Channel Myanmar

Content at random


Movies

SEE ALL
Cry_Wolf (2005) 5.8
Cry_Wolf (2005)  Supernatural ထဲက ဆမ်အဖြစ် လူသိများတဲ့ Jared Padalecki ပါဝင်ထားပြီး You Give Love A Bad Name သီချင်းရဲ့ အဆိုရှင် Jon Bon Jovi တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့မကြာသေးခင်ကမှ တောထဲမှာ လူသတ်မှုတစ်ခုဖြစ်ထားတဲ့ မြို့က ဝက်စ်လိတ်ကျောင်းကို ကျောင်းသားသစ်တစ်ယောက်ရောက်လာပါတယ်။ အဲဒီကျောင်းမှာ ညဘက်ဆို ဘုရားကျောင်းထဲမှာ လူစုပြီး အလိမ်ဖော်တဲ့ ဂိမ်းတစ်ခုဆော့လေ့ရှိပါတယ်။ နောက်ပိုင်းမှာတော့ ကျောင်းသားသစ်နဲ့ သူငယ်ချင်းတစ်စုဟာ လတ်တလောဖြစ်ပျက်ထားတဲ့ လူသတ်မှုနဲ့နွယ်ပြီး ဂိမ်းကိုပိုစိတ်ဝင်စားဖို့ကောင်းအောင်ဖန်တီးဖို့ ကြိုးစားရင်း မျှော်လင့်မထားတဲ့ အရာတွေဖြစ်လာတဲ့အခါမှာတော့....ဒီဇာတ်လမ်းက သွေးထွက်သံယိုတွေ၊ ခြောက်လှန့်တာတွေအစား မြေခွေးက ဘယ်သူဖြစ်မလဲစသဖြင့် ပဟေဠိဆန်ဆန် ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.6 GB)/(760 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:30:00 Genre...Drama, Horror, Mystry Subtitle….Myanmar Subtitle (Hardsub) Encoder…. Mr. Anderson Translated by Bonsai
movie

Cry_Wolf (2005)

Bodyguard Seduction (2022)
Bodyguard Seduction (2022)  ချာလီဆိုတဲ့ အမျိုးသမီးဟာ တစ်နှစ်တာ အကောင်းဆုံးမော်ဒယ်ဆုကို သုံးကြိမ်ရရှိထားသူဖြစ်ပြီး အောင်မြင်တဲ့ ကုမ္ပဏီပိုင်ရှင် စီးပွားရေးသမားတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါပေမဲ့သူဟာ အမြဲအထက်စီးဆန်လေ့ရှိပြီး လုပ်ချင်တာကိုပဲတဇွတ်ထိုးလုပ်တတ်သူတစ်‌ဦးပါ။ ချာလီတစ်ယောက် နေရင်းထိုင်ရင်းကနေ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုတွေ ဆိုးရွားလာခဲ့ပြီး ကုမ္ပဏီဘုတ်အဖွဲ့က ဘယ်သူနဲ့မှ အလုပ်တွဲမလုပ်ချင်တဲ့သူ့ကို သက်တော်စောင့်တစ်ယောက် ငှားပေးခဲ့ပါတယ်။တစ်နေ့တစ်ခြား ပိုပိုဆိုးလာတဲ့ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေကို ချာလီဟာ သူရဲ့ သက်တော်စောင့်နဲ့အတူ ဘယ်လိုဖြေရှင်းကြမှာလဲ ရုတ်တရက် အလုပ်အတူတူတွဲလုပ်ဖို့ဖြစ်လာတဲ့ သူ့ရဲ့ သက်တော်စောင့်ကလည်း ယုံကြည်လို့ရနိုင်ရဲ့လားဆိုတာကို ကြည့်ရှုရမယ့် Thriller ဇာတ်ကားလေးပဲဖြစ်ပါတယ် File size…(1.4 GB)/(680 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban
movie

Bodyguard Seduction (2022)

Kaam Chalu Hai (2024) 9.9
Kaam Chalu Hai (2024) Kaam Chalu Hai (2024) ဖခင်သောက IMDb 9.9/10 (4k)ဒီကားမှာတော့ အရမ်းနာမည်ကြီးတွေမပါဘဲ လူအများကြိုက်နှစ်သက်လောက်တဲ့ ပလော့တွေပဲပါမှာပါ ဒီလောက်ကောင်းတဲ့ rating တွေဘာလို့ရထားလဲတစ်ချက်လောက်ကြည့်ရအောင်ဖခင်ကောင်းတစ်ယောက်ရဲ့ သားသမီးပေါ်ဖြည့်ဆည်းပေးချင်တဲ့စိတ် သားသမီးကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ပျော်ရွှင်စရာမိသားစုဘဝကိုဖြတ်သန်းနေတဲ့ မန်နို့ဂ်ျ သူ့သမီးလေးကတော့ ကြီးလာရင် ခရစ်ကတ်ကစားသမားဖြစ်ချင်သူလေးပေါ့ " အသက်၁၅နှစ်ကျရင် နိုင်ငံကိုယ်စားပြုကစားမှာ" ဆိုတဲ့ သမီးဆန္ဒအတိုင်း ကလေးကျောင်းမသွားခင်နဲ့ ကျောင်းပြန်ချိန်တွေမှာ သူကိုယ်တိုင် ထရိန်နင်ပေးပြီး ကစားသမားကောင်းတစ်ယောက်ဖြစ်အောင် နေ့တိုင်းပျိုးထောင်ပေးနေလေရဲ့မိန်းမဖြစ်သူကတော့ အိမ်ထောင်ရှင်မပီပီ အိမ်မှုကိစ္စနိုင်နင်းပြီး သာယာတဲ့မိသားစုလေးတစ်ခုပါပေါ့ ။။။ လက ဘာလို့မည်းနေလဲဆိုတော့ချိုင့်ခွက်တွေပေါလို့ပါ အိန္ဒိယနိုင်ငံမှာချိုင့်တွေပေါသလိုပေါ့ ဒါပေမဲ့လပေါ်မှာတော့ အစိုးရမရှိလို့ ကွန်ပလိန်းတွေနားထောင်မဲ့လူတော့မရှိဘူးတဲ့လေ သမီးဖြစ်သူဂူဒီယာလေးတို့ကျောင်းလမ်းမှာ ချိုင့်ခွက်ကြီးကြီးတစ်ခုရှိလေရဲ့ နောက်ဘီးတစ်ခုလုံး ဝင်ဆောင့်မိလောက်တဲ့အထိကြီးတော့ အဲဒီနားမယ် ခဏခဏအက်ဆီးဒင့်တွေဖြစ်ကြတာပေါ့ ဒါကတော့ဒီဇာတ်ကားရဲ့ ဇာတ်အိမ်ပါပဲ။။ ဆိုတော့ ထုံးစံအတိုင်း ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့....(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ BpL ~ Aditi ~ Alex ပဲဖြစ်ပါတယ်) File size…1.2GB / 552MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 23mins Subtitle….Myanmar Subtitle ...
movie

Kaam Chalu Hai (2024)

2024
Parachute (2024) 6.0
Parachute (2024)  CM ပရိတ်သတ်ကြီးကို Rotten Tomatoes 87% နဲ့IMDB 7.5 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးချင်ပါတယ်။ဆိုရှယ်မီဒီယာဟာ ယနေ့ခေတ်ကျွန်တော်တို့ နေ့စဉ်ဘဝမှာမရှိမဖြစ် အရာတစ်ခုအနေနဲ့ ပါဝင်ပတ်သက်နေတယ်ဆိုတာတော့ ငြင်းလို့ရမယ် မထင်ဘူးဗျ။ မနက်မိုးလင်းမျက်စိဖွင့်လို့ ညအိပ်ယာဝင်သည်အထိ Facebook,Instagram, Twitter အစရှိတဲ့ App မျိုးစုံကိုရည်ရွယ်ချက်မျိုးစုံနဲ့အသုံးပြုနေကြတာပေါ့။ဒါပေမဲ့ ခက်တာက လူအတော်အများဟာ Social Mediaပေါ်က အတုအယောင် lifestyle တွေနဲ့ influencer တွေရဲ့based on fact မဟုတ်တဲ့ အတွေးအမြင်တွေကို အမှန်လို့ယူဆလာကြပြီး ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်တဲ့စိတ်တွေမလုံလောက်တဲ့စိတ်တွေ တဖြည်းဖြည်း စိမ့်ဝင်လာကြပါတယ်။ဒီကားထဲက Riley ဟာလည်း ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီးမူမမှန်တဲ့ စိတ်ရောဂါတစ်ခုရှိနေတာပါ။ မော်ဒယ်တွေရဲ့ကျော့ရှင်းလှတဲ့ပုံတွေကို မြင်တိုင်း တခြားမိန်းကလေးတွေကိုမြင်တိုင်း သူ့ကိုယ်သူနဲ့ နှိုင်းယှဉ်ပြီး စိတ်ကျရောဂါ ခံစားနေရတဲ့သူပေါ့။ပြန်ထည်ထူထောင်ရေးစခန်းက ပြန်ထွက်လာပြီး ဘဝကိုအသစ်က ကြိုးစားရှင်သန်တော့မဲ့နေရာကနေ ဇာတ်လမ်းကိုအစပျိုးထားပါတယ်။ဇာတ်လမ်းကို ငြိမ့်ငြိမ့်လေး ခံစားရမယ်။သင်ခန်းစာတချို့လည်းရမယ်ဆိုတော့ သေချာပေါက်ရွေးချယ်ကြည့်ရှုသင့်တဲ့ ဇာတ်ကားလို့ ...
movie

Parachute (2024)

A Journey (2024) 6.1
A Journey (2024)  ဒရာမာအဆွေး ဇာတ်ကားကောင်းကောင်းလေးတွေကိုကြိုက်နှစ်သက်သူတွေအတွက် A Journey ဆိုတဲ့ဖိလစ်ပိုင်ဒရာမာကား ကောင်းကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဖိလစ်ပိုင်ဆိုပေမဲ့ Netflixတန်းဝင်ဖြစ်ပြီး IMDb Rating ကလည်းလက်ရှိ6.1 အထိရရှိထားတဲ့အတွက်ပေးရတဲ့အချိန်နဲ့တန်စေမဲ့Feeling မျိုးကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ချစ်သူနှစ်ဦး ကတကယ်တမ်းအရမ်းချစ်လာကြပြီးအဆင်ပြေနေကြပြီဆိုရင် လောကကြီးကမတရားတာများပါတယ်။ချစ်လျက်နဲ့ သေကွဲကွဲရသူတွေ ရှင်ကွဲကွဲရသူတွေကိုလည်းရေတွက်လို့တောင် မကုန်နိုင်ပါဘူး။ဒီဇာတ်ကားလေးထဲမှာလည်း ဘရိုင်ယန်နဲ့ ရှိန်းဆိုတဲ့အရမ်းချစ်တဲ့ ငယ်ချစ်လင်မယားရဲ့ ဘဝကိုကံကြမ္မာဆိုးက ဝင်မွှေပုံကိုစတင်တွေ့ရမှာဖြစ်ပါတယ်။ရှိန်းက ရင်သားကင်ဆာရှိသူ တစ်ယောက်ဖြစ်ပြီး သိပ်မကြာသေးခင်ကပဲ ကုသမှုတွေခံယူပြီးကင်ဆာကို ကျော်ဖြတ်နိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဒါပေမယ့် ကံကြမ္မာကမျက်နှာသာ မပေးတဲ့အခါမှာတော့ဒုတိယ တစ်ခေါက်ပြန်ဖြစ်လာခဲ့ပြီး အရင်ထက်တောင်ပိုဆိုးလာပါတော့တယ်။ ဒီလိုနဲ့ ရှိန်းလည်း ကိုယ်ချစ်တဲ့သူကိုထပ်မနာကျင်စေချင်တဲ့ အတွက်ဆေးမကုသပဲနဲ့ သူမသေခင်ဖြစ်ချင်တဲ့ဆန္ဒတွေကို စာရင်းတစ်ခုနဲ့ချရေးပြီး အဲ့ဒါတွေကိုလိုက်လုပ်ဖို့ပဲ ဆုံးဖြတ်ခဲ့ပါတော့တယ်။ဘရိုင်ယန် ကလည်းရှိန်းကို ဆေးကုသဖို့နားချလို့ မရတဲ့အတွက် သူ့ရဲ့စာရင်းထဲကဟာတွေကို ပြီးမြောက်အောင်လိုက်ကူညီပေးဖို့ပဲ ဆုံးဖြတ်ခဲ့ပါတော့တယ်။ဒါပေမယ့် အဲ့ဒါကိုသူတို့နှစ်ယောက်တည်းလုပ်မှာမဟုတ်ပဲ သူတို့နှစ်ယောက်နဲ့ ငယ်ငယ်ကတည်းကပေါင်းလာတဲ့ အခုအချိန်မှာမင်းသားဖြစ်နေတဲ့ သူငယ်ချင်းတူပဲကပါ အတူတူလိုက်လံကူညီပေးပါတော့တယ်။ဒီလိုနဲ့ သူတို့ သူငယ်ချင်းသုံးယောက်ရှိန်းဖြစ်ချင်တဲ့ ဆန္ဒတွေကိုအချိန်မှီ ပြီးမြောက်အောင်လုပ်ပေးနိုင်ပါ့မလား..လင်မယားနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကရောဇာတ်သိမ်းမှာ ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာတွေကိုလိုက်ပါစီးမြောပြီး ကြည့်ရှုရမဲ့ဒရာမာဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…1.47GB / ...
movie

