အီတလီက တက္ကသိုလ်တစ်ခုမှာ ဧည့်သည်ပါမောက္ခအဖြစ် စာသင်ကြားနေပါတယ်။ ရီဆာကတော့ ကလေးယူဖို့ ကြိုးစားနေတဲ့ အငြိမ်းစားဗိုလ်ကြီးပေါ့။တစ်နေ့တော့ ရီဆာနဲ့ မယ်လီနာတို့တစ်တွေ မတွေ့ရတာသုံးနှစ်ရှိပြီဖြစ်တဲ့ အယ်လီဆန်ရှိရာ အီတလီကို အပန်းဖြေခရီးထွက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ငယ်သူငယ်ချင်းတွေပြန်ဆုံကြတော့ ပျော်စရာကောင်းပေမယ့် ပြောင်းလဲသွားတဲ့ ဘဝအခြေအနေတွေ၊ စိတ်မလုံခြုံမှုတွေနဲ့ သဘောထား မတိုက်ဆိုင်မှုတွေကို ညှိနှိုင်းကြရင်း တစ်ဦးကိုတစ်ဦး ဘယ်လို အားပေးကူညီကြရမလဲဆိုတာ သူငယ်ချင်းကောင်းရှိသူတိုင်း ကိုယ်တိုင်ကြုံတွေ့နေရသလို ကြည့်ရှုခံစားရမှာပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က May Myat Thu ပါ။)File Size          : 2.3GB, 917MB, 453MB Quality      ...
movie

Unthinkably Good Things (2022)

2022
John Wick: Chapter 2(2017) 7.5
John Wick: Chapter 2(2017) ဂျွန်ဝစ်ခ် ၂ မှာတော့ သူ့ရဲ့ကားကို လူဆိုးဂိုဏ်းဆိုကနေ မရရအောင် ပြန်လိုက်ယူတာကနေ စပါတယ်။ကားပြန်ယူအပြီးမှာတော့ မူလရည်ရွယ်ချက်အတိုင်း အနားယူဖို့ အိမ်ပြန်လာပါတော့တယ်။ဒါပေမယ့် အနားယူချိန်ဟာ မကြာခဲ့ပါဘူး။ သူအတိတ်က အနားယူခွင့်ရဖို့ လုပ်ပေးခဲ့တဲ့နာက်ဆုံးအလုပ်ကို ကူညီပေးခဲ့တဲ့သူက သူ့အတွက် အလုပ်လုပ်ပေးဖို့အကြွေးပြန်လာတောင်းပါတော့တယ်။ ဂျွန်ဝစ်ခ်ကို အကြပ်ကိုင်ပြီးလူသတ်ခိုင်းတဲ့အပြင် အလုပ်အပြီးမှာ ရှင်းပစ်ဖို့ပါ ကြိုးစားခဲ့ပေမယ့်ပြန်လွတ်မြောက်သွားတဲ့ အချိန်မှာတော့ သိတဲ့အတိုင်းပဲ အဲ့ဘဲ အကြောင်း...... :3 :3 :3(ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်)File Size :(2.2GB) (962MB) Quality : Blu-Ray  720 P Format…mp4 Duration…02:02:00 Genre : Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Phyo Pyae
movie

John Wick: Chapter 2(2017)

