Channel Myanmar

Content at random


Movies

SEE ALL
Yes, Madam! (1985) In the Line of Duty-2 6.6
Yes, Madam! (1985) In the Line of Duty-2  မြန်မာပြည်မှာ ဟောင်ကောင်ဂျက်မလို့ လူသိများကြတဲ့ ဇာတ်ကားတွေကို ပြန်လည်တင်ဆက်သွားပါ့မယ်...ဟောင်ကောင်ဂျက်မဆိုတာက အဲ့ချိန်တုန်းကမြင်ရခဲတဲ့ ဆံပင်တိုတိုနဲ့ ဟောင်ကောင်ရဲမေစုံထောက် ကွန်ဖူးဖိုက်တာတွေကို ဆိုလိုတာပါ...ဇာတ်ကားအများစုကို မီရှဲယိုနဲ့ Cynthia Khan တို့အဓိက သရုပ်ဆောင်ခဲ့ကြပါတယ်။ဂျက်မ Franchise အဖြစ် နာမည်ကြီးကြတာတော့ In The Line of Duty ဆိုတဲ့ဇာတ်ကားတွေပါပဲ။ဟောင်ကောင်ရဲ့ ရုပ်ရှင်ရွှေခေတ်မှာ နာမည်ကြီးခဲ့ကြတဲ့ မင်းသားမင်းသမီးအကုန်နီးပါး ဒီ Franchise ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ကြပါတယ်။၁၉၉၀ ခုနှစ်လောက်က ဇာတ်ကားတွေဆိုပေမယ့် အခုချိန်ထိ ခေတ်မီနေပြီး သွက်လက်တဲ့ Action တွေကို ခံစားရမှာပါ။ဂျက်ကီချန်းရဲ့ဇာတ်ကားတွေလိုပဲ Action,Comedy,Drama Theme တွေကို လှလှပပ ကူးသန်းချိတ်ဆက်ထားပါတယ်။ခုပထမဆုံးတင်ဆက်လိုက်တဲ့ Yes, Madam! (1985) ဇာတ်ကားကတော့ In The Line of Duty-2 သို့မဟုတ် Police Assassins 2 အဖြစ်လဲ ခေါ်ဆိုကြပါတယ်။မင်းသမီးမီရှဲယိုနဲ့ အမေရိကန်မင်းသမီး ...
movie

Yes, Madam! (1985) In the Line of Duty-2

Birds Like Us (2017) 5.6
Birds Like Us (2017) Birds Like Us (2017)===============Birds Like Us ဇာတ်ကားလေးကတော့ 2017 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Director Faruk Šabanović နဲ့ Amela Ćuhara တို့က ပုံဖော်ရိုက်ကူးပေးထားပါတယ်။ လူသူနဲ့ဝေးရာ ငှက်ရိပ်မြုံကြီးတစ်ခုစီမှာ နေထိုင်ကျက်စားကြတဲ့ ငှက်မျိုးစိတ်လေးတွေ... တစ်ချိန်လုံး မျက်စိပိတ်နားပိတ်နေထိုင်ခဲ့ကြရာကနေ ကိုယ့်ပင်ကိုယ်သဘာဝဖြစ်တဲ့ ပျံသန်းနိုင်ခြင်း အတတ်ကိုပါ မေ့လျော့လာကြတဲ့အခါ... ငှက်အရှင်သခင်ကြီးရဲ့ ခြယ်လှယ်ကြီးစိုးမှုအောက်မှာပဲ ဆက်ပြီးနေထိုင်ကြမလား? လောကကြီးနဲ့ထိတွေ့ဖို့ ကြိုးစားလာကြမှာလား? ကိုယ့်သဘာဝကိုယ်ရော ပြန်လည်ရှာတွေ့နိုင်ကြမှာလား? သူတို့တွေ ဘယ်လိုရှင်သန်ရုန်းကန်ကြမလဲ စတဲ့ လောကသဘာဝရဲ့ ဖြစ်ပျက်မှုအစုံစုံကို ငှက်ကလေးတွေကပုံဖော်ပြသပေးသွားမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ... (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thu Soe ဖြစ်ပါတယ်။)File Size - (1.33 GB) / (730 MB) / (316 MB) Quality – WebRip - (1080p) / (720p) / (360p) Duration - ...
movie

Birds Like Us (2017)

2017
Camp Rock (2008) 5.3
Camp Rock (2008) Camp Rock (2008) ================သူ့ခေတ်သူ့အခါက ခေတ်ထခဲ့တဲ့ Disney Musical Movie ကောင်းကောင်းလေး တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အခုထိလည်း ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးတွေဖြစ်ကြတဲ့ Jonas Brothers ညီအစ်ကိုသုံးယောက်နဲ့ အဆိုတော် Demi Lovato တို့ အဓိက ပါ၀င် သရုပ်ဆောင်ထား ပါတယ်။ဇာတ်လမ်းအကျဉ်း . . . Camp Rock ဆိုတဲ့ နွေရာသီစခန်းက  ဂီတ ရူးသွပ်သူ လူငယ်တွေအတွက် မျှော်လင့်ချက်တွေ ယူဆောင်လာပေးပြီး အိပ်မက်တွေကို အကောင်အထည်ဖော်ပေးနိုင်တဲ့ ကမ့်တစ်ခုပါ။ မစ်ချီဆိုတဲ့ ကောင်မလေးဟာ ဂီတကို ခုံမင်သူ ပီပီ နွေရာသီ ကျောင်းပိတ်ရက်မှာ ဒီ ကမ့်ကို သွားဖို့ ဒုံးစိုင်းနေသူပေါ့။ ငွေရေးကြေးရေးအခြေအနေကြောင့် လိုက်မပို့နိုင်ကြောင်း မိခင်ဖြစ်သူက  ပြောလိုက်တဲ့အခါ ကျောင်းနောက်ဆုံးနေ့မှာ မစ်ချီ့ရဲ့ မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရပါတော့တယ်။ ဒါပေမဲ့ မစ်ချီဟာ Camp Rock နဲ့ ကံပါလာသူ ဖြစ်တယ်ထင်ပါရဲ့ စားဖိုမှူးဖြစ်တဲ့ သူ့အမေကို ကမ့်က အစားအသောက် တာ၀န်ခံအဖြစ်လာငှားတဲ့ ...
movie

