Exit print mode Print Data A+ A- Undo all

Patriot Games (1992)

Not for honor. Not for country. For his wife and child.
Patriot Games (1992)Patriot Games (1992)

Synopsis:

Patriot Games (1992)

~ IMDb – 6.8/10, Rotten Tomatoes – 72% ~

ဒီဇာတ်ကားက​တော့ Jack Ryan Franchise ရဲ့ ဒုတိယကားဖြစ်ပြီး ပထမကားအပြီး နှစ်နှစ်အကြာ ၁၉၉၂မှာ ထွက်ရှိခဲ့တာပါ။ ဒီကားရဲ့ Jack နေရာမှာတော့ မင်းသားကြီး Harrison Ford က သရုပ်​​ဆောင်ထားသလို ပါတိုင်း​သေ မင်းသားကြီး Sean Bean နဲ့ အချစ်​တော်ကြီး Samuel L. Jackson တို့ ပါဝင်လို့ Cast List နဲ့တင် ရှိန်​​လောက်တဲ့ကားပါ။

အိုင်းရစ်ရီပတ်ဘလစ်တပ်မ​တော်လို့ ​ခေါ်တဲ့ IRA က ဗြိတိန်ကျွန်းစုရဲ့ အင်အားကြီးသူပုန်အဖွဲ့ဖြစ်ပြီး ​မြောက်အိုင်ယာလန်ကို ဗြိတိန်​တွေရဲ့လက်​အောက်က ခွဲထွက်ဖို့ ကြိုးစား​နေတဲ့အဖွဲ့ကြီးပါ။ ဒီဇာတ်ကားမှာ IRA က ​အိုင်ယာလန်ဘုရင်ခံဖြစ်လာမယ့် ဗြိတိန်မင်းသားကိုလုပ်ကြံဖို့ ကြိုးစားခဲ့​ပေမဲ့ မ​​အောင်မြင်ခဲ့ပါဘူး။ သူတို့ကို တားဆီးခဲ့တဲ့သူက တခြားသူမဟုတ်ဘဲ ဇာတ်လိုက်​ကျော်ကြီး ဂျက်ရိုင်ယန်ပါပဲ။

ဒါ​ပေမဲ့ လုပ်ကြံမှုကိုတားဆီးရင်း IRA တပ်သားတစ်ဦးဖြစ်တဲ့ ရှောင်ရဲ့ ညီကို ဂျက်တစ်​ယောက် သတ်မိခဲ့ပါတယ်။ ညီဖြစ်သူ​သေဆုံးသွားလို့ အခဲမ​ကျေတဲ့ ​ရှောင်က မူလမစ်ရှင်ဖြစ်တဲ့ ဗြိတိန်မင်းသားကို​တောင် ဂရုမစိုက်​တော့ဘဲ အ​မေရိကန်အထိလိုက်ပြီး ဂျက်နဲ့ သူ့ရဲ့မိသားစုကို လိုက်လံသတ်ဖြတ်ဖို့ ကြိုးစားပါ​တော့တယ်။ IRA အဖွဲ့ဝင်ရဲ့ အငြိုးကိုခံလိုက်ရတဲ့ ဂျက်အ​နေနဲ့ သူ့မိသားစုကို အသက်​ဘေးက ကာကွယ်ဖို့ ဘယ်​လောက်ထိ ကြိုးပမ်းသွားရမလဲဆိုတာ ဒီဇာတ်ကားမှာ ကြည့်ရှူခံစားရမှာပါ။

(ဒီဇာတ်ကားနဲ့အညွှန်းကို X မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 1.9GB, 775MB
Quality – 1080p, 720p
IMDb Rating – 6.8/10
Format – mp4
Duration – 1H 57Min
Genre – Action, Thriller
Subtitle – Myanmar Subtitle (Hardsub)
Translated by X
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Phillip Noyce
Stars
Alex Norton, Allison Barron, Alun Armstrong, Andrew Connolly, Anne Archer, Berlinda Tolbert, Bob Gunton, Brenda James, Claire Oberman, David Threlfall, Ellen Geer, Fritz Sperberg, Gerald Sim, Harrison Ford, Hugh Fraser, J.E. Freeman, James Earl Jones, James Fox, Jesse D. Goins, John Lafayette, Jonathan Ryan, Karl Hayden, Keith Campbell, Martin Cochrane, Michael Ryan Way, Oliver Stone, P.H. Moriarty, Patrick Bergin, Peter Weireter, Philip Levien, Pip Torrens, Polly Walker, Richard Harris, Samuel L. Jackson, Sean Bean, Shaun Duke, Ted Raimi, Thomas Russell, Thora Birch, Tim Dutton, Tom Watt
Release Date
1992
Rated
R
Runtime
1h 57m
Awards
1 win & 3 nominations
Country
United States
Budget
USD $45 000 000,00
Revenue
USD $178 051 587,00
Popularity
21.522
Status
Released
ID IMDb.com
tt0105112
IMDB Rating
6.8
IMDB votes
117000
ID Themoviedb.org
9869
TMDb Rating
6.672
TMDb votes
1407