2017
John Wick(2014) 7.3
John Wick(2014)  John Wick(2014)JOHN WICK ဆိုတဲ့သူဟာ ကြေးစားလူသတ်သမားတစ်ယောက်....ကြေးစားလူသတ်သမားလောကတင်မဟုတ်ဘူး...ရဲဘက်ကတောင် JOHN WICK ဆိုတဲ့သူကိုထိတ်လန့်ကြောက်ရွ့ံ့နေတယ်လို့ပြောရမည်ထင်သည်....လူသတ်လက်နက်ပေါင်းစုံနဲ့အပစ်အခတ်တွေ၊သွေးသံရဲရဲတွေနဲ့ လောကငရဲကြားကနေချစ်ခြင်းမေတ္တာအရင်းခံပြုပြီး မိန်းကလေးတစ်ယောက်ကJOHN WICK ကိုနွေးထွေးတဲ့သီးခြားကမ္ဘာငယ်လေးဆီခေါ်ဆောင်လာခဲ့တယ်..JOHN WICKကြီးအတွေ ပျော်စရာနေ့ရက်တွေပေါ့..သို့ပေမယ့် သူကြာကြာကံမကောင်းခဲ့ရှာဘူး....JOHN WICK ရဲ့ အမျိုးသမီးဟာ ကင်ဆင်ရောဂါနဲ့ဆုံးပါးသွားတယ်...တစ်ယောက်တည်းအထီးကျန်မနေပဲ သူမကိုယ်စား ဒီခွေးလေးကို ဂရုစိုက်ပါ၊ချစ်ပါလို့စာရေးခဲ့ရင် ခွေးလေးတစ်ကောင်ကိုထားခဲ့တယ်...ခြောက်ကပ်လုဆဲဆဲ JOHN WICK ရဲ့ ကမ္ဘာလေးထဲမှာ သူ့ရဲ့ခွေးလေးက နောက်ဆုံးလက်ကျန် အစွမ်းအဆမဲ့သံယော်ဇဉ်အမျှင်တန်းလေးတစ်ခုပါပဲ...တစ်နေ့တော့ ရုရှားမာဖီးယား ဂိုဏ်းက လူငယ်သုံးဦးက John Wick စီးတဲ့ 69 Mustang ကြီးကို တွေ့သွားပြီးလိုချင်လို့ ဝင်ခိုးရာကနေ John ရဲ့ ခွေးလေးကို ပါသတ်ပစ်ခဲ့ပါတယ်။ခွေးတော့ခွေးပါပဲ..ဒါပေမယ့် ဒီခွေးက JOHN WICK ရဲ့ခွေးဖြစ်နေတယ်....အဲ့ဒီနောက်မှာတော့ဇာတ်လမ်းက သာမန် Revenge ဇာတ်ကားဖြစ်ပေမယ့် အက်ရှင် အရမ်းကောင်းသလို ဇာတ်ရှိန်အတက်အကျ မှန်တာကြောင့်ပရိတ်သတ် အနေနဲ့ လုံးဝမပျင်းရပါဘူး။ တစ်ကားလုံး စိတ်ဝင်စားဖို့ ...
movie

John Wick(2014)

2014
Cop Secret (2021) 6.6
Cop Secret (2021) Cop Secret (2021)(1080p ရပါပြီ)Iceland ရဲတပ်ဖွဲ့ရဲ့ ခေါင်းအမာဆုံး ရဲ ဖြစ်တဲ့ ဘူစီနဲ့ ဟော်ဒါတို့အတူ ဓားပြတိုက်မှုတွေကျူးလွန်ထားတဲ့ အဖွဲ့တစ်ခုကို အတူစုံစမ်းစစ်ဆေးဖို့ဖြစ်လာခဲ့ပါတယ်။တစ်ဖက်ဓားပြအဖွဲ့က ခေါင်းဆောင်ဖြစ်သူ ရီကီကလည်း ထင်မထားစရာပရောဂျက်ကြီးတွေနဲ့ လောကကိုချုပ်ကိုင်ဖို့စီစဉ်ထားသူတစ်ဦးဖြစ်တာမို့ လွယ်ကူလှတဲ့ မစ်ရှင်တော့မဟုတ်ပါဘူး။အကြင်နာတရားမဲ့တဲ့ ရီကီရဲ့ လုပ်ငန်းအစီအစဉ်တွေကို သူတို့နှစ်ဦးအပါ ရဲတပ်ဖွဲ့ဝင်တွေ ဘယ်လိုကြိုးစားတားမြစ်မလဲ? ထောင်သောင်းချီတဲ့ ပြည်သူတွေကိုရော ရီကီလက်ထဲကကယ်ထုတ်နိုင်ပါ့မလား? ဆိုတာကိုတော့ ခေါင်းဆောင်မင်းသမီးတစ်လက်မှမပါဘဲ ဘဲကြီးနှစ်ယောက်တင် တအားချစ်ကြတဲ့ ဇာတ်လမ်းကောင်းလေးမှာ ဆက်လက်ရှုစားလိုက်ကြပါဦး(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Hae Areum ပါ။)File Size          : 2.1GB, 656MB, 318MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format        ...
movie

Cop Secret (2021)