Camp Rock (2008)

2008
Special Delivery (2022) 7.4
Special Delivery (2022) Special Delivery (2022)ခေါင်းစဉ်အတိုင်းပဲ စပယ်ရှယ်ပို့ဆောင်ရေးလုပ်ပေးတဲ့ လုပ်ငန်းငယ်လေးတစ်ခုပါပဲ... စာတိုက်တွေ၊ ပို့ဆောင်ရေးကုမ္ပဏီတွေက လက်မခံတဲ့ ပစ္စည်းတွေအပါအဝင် အရာရာတိုင်းကို ပို့ဆောင်ပေးတဲ့ လုပ်ငန်းလေးပါဂျန်အွန်းဟာကတော့ အဲပို့ဆောင်ရေးလုပ်ငန်းမှာလုပ်တဲ့ အောင်မြင်မှု ၁၀၀ ရာခိုင်နှုန်းရှိတဲ့ ပရိုပို့ဆောင်ရေးဒရိုက်ဘာပါ မိန်းကလေးဆိုပြီး အထင်သေးတဲ့သူတွေကို ပညာအစွမ်း ပါဝါတွေထုတ်ပြတတ်သူလေးပါပဲအဲလိုအွန်းဟာက သူဌေးလက်ခံလိုက်တဲ့ အလုပ်တစ်ခုကြောင့် ဆိုးလ်အထိတက်သွားခဲ့ပေမဲ့ ထင်သလိုအဆင်မပြေဘဲ သောင်တင်သွားပါတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်မလဲကျွန်မတို့ရဲ့ ဂျက်ဆီကာ လို့သိကြတဲ့ Park So Dam ကနေ ဂျန်အွန်းဟာဆိုတဲ့ ကာရိုက်တာနဲ့ တစ်သားတည်းဖြစ်အောင် ဘယ်လိုတွေသရုပ်ဆောင်ပြသွားသလဲCrime Action အမျိုးအစားဆိုပေမဲ့ ကိုရီးယားရဲ့ သဘာဝအတိုင်း ဖယ်ထားလို့မရတဲ့ Comedy နဲ့ Drama အပျော့စားလေးကိုပါထည့်ပြီး ခံစားကြည့်ရှုပေးကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thuu Thuu ပဲ ဖြစ်ပါတယ်။Genre.....Action, Crime, Thriller Quality….WEB-DL 1080p and 720p and 360p File size…1.5GB and 780MB and 300MB Format…mp4 Duration….1h 49min Subtitle….Myanmar Subtitle ...
movie

Special Delivery (2022)

Through My Window (2022) 5.5
Through My Window (2022) Through My Window (2022)=====================ဆယ်ကျော်သက် အချစ်ဇာတ်လမ်း ကောင်းကောင်းလေးတွေ ကြိုက်တတ်တဲ့သူတွေအတွက် သိပ်ကောင်းတဲ့ စပိန် ဇာတ်လမ်းလေးလာပါပြီဗျာ။ ခေတ်သစ် စင်ဒရဲလား ဇာတ်လမ်းလေးလို့ ပြောရလောက်တဲ့အထိကို ဇာတ်လမ်းလေးက ဆွဲဆောင်မှု ရှိပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့  Hidalgo Mansion မှာနေထိုင်တဲ့ ချမ်းသာတဲ့မိသားစုကြီး တစ်စုရှိပါတယ်။ အကြင်နာ မေတ္တာတွေကို ဘေးဖယ်ထားပြီး စီးပွါးရေးကို ရှေ့တန်းတင်တဲ့ လူချမ်း သာ မိသားစုတစ်စုပေါ့။ အဲဒီမိသားစုမှာမှ ရုပ်ချောချော ခပ်မိုက်မိုက် ညီအစ်ကိုသုံးယောက်ထဲက အလတ်ကောင် Ares Hidalgo ဆိုတဲ့ ကောင်လေး ရှိပါတယ် ဘေးမှာကတော့ Raquel ဆိုတဲ့ အိမ်နီးချင်းမလေး ရှိတာပေါ့လေ။ Raquel တို့ကတော့ သာမန်မိသားစုလေးတစ်စုပါပဲ။ သူမက အလတ်ကောင်ဖြစ်တဲ့ Ares ကို ကြိတ် သဘောကျနေခဲ့ရတာပါ။ ဒီလိုနဲ့ တစ်နေ့တော့ သူတို့နှစ်ဦး နီးစပ်ဖို့ အကြောင်းဖန်လာတာကတော့ wifi ပဲ ဖြစ်ပါတယ်။စင်ဒရဲလား ဇာတ်လမ်းမှာ မင်းသားလေးနဲ့ စင်ဒရဲလားကို နီးစပ်သွားစေတာက ဖန်ဖိနပ်လေးတစ်ရံဆိုရင် ဒီကားထဲမှာ သူတို့နှစ်ဦးကို ...
movie

Through My Window (2022)