A Journey (2024)

Shazam! (2019) 7.5
Shazam! (2019) DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie

Shazam! (2019)

2019
4K HEVC
[21+] On a business trip-Rio Asahi (IPZZ-109-Decensored)
[21+] On a business trip-Rio Asahi (IPZZ-109-Decensored) JAV မင်းသမီးတွေ Rio Asahi လိုမျက်နှာကျမျိုးက မြင်တာနဲ့မှတ်မိစရာလေးပါပဲ..ရှင်းသန့်တဲ့မျက်နှာလေးနဲ့ ဖြူနွဲ့တဲ့ သူမပုံစံမျိုးလေးက နှစ်ခြိုက်စရာပုံမျိုးလေးပါ။IPZZ-109-Decensored ဒီဇာတ်လမ်းမှာတော့Rio Asahi ကို ဘောစ့်မမအဖြစ်မြင်တွေ့ရမှာဖြစ်ပြီး အလှအပတွေနဲ့ဖမ်းစားမယ့်မိုးညတစ်ညအကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့  ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။DS ကနေ ဒုတိယမြောက် Rio Asahi ရဲ့ဇာတ်ကားကို Decensored Version  ထပ်မံတင်လိုက်ပါတယ်။(Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။File Size : (2.7 GB) & (1.4 GB) Quality : HD-Rip Decensored 1080p & 720p Running Time : 02:26:09 Format : mp4 Subtitle : Myanmar Subtitle ...
movie

[21+] On a business trip-Rio Asahi (IPZZ-109-Decensored)

Still Alice (2014) 7.5
Still Alice (2014)  အသက် ၅၀ အရွယ် အဲလစ်ဟာ ကိုလမ်ဘီယမ်တက္ကသိုလ်မှာ ဘာသာဗေဒကိုပို့ချလျက်ရှိတဲ့ပါမောက္ခတစ်ယောက်ဖြစ်ပါတယ်။ ဘာသာဗေဒနဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်ချက်များပြုလုပ်ကာ တကမ္ဘာလုံးမှာသင်ကြားပို့ချရလောက်တဲ့ ပြဌာန်းစာအုပ်တွေကို ပြုစုရေးသားနိုင်တဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။သူ့မှာ ချစ်ရတဲ့ခင်ပွန်းနဲ့ သားသမီး ၃ ယောက်တို့ရှိပါတယ်။ သူ့အနေနဲ့ အချို့အရာလေးတွေကို စတင်မေ့စပြုလာတဲ့အတွက် ဦးနှောက်နဲ့အာရုံကြောအထူးကုဆရာဝန်တစ်ဦးနဲ့ သွားရောက်ပြသလိုက်တဲ့ အခါ မျိုးရိုးဗီဇကြောင့် အရွယ်မတိုင်ခင်ဖြစ်တတ်တဲ့ အယ်ဇိုင်းမားရောဂါကို စတင်ခံစားနေရပြီဆိုတာကိုသိလိုက်ရပါတော့တယ်။ ရောဂါဖြစ်နေကြောင်း သိလိုက်ပြီးတဲ့နောက် သူ့အလုပ်မှာရောဘာတွေဆက်ဖြစ်မလဲ? သူ့ရဲ့ မိသားစုကရော မှတ်ဉာဏ်တွေ ယိုယွင်းလာတဲ့သူမအပေါ် ဘယ်လိုဆက်ဆံကြမလဲ? ဒါတွေကို ဆက်လက်ရှုစားရမှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာတော့ အဲလစ်အဖြစ် မင်းသမီးကြီး Julianne Moore ကပါဝင်သရုပ်ဆောင်ထားပြီး အယ်ဇိုင်းမားရောဂါသည် တစ်ဦးအနေနဲ့ စိတ်ပိုင်းဆိုင်ရာရုန်းကန်မှုတွေ၊ စိတ်ရှုပ်ထွေးမှုတွေ၊ နာကျင်ခံစားရမှုနဲ့ ဒေါသစတဲ့စိတ်ခံစားချက်မျိုးစုံကို ပေါ်လွင် အောင်သရုပ်ဆောင်ထားတာတွေကို တွေ့ရှိရမှာပဲဖြစ်ပါတယ်။ သူမအနေနဲ့ ဒီဇာတ်ကောင်ဖြင့်ပင် အကယ်ဒမီဆုပေးပွဲအပါအဝင် အခြားဆုပေးပွဲတွေမှာလည်း အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုအများအပြားကို သိမ်းယူနိုင်ခဲ့ပါသေးတယ်။ သူ့ကို ချစ်ခင် တဲ့ ခင်ပွန်းသည်အဖြစ် မင်းသားကြီး ...
movie

Still Alice (2014)

Spider (2002) 6.8
Spider (2002)  ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်စိတ်ရောဂါဝေဒနာရှင်များကို စောင့်ရှောက်ထားတဲ့ဂေဟာတစ်ခုကို ကလက်ခ်တစ်ယောက်ရရှိလာပါတယ်။ ကလက်ခ် မိခင်ဖြစ်သူ သေဆုံးသွားရခြင်းမှာ ဖခင်ဖြစ်သူက အပျော်မယ်တစ်ယောက်နဲ့ဖောက်ပြန်​ကာ မိခင်ကိုသတ်ခဲ့သည်ဟု တထစ်ချယုံကြည်ထားသူတစ်ယောက်ဖြစ်ပါတယ်။အဲဒီဂေဟာမှာ ကလက်ခ်နေ နေတုန်း ငယ်ဘဝက မိခင်ဖြစ်သူနဲ့ဖခင်တို့ အဆင်မပြေမှုတွေ ၊ငယ်ငယ်က သူ၏မိခင်ပြောခဲ့သောစကားတွေ ၊ဖခင်ဖြစ်သူ သွားနေကျအရက်ဆိုင် စသည်ဖြင့်အဖြစ်အပျက်တစ်ခုချင်းကို ပြန်မြင်ယောင်ရင်း ငယ်စဉ်က မိခင်သေဆုံးသွားမှုရဲ့အကြောင်းအရင်းကို ရှာဖို့ကြိုးစားပါတော့တယ်။ သူသိထားတာတွေက အဖြစ်မှန်တွေဖြစ်မလား စိတ်ရောဂါကြောင့်ပဲဖြစ်မလား စသည်ဖြင့် မရေရာမှုတွေနဲ့စောင့်ကြည့်ရမဲ့ စိတ္တဇဆန်ဆန်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1.7 GB)/(850 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:38:00 Genre...Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice
movie

Spider (2002)

Rabid (1977) 6.3
Rabid (1977)  အဘိုးတို့ခေတ်က အမေရိကန်အပြာသရုပ်ဆောင် မင်းသမီးကြီးမာရီလင်ချိန်းဘားစ်ရဲ့ ခေတ်ဟောင်းဇွန်ဘီးရုပ်ရှပ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဆုတွေအများကြီးရထားပြီး ဟော်ရာရုပ်ရှင်တွေအရိုက်များတဲ့ ကနေဒါလူမျိုးဒါရိုက်တာကြီး ဒေးဗစ်ခရိုနန်ဘာ့ချ်လက်ရာမို့ ခေတ်ဟောင်းကရုပ်ရှင်ဆိုပေမဲ့ အရည်အသွေးကတော့ ထိပ်တန်းပါပဲ။လမ်းလယ်မှာရပ်ထားတဲ့ ကားတစ်စီးကြောင့် ဆိုင်ကယ်စီးလာတဲ့ စုံတွဲတစ်တွဲဟာ အတော်လေးဆိုးဝါးတဲ့ မတော်တဆမှုတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။အမျိုးသားဖြစ်သူက ကျိုးပဲ့ပြီး သတိလစ်တာလောက် ဖြစ်သွားပေမဲ့ အမျိုးသမီးလေးကတော့ ဆိုင်ကယ်မီးလောင်တာနဲ့အတူ ခန္ဓာကိုယ်နေရာအတော်များများမှာ မီးလောင်သွားခဲ့ပါတယ်။အနားမှာ ပလတ်စတစ်ဆာဂျရီလုပ်ပေးတဲ့ ဆေးခန်းရှိနေတဲ့အတွက် အမျိုးသမီးဖြစ်သူကို ဘယ်မှာမှမစမ်းသပ်ရသေးတဲ့ အရေပြားအစားထိုးနည်းနဲ့ မလွှဲရှောင်သာပဲ ကုပေးလိုက်ရပါတယ်။ ဒီမှာပဲ ကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ထူးဆန်းတာတွေဖြစ်လာပြီး တစ်မြို့လုံးရောဂါကူးစက်ဖို့ ဖြစ်လာပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:31:00 Genre...Horror, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie

Rabid (1977)

Do Over (2023)
Do Over (2023) Do over (2023)ယမကာနဲ့ ဘဝIMDb-7/10"အပေါင်းအသင်းတွေနဲ့ ဆုံတုန်းလေးသောက်တာ ဘာဖြစ်လို့လဲ အတင်းတိုက်လို့သောက်ရတာ တစ်ခါတလေလေးဘာဖြစ်လို့လဲ ကိုယ့်ဘာသာအေးဆေးသောက်တာ ဘယ်သူ့ကိုထိခိုက်နေလို့လဲ" ဆိုတဲ့စကားတွေ ပတ်ဝန်းကျင်မှာ ခဏခဏကြားဖူးကြမှာပါဒီကားထဲက စီဗာကူးမားဆိုတာ ဝင်ငွေကောင်းတဲ့အလုပ် ၊ ချစ်ဇနီး ၊ ချစ်သမီးနဲ့ သာယာပျော်ရွှင်နေတဲ့သူတစ်ယောက်ပါ အလုပ်ကြောင့် အပေါင်းအသင်းကြောင့် တစ်ခါတလေသောက်တာပါဆိုရာကနေ အရက်စွဲသွားပြီး အလုပ်ပြုတ် မိန်းမလည်း အိမ်ပေါ်ကဆင်း ငှားထားတဲ့အိမ်ပေါ်ကပါ နှင်ချခံရပြီး ပြန်လည်ထူထောင်ရေးစခန်းရောက်သည်ထိ ဘဝအခြေအနေပြောင်းလဲထိုးစိုက်သွားခဲ့တာပါအားလုံးကိုအမြင်မှန်ရပြီး အစွမ်းကုန်ပြန်ကြိုးစား‌ပေမဲ့ သူ့အရင်အနေအထားပြန်ရဖို့ကို ခက်ခဲသွားခဲ့ပါပြီဒီလိုနဲ့ဘဝကိုအရှုံးပေးပြီး အရက်သမားဘဝပြန်ရောက်သွားမလား ဇွဲမလျော့တမ်းကြိုးစားပြီးအောင်မြင်သွားနိုင်မလားဆိုတာတော့.......လက်တွေ့ဘဝဖြစ်ရပ်ကို ဇာတ်လမ်းသဘောလေးနှောပြီးရိုက်ကူးထားတာကြောင့် အရက်ဆန့်ကျင်ရေးဋီကာတွေနဲ့ ဖွဲ့နွှဲ့ထားတာမဟုတ်ဘဲ လက်တွေ့ကျတဲ့ ဇာတ်လမ်းတစ်ပုဒ်အဖြစ် ရှုစားနိုင်မှာပါအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni ပဲဖြစ်ပါတယ် File size…1.24GB / 746MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Yunni
movie

Do Over (2023)

2023
My Dear Donga (2024)
My Dear Donga (2024) My Dear Donga (2024) "ချစ်သော ဒွန်ဂါ(သူခိုး)"လောလောလတ်လတ် ထွက်ရှိထားတဲ့ ရင်ကိုအေးစေမယ့် ရွှေရင်အေး တေလဂူး အချစ်ဟာသကားလေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်ပေါ့ပေါ့ပါးပါး ရယ်ရပေမယ့် မပေါပဲ ကြည့်ကောင်းပြီး runtime ကလည်း မဆွဲဆန့်ထားတာမို့လို့ အချိန်ပေးရကျိုးနပ်စေမှာပါ ဇာတ်လမ်အကျဥ်းအနေနဲ့ ဆူဂျီက dating app အတွက် အင်စတာဂရမ်မှာ caption တွေ ရေးပေးတဲ့ သွက်သွက်လက်လက် မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူ့ချစ်သူကတော့ ဆရာဝန်ဖြစ်တဲ့ ဗီရှယ်လ်ပေါ့ သူငယ်ချင်းတို့အတွဲ ro နေတာတွေကို အပြစ်တင်သလိုလိုနဲ့ ကြိတ်အားကျနေရပြီး အလုပ်များလို့ ဂရုမစိုက်နိုင်တဲ့ ဗီရှယ်လ်ကိုတော့ သူ့စိတ်ထဲ အားမရပါဘူး ဒီလိုနဲ့ ကံကြမ္မာဆန်းကြယ်လိုက်ပုံများ သူ့တိုက်ခန်းကို ခိုးဝင်လာတဲ့ သူခိုး ဆူရတ်ရှ်နဲ့မှ သူငယ်ချင်းဖြစ်သွားပါလေရော သူတို့ဆက်ဆံရေးခိုင်မြဲလာခဲ့ပြီး ဘဝမှာလည်း မထင်မှတ်တဲ့ အပြောင်းအလဲတွေ ရိုက်ခတ်တဲ့အခါ ကောင်မလေးက ဘာကိုရွေးချယ်သွားမှာလဲဆိုတာကိုတော့....ပရိသတ်ကြီးပဲ ဆက်လက်အားပေးလိုက်ပါဦး.. ကြည်နူးစရာ ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေး ကြည့်ချင်တယ် အချိန်လည်း အများကြီး မပေးချင်ဘူးဆိုရင်တော့ ဒေါင်းကြည့်လိုက်တော့နော် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ...
movie