2022
10 Tricks (2022) 18+ 6.2
10 Tricks (2022) 18+ ကဲ ပရိသတ်ကြီးရေ ဒီတစ်ခါတော့ လှည့်ကွက်ကြီး ၁၀ခုအကြောင်းကို တင်ဆက်ပေးလိုက်ပါပြီ ရုပ်ရှင်လေးကတော့ အဖြူ အမဲ ကားလေးပါပဲ လှည့်ကွက်ကြီး ၁၀ခုဆိုလို့ ပိုက်ဆံလိမ်တာတို့ ဘာတို့တွေအထိ မတွေးလိုက်ကြပါနဲ့ အနီးအနားက ကိစ္စလေးတွေကိုပဲ တွေးလိုက်ကြပါ ယောကျာ်းထုကြီးအတွက် ကတော့ ကြည့်လို့လည်းကောင်းသလို ပညာတွေလည်းတစ်လှေကြီးရနိုင်မဲ့ ကားလေးပါပဲ အဲ အိမ်ထောင်ရှင် မမများအတွက်တော့ ကိုယ့် ယောကျာ်းထက်ခြေလှမ်း တစ်လှမ်းသာနေချင်ရင် ဒီကားလေးကိုကြည့်ပြီးသာ ပညာယူထားရမှာပါ ဟုတ်ကဲ့ ဒီရုပ်ရှင်ရဲ့ အဓိက လှည့်ကွက်ကြီး ၁၀ခုကတော့ ပြည့်တန်ဆာအိမ်မှာ ယောကျာ်းတွေလုပ်လေ့ လုပ်ထရှိတဲ့ အကြောင်းတွေပါပဲ အဲဒါအပြင် အိမ်တိုင်ရာရောက်ဝန်ဆောင်မှုပေးတဲ့ အကြောင်းလေးတွေရယ် အမ်းနိုင်သမျှအမ်းလွန်းတဲ့ မမကြီးတွေရဲ့ နှင်းဆီခိုင်လေးတွေအကြောင်းရယ်ကို သဘာဝကျကျ အဖြစ်ကိုအဖြစ်အတိုင်း ရိုက်ပြထားတဲ့ကားလေးဖြစ်ပါတယ် (ဘာသာပြန်နေရင်းတောင် ငယ်ငယ်က သူငယ်ချင်းကိုသတိရမိသွားတဲ့အထိပါပဲ)အဲဒီတော့ ဇာတ်လမ်းရယ်ဆိုတာတော့ သေချာမရှိဘဲ ဖြစ်တတ်တဲ့သဘောတရားတွေကို ရိုက်ပြထားတာမို့လို့ တစ်ကားတည်းနဲ့ ဇာတ်လမ်းပေါင်း များစွားကို အဝကြီးကြည့်ရှုရမှာပါ ...
movie

10 Tricks (2022) 18+

Dead for a Dollar (2022) 4.9
Dead for a Dollar (2022) Dead for a Dollar (2022)Christoph Waltz နဲ့ Willem Dafoe တို့လို Legend ကြီး ၂ယောက်ကို တွဲမြင်ရမယ့် Western ကားလေးပါ။ Western Thriller ကားမို့ Western ကား ကြိုက်တဲ့လူတွေ အကြိုက်တွေ့ကြမှာပါ။ 79 ကြိမ်မြောက် ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာလည်း ပြခဲ့ပါသေးတယ်။Waltz က အလိုရှိလူဆိုးတွေကို ဖမ်းပြီး သတ်ပြီး ဆုကြေးရယူနေတဲ့ ဆုကြေးစားပါ။ တစ်နေ့ကျ သူ့ကို သူဌေးတစ်ယောက်က အလုပ်တစ်ခုအပ်လာပါတယ်။ တပ်ပြေးတစ်ကောင်က သူ့မိန်းမကို ပြန်ပေးဆွဲပြီး ဟိုဘက်နယ်စပ်ခေါ်သွားပြီး ပြန်ပေးငွေတောင်းလာလို့ပါ။ ဒီလိုနဲ့ သူဌေးကောင်က Waltz ကို ငှားပြီး သူ့မိန်းမကို သွားပြန်ခေါ်ခိုင်းပါတယ်။ တပ်ပြေး ဘယ်မှာနေလဲသိတဲ့ တပ်ပြေးရဲ့ သူငယ်ချင်းကိုလည်း အဖော်ထည့်ပေးလိုက်ပါတယ်။ ဟိုရောက်တော့ တပ်ပြေးက ဟိုက တစ်မြို့လုံးကို ပိုင်တဲ့ လူဆိုးတွေနဲ့ ...
movie