2022
Demon Sealer Bureau ( 2022 )
Demon Sealer Bureau ( 2022 ) ကလေးဘဝက တစ်မိသားစုလုံးအသတ်ခံလိုက်ရပြီးမှော်စက်ယန္တရားတွေကျွမ်းကျင်ကာ၏ မိစ္ဆာနှိမ်နင်းရေးအဖွဲ့ရဲ့အမိန့်ကိုမြေဝယ်မကျနားထောင် သွေးအေးရက်စက်တတ်တဲ့ ထန်လင်ဖုန်း စက်ယန္တရားတွေကို နည်းနည်းမှနားမလည်ဘဲ ထန်လင်ဖုန်းကိုညီလေးတစ်ယောက်လို ဂရုစိုက်ချစ်ခင်လာတဲ့မိစ္ဆာနှိမ်နှင်းရေးအဖွဲ့ဝင် လုရင် ဝိညာဥ်ရင်းမြစ်လျှို့ဝှက်သိုင်းကျမ်းကိုအသုံးချပြီး ကိုယ့်အတ္တအတွက် အသုံးချချင်ကြတဲ့ လူတွေ...သွေးသားရင်းတွေမဟုတ်ပေမဲ့ အစစအရာရာဂရုစိုက်ချစ်ခင်လာကြတဲ့ညီအစ်ကိုနှစ်ယောက် တစ်ရက်မှာ သွေးကွဲဖို့ဖြစ်လာပြီးပြဿနာတွေက ထင်ထားသလိုမရိုးရှင်းဘဲ မိစ္ဆာတွေနဲ့အာဏာလုပွဲတွေပါ ပါဝင်ပတ်သတ်လာချိန်မှာတော့...သူတို့နှစ်ယောက်ဖြစ်လာတဲ့ ပြဿနာတွေကိုဘယ်လိုရင်ဆိုင်သွားကြမလဲ ဆိုတာကို ဒီကားလေးမှာစိတ်ဝင်စားဖွယ်ဆက်လက်ကြည့်ကြရမှာပါနော်  Quality : WEB-DL 1080p Format : mp4 Genres : Action , Fantasy Duration : 1h 39min Subtitle : Myanmar Subtitle ( Hardsub ) Translated by Yamin Ei Encoded by LK
movie

Demon Sealer Bureau ( 2022 )

(18+) What’s Going On With My Sister (2014) 5.5
(18+) What’s Going On With My Sister (2014) (18+)What's Going On With My Sister (2014) ======================================မီဆူကီက ငယ်ငယ်တည်းက ဖခင်ဖြစ်သူဆုံးပါသွားလို့မိခင်ဖြစ်သူနဲ့ နေထိုင်ခဲ့ရတဲ့ အထီးကျန်ကောင်မလေးပေါ့....မိခင်ဖြစ်သူကလဲ ယောကျာ်းဖြစ်သူဆုံးတည်းကယောကျာ်းတစ်ယောက်မကောင်းတစ်ယောက်ပြောင်းနေပြီးသူမအပေါ် သိပ်အချိန်မပေးတော့ သူမမှာ ပျော်ရွှင်မှုဆိုတာသိပ်ကိုရှားပါးနေတာပေါ့လေ....တနေ့မှာတော့ သူ့ရဲ့ဘဝကို အပြောင်းလဲဖြစ်စေမယ့်ကိုကြီးတစ်ယောက်နဲ့တွေ့ခဲ့ပါတယ် သူ့နာမည်က ယူယာတဲ့သူ့အမေရဲ့ ဘယ်နှစ်ယောက်မြောက်ယောကျာ်းမှန်းမသိတဲ့ယောကျာ်းဖြစ်သူရဲ့သားပေါ့....ပထမတော့ ယူယာ့ကိုအမြင်ကပ်ပေမယ့် ယူယာက သူမအပေါ် နွေးထွေးပြီးကြင်နာဂရုစိုက်မှုတွေ ပြည့်လျှံ့လာတဲ့အခါ သူမရဲ့စိတ်တွေဟာ.....  File size…700MB Quality…BRip H264 AAC 5.1CH  Format…mp4 Duration….1h 47m Subtitle….Myanmar Subtitle (hard sub) Encoder….X Cross Translated by X Cross
movie

(18+) What’s Going On With My Sister (2014)

Bullet in the Head (1990) 7.6

Bullet in the Head (1990)

1990
Focus (2015) 6.6
Focus (2015) မင်းသားကြီး Will Smith နဲ့ ဟာလေကွင်း မင်းသမီးချော Margot Robbie တို့ အဓိကပါဝင်ထားတဲ့ ဇာတ်ကားပါ။ဇာတ်လမ်းက လူလိမ်သူခိုးဇာတ်လမ်းဆိုတော့ ကတုံးပေါ်ထိပ်ကွက် ခွကွက် ကျော်ကွက်တွေ အများကြီးနဲ့ တင်ဆက်ထားပါတယ်...Professional လုပ်ငန်းတွေမှာ ပါစင်နယ်ကိစ္စတွေ မရောသင့်ဘူးဆိုတာမျိုးကို အနောက်နိုင်ငံမှာ ပိုသုံးကြပါတယ်။လူလိမ်လုပ်ငန်းမှာဆိုရင်တော့ ပိုဆိုးတာပေါ့..ပါစင်နယ်ရောလို့မရဘူး။တစ်ယောက်ကိုတစ်ယောက် လျှို့ဝှက်တတ်တဲ့ လူလိမ်ပါတ်ကား ၂ ယောက်တစ်ယောက်ကိုတစ်ယောက် ချစ်သွားကြတဲ့အခါမှာတော့...သူတို့ရဲ့မစ်ရှင်တွေအောင်မြင်ပါ့မလားဆိုတာ.......။သရုပ်ဆောင် ၂ ယောက်ရဲ့ အက်တင်ကောင်းကောင်းနဲ့ ဇာတ်လမ်းရဲ့လှည့်ကွက်တွေကို ရှုစားရမှာပါ။IMDb Rating (6.6) ရရှိထားပါတယ်။ File size…(4.5 GB)/(1.4 GB)/(700 MB) Quality….WEB-DL 4K HEVC /1080p/720p Format…mkv/mp4 Duration….01:44:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mr.Anderson
movie

Focus (2015)