My Dear Donga (2024)

2024
Yaavarum Vallavare (2024)
Yaavarum Vallavare (2024) Yaavarum Vallavare (2024) မေ့မရတဲ့တစ်ညတာပူလောင်အိုက်စပ်နွေညတွေရဲ့ ရယ်ရွှင်ဆေးဖြစ်လာစေမယ့် ဇာတ်လိုက်ကျော်ကြီး ယိုဂီဘာဘူပါဝင်တဲ့ drama comedy ဇာတ်လမ်းသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ဒီဇာတ်လမ်းမှာတော့ အခွဲလေးခုပါဝင်မှာဖြစ်ပြီးတော့ ဘယ်လိုဆက်စပ်သွားမလဲဆိုတာ ရှုစားကြပါဦး။ ကျွန်တော်တို့အားလုံး ဒုက္ခတွေ့ချိန်မှာ ကယ်တင်ရှင်ကို အမြဲမျှော်တတ်ကြပေမဲ့ ကယ်တင်ရှင်ကတော့ အမြဲပေါ်မလာတတ်ပါဘူး။ကိုယ့်မှာ ပြေးကြည့်မှကိုယ်ပဲရှိတဲ့အချိန်တွေမှာ ကိုယ်တိုင်ပဲကယ်တင်ရှင်ဝင်လုပ်ဖို့ဖြစ်လာတဲ့အချိန်တွေ လူတိုင်းမှာ ရှိခဲ့ဖူးမှာပါပဲ။ ဒီဇာတ်ကားလေးကတော့ ကိုယ့်ဘဝရဲ့သူရဲကောင်းက ကိုယ်ဖြစ်နေတဲ့အခိုက်အတန့်လေးတွေကို ရိုက်ကူးပုံဖော်ထားတာပါ။ ဒီဇာတ်လမ်းလေးမှာ အကျင့်စာရိတ္တကောင်းမွန်မှုနဲ့ ထောင်ဒဏ်လျှော့ရက်ရပြီး ၅ နှစ်အကြာမှာလွတ်မြောက်လာတဲ့လူတစ်ယောက်၊ ၅ နှစ်လုံးလုံး မိသားစုနဲ့တွေ့ခွင့်မရတဲ့သူနဲ့ သူ့ကိုစောင့်ကြည့်နေတဲ့လူတစ်စု နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း အကြမ်းဖက်တွေနဲ့စစ်ပွဲမှာ တိုက်ပွဲကျသွားတဲ့ စစ်သားနဲ့ ကိုယ်ဝန် ၃ လနဲ့ကျန်နေခဲ့တဲ့သူ့ဇနီးဖြစ်သူ တစ်ဖက်က ပျောက်ဆုံးနေတဲ့အဖေကို လိုက်ရှာနေတဲ့သားတစ်ယောက် နောက်ဆုံးအနေနဲ့ ရုပ်ရှင်အဖွဲ့သားယောင်ယောင်နဲ့ အိမ်မှာရုပ်ရှင်ရိုက်မယ်ဆိုပြီး ရောက်လာတဲ့ အကြံသမားနှစ်ယောက်နဲ့ အိမ်ရှင်သူဌေးမရဲ့သမီးကို ခိုးပြေးချင်တဲ့ဒရိုက်ဘာလေးရဲ့ဇာတ်လမ်းဒီဇာတ်လမ်းလေးခုက အဖြစ်အပျက်လေးခုက တစ်ညတည်းမှာဖြစ်လာတဲ့အခါ ဒီလူတွေ ရဲ့ဘဝမှာ ဘယ်လိုရိုက်ခတ်မှုတွေဖြစ်လာမလဲဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်) File size…1.7GB / 762MB Quality…WEB DL 1080p / ...
movie

Yaavarum Vallavare (2024)

2024
The Three Musketeers Part II : Milady (2023) 6.5
The Three Musketeers Part II : Milady (2023) The Three Musketeers Part II : Milady ( 2023 )ပြင်သစ်စာရေးဆရာနဲ့ ပြဇာတ်ရေးဆရာ အလက်ဇန္ဒားဒူးမားရဲ့ ဝတ္တုတွေဟာ ကမ္ဘာကျော်သလို ရွှေဥဒေါင်းရဲ့ မြန်မာမူ ဘာသာပြန်လိုက် လက်ချက်တွေနဲ့ တော်တော်မစိမ်းကြဘူး။ သူရေးခဲ့သမျှထဲ ဒီထဲ ရုပ်ရှင်အဖြစ် အသက်သွင်းမှုအများဆုံးက The Three Musketeers ပါပဲ။ ဇာတ်လမ်းအမျိုးမျိုးပေါင်းပြီး တစ်ဖုံ ချိတ်ပြီးတစ်ဖုံ သူ့ဘာသာတစ်ဖုံ အဖုံဖုံ ရိုက်ကူးခဲ့ကြတာ ကားပေါင်း ၅၀လောက်ရှိပါတော့မယ်။ ဒီထဲကမှ အနုပညာအရ အအောင်မြင်ဆုံး Ratingအမြင့်ဆုံးလို့ပြောရမှာကတော့ မနှစ်ကနှစ်လယ်လောက်မှာထွက်ခဲ့တဲ့ The Three Musketeers: D'Artagnan ပါပဲ။ ကောင်းဆို ပြင်သစ်ကပဲ ထုတ်တာကိုး။ ပြင်သစ်စာရေးဆရာ ဝတ္တုကို ကမ္ဘာအရပ်ရပ်က ပတ်ထုတ်လို့ဝမှ ပြင်သစ်က ပြန်ကောက်ထုတ်လိုက်တာပါ။ ဒါပေမဲ့လည်း အကောင်းဆုံးဖြစ်နေတုန်းပါပဲ။ ပိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်က သူ့ဇာတ်ကွန့်တွေက တခြားကားလိုတွေလို မဟုတ်ဘဲ တစ်သားတည်းဖြစ်ပြီး တော်တော်လေး သေသပ်တာပါပဲ။ကောင်းဆို ဒါရိုက်တာအပါအဝင် ဒီကားထဲပါကြတဲ့လူအတော်များများက The Three Musketeersနဲ့ ရေစက်မကင်းတဲ့လူတွေ The Three ...
movie

The Three Musketeers Part II : Milady (2023)

2023
The Three Musketeers: D’Artagnan (2023) 7
The Three Musketeers: D’Artagnan (2023) The Three Musketeers: D'Artagnan (2023)~ IMDb - 6.9/10, Rotten Tomatoes - 96% ~ကျွန်တော်တို့အဘိုးတွေ အဖေတွေခေတ်ကတည်းက ရွှေဥဒေါင်းလက်ရာနဲ့ လူတိုင်းနီးပါးရင်းနှီးခဲ့တဲ့ အလက်ဇန္ဒြားဒူးမားရဲ့ The Three Musketeers ကို ခေတ်အဆက်ဆက် ရုပ်ရှင်အနေနဲ့ အသက်သွင်းခဲ့ကြပြီးပါပြီ။ သိသလောက်ဆို ဒီရုပ်ရှင်တွေက ဝေဖန်ရေးဆရာတွေအမြင်အရ မအောင်မြင်ခဲ့တာတွေက ပိုများတယ်။ ဆန်းတော့လည်းမဆန်းပါဘူး။ အလက်ဇန္ဒြားဒူးမားစာအုပ်တွေကို ရွှေဥဒေါင်းဘာသာပြန်ထားတဲ့ ရတနာသိုက်တို့၊ ကိုယ်ရံတော်တို့၊ သူရဲကောင်းသုံးယောက်တို့ ဖတ်ကြည့်ရုံနဲ့တင် ဒူးမားအနေနဲ့ ဇာတ်ကြွအောင် ပုံဖော်တာပိုင်နိုင်ပုံကို မြင်နိုင်တယ်။ ဒီလိုဇာတ်ကို ပြန်အသက်သွင်းတာကို ဝေဖန်ရေးဆရာတွေ အရမ်းအကြိုက်မတွေ့ခဲ့ကြတာတော့ ဖြစ်သင့်တဲ့ကိစ္စပါပဲ။ ဒီတစ်ခါရုပ်ရှင်ကတော့ ရှေ့ကားတွေထက် ဝေဖန်ရေးဆရာတွေရဲ့ မျက်နှာသာပေးပိုခံရတယ်လို့ ပြောရပါမယ်။ ခရမ်းချဉ်သီး ၉၆လုံး ရထားပါတယ်။ ဟိုးရှေးခေတ်ကတည်းကနေ ခုထိ ရိုက်ခဲ့သမျှတွေထဲ ခရမ်းချဉ်သီးအမြင့်ဆုံးပါပဲ။ သရုပ်ဆောင်တွေကိုလည်း ကားကောင်းတွေရိုက်တာများတဲ့ Vincent ...
movie

The Three Musketeers: D’Artagnan (2023)

2023
4K HEVC
Dead Ringers (1988) 7.2
Dead Ringers (1988)  အဲလိယတ်နှင့် ဘီဗာလီတို့ဟာ ရုပ်ရည် သွင်ပြင်လက္ခဏာချွတ်စွပ်တူတဲ့ အမြွာတွေဖြစ်ပြီးတော့ သူတို့ဟာ အောင်မြင်တဲ့ မီးယပ်သားဖွားဆရာဝန်တွေဖြစ်ပါတယ်။ သူတို့ရဲ့ဆေးခန်းဟာ ခေတ်မီဆန်းသစ်တဲ့ နည်းပညာနှင့် ကိရိယာတွေကြောင့် လူသိများပါတယ်။ သူတို့နှစ်ယောက်မှာ အဲလိယတ်ဟာ လူနာအမျိုးသမီးတွေနဲ့ အတူတူ အိပ်လေ့ရှိပြီးတော့ သူငြီးငွေ့သွားရင် သူ့ရဲ့ ညီဖြစ်သူ ဘီဗာလီကို လက်လွဲပေးတတ်ပါတယ်။ဒီတော့ ကောင်မလေးတွေခဗျာ ရုပ်ချင်းဒီလောက်ဆင်တယ်ဆိုတာ မသိတာကတစ်ကြောင်း၊ အကျင့်စရိုက်တွေပါ မခွဲခြားနိုင်တာကြောင့် နှစ်ယောက်ပေါင်းပြီး စားခံနေရမှန်း မသိကြရှာပါဘူး။ တစ်နေ့မှာတော့ နာမည်ကျော်သရုပ်ဆောင်မင်းသမီး ကလဲဟာ ရုပ်ရှင်ဇာတ်လမ်းတိုလာရိုက်ကူးရင်း သူတို့ဆေးခန်းကို လာပြရာက အဲလိယတ်ကို ကြွေဆင်းသွားပြီး တူတူအိပ်ဖြစ်ကြပါတယ်။အဲလိယတ်ကတော့ ကလဲကို ငြီးငွေ့သွားလို့ သူ့ညီ ဘီဗာလီကို သွားအိပ်ခိုင်းပါတယ်။ တနယ်ခြားသူလေး ကလဲဟာ သူမကို ညီအစ်ကိုနှစ်ယောက်ပေါင်းစားနေကြောင်း မသိရှာပါဘူး။ ဒီတော့ ဒီဇာတ်ကားလေးမှာ ကလဲတစ်ယောက် ဒီအဖြစ်မှန်ကို သိသွားမလား၊ သူ့အနေနဲ့ ဘယ်လိုလက်တုံ့ပြန်မလဲ၊ အမြွာနှစ်ယောက်ကရော ဘယ်လိုစိတ်နေစိတ်ထားရှိတာလဲ၊ စိတ်အနေအထားက ...
movie

Dead Ringers (1988)

Crazy/Beautiful (2001) 6.4
Crazy/Beautiful (2001)  ၂၀၀၀ခုနှစ်အစောပိုင်းက Romance/Drama ရုပ်ရှင်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ မင်းသမီး Kirsten Dunst နဲ့ မင်းသား Jay Hernandez တို့ ဦးဆောင်ပါဝင်ထားတဲ့ ဒီကားက Rotten Tomatoes - 63% ရရှိထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့အမေရိကန်အထက်လွှတ်တော်အမတ်ရဲ့ သမီးဖြစ်တဲ့ Nicoleက ဘဝကို ဖြစ်ချင်သလို ဖြတ်သန်းနေတဲ့သူပါ။ သူပျော်ရာပဲ လုပ်တတ်ပြီး ဘယ်သူ့ကိုမှလည်း ဂရုမစိုက်တတ်ပါဘူး။ မူးပြီး ကားမောင်းမှုနဲ့ Nicoleဟာ ကမ်းခြေမှာ အမှိုက်ကောက် လုပ်အားပေးဖို့ အပြစ်ဒဏ်ချခံရပါတယ်။အဲဒီကမ်းခြေကို သူငယ်ချင်းတွေနဲ့ အတူရောက်လာတဲ့ Carlosက Nicole ကိုမြင်မြင်ချင်း သဘောကျသွားပါတယ်။ သူတို့နှစ်ယောက်က တစ်ကျောင်းထဲ တူတူတက်တာဖြစ်ပြီး ကျောင်းမှာတွေ့ကြရင်း ခင်မင်ရင်းနှီးတာကနေ ချစ်ကျွမ်းဝင်သွားခဲ့ကြပါတယ်။ Carlosက လေယာဥ်မှူးဖြစ်ချင်ပေမယ့် လေယာဥ်တစ်ခါမှမစီးဖူးတဲ့အတွက် Nicoleက Carlos စမ်းသပ်မောင်းနှင်လို့ရအောင် လေယာဥ်စင်းလုံးငှားပေးခဲ့ပါသေးတယ်။ သူတို့နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် အတော်လည်း မတူကြပါဘူး။Nicoleက ချမ်းသာပြီး ...
movie