Dead for a Dollar (2022)

2022
Jeepers Creepers Reborn (2022)
Jeepers Creepers Reborn (2022) ဒီတစ်ခါတော့ Horrorကြိုက်နှစ်သက်သူများအတွက် ဇာတ်ကားလေးတစ်ကားညွှန်းပေးပါရစေ Jeepers Creepersကြိုက်နှစ်သက်သူတွေအတွက် ကြည့်လို့ကောင်းမယ့်ဇာတ်ကားလေးဆိုရင်လဲမမှားပါဘူးဇာတ်လမ်းလေးကိုအမြည်းပေးရရင် ချေ့စ်နဲ့လိန်းတို့က သမီးရည်းစားစုံတွဲတွေပေါ့ ချေ့စ်က ဒီလောကကြီးမှာ ခရီပါရှိတယ်ဆိုတာယုံကြည်နေတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့ကောင်မလေးလိန်းကတော့ ဒါဟာလူတွေလုပ်ကြံဖန်တီးပြီးပြောကြတာပါလို့ထင်နေသူပါတစ်နေ့ချေ့စ်က လိန်းကို Horror Houndပွဲတော်ကိုခေါ်သွားခဲ့ရာမှ အဲ့ဒီနေရာမှာလိန်းရဲ့ခေါင်းထဲကိုမျှော်လင့်မထားတဲ့ သေခြင်းတရားအနိဌာရုံတွေရောက်လာပါတော့တယ် ဘာကြောင့်လိန်းရဲ့မှတ်ဉာဏ်ထဲမှာဒီလိုအနိဌာရုံတွေပေါ်လာတာလဲ ခရီပါဆိုတဲ့ ဒဏ္ဍာရီလာသတ္တဝါကြီးနဲ့ရောဘယ်လိုတွေပတ်သက်ဆက်နွယ်နေလဲ ၂၃နှစ်မှာတစ်ကြိမ်ပေါ်လာတတ်ပြီး လူတွေကိုအစုလိုက်အပြုံလိုက်သတ်တတ်တဲ့ခရီပါကရော တကယ်ရှိလားဆိုတာ.. ဒီဇာတ်လမ်းလေးမှာ ရင်တထိတ်ထိတ်နဲ့စောင့်မျှော်ကြည့်ရှုပေးကြပါဦး... File size…1.6GB / 761MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & Sora
movie

Jeepers Creepers Reborn (2022)

2022
Mona Lisa and the Blood Moon (2022) 6.2
Mona Lisa and the Blood Moon (2022)  ဒီတစ်ခါ ပရိသတ်ကြီးကို တင်ဆက်ပေးမှာကတော့ စိတ်အမောပြေစေမဲ့ ကားလေးတစ်ကားပါပဲ မွန်နာလီဆာ ဆိုရင် မသိတဲ့သူမရှိသလောက်ပါပဲ ဒီကားထဲက မွန်နာလီဆာလေးကတော့ ကိုရီးယားသူလေးဖြစ်နေတာပါ ထူးခြားတာက သူ့မှာ လူတွေရဲ့စိတ်ကို ထိန်းချုပ်ပြီး သူလိုချင်တာကို ခိုင်းနိုင်တဲ့ အစွမ်းသတ္တိရှိနေတာပါပဲ သူ့ကို ဆယ်ကျော်သက် စိတ္တဇရောဂါသည် ထိန်းသိမ်းရေး ဆေးရုံမှာ ၁၂နှစ်ကြာ ထိန်းသိမ်းထားရာကနေ လပြည့်နေ့တစ်ညမှာ သူ့ကို လက်သည်းခြေသည်းညှပ်ပေးတဲ့သူကို စိတ်နဲ့ထိန်းချုပ်ပြီး ကိုယ့်ကိယ်ကို ဓားနဲ့ထိုးအောင်လုပ်ခဲ့တာပါ အဲဒီဆေးရုံးကနေ သူလွတ်သွားလို့ ခြေဦးတည့်ရာလျှောက်သွားရင်း ဖော်ချွတ်ကလပ်က အကမယ် ဘွန်နီဘဲလ်ဆိုတဲ့ တစ်ယောက်ကို ဘာဂါဆိုင်တစ်ဆိုင်မှာ ကူညီပေးရာကနေ အကမယ်က သူ့ကို အိမ်ခေါ်သွားခဲ့တာပါ သူ့ရဲ့ အစွမ်းကိုသိသွားတဲ့ အကမယ် ဟာ သူ့အစွမ်းတွေသုံးပြီး ပိုက်ဆံတွေ လိုက်လိမ်ပါတော့တယ် အဲဒီလိုနဲ့ အလိမ်ခံလိုက်ရတဲ့သူတွေက ရဲစခန်းကိုလာတိုင်တဲ့အချိန်မှာပဲ သူကပျောက်သွားတဲ့ စိတ်ရောဂါသည်ဆိုတာကို သိသွားပြီး ရဲတွေကအသည်းအသန်လိုက်ဖမ်းတော့တာပါပဲ အဲဒီလိုလိုက်ဖမ်းတဲ့အချိန်မှာ သူလွတ်အောင်ပြေးနိုင်မလား အကမယ်ကရော ...
movie