2015
4K HEVC Web-DL
Home Team (2022) 6.0
Home Team (2022) Home Team (2022) အညွှန်း********************** IMDb - 6 ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးမှာတော့ အားကစားနဲ့ဟာသကို ယှဉ်တွဲတင်ဆက်ထားတာဖြစ်ပါတယ်။  ရှောင်းပေတန်ဟာ အပြင်လောကမှာ အမေရိကန်ဘောလုံးအားကစား (American Football) ရဲ့ နာမည်ကြီးနည်းပြတစ်ယောက်ဖြစ်ပြီး ယခုအခါမှာ နည်းပြအဖြစ်မှအနားယူနေပြီဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ သူ့နည်းပြဘဝရဲ့အကြီးမားဆုံးသော အမှတ်တရ ဒါမှမဟုတ် အိပ်မက်ဆိုးကြီးကို နောက်ခံပြုပြီး ရိုက်ကူးတင်ဆက်ထားတာပါ။အမေရိကန်ဘောလုံးရဲ့ အမြင့်ဆုံးလိဂ်မှာ ဖလားတွေရယူနိုင်ခဲ့သူဖြစ်ပြီး ၂၀၁၆ ခုနှစ်ရဲ့ တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို ပိုင်ဆိုင်ခဲ့တဲ့ ဒီနည်းပြကြီးဟာ သူ့ရဲ့မွေးရပ်မြေမှာ သူ့သား ပါဝင်ကစားနေတဲ့ ဘောလုံးအသင်းကို နည်းပြဝင်လုပ်ပေးခဲ့ပါတယ်။သူဟာ သူ့အမျိုးသမီးနဲ့ ကွာရှင်းထားသူဖြစ်ပြီး သားဖြစ်သူဟာလည်း အမေနဲ့ပဲနေထိုင်ရင်းကနေ အဖေကို နာကျည်းနေခဲ့သူတစ်ယောက်ပါ။ ဒီလိုအချိန်မှာ သားဖြစ်သူပါဝင်နေတဲ့ ဘောလုံးအသင်းကိုနည်းပြလုပ်ရင်းနဲ့ သားအဖသံယောစဉ်တွေကို ဘယ်လိုမျိုးပြန်လည်ချည်နှောင်ကြမလဲဆိုတာ ရယ်စရာလေးတွေရောပြီး ပေါ့ပေါ့ပါးပါးလေးကြည့်ရှုရမယ့် ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File Size          :  ...
movie

Home Team (2022)

2022
Fatal Memory (2022) 5.5
Fatal Memory (2022) Fatal Memory (2022)===================ယာဉ်မတော်တဆဖြစ်ပြီးသုံးလလောက်ကိုမာဝင်ခဲ့တဲ့ ဂရေ့စ်တစ်ယောက်ကံကောင်းစွာနဲ့ပဲ သတိပြန်လည်လာခဲ့ပါတော့တယ်။ ဒါပေမယ့် သတိပြန်ရခဲ့တဲ့ဂရေ့စ်ဟာ ယာဉ်မတော်တဆ ဖြစ်ခဲ့အချိန်ကနေ နောက်ပြန်ရေရင်(၅)နှစ်တာကာလအတွင်းကအကြောင်းအရာတွေကို သူ မမှတ်မိတော့ပါဘူး။ ဒီလိုကာလတစ်ခုစာမမှတ်မိတော့တဲ့သူ့မှာ သူ့ကိုချစ်တဲ့သမီးလေးရယ် ယောကျ်ားလေးရယ် ညီမဖြစ်သူနဲ့ မှတ်ဉာဏ်ပြန်ရအောင်ကြိုးစားပြီးပျော်ပျော်ရွှင်ရွှင်နေနေ ခဲ့တာပါ။ ဒါပေမယ့် သူတို့မိသားစုလေးဂုဏ်ပြုညစာစားပွဲလေးကျင်းပနေချိန် ဂရေ့စ်ဆီကို ဖုန်းတစ်ခုဝင်လာရာကနေစတင်လာပါတော့တယ်။ နောက်ပြီး သူစိမ်းတစ်ယောက်ကလည်း သူ့ဘဝထဲကိုအတင်းဝင်ရောက်လာရာက ဂရေ့စ်တစ်ယောက်ပြဿနာတွေတစ်စတစ်တက် လာပါတော့တယ်။ ဒီသူစိမ်းက သူမမှတ်မိတော့တဲ့ငါးနှစ်ဆိုတဲ့ကာလမှာ ဘယ်လိုနေရာက ပါနေတာလဲ။ ဒီငါးနှစ်တာကာလမှာဂရေ့စ်တစ်ယောက်ဘာတွေလုပ်ခဲ့မိတာလဲ။ အခုရော သူဘာတွေကြုံတွေ့လာရမှာလဲကတော့......... Fatal Memory ဒါမှမဟုတ် Deadly Infidelity လို့ အမည်ရတဲ့ဒီကားလေးက (၂၀၂၂)ထွက် Thriller ကားအသစ်လေးဖြစ်ပြီးတော့ Mystery နဲ့ Dramaလေ ခပ်းပါးပါးပုတ်ထားတဲ့ကားလေးတစ်ကားဖြစ်လို့ ကြည့်ရှူခံစားကြည့်ပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ဖြစ်ပါတယ်။)File Size -(2.1 GB) / ( 772.47 MB) / (297.69 MB) Quality – WebRip -(1080p) /  (720p) / (480p) Duration - 1hr ...
movie

Fatal Memory (2022)