Crazy/Beautiful (2001)

Unknown: Cosmic Time Machine (2023) 7.2
Unknown: Cosmic Time Machine (2023) အာကာသနဲ့ နက္ခတ်ဗေဒပညာရှင်တွေကြားမှာရော ကမ္ဘာမှာပါဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့တဲ့ ဂျိမ်းစ်ဝက်ဘ်တယ်လီစကုပ်ကြီးရဲ့ လွှတ်တင်တဲ့အကြောင်းနဲ့ ဂျိမ်းစ်ဝက်ဘ်တယ်လီစကုပ်ရဲ့ တည်ဆောက်ပုံတွေ လူတိုင်းက မဖြစ်နိုင်ဘူးဆိုပြီးယုံကြည်ထားကြတဲ့ အာကာသထဲမှာ တယ်လီစကုပ်ထားမယ်ဆိုတဲ့အကြောင်းတွေကို ဝေဝေဆာဆာ စုံစုံလင်လင်နဲ့တွေ့မြင်ရမဲ့ Documentary လေးတင်ဆက်ပေးလိုက်ပါတယ်။စကြာဝဠာကြီးဟာ နှစ်ပေါင်း ၁၃.၈ ဘီလီယံသက်တမ်းရှိပြီး စကြာဝဠာကြီးရဲ့ ဟိုးအစွန်ဆုံးမှာရှိတဲ့ စတင်ဖြစ်ပေါ်လာရာ အလင်းတန်းဟာဆိုရင် ကမ္ဘာကိုရောက်ဖို့ အလင်းနှစ်ပေါင်း ၁၃.၈ နှစ်ထိလာရမှာပါ။ ဒီတော့ကျွန်တော်တို့တွေညတိုင်းတွေ့မြင်နေရတဲ့ ကြယ်တွေဆိုတာ ဟိုးအရင်အတိတ်ကအလင်းရောင်ပါ။ဒီလိုမျိုးစကြာဝဠာကြီးရဲ့ ပထမဆုံးဖြစ်ပေါ်လာတဲ့ အလင်းရောင်ကိုမြင်ရဖို့အတွက် အရင်က အာကာသကြည့်မှန်ပြောင်းဆိုတာ မရှိသေးပါဘူး။ ဒါကိုမဖြစ်ဖြစ်အောင်လူသားတွေ အတူတကွကြိုးစားအားထုတ်ခဲ့ကြတာပါ။ ဒီဂျိမ်းစ်ဝက်ဘ်တယ်လီစကုပ်ကို တည်ဆောက်ပြီးလွှတ်တင်နိုင်ဖို့အတွက် ဆယ်စုနှစ် ၂ ခုကျော်ကျော်လောက် ကြာခဲ့ပါတယ်။ ဒါ့အပြင် အင်ဂျင်နီယာပိုင်းဆိုင်ရာအခက်အခဲတွေ အခြားအခက်အခဲတွေများစွာကြုံတွေ့ခဲ့ရပါတယ်။လူတိုင်းသိကြတာက ဂြိုလ်တုတွေကို ကမ္ဘာ့အပြင်ဘက်လွှတ်တင်ပြီး ကမ္ဘာရဲ့ပတ်လမ်းကြောင်းထဲမှာတင် လှည့်ပတ်နေကြတာပါ။ ဂျိမ်းစ်ဝက်တယ်လီစကုပ်ကတော့ ဒီလိုမဟုတ်ပါဘူး ကမ္ဘာ့ပတ်လမ်းကြောင်းကနေကျော်ပြီး ကမ္ဘာလိုပဲ နေကိုပတ်နေတဲ့ ပတ်လမ်းကြောင်းဆီ လွှတ်တင်ပေးရမှာပါ။ဒီခရီးစဉ်ဟာ ကမ္ဘာနဲ့လရဲ့အကွာအဝေးထက်လေးဆကွာဝေးပါတယ်။ ဒါ့အပြင် ဒီလောက်ဝေးကွာတဲ့အကွာအဝေးကို ကမ္ဘာရဲ့ထိန်းချုပ်ခန်းကနေ တယ်လီစကုပ်ကို ဖြန့်ကျက်ဖို့အတွက် ရှုပ်ထွေးလှတဲ့ ကွန်ပျုတာပိုင်းဆိုင်ရာကုဒ်တွေကို ပို့လွှတ်ပြီးတော့ လုပ်ဆောင်ရပါတယ်။ အလုပ်တစ်ခုဟာ ကိုယ့်လက်နဲ့ကိုင်ပြီးလုပ်ရင်တောင် ပြည့်စုံတယ်ဆိုတာမရှိပါဘူး။ဒါကိုမိုင်ပေါင်းများစွာက တယ်လီစကုပ်ကြီးကို အမှားအယွင်းမရှိဖြန့်ကျက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုပြီး လူတိုင်းကပြောဆိုဝေဖန်ခံနေရပြီး အကြိမ်ကြိမ် ပိတ်သိမ်းဖို့ဖိအားပေးခံရတဲ့ ဂျိမ်းစ်ဝက်ဘ် ရဲ့နောက်ကွယ်က သောင်းချီနေတဲ့လူတွေရဲ့ မလျော့တဲ့ဇွဲနဲ့ အားထုတ်မှုတွေကြောင့် ကျွန်တော်တို့အခုမြင်နေရတဲ့ အာကာသရဲ့ရင်သပ်ရှုမောရတဲ့ပုံရိပ်တွေကို တွေ့မြင်နေနိုင်တာပဲဖြစ်ပါတယ်။ အိမ်ဖြုတော်ရဲ့ ပြောရေးဆိုခွင့်ရသူပြောသလိုပါပဲ ဒီလိုအပြောကျယ်လှတဲ့စကြာဝဠာကြီးကို တွေ့မြင်လိုက်ရတော့ ငါဘယ်သူလဲ ငါဘယ်ကနေဖြစ်ပေါ်လာတာလဲ ငါဒီစကြာဝဠာကြီးထဲဘယ်လိုဝင်ဆံအောင် ...
movie

Unknown: Cosmic Time Machine (2023)

2024
The Bride and The Beast ( 2024 ) 5.8
The Bride and The Beast ( 2024 ) ကွေ့ထုံနဲ့ လန်သယ်တို့ဟာ ငယ်ငယ်ကတည်းက ခင်မင်ရင်းနှီးကြပြီး လူငယ်အချင်းချင်းမေတ္တာမျှနေကြပါတယ်။ ဒါပေမဲ့ ကွေ့ထုံရဲ့ အဖေဟာ သူ့သမီးကို ရွာသူကြီးရဲ့ သားဖြစ်သူ ချီဖုန်းနဲ့ လက်ထပ်ပေးဖို့ စီစဉ်နေပါတယ်။ ဒီအချိန်မှာ သူတို့ ကွေမိသားစုဆီကို ကံဆိုးမှုကြီးတစ်ခု ရောက်လာခဲ့ပါတယ်။အဲ့ဒါကတော့ ရွာရဲ့ ရိုးရာအရ မိန်းမပျိုလေးကို လော့ဟွားဂူထဲက တောင်နတ်ဆီ ဆက်သဖို့အတွက် ကွေ့ထုံက အရွေးခံလိုက်ရတာပါပဲ။ ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့ မလွတ်မြောက်ခဲ့တဲ့ ကွေ့ထုံဟာ သူ့ကံကြမ္မာကိုပဲ လက်ခံလိုက်ရပါတော့တယ်။ညကြီးသန်ခေါင် သတို့သမီးဝေါယာဉ်ကို သတို့သမီးအရံမိန်းမပျို ယောကျာ်းပျိုလေးတွေနဲ့ တောင်ပေါ်ကို လိုက်ပို့ကြတဲ့အခါ ဘယ်လို ထိတ်လန့်စရာအဖြစ်တွေနဲ့ ကြုံရမလဲ...... လော့ဟွားဂူထဲကို အပို့ခံခဲ့ရတဲ့ မိန်းမပျိုလေးတွေကရော ဘယ်လိုအဖြစ်မျိုးတွေ ကြုံတွေ့ခဲ့ကြတာလဲ...... ဒီလို အဖြစ်တွေက နတ်ကလုပ်တာလား လူတွေရဲ့ ယုတ်မာတဲ့ အကြံပဲလား ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Romance , Thriller Runtime : 1h 25 min Subtitle : Myanmar ...
movie

The Bride and The Beast ( 2024 )

Daisy (2006) 7.5
Daisy (2006) နှစ်ချို့ဝိုင်တစ်ခွက်လို အတိတ်ရဲ့လွမ်းမောဖွယ်ရာကို လတ်လတ်ဆတ်ဆတ်သယ်ဆောင်လာတဲ့ ရနံ့မျိုးနဲ့ ပန်းတစ်ပွင့်..ဒေစီ။ အရောင်တွေကစလို့ ဝါကျင်ကျင်ဖြစ်နေမယ်...သရုပ်ဆောင်တွေက ဒေစီအတွက် အသက်ရှင်နေသလို သက်ဝင်နေမယ်... ဖြစ်တည်တဲ့လမ်း မြစ်တွေရဲ့ကမ်းလိုပဲ အကြောင်းအရာက နည်းနည်းလေးဆိုပေမယ့် တစ်ဘဝစာလုံး ပျော်ဝင်မှုနဲ့ထိန်းကွပ်ထားမယ်... အတ္တတွေမရှိဘူး....ချစ်ခြင်းသန့်သန့်တွေပြိုင်ဆိုင်ကြတဲ့ပွဲမှာ... ဪ...တွယ်ငြိရာသာ ဆုံးရှူံးမှာပါပဲ။Daisy (2006)IMDb Rating (7.5 ) Rotten Tomatoes (79%) ရရှိထားတဲ့ ဒီရုပ်ရှင်ကားကတော့ ကိုရီးယားရဲ့ မင်းသမီးချော Ji-hyun Jun နဲ့ မင်းသား Jung Woo-sung တို့ပါဝင်ထားပြီး ဘဝမှာ မှတ်မှတ်ထင်ထင်ရှိစေမယ့် ကိုရီးယားရုပ်ရှင်တစ်ကားလဲဖြစ်ပါတယ်။ဒီရုပ်ရှင်ကားက HD Quality လုံးဝမထွက်ရှိခဲ့ဘဲ DVD Quality နဲ့ပဲ နှစ်တွေကြာရှည်ခဲ့ပြီး ခုကတော့ BluRay Disc 60 FPS Quality နဲ့ထွက်ရှိလာလို့ အကောင်းဆုံး ရုပ်သံအရည်အသွေးရရှိအောင် ပြန်လည်တင်ဆက်လိုက်ပါတယ်။+++++++++++++++++++ရုပ်ရှင်အညွှန်းကိုတော့ MSR FB ပေ့ကစာသားတွေနဲ့မိတ်ဆက်ခဲ့ပါမယ်....++++++++++++++++++++ဒေစီ မိုးကလည်း ရွာလာပြန်ပြီ ။ ကျွန်မက ထီးမဆောင်တက်တဲ့အတွက် မိုးရွာတိုင်း မိုးခိုဖို့နေရာ အမြဲရှာရတယ် ။ ...
movie

Daisy (2006)