Mona Lisa and the Blood Moon (2022)

Mom Is Pregnant (2021) 5.7
Mom Is Pregnant (2021) ဒီတစ်ခါတော့ ဇာတ်ကားတွေထဲမှာ မြင်ရခဲဖြစ်တဲ့ အီဂျစ်မိသားစု ဟာသဇာတ်မြူးလေးကိုတင်ဆက်ပေးလိုက်ပါတယ် မိသားစုတစ်စုမှာ အိမ်ရဲ့ဆည်းလည်းလေးတွေဖြစ်တဲ့ ကလေးလေးတွေက အရေးပါလှပါတယ်ကာမယ် မိသားစုရဲ့ အိမ်ဆည်းလည်းလေးတွေဖြစ်တဲ့ သားနှစ်ယောက်ဟာအရွယ်ရောက်လာပြီး ပင်ကိုယ်စရိုက်တစ်မျိုးစီနဲ့ အိမ်ထောင်ပြုဖို့ကို စိတ်မဝင်စားကြပါဘူး မိဘတွေက သူတို့ရဲ့သားနှစ်ယောက်ကို အိမ်ထောင်ပြုပြီး တည်ငြိမ်တဲ့ဘဝလေးတွေကိုတည်ဆောက်ဖို့အတွက် အလိုရှိနေကြတာဖြစ်ပါတယ်သားနှစ်ယောက်ဟာ အိမ်ထောင်မကျတဲ့အဆုံးမှာ အဖေဖြစ်သူအစွမ်းပြလိုက်တဲ့အတွက် အမေဖြစ်သူဟာ အသက်ကြီးမှ ကိုယ်ဝန်ရသွားပါတယ်အမျိုးသားကျန်းမာရေး ဆရာဝန်ဖြစ်တဲ့ သားကြီး အာဆင်နဲ့ သားဆက်ခြားကမ့်ပိန်းကိုတာဝန်ယူဆောင်ရွက်နေတဲ့ သားငယ် ဘေဆင်တို့ဟာ သူတို့အမေရဲ့ကိုယ်ဝန်ကြောင့် အရမ်းကို အကြပ်ရိုက်သွားကြပါတော့တယ် အရွယ်လွန်မှရတဲ့ ကိုယ်ဝန်နဲ့ အမျိုးသားကျန်းမာရေးဆရာဝန်သားကြီး သားဆက်ခြားကမ့်ပိန်းကို ဆောင်ရွက်နေတဲ့ သားငယ်တို့ရဲ့ အလွဲတွေနဲ့ ကြည့်ရသူတိုင်း ပြုံးရွှင်စေမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ် နောက်ဆုံးမှာ သူတို့ရဲ့အမေဟာ ဘာလေးမွေးမလဲဆိုတာကိုတော့ အားလုံးပဲ လိုက်ပါစီးမြောခံစားကြည့်လိုက်ပါဦး File size…1.8GB / 950MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ThuRa & BpL
movie

Mom Is Pregnant (2021)