2022
[18+] Silip (1985) Daughters of Eve 6.1
[18+] Silip (1985) Daughters of Eve ဒီကားကတော့ ဂန္တဝင်ဖိလစ်ပိုင်ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်....လူသားတို့ရဲ့ရမ္မက်နဲ့လိုအင်လောဘ ကြမ်းကြုတ်ရက်စက်တဲ့သဘောသဘာဝတွေကို ကွက်ကွက်ကွင်းကွင်းပုံဖော်ရိုက်ကူးထားပြီး အသက်ဝင်လွန်းတာကြောင့်ရယ် သရုပ်ဆောင်တွေကြောင့်ရယ် ဘာဆင်ဆာမှာမဖြတ်ထားတာကြောင့်ရယ် နာမည်ကြီးခဲ့ပါတယ်။အီလိုကိုစ်ပြည်နယ်အစွန်အဖျားက ရွာလေးတစ်ရွာမှာရွာသူရွာသားတွေဟာလိင်မှုကိစ္စမှာပွင့်လင်းစွာ ဖြစ်ချင်တိုင်းဖြစ်နေကြပါတယ်။ အဲ့ဒီထဲမှာမှ အများသူငါလို ရမ္မက်စိတ်တွေကိုမျိုသိပ်ပြီး ရွာကကလေးတွေကိုဓမ္မပုစ္ဆာတွေ သင်ပေးနေတဲ့ တွန်ညာဆိုတဲ့မိန်းမလှလေးရှိပါတယ်။ အများလက်မခံနိုင်တဲ့အယူအဆတွေကိုသင်ကြားနေတဲ့ သူ့အပေါ်လိုသူတွေရှိသလို သူ့အလှအပကြောင့်မလိုသူတွေလဲရှိပါတယ်။တစ်နေ့တော့ရွာကနေထွက်ခွာသွားတာကြာပြီဖြစ်တဲ့ သူ့သူငယ်ချင်းဟောင်းအလှပဂေးတစ်ဦးလဲဖြစ်တဲ့ ဆယ်လ်ဒါဟာ အမေရိကန်သားချစ်သူတစ်ယောက်နဲ့အတူပြန်ရောက်လာချိန်မှာ ဒဏ်ရာဟောင်းတွေ အတိတ်ဇာတ်လမ်းဟောင်းတွေနဲ့အတူ ငြိမ်သက်နေတဲ့ တွန်ညာရဲ့ဘဝအပြင် သူတို့နှစ်ဦးရဲ့ အတိတ်ဇာတ်လမ်းထဲက အမျိုးသားတစ်ဦးဖြစ်တဲ့ ဆိုင်မွန်တို့ရဲ့ ဘဝတွေပါ လှုပ်ခတ်ဖို့ဖြစ်လာပါတော့တယ်။ ဆယ်လ်ဒါကတော့ တွန်ညာရဲ့စရိုက်နဲ့ဆန့်ကျင်စွာပွင့်လင်းမြင်သာရှိလွန်းလို့ပါပဲ။Silip: Daughters of Eve ဟာအဲ့ဒီခေတ်အခါမှာခေတ်စားနေတဲ့ လိင်အသားပေး Sexploitation films တွေထဲကအထင်ရှားဆုံးဥပမာ တစ်ခုဖြစ်ပြီး၊ ၁၉၈၂ ဖိလစ်ပိုင်ကိုယ်စားပြု Miss Universe ပြိုင်ပွဲဝင် Maria Isabel Lopez,နာမည်ကျော်အချိုရည်ကြေငြာအလှမယ် Sarsi Emmanuelle တို့အကြမ်းပတမ်းခေါင်းဆောင်ပါဝင်ထားပါတယ်။ရုပ်ရှင်ကားကြီးတစ်ကားလို့ မထင်နိုင်စရာပွင့်လင်းလွန်းတဲ့ လိင်ဆက်ဆံခန်းတွေ၊ ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတွေ၊ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေရဲ့မဖွယ်မရာ စကားပြော၊ အပြ၊ အပြုအမူတွေအပြင် သွေးထွက်သံယို သတ်ခန်းဖြတ်ခန်းတွေ ကြမ်းကြမ်းတမ်းတမ်းပါဝင်ပါတယ်။ 2007 dvd အနေနဲ့ထွက်ရှိအပြီး ကာလသားတွေကြားနာမည်ကြီးခဲ့တဲ့ဇာတ်ကားဖြစ်လို့ တစ်ချို့အခန်းတွေမှတ်မိတဲ့သူတွေမှတ်မိကြပါလိမ့်မယ်။ဖိလစ်ပိုင်ရဲ့ခေတ်ဟောင်းရုပ်ရှင်ကားဆိုပေမယ့် ...
movie

[18+] Silip (1985) Daughters of Eve

1080p HEVC
New Kung Fu Cult Master 2 (2022) 4.8
New Kung Fu Cult Master 2 (2022) New Kung Fu Cult Master 2 (2022)"နဂါးနိုင်ဓါးဦးထိပ်ထား တိမ်လွှာဓါးရှင်မပေါ်လျှင် မည်သူအံတုနိုင်မည်နည်း။ "လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကို ကျွန်တော်တို့ပြန်သွားကြရအောင်။ ဒီတစ်ခါတော့ Remake တွေခဏခဏရိုက်တဲ့ ဇာတ်လမ်းတွဲထဲကထွက်ပြီး နှစ်ပိုင်းလောက်နဲ့ပြီးမယ့် နဂါးနိုင်ဓား Version အသစ်လေးကို မြည်းစမ်းကြည့်ရမှာပါ။ပထမဆုံးပြောချင်တာက Series မဟုတ်ပဲ Movie Version ဖြစ်တဲ့အတွက် တစ်ချို့ဇာတ်ကောင်တွေ ဇာတ်ကွက်တွေ မပါတော့ပဲ အရာရာကို ပေါ့ပေါ့ပါးပါး ပြသွားပြီး ဇာတ်လမ်း၀င်အောင်ရိုက်တာပါ။ဒုတိယအချက်ကတော့ CGI တွေအများကြီး ချောမောလှပတဲ့မင်းသားလေး လေပေါ်ဝဲနေတာမျိုးမဟုတ်ပဲ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က မုဒ်မျိုးပြန်ပေးတဲ့တစ်ချက်ပါ။တတိယကတော့ ကျန်းစမ်းဖုန်း ကိုယ်တော် ဒိုနီရမ်း ပါပဲ။ဒီတော့များသောအားဖြင့် နဂါးနိုင်ဓါးခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့ဖူးသူတွေချည်းမို့ ဇာတ်လမ်းတွဲမဟုတ်တဲ့ ခပ်သွက်သွက်ဇာတ်လမ်းလေးကို ခံစားပြီး အတိတ်ကိုပြန်လွမ်းကြရအောင်လားဗျာ။အညွှန်း Lwin Htoo AungTranslator   Jo Jo VA , Yunn Myat Noe Khaing, SSTGenre.....Action , Fantasy Quality….WEB-DL ...
movie

New Kung Fu Cult Master 2 (2022)