2006
1080p Untouched
RIPLEY (2024) 8.1
RIPLEY (2024)  ရှားလော့ဟုမ်းထဲက ဗီလိန်ကြီး မိုရီရာတီအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Andrew Scott ရဲ့ ဇာတ်လမ်းတွဲအသစ်ပါ ဒီကားမှာလည်း သူ့ကို အဓိကဇာတ်လိုက်တစ်ဖြစ်လဲ ဗီလိန်တစ်ယောက်အဖြစ် တွေ့ရမှာဖြစ်ပြီး rating လည်း 8.1 ထိရထားလို့ အတော်လေးကောင်းတဲ့ ရှားရှားပါးပါး Neo-Noir ဇာတ်လမ်းတွဲဖြစ်ပါတယ်...အမေရိကန်နယူးယောက်ကနေ စွန့်ခွာပြီး အီတလီမှာ ဇာတ်မြှုပ်နေထိုင် ပန်းချီဆွဲနေတဲ့ ဒစ်ကီဂရင်းလိစ်ကို သူ့မိဘတွေက လွမ်းလာတဲ့အတွက် အိမ်ပြန်လာဖို့ လူတစ်ယောက် စေလွှတ်ပြီး စည်းရုံးခိုင်းလိုက်ပါတယ်သူကတော့ တစ်ခြားမဟုတ်ဘဲဗီလိန် တွန်ရစ်ပလီဆိုသူပါ...ရစ်ပလီက နယူးယောက်မှာ သာမန်စာရင်းကိုင်ဆိုပေမယ့် သမာအာဇီဝနဲ့လုပ်စားနေသူတော့ မဟုတ်ပါဘူး..သူ့ကိုမှ မြွေပွေးခါးပိုက်ပိုက်မိတဲ့ မစ္စတာဂရင်းလိစ်ဟာ သားဖြစ်သူကို ခေါ်ဖို့ အီတလီကို လွှတ်လိုက်ပါတယ်....ဒါပေမယ့် ရစ်ပလီဟာ အစကတော့ ခိုင်းတဲ့အတိုင်းအခကြွေးငွေယူပြီး ဒစ်ကီကို နယူးယောက်ပြန်ခေါ်ဖို့လုပ်ပေမယ့်...ဂရင်းလိစ်တို့ မိသားစုရဲ့ စည်းစိမ်ကို မြင်သွားတာကြောင့် ဒစ်ကီ ဂရင်းလိစ်ကို သွေးအေးအေးနဲ့ နှိပ်စက်ပါတော့တယ်..... ကာရိုက်တာ ဇာတ်ကောင်နည်းနည်းနဲ့ ဇာတ်ရှိန်ကို အမြင့်ကြီး ...
8.1
TMDb: 8.1/10 55 votes
tv

RIPLEY (2024)

2024
Chucky Season 3(2023)+ Season 2 (2022)+ Season 1 (2021) 7.7
Chucky Season 3(2023)+ Season 2 (2022)+ Season 1 (2021)    ကလေးဘဝမှာဖြစ်ဖြစ် လူကြီးဖြစ်မှဖြစ်ဖြစ် ရုပ်ရှင်ချစ်သူအတော်များများ ချက်ကီဆိုတဲ့ အရုပ်ကိုမသိတဲ့သူ ရှားပါလိမ့်မယ်။အသက်ဝင်နေပြီး ဒေါသကြီးတဲ့ ရက်စက်တဲ့ လူသတ်အရုပ်လေးအဖြစ် သိကြမှာပါ။ ချက်ကီမှာ နောက်ကြောင်းရာဇဝင်တွေ တစ်ကားနဲ့တစ်ကား ကွဲပြားနေပါသေးတယ်။ဒီစီးရီးမှာလည်း ချက်ကီရဲ့ နောက်ကြောင်းရာဇဝင်ကို ပဟေဠိဆန်ဆန်လေးနဲ့ ကြောက်စရာကောင်းအောင် ပြသထားပါပြီ။ဇာတ်လမ်းကလည်း ဆန်းသစ်တာမို့ လျို့ဝှက်ဆန်းကြယ်၊ ကြောက်စရာ အမျိုးအစားကြိုက်သူတွေအတွက်တော့ အကြည့်သင့်ဆုံးစီးရီးပါပဲ။ Rating လည်း 7.7 ဆိုတော့ ပေါကားမဟုတ်တာတော့ သေချာပါတယ်။ File size…(620 Mb)/(320 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:01:00 Genre...Comedy, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mr. Anderson Season 3 Episode 1 720p  -  Yoteshin / Megaup / Meganz / Usersdrive / Streamvid / Streamwish Episode 1 1080p  - ...
7.7
TMDb: 7.7/10 9 votes
tv

Chucky Season 3(2023)+ Season 2 (2022)+ Season 1 (2021)

2021
Monsters at Work (2021) 7.169
Monsters at Work (2021)  ဒီစီးရီးလေးက ကျွန်တော်တို့အားလုံး ငယ်ငယ်ကကြိုက်နှစ်သက်ခဲ့တဲ့ Monsters, Inc.ရုပ်ရှင်ရဲ့နောက်ဆက်တွဲစီးရီးလေးပါ...။မူရင်းဇာတ်ကားကလို ချစ်စဖွယ်လေးဇာတ်အိမ်လေးနဲ့မို့Monsters, Inc. ဖန်တွေအားလုံးကြိုက်နှစ်သက်ဦးမှာပါပဲ...။ဇာတ်လမ်းအကြောင်းလေးကတော့....မွန်းစတားတွေဟာ ကလေးသူငယ်တွေကို ခြောက်လှန့်ပြီးမြို့တော်အတွက်ဓာတ်အားရှာတဲ့ စနစ်ကိုမသုံးကြတော့ပါဘူး...။ဘာလို့ဆို ကြောက်လှန့်လို့အော်ဟစ်တဲ့အသံထက် ကလေးတွေရဲ့ရယ်မောသံဟာဓာတ်အားပိုထုတ်ပေးနိုင်လို့ပါပဲ...။ဒါက မူရင်းဇာတ်လမ်းပြီးဆုံးသွားတဲ့အပိုင်းပေါ့...။ဒီလိုမွန်းစတားလောကမှာ အပြောင်းအလဲကြီးပြောင်းလဲနေတာကို မသိတဲ့ မွန်းစတားလေးတစ်ယောက်ရှိပါတယ်...တိုင်လာ တက်စ်မွန်ပါ...။တိုင်လာတစ်ယောက် မွန်းစတားအင့်စက်ရုံကို ခြောက်လှန့်သူအဖြစ်အလုပ်လုပ်ဖို့ ရောက်ရှိလာတဲ့အခါမှာတော့ရောက်ရောက်ချင်းနေ့မှာပဲ အလုပ်ပြုတ်သွားရှာပါတယ်။ဘာလို့ဆို မွန်းစတားအင့်က ကလေးတွေကို ရယ်မောအောင်လုပ်ဖို့အတွက် ပြက်လုံးထုတ်တတ်တဲ့ မွန်းစတားတွေကိုပဲအလုပ်ခေါ်တော့လို့ပါ...။ဒီတော့ တစ်သက်လုံး ခြောက်တာလှန့်တာပဲလေ့ကျင့်လာတဲ့မွန်းစတားလေးတစ်ယောက်က ပြက်လုံးထုတ်တတ်တဲ့မွန်းစတားဖြစ်အောင်၊ နာမည်ကျော် မွန်းစတားအင့်ကုမ္ပဏီကြီးမှာအလုပ်လုပ်ခွင့်ရအောင် ကြိုးစားတဲ့ဇာတ်အိမ်လေးကိုချစ်စဖွယ်မြင်တွေ့ရဦးမှာပါ.....။ဒါ့အပြင် တစ်ချိန်က ကလေးဘဝမှာ အားလုံးအချစ်တော်ဖြစ်ခဲ့တဲ့မိုက်ဝဇားစကီးတို့ ဂျိမ်းပီဆူလီဗန်တို့ကိုလည်း မြင်တွေ့ရမှာမို့အလွမ်းပြေကြည့်ရှုသင့်တဲ့ စီးရီးလေးပဲဖြစ်ပါတယ်ဗျာ.... File Size –  488 MB / 211 MBQuality –WEB-DL 1080p , 720pDuration – 22 Min  (@Episode)Total Episodes: 10 EpsSubtitle – Myanmar HardsubFormat ...
7.169
TMDb: 7.169/10 1346 votes
tv

Monsters at Work (2021)

2021
American Horror Story (2011-2024) 8.1
American Horror Story (2011-2024)  Season 11The Police Want Us Dead See Something , Say Somethingအချိန်ကာလအားဖြင့် ၁၉၈၀ ဝန်းကျင်အမေရိကန်ပြည်ထောင်စု မြို့တစ်မြို့ ရဲ့လမ်းတွေပေါ်မှာလူလတ်ပိုင်းအရွယ်ကောင်လေးတစ်ယောက်ဟာအပေါ်က”The Police Want Us Dead” ဆိုတဲ့စာသားကို စာလုံးခပ်ကြီးကြီးနဲ့ ရေးထားတဲ့စာရွက်တွေတစ်ပွေ့ကြီးနဲ့ လမ်းတွေမှာလိုက်ဝေ၊လိုက်ကပ်နေတယ်၊၊သူဘာဖြစ်လို့ ဒီလိုတွေလိုက်ဝေနေတာလဲ ၊ဒီလိုပြင်းထန်တဲ့အသုံးအနှုန်းမျိုးကို ဘာလို့သုံးရတာလဲ။အနည်းအကျဉ်းပြန်ပြောရရင် သူ့နာမည်က “အက်ဒမ်”တဲ့ ၊၊လိင်တူကြိုက်တတ်တဲ့ လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်၊၊အမေရိကန်ပြည်ထောင်စုရဲ့ ၁၉၈၀ ဝန်းကျင်တစ်ဝိုက်ကာလဟာ“အက်ဒမ်”တို့လို LGBTQ+ တွေအတွက်အပြောင်းအလဲအများဆုံးနဲ့ အလှုပ်ခတ်ဆုံးကာလလို့ ဆိုရလိမ့်မယ်၊၊လိင်တူနှစ်သက်သူတွေကို ဖိနှိပ်မှုတွေ၊ခွဲခြားဆက်ဆံမှုတွေ၊မုန်းတီးရွံရှာမှုတွေများပြားနေပြီး တစ်ဖက်မှာလည်းကိုယ့်အခွင့်အရေးအတွက် တိုက်ပွဲဝင်ကြ၊ထုတ်ဖော်ပြောဆိုကြ ၊ချီတက်ဆန္ဒပြကြတဲ့ အတွန်းအတိုက်အများဆုံးကာလတွေပေါ့၊၊တစ်ရက်မှာတော့ “အက်ဒမ်”ရဲ့ သူငယ်ချင်း “ဆူလီ”ဟာ သူ့မျက်စိရှေ့မှာပဲအကောင်ကြီးကြီး လူ့ဘီလူးကြီးတစ်ကောင်နဲ့အတူပျောက်ခြင်းမလှပျောက်သွားတယ်၊၊“အက်ဒမ့်” အနေနဲ့ သူ့သူငယ်ချင်းအတွက်စိုးရိမ်တာကြောင့် ရဲစခန်းကို သွားအမှုဖွင့်ခဲ့ပေမယ့်လည်းရဲတွေကတော့ “ယွထပြီး”လိုက်သွားတာမျိုးရောမဖြစ်နိုင်ဘူးလားဆိုတဲ့ ပုံစံမျိုးနဲ့ ဖိနှိပ်ခွဲခြားပြီး အမှုဖွင့်ပေးဖို့တောင် ငြင်းဆိုခဲ့တယ်၊၊ဒီလိုနဲ့ “အက်ဒမ်”တစ်ယောက် သူ့သူငယ်ချင်းအတွက်ကိုယ့်အားကိုယ်ကိုး စုံစမ်းရင်း သူတို့မြို့မှာ လိင်တူကြိုက်တဲ့ဂေးအမျိုးသားတွေ တစ်ယောက်ပြီးတစ်ယောက်ပျောက်ဆုံးနေကြောင်းသိလာရတယ်၊၊ဒီလူတွေဘာလို့ပျောက်ဆုံးနေတာလဲ၊၊ဘယ်သူက ...
8.1
TMDb: 8.1/10 5200 votes
tv

American Horror Story (2011-2024)

2011
My ID is Gangnam Beauty (2018) 7.3
My ID is Gangnam Beauty (2018) My ID is Gangnam Beauty (2018)*******************************အပိုင်း (၁ မှ ၁၆) စ/ဆုံးCM ပရိတ်သတ်တွေအတွက် အခုလို နွေရာသီပူပူလောင်လောင်ကြီးမှာ ရွှေရင်အေးသွားစေဖို့ Lim Soo Hyang နဲ့ Cha Eun Woo တို့ရဲ့ နာမည်ကြီးဒရမ်မာဟောင်းလေးကို ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်- ဇာတ်လမ်းအကျဉ်း - ဂန်မီရယ် (Lim Soo Hyang) က ရုပ်ဆိုးတယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့် ငယ်ငယ်က‌တည်းက သူများတွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရပါတယ်ရုပ်ရည်ကြောင့် လှောင်ပြောင်ခံရတာတွေ များလာတဲ့ မီရယ်တစ်ယောက် အသက်ဆက်ရှင်ချင်တဲ့ ဆန္ဒပါ ပျောက်ဆုံးသွားခဲ့ပါတယ်အဲဒီအချိန်မှာပဲ မီရယ်က အမျိုးသမီးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်အဲဒီအမျိုးသမီးဆီကနေ ရတဲ့ မွှေးပျံ့တဲ့ရနံ့လေး နောက်ပြီး နွေးထွေးတဲ့အကြည့်တွေ... မြင်သာတဲ့အလှတရားကိုမှ လိုချင်ကြတဲ့ ဒီလောကကြီးထဲမှာ အဲဒီအမျိုးသမီးဆီက ရလိုက်တဲ့ရနံ့ ၊ မမြင်ရတဲ့အလှတရားကြောင့် မီရယ်တစ်ယောက် နှစ်သိမ့်မှုရပြီး အသက်ဆက်ရှင်ချင်တဲ့ ဆန္ဒတွေ ပြန်ပေါ်လာပါတော့တယ်အဲဒီနောက်မှာ ...
7.3
TMDb: 7.3/10 95 votes
tv

My ID is Gangnam Beauty (2018)