2022
Winter in Tokyo (2016) 7
Winter in Tokyo (2016) Winter in Tokyo ( 2016 ) IMDb 7/10============================== ဒီတခါတော့စီအမ် ပရိတ်သတ်တွေအတွက် 2016တုန်း ထွက်ရှိထားတဲ့ ဒရာမာ ဇာတ်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်Winter in Tokyoဆိုတဲ့အတိုင်း ဇာတ်အိမ်ဟာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အခြေပြုပါတယ် တိုကျိုမြို့ရဲ့ဆောင်းရာသီတစ်ခုမှာ ကဲကိုဆိုတဲ့ကောင်မလေးရဲ့ မျက်နှာချင်းဆိုင်တိုက်ခန်းကို ကာဇူတိုဆိုတဲ့ ကောင်လေး ရောက်လာခဲ့ပါတယ် ကာဇူတိုက ဓါတ်ပုံဆရာတစ်ယောက်ဖြစ်ပြီးတော့ ကဲကိုကတော့ စာကြည့်တိုက်မှာ အလုပ်လုပ်ပါတယ် ကာဇူတိုဟာ သူ့ရဲ့သုံးပွင့်ဆိုင်ဇာတ်လမ်းမှာ ကံမကောင်းခဲ့တာကြောင့် နယူးယောခ့်ကနေ တိုကျိုကိုပြန်လာခဲ့တာပါ အဲ့ဒီမှာကဲကိုနဲ့ဆုံပြီး ချစ်မိနေခဲ့ပါတယ် ကဲကိုကလည်း ချစ်မိနေပေမယ့် တစ်ယောက်နဲ့တစ်ယောက် ဖွင့်မပြောကြပါဘူး သူငယ်ချင်းလိုပဲနေရင်း တစ်ယောက်ကြောင်းတစ်ယောက်အကုန်သိနေပြီး ကြည်နူးစရာအချိန်‌‌တွေပေါ့တစ်နေ့မှာတော့ ကဲကိုက သူငယ်ငယ်တုန်းက ကြိုက်ခဲ့တဲ့ ကောင်လေးကို အမှတ်မထင်ပြန်တွေ့ခဲ့တယ် အဲ့ဒီ့မှာ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ် ဒီဇာတ်ကားက ကြည့်ရတာ အရမ်းကို ကြည်နူးစရာကောင်းသလို ပေါ့ပေါ့ပါးပါးနဲ့ ဒရာမာ ရိုမန့်ကားလေးလည်း ဖြစ်ပါတယ် ကြည့်လို့လည်း တော်တော် ကြည်နူးစရာကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်လို့ ညွုန်းပေးလိုက်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Shan ပဲ ဖြစ်ပါတယ်။Genre..... Romance Quality…. 1080p | ...
movie

Winter in Tokyo (2016)

2016
Land of Dreams (2021) 5.2
Land of Dreams (2021) Land of Dreams (2021)2021 ထွက် Land of Dreams ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ လတ်တလော အချိန်ကာလမှာ အစိုးရရဲ့ သန်းခေါင်စာရင်းဌာနဟာ စီမံကိန်းတစ်ခုအနေနဲ့ လူတွေရဲ့ အိပ်မက်တွေကိုပါ စစ်တမ်းကောက်လာကြပါတယ် နိုင်ငံသားတွေကို ပိုမို ထိန်းချုပ်လာနိုင်ဖို့ သူတို့အချက်အလက်တွေကို ပိုပြီး စီမံကွပ်ကဲလာနိုင်ဖို့ပါ အဲဒီထဲမှာတော့ စီမင်ဆိုတဲ့ကောင်မလေးဟာ သန်းခေါင်စာရင်းဌာနမှာ အလုပ်လုပ်ပြီး သူတို့အတွက် အိပ်မက်တွေ လိုက်စစ်တမ်းကောက်ပေးရပါတယ် သရုပ်ဆောင်ပိုးပါတဲ့ စီမင်တစ်ယောက်အနေနဲ့ သူကြိုက်နှစ်သက်တဲ့ အိပ်မက်ရှိပြီဆိုရင် ဖမ်းယူထားပြီး အဲဒီအတိုင်း ပြန်လည်သရုပ်ဆောင်လေ့ရှိပါတယ် ဒီလိုနဲ့ စီမင်ရဲ့ အိပ်မက်စစ်တမ်းကောက်တဲ့ခရီးမှာ မာ့ခ်ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ အယ်လန်ဆိုတဲ့ ခပ်ရင့်ရင့် ဘဲတစ်ဗွေပါ ပါလာပါတယ် အစိုးရရဲ့ ရှုပ်ထွေးမှုတချို့နဲ့ စီမင်ရဲ့ အိပ်မက်လား လက်တွေ့လားမသိတဲ့ ခပ်ရေးရေး ဇာတ်လမ်းမှာ ကိုယ်ကိုယ်တိုင်ရဲ့ အိပ်မက်တွေကိုလည်း မှတ်မိမလားဆိုတာ ပြန်တွေးကြည့်လိုက်ကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ Chuck ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p | 480p File size… 1.1GB ...
movie