2022
The Ledge (2022) 6.0
The Ledge (2022) The Ledge (2022) =================The Ledge ဆိုတဲ့ Thriller ကားသစ်လေးက ဒါရိုက်တာ Matthew Chapman ရိုက်ကူးထားပြီး မင်းသမီး Brittany Ashworth က အဓိကပါဝင်သရုပ်ဆောင်ထား ပါတယ်။Kelly (Brittany Ashworth) ဆိုတဲ့ကောင်မလေးတစ်ယောက်က သူ့သူငယ်ချင်း ကောင်မလေးနဲ့အတူ အီတလီက ဒိုလိုမိုက်‌​ကျောက် တောင်ကိုတက်ဖို့ ခရီးထွက်ခဲ့ကြပါတယ်။ အဲ့ဒီမှာ သူတို့လို အလည်လာတဲ့ ယောင်္ကျားလေး ၄ ယောက်အဖွဲ့နဲ့ ဆုံမိလိုက်တဲ့အခါ ၆ ယောက်သား အတူတူ ဘယ်လို‌ေပျာ်ပျော်ရွှင်ရွှင် အပန်းဖြေကြမလဲ၊ တက်ရခက်လောက်အောင် မတ်စောက်တဲ့ အပြင် ရေခဲတွေပါ ဖုံးလွှမ်းနေတဲ့အတွက် ဒေသခံတွေက တောင်မတက်ဖို့ တားခဲ့ကြပါတယ်။ ဒါပေမယ့်... ကျောက်တောင်တက်ဖို့လာတာကို လက်လွတ်မခံဘဲ တက်ကြမယ့် သူတို့အုပ်စု... သူတို့ ပျော်ရွှင်မှုကိုရော ရရှိပါ့မလား... ဘယ်လိုမျိုး အပြောင်းအလဲတွေ ဖြစ်လာမလဲ Kelly တို့ ယုံကြည်ထားသလို ယောင်္ကျားလေးအုပ်စုကရော ယံုကြည်ရပါ့မလား "cliffhanger" ဆိုတဲ့စကားလုံးအတိုင်း Thrill vibes အပြည့်နဲ့ ‌ ကြည့်ရမှာပါ။ ဒီကားထဲမှာ ...
movie

The Ledge (2022)

2022
Mythica: The Godslayer (2016) 5.6
Mythica: The Godslayer (2016) Mythica: The Godslayer (2016)========================ဒီဇာတ်ကားအကြောင်းကို မပြောခင် ဒီကားဟာ Mythica ခေါင်းစဉ်အောက်မှာ ငါးကားတွဲထွက်ရှိထားတဲ့အထဲကမှ ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။ Mythica ဆိုတာကတော့ Adventure, fantasy, action ခေါင်းစဉ်အောက်မှာတည်ရှိပြီး adventure fantasy တို့ရဲ့ ထုံးစံအတိုင်း orc, dragon , witch , elf , god အစရှိသဖြင့် အမျိုးစုံအောင် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ကတော့  လက်ရှိကမ္ဘာမြေဟာ နတ်ဘုရားတွေကို အပြီးတိုင် ချေမှုန်းချင်နေတဲ့ Lich King နဲ့ သူ့ရဲ့ zombie စစ်တပ်ကြီးနဲ့၊ တစ်ဖက်မှာ လူသား၊ နတ်နဲ့ အခြားသောမျိုးနွယ်တွေ စစ်ခင်းနေရတဲ့ကာလ ဖြစ်ပါတယ်။ Lich King နဲ့ သူ့စစ်တပ်ကြီးဟာ ဘယ်မျိုးနွယ်နဲ့မှ အင်အားချင်းမယှဉ်သာအောင် တရိပ်ရိပ်တက်လာလို့နေပါပြီ။ ဒါပေမယ့် Lich King ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ နတ်ဘုရားတွေ အကုန်လုံးကို သုတ်သင်ဖို့ရာ ကျိန်စာသင့်နေတဲ့ Marek ဆိုတဲ့ စုန်းမလေးက အဓိကကျတဲ့နေရာမှာ ပါ၀င်နေပါတယ်။ ...
movie

Mythica: The Godslayer (2016)

2016
Playlist (2021) 6.3
Playlist (2021) Playlist(2021) ==========IMDb Rating - 6.3/10ဒီရုပ်ရှင်ရဲ့ထူးခြားချက်က ကာတွန်းစာအုပ်ကိုဖြူမည်းရုပ်သံနဲ့ပြန်ရိုက်ထားတာပဲ ဂျပန်မန်ဂါတွေကို Anime အဖြစ်ပြန်အသက်သွင်းထားသလိုပေါ့... ပြင်သစ် Indie ရုပ်ရှင်တစ်ခုဖြစ်ပြီး ဒါရိုက်တာကိုယ်တိုင်ကလည်း ကာတွန်းဆရာပါ သူ့ကာတွန်းကိုရုပ်ရှင်အဖြစ် သူကိုယ်တိုင်ပဲ ပြန်အသက်သွင်းထားတာပါ။ဇတ်လမ်းအကြောင်းကို ပြောရရင် ကာတွန်းဆရာ မဖြစ်ချင်ပေမယ့် ဖြစ်ချင်တိုင်းမဖြစ်တဲ့ ဘဝကြီးမှာ လည်ပတ်နေရတဲ့ အထွေအထူးစိတ်ဝင်စားစရာမရှိတဲ့ ဆိုဖီရဲ့ဘဝအကြောင်းပါ.... ဇာတ်လမ်းက ကျွန်တော်တို့ဘဝတွေနဲ့အနီးစပ်ဆုံး reality show တစ်ခုကိုကြည့်နေရသလိုပဲ စကားလုံးအသုံးတွေအနည်းငယ်ကြမ်းမယ်....သာမန်အပျင်းပြေရုံကြည့်စရာရုပ်ရှင်တစ်ခုတော့ မဟုတ်တဲ့အတွက် လူတိုင်းအတွက်လို့တော့ ကျွန်တော် မညွှန်းချင်ဘူး...ဒါပေမယ့် ကျွန်တော် ကတော့ ပြင်သစ်သီချင်းဆွဲဆွဲငင်ငင်တွေ  lofi သီချင်းအကြောင်းတွေ ကာတွန်းလောကရဲ့ အကိုးအကားတွေအကြောင်းကို သိရတဲ့အတွက် သဘောကျမိတယ်။ ဘဝက ကောင်းတာတွေနဲ့ ဆိုးတာတွေကို ရောစပ်ထားတဲ့ Playlist တစ်ခုလိုပဲတဲ့၊ ဘာကအရင်လာမလဲ မသိနိုင်တာကိုက ဘဝရဲ့ဆန်းကြယ်မှုတစ်ခုပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။)File Size -(844 MB) / (438 MB) / (208 MB) Quality – WebRip -(1080p) /  (720p) ...
movie