2018
Sunflower Season 2 (2023) 5.6
Sunflower Season 2 (2023) Sunflower (2021) "နေကြာပန်း" IMDb - 7.5/10ZEE5ကထုတ်လွှင့်ခဲ့ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အိန္ဒိယရုပ်သံဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ်။လက်ပွားမင်းသား သရုပ်ဆောင်ထားတဲ့ Super 30(2019)ကိုဖန်တီးခဲ့တဲ့ ဒါရိုက်တာကြီးVikas Bahl ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲဖြစ်တာမို့ အရည်အသွေးပိုင်းက စိတ်ချထားလို့ရမှာပါ။ အပိုင်း၁၆ပိုင်းထွက်ရှိထားပြီး သရုပ်ဆောင်တွေအနေနဲ့ဆိုလည်း ဘောလိ၀ုဒ်ပရိသတ်နဲ့ မစိမ်းတဲ့ သရုပ်ဆောင်ထူးချွန်သူတွေမို့ အားလုံး နှစ်သက်သဘောကျဖို့အသေအချာပါပဲ။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဆန်းဖလားဝါး(နေကြာပန်း)ဆိုတဲ့ အဆောက်အဦးတစ်ခုမှာ လူလတ်တန်းစားမိသားစုတွေ နေထိုင်ကြတယ်။အဲဒီအဆောက်အဦးမှာပဲ လူသတ်မှုတစ်ခုဖြစ်သွားခဲ့တယ်။ သေဆုံးသူနဲ့ကလည်း အဆောက်အဦးတစ်ခုလုံးက လူတွေနဲ့ ဇာတ်လမ်းလေးတွေရှိ။ သူ့ကိုယ်ပိုင်မိသားစုနဲ့ကလည်း အရှုပ်အရှင်းတွေကများနေတော့ ဒီလူသတ်မှုကိုဖော်ထုတ်ဖို့ ကြိုးစားတဲ့နောက်ကွယ်က အကြောင်းအရာတွေကို စိတ်ဝင်စားဖို့ကောင်းအောင် တစ်ပိုင်းချင်း ဆွဲခေါ်သွားမှာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ Zwe Yan ~ Yunni ~ Hsuri ~ Alexiaတို့ပဲဖြစ်ပါတယ်)File Size – 600MB (Appx;) @EpisodeQuality – 1080p WEB DLDuration – 44mins (@Episode)Total Episodes: 8Eps (@ ...
5.6
TMDb: 5.6/10 9 votes
tv

Sunflower Season 2 (2023)

2023
We Were the Lucky Ones (2024) 10
We Were the Lucky Ones (2024) ဒုတိယကမ္ဘာစစ်အစောပိုင်းမှာ ကာ့တို့မိသားစုဟာ ချမ်းသာတဲ့အရှိန်နဲ့ရာဒွန်းမြို့မှာ ဘေးကင်းကင်းနဲ့ နေထိုင်နေကြပါတယ်။ ဒါပေမဲ့ ကာ့တို့က ဂျူးသွေးပါတဲ့အတွက် ဟစ်တလာအာဏာရတဲ့အချိန်မှာရှောင်တိမ်းရပါတော့တယ်။ ဒီလိုရှောင်တိမ်းရင်းနဲ့ ကာ့တို့မိသားစုတွေ တကွဲတပြားစီဖြစ်သွားပါတော့တယ်။ဒီလိုနဲ့ မိသားစုပြန်လည်ပေါင်းစည်းနိုင်ဖို့ ကာ့တို့မောင်နှမတွေ ကိုယ်စီ ဘယ်လိုကြိုးစားကြမလဲ သူတို့တွေ တကယ်ပဲပြန်လည်ဆုံစည်းနိုင်ကြပါ့မလား... Georgia Hunter ‌ရဲ့ We were the lucky ones ဆိုတဲ့စာအုပ်ကိုအခြေပြုရိုက်ကူးထားတာဖြစ်ပြီး Kissing Booth မင်းသမီးJoey King ပါဝင် သရုပ်ဆောင်ထားပါတယ်။2024 Marchလ 28ရက်‌နေ့မှာထွက်ရှိလာတဲ့စီးရီးအသစ်လေးပဲဖြစ်ပါတယ်။ File size…    500 MB Quality… Web-DL 1080p Format… mp4 Duration…. 50m Genre ..... Drama/War Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Htet Aung Lwin , Elizabeth Khant , Benni  1080pEP 01 - ...
10
TMDb: 10/10 1 votes
tv

We Were the Lucky Ones (2024)

2024
9-1-1 or 911 8.21
9-1-1 or 911 Covid19 ကြောင့် Stay Home နေကြရတဲ့CM Fan တွေ အတွက် အချိန်ကုန်မှန်းမသိအောင်ကြည့်ကောင်းတဲ့ တီဗီဇတ်လမ်းတွဲ တစ်ခု နဲ့မိတ်ဆက်ပေးပါရစေ...9-1-1 ပါတဲ့ ဟုတ်ပါတယ်...9-1-1 ဟာ မြန်မာပြည်က ကူညီပါရစေ လိုပါပဲ ဆိုပေမယ့်ဒီက ကူညီပါရစေလိုမျိုးတော့ မဟုတ်ပါဘူး9-1-1 အုပ်စု မှာ အရေးပေါ် တယ်လီဖုန်းလိုင်းကအော်ပရေတာတွေ ကနေ တဆင့် အမှုအခင်း - သဘာဝဘေး စတဲ့ပြသနာ ပေါင်းစုံကို ဆယ်သွယ်အကူအညီတောင်းတဲ့ အခါမီးသတ် - ရဲ - ဆေးဘက်အကူအညီ နှင့် အပြေးအလွှားကယ်ဆယ်ကြပါရတယ်ဒီ 9-1-1 ဇတ်လမ်းတွဲမှာတော့ ထူးထူးခြားခြား ဖြစ်စဉ်လေးတွေကိုEpisode တစ်ခုစီ အပြီးအစီး ပြထားတာမို့ ဆန့်ငင် ဆန့်ငင် မဖြစ်ပါဘူးဇတ်လမ်းတွဲထဲက သရုပ်ဆောင်တစ်ယောက်စီတိုင်းရဲ့ သဘာ၀ ကျတဲ့သရုပ်ဆောင်ချက်တွေ ကြောင့် ဇတ်လမ်းတွဲဟာ ပိုမိုပြီး အသက်ဝင်နေပါတယ်ဒီဇတ်လမ်းတွဲကိုAugust , Sai Wai ...
8.21
TMDb: 8.21/10 2291 votes
tv

9-1-1 or 911

2018
Sunflower Season 1 (2021) 5.6
Sunflower Season 1 (2021) Sunflower (2021) "နေကြာပန်း" IMDb - 7.5/10ZEE5ကထုတ်လွှင့်ခဲ့ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အိန္ဒိယရုပ်သံဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ်။လက်ပွားမင်းသား သရုပ်ဆောင်ထားတဲ့ Super 30(2019)ကိုဖန်တီးခဲ့တဲ့ ဒါရိုက်တာကြီးVikas Bahl ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲဖြစ်တာမို့ အရည်အသွေးပိုင်းက စိတ်ချထားလို့ရမှာပါ။ အပိုင်း၁၆ပိုင်းထွက်ရှိထားပြီး သရုပ်ဆောင်တွေအနေနဲ့ဆိုလည်း ဘောလိ၀ုဒ်ပရိသတ်နဲ့ မစိမ်းတဲ့ သရုပ်ဆောင်ထူးချွန်သူတွေမို့ အားလုံး နှစ်သက်သဘောကျဖို့အသေအချာပါပဲ။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဆန်းဖလားဝါး(နေကြာပန်း)ဆိုတဲ့ အဆောက်အဦးတစ်ခုမှာ လူလတ်တန်းစားမိသားစုတွေ နေထိုင်ကြတယ်။အဲဒီအဆောက်အဦးမှာပဲ လူသတ်မှုတစ်ခုဖြစ်သွားခဲ့တယ်။ သေဆုံးသူနဲ့ကလည်း အဆောက်အဦးတစ်ခုလုံးက လူတွေနဲ့ ဇာတ်လမ်းလေးတွေရှိ။ သူ့ကိုယ်ပိုင်မိသားစုနဲ့ကလည်း အရှုပ်အရှင်းတွေကများနေတော့ ဒီလူသတ်မှုကိုဖော်ထုတ်ဖို့ ကြိုးစားတဲ့နောက်ကွယ်က အကြောင်းအရာတွေကို စိတ်ဝင်စားဖို့ကောင်းအောင် တစ်ပိုင်းချင်း ဆွဲခေါ်သွားမှာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ Zwe Yan ~ Yunni ~ Hsuri ~ Alexiaတို့ပဲဖြစ်ပါတယ်)File Size – 600MB (Appx;) @EpisodeQuality – 1080p WEB DLDuration – 44mins (@Episode)Total Episodes: 8Eps (@ ...
5.6
TMDb: 5.6/10 9 votes
tv

Sunflower Season 1 (2021)

2021
The New Look Season 1 (2024) 8.211
The New Look Season 1 (2024) ဒီဘက်ခေတ်မှာ Dior တို့ Coco Chanel အစရှိတဲ့ ပြင်သစ်ဘရန်းတွေဟာ လူတိုင်းနဲ့ ရင်းနှီးပြီးတော့ အမျိုးသမီးတိုင်းအသည်းစွဲရတဲ့ ကမ္ဘာကျော် Luxury Brand တွေအဖြစ် ရပ်တည်နေတာပါ။ ဒီတော့ သူတို့စတင်ဖြစ်တည်လာခဲ့တဲ့ သမိုင်းလေးကို ဗဟုသုတရဖွယ်ကြည့်ရှုချင်တယ်ဆိုရင်တော့ ဒီ series လေးကို လက်လွတ်မခံပါနဲ့နော်။ဇာတ်လမ်းအကျဉ်းဒုတိယကမ္ဘာစစ်နှောင်းပိုင်းမှာ နာဇီတွေဟာ ပြင်သစ်ကို အဓမ္မအုပ်စိုးနေခဲ့ပြီး ပဲရစ်မှာတော့ Christian Dior ဟာ သူ့ရဲ့ တမူထူးခြားစွာ ကွန့်မြူးဆန်းသစ်လာတဲ့ ချုပ်လုပ်မှုဒီဇိုင်းတွေကြောင့် နာမည်တစ်ဟုန်ထိုး ရရှိလာပါတော့တယ်။တစ်ဖက်မှာတော့ ဒုတိယကမ္ဘာစစ်မတိုင်ခင်ကတည်းက ရိုးရှင်းမှုကို စံထားတဲ့ အောင်မြင်ကျော်ကြားပြီးသား ဖက်ရှင်ဒီဇိုင်နာ Coco Chanel ဟာ စစ်နှောင်းပိုင်း ကုမ္မဏီအတွင်းရေးပြဿနာ ဖြေရှင်းပြီးတဲ့နောက်မှာ Christian Dior နှင့် အပြိုင် တဖန်ပြန်လည်ဦးမော့လာပါတော့တယ်။တစ်ဖက်မှာလည်း နာဇီအုပ်စိုးမှုကို တော်လှန်နေကြတဲ့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေလည်း ပါဝင်ပတ်သက်နေပါတယ်။ဒီ series လေးမှာ ဒိတ်ဒိတ်ကြဲဖက်ရှင်ဒီဇိုင်နာနှစ်ယောက် အကြိတ်အနယ် ...
8.211
TMDb: 8.211/10 19 votes
tv

The New Look Season 1 (2024)

2024
Wonderful World(2024)
Wonderful World(2024) Wonderful World(2024)**********************အပိုင်း(၁ မှ ၁၄) ထိ စ/ဆုံးVisual လို့ ပြောလိုက်တာနဲ့ မပါမဖြစ်ထည့်သွင်းဖော်ပြခံရတဲ့ Face Genius Cha Eun Woo နဲ့အပိုအလိုမရှိ ဇာတ်ကောင်ကို ပုံဖော်နိုင်စွမ်းရှိတဲ့ မင်းသမီးကြီး Kim Nam Joo တို့ပါဝင်ထားတဲ့ heavy drama ကားလေးကို တင်ဆက်ပေးချင်ပါတယ်။Eun Soo Hyun ဟာ အောင်မြင်ထူးချွန်တဲ့ စိတ်ပညာပါမောက္ခတစ်ယောက်ဖြစ်ပြီးစာရေးဆရာမအဖြစ်လည်း လုပ်ကိုင်တဲ့လူပါ။ သူ့မှာ အရမ်းချစ်ရတဲ့ သားလေးတစ်ယောက်ရှိပြီးဘဝကို ပျော်ပျော်ရွှင်ရွှင် နေထိုင်ဖြတ်သန်းနေသူပေါ့။ ဒါပေမဲ့ သားဖြစ်သူရဲ့ ရုတ်တရက်သေဆုံးမှုကြောင့် သူ့ ဘဝဟာ တစ်ခဏတွင်းချင်း ကမောက်ကမဖြစ်သွားခဲ့ရပါတယ်။သို့ပေမဲ့လည်း သားဖြစ်သူ သေဆုံးမှုအပေါ် တာဝန်ရှိတဲ့လူဟာ ဥပဒေရဲ့ အပြစ်ပေးခြင်းမခံခဲ့ရတာကြောင့်ထိုက်တန်တဲ့ ပြစ်ဒဏ်ချမှတ်နိုင်ဖို့ သူကိုယ်တိုင် အဖြစ်မှန်ကိုဖော်ထုတ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။Kwon Seon yul (Cha Eun Woo) ကတော့ ချမ်းသာတဲ့မိသားစုမှာ ...