Land of Dreams (2021)

2021
The Dancer (2011) 7.3
The Dancer (2011) The Dancer (2011) aka Sang Penari1960 ခုနှစ်များဝန်းကျင်က အင်ဒိုနီးရှားနိုင်ငံ၊ ကျေးလက်တောရွာလေးက ရိုးရာကချေသည်တစ်ယောက်ရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားပြီးတော့ IMDb 7.3 ရထားတဲ့ ကားလေးပါ။ Nomination 7 ခုနဲ့ ဆု 4 ဆု ရထားတဲ့ ဇာတ်ကားပါ။ကချေသည်တစ်ယောက်ရဲ့ စွန့်လွှတ်ရပုံ၊ ကျေးလက်ဓလေ့ထုံးတမ်းတွေ၊ ပညာမတတ်၊ စာမဖတ်တတ်တဲ့ ရွာသားတွေရဲ့ မသိနားမလည်ပုံတွေ၊ ရွာသားတွေရဲ့ မသိနားမလည်မှုကို အခွင့်ကောင်းယူတတ်တဲ့သူတွေ အကြောင်းကို လွမ်းမောဖွယ်ရာ ကြည့်ရှုရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ Srintil နဲ့ Rasus က Dukuh Paruk ဆိုတဲ့ရွာလေးမှာ အတူတူကြီးပြင်းလာကြတဲ့ ငယ်ပေါင်းကြီးဖော် ချစ်သူတွေပါ။ Srintil ရဲ့ အဖေရောင်းတဲ့ ပြောင်းဖူးခေါပုတ်ကို စားမိလို့ ရွာကလူတွေနဲ့ ရွာကတန်ဖိုးထားရတဲ့ ကချေသည် သေဆုံးသွားတဲ့အတွက် Srintil ဟာ သူ့မိသားစုအတွက် ပြန်ပေးဆပ်ဖို့ ကချေသည်လုပ်ဖို့ ရွေးချယ်ခဲ့ပါတယ်။ Rasus ကတော့ Sritil ကချေသည်လုပ်တာကို သဘောမတူပါဘူး။ သူ့ချစ်သူ အဲလိုဖြစ်သွားလို့ စိတ်နာပြီး စစ်ထဲဝင်သွားတဲ့အချိန်မှာ သူတို့နှစ်ယောက် ဘယ်လိုဆက်ဖြစ်သွားမှာလဲဆိုတာကို ...
movie

The Dancer (2011)