Playlist (2021)

2021
Turner & Hooch (1989) 6.2
Turner & Hooch (1989) ဟောင်းပေမဲ့ ကောင်းတယ်ဆိုတာ ဒါမျိုးဗျ..။အဓိကဇာတ်ကောင်ပါတဲ့ ပိုစတာကို မြင်ပြီးရင်တော့ အထူးတလည် ညွှန်းစရာလိုမယ် မထင်ဘူး..။Tom Hanks ဆိုတာ ဂန္တဝင်ရယ်လို့ Legendary သရုပ်ဆောင် မင်းသားကြီးတစ်ယောက်ဖြစ်လာပြီးမှ ဟိုးရှေးရှေးတုန်းက ငယ်ရွယ်တဲ့ Tom Hanks ကို ပြန်ကြည့်ရတာလည်း အရသာတစ်မျိုးပဲ..။လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုမကတဲ့ အချိန်လောက်တုန်းက ရုပ်ရှင်ဆိုပေမဲ့လည်း အခုနေ ပြန်ကြည့်မိလည်း ဇာတ်ကြောင်းက ကျေနပ်စရာကောင်းသေးတယ်ဗျ..။အိမ်မွေးတိရစ္ဆာန်လေးတွေဆီကရတဲ့ စိတ်ဒုက္ခ..၊ ပျော်ရွှင်စရာ အခိုက်အတန့်လေးတွေနဲ့ ကြည်နူးစရာ မေတ္တာတရားတွေကို ရယ်စရာ မောစရာတွေနဲ့ ရောပြီး ကြည့်ရှုနိုင်ပါမှာ..။အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားတဲ့လူတွေကတော့ ဒီချိုမြတဲ့ဒုက္ခတွေကို ကောင်းကောင်းကြီး နားလည်နိုင်မှာ အသေအချာ..။ကမ်းခြေမြို့သေးသေးလေးတစ်ခုမှာ စုံစမ်းစစ်ဆေးရေးမှူးလုပ်နေတဲ့ မစ္စတာ တန်နာ တစ်ယောက် တခြားမြို့ကို သိပ်မကြာခင် ပြောင်းရွေ့ရတော့မယ့် ရက်ပိုင်းအတွင်းမှာမှ ဖြစ်ပေါ်လာတဲ့ မတော်တဆမှုတချို့နဲ့.. ဒီကိစ္စရပ်တွေကနေ ဆက်ပြီးတော့ ဖြစ်ပျက်လာမယ့် မှုခင်းဆက်စပ်မှုတွေ..။အရာအားလုံးကို တိကျ ၊ သေချာ ...
movie

Turner & Hooch (1989)

The Long Night (2022)
The Long Night (2022) The Long Night (2022) ငယ်စဉ်ကလေးဘဝတည်းကမွေးစားခံရပြီး နယူးယော့ခ်ကိုရောက်သွားခဲ့တဲ့ဂရေစ့်တစ်‌‌ ယောက်မိဘတွေကိုရှာဖွေဖို့ ကလေးဘဝကနေခဲ့တဲ့မြို့လေးကိုပြန်လာဖို့အကြောင်းဖန်လာတဲ့အခါ...ထူးဆန်းတာက မြို့ထဲမှာလူတစ်ယောက်မှရှိမနေခဲ့ပါဘူး ဒါ့အပြင်ကိုမြွေတွေက နေရာတိုင်းလိုလိုရှိနေခဲ့ပါတယ်အိမ်မက်လိုလိုတကယ်လိုလိုနဲ့သူမ မြင်နေတဲ့ အရိုးစုခေါင်းစွပ်နဲ့လူတွေကဘာတွေလဲမြင်နေရတဲ့အရာတွေကထူးဆန်းလာတာဖြစ်လို့ ရှောင်ပြေးထွက်ဖို့ကြိုးစားပေမယ့်အိမ်ထဲကနေထွက်လို့မရတဲ့အပြင် ကူညီဖို့လာတဲ့လူကပါသေဆုံးသွားတဲ့အခါ...အိမ်ထဲမှာပဲရှာဖွေရင်းနဲ့ ဒီအရိုးစုမျက်နှာဖုံးလူတွေရဲ့ ဇာတ်ကြောင်းစာအုပ်ကိုတွေ့သွားတဲ့အခါမှာတော့ သူမမိဘ‌တွေကဘယ်သူဆိုတာကိုပါ ဖော်ထုတ်နိုင်မှာလားဒီလူထူးဆန်းတွေကသူမနဲ့ဘယ်လိုပတ်သက်နေမလဲ ဒီမြို့ထဲကနေသူမတို့လွတ်မြောက်နိုင်မလားဆိုတာသည်းထိပ်ရင်ဖိုကြည့်ရှုရမယ့် Horror ဇာတ်လမ်းဖြစ်တာကြောင့်တံခါးပိတ်မီးမှိတ်ပြီးရင်တစ်လှပ်လှပ်နဲ့ ခံစားကြည့်ရှုဖို့တင်ဆက်ပေးလိုက်ရပါတယ်ရှင်ဇာတ်ကားအညွှန်းနဲ့ဘာသာပြန်က Yunni ဖြစ်ပြီး တင်ဆက်ပေးသူက YK ဖြစ်ပါတယ်  File size…1.03Gb / 520MB Quality…1080p WEB RIP AAC 5.1CH / 720p Format…mp4 Duration….1h 31mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie

The Long Night (2022)