Wonderful World(2024)

2024
Fallout (2024) 9.4
Fallout (2024) ကမ္ဘာကျော် အက်ရှင် သိပ္ပံ ဂိမ်းကြီးတစ်ခုဖြစ်တဲ့ Fallout ကိုအခြေခံတဲ့ စီးရီးအသစ်လာပါပြီ။ Halo စီးရီးလိုပဲ ဇာတ်လမ်းကောင်းကောင်း ရိုက်ချက်ကောင်းကောင်းနဲ့တင်ဆက်ထားတာပါ။ ပစ်တာခတ်တာ ဖောင်းဒိုင်းတာတွေ ကြမ်းလို့ ကလေးတွေ မပြသင့်ပါဘူး။ဇာတ်လမ်းအကျဉ်းအနုမြူစစ်ပွဲကြီးဖြစ် ကမ္ဘာကြီးပျက်သွားပြီး နှစ် ၂၀၀ ကျော်အကြာကို အခြေခံထားတာပါ။ ကမ္ဘာမျက်နှာပြင်ပေါ်က အနုမြူရောင်ခြည်တွေကြောင့် မြေအောက်မှာ အလုံခန်းကြီးတွေဆောက်နေတဲ့ အလုံခန်းသားတွေရှိမယ်၊ ကမ္ဘာပေါ်မှာပဲ ခပ်ကြမ်းကြမ်းအသက်ရှင်နေတဲ့ မြေပေါ်သားတွေရှိမယ်။ အလုံခန်းတွေကို လိုက်ဓားပြတိုက်နေတဲ့သူတွေ၊ မြေပေါ်က သန္ဓေပြောင်းကောင်တွေ စသဖြင့် အန္တရာယ် အစုံရှိပါတယ်။ဇာတ်လမ်းအစမှာတော့ အလုံခန်း-၃၂ ရဲ့ အုပ်ကြီးဖြစ်သူကို မြေပေါ်ဓားပြတွေက ဖမ်းသွားပါတယ်။ အလုံခန်းသားတွေကလည်း ကြောက်လို့လိုက်မကယ်ချင်ကြသလို၊ ခေါင်းဆောင်ကိုသွားကယ်လိုက်ရင် သူတို့ခေါင်းဆောင်မလုပ်ရမှာစိုးလို့ မကယ်ကြပါဘူး။ အုပ်ကြီးရဲ့ သမီးကတော့ မြေပေါ်ကို ခိုးတက်သွားပြီး သူ့အဖေကို လိုက်ရှာပါတော့တယ်။ တချိန်တည်းမှာပဲ သံမဏိအဖွဲ့ဆိုတဲ့ နည်းပညာထိန်းချုပ်ရေးအဖွဲ့ကလည်း သူတို့ရဲ့ စစ်သည်တော်တွေ စစ်သည်တော်လက်ထောက်တွေနဲ့ စစ်ဆင်ရေးတစ်ခု လွှတ်လိုက်ချိန်မှာ ...
9.4
TMDb: 9.4/10 11 votes
tv

Fallout (2024)

2024
Falling in Love (2024) 10
Falling in Love (2024) Falling In Love ချစ်မိပြီဆိုမှဖြင့် (အညွှန်း)လောကကြီးမှာ မဖြစ်နိုင်တဲ့အချစ်ဆိုတာရှိပါသလား ၊ မဖြစ်နိုင်ရက်နဲ့ရော အချစ်ဆိုတဲ့အရာက ထိန်းချုပ်တားဆီးလို့ရပါရဲ့လား။ဒီဇာတ်လမ်းလေးကတော့ တွေ့ရပါများလည်း မရိုးနိုင်သေးတဲ့ မတူညီတဲ့ဘဝအခြေအနေ ၊ ကွာခြားလှတဲ့အဆင့်အတန်းတွေကြားမှာ ချစ်မိကြတဲ့ ချစ်သူနှစ်ယောက်အကြောင်းပါပဲ။ခါအိုဆိုတဲ့ ကြွေးမြှီများစွာနဲ့ဆင်းရဲတဲ့လယ်သမားလေးဟာ တော်ဝင်ပန်းလေးလို နန်းဆန်တဲ့ ချမ်းသာတဲ့မိသားစုကနေ ဆင်းသက်လာတဲ့ ထုံးကာအိုဆိုတဲ့ မိန်းကလေးလေးကို ချစ်မိသွားလေရဲ့ ဒါပေမဲ့ ချို့တဲ့တဲ့ ခါအိုကို သမီးရှင်မိဘတွေက သဘောမတူကြပါဘူး။မိဘတွေသဘောအရ ဘန်ကောက်ကိုအပို့ခံလိုက်ရတဲ့ ထုံးကာအိုရယ် ၊ မိန်းကလေးတွေကြားရေပန်းစားတဲ့ ခါအိုတို့ရယ် .. ဘေးပတ်ဝန်းကျင်ရိုက်ခတ်မှုကြောင့် အဖုအထစ်ကလေးများက ချစ်ခြင်းကို ကွဲကွာစေနိုင်တဲ့အထိဖြစ်လာတဲ့အခါ ...အညွှန်းကိုတော့ Cali က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Kaung, Mary, Shin, Cali တို့ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size…  800MB | 350M Format… mp4 Duration….45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kaung, Mary, Shin, Cali Encoder ...
10
TMDb: 10/10 10 votes
tv

Falling in Love (2024)

2024
Apartment 404 (2024) [Complete] 8.5
Apartment 404 (2024) [Complete] Apartment 404 (2024)**********************အပိုင်းသစ် (၈) နောက်ဆုံးပိုင်း အခုတစ်ခေါက်မှာတော့ TvN ရုပ်သံလိုင်းကနေ တင်ဆက်ပြသနေတဲ့"Apartment 404" ဆိုတဲ့ ရသစုံရှိုးလေးကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပါဝင်သူတွေကလည်း Running Man မှ ညီနောင်နှစ်ယောက်ဖြစ်တဲ့Yoo Jae Suk နဲ့ Yang Se Chan၊ Blackpink အဖွဲ့ဝင် Jennie၊Moving မှ Cha Tae Hyun နဲ့ Lee Jung Ha၊Alchemy of souls မှ Oh Nara တို့က ပါဝင်အားဖြည့်ထား​တဲ့အတွက်အကောင်းကြိုက်တဲ့ပရိသတ်တွေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ရှိုးအညွှန်း..."Apartment 404" ဆိုတဲ့နာမည်လေးအတိုင်း တိုက်ခန်းနေထိုင်သူ ၆ ယောက်ဟာသူတို့နေထိုင်ရာတိုက်ခန်းနောက်ကွယ်မှာဖြစ်ပျက်နေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ပဟေဠိကိုအဖြေရှာဖို့ နည်းလမ်းပေါင်းစုံကြိုးစားကြပုံကို ရိုက်ကူးပုံဖော်ထားတာပဲ ဖြစ်ပါတယ်။နေထိုင်သူ ၆ ယောက်ဟာ နှစ်ဖွဲ့စီခွဲပြီး ဂိမ်းတွေကစားရင်း သဲလွန်စတွေကို အရယူကာထူးဆန်းထွေလာဖြစ်ရပ်တွေရဲ့အကြောင်းရင်းကို ဖော်ထုတ်ရမှာဖြစ်ပါတယ်။တွေးရတာကြိုက်တဲ့ ပရိသတ်တွေအတွက် ကိုယ်တိုင်လိုက်ပါခန့်မှန်းရင်းကြည့်ရှုရမှာဖြစ်လို့လက်မလွှတ်တမ်းအားပေးရမဲ့ ရသစုံရှိုးကောင်းတစ်ခုဆိုလည်းမမှားပါဘူး။အပိုင်းတိုင်းကိုလည်း ...
8.5
TMDb: 8.5/10 2 votes
tv

Apartment 404 (2024) [Complete]

2024
The Regime (2024) 7.909
The Regime (2024)  ငယ်ဘဝရဲ့အချစ်ဦးတစ်ယောက်ဖြစ်ခဲ့တဲ့ Kate Winslet ကိုDomineering female characters အဖြစ် တွေ့မြင်ရမယ့်HBOရဲ့ The Regime miniseries ဒီဇာတ်လမ်းတွဲထဲမှာတော့Kateကို စိတ်ကူးယဉ်ဥရောပနိုင်ငံတစ်ခုက ဝန်ကြီးချုပ်အနေနဲ့တွေ့မြင်ရမှာဖြစ်ပြီးတော့ နိုင်ငံရေးလောကကို သရော်ထားတဲ့ဟာသစီးရီးလေးတစ်ခုဖြစ်ပါတယ်။အယ်လီနာဟာ လောလောလတ်လတ် ရွေးကောက်ပွဲနိုင်ထားတဲ့ဝန်ကြီးချုပ်ဖြစ်ပြီး လက်အောက်ဝန်ထမ်းတွေကြားမှာအလွန်ဇီဇာကြောင်တဲ့သူပေါ့။ ဒါပေမဲ့ နိုင်ငံရေးပါးဝတဲ့နိုင်ငံ‌ရေးသမားပီပီမျက်နှာဖုံးအတု အပြုံးအတု‌တွေနဲ့ တော်ကီကြွယ်တဲ့အယ်လီနာကိုပြည်သူတွေကတော့ ချစ်ကြလေသတည်းပေါ့။ဖြစ်ချင်တော့ ဒီနိုင်ငံမှာ ဒီမိုကရေစီအယောင်ပြနဲ့ မီနီအာဏာရှင်လေးတွေက တက်တက်ပြီး အုပ်ချုပ်ထားတာဆို‌တော့ခေတ်အဆက်ဆက်က အုပ်ချုပ်သူတွေရဲ့ အကျင့်ပျက်ခြစားမှုတွေကြောင့်အဘက်ဘက်ကဆုတ်ယုတ်နေပြီးတော့ ပြည်သူတွေအတွက်ဝန်ကြီးချုပ်သစ်အယ်လီနာဟာ လမိုက်ညရဲ့အလင်းရှင်ပေါ့။ပြည်သူတွေဘာနေနေ နိုင်ငံရေးလောကဆိုတာ ဖိုဝါဒီကြီးစိုးတဲ့နေရာဆိုတော့ ခေတ်အဆက်ဆက် စားထားဝါးထားတဲ့ဝန်ကြီးအပေါင်းက အယ်လီနာမကျေနပ်ကြပါဘူး။နိုင်ငံလိုပဲ အဘက်ဘက်ကချွတ်ခြုံကျပြီး မှိုတက်နေတဲ့ နန်းတော်ကြီးကိုပါစိုထိုင်းဆတိုင်းပေးဖို့လူတစ်ယောက်အနေနဲ့ တပ်ကြပ်ဇူဘာ့ခ်ကိုအနားမှာထားဖို့ စီစဉ်လိုက်ပါတော့တယ်။အပြင်ရောအတွင်းပါ အန္တရာယ်အသွယ်သွယ်နဲ့ စိတ်အခြေအနေကပါမတည်ငြိမ်တဲ့အယ်လီနာတစ်ယောက် ဇူဘာ့ခ်ရဲ့အကူအညီနဲ့ပြဿနာပေါင်းစုံကြား သူ့ရဲ့အာဏာကို ဘယ်လိုတည်ဆောက်သွားမလဲဆိုတာရှုစားကြပါဦး။  File Size –  1.19 GB / 383 MBQuality –WEB-DL 1080p , 720pDuration – ...
7.909
TMDb: 7.909/10 11 votes
tv

The Regime (2024)