2011
The Swearing Jar (2022) 5.9
The Swearing Jar (2022) The Swearing Jar (2022)IMDb - 5.9/10ဆဲတယ်ဆိုတာကတော့ ယနေ့ခေတ်နဲ့စိမ်းသက်တဲ့အရာတစ်ခုမဟုတ်ပါဘူး။ ဒီနိုင်ငံမှာတောင် အဆဲကြမ်းမှ ကူးကစ်ထင်နေကြတာဆိုတော့ ခေတ်ရေစီးကြောင်းအလိုက် ဆဲနည်းလေးတွေလည်း အမှီလိုက်ရတာပေါ့။ ဆိုတော့ အနောက်နိုင်ငံတွေအတွက်တော့ ဆဲတယ်ဆိုတာ ထမင်းစားရေသောက်ပါ။ ဒီဆဲတာနဲ့ပတ်သတ်ပြီး တမူထူးခြားတဲ့ရှုထောင့်လေးကနေ ရိုက်ကူးထားတဲ့ "The Swearing Jar" ဆိုတဲ့ ရုပ်ရှင်သစ်လေးကို ပရိသတ်တို့အတွက် တင်ဆက်ပေးချင်ပါတယ်။ကယ်ရီနဲ့ဆိုင်မွန်ဆိုတဲ့ ချစ်ရတဲ့ဇနီးမောင်နှံဟာ အိမ်ထောင်သက် ၁၀ စုနှစ်တစ်ခုကျော်ကာမှ ကြုံတောင့်ကြုံခဲ အချစ်စုဘူးလေးကို စတင်ပိုင်ဆိုင်ရပါတယ်။ တခြားစုံတွဲတွေလို အချိန်တိုနဲ့အလွယ်တကူရခဲ့တာမဟုတ်လေတော့ အပျော်ကြီးပျော်ကြတာပေါ့။ မွေးလာမယ့်ကလေးလေးအတွက် စံပြမိဘတွေလုပ်မယ်ဆိုပြီး ဆဲတာကိုမလုပ်ဖို့ ဆဲမိခဲ့ရင် ပိုက်ဆံ ၅ ဒေါ်လာကို ပုလင်းထဲထည့်ဖို့ သတ်မှတ်ထားခဲ့ကြတယ်။၅ ဒေါ်လာ ဆိုတဲ့ ပိုက်ဆံက မနည်းပေမယ့် ဆဲတာအကျင့်ပါနေတဲ့ သူတို့လူမျိုးတွေကတော့ ဆဲလိုက် ၅ ဒေါ်လာ ထည့်လိုက်ပါပဲ။ ဒီလိုပျော်ရွှင်နေတဲ့ သူတို့ဘဝထဲကို ကံကြမ္မာဆိုးဝင်လာချိန်မှာတော့...အိမ်ထောင်ရေးတစ်ခုမှာတွေ့ရမယ့် အဆင်မပြေမှုတွေ၊ မိသားစုကိစ္စတွေ၊ လူငယ်သဘောသဘာဝစိတ်ကစားတာတွေ၊ ကလေးယူတာနဲ့အတူ ပိုလာတဲ့တာဝန်ဝတ္တရား အစရှိတဲ့လက်တွေ့ဘဝက ပြဿနာမျိုးစုံကို မျက်ဝါးထင်ထင်မြင်သာအောင် ရိုက်ကူးပြထားတဲ့အတွက် Dramaချစ်ပရိတ်သတ်တို့ အကြိုက်တွေ့မယ့် ရုပ်ရှင်ကောင်းတစ်ကားဖြစ်မှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary ...
movie

The Swearing Jar (2022)

2022
Awake (2022) 5
Awake (2022) Awake (2022)တစ်ယောက်နဲ့ တစ်ယောက် လုံးဝမသိကြတဲ့ လူသုံးယောက်က တစ်နေရတည်းမှာ နိုးလာကြပြီး ပိတ်လှောင်ခံရတာကို သိသွားကြတဲ့အခါမှာ....သူတို့ကို ခြောက်လှန့်နေတဲ့အရာက ဘာလဲ၊ သူတို့ကို ပိတ်လှောင်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့လူကရော ဘယ်လိုပတ်သက်တာလဲ၊ သူတို့ရဲ့ မှတ်ဉာဏ်တွေကရော ဘယ်ရောက်သွားတာလဲတစ်ကိုယ်တည်းလှဲလို့ရတဲ့ နေရာတစ်ခုမှာ အပိတ်ခံရတယ်ဆိုတာက တွေးကြည့်ရုံနဲ့ ရူးချင်စရာပါပဲ အကြောင်းအရင်းကို မသိတော့ ပိုဆိုးတာပေါ့ဂျိုဟယ်ရင်း၊ ဟန်ဆိုဂျင်၊ အီဒုံဟျော့ဆိုတဲ့ လူသုံးယောက်လည်း သူတို့ကို ပိတ်လှောင်ထားတဲ့နေရာကနေ သဲလွန်စရှာပြီး ထွက်သွားနိုင်မလား....ဆိုတာကို သူတို့နဲ့အတူ ရင်ခုန် စိတ်လှုပ်ရှားရင်း အသည်းယားလိုက်ကြပါဦးစို့။အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Thriller Quality…. 1080p | 720p | 480p File size… 681MB | 366MB | 205MB Format… mp4 Duration…. 1h 14mjn Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... August
movie

Awake (2022)

2022
No content available

Genres

Archives