2022
The Debt (2010) 6.8
The Debt (2010)  ဆာရာဆိုတဲ့ အမျိုးသမီးဟာ သူရေးထားတဲ့ စာအုပ်တစ်အုပ်ရဲ့အကြောင်းကို စင်ပေါ်မှာ ဂုဏ်ယူဝံ့ကြွားစွာနဲ့ ‌အမှတ်တရစကားပြောနေလေရဲ့ ....ဒီလို ဂုဏ်ယူနေရတဲ့ အကြောင်းရင်းကလည်း ဒီစာအုပ်ဟာ သူ့ရဲ့မိခင်ရေချယ် စင်းဂါး ဒေးဗစ် ပဲရိစ် နဲ့ စတက်ဖန်ဂိုး တို့ရဲ့ ဘ၀ဇာတ်ကြောင်းဖြစ်နေလို့ပါ။အခုချိန်မှာ အိုမင်းရင့်ရော်သွားပြီဖြစ်တဲ့ ဒီလူ ၃ ယောက်ရဲ့ ငယ်ဘ၀ဟာ ဂုဏ်ယူချီးကျူးစရာတွေ အပြည့်ပေါ့ ။မိုဆက်အေးဂျင့် ၃ ယောက်ဖြစ်တဲ့ သူတို့ဟာ ဘာလင်ကို နိုင်ငံတော်အဆင့် မစ်ရှင်တစ်ခုနဲ့ တာ၀န်ကျခဲ့တယ် ...သူတို့ရဲ့တာ၀န်က ဆရာ၀န်အမည်ခံပြီး လူ ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သူ ၁၅ နှစ်တာလုံး ဘယ်လိုမှ မဖမ်းမိသူ ဒေါက်တာ ဗိုဂယ်ကို ဖမ်းဆီးဖို့ပေါ့....ဒီလို ဂုဏ်ယူစရာ အဖြစ်အပျက်ကို သမီးဖြစ်သူက စင်ပေါ်မှာ ၀မ်းပန်းတသာ ပြောနေပေမဲ့ ကာယကံရှင် ဖြစ်သူ ရေချယ်ကိုယ်တိုင်ကတော့ ရွှင်ပျမနေခဲ့တာ ဘယ်သူမှ သတိမထားမိခဲ့ပါဘူး ...လူတကာက သူတို့ရဲ့ လုပ်ရပ်ကို ချီးကျူးနေကြပေမဲ့ ဒီအဖြစ်ရဲ့ နောက်ကွယ်မှာ ကိစ္စတစ်ခု ရှိနေသေးတာကို ရေချယ်၊ စတက်ဖန်နဲ့ ...
movie

The Debt (2010)

Looop Lapeta (2022) 5.8
Looop Lapeta (2022) Looop Lapeta (2022)ဘောလိဝုဒ်ရုပ်ရှင်တွေမှကြိုက်ပါတယ်ဆိုတဲ့ CM ရဲ့ပရိတ်သတ်တွေအတွက် ဒီနေ့မှ အသစ်စက်စက်ထွက်ထားတဲ့အိန္ဒိယရုပ်ရှင်ကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်ဗျာ။မင်းသမီးကလဲ တာ့ပ်ဆီးပန်းနုဆိုတော့ သရုပ်ဆောင်ပိုင်းမှာလဲအတော်လေး မိမိုက်နေတာကို မြင်ရဦးမှာပါဒီဇာတ်လမ်းက ပုံမှန်တွေ့နေကျ ဟာသဇာတ်လမ်းတွေနဲ့ မတူပဲအတော်လေးထူးခြားတယ်ဗျ။ ရီရတယ်ဆိုတာထက် ရင်တဖိုဖိုနဲ့စိတ်လှုပ်ရှားဖို့ကောင်းတယ်ဆိုရင် ပိုမှန်မယ်။ဆာဗီဆိုတဲ့ အပြေးအားကစားမယ်လေးနဲ့ဆပ်သ်ရာက အပြန်အလှန်မေတ္တာမျှနေကြတာပေါ့။သူတို့ရဲ့ တွေ့ဆုံပုံကလည်း တယ်ထူးဆန်းပါတယ်။ အပြေးမယ်လေး ဆာဗီဟာမတော်တဆမှုကြောင့် သူ့ရဲ့အားကစားမယ်ဘဝကို အဆုံးသတ်ရဖို့အကြောင်းဖန်လာတဲ့အခါ ဆာဗီတစ်ယောက် စိတ်ဓာတ်ကျပြီး ဆေးရုံခေါင်မိုးပေါ်ကနေခုန်ချမလို့လုပ်ခဲ့ပါတယ်။ အဲ့အချိန် ခေါင်မိုးထပ်မှာ ဆေးလိပ်လာသောက်တဲ့ဆပ်သ်ရာက ဆာဗီကို ကယ်လိုက်ရာကနေ သူတို့နှစ်ဦး ဖူးစာဆုံခဲ့ကြတာပေါ့။ဒီလိုနဲ့ပဲ နှစ်ဦးသား အလုပ်ကိုယ်စီလုပ်ရင်းအေးချမ်းတဲ့ဘဝလေးကို ဖြတ်သန်းခဲ့ကြပါတယ်။ အဲ့ဒီနေ့ကို မရောက်ခင်အချိန်အထိပေါ့။ဆာဗီက သူမမှာ ကိုယ်ဝန်ရှိကြောင်း ဆပ်သ်ရာဆီ ဖုန်းဆက်ပြောမဲ့နေ့မှာပဲဆပ်သ်ရာတစ်ယောက် ပြဿနာတစ်ခုကို အကြီးအကျယ်ရှာလိုက်ပါတော့တယ်။အဲ့ဒါကတော့ ဆပ်သ်ရာက သူ့ရဲ့သူဌေး ဗစ်တာဆိုတဲ့ မာဖီးယားဂိုဏ်းချုပ်ရဲ့ငွေ ၅ မီလီယံကို ဖျောက်လိုက်တာပါပဲ။ ဟော....မာဖီးယားခေါင်းဆောင်ဆီမှာ အသတ်ခံရတော့မယ့်သူ့ကောင်လေးကို ကယ်ဖို့ ဆာဗီခမျာ ပြေးလွှားရတော့တာပေါ့ဗျာ။ ဆပ်သ်ရာမွှေသမျှအရှုပ်တွေကိုလိုက်ရှင်းရင်း ...
movie

Looop Lapeta (2022)

2022
No content available

Genres

Archives