2024
Sakla Beni (2023) 10
Sakla Beni (2023) စုန်းကိုက်ခံရတဲ့ နဂါးငွေ့တန်းSakla Beni (2023)***************************************အပိုင်းသစ်( ၄၅/၄၆)(A/Bတွေဖြစ်နေတော့ရှုတ်နေလို့ အပိုင်း15Bပြီးတဲ့အပိုင်းကစပြီး EP31ဖြစ်ပါ့မယ်...တစ်ဆက်တည်းဖြစ်ပါတယ် မျက်စိနောက်မသွားကြပါနဲ့)တစ်ချို့ဇာတ်လမ်းတွဲတွေဟာ  လူ့ကျင့်ဝတ်ဖောက်ပြားတာတွေကိုနည်းမျိုးစုံနဲ့ရိုက်ပြကြပါတယ်...တစ်ချို့ဆို ဖြစ်တောင်ဖြစ်နိုင်ပါ့မလားဆိုပြီးတွေးရလောက်အောင်ဆိုးဝါးတဲ့ လူမှုရေးဖောက်ပြန်မှုတွေကို ရိုက်ကူးပြသထားပါတယ်...သို့ပေမဲ့ လူတွေဟာ ဒီလိုလောင်မြိုက်ရတဲ့စီးရီးတွေကိုဘာလို့သဘောကျလဲဆိုတော့ ကျွန်မတို့လက်တွေ့ဘဝမှာလည်း ဒီလိုပျက်ပြားတဲ့ဖြစ်စဉ်မျိုးတွေတွေ့ကြုံနေရလို့ပါပဲ...ဒီလို ဇာတ်အိမ်မျိုးနဲ့ တူရကီစီးရီးသစ်တစ်ခုထွက်ရှိလာလို့ရွေပန်းကောင်လေးထက်ပိုပြီး လောင်ရမယ့်စီးရီးတစ်ခုထပ်တင်ပေးလိုက်ပါပြီ။ ဒီစီးရီးက တူရကီမှာ အခုမှထုတ်လွှင့်နေဆဲဖြစ်ပြီးတော့ လူကြိုက်များနေတဲ့စီးရီးဖြစ်တဲ့အတွက်CM က ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။မက်တဲနဲ့ နက်ဟာ လူကုံထံမိသားစုကနေ ရွေဇွန်းကိုက်မွေးဖွားလာတဲ့သူတွေဖြစ်ပါတယ်။​ကလေးဘဝတည်းက သူတို့နှစ်ယောက်ကို မိသားစုနှစ်ခုက ကြီးလာရင် လက်ထပ်ပေးဖို့စီစဥ်ပေးထားတာပါ။သူတို့အရွယ်ရောက်လာကြတဲ့အခါ နိုင်ငံခြားမှာပညာသင်နေတဲ့ မတ်တဲဟာ နက်နဲ့လက်ထပ်ဖို့ သူ့ရဲ့မြို့ကိုပြန်လာခဲ့ပါတယ်။နက်က အိမ်ရဲ့သခင်မလေးဆိုတော့ ထုံးစံအတိုင်း မောက်မာပြီးတော့ နိုင်ထက်စီးနင်းဆက်ဆံတတ်ပါတယ်။​သူအနိုင်ကျင့်တာကို အခံရဆုံးက အစေခံမလေး အိန်ဂျလာပါပဲ။အိန်ဂျလာဟာ နက်နဲ့ရွယ်တူဖြစ်ပြီးတော့ ငယ်ငယ်ကတည်းက သူ့အဒေါ်နဲ့အတူ နက်တို့အိမ်ကိုရောက်လာပြီးနက်ရဲ့ကိုယ်ပိုင်အခိုင်းအစေလိုမျိုးဖြစ်လာတာပါ။ဇာတ်က သုံးပင်လိမ်ချင်တော့ အိန်ဂျလာဟာ ငယ်ငယ်ကတည်းက မတ်တဲနဲ့တွေ့ခဲ့ဖူးပြီးမတ်တဲကိုကြိတ်သဘောကျနေခဲ့ပါတယ်။​ နိုင်ငံခြားကနေ နက်နဲ့လက်ထပ်ဖို့လာတဲ့ မတ်တဲကလည်းနက်နဲ့မတွေ့ခင် အိန်ဂျလာနဲ့အရင်တွေ့ပြီး အိန်ဂျလာကို စိတ်ဝင်စားမိသွားပါတော့တယ်။တူရကီစီးရီးတွေရဲ့ထုံးစံအတိုင်း မင်းသမီးတွေရဲ့အလှအပကို တစ်ဝကြီးခံစားရပြီးတော့ဇာတ်အလှည့်အပြောင်းတွေကလည်း ဟာခနဲဟင်ခနဲဖြစ်စေမှာမလို့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကိုအလောင်တလိုင်းနဲ့ ...
10
TMDb: 10/10 1 votes
tv

Sakla Beni (2023)

2023
Love Adhura (2024) 6
Love Adhura (2024) Love Adhura (2024)"ကံကြမ္မာစေရာ" ============================= (Season 1)အပိုင်း ၄ ပိုင်းပါရှိပြီး တောင်တန်းရှုခင်းအလှတွေကို တဝကြီးခံစားမြင်တွေ့ရမယ့် ဟင်ဒီစကားပြော အချစ်၊ အက်ရှင်ဒရာမာ မီနီစီးရီးလေးတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဆူမစ်ဟာ ဖခင်ဖြစ်သူ လုပ်ငန်းရှင်ကြီးကို အင်မတန်ကြောက်ရတဲ့ ရိုးရိုးအေးအေး သားလိမ္မာလေးပါ။ သူဟာ တစ်နေ့မှာ တခြားမြို့ကိုသွားရင်းနဲ့ သူ့အဖေသူ့ကိုပေးထားတဲ့ သူ့အမေရဲ့အမွေ ရှေးဟောင်း Vauxhall ကားလေး လမ်းတဝက်မှာ အလုခံလိုက်ရပါတယ်။\အဖေကို အရမ်းကြောက်ရတဲ့ ဆူမစ်ဟာ ကားအခိုးခံခဲ့ရပေမဲ့ သူ့အဖေကို မပြောရဲဘဲ သူ့ရည်းစားကို ကားခဏပေးလိုက်တာပါလို့လိမ်ညာခဲ့ပြီး ကားပြန်တွေ့ပြီးနောက်မှာလည်း အလိမ်ပေါ်မှာဆိုးတဲ့အတွက် ကားခိုးသွားတဲ့ကောင်မလေးနဲ့ ညှိကာ သူတို့ဟာ သမီးရည်းစားတွေပါလို့လိမ်ညာရင်းနဲ့ သူတို့နှစ်ဘက်လုံးမှာရှိတဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေတဖြည်းဖြည်းပေါ်လာပြီး ဒီ အချစ်အက်ရှင်ဒရာမာဇာတ်လမ်းတွဲလေး ပေါ်ပေါက်လာပါတော့တယ်...။(ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni, KKKZ, Suri နဲ့ Zwe Yan တို့ပဲဖြစ်ပါတယ်။)File Size – 500MB (Appx;)@EpisodeQuality – 1080p WEB DLDuration – 31 minute (@Episode)Total ...
6
TMDb: 6/10 2 votes
tv

Love Adhura (2024)

2024
Wedding.con (2024) 5
Wedding.con (2024) Wedding.con (2023) "အိမ်ထောင်ရေးလိမ်လည်မှု" IMDb - 7.0/10Prime Videoကနေ ထုတ်လွှင့်ခဲ့ပြီး အချစ်ကိုကိုးကွယ်ကြတဲ့ အမျိုးသမီးလေးတွေ အွန်လိုင်းကနေ လိမ်ညာခံရတဲ့အကြောင်းကို အခြေခံရိုက်ကူးထားတဲ့ ဆိုက်ဘာရာဇဝတ်မှုခင်း မီနီစီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။အိန္ဒိယအမျိုးသမီးလေးတွေဟာ အချိန်တန်အရွယ်ရောက်ရင် အုပ်ထိန်းသူတွေရဲ့ အိမ်ထောင်ဖက်စီစဉ်ပေးတာကို လက်ခံကြရတာ များပါတယ်။ ခေတ်တွေတိုးတက်လာတော့ အွန်လိုင်းမှာ လိုက်ဖက်မဲ့သတို့သားလောင်းရှာကြပါတော့တယ်။ဒီမှာပဲ အိမ်ထောင်ရေးဝက်ဆိုက်ကနေတဆင့် မသိနားမလည်တဲ့သူတွေ၊ တတ်သိနားလည်ပေမဲ့ ယုံကြည်မှုတစ်ခုနဲ့ အချစ်ကိုကိုးစားမှုကြောင့် ခံလိုက်ရတဲ့ လိမ်ညာမှု သစ္စာဖောက်ခံရမှုတွေအကြောင်းပေါ့။ဒီစီးရီးလေးထဲမှာတော့ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခုကို ထူထောင်ဖို့ ဆန္ဒရှိတဲ့ အမျိုးသမီးငါးယောက်ကို ဇာတ်ကြောင်းပြန်ပြောတဲ့ပုံစံနဲ့ မှတ်တမ်းရုပ်ရှင်ဆန်ဆန် ရိုက်ကူးတင်ဆက်ထားတာမို့ တမူထူးပြီး စိတ်ဝင်စားဖို့ကောင်းနေတာကြောင့် ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ Alex ~ ToMo ~ Yunniတို့ပဲ ဖြစ်ပါတယ်) File Size – 400MB (Appx;)@Episode Quality – 1080p WEB DL Duration – 27minute (@Episode) Total Episodes: 5Eps Subtitle – Myanmar Hardsub Format ...
5
TMDb: 5/10 1 votes
tv

Wedding.con (2024)

2023
I Woke Up a Vampire (2024) Season2 7.7
I Woke Up a Vampire (2024) Season2 သိပ်မကြာသေးခင်ကမှ တင်ဆက်ခဲ့တဲ့ S1အပြီး ခုလက်ရှိSeason 2 မှာတော့ ကာမီနဲ့ သူ့ရဲ့သွေးနှောသူငယ်ချင်း‌‌တွေဟာ သူတို့ရဲ့ဘဝတစ်ဆစ်ချိုးဖြစ်တဲ့ အထက်တန်းကျောင်းကို ရောက်ရှိလာပါတော့တယ်။အထက်တန်းကျောင်းကိုရောက်လာပြီဖြစ်တဲ့အတွက် လူသစ်တွေနဲ့တွေ့ပြီး မိတ်ဆွေအသစ်တွေဖွဲ့ဖို့ အတွေ့အကြုံအသစ်တွေရဖို့ သူတို့ရဲ့ဘဝကို ပြန်လည်ဖန်တီးဖို့ ကြိုးစားလာကြရပါတယ်။ဒီလိုနဲ့ သူတို့သူငယ်ချင်းတစ်သိုက်ဟာ သူတို့တွေရဲ့သဘာဝလွန်ကိစ္စရပ်တွေကို အတိတ်မှာထားခဲ့ကာ သူတို့ရဲ့အစွမ်းတွေကို ဖုံးကွယ်ထားပြီး ကျောင်းမှာ သာမန်လူနဲ့ အံဝင်ဂွင်ကျဖြစ်အောင် နေဖို့ တစ်ယောက် ပုံစံတစ်မျိုးစီနဲ့ ကြိုးစားကြပါတယ်။ ‌ဒါပေမဲ့လည်းသူတို့ရဲ့ရှုပ်ထွေးလှတဲ့သွေးနှောဘဝတွေက အထက်တန်းကျောင်းအထိ လိုက်လာတဲ့အခါ ၎င်းတို့ကို ရင်ဆိုင်ဖို့ကြိုးစားရပြန်ပါတော့တယ်။ဒီ season မှာတော့ ယခင်သရုပ်ဆောင်တွေအပြင် ထပ်တိုးထားတဲ့ သရုပ်ဆောင်တွေပါလာတာကြောင့် ဇာတ်ကောင်အသစ်တွေကိုလည်း မြင်တွေ့ရမှာပါ။ကာမီရဲ့စွမ်းအားတွေကလည်း ယခင်ကထက်ပိုမိုအားကောင်းလာကာ သဘာဝလွန်သတ္တဝါအသစ်တွေ ရန်သူအသစ်တွေနဲ့ ရင်ဆိုင်လာရပြီး ဇာတ်လမ်းက ပိုအရှိန်တက်လာတာကို မြင်တွေ့ရမှာပါ။File Size – 600MB(Appx;)@EpisodeQuality –1080p WEB DL Duration – 27 minute (@Episode)Total Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Comedy, Family, Sci-Fi & Fantasy, DramaTranslator –CM ...
7.7
TMDb: 7.7/10 24 votes
tv

I Woke Up a Vampire (2024) Season2

2023
Palm Royale (2024) 8.0
Palm Royale (2024) Palm Royale (2024)==============နာမည်ကျော် ဟာသဝတ္ထုဖြစ်တဲ့ Mr and Mrs American Pie ဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ Apple Tv+ရဲ့ Palm Royale series1969 ခုနှစ်ကာလကို အခြေခံထားတဲ့ ဒီစီးရီးလေးမှာတော့ ကျွန်တော်တိုရဲ့ဇာတ်လိုက်ကျော်မက်ဆင်းကို ခြုံခြားက‌နေ ဘုံဖျားကိုတက်လှမ်းဖို အမျိုးမျိုးကြံစည်နေတဲ့ social climberအနေနဲ့ မြင်တွေ့ရမှာပါ။ဒါပေမဲ့ ဝတ္ထုဖတ်ဖူးသူတွေဆိုရင်တော့ ဒီsocial climberရုပ်ရှင်လေးက တခြားဇာတ်လမ်းတွေလို ဒရာမာမများဘဲ အခွီတစ်လိုင်းဖြစ်နေတာကိုတွေ့ရမှာပါ။ ဒီတော့ ဇာတ်လမ်းကိုဆက်ကြပါစို။ဇာတ်လမ်းလေးကိုတော့ မက်ဆင်းဆင်မွန်စ်တစ်ယောက် West Palm Beachက Palm Royale ဆိုတဲ့ ဒိတ်ဒိတ်ကြဲသူဌေးမကြီးများ ငွေလာဖြုန်းတဲ့ကလပ်ထဲကိုဝင်ဖို ကြိုးစားနေတာနဲ့ အစပျိုးထားပါတယ်။ ဒါပေမဲ့ နှယ်နှယ်ရရကလပ်မဟုတ်တာကြောင့် ခိုးဝင်ဖို ဝင်ရောဖိုလုပ်ရင်းနဲ့ မက်ဆင်းတစ်ယောက် ဘလက်လစ်သွင်းခံရတဲ့ဆီရောက်သွားပါတော့တယ်။Palm Royale ထဲဝင်ဖိုဆိုရင် ပထမဆုံးလိုအပ်တာက သူ့ကိုထောက်ခံပေးမယ့် အဖွဲဝင်ဖြစ်ပြီးသားသူ ရှိဖိုလိုတာဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင်ပဲ ကလပ်ထဲဝင်တာ မကြာသေးပေမဲ့ ...
8.0
TMDb: 8.0/10 16 votes
tv

Palm Royale (2024)

2024

Genres

Archives